မုန့်ဖို
Vol. 1 Ch. 10
ဖုရှင်းပြောတာကို နားထောင်ပြီး ထန်းမီ အော်ရယ်လိုက်မိတော့သည်။ နှစ်ယောက်သား အချိန်တစ်ခုလောက်ထိ ရယ်မောနေခဲ့ကြပြီးနောက် ထန်းမီ ဆိုဖာပေါ်မှ ကောက်ထကာ - "ငါ ရေချိုးပြီးရင် အိပ်တော့မယ် ဒီနေ့ နေ့တာတော်တော်ရှည်ခဲ့တာပဲ နင်လည်းသွားအိပ်တော့"
"အိုခေ" ဖုရှင်း တိုတိုတုတ်တုတ်ပဲ ပြန်ဖြေလိုက်ကာ သူမ ခဏလောက် တုံ့ဆိုင်းနေ၏။ ထို့နောက် - "ထန်းထန်း နင်လင်ချဲ့ကို ကြိုက်သေးလား"
ထန်းမီ လှည့်ကြည့်ပြီး မျက်ခုံးများအား ပင့်လိုက်လေသည်။
"သူ နဲ့ ဟဲ့စစ်ချီနဲ့ တော်တော်လေး လိုက်ဖက်တယ်လို့တော့ ထင်တာပဲ"
သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သွားဖြီး ပြလိုက်ကြသည်။ ထိုစဥ် ထန်းမီ ရုတ်တရက် အနည်းအကျဉ်း စိတ်သက်သာရာရမိသွား၏။ မီးဘေး ၊ ရန်ဘေးနှင့် အယောင်ဆောင်သူငယ်ချင်းတွေ ပေါများနေတဲ့ခေတ်မှာ ဖုရှင်းကို တွေ့ခဲ့တာသည် သူမအတွက်တော့ ကောင်းချီးပေးခံရမှု တစ်ခုပင်။
ထိုညက ထန်းမီ အိမ်မက်ကောင်းများ မက်ခဲ့ပြီး တစ်ဖက်တွင်တော့ ဒါရိုက်တာဟဲ့တစ်ယောက် သတင်းဆိုးကြီး ကြားရင်း နိုးထလာရချေပြီ။
"အလုပ်ထုတ်တယ်? ဘာလို့ ငါ့ကို ဘာအကြောင်းပြချက်မှ မရှိဘဲ ဒီလိုလုပ်တာလဲ?"
လော့ဟောက် ကိုယ်တိုင်ကိုယ်ကျ ပေးလိုက်တဲ့ စာကိုလည်း လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသေး၏။
"ခင်ဗျား ဘာလုပ်ခဲ့လဲဆိုတာ ခင်ဗျားအသိဆုံးဖြစ်မှာပါ"
ဒါရိုက်တာဟဲ့၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ ထို့နောက် ဘာမှ မသိနားမလည်တဲ့ပုံစံဖြင့် လော့ဟောက်အား..."ကျွန်တော် ဘာလုပ်မိလို့လဲ?"
