← Chapters

Chapter 15

Vol. 2 Ch. 15

Chapter 15

Vol. 2 Ch. 15

ထန်းမီ ကိတ်အသစ်အတွက် ပြဿနာတက်နေစဉ်မှာပဲ သူမနှင့် စီအီးအိုယွီ၏ သိက္ခာကျဖွယ် ကောလဟာလများ တစ်ဖြည်းဖြည်း စားသောက်ဆိုင်ထဲတွင် ပျံ့နှံ့လာခဲ့သည်။

နေ့လည်စာ စားချိန်တွင်လည်း လော်ဘီရှိ ဝန်ထမ်းများသည် သူမနှင့်အတူ မထိုင်ကြ‌တော့ပေ။ အားလုံး သူမအား အထင်သေးပြီး မနာလိုတဲ့အကြည့်များဖြင့် စိုက်ကြည့်ကြ၏။

ထန်းမီ သူမ၏ထမင်းပန်းကန်အား ကောက်ယူလိုက်ပြီး ကြီးကြပ်သူယွီဆီ မျက်နှာပြောင်တိုက်၍သွားကာ ပြုံးပြလိုက်လေသည်။

ကြီးကြပ်သူယွီ သက်ပြင်းချပြီး သူမအား စိတ်ပျက်လက်ပျက်ဖြင့် ကြည့်ကာ- "နင်ငါတို့ကို နင်နဲ့စီအီးအိုယွီကြားက ဆက်ဆံရေးကို လာရှင်းပြသင့်တယ် မဟုတ်ရင် နင်ပဲခံရမှာ"

သူမ နှုတ်ခမ်းအား ဖိကိုက်လိုက်ပြီး ကြီးကြပ်သူယွီကို ထပ်မံပြုံးပြလေ၏။

"သူ ပြောလိုက်တဲ့ စကားတစ်လုံးကြောင့် သူနဲ့ကျွန်မကြားက ဆက်ဆံရေးကို ထင်သလို မယူဆသင့်ဘူး"

ကြီးကြပ်သူယွီ ပြန်လည်ချေပလာသည်။

ကြီးကြပ်သူယွီ ဆက်၍..."ပြီးတော့ ငါတို့အကုန်လုံး စီအီးအိုယွီ ပြုံးတာကို မြင်လိုက်တယ် နင်ငါတို့ကို အရူး လုပ်လို့ရမယ် ထင်နေတာလား?! ငါ့ကို ပြောစမ်း နင့်မှာသူ့အပေါ် ဘယ်လိုမကောင်း‌တဲ့ ရည်ရွယ်ချက်တွေ ရှိနေတာလဲ!"

ထန်းမီ အနည်းငယ် ကူရာကယ်ရာမဲ့နေသလို ခံစားလိုက်မိတော့၏။

ကြီးကြပ်သူယွီ၏လက်ညှိုးသည် သူမအား ပစ်မှတ်ထားနေဆဲပင်။ သို့သော် သူမ၏မျက်နှာထား အနည်းငယ် ပြေလျော့လာ၏။

"ငါတို့လည်း နင်တို့နှစ်ယောက်ကို မခွဲချင်ပါဘူး ငါတို့က နင့်အတွက် စိတ်ပူရုံပါ! စဉ်းစားကြည့် စီအီးအိုယွီရဲ့ ဂုဏ်ပကာသနတွေနဲ့ဆို သူ့မိသားစုက သူ့အတွက် မိန်းမတစ်ယောက် ရွေးထားပြီးလောက်ပြီ သူက အခု နင့်ကိုကစားနေတာပဲရှိတာ နောက်ဆုံးမှာ နာကျင်ရမယ့်သူက နင်ပဲ ဆိုတာမသိဘူးလား?"

ထန်းမီ ခဏလောက် ရပ်တန့်သွားတော့သည်။

'အင်း..သူပြောတာလဲ ဟုတ်တာပဲ'

စီအီးအိုယွီ၏ မိသားစုလိုမျိုး လူကုံထံများသည် လက်ထပ်ထိမ်းမြားခြင်းကို ရင်းနှီးမြှုပ်နှံမှုအတွက် အသုံးချလေ့ရှိကြသည်။

'စီအီးအိုယွီရဲ့အခြေအနေက နည်းနည်းလေး မူမမှန်ဘူးဆိုတော့ သူ့အနာဂတ်ဇနီး သူ့ကို ကိုင်တွယ်နိုင်ပါ့မလား?'

