← Chapters

Chapter 17

Vol. 2 Ch. 17

Chapter 17

Vol. 2 Ch. 17

နှစ်ရက်ကြာပြီးနောက် ဝေပို(Weibo)နှင့် ဝက်ဘ်ဆိုက်မှာ ကြော်ငြာပြီးဖြစ်တဲ့ ထုတ်ကုန်အသစ်အား ပရိုမိုရှင်းပုံများရိုက်ရန် ပီအာဌာနရှိလူများ [ချိုမြိန်မြိန်အိမ်မက်] ကိုရောက်လာခဲ့ကြသည်။ စတော်ဘယ်ရီပါဖေးကို စတင်ထုတ်တဲ့နေ့က ထန်းမီ ပထမဆုံးလစာရတဲ့နေ့လည်း ဖြစ်နေလေ၏။

သို့သော် လစာသည် သူမထင်ထားခဲ့သည်ထက် ပိုများနေတာကို တွေ့လိုက်ရတော့သည်။

'အချိန်ပိုကြေး'ဆိုတဲ့ ခေါင်းစဉ်အောက်က နံပါတ်များကိုကြည့်ရင်း ထန်းမီမျက်ခုံးတွန့်သွားရ၏။ ယွီရှင်း 'အချိန်ပိုအလုပ်'အတွက် ပေးမယ်ဆိုတာကို သူတကယ်ကြီး ပြောခဲ့တာဖြစ်နေလေသည်။

သူမ၏နေ့လည်နားချိန်ကို အခွင့်ကောင်းယူပြီး အပြင်သို့ ခပ်သွက်သွက်ထွက်ကာ ဖုရှင်းအား ဖုန်းခေါ်လိုက်၏။

"ရှောင်ရှင်းရှင်း ငါလစာရပြီ! ဒီညငါနင့်ကို အပြင်ခေါ်ပြီး စားကောင်းသောက်ကောင်းတွေ လိုက်ကျွေးမယ်~!"

"ကောင်းတာပေါ့! ဂုဏ်ပြုပါတယ် ထန်းထန်း နင်ကိုယ်ပိုင်ဆိုင်ဖွင့်ဖို့ ခြေတစ်လှမ်းနီးလာပြီ! ဆက်ရှာထား!"

"အရမ်းလှတာပဲ လူတွေကြိုက်ကြတာလည်း မဆန်း

ပါဘူး"

ကြီးကြပ်သူယွီ သူမအား ပရော်ဖက်ရှင်နယ်ဆန်သည့် အပြုံးလေးတစ်ပွင့်ဖြင့်..."စားပြီးသွားရင် သေချာပေါက် ကြိုက်သွားလိမ့်မယ် ကောင်းကောင်း သုံးဆောင်ပါရှင်"

"ကျေးဇူးပါ" ပိုင်ရှောင် ခရင်းအား သုံးကာ တစ်ကိုက်စားကြည့်လိုက်တော့သည်။ ကိတ်သားသည် စတော်ဘယ်ရီရည်ဖြင့်နှပ်ထားကာ ပျော့အိပြီး စိုစွတ်နေအောင်လုပ်ထား၏။ ခရင်မ်ပါဖေး၊ ပူတင်းနုနု‌လေးနှင့်တွဲဖက်ကာ လူတစ်ယောက်ကို နောက်ထပ်စားချင်နေအောင် ဆွဲဆောင်ထားနိုင်လေသည်။

သူမအပေါ်က စတော်ဘယ်ရီသီးလေးအား ချန်ထားပြီး ခရင်းဖြင့် ကိတ်မုန့်ကို တစ်ဝက်အထိ ကုန်အောင်စားပစ်လိုက်၏။ စတော်ဘယ်ရီ၏ အချဉ်ဓာတ်နှင့် ခရင်မ်၏ အချိုဓာတ်တို့ သူမ့အရသာအာရုံဖုလေးများကို ထိတွေ့လိုက်ချိန်တွင် အရမ်းကို နှစ်လိုဖွယ်ကောင်းတဲ့ အရသာပေါင်းစပ်မှုအား ခံစားလိုက်ရတော့သည်။ တကယ့်ကို စိတ်ကျေနပ်စရာ အတွေ့အကြုံပင်။

"တစ်ဆိတ်လောက်ပါ ကျွန်မရှင်တို့ရဲ့ မုန့်ဖုတ်ဆရာနဲ့ တွေ့လို့ရမလား? ဒီပါဖေးက အရမ်းကိုကောင်းလွန်းလို့ ငိုမိတဲ့အထိပဲ"

ကြီးကြပ်သူယွီ : "....."

