အိမ်မက်ဆိုး
Vol. 2 Ch. 12
မုန့်ဖိုက ပြန်လာပြီးနောက် ထန်းမီ ဘာမှလည်းစားချင်စိတ်မရှိတော့ဘဲ အိပ်ရာပေါ်ထဲ၌သာ ထိုးအိပ်လိုက်တော့သည်။
အခုနောက်ပိုင်း သူမဖုန်းသံမြည်လာတိုင်း လန့်နေရသည်။ ထန်းမီ ဖုန်းအားကြည့်လိုက်ချိန်တွင် နောက်ထပ် မသိသောနံပါတ်ပဲ ဖြစ်နေလေ၏။
ခေါ်ဆိုလာသောဖုန်းသည် ယွီယိနှင့် ပတ်သက်လိမ့်မည်ဟု သူမတွေးလိုက်မိတာကြောင့်
အနည်းငယ်တုံ့ဆိုင်းရင်း ဖုန်းကိုင်လိုက်၏။
"ဟယ်လို?"
"ဟယ်လို လော့ဟောက်ပါ"
ထန်းမီ မျက်တောင်များ တဖျတ်ဖျတ် ပုတ်ခတ်လိုက်ပြီးနောက် ကပျာကယာဖြင့် ပြန်ဖြေလိုက်တော့သည်။
"အာ လူကြီးမင်းလော့ ဘာကိစ္စရှိလို့ပါလဲရှင့်?"
"စီအီးအိုယွီက မင်းကိုတွေ့ဖို့ တောင်းဆိုထားတယ် မင်းဘယ်အချိန်အားလဲ?"
ထန်းမီ တစ်ကိုယ်လုံး တောင့်တင်းသွားကာ-"....စီအီးအိုယွီက ကျွန်မကို တွေ့ချင်တယ်? ဘာကြောင့်လဲဟင်?"
စီအီးအိုယွီ မနက်က ဖြစ်ခဲ့တဲ့ကိစ္စကြောင့် သူမအား ဒဏ်ခတ်တော့မည်ဆိုတာ သူမ အလိုလိုသိနေလေ၏။
လော့ဟောက် ရယ်သံဖြင့် တုံ့ပြန်လာခဲ့သည်။
"အဲတာတော့ သေချာမသိဘူး ဒါပေမဲ့ စိတ်မပူပါနဲ့ ဆိုးတဲ့ကိစ္စတော့ မဟုတ်လောက်ပါဘူး"
'ဒါပေမဲ့ ကောင်းတဲ့ကိစ္စလည်း မဖြစ်နိုင်ဘူး......'
"ကျွန်မ အခုအားပါတယ်"
"ကောင်းပါပြီ ကျွန်တော်ထန်းမီ့ကို နောက်မိနစ် ၂၀ လောက်မှာ တိုက်ခန်းကိုလာကြိုမယ်" လော့ဟောက်က စကားစ ခဏရပ်လိုက်ကာ- "ကျွန်တော့်နံပါတ်ကို မှတ်ထားလိုက်ပါ နောက်ကျ ခဏခဏ ဆက်သွယ်ဖြစ်လောက်မှာဆိုတော့"
သူမ၏တုန်လှုပ်နေသော နှလုံးသားလေးအား ဖြေလျှော့လိုက်ပြီး အမြန်ပြင်ဆင်ပြီးနောက် လှေကားအောက်သို့ဆင်းကာ လော့ဟောက်ကို စောင့်နေလိုက်တော့သည်။
၁၀ မိနစ်လောက်ကြာပြီးနောက် အနက်ရောင်ဇိမ်ခံကားတစ်စီး တိုက်ခန်းဆီသို့ ဦးတည်လာပြီး ထန်းမီရှေ့တွင် ရပ်လိုက်၏။ ထို့နောက် ဒါရိုင်ဘာနေရာရှိ မှန်ပြတင်းပေါက်မှတဆင့် လော့ဟောက်၏ မျက်နှာပေါ်လာလေသည်။
လော့ဟောက် ရယ်လျက် သူမအား..."အကြာကြီးစောင့်လိုက်ရလား?"