ကြီးကြပ်သူယွီ သူမ၏မျက်နှာထားကိုမြင်ပြီး ‌တည်ငြိမ်သွားကာ စိတ်ကျေနပ်မှုဖြင့် ခေါင်းညိမ့်လိုက်တော့သည်။

"နင့်ကို ကယ်တင်လို့ရသေးတယ် အချိန်ယူပြီး စဉ်းစားကြည့်"

ထန်းမီ : "....."

တစ်ဖက်တွင် လော့ဟောက်နှင့် ဒေါက်တာကျန်းတို့နှစ်ယောက် ယွီယိအိမ်မှာ ထိုင်စောင့်နေကြကာ တံခါးဖွင့်ဟလာသည်နှင့်တစ်ပြိုင်နက် နှစ်ယောက်လုံး မတ်တတ်ရပ်လိုက်ကြ၏။

နှုတ်ခမ်းပါးပေါ်တွင် အပြုံးအရိပ်ယောင်များ သန်းနေသည့် ယွီရှင်း ဝင်လာခဲ့သည်။ လက်တစ်ဖက်ဖြင့် သူ့ဆံပင်များကို ဖွလိုက်ပြီး ကျန်တစ်ဖက်ကတော့ ကားသော့အား ဧည့်ခန်းကော်ဖီစားပွဲပေါ်သို့ ပစ်တင်လိုက်၏။

လော့ဟောက် မျက်ခုံးများ အနည်းငယ် မြင့်တက်သွားလေတော့သည်။ ဒေါက်တာကျန်း သူ၏အပြုအမူများကို လေ့လာအကဲဖြတ်လိုက်ပြီးနောက် ပြုံးကာ-"မတွေ့ရတာကြာပြီနော် ယွီရှင်း"

ယွီရှင်း ရယ်လိုက်ကာ သူ့အရှေ့ရှိ ဆိုဖာပေါ်တွင် ထိုင်ချလိုက်တော့သည်။ "ကဲ မင်းကတော့ ငါ့ကို မတွေ့ချင်ဘူးမလား ဒေါက်တာကျန်း?"

ဒေါက်တာကျန်း မျက်နှာပေါ်ရှိ အပြုံးအား ဆက်လက် ထိန်းထားကာ ဘာမှမပြောပေ။ သို့သော် ဘေးရှိ လော့ဟောက်ကတော့ ယောက်ယက်ခတ်နေလေပြီ။

"ဘယ်အချိန်ကပေါ်လာတာလဲ? ဘယ်ကိုသွားခဲ့လဲ?"

ယွီရှင်း သူ့အား ကြည့်လိုက်လေသည်။ မျက်လုံးတွေတော့ သိသာ ထင်ရှားသည့်စိတ်ဝင်စားမှု တစ်ချို့ဖြင့် ချယ်သထား၏။

"အချစ်လေးနဲ့တွေ့ဖို့ စားသောက်ဆိုင်ကို သွားခဲ့တာ"

'ဒါ အဆိုးဆုံးကိစ္စပဲ! အာ..မဟုတ်ဘူး ယွီရှင်း ရုံးမသွားခဲ့တာကို ပိုကျေးဇူးတင်ရမှာ!'

သူ အသက်ဝဝရှူကာ သူ့စိတ်သူ ပြင်ဆက်ပြီး ထပ်မေးလိုက်လေသည်။

ယွီရှင်း ပခုံးတွန့်ပြရင်း..."အချစ်လေး ငါ့ကို ဆွဲခေါ်သွားလို့ ဘာမှတောင် သိပ်မလုပ်ခဲ့ရဘူး"

လော့ဟောက် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိတော့၏။ ဖြစ်နိုင်မယ်ဆိုရင် သူ ထန်းမီကိုသာ မြေတောင်မြှောက်ပေး လိုက်ချင်တော့သည်။

