← Chapters

Chapter 14

Vol. 2 Ch. 14

Chapter 14

Vol. 2 Ch. 14

ယွီရှင်း ဟဲ့စစ်ချီ၏ လက်အား လေထဲမှာတင် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်၏။

သူ၏ သူရဲကောင်းဆန်ဆန် ဝင်ရောက်လာမှုကြောင့် စားသောက်ဆိုင်တစ်ခုလုံး ငြိမ်ကျသွားပြီး လူတိုင်း သူ့အား အံ့ဩ‌မှုဖြင့်သာမက လေးစားမှုဖြင့်လည်း ကြည့်နေကြတော့သည်။

ထိုထဲတွင် မျက်ရည်ဝဲနေသူကတော့ ထန်းမီပင်။

'ဘုရားရေ အဲတာ ယွီရှင်းပဲ! သူ ဘာလို့ စားသောက်ဆိုင်ကို ရောက်နေတာလဲ?! လူတွေ သိသွားရင်သွားပြီ!'

ဟဲ့စစ်ချီ သူမ အရှေ့က လူအား ကောင်းကောင်း မှတ်မိသည်--- မီဒီယာတွေအများကြီးက ရှာ‌နေသူ၊ အစားကောင်းကြိုက်သူတို့ရဲ့ ဘုရင်၊ ယွီကျီကို စီမံအုပ်ချုပ်နေတဲ့ စီအီးအိုယွီ။

'ဒါပေမဲ့ ကောလဟာလတွေထဲကပုံစံနဲ့ နည်းနည်းများ ကွဲပြားနေသလားလို့?'

သူမ လက်ကောက်ဝတ်မှ နာကျင်မှုကြောင့် လက်အား ပြန်သိမ်းချင်နေလေပြီ။ ထို့ကြောင့် အနည်းငယ် မျက်မှောင် ကြုတ်လိုက်ပြီးနောက်-"လူကြီးမင်းယွီ ရှင် ကျွန်မကို နာအောင် လုပ်နေတယ်"

ယွီရှင်း ပြုံးပြီး သူမလက်အား လွှတ်ပေးလိုက်လေ၏။

ဟဲ့စစ်ချီ နှုတ်ခမ်းအား ဖိကိုက်လိုက်မိတော့သည်။ သူမ အ‌ခြေအနေကို အသာစီးရနိုင်မည့် ချေပမှုမျိုး ရှာမတွေ့ချေ။ ထို့အပြင် ဂုဏ်သိက္ခာကြီးမားလှပါတယ် ဆိုသည့် ယွီကျီစီအီးအိုက ရုတ်တရက်ကြီး ဒီမှာပေါ်လာတာကိုလည်း သူမလုံးဝ နားမလည်နိုင်ပေ။

"မင်းကို မှတ်မိပြီ။ မင်းက လင်ချဲ့နဲ့အတူတူ ကိတ်မုန့်ဆိုင် ဖွင့်ထားတဲ့သူပဲ။ ငါ့စားသောက်ဆိုင်က သူ့ကို မကြိုဆိုဘူး ပြီးတော့ ထပ်မလာနဲ့လို့ပါ ပြောပေးပါလား?"

ဟဲ့စစ်ချီ စက္ကန့်အနည်းငယ်ကြာ စိတ်ရှုပ်ထွေးသွားရတော့သည်။ စားသောက်ဆိုင်ထဲရှိ ဧည့်သည်များသည်လည်း ထိုနည်းလည်းကောင်းပင်။ ယွီရှင်း ဟဲ့စစ်ချီအား စူးရှစွာ စိုက်ကြည့်နေပြီး သူ့လေသံထဲတွင် သတိပေးသံများပါနေ၏။

"မင်းရောပဲ နောက်တစ်ခေါက် ပြဿနာလာရှာရင် ငါယဉ်ကျေးနေမှာ မဟုတ်ဘူး"

ယွီရှင်း ရပ်တန့်သွားတော့သည်။ ခဏတာ တိတ်ဆိတ်သွားသည့် အခိုက်အတန့်သည် ထန်းမီအား အခွင့်ရေးတစ်ခု ပေးလိုက်သလိုပင်။

"အသစ်ထုတ်မယ့်ကိတ်အတွက် ဒီကိုရောက်နေတာလား? အာ..ကျွန်မ အသေးစိတ်ကို စဉ်းစားနေတုန်းပဲ ရှိသေးတယ် အပြင်ထွက်ပြီး ဆွေးနွေးရအောင်!"

သူမ ပြောပြီးသည်နှင့် ယွီရှင်းအား စားသောက်ဆိုင်အပြင်ဘက်သို့ အတင်းဆွဲခေါ်သွားပြီး ဟဲ့စစ်ချီကိုတော့ လုံးဝ လျစ်လျူရှုလိုက်တော့သည်။

ယွီရှင်း ကားကို လမ်းပေါ်မှာပဲ ပါကင်ထိုးထားတာကြောင့် ထန်းမီ သူ့အား ကားထဲ ထိုးထည့်လိုက်ပြီးနောက် - "မောင်းတော့!"

