← Chapters

မုန့်ပြပွဲ

Vol. 1 Ch. 8

မုန့်ပြပွဲ

Vol. 1 Ch. 8

ထန်းမီ နှစ်ရက်လောက် အချိန်ပိုဆင်းရင်း အလုပ်ရှုပ်နေလေ၏။ မီးဖိုချောင်ထဲမှာ အချိုပွဲအတွက်လိုအပ်တဲ့ပစ္စည်းများ အပြည့်အစုံရှိစေရန် ထန်းမီ နောက်ထပ် ပစ္စည်းပိုပိုလိုလိုများအား ပြင်ဆင်ထားလိုက်သည်။

စားဖိုမှူးခေါင်းဆောင်ကတောင် များပြားလှသော တာဝန်များကြောင့် သူ(မ)စိတ်ပင်ပန်းနေမည်ကို စိုးရိမ်သဖြင့် လုပ်ဖော်ကိုင်ဖက်တစ်‌ယောက်အား သူ(မ)ကို ကူညီပေးရန်ပြောထားပေး၏။

ပြပွဲနေ့တွင် ထန်းမီ စားသောက်ဆိုင်အား ၈နာရီမထိုးခင်ရောက်လာခဲ့သည်။ သူ(မ) ယူနီဖောင်းအား ဝတ်ပြီးချိန်တွင် ပစ္စည်းပို့သည့် မိန်းကလေးသည် သစ်သီးဘူးနှင့်အတူ ရောက်လာလေပြီ။

"အာ ကျေးဇူးပါ!"

"ရပါတယ် ဒီနေ့ပြပွဲမှာ ကောင်းကောင်း လုပ်နိုင်ပါစေ"

"ဟုတ်ကဲ့ပါ!"

ထန်းမီ သစ်သီးများဖြင့် လေးလံနေသောဘူးအား တစ်ချက်ကြည့်လိုက်ပြီး ထိုသစ်သီးတွေထဲက အချို့ကို အသုံးပြုကာ ကိတ်မုန့်များအား နောက်ဆုံး အပြီးသတ်အနေဖြင့် အလှဆင် လိုက်တော့သည်။ သူ(မ) က ကျန်နေသည့်သစ်သီးများကိုတော့ ပြပွဲမှာအရေးပေါ်အနေနဲ့ သုံးဖို့ ချန်ထားခဲ့၏။

သူ(မ) အားလုံးပြီးစီးချိန်တွင် ရုံးချုပ်မှ ဝန်ထမ်းများလည်း ရောက်လာကြလေပြီ။ လမ်းတွင်ယာဉ် အသွားအလာပိတ်ဆို့မှု အနည်းငယ်ရှိခဲ့သော်လည်း ကံကောင်းစွာဖြင့် သူတို့နောက်မကျခဲ့ချေ။ သူတို့ ဗဟိုနေရာသို့ ရောက်ရှိချိန်တွင် ယာယီတဲနှင့် ထိန်းချုပ်ရာနေရာများ အသင့်ချထားပြီးသည်ကို သူ(မ)တွေ့လိုက်ရ၏။ တစ်ဖက်မှာတော့ ယွီကျီ၏ ဝန်ထမ်းနှစ်ယောက်သည် အပြီးသတ် ပြင်ဆင်နေကြလေသည်။

လူအုပ်၏ အလယ်တွင် အနက်ရောင် ကိုင်းကွပ်ထားသည့် မျက်မှန်အားတပ်ထားသော ဆံပင်တိုတိုနှင့် မိန်းကလေးတစ်ယောက်လည်း ရှိနေ၏။ ထိုမိန်းကလေး သူတို့အား သတိထားမိသွားချိန်တွင် စိတ်လှုပ်ရှားကာ အမြန်‌အနားသို့ ပြေးလာပြီး စုံစမ်းမေးမြန်းတော့သည်။

ထန်းမီ သူ(မ)အား ယဉ်‌ယဉ်ကျေးကျေး ပြန်နှုတ်ဆက်လိုက်လေ၏။ ထို့နောက် လုယွီက ပြုံးပြရင်း..." လော့တကျူဆီက ကြားတာ ရှင့်ရဲ့ကိတ်မုန့်တွေက အရမ်း စားကောင်းတယ်တဲ့။ ဒီနေ့တော့ ကျွန်မ သူတို့ကို ကြည့်ရင်း မျက်စိအစာ‌ကျွေးနိုင်ပြီ! ဟားဟား"

ထန်းမီ ရယ်မောလိုက်ကာ-"အရင်ဆုံး ကိတ်မုန့်တွေကိုထုတ်လိုက်အုန်းမယ် ကျွန်မလှီးပြီးတာနဲ့ မှန်ဘောင်ထဲမှာ နေရာ ကူချပေးပါလား?"