ဒေါက်တာကျန်း သူ့ကို စိုက်ကြည့်နေပြီးနောက်-"ဘာမှ တင်းမာနေစရာမလိုပါဘူး ကျွန်တော်က ယွီရှင်းကိုလည်း စကားပြောချင်နေတာ"

ဒေါက်တာကျန်း သူ့ကိုကြည့်ကာ နှုတ်ခမ်းများ ကွေးညွှတ်သွားအောင် ပြုံးလိုက်တော့သည်။

"ကျွန်တော့်ကို ထန်းမီအကြောင်း ပြောပြပါလား? ထန်းမီကို ဘယ်လိုမြင်လဲ?"

ယွီရှင်း မျက်ခုံးများအား မသိမသာပင့်လိုက်မိပြီး သူ မျက်လုံး‌များမှတဆင့် ပြုံးပြလိုက်၏။

"ငါ သူ့ကို စစတွေ့ချင်းမှာပဲ စိတ်ဝင်စားမိတာ သူ့မှာ ခရင်မ်နံ့သင်းသင်းလေးလိုမျိုး နူးညံ့ပြီး စိတ်ကြည်နူးဖို့ကောင်းတဲ့ ကိုယ်သင်းရနံ့လေးရှိတယ်။ သူ့ရဲ့ကိတ်မုန့်တွေကိုလည်း စိတ်ဝင်စားတယ်။ သူလုပ်ထားတဲ့ ကိတ်မုန့်ကို တစ်လုတ်လောက်စားရုံနဲ့တင် လုံးဝ ပျော်ရွှင်ပီတိဖြစ်မိတာ"

"ဒါပေါ့ ငါသူ့ကို အရမ်းသဘောကျတယ်"

"ငါ့ကို သူနဲ့မနှိုင်းလို့ရလား? လယ်သမားတွေတောင် သူ့ထက်ပိုပြီး ခံစားချက်တွေကို ဖွင့်ဟတတ်တယ်"

လော့ဟောက် : "....."

'ဒါကို ပုဂ္ဂိုလ်ရေးရာ လှောင်ပြောင်မှုလို့ ယူဆလို့ရလား?'

ဒေါက်တာကျန်း‌မှ ပြန်၍..."သူက ခံစားချက်တွေကို မဖွင့်ဟနိုင်တာ မဟုတ်ပါဘူး။ ခံစားဖို့ အခက်အခဲရှိနေရုံပါ"

"အဲတာက ပိုတောင်ဆိုးသေးတယ်။ သူဘယ်လောက်တောင် အရည်အသွေးကျနေလဲဆိုရင် လယ်သမားတွေကတောင် သူ့ထက်ပိုပြီးမြင့်တဲ့ စံနှုန်းတွေရှိတယ်"

လော့ဟောက် : "......"

စီအီးအိုယွီတွင် ယွီရှင်း၏မှတ်ဉာဏ်များရှိတာကို သူသတိရလိုက်၏။

"သူ ပိုကောင်းလာမှာပါ"

ယွီရှင်း မျက်ခုံးပင့်လိုက်ပြီး..."ဘယ်အချိန်မှလဲ? ငါ ပျောက်ကွယ်သွားမှလား? သေချာ ပြန်စဉ်းစားကြည့်ရအောင် မင်းကဆရာဝန်လေ မင်းလုပ်နေတာက လူသတ်နေတာလို့ မတွေးမိဘူးလား?"

"ကျွန်တော်ကတော့ အဲလိုမထင်ပါဘူး။ မင်းကယွီယိရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖြစ်တည်လာတာ။ အဲတော့ တစ်နေ့မင်းပျောက်ကွယ်သွားရင် ကျွန်တော် သတ်လို့မဟုတ်ဘဲ လက်ခံသူက ရင့်ကျက်လာလို့ပါ"

ယွီရှင်း အကြောဆန့်ကာ သမ်းလိုက်ရင်း ဆိုဖာပေါ်မှီချလိုက်တော့၏။ သူ ဒေါက်တာကျန်းအား ငြိမ်ငြိမ်လေး ကြည့်နေလျှင် ဒေါက်တာကျန်း၏ နက်မှောင်နေသည့် မျက်လုံးတစ်စုံက သူ့အားပြန်လည် စိုက်ကြည့်လာခဲ့သည်။ ယွီရှင်း၏မျက်လုံးများ ရေအိုင်ငယ်လေးတစ်ခုလို စိုလဲ့လာပြီးနောက် သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့၏။