"မဟုတ်ပါဘူး ကျွန်မလည်း အခုမှပြီးတာပါ"
လော့ဟောက် အပြုံးလေးဖြင့် လက်ဆောင်အား လက်ခံလိုက်လေ၏။
"အကြွင်းအကျန် သေးသေးလေးတောင် မကျန်စေရပါဘူး ကျေးဇူးတင်ပါတယ်"
ထန်းမီ ရွှင်မြူးစွာ ပြန်ပြုံးပြလိုက်ပြီး..."ရပါတယ်"
လော့ဟောက် ဌာပနာမုန့်လေးအား ကားထဲတွင်လုံလုံခြုံခြုံသိမ်းထားလိုက်သည်။ သို့သော် သူ ကားစက်မနှိုးရသေးပဲ ယွီယိဆီသို့ ဖုန်းခေါ်လိုက်တော့၏။
ယွီယိ တစ်ရေးအိပ်နေတာဖြစ်ပြီး အိမ်မက်ရှည်ကြီးတစ်ခုမက်နေခဲ့သည်။
အိမ်မက်ထဲတွင် သူတောနက်ကြီးအလယ်တွင် ရပ်နေခဲ့ပြီး သူ့ရှေ့တွင် ရေစီးသံများ ကြားလိုက်ရချိန် ထိုအသံရှိရာသို့ ဦးတည်၍ လျှောက်သွားမိခဲ့၏။
ထို့နောက် သူ မြစ်ချောင်းငယ်လေးအား တွေ့လိုက်ရကာ ထိုအပေါ်တွင် တံတားကျဉ်းကျဉ်းလေးလည်း ရှိနေလေသည်ပင်။ သူခဏလောက် ရပ်ကြည့်နေတုန်းမှာပဲ ရေများ အမြှုပ်ထလာပြီး လူတစ်ယောက်ပေါ်လာခဲ့တော့၏။
ထိုလူသည် မြစ်စောင့်နတ်လို ဝတ်စားဆင်ယင်ထားသော ယွီရှင်းပင် ဖြစ်သည်။
ယွီယိ၏ မျက်ခုံးများ အနည်းငယ် လှုပ်ခတ်သွားကာ ဘာစကားမှတော့ မပြောခဲ့ချေ။ ယွီရှင်း၏ နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားပြီး ပါးချိုင့်နှစ်ခုသည် အထင်းသားပေါ်လာကာ - "မင်း ဆုံးရှုံးလိုက်ရတာ ရွှေထန်းမီလား ငွေထန်းမီလား?"
ယွီယိ နှုတ်ခမ်းများအား ခပ်တင်းတင်းစိထားမိတော့၏။
'သူ ဘယ်လိုလုပ်ပြီး ဒီလိုအဓိပ္ပာယ်မရှိတဲ့ အိမ်မက်မျိုးမက်နေရတာလဲ?'
ယွီရှင်း မျက်ခုံးများ တွန့်ချိုးမလို့ရှိသေး လော့ဟောက်၏ ဖုန်းခေါ်သံက သူ့အားနိုးလာစေခဲ့သည်။
သူ မျက်လုံးအား ဝိုးတိုးဝါးတားဖြင့် ဖွင့်လိုက်ပြီး ဖုန်းမကိုင်ခင် အိပ်ခန်းမျက်နှာကျက်ကို စိုက်ကြည့်နေမိ၏။
"ကျွန်တော် ထန်းမီကို ခေါ်ခဲ့ပါပြီ အခု အဲဒီကိုလာခဲ့ပါတော့မယ်"
"အင်း ဟုတ်ပြီ"
လော့ဟောက် မျက်လုံးများရွှေ့သွားကာ - "တစ်ခုခုဖြစ်လို့လား? အသံက တစ်မျိုးဖြစ်နေတယ်"
"ဘာမှမဖြစ်ပါဘူး အိမ်မက်ဆိုးမက်ခဲ့လို့"
"အိမ်မက်ဆိုး?" လော့ဟောက် ထိုစကားလုံးအား တုန်လှုပ်ခြောက်ခြားစွာ သံယောင်လိုက်မိလိုက်၏။
'အခု စီအီးအိုယွီက တကယ်အိမ်မက်ဆိုးတွေပါ မက်နေပြီလား?'
ထန်းမီ သူဖုန်းချလိုက်သည်ကို ကြည့်ပြီး စိုးရိမ်တကြီးမေးလေသည်။
"ဘာဖြစ်တာလဲ?"