'ဒီနေ့တစ်နေ့တည်းမှာပဲ ထန်းမီကို တွေ့ဖို့တောင်းဆိုလာတဲ့ ဧည့်သည်တွေ ဘယ်လောက်ရှိပြီလဲ? သူ့နာမည်က စားသောက်ဆိုင်မန်နေဂျာထက်တောင် ပိုကျော်ကြားနေတယ်!'

ကြီးကြပ်သူယွီ ပြုံးပြကာ ထန်းမီအား သွားခေါ်ပေးလိုက်၏။ ထန်းမီ စားပွဲတွင်ထိုင်နေသည့် ပိုင်ရှောင်အား မြင်လိုက်ရချိန်တွင် ချက်ချင်း ရပ်တန့်သွားလေတော့သည်။

'အဲဒီ မျက်နှာကို ရင်းနှီးနေသလိုပဲ ဘယ်မှာတွေ့ဖူးတာပါလိမ့်? အိုး ဟုတ်သားပဲ! အဲနေ့က ငါ စီအီးအိုယွီရုံးခန်းက ထွက်လာတော့ စန်းလန်နဲ့ စကားပြောနေတဲ့ မိန်းမလှလေး မလား?'

သူမ အင်္ကျီအား တစ်ချက်ပြင်လိုက်ပြီးနောက် ပိုင်ရှောင်ဆီသွားကာ နှုတ်ဆက်လိုက်လေသည်။

ပိုင်ရှောင် ခေါင်းမော့ကြည့်လိုက်ပြီး ပြုံးကာ-"မင်္ဂလာပါ ကျွန်မက ပိုင်ရှောင်ပါ ကျွန်မတို့ တစ်ခါ တွေ့ဖူးတယ်လေ မှတ်မိလား?"

ထန်းမီ ခေါင်းညိမ့်ပြလိုက်၏။

"ရှင်က ကုမ္ပဏီက တစ်ယောက်မလား? "

 ပိုင်ရှောင် နှုတ်ခမ်းများအား ကွေးညွှတ်လိုက်ကာ ထန်းမီအား လိပ်စာကဒ် ထုတ်ပေးလိုက်လေသည်။

"ကျွန်မရဲ့ကုမ္ပဏီက စိုက်ပျိုးရေးလုပ်ငန်းမှာစီမံပြီး ရှင်တို့စားသောက်ဆိုင်မှာ သုံးနေတဲ့သစ်သီးတွေကို သွင်းပို့ပါတယ်"

ထန်းမီ လိပ်စာကဒ်အား ဖတ်လိုက်ပြီးနောက် ရှော့ခ်ရကာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့၏။

'ဒီမိန်းမလှလေးက ဂုဏ်သိက္ခာကြီးတဲ့ ပိုင်ကုမ္ပဏီရဲ့ သမီးပဲ!'

သူမကဒ်အား သိမ်းလိုက်ပြီး ပိုင်ရှောင်အား တဖန်ပြုံးပြလိုက်တော့သည်။

"ရှင်တို့ကုမ္ပဏီရဲ့ သစ်သီးတွေက အမြဲတမ်း လတ်ဆတ်ပြီး အရသာရှိတယ် အဲတာတွေသာ မရှိခဲ့ရင် ကျွန်မရဲ့ကိတ်မုန့်တွေ ကောင်းကောင်းဖြစ်လာမှာ မဟုတ်ဘူး"