လော့ဟောက် ဆိုဖာပေါ်မှ ထကာ သူ့ဆီလျှောက်လာ၏။
"ခင်ဗျားနဲ့ အချိန်မဖြုန်းချင်တော့ဘူး ရှီတက္ကသိုလ်က ဟဲ့စစ်ချီဆိုတဲ့ ခင်ဗျားအမျိုး ၊ သူခင်ဗျားကို သွေးဆောင်ထားတာပဲဖြစ်ဖြစ် ခင်ဗျားဘာသာခင်ဗျား သူ့ကို ကာကွယ်ပေးချင်တာပဲဖြစ်ဖြစ် အဲတာ ခင်ဗျားရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စပဲ လူတွေ့မေးမြန်းတုန်းက ထန်းမီကို တမင်သက်သက် စွပ်စွဲပြီး ယွီရှီမှာ အလုပ်ဝင်နိုင်ဖို့ကို တားမြစ်ခဲ့တယ် ဝန်ထမ်းရေးရာဒါရိုက်တာ အနေနဲ့ အဲလိုလုပ်ရပ်မျိုး လုပ်ခဲ့တာကြောင့် ကုမ္ပဏီက ခင်ဗျားကို ဒီရာထူးနဲ့ မသင့်တော်ဘူးလို့ ယူဆလိုက်တာ"
ဒါရိုက်တာဟဲ့၏ မျက်နှာ ဖြူဖျော့သွားရတော့သည်။ အဲကိစ္စကို ဟဲ့စစ်ချီ၏ တောင်းဆိုမှုကြောင့် လုပ်ပေးခဲ့ရခြင်းဖြစ်၏။ အသေးအဖွဲ ကိစ္စလေးဟုသာ ထင်ခဲ့သော်လည်း ကုမ္ပဏီက ဒီကိစ္စကို စုံစမ်းစစ်ဆေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဒါရိုက်တာဟဲ့ အောက်နှုတ်ခမ်းအား ကိုက်လိုက်ပြီး လော့ဟောက်ကို ကြည့်ကာ - "ဟဲ့စစ်ချီက ကျွန်တော့် တူမလေးပါ။ ထန်းမီအကြောင်းကိုလည်း သူပြောပြတာ ဘာပဲဖြစ်ဖြစ် ဒါကို အကြောင်းပြပြီး ကျွန်တော့်အကျင့်စရိုက်ကိုတော့ ဝေဖန်လို့မရဘူး။ ထန်းမီက သေချာပေါက် ခိုးကူးခဲ့တာ။ ကျွန်တော် ဘာမှားလို့လဲဆိုတာ စဉ်းစားလို့ မရဘူး"
လော့ဟောက် ရယ်လျက်..."ထန်းမီ ခိုးကူးကူး ခိုးမကူးကူး ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး။ ရဲတွေတောင် အကျဉ်းသားတွေကို အကြောင်းစုံ ရှင်းပြခွင့်ပေးသေးတာပဲ။ ဒါပေမယ့် ခင်ဗျားကတော့ သူပြောတာ နားမထောင်ခဲ့ဘူး။ ပုဂ္ဂိုလ်ရေးမပါတာ သေချာလို့လားဗျာ? ဝန်ထမ်းရေးရာဌာနဆိုတာ ဒီကုမ္ပဏီရဲ့ အရေးကြီးတဲ့အပိုင်း! ငါတို့ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချနိုင်တဲ့သူကိုပဲ လိုအပ်တယ်"
သူပြောပြီးသည်နှင့် တန်း၍ လှည့်ထွက်သွားသည်မို့ ဒါရိုက်တာဟဲ့ အနောက်ကနေ အော်ပြောလိုက်ရသည်။
လော့ဟောက် သူ့အနောက်မှာ ရပ်နေတဲ့သူအား တစ်ချက်ပြန်လှည့်ကြည့်လိုက်ပြီးနောက် - "ဘဏ္ဍာရေးဌာနက ခင်ဗျားကို သုံးပတ်စာလခ ကြိုထုတ်ပေးလိမ့်မယ်။ ကောင်းကောင်းမွန်မွန်ပဲ အဆုံးသတ်ကြရအောင်။ အဲလိုမလုပ်ဘဲ ပြဿနာရှာရင်တော့ အပြင်ကိုဆွဲထုတ်ဖို့ လုံခြုံရေး ခေါ်ရပါလိမ့်မယ်"
တစ်ဖက်တွင် ထန်းမီကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေဆဲပင်။ ထို့နောက် သူမ ခေါင်းအုန်းဘေးရှိ ဖုန်းသည် ရုတ်တရက် ထမြည်လာတာကြောင့် လန့်နိုးသွားကာ ဖုန်းရှိရာသို့ ဟိုစမ်းဒီစမ်း လုပ်နေမိ၏။ ဖုန်းအား ရှာတွေ့ချိန်တွင် မျက်လုံးဖွင့်ဖို့ အတင်းကြိုးစားရင်း ဖုန်းကောက် ကိုင်လိုက်လေသည်။
"ဟယ်လို ဘယ်သူလဲ?"