"အိုခေ!" လုယွီ မြန်မြန် အလုပ်စလိုက်တော့သည်။ ထန်းမီက ပစ္စည်းကိရိယာနှင့် ပါဝင် ပစ္စည်းများကိုယူပြီး စားပွဲပေါ်တွင် တစ်ခုပြီးတစ်ခု နေရာချထားလိုက်၏။ မုန့်ဖုတ်ဆရာများက သူတို့၏ ကိတ်မုန့်အလှဆင်စွမ်းရည်အား ပြသရမည်ဖြစ်သောကြောင့် သူ(မ) ကိတ်အလွတ်များနှင့် မုစ်အနည်းငယ်ကို ကြိုတင်ပြင်ဆင်လာခဲ့သည်ပင်။

မှန်ဘောင်ထဲတွင် ကိတ်မုန့်အားလုံးကို ခင်းကျင်းပြီးနောက် လုယွီ ဖုန်းနှင့်ဓာတ်ပုံရိုက်လိုက်ပြီးနောက် တစ်ဖက်ရှိ ကိတ်မုန့်အချို့အား အလှဆင်နေသည့် ထန်းမီပုံကိုပါ လုယွီ တိတ်တိတ်လေး ခိုးရိုက်လိုက်၏။ ထို့နောက် ထိုပုံအား ဘလူးဗွီ(BlueV)နှင့် တည်းဖြတ်ပြီးနောက် ယွီကျီရဲ့ဘလော့ဂ်ဆိုက်တွင် တင်လိုက်တော့သည်။

[ #မုန့်ပြပွဲ #ချိုမြိန်မြိန်အိမ်မက် #မုန့်လှလှလေးတွေနဲ့မုန့်စားဖိုမှူးလှလှလေး ရင်ခုန်သွားပြီမလား? ]

လော့ဟောက် ဝေပိုမှာ အသစ်တက်လာတဲ့ ပို့စ်များအား ကြည့်ရင်း ထိုပို့စ်ကိုတွေ့သွားကာ မသိမသာလေး တခစ်ခစ် ရယ်မောလိုက်မိတော့သည်။ သူ့ဖုန်းအား ယွီယိလက်ထဲထည့်ပေးလိုက်ကာ - "ဟိုဘက်မှာ အဆင်သင့်ဖြစ်တော့မယ် သွားကြည့်ချင်လား?"

ယွီယိ ဖုန်းမျက်နှာပြင်အား ကြည့်လိုက်ချိန် ပုံထဲတွင် ထန်းမီတစ်ယောက် ခေါင်းငုံ့နေပြီးကိတ်မုန့်ပေါ်တွင် ပန်းပွင့်ပုံများ ဖော်နေသည်ကို မြင်လိုက်ရ၏။ သူ(မ) ၏ ပုံအ‌နေအထားသည် နူးညံ့သိမ်မွေ့ကာ သွယ်လျနေပြီး သူ(မ) ရဲ့ရှည်လျားလှပသည့် မျက်တောင်များသည် မျက်လုံးတစ်စုံအား မြင်ကွင်းမှ ကွယ်ထားကာ လှပသော ကောက်ကြောင်းတစ်စုံကိုသာ ပေါ်လွင်စေလေသည်။

ယွီယိ အကြည့်လွှဲလိုက်ပြီးနောက်-"မနက်ပိုင်း အစည်းအဝေးပြီးရင် သွားမယ်"