ပိုင်ရှောင် ပြုံးရုံမျှပြုံးလိုက်ပြီး..."ကျေးဇူးပါ ကျွန်မ တို့ရဲ့ထုတ်ကုန်တွေကို ရှင့်လို ထူးချွန်တဲ့စားဖိုမှူးတွေက ကိုင်တွယ်ပြီး စားသုံးသူတွေရဲ့ စားပွဲပေါ်ကိုအရောက်ပို့ပေးတာကို ကျွန်မတကယ် ဂုဏ်ယူမိပါတယ် ပြီးတော့ ကျွန်မတို့ စိုက်ခင်းတွေရဲ့ လုပ်အားတွေလည်း အလကားမဖြစ်တော့ စိတ်သက်သာရာရမိတယ်လေ"

ထန်းမီ ပိုင်ရှောင်အား အကဲဖြတ်နေရင်း ဒီရွှေရုပ်လေးသည် တစ်ခြား သာမန်မိန်းကလေးများနှင့် မတူဘူးဟု ခံစားလိုက်ရလေသည်။

'သူ့မိသားစုက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတာလို့ သူကပါ ဖော်ရွေတဲ့သူဖြစ်နေတာလား?'

ပိုင်ရှောင် သူမအရှေ့မှာရှိ အအေးအား သောက်လိုက်ပြီးနောက် ထန်းမီဘက် လှည့်လာတော့၏။

"ကျွန်မရှင့်ကို ခေါ်လိုက်ရတဲ့အကြောင်းက စကားပြောချင်လို့ပါ ကျွန်မကို ကိတ်မုန့်ဖုတ်တတ်အောင် သင်ပေးလို့ရမလား?"

"ရှင့်ကို ကိတ်မုန့်ဖုတ်နည်း သင်ပေးရမယ်?"

"အင်း ကျွန်မရှင့်ရဲ့ကိတ်မုန့်တွေကို တကယ်ကြိုက်တယ် ရှင်ကျွန်မကို သင်ပေးရင် အရမ်းကောင်းမှာပဲ သင်တန်းကြေးကိုတော့ မဖြစ်နိုင်တဲ့ပမာဏ မဟုတ်ရင် ပေးပါ့မယ် ဘယ်အချိန်လဲဆိုရင် ရှင်အားတဲ့အချိန်ပေါ့"

ပိုင်ရှောင် အပြုံးလှလှလေး ပြုံးလိုက်လေသည်။

"ရှင် စဉ်းစားပေးလို့ရမလား?"

ထန်းမီ အလေးအနက်ထားပြီး စဉ်းစားလိုက်တော့သည်။ သူမမှာ အားလပ်ချိန်အများကြီး မရှိပေမဲ့ မုန့်ဖုတ်နည်းသင်ပေးတဲ့အချိန်ကလည်း သူမအတွက် အကျိုးအမြတ် တော်တော်ရနိုင်၏။

သူမ ကိုယ်ပိုင်ဆိုင်ဖွင့်ချင်သည့် အိမ်မက်အား တစ်ချက်အတွေးဝင်သွားကာ ပိုင်ရှောင်ကို ခေါင်းညိမ့်ပြလိုက်တော့သည်။

"အဲတာက အဆင်ပြေပါတယ် ကျွန်မလည်း အလျင်မလိုပါဘူး ရှင်အားတဲ့အချိန်ကျရင် ကျွန်မကို ဖုန်းဆက်လို့ရပါတယ်"

"ဒါပေါ့ ကောင်းကောင်းသုံးဆောင်ပါ"

ထန်းမီ မီးဖိုချောင်ထဲ ပြန်ဝင်လာတော့ ကြီးကြပ်သူယွီ အနောက်မှတိတ်တိတ်လေး လိုက်လာ၏။

"အဲ မိန်းကလေးကဘယ်သူလဲ? နင့်ကို လိပ်စာကဒ်ပေးလိုက်တာ မြင်တယ်နော်"

ထန်းမီ : "...."