"အချစ်လေး အိပ်နေတုန်းလား?"
ထန်းမီ ချက်ချင်းပင် အိပ်ချင်စိတ်များ ပျောက်ကွယ်သွားရတော့၏။ သူမ စောင်အားကန်လိုက်ပြီး ထထိုင်လိုက်ကာ - "ယွီ....လူကြီးမင်း?"
ယွီရှင်း ခပ်တိုးတိုး ရယ်လိုက်ပြီး..."ကိုယ်တိုက်ခန်းရှေ့မှာ စောင့်နေတယ်"
ပြောပြီးသည်နှင့် သူဖုန်းချသွားလေတော့သည်။ ထန်းမီကတော့ ဖုန်းအားကိုင်ထားဆဲဖြစ်ကာ သူမ၏ လွင့်ထွက်သွားသော ဝိညာဉ်လေးအား အသည်းအသန် ပြန်ကုန်းရှာနေလေသည်။
'ငါ့တိုက်ခန်းရှေ့မှာ.... ငါ့ကိုဘာအတွက် စောင့်နေတာလဲ?'
သူမ ချက်ချင်း ကြမ်းပြင်ပေါ်သို့ ခုန်ဆင်းလိုက်ကာ ဖိနပ်တောင်မစီးနိုင်ဘဲ ခန်းစီအား သွားဖွင့်ကြည့်လိုက်၏။ တယ်လီဖုန်းတိုင်ဘေးတွင် မျက်စိကျစရာ လမ်ဘော်ဂီးနီတစ်စီး ရပ်ထားသည်ကိုတွေ့လိုက်ရပြီး ယွီရှင်းကတော့ ထိုကားအားမှီကာ ခေါင်းလေးစောင်းရင်း အရှေ့က တိုက်ခန်းများကို ကြည့်နေလေသည်။ ပြတင်းပေါက်က ထန်းမီ၏ ပုံရိပ်ကို မြင်တော့ ပါးစပ်မှ 'အချစ်လေး' ဟု ရေရွတ်ပြလိုက်သေး၏။
သူမကိုယ်သူမ ဆဲလိုက်မိတော့သည်။ သူမဒီလို ဇာတ်ဝင်ခန်းမျိုးကို ဇာတ်ကားများထဲတွင် မကြာခဏ ကြည့်ဖူးသည်ပင်။
ထို့နောက် ခန်းစီးအား ပြန်ကာပြီး မြန်မြန်ပြင်ဆင်ရတော့သည်။ မှန်ရှေ့တွင် ခေါင်းဖြီးပြီးပြီးချင်း တံခါးပေါက်ရှိ ဖိနပ်အားစီးကာ ထွက်လာခဲ့လိုက်၏။
သူမထွက်လာတာကိုမြင်တော့ ယွီရှင်းက မျက်ခုံးပင့်လိုက်ကာ - "အဲလောက် မြန်တာလား? မိန်းကလေးတွေ ပြင်ဆင်ရင် အနည်းဆုံး တစ်နာရီလောက် ကြာတယ်လို့ ထင်ထားခဲ့တာ"
ထန်းမီ ရယ်ရုံပဲ ရယ်လိုက်တော့သည်။ သူမ့အလုပ်ရှင်ကို တိုက်ခန်းအောက်မှာ တစ်နာရီလောက် စောင့်ခိုင်းနိုင်တဲ့ သတ္တိမျိုး ထန်းမီမှာမရှိပေ။
ယွီရှင်း ပါးချိုင့်များပေါ်သည်အထိ ပြုံးလိုက်လေ၏။
"မင်းမနက်စာ မစားရသေးဘူးမဟုတ်လား ဘာစားချင်လဲ?"