လော့ဟောက် အောက်နှုတ်ခမ်းအား မဲ့လိုက်ကာ သူ့ဖုန်းသူပြန်ယူလိုက်တော့၏။

မုန့်ပြပွဲသည် မနက်၁၀နာရီအတိတွင် ဖွင့်လှစ်ခဲ့ပြီး အစားချစ်သူ အများအပြားအား ဆွဲဆောင်နေတော့သည်။ များပြားလှသည့် စက်ပစ္စည်းဆိုင်များသည်လည်း ဤသည်ကို အခွင့်အရေးအနေနှင့် အသုံးချကာ မုန့်ဖုတ်စက်ကိရိယာမျိုးစုံအား လာရောက် ကြော်ငြာကြလေသည်။

လုယွီလည်း ခဏလောက် ဘေးတွင်ထိုင်နေပြီးနောက် သူ(မ) ဆက်၍ ထိုင်မနေနိုင်တော့ပေ။ သူ(မ) ထန်းမီဆီသွားပြီး မျက်နှာချိုသွေးလိုက်ကာ -

"ငါ နည်းနည်း လျှောက်ကြည့်လိုက်ဦးမယ်နော် ခဏနေပြန်လာခဲ့မယ်"

ထန်းမီ ခေါင်းညိမ့်ပြလိုက်သည်။ သူတို့၏ကိတ်မုန့်များအား ဝယ်ယူသူအများကြီးရှိနေပေမယ့် သူ(မ) ဘာသာပဲ ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်တော့၏။

"ငါ့အတွက် သရက်သီးမုစ်တစ်စိတ် ချန်ထားပေးဦး ပြန်လာရင်စားမယ်!"

သူ(မ) ထန်းမီအား မျက်စိတစ်ဖက်မှိတ်ပြကာ မသွားခင်သေချာမှာနေလေသည်ပင်။

ထန်းမီ၏ကတိစကားကို ကြားပြီးနောက် သူ(မ) အူးမြူးစွာ လစ်ထွက်သွားလေတော့သည်။

ထို့နောက် ထန်းမီ အနားယူမလို့ လုပ်နေစဥ် သန့်သန့်ပြန့်ပြန့် ဝတ်ဆင်ထားသည့် အထက်တန်းကျောင်းသားတစ်ယောက် သူ(မ) ဆီ အမြန်ပြေးလာခဲ့၏။

"မင်္ဂလာပါ အစ်မက[ ချိုမြိန်မြိန်အိမ်မက် ] ရဲ့မုန့်ဖုတ်ဆရာလား?"

ထိုကောင်လေးသည် စိတ်အားထက်သန်စွာ သူ့ကိုယ်သူလက်ညှိုးထိုးပြကာ-"ကျွန်တော့်အစ်မလည်း [ ချိုမြိန်မြိန်အိမ်မက် ] မှာအလုပ်လုပ်တယ်! နာမည်က ယွီရှောင်ရှောင်တဲ့!"

ထန်းမီ အံ့ဩတကြီးဖြင့် မျက်တောင်များ ပုတ်ခတ်မိလိုက်တော့သည်။

"မင်းက ကြီးကြပ်သူယွီရဲ့ မောင်လေးလား?"

"အင်း ကျွန်တော်က ယွီစာစာ!"

ထန်းမီ : "...."

ကြီးကြပ်သူယွီရဲ့ နာမည်က ဘာမှမဖြစ်ပေမယ့် သူ့မောင်နာမည်နှင့် တွဲလိုက်သည့်အခါ.....ထန်းမီ ကြီးကြပ်သူယွီ၏ နာမည်အား အရင်လို ထပ်မမြင်နိုင်တော့သလို ခံစားလိုက်ရလေ၏။

သူ(မ) အရှေ့က ကောင်ငယ်လေးကတော့ တစ်ခုခုထူးဆန်းနေတာကို သတိထားမိပုံ မပေါ်ပေ။ မှန်ဘောင်အားကြည့်ကာ သူ့မျက်လုံးများ ဝင်းလက်သွားလေသည်။

"အစ်မရဲ့ကိတ်မုန့်တွေက အရမ်းလှတာပဲ ကျွန်တော် မိုခါကိတ်နဲ့ အော်ပရာကိတ်ယူမယ်။– အော် ပြီးတော့ ဒီသစ်သီးကိတ်ခွက်လည်း ယူမယ်။"