လော့ဟောက် ယွီရှင်း မျက်လုံးများ ပိတ်ကျသွားသည်ကို တွေ့တော့ အနည်းငယ် စိုးရိမ်စွာ မေးလိုက်လေသည်။

"ဘာရယ်မဟုတ်ပါဘူး အိပ်မွေ့ချလိုက်ရုံပါ"

လော့ဟောက် : "....."

ရိုးရိုးသားသားပြောရရင် သူဒီလို စိတ်ကုဆရာဝန်မျိုးတွေကို တော်တော်လေး ကြောက်သည်။ ပြီးတော့ သူကြားထားတာက ဒေါက်တာကျန်းတွင် ဘွဲ့မရခင်က မကောင်းတဲ့မှတ်တမ်းတွေ ရှိခဲ့တယ်ဆိုတာပင်။

ဆိုဖာပေါ်မှ ပြန်နိုးလာသူသည် ခံစားချက်မရှိတဲ့ ဗလာပုံစံသို့ ပြန်လည်ပြောင်းလဲသွားတော့သည်။

လော့ဟောက် ခြေသံဖွဖွလေးဖြင့် လျှောက်လာချိန်တွင် ယွီယိ သူ့အားကြည့်ကာ ညင်သာဖြင့်ခေါင်းညိတ်ပြလိုက်၏။

ဒေါက်တာကျန်း ယွီယိကို ကြည့်ပြီး ပျော်ရွှင်စွာ မေးလာလေသည်။

"လင်ချဲ့က ထန်းမီကို စားသောက်ဆိုင်မှာ လာတွေ့တာ ကျွန်တော် သံသယရှိတာကတော့ သူကျွန်တော်တို့ရဲ့ထောက်တိုင်ကို လာတူးတာပဲ"

ယွီယိ သူ့အား မျက်စောင်းထိုး လိုက်တာကြောင့် လော့ဟောက် မြန်မြန် ပါးစပ်ပိတ် လိုက်ရတော့သည်။

ဒေါက်တာကျန်း အသံထွက်သည်အထိ ရယ်လိုက်ကာ-"ယွီယိ ထန်းမီက မင်းအပေါ်တော်တော် လွှမ်းမိုးနိုင်တာပဲ သူက ငါ့ထက်တောင် မင်းကို ကုသပေးနိုင်မှာ"

ယွီယိ သူ့အား တိတ်တဆိတ်ပဲ ကြည့်နေလိုက်လေ၏။

*********

ထန်းမီ အလုပ်က ပြန်ရောက်ချိန်တွင် ဖုရှင်း မီးဖိုချောင်ထဲတွင် စိုးရိမ်တကြီး မတ်တတ်ရပ်နေ၏။ ထန်းမီ ညှပ်ဖိနပ်အား လဲစီးပြီးနောက် သူမအား ချောင်းကြည့်လိုက်တော့သည်။

"ဘာလုပ်နေတာလဲ?"

ဖုရှင်း ဝမ်းနည်းပူဆွေးမှုများအပြည့်ဖြင့် သူမထံ လှည့်ကြည့်လာလေ၏။

"ထန်းထန်း ငါဘလက်ခ်တီးချီဖွန်ကိတ်လုပ်နေတာ ဒါပေမဲ့ အဲဟာကြီးက အရမ်းမာပြီး ရုပ်ဆိုးနေတယ်"

ထန်းမီ စဥ်းစားဟန် နှုတ်ခမ်းအားဖိကိုက်ကာ မီးဖိုချောင်အား လှမ်းကြည့်လိုက်တော့သည်။

"မာနေတယ်ဆိုရင် ထည့်တဲ့အချိန် မလုံလောက်လို့ ပြီးတော့ ပါဝင်ပစ္စည်းတွေကိုလည်း မှားမွှေမိလို့ နင် အောက်ဘက်ကနေ အပေါ်ကို လှန်လိုက်သေးလား?"

