← Chapters

ကာရာအိုကေဆိုခြင်း

Vol. 1 Ch. 9

ကာရာအိုကေဆိုခြင်း

Vol. 1 Ch. 9

မုန့်ပြပွဲသည် ညနေ၄နာရီမှသာ ပြီးဆုံးသွား ခဲ့လေသည်။ ထန်းမီနှင့် သူ(မ)ရဲ့လုပ်ဖော်ကိုင်ဖက်‌တို့ မျှော်လင့်ထားသည့်အတိုင်း ကိတ်မုန့်တစ်ခုမှ မကျန်ဘဲ အကုန်ရောင်းရခဲ့ကြ၏။

လုယွီ ပစ္စည်းများအား သိမ်းဆည်းနေရင်း ဝမ်းနည်းစွာ ပြောလာလေသည်။

"အစက ငါ့ကောင်လေးအတွက် နည်းနည်းယူသွားပေးမလို့ လုပ်ထားတာကို"

သူ(မ)ကို နောက်ထပ်အပျိုကြီးတစ်ယောက်က ဘေးတွန်းလိုက်တဲ့ပုံပင်။

ပစ္စည်းအားလုံး သိမ်းဆည်းပြီးနောက် ထန်းမီ လုယွီ နောက်မှကပ်လိုက်ကာ ကုမ္ပဏီကားဖြင့် ပြန်လာခဲ့၏။ ထိုကားသည် သူ(မ)အား အရင် [ ချိုမြိန်မြိန်အိမ်မက် ] တွင် ချပေးပြီးနောက် ကုမ္ပဏီရုံးသို့ ဆက်မောင်းသွားခဲ့လေသည်။

"နင်ငါ့မောင်နဲ့ တွေ့ခဲ့တာလား?"

တစ်ယောက်ယောက်က သူ(မ) ၏ မှောင်မိုက်နေသည့် လျှို့ဝှက်ချက်အား ရှာတွေ့သွားသကဲ့သို့ မျက်နှာထားသည် အလွန်ကြောက်စရာ‌ကောင်းနေလေသည်။ ထန်းမီ အထက်တန်းကျောင်းသား တစ်ယောက်နှင့် တွေ့ခဲ့သည်ကို ပြန်မှတ်မိသွားပြီး မအောင့်နိုင်ဘဲ ပြုံးလိုက်မိတော့၏။

"အာ ယွီစာစာလား?"

"အဲနာမည်ကိုမပြောနဲ့!"

ကြီးကြပ်သူယွီ၏ မျက်နှာထား လုံးဝပြောင်းလဲသွားကာ သူ(မ)က ထန်းမီအား ဘေးသို့ ဆွဲလိုက်ပြီး ကြောက်မက်ဖွယ် ခြိမ်းခြောက်လေတော့သည်။

"နင်ငါ့မောင်တွေ နာမည်ကို ပြောခွင့်မရှိဘူး!"

ထန်းမီ ကိုင်ထားတဲ့ ပစ္စည်းများအား ကြီးကြပ်သူယွီထံ ထိုးပေးလိုက်ပြီး လက်အား ဖုန်ခါသလို ခါပြလိုက်လေ၏။

ကြီးကြပ်သူယွီ : "...."

ထန်းမီ ယနေ့အတွက် အစီအရင်ခံဖို့ စားသောက်ဆိုင် မန်နေဂျာရုံးခန်းထဲသို့ ဝင်လာခဲ့သည်။ သူ(မ) အစီအရင်ခံသည်အား ကြားပြီးနောက် စားသောက်ဆိုင် မန်နေဂျာတစ်ယောက် ကျေနပ်သွားကာ-

"အခုတလော အားလုံးအလုပ်ကြိုးစားခဲ့ကြတော့ ဒီနေ့ည ဆိုင်‌စောစောပိတ်မယ်။ ပြီးရင်အားလုံးကို ကာရာအိုကေလိုက်ပို့ပေးမယ်။"

ဆိုင်စောစောပိတ်ခြင်းသည် ထန်းမီအတွက် အကောင်းဆုံးသတင်းပင်။ သူ(မ) စားသောက်ဆိုင်မန်နေဂျာအား ကြည့်ရင်း မျက်ရည်ပင်ဝဲလာရတော့၏။

"တကယ်?"