ယွီရှင်း သူမအား မျက်ခုံးပင့်ကြည့်လိုက်သော်လည်း သူမ၏ အမိန့်ကိုနာခံကာ ကားအင်ဂျင် ချက်ချင်း နှိုးလိုက်တော့သည်။

ခဏအကြာလောက် မောင်းပြီးနောက် အနားမှာရှိသည့် ပန်းခြံငယ်လေးတွင် ထိုးရပ်လိုက်လေ၏။ ထိုမှသာ ထန်းမီ နောက်ခုံအား မှီလိုက်ရင်း အသက်ဝဝရှူလိုက်ရတော့သည်။

ယွီရှင်း လက်တစ်ဖက်ဖြင့် စတီယာတိုင်အား ကိုင်ထားရင်း ထန်းမီနှင့် မျက်နှာချင်းဆိုင်ရန် ကိုယ်ကိုလှည့်လိုက်လေသည်။

"အဲမိန်းမက ဘာဖြစ်တာလဲ?"

ထန်းမီ : "အိုး သူဒေါသထွက်နေတာဖြစ်မယ်။ သူ့ကို စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့ ရှင်က ဘယ်လိုလုပ်မလဲ? ဘာလို့ ရုတ်တရက်ကြီး စားသောက်ဆိုင်ကိုလာတာလဲ?"

ယွီရှင်း ခြောက်ကပ်ကပ်ဖြင့် ရယ်လိုက်ကာ - "ကိုယ်က ဘာလို့စားသောက်ဆိုင်ကို မလာနိုင်ရမှာလဲ? ကိုယ်အဲလောက် ကြည့်ရဆိုးနေလို့လား?"

"တစ်ခြားသူတွေ ရှင့်အကြောင်းသိသွားမှာကို စိုးရိမ်လို့ပါ။ အထူးသဖြင့် မီဒီယာတွေ ၊ သူတို့ ရှင့်ကို အရူးဆိုပြီး လျှောက်ရေးကြလိမ့်မယ်! အဲလိုဖြစ်ပြီး စားသောက်ဆိုင်ကို ဖိအား‌ပေးခံရပြီး ပိတ်လိုက်ရရင် ကျွန်မ တံတားအောက်မှာ အိပ်ရလိမ့်မယ်!"

ယွီရှင်း၏ မျက်ခုံးများ တွန့်ချိုးသွားကာ - " .....ကုမ္ပဏီက အဲလောက်လွယ်လွယ်လေး ကျရှုံးမှာမဟုတ်ဘူး"

"သူတို့ကို ပေါ့ပေါ့လေး မတွေးနဲ့။ အဲဒီ သတင်းရေးတဲ့သူတွေက အာရုံစူးစိုက်မှုရဖို့အတွက်ဆို အကုန်လုပ်ကြမှာ"

ယွီရှင်း တိတ်ဆိတ်သွားတော့သည်။

"ဟုတ်ပါပြီ"

ထို့နောက် သူ ထန်းမီအနားသို့ တိုးကပ်သွားပြီး တခစ်ခစ်ရယ်ရင်း..."စိတ်မပူပါနဲ့ အချစ်လေးရဲ့။ ကိုယ်မင်းကို တံတားအောက် အိပ်ရအောင်တော့ မလုပ်ပါဘူး"

ထန်းမီ သူ၏ အသက်ငွေ့နွေးနွေးလေးအား သူမ ပါးပြင်ပေါ်တွင် ခံစားလိုက်ရတာကြောင့် အနောက်သို့ နည်းနည်းဆုတ်မိလိုက်၏။

ယွီရှင်း သဘောတကျ ရယ်မောကာ သူ့ကိုယ်အား ပြန်တည့်မတ်လိုက်တော့သည်။

"မနေ့က လင်ချဲ့ မင်းဆီက ဘာလိုချင်တာတဲ့လဲ? သူ့ဆိုင်မှာ အလုပ်လုပ်စေချင်တာလား?"

ထန်းမီ မေးခွန်းကြောင့် ကြောင်အ,သွားရ၏။

"အဲဒါလေး မေးဖို့အတွက် ဒီအထိလာတာလား?"