လော့ဟောက် ကားစက်နှိုးလိုက်ပြီး စိတ်အေးလို့ရသည့် အပြုံးလေးဖြင့် အဖြေပေးလိုက်၏။
"ဘာမှမဖြစ်ပါဘူး စီအီးအိုယွီက သူအိမ်မက်ဆိုးမက်တယ်လို့ ပြောလို့ပါ"
'ဒီ မနက်တုန်းက ငါ့ကို နမ်းလိုက်လို့လား? အဲတာကြောင့် သူအိမ်မက်ဆိုးမက်တာလား?'
.....ဟီးဟီး~!
လော့ဟောက် သူဌေးအိမ်ရာထဲသို့ မောင်းနှင်လာခဲ့တာကြောင့် ခရီးသည်ခုံတွင် ထိုင်နေသည့် ထန်းမီ၏ မျက်လုံးများ အရောင်တောက်သွားရတော့သည်။
ထန်းမီ၏အမူအရာအား လော့ဟောက် သတိထားမိသွားကာ - "ဘာဖြစ်လို့လဲ?"
ထန်းမီ ခေါင်းခါလိုက်ပြီး လော့ဟောက်အား တစ်ချက်စောင်းကြည့်လိုက်၏။
"မော့ထျန်းဝမ်လည်း ဒီစံအိမ်နားတစ်ဝိုက်မှာ နေတယ်ဆိုတာ ကြားဖူးလို့?"
လော့ဟောက် ခေတ္တခဏ ရပ်တန့်သွားပြီးနောက် ရယ်ချလိုက်၏။ "မော့ထျန်းဝမ်ရဲ့ ပရိသတ်လား?"
" သူရဲကောင်းဆန်တဲ့ ဇာတ်ရုပ်ကို သဘောကျလို့ပါ"
ထန်းမီ တခစ်ခစ်ရယ်မောရင်း..."ဒီလိုစံအိမ်မျိုးကို ဝင်တဲ့အခါ လက်ဗွေနှိပ်ဖို့ လိုသေးလား?"
"....မလိုပါဘူး ပုံမှန်အတိုင်း သော့ကတ်နဲ့ လျှို့ဝှက်စကားလုံးလောက်ပါပဲ"
"အော်"
လော့ဟောက်တွင် ယွီယိ၏ သော့ကတ်နှင့် လျှို့ဝှက်စကားလုံးရှိတာကြောင့် ထန်းမီအတွက် တံခါးဖွင့်ပေးလိုက်ပြီး အထဲကိုခေါ်၏။ ဒါပေမဲ့ လော်ဘီတွင် ဘယ်သူ့မှမရှိပေ။
"စီအီးအိုယွီက စာကြည့်ခန်းထဲမှာ ဖြစ်လောက်မယ် အဲဒီကိုလိုက်ပို့ပေးပါ့မယ်"
ထန်းမီ တစ်လှမ်းချင်း လော့ဟောက်နောက်ကနေ လိုက်ကာ ဒုတိယထပ်သို့ တက်လာခဲ့၏။ သူမ၏နှလုံးခုန်နှုန်းသည် ခါတိုင်းထက် ပိုမြန်နေသလိုပင်။ လော့ဟောက်က အနောက်သို့ တစ်ချက်လှည့်ကြည့်ပြီးနောက် ရယ်လျက် - "လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ မင်းက ဒီစံအိမ်ထဲ ရောက်ဖူးတဲ့ ပထမဆုံးမိန်းကလေးပဲ"
ထန်းမီ အနည်းငယ် အံ့ဩသွားရကာ သူမ၏ နားရွက်များ ပူထူလာသည်ကို ခံစားမိလိုက်သည်။
လော့ဟောက် သူမကို သစ်သားနှင့် ပြုလုပ်ထားသော အခန်းတစ်ခန်းဆီ ခေါ်လာခဲ့ကာ တံခါးအား သာသာလေး ခေါက်လိုက်လေ၏။
"ဝင်ခဲ့.."