"အင်း ကျွန်မအားလုံးကိုပြောပြီးပြီ။ မနက်ဖြန်က မင်းရဲ့နားရက်ဆိုတော့ အားလုံးအတူ ဒီညထွက်လည်ကြမယ်လေ။"

"ကျေးဇူးတင်ပါတယ် စားသောက်ဆိုင်မန်နေဂျာ!"

'မနက်ဖြန်ကျ သူ(မ)တစ်နေကုန် အိပ်လို့ရပြီ!'

ဆိုင်ပိတ်ချိန်နီးလာလေလေ စားသောက်ဆိုင်တစ်ခုလုံး တက်ကြွမှုများ ပျံနှံ့လာလေလေဖြစ်သည်။ ထန်းမီ အဝတ်လဲခန်းထဲသို့ ဝင်လာချိန်တွင် ကြီးကြပ်သူယွီကတော့ သာမန်ဝတ်စုံအား လဲပြီးနှင့်နေကာ နှုတ်ခမ်းနီဆိုးနေလေ၏။

ထန်းမီ သူ(မ) ၏ ရဲတောက်နေသော နှုတ်ခမ်းနီအား ကြည့်လိုက်ပြီး မျက်တောင်ခတ်လိုက်၏။

ကြီးကြပ်သူယွီက သူ(မ)အား မျက်စောင်းထိုးလိုက်ကာ- "မသိဘူးလား? စားသောက်ဆိုင်မန်နေဂျာက စီအီးအိုယွီကိုလည်း ခေါ်ထားတယ်လေ"

"စီအီးအိုယွီလာမှာပေါ့?"

"မပြောတတ်ဘူး။ သူက အလုပ်များတဲ့သူဆိုတော့ ဘာပဲဖြစ်ဖြစ် ငါတို့တွေ လိုရမယ်ရပြင်ထားရမယ်လေ?"

ကြီးကြပ်သူယွီ နှုတ်ခမ်းနီဆိုးပြီးသွားချိန်တွင် မှန်ကိုကြည့်ရင်း နှုတ်ခမ်းအား စုလိုက်၏။

"မျက်တောင်က သိပ်မကော့ဘူးပဲ ထပ်ကောက်ဦးမှ"

'စီအီးအိုယွီက ငါတို့ပြပွဲကိုတောင် မလာတာ ကာရာအိုကေကိုရော လာပါ့မလား?'

မဟုတ်လောက်ဘူး။ သူ(မ)စီအီးအိုယွီ ကာရာအိုကေတွင် သီချင်းဆိုနေပုံကို စိတ်ကူးကြည့်လို့တောင် မရပေ။

သူ(မ) အချိန်ဆွဲရင်း စားသောက်ဆိုင်ထဲက ထွက်လာစဉ် အားလုံးက ကား၃စီးထဲတွင် ထိုင်ခုံနေရာစီစဉ်ပြီးနေကြပြီဖြစ်သည်။ စားသောက်ဆိုင်မန်နေဂျာ ၊ မန်နေဂျာကျန်းနှင့် စားဖိုမှူးခေါင်းဆောင်တို့ ၃ယောက်ကတော့ ကားမောင်းသည့်တာဝန်အား ယူထားကြ၏။ ကားသည် အားလုံးဆံ့အောင်ထိုင်ဖို့အတွက် နေရာကြပ်လွန်းနေပြီး နောက်ဆုံးမှ ထွက်လာသည့် ထန်းမီအတွက်တော့ ပြွတ်သိပ် ထိုင်ဖို့တောင် နေရာမရှိတော့ချေ။

စားသောက်ဆိုင်မန်နေဂျာသည် တစ်ခြားလုပ်ဖော်ကိုင်ဖက် တစ်ယောက်အား သူ(မ) ကားကို မောင်းစေပြီး သူ(မ) နှင့် ထန်းမီကတော့ တက်စီဖြင့် သွားဖို့လုပ်နေစဉ်မှာပင် အဝေးတွင် ဘန်ထလေတစ်စီး သူတို့ဆီ ဦးတည်လာနေတာကို မြင်လိုက်ရ၏။

ယွီယိ၏ကားပင်။

[ ချိုမြိန်မြိန်အိမ်မက် ] က လူတိုင်း ထိုကားကို မှတ်မိတာကြောင့် သူတို့အားလုံး ပွက်လောရိုက်သွားကြတော့သည်။

လော့ဟောက် ထန်းမီနှင့် စားသောက်ဆိုင်မန်နေဂျာအား တွေ့သွားတာကြောင့် ကားထဲမှ ခေါင်းထွက်လာပြီး..."ဘာဖြစ်နေတာလဲ?"