[မိုခါကိတ်]

[အော်ပရာကိတ်]

[သစ်သီးခွက်ကိတ်]

"ကောင်းပါပြီရှင်~" ထန်းမီ ကိတ်မုန့်များအား ခင်းကျင်းပြသထားသည့် မှန်ဘောင်ထဲမှ ထုတ်ယူကာ သူ့ပန်းကန်ပြားပေါ် တင်ပေးပြီးနောက်

ဗာဒံပန်ကိတ် အသေးစားလေးကိုပါ လက်ဆောင်ထည့်ပေးလိုက်၏။

"ကျေးဇူးပါ!" ကျောင်းသားယွီစာစာက ပိုက်ဆံပေးပြီးနောက် ပန်းကန်အားကိုင်ကာ စားသောက်ဧရိယာသို့ ပျော်ပျော်ရွှင်ရွှင် ထွက်ခွာသွားတော့သည်။ ထန်းမီ သူ ပျော်ရွှင်တက်ကြွနေသည့်ပုံစံအား ကြည့်ရင်း သက်ပြင်းချမိလိုက်၏။

ပြောခါမှ သူ(မ) လည်း အထက်တန်းကျောင်းသူ အရွယ်တုန်းက မုန့်ဖုတ်တာကို စတင်နှစ်သက်ခဲ့တာ ဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့်ပဲ တက္ကသိုလ်တက်သည့်အချိန်တွင် မုန့်ဖိုအဖွဲ့အစည်းထဲသို့ ခြေစုံပစ်ဝင်ခဲ့ခြင်းပင်။....

သူ(မ) မျက်ခုံးများလှုပ်ခတ်သွားကာ ထိုအတွေးရထားကြီးအား ဆက်မသွားစေချင်တော့ပေ။

ခဏကြာတော့ လုယွီပြန်ရောက်လာခဲ့၏။ သူ(မ)လက်ထဲမှာ တီရာမီဆုကိတ်တစ်ပိုင်း ပါလာပြီး..." ထန်းမီ ငါ ဘယ်သူ့ကို တွေ့ခဲ့လဲသိလား? အရင်ဆုံး သူ့ကိတ်ကို မြည်းကြည့်!"

သူ(မ) ပန်းကန်အား ထိုးပေးလာသောကြောင့် ထန်းမီ ငွေရောင်ဇွန်းလေးကိုင်ကာ ကိတ်မုန့်ကိုဖဲ့ပြီး ပါးစပ်ထဲ ထည့်လိုက်တော့သည်။

ကော်ဖီ ချောကလက် ဘီစကစ်နှင့် ချိစ်အလွှာတို့သည် သူ(မ)ပါးစပ်ထဲတွင် ရောယှက်ကာ ပျော်ကျသွားတော့၏။ ထို့နောက် ထန်းမီ၏ မျက်လုံးများ ပြူးကျယ်သွားရကာ - "ဒါ လင်ချဲ့ ဆီကလား?"

သူ့ကိုတကယ်ပင် မှတ်မိနေပြီး သူ့နာမည်အား အလွယ်တကူ ပြောထွက်နိုင်သွားတာကြောင့် သူမ ကိုယ်သူမတောင် အံ့အားသင့်သွားရတော့သည်။

လုယွီ ပြောနေရင်း မျက်လုံးများ အရောင်လက်သွားတော့၏။

ထန်းမီ ရှက်ပြုံးပြုံးလိုက်ကာ - "ငါက ဒီအတိုင်း မှန်းလိုက်တာပါ"

လုယွီ ဆန့်ကျင်ဖက်တွင်ရှိနေသည့် လူအုပ်အား လက်ညှိုးထိုးပြလိုက်၏။

"လင်ချဲ့ အဲဒီမှာရှိတယ်။ သတင်းထောက်တွေအများကြီးက သူ့ကိုအင်တာဗျူးဖို့လုပ်နေတာ"

"မုန့်ဖိုမင်းသားလင်ချဲ့ အစားကောင်းကြိုက်သူတို့ နယ်ပယ်ရဲ့ တက်သစ်စကြယ်ပွင့်!"