ယွီယိ၏ အေးစက်နေသောအသံသည် တံခါးအားဖြတ်ကျော်ကာ ထွက်ပေါ်လာခဲ့သည်။ လော့ဟောက် တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် အသိပေးလိုက်သည်။
"စီအီးအိုယွီ ထန်းမီရောက်ပါပြီ"
ထန်းမီ ခေါင်းမော့ကာ သူရဲကောင်းသဖွယ် သတ္တိရှိရှိအခန်းထဲသို့ ဝင်သွားလိုက်တော့၏။
ယွီယိ၏ စာကြည့်ခန်းသည် ကျယ်ဝန်းပြီး စာအုပ်များဖြင့် အပြည့်စီတန်းထားတာကြောင့် ထန်းမီ စာကြည့်တိုက်ထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။ ယွီယိသည် စာကြည့်စားပွဲနောက်တွင်ထိုင်နေပြီး သူမအားစိုက်ကြည့်နေလေသည်ပင်။
ထန်းမီ၏ တုန်လှုပ်နေသော နှလုံးသားလေးသည် ထိုအကြည့်များအောက်၌ နစ်မြုပ်သွားသလို ခံစားလိုက်ရကာ ဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။
သူမ တစ်နေရာတွင် မတ်တပ်ရပ်လိုက်ပြီး ယွီယိအား နှုတ်ဆက်လိုက်ချိန်တွင် သူက ညင်သာစွာ ခေါင်းညိမ့်ပြလိုက်ပြီး ရှေ့ကခုံမှာထိုင်ဖို့ ကိုယ်ဟန်ပြလိုက်၏။
ယွီယိ ခဏလောက် တိတ်ဆိတ်နေပြီးနောက် စတင်စကားဆိုလာခဲ့၏။
"ငါ အသက် ၁၂နှစ်မှာ သူပထမဆုံးပေါ်လာတာ။ လွန်ခဲ့တဲ့နှစ်တွေက စိတ်ရောဂါအထူးကု ဆရာဝန်ရဲ့အကူအညီနဲ့ ဒီအခြေအနေအထိ တည်ငြိမ်အောင်ထိန်းထားနိုင်ခဲ့ပေမဲ့ ဘာကြောင့်မှန်းမသိ သူ အခုတလော ပြန်သောင်းကျန်းလာတယ်။ သူ လုပ်ခဲ့တဲ့ ပြဿနာတွေအတွက် မင်းကို တောင်းပန်ပါတယ်"
သူခဏလောက် ရပ်လိုက်ပြီးမှဆက်၍..."သူ မင်းကို စော်ကားသလို အပြုအမူမျိုးလုပ်ခဲ့မှာပဲ။ အဲတာနဲ့ ပတ်သတ်ပြီး အရမ်းစိတ်မရူပ်နေဖို့ မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ မင်းကို နောက်ထပ်လာရှာရင် ဒီအတိုင်း လျစ်လျူရှုလိုက်ပါ"
ထန်းမီ ထိုအချက်အလက်များအားလုံး ခေါင်းထဲဝင်ဖို့ အတော်အချိန်ပေးလိုက်ရ၏။ ထို့နောက် သူမက နူးညံ့သိမ်မွေ့နေသော လေသံဖြင့်..."ဒီတော့ ရှင်က ယွီရှင်းအကြောင်းကိုသိပေမဲ့ သူ့မှတ်ဉာဏ်တွေတော့ မရှိဘူးပေါ့?"
"အင်း"
ထန်းမီ အနည်း တွေဝေနေပြီးနောက် ပြုံးလိုက်၍..." သူ ကျွန်မကို ဘာပြဿနာမှမပေးခဲ့ပါဘူး။ တကယ်တော့ ကျွန်မ သူ့ကို တော်တော်လေး ချစ်စရာကောင်းတယ်လို့တောင် မြင်နေတာ"
ယွီယိ တိတ်ဆိတ်သွားတော့သည်။
" မင်း ဒါကို လျှို့ဝှက်ထားပေးနိုင်မလား?"
ထန်းမီ သူ့အား စိတ်အေးအောင် ကတိပေးလိုက်လေ၏။
"စိတ်မပူပါနဲ့ ကျွန်မ ဘယ်သူ့ကိုမှ မပြောပါဘူး"
သူမသာ ပြောချင်တယ်ဆိုရင် အစောကြီးကတည်းက သူ့အကြောင်းအား ဖော်ထုတ်ပြီးပြီဖြစ်သည်။
'စီအီးအိုယွီ ဒါကိုတောင်းဆိုတာ နောက်တောင်ကျနေတာ မဟုတ်လား?'