ဖုရှင်း ခဏလောက် စဉ်းစားရင်း..."ငါ မမှတ်မိဘူး"

ထို့နောက် 'ငါသိပြီ' ဟူသော မျက်နှာထားဖြင့် ထန်းမီ တုံ့ပြန်လိုက်တော့သည်။

"အဲတာက ရုပ်ဆိုး......တကယ် နည်းနည်းလေး ကြည့်မကောင်းနေဘူးဆိုရင် ဂျုံမုန့်ညက်ထဲမှာ လေခံနေလို့ အဲတာကြောင့် ပူဖောင်းအကြီးကြီးတွေ ထလာတာ ယောက်မနဲ့ ချောမွေ့နေအောင် မလုပ်ခဲ့လို့ ကြက်ဥအကာပေါ်မှာ အဖုတွေ ထနေတာ"

ဖုရှင်း : "......"

'ကြက်ဥအကာကို အနှစ်ဆီက ခွဲထုတ်ရတာတင် တော်တော်ခက်ခဲနေပြီ! ဘာလို့ နောက်ထပ်အဆင့်တွေ အများကြီး ပိုတိုးလာတာလဲ!'

ထန်းမီ လက်ဆေးပြီး တိုင်းတာတဲ့ခွက်ထဲအား ရေထည့်လိုက်တော့သည်။ ဖုရှင်း ကြည့်နေတုန်းမှာပဲ သူမ အိုးထဲသို့ သကြားဖြူးလိုက်တာကြောင့် သူမ စပ်စုလိုက်၏။

"ဘာလုပ်နေတာလဲ?"

"အပေါ်မှာထည့်ဖို့အတွက် မီးသင်းသကြားလုပ်နေတာ အဲတာ‌ဆို အနံ့ပိုကောင်းသွားလိမ့်မယ် ဒါကို မနက်ဖြန်အတွက် မနက်စာလုပ်လို့ရတယ် အစားအသောက်ကို မဖြုန်းတီးရအောင်"

ဖုရှင်းမျက်နှာ ရူံမဲ့သွားကာ-"ငါတို့ မစားလို့မရဘူးလား? အဲတာကြီးက တော်တော်မာပြီး ရုပ်ဆိုးတယ်....."

ထန်းမီ သူမအား စိုက်ကြည့်လိုက်လေ၏။

"ငိုရမယ်ဆိုရင်တောင် ငိုရင်းနဲ့ ကိုယ်လုပ်ထားတဲ့ ကိတ်မုန့်ကို ကုန်အောင်စား!"

ဖုရှင်း : "......"

ထန်းမီ မီးသင်းသကြားအား ရေခဲသေတ္တာထဲထည့်လိုက်စဥ် ကြက်ဥနှင့်ခရမ်းချဥ်သီးများအား မွှေနှောက်ထားသည့် ပန်းကန်ကြီးကြီးတစ်လုံးကို တွေ့လိုက်ရတော့သည်။ သူမ ထိုအရာအား မျက်လုံးမှေးကြည့်လိုက်ပြီး ဖုရှင်းအား နောက်ပြန်လှည့်ရင်း..." နင်နောက်သုံးရက်လောက် ကြက်ဥနဲ့ခရမ်းချဉ်သီးစားဖို့ လုပ်ထားတာလား?"

"အဲတာ ငါကြက်ဥအခွံဖောက်ရင်း မရတော့တဲ့ဟာတွေ အဲတာနဲ့ ခရမ်းချဉ်သီးနဲ့ပဲ ချက်စားတော့မလို့"

ထန်းမီ ကြက်ဥထည့်ထားသည့် ကထ္တူဘူးအား ချက်ချင်းလှမ်းကြည့်လိုက်သော် တစ်ဝက်လောက် လျှော့နေသည်ကို တွေ့လိုက်ရတော့သည်။

"နင်အဲအပေါ်မှာ ရေးထားတဲ့စာက ထူးဆန်းတဲ့ကုဒ်နံပါတ်နဲ့တူလို့ ငါကြောက်လို့ မသုံးခဲ့တာ"

ထန်းမီ : "......"