ထန်းမီ ရယ်ပဲရယ်နေကာ ဘာမှမပြောချေ။ ထို့ကြောင့် လုယွီကပဲဆက်၍… "ငါတို့ စီအီးအိုယွီကိုတော့ မမှီပါဘူး။ သူသာလာရင် အဲသတင်းထောက်တွေ အကုန် သူ့ကိုပဲ ကပ်နေမှာ။"

သူ(မ)ပြောနေတုန်းရှိသေး လူအုပ်ကြီးသည် ရုတ်တရက် ပြောင်းလဲ လှုပ်ရှားသွားတော့သည်။ ထို လူအုပ်အလယ်တွင် စားဖိုမှူးခေါင်းဆောင်း အဖြူလေးသည် သိသာထင်ရှားစွာ ပေါ်လွင်နေ၏။ လုယွီ မျက်လုံးများ မှေးကြည့်ပြီးနောက် ထန်းမီ၏လက်အား ဆွဲလှုပ်ကာ တီးတိုးပြောလိုက်လေသည်။

"ဘာလို့ ငါတို့ဘက်ကို လာနေတဲ့ပုံ ပေါက်နေတာလဲ?"

ထန်းမီ အနည်းငယ် မျက်မှောင်ကြုတ်မိလိုက်၏။ ထို့နောက် သူ(မ) လူအုပ်ထဲတွင် ရှည်ရှည်သွယ်သွယ်ပုံရိပ်‌အား မြင်လိုက်ရတော့သည်။ ထိုသူသည် ဖြူသန့်နေတဲ့ စားဖိုမှူးယူနီဖောင်းကို ဝတ်ဆင်ထားပြီး မျက်နှာ‌ပေါ်တွင်လည်း ကြည်လင်ပြီးကျက်သရေရှိသည့် အပြုံးတစ်ပွင့်အား ဆင်မြန်းထား၏။

နေမင်း၏တောက်ပသော နေရောင်ခြည်လေးများ တစ်နေရာတည်းတွင် စုပေါင်းသွားသကဲ့သို့ ထန်းမီ ခံစားလိုက်ရသည်။

"တကယ် မင်းပဲကိုး"

"ခုဏက ငါ ကိတ်မုန့်တစ်ခုကို အမှတ်တမဲ့စားမိရင်း တစ်ခုခုက တော်တော်လေး ရင်းနှီးနေတယ်လို့တော့ ထင်သား"

ထန်းမီ ဘာမှမပြောဘဲ ထိုလူ့အား စိုက်ကြည့်နေမိတော့၏။ သူ့အားနောက်တစ်ကြိမ် တွေ့ရဦးမည်လို့တော့ သူ(မ)ထင်ထားပေမယ့် ဒီလိုဗြုန်းစား ဖြစ်လိမ့်မယ်လို့တော့ မထင်ထားခဲ့ချေ။

ထိုအချိန် ဘေးက သတင်းထောက်များသည်လည်း ဝိုင်းအုံ၍ မေးကြ‌တော့၏။

"လူကြီးမင်းလင်နဲ့ သူ(မ) နဲ့က ရင်းနှီးကြတာလားရှင့်?"

လင်ချဲ့ သတင်းထောက်တွေဘက် မျက်နှာလှည့်ပြီး ရယ်ပြကာ- “ဒါတက္ကသိုလ်တုန်းက ဂျူနီယာလေးပါ။ သူလည်း အရင်က မုန့်ဖိုအဖွဲ့ဝင်ပဲ အခု ဒီလိုအောင်မြင်ကျော်ကြားတဲ့ မုန့်ဖုတ်ဆရာ ဖြစ်နေပြီပေါ့"

သတင်းထောက်တွေ၏ အာရုံသည် ထန်းမီထံရောက်သွား၏။ ထန်းမီက ယွီကျီရဲ့စားသောက်ဆိုင်၏ မုန့်ဖုတ်ဆရာဆိုတာ သိသွားကြတော့ စီအီးအိုယွီ ဒီ‌ကိုလာ၊ မလာအား အပြိုင်အဆိုင် မေးကြ‌တော့သည်။

'ဒါ လုယွီ တောက်ပရမယ့် အချိန်ပဲ!'