စားသောက်ဆိုင်မန်နေဂျာက ပခုံးတွန့်ပြကာ - "နေရာမလောက်လို့ပါ"

ထို့နောက် လော့ဟောက် အနောက်မှာ ထိုင်နေတဲ့သူအား စကားအနည်းငယ် ပြောပြီးနောက် ထန်းမီဆီ လှည့်ကာ ပြုံးပြလိုက်၏။

"ထန်းမီ ကားပေါ်တက်"

ကားထဲမှာ ပြွတ်သိပ်ထိုင်နေတဲ့ အမျိုးသမီး ဝန်ထမ်းများအားလုံး နောင်တဖြင့် အစာမကြေ နေကြတော့သည်။ စီအီးအိုယွီလာမယ်ဆိုတာ ကြိုသိခဲ့လျှင် သူတို့အဆုံးထိ စာနာတတ်သည့် ပုံစံမျိုးနေခဲ့ကြမှာပင်။

ထန်းမီ အနည်းငယ် အံ့ဩသွားရတော့သည်။

'ကားပေါ်တက်? စီအီးအိုယွီရဲ့ကားလေ?'

လော့ဟောက်က ထန်းမီ မလှုပ်မယှက်ဖြစ်သည်အား မြင်ပြီး ရယ်လိုက်ကာ - "ဘာလဲ မလိုက်ချင်ဘူးလား?"

စားသောက်ဆိုင်မန်နေဂျာက ထန်းမီ၏ နောက်ကျောအား ပုတ်လိုက်သည်မို့ ထန်းမီ ကားဆီသို့ ခြေလှမ်း အနည်းငယ် လျှောက်သွားလိုက်၏။ လော့ဟောက် သူ(မ) အား ကားတံခါး ဖွင့်ပေးလိုက်ချိန်တွင် ယွီယိသည် အထဲတွင်ထိုင်နေကာ သူ(မ) ဘက်သို့ ခေါင်းမော့ ကြည့်လာလေသည်။

အမြဲလိုလို သူ၏ နက်မှောင်နေသော မျက်လုံးတစ်စုံသည် ဘာခံစားချက်မှ မပြပေ။ ထန်းမီ နှုတ်ခမ်းများအား အတင်းအကြပ် ပြုံးလိုက်ပြီး အားတင်းကာ ကားထဲသို့ ဝင်ထိုင်လိုက်၏။

တိတ်ဆိတ်မှုများအလယ်တွင် ကားလေး စတင်ထွက်ခွာလေတော့သည်။ ထန်းမီ တစ်ချိန်လုံး အရိပ်အကဲကြည့်နေမိလေ၏။

'အရင်တစ်ခေါက် သူယွီရှင်းကားထဲမှာ ထိုင်ခဲ့တုန်းက ဒီလိုမျိုးမဟုတ်ဘူး!'

သူ(မ)ခေါင်းလေး နည်းနည်းစောင်းကာ ယွီယိအား ခိုးကြည့်ရင်း သူပြုံးတဲ့အချိန်တွင် ပါးချိုင့်များ ပေါ်လာတတ်ပုံကို ပြန်စဥ်းစားနေခဲ့သည်။

"ဘာလို့လဲ?"