"ပြီးတော့ တစ်ခုသတိပေးမလို့ တစ်ခြားကုမ္ပဏီတွေကို အလုပ်ပြောင်းဖို့ မစဥ်းစားနဲ့နော်"

ထန်းမီ ခေတ္တခဏ ရပ်တန့်သွားကာ - "စိတ်မပူပါနဲ့။ ကျွန်မ အလုပ်ထွက်မယ်ဆိုရင်တောင် လင်ချဲ့ဆီ မသွားဘူး မဟုတ်ဘူး မဟုတ်ဘူး ကျွန်မဆိုလိုတာက ကျွန်မဘယ်တော့မှ အလုပ်ထွက်ဖို့ စဥ်းစားမှာမဟုတ်ဘူး"

ယွီရှင်း၏ စူးရဲနေသော အကြည့်စူးစူးအောက်တွင် ထန်းမီ စကားအား အမြန် ပြင်ပြောလိုက်ရသည်။

ယွီရှင်းကို ကြည့်ရတာ သူမ၏ စကားကြောင့် ကျေနပ်သွားပုံပင်။ ထန်းမီ သူ၏တုံ့ပြန်မှုကို သတိထားမိပြီး ပြုံးကာ - "အခြေအနေငြိမ် သွားပြီဆိုတော့ ရှင်အရင်ပြန်မလား?"

ယွီရှင်းတစ်ယောက် အနှီစကားကြောင့် ထပ်ပြီး စိတ်ကောက်သွားတော့၏။ ထို့နောက် သူမအား စိုက်ကြည့်ကာ ရုတ်တရက် လူယုတ်မာပြုံး ပြုံးလိုက်လေသည်။

"ကိုယ့်ကိုနမ်းရင် ပြန်မယ်"

ထန်းမီ : "..."

"မနမ်းရင် စားသောက်ဆိုင်ကို ပြန်သွားမယ်!"

ထန်းမီ ငြိမ်သက်နေ၏။

ထန်းမီ့ စိတ်ထဲ ဗြောင်းဆန်နေချိန်မှာပဲ ယွီရှင်း၏ ဖုန်းသံ မြည်လာခဲ့သည်။ သူဖုန်းစရင်အား ကြည့်လိုက်တော့ လော့ဟောက် ဖြစ်နေလေသည်ပင်။ ယွီရှင်း ဖုန်းမကိုင်ခင် အနည်းငယ် စဥ်းစားနေပြီးနောက် - "ဘာကိစ္စရှိလို့လဲ?"

"ယွီရှင်း အပြင် ရောက်နေတာလား? ဒီနေ့ကျွန်တော်တို့ ဒေါက်တာကျန်းနဲ့‌တွေ့ဖို့ ချိန်းထားတယ်လေ။ အခု ကျွန်တော်တို့ ရောက်နေပြီ"

ထိုမှသာ တစ်ခုခုကို မှတ်မိသွားဟန် ယွီရှင်း၏ မျက်လုံးများ တောက်ပသွားတော့သည်။ သူနှုတ်ခမ်းများ ကွေးတက်နေအောင် ပြုံးလိုက်ပြီး..."သိပြီ ငါ အခု လာခဲ့မယ်"

ထိုစကားအား ကြားကာ ထန်းမီ ကြိတ်ရယ်လိုက်မိလိုက်လေ၏။ အခုမှသာ သူမ၏ စိတ်ပြန်လည် ပေါ့ပါးသွားသည်ပင်။

ယွီရှင်း ဖုန်းချလိုက်ပြီး ထန်းမီအား နောင်တရစွာ ကြည့်လိုက်လေသည်။

"ဒီနေ့တော့ လွှတ်ပေးလိုက်မယ် ဒါပေမဲ့ နောက်တစ်‌ခေါက် ပြန်တွေ့ရင် လိုချင်တာကို ရအောင် သိမ်းမယ်"

ထန်းမီ နှုတ်ခမ်းများ တွန့်သွားကာ မခန့်လေးစားအပြုံးလေးဖြင့် နှုတ်ဆက်လိုက်၏။

"အိမ်ကို ကောင်းကောင်းပြန်ပါ လူကြီးမင်းယွီ~"

ယွီရှင်း ကားမှန်ချပြီး သူမအား ကြည့်ကာ - "ခုနက မိန်းမကို ဘယ်လိုလုပ်...."

"စိတ်မပူပါနဲ့ ကျွန်မ သူ့ကို ကာကွယ်ဆေး ထိုးပေးလိုက်မယ်"

[ T/N : ကာကွယ်ဆေးဆိုတာ ခွေးရူးပြန်ရောဂါအတွက် သုံးတဲ့ကာကွယ်ဆေးကို ဆိုလိုတာ ဖြစ်နိုင်ပါတယ်။ ]

ယွီရှင်း : "...."

သူ ထပ်ပြုံးပြီး သူမထံ အနမ်းလေး မှုတ်ပြလေတော့သည်။

"အချစ်လေးပြောတဲ့ ကိတ်အသစ်ကို ကိုယ်တို့ရဲ့ ပင်မအဆောက်အဦးဆီ ပို့လိုက် ကိုယ့်အတွင်းရေးမှူးကို အသိပေးထားလိုက်မယ်"

'......နေပါဦး အဲတာ ဆင်ခြေပေးရုံအတွက် ပဲလေ?'