ထန်းမီ သူ့ပါးချိုင့်များကိုပဲ ငေးကြည့်ရင်း ပြန်ဖြေလိုက်တော့သည်။
"လမ်းထိပ်မှာ ဝက်နံရိုး ခေါက်ဆွဲဆိုင်ရှိတယ်။ အဲဆိုင် တကယ်ကောင်းတယ်"
ယွီရှင်း သူမအတွက် ကားတံခါးဖွင့်ပေးလိုက်ပြီး...
"အချစ်လေး အရင်တက်"
ထိုဝက်နံရိုးခေါက်ဆွဲဆိုင်သည် ရပ်ကွက်ငယ်လေးထဲတွင် ဖွင့်လှစ်ထားသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာပြီဖြစ်ပြီး အမြဲလိုလို ဝေဖန်ချက်ကောင်းများ ရရှိတာကြောင့် နာမည်ကောင်းလည်း ရလာခဲ့လေသည်။ စီးပွားရေးလည်း ဖြစ်ထွန်းပုံရကာ ဆိုင်သေးသေးလေးကနေ တဖြည်းဖြည်း ဆိုင်ကြီးသို့ ချဲ့နိုင်ခဲ့၏။
နှစ်တွေအကြာကြီး ရောင်းလာခဲ့သော်လည်း သူ့ဆိုင်ကိုလာသည် ဧည့်သည်များထဲတွင် ဒါပထမဆုံး လမ်ဘော်ဂီးနီစီးလာတဲ့သူကို မြင်ဖူးခြင်းပင်။
ဆိုင်လူကျချိန်ကိုလည်း ကျော်သွားပြီဖြစ်သဖြင့် ဆိုင်ထဲတွင် စုံတွဲတစ်တွဲသာထိုင်နေခဲ့၏။ ထိုအချိန်တွင်
အပြင်မှာရပ်လိုက်သည့် လမ်ဘော်ဂီးနီကနေ သက်တံ့ရောင်ခုနစ်ဆင်း ဖြာထွက်လာတော့သည်။
"ဝိုး လမ်ဘော်ဂီးနီ!"
အပေါက်ဝနားတွင် ထိုင်နေသည့်စုံတွဲထဲမှ ကောင်မလေးသည် အံ့သြတကြီး ရေရွတ်လိုက်လေ၏။
သူမနှင့် မျက်နှာချင်းဆိုင်ထိုင်နေသည့် သူ့ကောင်လေးကတော့ နောက်လှည့်ကြည့်ကာ နှာခေါင်းရှုံ့၍...
"အဲတော့? အဲလိုကားမျိုး စီးနိုင်တဲ့သူတွေက ကြည့်ပျော်ရူပျော်တောင် မရှိတဲ့ 'သူဌေးဘီးကြဲ'တွေပဲ"
ယွီရှင်း ကားတံခါးဖွင့်ပြီး ထွက်လာချိန်တွင် ကောင်မလေး၏ မျက်လုံးများ ပို၍ တောက်ပသွားတော့သည်။
"အဲလိုကားမျိုး စီးနိုင်တဲ့ ရုပ်ချောချောကောင်တွေက ဘဝင်လေဟပ်နေတဲ့ တစ်ကိုယ်ကောင်းသမားတွေ ငါ့လောက် ဂရုစိုက်တတ်တဲ့သူ နောက်ထပ်ရှိဦးမယ်လို့ ထင်လို့လား?"
"အချစ်လေး ဘာစားချင်လဲ?"
"ကျွန်မ နံရိုး၁၀၀ဂရမ်ကို ခေါက်ဆွဲပြုတ်နဲ့စားမယ် ရှင်ရော?"
"ကိုယ်လည်း အဲတာပဲစားမယ် တစ်ခြား ဘာစားချင်သေးလဲ?"
"အမ်..ဘေးဆိုင်က ဒင်းဆမ်းက တော်တော်လေး စားကောင်းတယ်ပြောတယ် ကျန်သေးရဲ့လားမသိ..."