ယွီယိ ရုတ်တရက် လှည့်ကြည့်လိုက်တာကြောင့် ထန်းမီ ထိပ်လန့်သွားကာ အမြန်ပင် အကြည့်လွှဲလိုက်တော့သည်။

တိုတောင်းတဲ့စကားဝိုင်းအပြီး၌ ကားထဲတွင် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ခဏလောက်အကြာတွင် ယွီယိက ရုတ်တရက်ထမေးလာ၏။

ထန်းမီ တစ်ချက်ငြိမ်နေပြီးနောက် ခေါင်းညိမ့်ပြလိုက်သည်။ "ဟုတ်"

"မင်းမှာ တစ်ခြားအတွေး ရှိနေတာလား?"

ထန်းမီ နားမလည်ပေ။

"ဘာကို တစ်ခြားအ‌တွေးလဲ?"

ယွီယိ၏နှုတ်ခမ်းများ အနည်းငယ် လှုပ်ခတ်သွားကာ - "ချီရွှမ်ဆီကကြားတယ် မင်းရဲ့လုပ်ပုံကိုင်ပုံက စံနမူနာပြစရာမျိုးတဲ့။ အဲတာကြောင့် မင်းကို အမြဲတမ်း ဝန်ထမ်းအဖြစ် ပြောင်းဖို့ ဝန်ထမ်းရေးရာဌာနကို အကြောင်းကြားလိုက်မယ်။"

ထန်းမီ ဆွံ့အသွားရတော့၏။

'စားသောက်ဆိုင်မန်နေဂျာက ဘယ်အချိန်က စီအီးအိုယွီကိုပြောလိုက်တာလဲ?'

အရှေ့မှာထိုင်နေသည့် လော့ဟောက်တစ်ယောက် သူတို့ စကားပြောနေတာကို ခိုးနားထောင်ပြီး အသံမထွက်အောင် ကြိတ်ရယ်နေလေသည်။

'တစ်လတောင်မပြည့်သေးဘူး။ အမြဲတမ်း ဝန်ထမ်းကို ပေးလိုက်ပြီ..ဘာလဲ ထွက်ပြေးသွားမှာကြောက်လို့လား?'

ထန်းမီ အသိစိတ်ကပ်သွားပြီး ယွီယိအား အမြန်ပင် ကျေးဇူးတင်လိုက်တော့၏။ ယွီယိ၏ 'အင်း' ဟူသော တုံ့ပြန်သံအပြီးတွင် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။

စားသောက်ဆိုင်မန်နေဂျာသည် အစောကတည်းက ကာရာအိုကေအား ကြိုတင်ဘိုကင် ယူထားပြီးဖြစ်ကာ မုန့်မျိုးစုံနှင့် ဘီယာများကိုပါမှာထားသေး၏။ အစပိုင်းမှာတော့ ယွီယိ ရှိနေတာကြောင့် အားလုံး မလှုပ်တလှုပ် ဖြစ်နေကြသော်လည်း စားသောက်ဆိုင်မန်နေဂျာ ပထမဆုံးသီချင်း ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် တင်းမာမှုများ ပျောက်သွားပြီး တက်ကြွ လာကြတော့သည်။

ထန်းမီသည် အာရုံဖမ်းစားနိုင်သူ မဟုတ်‌ချေ။ ကြမ်းတမ်းတဲ့ ဖျော်ဖြေသူများကြားတွင် သူ(မ) ဆိုရမည့် အလှည့်ရောက်ရန် ခက်ခဲသဖြင့် အားလုံးနှင့် ရောထိုင်ပြီးတော့သာ သူတို့ သီချင်းဆိုနေသည်အား ထိုင်ကြည့်နေတော့၏။

လော့ဟောက် ၊ မန်နေဂျာကျန်းနှင့် စားဖိုမှူးခေါင်းဆောင်တို့ကတော့ အံစာတုံးနှင့် ကစားနေကြကာ ယွီယိကတော့ဘေးတွင် ထိုင်ကြည့်နေသည်။

> ဆိုသည့် သီချင်းအား ဘယ်သူရွေးထားမှန်းမသိကြဘဲ သီချင်းသံစနေတာတောင် ဆိုမယ့်သူမရှိဖြစ်နေ၏။ ထို့ကြောင့် ကြီးကြပ်သူယွီက ထလာပြီး… "ဘယ်သူမှမဆိုဘူးဆို ကျွန်မကျော်ပစ်လိုက်တော့မယ်နော်!"