သူတို့ဆွေးနွေးပြီးနောက် အခန်းကြီးသည် ပြန်လည်တိတ်ဆိတ်သွားတော့၏။ ယွီယိ သူ့ရှေ့ကလူအား စိုက်ကြည့်လိုက်ပြီး နှုတ်ဆက်စကားဆိုလာတော့သည်။
"မင်းကို အိမ်ပြန်ပို့ပေးဖို့အတွက် လော့ဟောက်ကို လွှတ်လိုက်မယ်"
ထန်းမီ ထိုင်ခုံမှထလိုက်ပြီး တံခါးဆီသို့ ခြေလှမ်း အနည်းငယ် လျှောက်ပြီးနောက် နောက်ပြန်လှည့်ကာ ယွီယိနှင့် မျက်နှာချင်းဆိုင်လိုက်၏။
"ဟိုလေ အဲတာက ကျွန်မရဲ့ ပထမဆုံးအနမ်းဆိုပေမဲ့ ရှင့်ကို စိတ်အနှောင့်အယှက် မဖြစ်စေဖို့ မျှော်လင့်ပါတယ်"
"စီအီးအိုယွီက ဘာတွေပြောလိုက်လို့ ပျော်နေတာလဲ?"
ထန်းမီ မေးခွန်းအား လျစ်လျူရှုလိုက်ပြီး..."ရှင့်စီအီးအိုယွီတော့ ဒီညအိမ်မက်ဆိုး ထပ်မက်လိမ့်မယ်"
'ဒီတော့....မင်း စီအီးအိုယွီကို ဘာလုပ်ခဲ့တာလဲ?'
ထန်းမီ ပြန်သွားပြီးနောက် ယွီယိ စာကြည့်ခန်းထဲမှာပဲ စာဖတ်ရင်း ကျန်နေခဲ့သည်။ လော့ဟောက် ပြန်ရောက်လာချိန်တွင် သူရေခဲသေတ္တာထဲမှာ ထည့်ထားသည့် ထန်းမီပေးခဲ့သော သစ်သီးဌာပနာအား ထုတ်ကာ ယွီယိဆီသွားခဲ့၏။
"မင်း ဘာလိုလို့လဲ?"
ယွီယိ ထိုင်းမှိုင်းစွာ မေးခွန်းထုတ်လိုက်လျှင်...။
လော့ဟောက်က စားပွဲပေါ်တွင် မုန့်အား တင်လိုက်ကာ -
"ထန်းမီ ကျွန်တော့်ကို ပေးသွားတာ။ ဒါပေမဲ့ စီအီးအိုက အချိုစားရင် ကျွန်တော့်အိုင်ကျူ နိမ့်သွားတယ်လို့ ပြောဖူးလို့ ဒါစီအီးအိုပဲ စားလိုက်တာ အသင့်တော်ဆုံးပဲ"
ယွီယိ စားပွဲအားငုံ့ကြည့်ကာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေလေသည်။ လော့ဟောက်၏ နှုတ်ခမ်းများ ကွေးတက်သွားပြီး ထပ်ပြောလိုက်၏။
လော့ဟောက် တခစ်ခစ်ရယ်မောရင်း အခန်းထဲမှ ထွက်သွားတော့သည်။ ယွီယိ အတော်အတန်ကြာ ထိုင်နေကြည့်နေပြီးနောက် ဌာပနာမုန့်အား တစ်ကိုက်စားကြည့်လိုက်၏။
ဌာပနာ၏ အပေါ်သားရွရွလေးရယ် ၊ အခွံမာသီးတွေ၏ပျော့အိမှုနှင့် သစ်သီးများ၏ ချိုမြိန်မှုသည် အရသာစုံ သံစဥ်တေးသွားလေးနှင့်တူပြီး စားရသူအား မွေ့လျော်စေသည်။
သူ သတိမမူမိဘဲ သူ့နှုတ်ခမ်းများကို ထိလိုက်ကာ နူးညံ့မှုအား ခံစားမိလိုက်သည်။
'......ပထမဆုံး အနမ်း?'