မားကတ်တင်း အထူးကျွမ်းကျင်သူ တစ်ယောက်အနေနှင့် သူ(မ)မေးခွန်းအားလုံးကို ချောချောမွေ့မွေ့ဖြင့် မနားစတမ်း ဖြေကြားပေးနေ၏။

'သူ့ အိမ်တံခါးရှေ့ကျလာတဲ့ ဒီအခမဲ့ကြော်ငြာနိုင်ခွင့်ကို ဘယ်လိုလုပ် လက်လွတ်ခံနိုင်ပါ့မလဲ?'

တစ်ဖက်တွင် လုယွီက သတင်းထောက်တွေ၏ အာရုံအား အပြည့်အဝ ဖမ်းစားထားသောကြောင့် လင်ချဲ့ ထန်းမီအား စကားစမြည် ပြောခွင့်ရသွားတော့သည်။

"ဒီတော့ မင်းယွီကျီမှာ အလုပ်လုပ်နေတာပေါ့? အသစ်ဖွင့်ထားတဲ့ စားသောက်ဆိုင်မှာလား?"

လင်ချဲ့က ဆက်၍…

လင်ချဲ့ သူ(မ)စကားမပြောချင်တာကို ခံစားမိလိုက်တာကြောင့် ကိတ်မုန့်များကိုပဲ စစ်ဆေးလိုက်တော့၏။

"မင်းရဲ့ကိတ်မုန့်တွေက အရမ်းလှပြီး စားလို့လည်း အရမ်းကောင်းတယ်။ ငါအရင်ကပြောခဲ့သလိုပဲ မင်းက တကယ် ပါရမီရှိတာပဲ။"

"ကျေးဇူးတင်ပါတယ်"

နောက်ဆုံးတော့ လင်ချဲ့၏အပြုံး ပျောက်ကွယ်သွားတော့သည်။ သူထန်းမီအား သေချာကြည့်ဖို့ ကိုယ်အား အနည်းငယ် စောင်းလိုက်ကာ ဘာပြောရမှန်း စဉ်းစားနေချိန်မှာပဲ တစ်ဖက်မှ မိန်းကလေးအသံ ထွက်ပေါ်လာလေ၏။

ထန်းမီ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားတော့သည်။ စိတ်ထဲမှာတော့ ဒီနေ့ အပြင်မထွက်ခင် အမွှေးတိုင်နည်းနည်း ထွန်းခဲ့ရမှာဟု သူ(မ)ကိုယ်သူမ ပြောနေမိ၏။ သူ(မ)ခေါင်းအား အသံလာရာဆီသို့ လှည့်ကြည့်လိုက်ချိန်တွင် ထင်ထားတဲ့အတိုင်း ဟဲ့စစ်ချီ၏မျက်နှာကို မြင်လိုက်ရသည်ပင်။

ဟဲ့စစ်ချီသည်လည်း စားဖိုမှူး ယူနီဖောင်းအား ဝတ်ဆင်ထားကာ မျက်နှာပေါ်မှာ မိတ်ကပ်ပါးပါးလေး လိမ်းချယ်ထား၏။ တက္ကသိုလ်ပြီးတော့ အနည်းငယ် ရင့်ကျက်သွားပုံပေါ်သည်။ သူ(မ)ဆီ ရောက်နေသည့် အကြည့်အား ခံစားလိုက်ပုံရကာ ထန်းမီဘက်ကို ချက်ချင်း လှည့်လိုက်ပြီးနောက် အံ့ဩတကြီး ပါးစပ်အဟောင်းသားဖြစ်သွားရတော့သည်။ ထန်းမီ ဒီမှာရပ်နေတာကို အခုမှ သတိထားမိပုံပင်။

"ထန်းမီ နင်ဒီမှာ ဘာလုပ်နေတာလဲ? တိုက်ဆိုင်လိုက်တာ"

ထန်းမီ အနည်းငယ် ပြုံးပြလိုက်ကာ - "ဟုတ်ပါရဲ့ တိုက်ဆိုင်လိုက်တာ"

"နင်က ယွီကျီမှာလား? မဆိုးပါဘူး။ ယွီကျီကုမ္ပဏီက တော်တော်ကြီးတယ်။ အာ့ချဲ့နဲ့ ငါကတော့ စားသောက်ဆိုင် အသေးစား‌ပဲ ဖွင့်ထားတာ။"