"ကိုယ်သွားကြည့်လိုက်မယ် အရင်ထိုင်နှင့်"
တံခါးနားကစုံတွဲ စကားပြောနေကြသည်ကို ဆိုင်ရှင် အတိုင်းသား ကြားနေရ၏။ သူတို့စားပြီးတာနှင့် ပြတ်ကြတော့မည်ဟုလည်း စိတ်ထဲမှ ထင်ကြေးပေးလိုက်တော့သည်။
ဘေးဆိုင်က ဒင်းဆမ်းတွေက ကုန်သွားပြီဆိုတော့ ယွီရှင်း ဖက်ထုပ်ပေါင်းကိုပဲ ဝယ်လာခဲ့လိုက်၏။ အသားကို၁၀၀ဂရမ်ပဲ မှာထားသည့်အတွက် ယွီရှင်း ဗိုက်ဆာနေမှာ စိုးရိမ်ပြီး ထန်းမီ ဖက်ထုပ်တစ်ခုပဲ စားလိုက်ကာ ငြိမ်နေတာကြောင့် ယွီရှင်း တခစ်ခစ်ရယ်လိုက်တော့သည်။ ထို့နောက် ဖက်ထုပ်နောက်တစ်ခုကို သူမပန်းကန်လုံးထဲ ထည့်ပေးလိုက်ပြီး သူမအားစိုက်ကြည့်ကာ - "အချစ်လေး ဗိုက်မဝရင် ကိုယ်စိတ်မကောင်း ဖြစ်လိမ့်မယ်"
ထန်းမီ : "....."
သူမ ဖက်ထုပ်ထဲတွင် အနီရောင်အလွှာလေး ဆေးဆိုးထားသလို ခံစားရလိုက်သည်ပင်။
"ရှင်းမယ်!" အနီးနားမှာ ထိုင်နေတဲ့ ကောင်လေးသည် ရုတ်တရက် ထအော်ခေါ်လိုက်ကာ ပိုက်ဆံအား စားပွဲပေါ်တွင် ဗုန်းကနဲ ချပေးလိုက်လေသည်။ ထို့နောက် သူ့ကောင်မလေးအား လက်ဆွဲကာ လုံးဝ လှည့်မကြည့်ဘဲ ထွက်သွားတော့လေပြီ။
"သူ ဘာဖြစ်တာလဲ?"
ထန်းမီ နားမလည်နိုင်ပေ။
စားပွဲလာရှင်းသည့် ဆိုင်ရှင်က တိုးတိုးလေး ကပ်ပြောလာ၏။
ထန်းမီ : "....."
နှစ်ယောက်သား ခေါက်ဆွဲစားပြီးနောက် ယွီရှင်းက ထန်းမီအား မြို့ဆင်ခြေဖုံး အပြင်ဘက်သို့ ခေါ်လာခဲ့လေသည်။
ထန်းမီ သူ့အားခေါင်းလေး စောင်းကာ ကြည့်လိုက်ပြီးနောက် - "ကျွန်မတို့ ဘယ်သွားနေကြတာလဲ?"
"ကိုယ်မင်းလုပ်ထားတဲ့ ကိတ်မုန့်ကို စားချင်တယ် ဒါပေမယ့် အခု စားသောက်ဆိုင်ကမအားတော့ ပျော်ရွှင်ခြင်းမုန့်ဖိုမှာ ကြိုပြီး စာရင်းပေးထားတယ်"
ထန်းမီ သူမ၏တိုက်ခန်းကိုပဲ သွားကြဖို့ပြောမလို့ရှိသေး ယွီရှင်းအတွက် ထိုနေရာက မသင့်တော်ဘူးဟု အတွေးဝင်သွားမိတော့သည်။ ထို့ကြောင့် နောက်ဆုံးတွင် သူမခေါင်းညိမ့်ရုံပဲ တတ်နိုင်ခဲ့သည်သာ။
'သူအဲတာကို စဉ်းစားပြီးသားမို့လို့ မုန့်ဖိုကို ဘိုကင်ယူလိုက်တာလား?'