သူမ မြင်လိုက်တဲ့ နောက်ဆုံးကြက်ဥအကာကို ဆွဲယူလိုက်ပြီး မီးဖိုချောင်ထဲသာ ဝင်သွားလိုက်တော့သည်။ ဖုရှင်း အနောက်မှလိုက်လာပြီးနောက်-"နင် ကိတ်မုန့် ဖုတ်မလို့လား?"

"အင်း မနက်ဖြန်ကျရင် စီအီးအိုယွီဆီ ကိတ်မုန့်အသစ် ယူသွားပေးရမှာ"

ဖုရှင်းမျက်လုံးများ တောက်ပသွားတော့သည်။

"နင် မနက်ဖြန် စီအီးအိုယွီနဲ့တွေ့ရမှာလား? ငါ့အတွက် အင်တာဗျူးစီစဉ်ပေးဖို့ ပြောပေးလို့ရလား~"

"....ငါတို့ အဲလောက်မရင်းနှီးသေးဘူးလေ"

ဖုရှင်း ထန်းမီ၏မကျေမချမ်းဖြစ်နေသော အမူအရာအားကြည့်ပြီး စိတ်ညစ်သွားရတော့၏။ 

"ကဲ အဲဒါဆို နင်မြန်မြန်ရင်းနှီးအောင် လုပ်လိုက်တော့ အဲနည်းနဲ့ဆို ငါတို့နှစ်ယောက်လုံး အကျိုးအမြတ်ရတယ်! ငါ အင်တာဗျူးရပြီး ရာထူးတိုးရင် ငါတို့နှစ်ယောက်လုံး အတူနေနိုင်မယ့် အိမ်အကြီးကြီးကို ပြောင်းကြမယ်!"

ထန်းမီ : "....."

ထန်းမီ ဖုရှင်းအား လျစ်လျူရှုလိုက်ပြီး သူမ၏ကိတ်အသစ်အတွက် အလုပ်စလိုက်တော့သည်။ ကိတ်အတွက် အိုင်ဒီယာအသစ်တွေပေါ်လာဖို့က တော်တော်လေး ခက်ခဲမှန်း သူမ သိသော်လည်း ကံကောင်းထာက်မစွာ သူမအရင်က ကိတ်အသစ်အတွက်တွေးမိတိုင်း ထွက်လာသည့် အိုင်ဒီယာများကို ချရေးလေ့ရှိတာကြောင့်ပင်။ အခုချိန်မှာ အဲလိုအကျင့်များက သူများ အထောက်အကူပြုနေလေ၏။

သူမ စတော်ဘယ်ရီရေခဲပူတင်းလုပ်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ဖုရှင်းအား အရင် မြည်းစမ်းခိုင်းလိုက်၏။ ဖုရှင်းဆီက အကောင်းဆုံးဆိုတဲ့ ချီးကျူးမှုအား မရမချင်း သူမ စမ်းသပ်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင်-"ဒါ လုံးဝကို အရသာရှိတယ်! ကိတ်တစ်ခုလုံးက နူးညံ့ပြီး အိအိလေးဖြစ်နေတာ ငါစားတာတောင် ရပ်လို့မရတော့ဘူး မနက်ဖြန်ကျရင် နင်စီအီးအိုယွီကို သေချာပေါက် သိမ်းပိုက်နိုင်လိမ့်မယ်"

ထန်းမီ လှုပ်ရှားမှုများ ရပ်တန့်သွားတော့သည်။

"ငါလည်း အဲလိုမျှော်လင့်ပါတယ် ဘာပဲဖြစ်ဖြစ် ငါနင့်ကို သတိပေးရဦးမယ် အခု၁၁နာရီကျော်နေပြီ ဒီကိတ်ထဲမှာပါတဲ့ ကယ်လိုရီက....."

"စီအီးအိုယွီ ထက်အရင် ငါ ကိတ်အသစ်ကို စားခွင့်ရတာပဲ ငါက ပိုအဆင့်မြင့်တယ်လို့ ခံစားရတယ်"

"ကြွက်ဖြူလေးက ဘယ်လောက်ထိ အဆင့်မြင့်နိုင်မှာလဲ?"