ဒေါက်တာကျန်း သူ့အား ပြောဖူးတာရှိသည်။ လူတစ်ယောက်က ပျော်ရွှင်ပြီး ပီတိဖြစ်ရင် သကြားလိုမျိုး ချိုမြိန်မှုအရသာကို ခံစားရမယ်တဲ့။
ထန်းမီ ပင်ပန်းတဲ့နေ့အား ကျော်ဖြတ်ပြီးနောက်
နောက်ရက်ကျ အလုပ်ပြန်ဆင်းရပြန်သည်။
ဘာကြောင့်မှန်းမသိ သူမစားသောက်ဆိုင်ထဲ ခြေချမိသည်နှင့် လေထုသည် လေးလံနေသလိုခံစားလိုက်ရ၏။
ဘာလို့လူတိုင်းက သူမကိုထူးဆန်းစွာ ကြည့်နေကြတာလဲ? အထူးသဖြင့် ကြီးကြပ်သူယွီ ၊ သူမပုံစံက အကြွေးသန်း၅၀၀ တင်နေသလိုပင်။
ထန်းမီ လူတိုင်း၏အကြည့်စူးစူးများအား သတိမထားမိသလိုဟန်ဆောင်ပြီး အဝတ်လဲခန်းသို့ တိတ်တိတ်လေးသွားကာ ယူနီဖောင်းအား လဲဝတ်လိုက်တော့သည်။ သို့သော် ကြီးကြပ်သူယွီ အခန်းထဲသို့လိုက်လာပြီး ထန်းမီ လော့ကာအား ဖွင့်မလို့ရှိသေး အပေါ်ကနေ 'ဒုံး'ဆိုပြီး ကျယ်လောင်တဲ့ အသံထွက်လာသည်။
သူမ၏ပထမဆုံး ခါဘဲဒွန်ကို ကြီးကြပ်သူယွီ ယူသွားလိမ့်မည်ဟု မထင်ခဲ့ပေ။
သူမ ဘေးသို့နှစ်လှမ်းလောက် ကပ်လိုက်ပြီး နေရ
ခက်စွာ ရယ်လိုက်ပြီးနောက်-" ကြီးကြပ်သူယွီ ဘာဖြစ်လို့လဲ?"
ကြီးကြပ်သူယွီတစ်ယောက် ရန်လိုသည့်ပုံဖြင့် တုံ့ပြန်လာ၏။
"စီအီးအိုယွီနဲ့အတူ ထွက်သွားတဲ့ညက ဘာတွေဖြစ်ခဲ့တာလဲ?"
"ဘာမှထွေထွေထူးထူး မဖြစ်....."
"မလိမ်နဲ့! ဘာမှမဖြစ်ခဲ့ရင် ဘာလို့နင်ကို အမြဲတမ်းနေရာကို ရွှေ့ပေးမှာလဲ!"
'ဒါကြောင့်ကိုး...'
ထန်းမီ စိတ်သက်သာရာရသွားပြီး တိတ်တိတ်လေး သက်ပြင်းချလိုက်မိတော့သည်။
"အာ ကျွန်မစီအီးအိုယွီဆီက ကြားတာတော့ စားသောက်ဆိုင်မန်နေဂျာက ကျွန်မ အလုပ်မှာထူးချွန်တယ်လို့ ချီးကျူးလိုက်လို့ ကျွန်မကို အမြဲတမ်းရာထူး ပြောင်းပေးလိုက်တယ်တဲ့"
ကြီးကြပ်သူယွီ သူမ၏ဖြီးနေတဲ့ အပြုံးအား လုံးဝမယုံပေ။ "တစ်လအတွင်းမှာလေ? အရမ်းထူးချွန်လွန်းနေတာ မဟုတ်ဘူးလား?"
ထန်းမီ အကဲပိုစွာ သက်ပြင်းချလိုက်ပြီး..."ကျွန်မဘဝရဲ့ အကြီးမားဆုံး အောင်မြင်မှုက အရမ်း ထူးချွန်လွန်းနေတာပဲ"
ကြီးကြပ်သူယွီ : "....."
ကြီးကြပ်သူအား အဝေးသို့ဖယ်ထုတ်လိုက်ပြီးနောက် ထန်းမီ အမြန်ပင် ယူနီဖောင်းလဲလိုက်ရတော့သည်။ ခဏကြာ သူမအား ထပ်ခေါ်လာပြန်၏။
ထန်းမီ ခေါင်းကိုက်လာလေပြီ။
ကြီးကြပ်သူယွီ နှုတ်ခမ်းများအား ဖိပြီးပြန်ဖြေ၏။
ကြီးကြပ်သူယွီ သက်ပြင်းချကာ တွေးလိုက်မိတော့သည်။
'ဘာလို့ ရုပ်ချောချော ဧည့်သည်တွေအားလုံးက သူ့ကိုပဲ စကားပြောချင်နေကြတာလဲ?'
သန့်ရှင်းနေတဲ့အဖြူရောင် ကော်လံရှပ်အင်္ကျီအား ဝတ်ဆင်ထားသည့် လင်ချဲ့တစ်ယောက် စားပွဲနံပါတ်၁၃တွင် ထိုင်ကာ သူမအား ပြုံးကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။
__________________________________________