ပျော်ရွှင်ခြင်းမုန့်ဖို DIY (Do It Yourself) သည် မုန့်ဖုတ်သမားများကြားတွင် နာမည်ကြီးသည်ဟု ပြောရလိမ့်မည်။ ကိုယ်လုပ်ချင်သည့် မုန့်အတွက် လိုအပ်သည့် ပစ္စည်းအစုံအလင်ကို အပြည့်အဝ အသုံးပြုနိုင်သည်။ ထန်းမီ တက္ကသိုလ်မှာတုန်းက သူတို့၏ ဝန်ဆောင်မှုအား အသုံးပြုဖူးတာကြောင့် ထိုနေရာကိုအတော်လေး မှင်သက်မိ၏။
ထန်းမီ ခေါင်းခါပြကာ -" ကိစ္စမရှိပါဘူး"
တကယ်တော့ သူမစီအီးအိုယွီ၏ ပါးချိုင့်များကို မြင်ခွင့်ရတာနဲ့တင် ပျော်နေမိတာပင်။
"အချိန်ပို ဆင်းပေးတဲ့အတွက် ပိုပေးဖို့ မှတ်ထားလိုက်မယ်"
ယွီရှင်း ဖြတ်မောင်းလာတဲ့လမ်းကို ကြည့်ရင်း ထန်းမီ သံသယဖြင့် မျက်တောင်များ ပုတ်ခတ်လိုက်မိတော့သည်။
"ကျွန်မတို့ ပျော်ရွှင်ခြင်းမုန့်ဖိုကို သွားမယ်ဆိုရင် ကွေ့ရမယ့် လမ်းကျော်ခဲ့ပြီ ထင်တယ်နော်?"
ယွီရှင်း တခစ်ခစ်ရယ်လိုက်ပြီး..."ဖြည်းဖြည်းပေါ့ အချစ်ရဲ့ ကိုယ်တို့ ပိုကြာမယ့် လမ်းကနေ သွားရအောင်"
ထန်းမီ : "....."
သူ အဲလိုပြောလိုက်ပေမယ် ထန်းမီ မသိမသာ မျက်မှောင်ကြုတ်လိုက်မိ၏။ သူမ တစ်ခုခုမှားနေသလို ခံစားနေမိသည်။
သူမ ထိုအတွေးများအား အမြန်ရှင်းထုတ်ပစ်လိုက်တော့သည်။ ယွီရှင်း သူတို့ကို မုန့်ဖိုရှေ့မှာ ရပ်ပြပြီး ရှင်းထုတ်ပေးခဲ့တာဆို ပိုမှန်လိမ့်မည်။
သူမရောက်တာနှင့် မုန့်ဖိုကပေးသည့် အေပရွန်အား ဝတ်လိုက်ပြီး ယွီရှင်းကို လှမ်းမေးလိုက်၏။
"ဘယ်လို ကိတ်မျိုးစားချင်လဲ?"
ထန်းမီ မျက်နှာနီရဲတက်သွားပြီးနောက် အကြံတစ်ခုရသွားလေတော့၏။
ယွီရှင်းက ပိုပြီးစိတ်ဝင်စားသွားပုံပင်။
"ဟုတ်ပြီ အဲတာဆို လက်အရင်ဆေးလိုက် ပြီးရင်ဂျုံနယ်ကြမယ်"
ယွီရှင်း လက်ဆေးပြီးနောက် အေပရွန်အား ဝတ်လိုက်လေသည်။ ထန်းမီ သူ့ပုံစံအား ကြည့်ကာ ရယ်မိတော့ သူကပါ လိုက်ရယ်၏။
"ဘာလို့လဲ?"