"................;;;;;;.............;;;;;;................."

သူမ စားသောက်ဆိုင်သို့ ပြန်ရောက်ချိန်တွင် ဟဲ့စစ်ချီကတော့ ပြန်သွားလေပြီ။ သို့သော် အဲထက်ကြီးမားတဲ့ ပြဿနာသည် သူမအား စောင့်ကြိုနေလေ၏။

ကြီးကြပ်သူယွီ သူမအား ဆွဲခေါ်သွားကာ - "ပြောစမ်း ဘာလို့ငါတို့ရဲ့စီအီးအိုက နင့်ကို အချစ်လေးလို့ ခေါ်တာလဲ?"

ထန်းမီ သနားကမားရုပ်လေးဖြင့် မျက်တောင်များ ပုတ်ခတ်ပြလိုက်သည်။

"ဘာကိုဆိုလိုတာလဲ? သူက လူတိုင်းကို အချစ်လေးလို့ ခေါ်တယ်လေ ရှင့်ကိုရောပဲ"

ကြီးကြပ်သူယွီ ထိုအရာအား စဥ်းစားနေဟန် မျက်နှာပြေလျှော့သွားလေ၏။ ထို့နောက် - "ဟမ် အဲလိုလား? ဒါပေမဲ့ စီအီးအိုက အဲလို အပေါစားလူ မဟုတ်ပါဘူး"

"အဲမိန်းမ ဖြစ်ပျက်နေတာကို မြင်လိုက်တယ်မလား? သူအဲမိန်းမကြားအောင် တမင်ပြောခဲ့တာနေမှာ"

"ငါတို့စီအီးအိုက ဒီနေ့သွက်လက်နေတယ်လို့ မထင်ဘူးလား? သူပြုံးတာကို မြင်လိုက်သလိုပဲ"

"ဟုတ်လား? ကျွန်မတော့မတွေ့ခဲ့ပါဘူး ရှင်အရမ်းစိတ်လှုပ်ရှားပြီး သွေးလေချောက်ခြားနေတာဖြစ်မှာပါ"

ကြီးကြပ်သူယွီ၏အပြုံးများ ပျောက်ကွယ်သွားတာကြောင့် ထန်းမီ မြန်မြန် စကားလမ်းကြောင်းလွှဲလိုက်ရတော့သည်။

"အဲမိန်းမ ဘယ်မှာလဲ?"

"အော် စားသောက်ဆိုင်မန်နေဂျာက နှင်ထုတ်လိုက်တယ်"

ထန်းမီ အံ့ဩသွားကာ-"စားသောက်ဆိုင်မန်နေဂျာ သိသွားပြီလား?"

ကြီးကြပ်သူယွီ သူမအား မျက်စောင်းထိုးလိုက်တော့၏။

"စီအီးအိုတောင်သိရင် စားသောက်ဆိုင်မန်နေဂျာတော့ ပြောမနေ‌နဲ့တော့"

ကြီးကြပ်သူယွီ တတွတ်တွတ်ပြောပြီးနောက် ထွက်သွားချိန်တွင် စားဖိုမှူးခေါင်းဆောင်သည် အနားကိုကပ်လာပြီး..."ဒီနေ့လော်ဘီက ဒရမ်မာတွေနဲ့ ပြည့်နေတယ်လို့ ကြားသလားလို့?"

"ဟီးဟီး အားလုံးကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"

"သူတို့ပြောတာ စီအီးအိုယွီက ကိတ်အသစ်အကြောင်း ပြောဖို့လာတာဆို? "

စားဖိုမှူးခေါင်းဆောင် တည်ငြိမ်တဲ့လူကြီးတစ်ယောက်လိုမျိုး သူမ၏ပခုံးအား ပုတ်၍..."ကိတ်အသစ်တွေအားလုံးကို အရသာစစ်ဆေးဖို့ စီအီးအိုဆီပို့ရမယ်ဆိုတာ သိပါတယ် ဒါပေမဲ့ စားသောက်ဆိုင်မန်နေဂျာကိုလည်း မမေ့သင့်ဘူး"

"........"

"ဒါပေမဲ့ မင်းကံကောင်းသွားတယ် စားသောက်ဆိုင်မန်နေဂျာက သဘောထားကြီးလို့ အခုကုမ္ပဏီက ဖုန်းဆက်လာတယ် မနက်ဖြန် စီအီးအိုယွီကို တွေ့ဖို့အတွက် ချိန်းဆိုချက် ဘိုကင်တင်ထားတယ် ကိတ်မုန့်ကို သူ့ဆီသာ တိုက်ရိုက်ယူသွားလိုက်တော့"

'ယွီရှင်း ရှင်......ခွေးကောင်!'

All Chapters