ဖုရှင်း : "...."

နောက်နေ့တွင် ထန်းမီ အလုပ်ကို အချိန်မီ ရောက်လာခဲ့သည်။ ယွီယိနှင့်တွေ့ဖို့ချိန်းဆိုထားသည်က ညနေ ၃နာရီ၊ သူမ၏နားချိန်ပင်။ ကိတ်မုန့်၏လတ်ဆတ်မှုကို ထိန်းသိမ်းဖို့ သူမ နေ့လယ်မှပြင်ဆင်ရန် ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားခြင်းဖြစ်၏။

ထိုအချိန်တွင် ယွီယိ ရုံးခန်းထဲမှာ ထိုင်နေပြီး စားသောက်ဆိုင်တွေမှရတဲ့ စီးပွားရေးအချက်အလက် ပေါင်းများစွာကို ဝေဖန်သုံးသပ်နေသည်။ လော့ဟောက် အချိန်ကိုကြည့်ရင်း ယွီယိအား သတိပေးရန် ရုံးခန်းထဲကိုဝင်လာခဲ့၏။

"စီအီးအိုယွီ ၁၂နာရီထိုးပါပြီ"

ယွီယိခေါင်းသည် နေရာမှာပင် မလှုပ်မယှက်ရှိနေကာ-"ငါ့အတွက် နေ့လယ်စာမှာပေး"

"စီအီးအိုယွီရဲ့မိဘတွေ မနက်ကခေါ်ထားပါတယ် ပြန်ပြီး သူတို့နဲ့အတူ နေ့လယ်စာ စားလိုက်ပါ"

နောက်ဆုံးတွင် ယွီယိ ခေါင်းမော့လာတော့သည်။ အရင်ကတည်းက သူ့မိဘများသည် သူ့အား အကြိမ်ကြိမ်အခါခါ နားပူနားဆာ လုပ်ကြ၏။

'ဒီတစ်ခေါက် သူတို့ လော့ဟောက်ကို ခေါ်လိုက်တာလား?'

"နားလည်ပြီ"

ယွီယိ နိုင်ငံခြားမှာ တက္ကသိုလ်တက်နေတုန်းက သူ့ဘာသာသူ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူ့မိဘများသည် သူ့အားပုံမှန်လို မဆက်သွယ်ကြဘဲ အိမ်ပြန်လာဖို့သာ သူတို့ အရမ်းဆန္ဒပြင်းပြကြောင်း နားပူနားဆာ လုပ်တတ်ကြလေသည်။

ဒါသည် သေချာပေါက် ရိုးရှင်းတဲ့နေ့လည်စာ မဟုတ်လောက်ပေ။

သူအိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ထင်ထားသည့်အတိုင်းပင် သူ့မိဘတွေဘေးမှာ ပိုင်ရှောင် ထိုင်နေတာကို မြင်လိုက်ရ၏။

ပိုင်မိသားစု၏စီးပွားရေးလုပ်ငန်းသည် အကြီးမားဆုံး ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ စိုက်ခင်းတွေကိုပိုင်ပြီး နိုင်ငံခြားထုတ်ကုန်တွေအပေါ်လည်း ကြီးမားတဲ့လွှမ်းမိုးမှုရှိသည်။ သူ့အရည်အသွေးရော အရသာရောကလည်း တော်တော်လေး ကောင်းလှ၏။ အခုပိုင်ရှောင်က မိသားစုစီးပွားရေးလုပ်ငန်းကို စတင်ဦးဆောင်နေပြီဖြစ်တဲ့အတွက် ယွီမိသားစုဆီကိုလည်း မကြာခဏ လာလည်လေ့ရှိလေသည်။

ယွီယိ ပိုင်ရှောင်အား ခေါင်းညိတ်နှုတ်ဆက်ပြလိုက်လျှင် အမျိုးသမီးယွီက ပြုံး၍ရှင်းပြ၏။

ယွီယိ ဘာမှမပြောဘဲ ထမင်းစားခန်းကိုပဲ ဦးတည်သွားလိုက်လေသည်။

"စားကြရအောင်"

All Chapters