ယွီယိသာ ဖြစ်နေမယ်ဆိုလျှင်တော့ အေပရွန်ဝတ်ရုံနှင့်လည်း ဒီလိုပုံစံမျိုး ဖြစ်လိမ့်မည်လို့တော့ သူမ မထင်ပေ။
ထန်းမီ ထူးဆန်းတယ်လို့ ခံစားနေရ၏။ သူတို့က လူတစ်ယောက်တည်း ဆိုပေမယ့် သူမအတွက်တော့ လုံးဝ ကွဲပြားလွန်းလှသည်။
"အနှစ်နယ်တဲ့အခါ သတိထားရမယ် လက်နဲ့ ကြမ်းကြမ်း မနယ်နဲ့ ဂျုံတွေလက်မှာ ကပ်သွားလိမ့်မယ် ကျွန်မလိုလိုက်လုပ်ကြည့် ရှင့်လက်ဖဝါးနဲ့ မြန်မြန်လေးဖိလိုက် ဒီလိုဆို ဂျုံက အရမ်းမာတော့မှာ မဟုတ်ဘူး"
ယွီရှင်း တစ်ဖက်မှကြည့်နေရင်း… "မင်းရဲ့လက်လေးတွေက တော်တော်လေးလှတာပဲ ဒီလိုအလုပ်မျိုး လုပ်နေရတာတောင်မှ မင်းလက်ချောင်းတွေက သွယ်နေတာ"
ထန်းမီ တစ်ချက်ရယ်လိုက်မိကာ - "အဲတာတင် မဟုတ်ဘူး ကျွန်မမှာ အဆီလည်းမရှိဘူး ဖုရှင်းက အမြဲ ကျွန်မကိုအားကျတယ် ပြောနေတတ်တာ"
ယွီရှင်း သူမကိုငေးကြည့်ကာ ခပ်တိုးတိုးလေသံဖြင့် တီးတိုးပြောလိုက်၏။
"ဖုရှင်းကို မနာလိုလိုက်တာ"
ထန်းမီ သူ့ကို လှည့်ကြည့်လိုက်တာကြောင့် ယွီရှင်း ရယ်ပြလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။
"ဂျုံနယ်ပြီးရင်ရော ဘာဆက်လုပ်ရမှာလဲ?"
ထန်းမီ လုံနေအောင် ထုပ်ထားသည့် ဂျုံမုန့်ညက်ကို ရေခဲသေတ္တာထဲ ထည့်ပြီးနောက် ယွီရှင်းဘက် လှည့်ကာ လှမ်းမေးလိုက်၏။
ယွီရှင်း တစ်ခြားလုပ်စရာတွေ အများကြီး လုပ်ပြီးနိုင်တာကို တွေးလိုက်မိသော်လည်း အနည်းငယ် စဥ်းစားလိုက်ပြီးနောက် ထန်းမီအား ပြုံးကာ မျက်ခုံးတစ်ဖက်ပင့်ကြည့်ရင်း မေးခွန်းထုတ်လိုက်လေတော့သည်။
****************
စာရေးသူမှာ ပြောစရာရှိပါတယ် :
ယွီကျီဝန်ထမ်း အေ : ဒါလုံးဝမတရားဘူး အဲတာ သေချာပေါက် ဒိတ်နေတာ အချိန်ပိုကြေးပေးဖို့ မလိုဘူးလေ!
ယွီကျီဝန်ထမ်း ဘီ : ကုမ္ပဏီမှာ ဒီလိုလုပ်ရပ်မျိုးလုပ်တာကို အပြင်းအထန်ကန့်ကွက်ပါတယ် စီအီးအိုယွီ! ကျွန်တော်တို့ကိုလည်း အချိန်ပိုကြေးမပေးရင်ပေါ့..
ယွီကျီဝန်ထမ်း စီ : ဝန်ထမ်းတွေ အချိန်ပိုဆင်းဖို့ စိတ်အားထက်သန်နေတာ ဒါပထမဆုံးမြင်ဖူးတာပဲ လော့ဟောက် ကျေးဇူးပြုပြီးထောက်ခံပေးပါ
ယွီကျီဝန်ထမ်း ဒီ : စီအီးအိုယွီ ကျွန်တော် ကာဗာယူထားတာကို ဖော်လိုက်ပြီ......
***************