"ထုန်းထုန်းရွေးထားတာနေမယ်။ သူခုဏလေးကမှ အပြင်ထွက်သွားတာ"

သူ(မ) က ထန်းမီအား လှမ်းကြည့်လိုက်ကာ - "မင်း သီချင်းမဆိုရသေးဘူးမလား? ဒီတစ်ပုဒ်ကို သိလား?"

"သိပေမယ့်..... "

သူ(မ) ဆီ မိုက်ခရိုဖုန်းထိုးပေးလာသည်ကြောင့် မလွှဲသာဘဲ ယူလိုက်ရတော့သည်။ သီချင်းက တစ်ဝက်လောက်ပြီးနေပြီ ဖြစ်တဲ့အတွက် သူ(မ)သံပြိုင်အပိုဒ်ကနေသာ စဆိုလိုက်ရ၏။

"ရှည်လျားတဲ့ရိုက်ချက် ၊ ငါတို့ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ မျက်ရည်တွေတော့ မရှိပါဘူး ပင်လယ်လေအေးနဲ့ သဲသောင်ပို့တွေပါပဲ။ ငါတို့ပြန်ဆုံတဲ့အခါ မင်းငါ့ဒဏ်ရာဟောင်းတွေကို ပြန်ဖွင့်ရုံပဲရှိမယ် ငါတို့ဇာတ်လမ်းဆုံးပြီ ငါ့ကိုမရှာပါနဲ့တော့"

ထန်းမီ၏ အသံသည် ကြည်လင်ပေါ့ပါးပြီး နားထောင်ရသည်မှာ နားဝင်ချိုနေ၏။

သူ(မ) ဆက်ဆိုနေစဉ် သီချင်းစာသားများသည် သူ(မ) တွေ့ကြုံခဲ့ရသည်နှင့် ဆင်တူနေသလိုခံစားမိလိုက်ရသည်။ လင်ချဲ့လည်း ဒီအတိုင်းပဲ မဟုတ်လား? သူတို့တွေ့ပြီးနောက် ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်ကာ သူငယ်ချင်းဟောင်းတွေလိုမျိုး စကားလာပြောပြီး အဲနှစ်ကဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဘာစကားမှဆိုမလာခဲ့ပေ။

သီချင်းဆုံးတော့ သူ(မ) မိုက်အား ကြီးကြပ်သူယွီဆီ ပြန်ပေးလိုက်ပြီး နေရာမှာပြန်ထိုင်လိုက်၏။

ထုန်းထုန်း လက်ထဲမှာဘူးတစ်ဘူးနှင့်အတူ အခန်းထဲပြန်ဝင်လာချိန်တွင် ကြီးကြပ်သူယွီက သူ(မ)အားလှမ်းကြည့်ပြီး… "ဘယ်တွေသွားနေတာလဲ? ငါတို့ နင့်သီချင်းကို ဆိုပြီးပြီ"

ထုန်းထုန်း အဲတာကို အ‌ရေးမလုပ်ဘဲ စားပွဲပေါ်တွင်ဘူးလေးတစ်ဘူးအား တင်လိုက်ကာ သွားဖြီးပြလေသည်။

"ဒါငှားဖို့အပြင်သွားခဲ့တာ ဒီထဲမှာ'မှန်မှန်ဖြေမလား ခိုင်းတာလုပ်မလား' (Truth or dare) မေးခွန်းတွေပါတယ်။ လှည့်လို့ရတဲ့အပြားလေးရောပဲ ဆော့ကြရအောင်!"

အခန်းထဲကလူအများစုကတော့ ထိုအကြံအား ထောက်ခံကြ၏။ ထန်းမီကတော့ သိပ်မဆော့ချင်သော်လည်း သူ(မ) သီချင်းလည်း အများကြီး မဆိုထားသည့်အတွက် ဆော့ဖို့ ဖိအား‌ပေးခံနေရတော့သည်။

BIG BOSS – ယွီယိကိုတော့ ဘယ်သူကမှ အတင်းမလုပ်ခိုင်းရဲပေမယ့် မိန်းကလေးတွေကတော့ သူ၏ ဆိုဒ်သုံးခုအား သေမတတ်မေးချင်နေကြ၏။