စိတ်ပျက်စရာကောင်းလှသော ရှည်လျားသည့်ရယ်သံသည်ကြောင့် ထန်းမီ အချဥ်ပေါက်မိသွားလေ၏။ ဒါရိုက်တာဟဲ့၏ မျက်နှာကို ခရင်မ်ကိတ်ဖြင့် ပေါက်ခဲ့သလိုမျိုး ဟဲ့စစ်ချီ၏မျက်နှာကိုလည်း အဲလိုလုပ်ပစ်ချင်စိတ်ပေါ်လာတော့သည်။ အကြောင်းတချို့ကြောင့် ယွီယိ၏စကားလုံးများနှင့် သူ(မ)၏ ခိုးယူတုပမှုကိစ္စကို ပြောခဲ့သည့် စကားဝိုင်းအား ပြန်တွေးမိသွားခဲ့ကာ သူ(မ)ကိုယ်ထဲတွင် ရုတ်တရက် မီးတောက်ကြီးတစ်ခု ဟုတ်ခနဲ တောက်လောင်လာသော်လည်း ပြန်ငြိမ်းသက်လိုက်ရလေသည်။

ထန်းမီ ကဒ်ကို လက်ခံလိုက်ပြီး ခပ်ပါးပါးလေး ရယ်လိုက်ပြီးနောက် -"ဒါရိုက်တာဟဲ့က နင့်အကိုလား ဦးလေးလား?"

သူ(မ) ထန်းမီနဲ့ စကားဆက်မပြောတော့ဘဲ လင်ချဲ့ကိုပဲ ဆွဲခေါ်ဖို့ကြိုးစားလေသည်။

ထန်းမီ၏မျက်လုံးများကိုမြင်ရဖို့ လင်ချဲ့ခေါင်းလေးစောင်းကာ ပြုံးပြလေ၏။

တက္ကသိုလ်မှာတုန်းကလည်း အကြိမ်မရေတွက်နိုင်အောင် လုပ်ခဲ့ဖူးသလိုပင်။

ထန်းမီ၏နှလုံးသားတွင် ရုတ်တရက် ရောထွေးနေသည့်ခံစားချက်များဖြင့် ပြည့်နှက်လာခဲ့သည်။ တက္ကသိုလ်တုန်းက သူ(မ) လင်ချဲ့၏အပြုံးကို အကြိုက်ဆုံးဖြစ်ခဲ့၏။ ထိုအပြုံးလေးသည် နေရောင်ခြည်ရဲ့အနွေးဓာတ်လိုမျိုး ဖြူစင်ပြီး လန်းဆန်းစေသည်။

လော့ဟောက် သူ့အနောက်ကိုလိုက်၍ အသည်းအသန်မေးခွန်းထုတ်ရတော့သည်။

"မဝင်ဘူး သတင်းထောက်တွေ အများကြီးပဲ"

လော့ဟောက်မျက်လုံးတွေ ဖြတ်ခနဲဖြစ်သွားကာ-"အရင်က ကျွန်တော်မပြောဖြစ်ခဲ့ဘူး။ လင်ချဲ့ ဘေးမှာရပ်နေတဲ့ မိန်းကလေးနာမည်က ဟဲ့စစ်ချီလေ။ တက္ကသိုလ်မှာတုန်းက ထန်းမီကို ကိတ်ခိုးယူမှုနဲ့စွပ်စွဲခဲ့တဲ့ မိန်းကလေးပဲ။"

သူပြောနေသည်အား ခဏရပ်တန့်လိုက်ပြီးနောက် "ဟဲ့ကျားရှူက သူ(မ)ရဲ့ဦးလေး"

ယွီယိ အနည်းငယ် တွေးတောနေပြီးနောက် အမိန့်ထပ်ပေးလာလေ၏။

"ဟဲ့ကျားရှူဆီ အလုပ်ဖြုတ်စာပို့လိုက်။ ငါတို့ကုမ္ပဏီမှာ အဲလိုလူမျိုးမလိုဘူး။"

__________________________________________

All Chapters