"လှည့်လိုက်လို့ မြှားဦးကျတဲ့သူက ရွေးရမယ် ကိုယ်ရတဲ့မေးခွန်းကို ငြင်းလို့ရတယ် ဒါပေမဲ့ ပြစ်ဒဏ်ကတော့ သောက်ရမယ်"

ထုန်းထုန်း စည်းမျဉ်းများအား ဒိုင်လူကြီးလိုမျိုး ကြေညာလိုက်၏။

"ကိုယ့်အစား သောက်ပေးမယ့်သူကိုလည်း ရွေးလို့ရတယ် သူကိုယ်တိုင်က သဘောတူတယ်ဆိုရင်ပေါ့"

ထန်းမီ ရှက်ရွံ့စွာ လက်ထောင်လိုက်ပြီး… "သီချင်းရွေးလို့ရသေးလား?"

"NO!"

ပြင်းထန်စွာ ကန့်ကွက်ခံရပြီးနောက် ထန်းမီတစ်ယောက် တိတ်တိတ်လေးပဲ ငြိမ်နေလိုက်ရတော့၏။

'ဘယ်သူ့ကို ကြောက်စရာလိုလဲ? သောက်လိုက်ရုံပဲကို!'

ထို့နောက် ပထမပွဲ၌ပင် မြှားဦးသည် သူ(မ) ဆီ တည့်တည့်ကျလာလေသည်။

ထန်းမီ : "...."

"တစ်ခုရွေး" ထုန်းထုန်း ဘူးအား သူ(မ) ရှေ့ချလိုက်ပြီး စူးစိုက်ကြည့်နေ၏။ ထန်းမီ မျက်လုံးမှိတ်ကာ ဆုတောင်းလိုက်မိတော့သည်။

'ဖခင် သမီးရွေးလိုက်တဲ့မေးခွန်းကို သာမန်မေးခွန်းလေးဖြစ်အောင် လုပ်ပေးပါ!'

ထန်းမီ : "....."

အားလုံး၏မျက်လုံးသည် ယွီယိထံ တစ်ပြိုင်တည်း ရောက်သွားကြပြီး အခန်းအတွင်း ချက်ချင်း ပွက်လောရိုက် သွားတော့သည်။ မန်နေဂျာကျန်းကတောင် လေချွန်ပြလိုက်၏။

ယွီယိမျက်နှာမှာတော့ ဘာခံစားချက်မှ ရှိမနေပေမယ့် ထန်းမီမျက်နှာကတော့ နားရွက်အထိပါ နီရဲတွတ်နေလေသည်။ သူ(မ)အတွက် ကံကောင်းသွားတာက အခန်းသည် မီးရောင် မှိန်နေတာကြောင့် သူ(မ)မျက်နှာအရောင်ကို ပြောရခက်နေတာပင်။

သူ(မ) ယွီယိကို ကြည့်ဖို့တောင် တော်တော်လေးရှက်နေပြီး တိုးတိုးလေးပဲ ရေရွတ်ပြောနိုင်ခဲ့သည်။

"ကျွန်မ သောက်မယ်"

တစ်ခန်းလုံး စိတ်ပျက်သွားကြတော့၏။ ထန်းမီ ဘီယာဘူးအား လှမ်းယူနေသည်ကို ထုန်းထုန်းမြင်တော့ ဘူးကိုလက်ထဲမှ အမြန်ဆွဲယူကာ -

သူ(မ)က မျက်ခုံးပင့်လိုက်ပြီး ခွက်အလွတ်ယူကာ စားပွဲပေါ်မှာ ရှိသမျှအရက်တွေကို ရောထည့်လိုက်၏။

ထန်းမီ : "...."

'သေစမ်း ဒါသဘောတူထားသလို မဟုတ်ဘူးလေ!'

ထုန်းထုန်း ငါးခူပြုံး ပြုံးရင်း… "မသောက်ချင်ဘူးဆို စီအီးအိုယွီကို နမ်းလို့ရသေးတယ်"

ထန်းမီ ခဏမျှ စဉ်းစားလိုက်သည်။ သူ(မ) ဘယ်လောက်ပဲ စဉ်းစားပါစေ စီအီးအိုယွီကိုနမ်းပြီးတဲ့ နောက်ပိုင်း ဖြစ်လာမယ့်ကံတရားက ပိုဆိုးလိမ့်မည်ဟု ခံစားမိတာကြောင့် သူရဲကောင်းတစ်‌ယောက်လို ခွက်ကိုကိုင်ရင်း ဟစ်ကြွေးလိုက်တော့သည်။

"ဒီကြမ်းတမ်းတဲ့ မြစ်ရဲ့အဆုံးအတွက် ဂုဏ်ပြုပါတယ်!"

အားလုံး ကျယ်လောင်စွာ လက်ခုပ်ဩဘာပေးလိုက်ပြီး ထန်းမီနှုတ်ခမ်း ခွက်ကိုထိလိုက်သည်နှင့် မျိုသိပ်ထားသောမျက်ရည်များ ကျတော့မလိုဖြစ်သွားရတော့၏။ အနည်းဆုံးတော့ ထုန်းထုန်း အသိတရားရှိပြီး သူ(မ) အား ခွက်သေးသေးပေးခဲ့သည်ပင်။

သူ(မ)တစ်ခွက်လုံးသောက်ပြီးနောက် သူတို့နှင့်အတူ ဘယ်တော့မှ ကာရာအိုကေကို မသွားရန် ဆုံးဖြတ်ချက်ချလိုက်လေတော့၏။

ဒုတိယပွဲကို ရောက်တော့ ထန်းမီ စိတ်အေးသွားခဲ့လေပြီ။ အလှည့်က သူ(မ) ဆီ နှစ်ကြိမ်ဆက်တိုက် မကျမှာ ကျိန်းသေသည်။ ထို့နောက် ဘဝသည် သူ(မ) အား အံ့ဩစရာကောင်းသည့် သင်္ချာပုစ္ဆာပေးလာခဲ့လေ၏။

အလှည့်ကသူ(မ)ဆီ နှစ်ကြိမ်ဆက်တိုက် မကျမှာက မဖြစ်နိုင်တာတော့မဟုတ်ချေ။ ၀.၂%ဖြစ်နိုင်ချေရှိသေးသည်။

'လခွမ်း သူစားပွဲကိုသာ မှောက်ပစ်လိုက်ချင်တယ်! ဒီဂိမ်းနှင့် သူ ကီးမကိုက်ဘူး!'

"မပြောချင်ရင် ဒီတစ်ခါ နှစ်ခွက်သောက်ရမယ်!"

ထန်းမီ နှုတ်ခမ်းအား ဖိကိုက်လိုက်မိ၏။ အမျိုးသားလုပ်ဖော်ကိုင်ဖက်တွေ အားလုံးရှေ့မှာ သူ(မ)ပြောလို့ မဖြစ်ပေ။

" ငါသူ့အစား သောက်လိုက်မယ်"

ယွီယိ၏ အေးစက်စက်လေသံသည် ကာရာအိုခေခန်းထဲတွင် ဟိန်းထွက်လာပြီး တစ်ခန်းလုံးငြိမ်ကျသွားတော့သည်။ ဘယ်သူမှ ဘာမှမတုံ့ပြန်နိုင်ခင်မှာ ယွီယိကတော့ နှစ်ခွက်လုံးသောက် ပြီးသွားပြီပင်။

ထုန်းထုန်းက ခွက်အလွတ် နှစ်ခွက်အား ကြည့်ပြီး ဦးစွာ လက်ခုပ်ဩဘာပေးလိုက်၏။

ယွီယိ လူအုပ်၏ လက်ခုပ်တီးသံများအား လျစ်လျူရှုပြီး ဆိုဖာပေါ်မှထလိုက်ကာ - "ငါအရင်ပြန်နှင့်မယ်။ တစ်ညလုံး‌ကောင်းကောင်း ပျော်ကြပါ။"

လော့ဟောက် သူ့‌အနောက်မှ လိုက်သွားပြီး အခန်းထဲမှထွက်သွားကြတော့သည်။ ထန်းမီ ခဏလောက် ငြိမ်သက်နေပြီးနောက် ထလိုက်ကာ ဆိုဖာပေါ်မှသူ(မ)အိတ်အား ဆွဲယူရင်း… "အားလုံးစိတ်မရှိပါနဲ့နော်။ ဒီနေ့တကယ် ပင်ပန်းနေတာမို့ ပြန်လိုက်ပါဦးမယ်။ တစ်ညလုံးပျော်ကြပါ!"

"အမ်....."

'သူ့နောက်ကို လိုက်လာတာတော့ မဟုတ်ပေမယ့် သူ့ကို ပြောချင်တာရှိနေတယ်..'

ယွီယိက သူ(မ) အားကြည့်ကာ - "ကိစ္စမရှိပါဘူး"

ထန်းမီ အိတ်အား တင်းနေအောင် ဆုပ်ကိုင်ထားရင်း ရပ်နေသည်အား မြင်သော် ယွီယိကားထဲဝင်ပြီး မှန်ပြန်ချကာ - "အိမ်ပြန်ပို့ပေးမယ်"

သူ(မ) ခဏလောက် တုံ့ဆိုင်းနေပြီးနောက် မြန်မြန်ကားထဲ ဝင်လိုက်တော့သည်။

အရင်လိုပဲ ကားထဲမှာ တိတ်ဆိတ်နေကာ ထန်းမီပြောဖို့ စကားရှာမရပေ။ ထိုစဥ် ယွီယိမှစ၍ တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်၏။

သူ ဒီလိုမေးခွန်း မေးလိမ့်မည်ဟု ထန်းမီအိပ်မက်တောင် မမက်ဖူးပေ။ ထို့ကြောင့် သူ(မ) ကြောင်အစွာဖြင့် စမ်းတဝါးဝါး ပြန်ဖြေလိုက်တော့သည်။

သူ ဆက်မမေးတော့ချေ။ သူ(မ)အား တိုက်ခန်းရှေ့ချပေးပြီးသည်နှင့် ဒါရိုင်ဘာက မောင်းထွက်သွား၏။

"ဘာဖြစ်လို့လဲ?"

ထန်းမီ ဆိုဖာထဲကို နစ်ဝင်လိုက်ကာ ခဏတွေးတောနေပြီးနောက် - "ငါ ဒီနေ့ လင်ချဲ့နဲ့ တွေ့လာတယ်"

ဖုရှင်း ရှော့ခ်ရသွားတော့သည်။ သူ(မ)ကိုယ်အား ချက်ချင်း တည့်မတ်လိုက်ကာ-"မုန့်ပြပွဲမှာလား?"

"အင်း ဟဲ့စစ်ချီလည်းရှိတယ်။ ကြည့်ရတာ သူတို့နှစ်ယောက်အတူ ကိတ်မုန့်ဆိုင် ဖွင့်ထားတာဖြစ်မယ်။"

ဖုရှင်း မျက်နှာထားပြောင်းလဲသွားတော့သည်။ အမှန်ဆို သူ(မ) လွှင့်ပစ်လိုက်တဲ့ မဂ္ဂဇင်းမှတဆင့် ထိညအကြောင်အား သိနှင့်ပြီးသားပင်။ အဆုံးမှာတော့ ထန်းမီ သိသွားလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ဖုရှင်း သူ(မ)ပခုံးအား ပုတ်ပေးပြီး မေးဆတ်ပြလိုက်၏။

"အဲဒီတော့? သူ့လင်ချဲ့က မုန့်ဖိုမင်းသားပဲဖြစ်တာ ဒါပေမယ့် နင်ကအခု စီအီးအိုယွီရဲ့ပေါင်ကို ဖက်နေရတာလေ! မင်းသားက ဘုရင်ကြီးကိုတွေ့တဲ့အခါ ခမည်းတော်လို့ ခေါ်ရတာမလား?!"

__________________________________________

ဘာသာပြန်သူ၏ အမှာစာ :

[ Truth or Dareက စာရေးသူဆိုလိုတဲ့ ဆိုဒ်သုံးခုဆိုတာ ရင်ဆိုဒ် ခါးဆိုဒ်နဲ့ တင်ဆိုဒ်ကို ဆိုလိုတာ ဖြစ်ပါလိမ့်မယ်။ ]

All Chapters