"ငါအဲနာမည်ကို ကြားဖူးတယ်! ငါကြားဖူးတာ ယွီကျီလက်အောက်က စားသောက်ဆိုင်အကုန်နီးပါး အဲကုမ္ပဏီက ပစ္စည်းတွေကို သုံးတာတဲ့"

သူမ တစ်ခုခုအား စဥ်းစားမိဟန် သူမအသံသည် ညင်သာသွားကာ တိုးတိုးလေးဖြစ်သွားတော့၏။ ရုတ်တရက် ထန်းမီ၏လက်မောင်းအား ဆွဲလိုက်ပြီးနောက်-"ငါသိပြီ! ယွီမိသားစုနဲ့ ပိုင်မိသားစုက ဆက်ဆံရေးကောင်းလောက်မှာ ပြီးတော့ ဟိုးအရင်ကတည်းက ပိုင်ရှောင်က စီအီးအိုယွီနဲ့လက်ထပ်ဖို့ စေ့စပ်ထားတာမလား?! အခု နင်နဲ့ စီအီးအိုယွီကြားက ဆက်ဆံရေးကိုသိပြီး လာခြိမ်းခြောက်တာလား?"

ကြီးကြပ်သူယွီသည် တစ်ဖြည်းဖြည်း ပါပါရာဇီနှင့် ပိုတူလာလေပြီ။ သူမ စိတ်ကူးယဉ်တာက တော်တော်ကြမ်း၏။

"ဟုတ်တယ် ကျွန်မနဲ့ စီအီးအိုယွီကြားက ဖြစ်ခဲ့တာမှန်သမျှ ပြီးသွားပြီ ရှင်တို့ကျွန်မကို ထပ်မမေးကြပါနဲ့တော့"

ကြီးကြပ်သူယွီ သနားစာနာမှုအပြည့်ဖြင့် ထန်းမီ့ပခုံးအား ပုတ်ပေးလိုက်လေ၏။

'......ကျေးဇူး..'

သူမနှင့်ဖုရှင်းတို့ လီလစ် ဘာဘီကျူးမှာ ညစာစားရန် ဆုံးဖြတ်ထားတာကြောင့် ထန်းမီ အလုပ်ဆင်းသည်နှင့် ကြယ်ရောင်မောလ်အား တန်းသွားခဲ့သည်။ ဖုရှင်း စားပွဲအပြည့်တွင် အသားများအပြည့်မှာလိုက်ပြီးနောက် သူမ၏လီမွန်ရည်ခွက်အား မြှောက်ပြလိုက်၏။

"လတိုင်း ဒီနေ့လိုဖြစ်ပါစေ နှစ်တိုင်းအခုလိုဖြစ်ပါစေ...."

ထန်းမီ : "...."

သူမ ဖုရှင်းနှင့် ခွက်ချင်းတိုက်လိုက်ပြီး ပိုင်ရှောင်အကြောင်းအား ပြောပြလာခဲ့သည်။

"တစ်စုံတစ်ယောက်က ငါ့ကိုကိတ်မုန့်ဖုတ်နည်း သင်ပေးဖို့ တောင်းဆိုလာတယ် အဲတော့ ငါအပိုဝင်ငွေရတော့မှာ!"

ဖုရှင်းမျက်လုံးများ တောက်ပနေသည့် နေမင်းကြီးသဖွယ် လင်းထိန်သွားတော့သည်။

"မုန့်ဖုတ်သင်တန်း ဖွင့်လိုက်ပါလား! နင်တစ်ခါတည်းနဲ့ ကျောင်းသားအများကြီးကိုသင်နိုင်ရင် ပိုက်ဆံများများ ပိုရတယ်"

"စားသောက်ဆိုင်မှာလည်း တော်တော်လေး အဆင်ပြေပါတယ်ဟ။ လစာကလည်း တော်ရုံတန်ရုံ မဟုတ်ဘူး။ အနာဂတ်မှာစားသောက်ဆိုင်တစ်ဆိုင် ဖွင့်လို့တောင်ရနိုင်တယ်။ ငါ့မှာမုန့်ဖုတ်သင်တန်းကို စီမံနိုင်တဲ့အားအင် မရှိဘူး။"

သူမ ပြောတာလည်း ဟုတ်သည်ဟု ဖုရှင်းခံစားမိ၏။ သူမ ကိုင်ထားသည့် လီမွန်ရည်ခွက်ကို ချလိုက်ပြီး ထန်းမီ၏ပခုံးအား နှိပ်နယ်ပေးလိုက်လေသည်။

"ထန်းထန်း နင်က အရမ်းချမ်းသာတဲ့ သူဌေးမလေး ဖြစ်လာတော့မှာ။ ငါကတော့ အခုထိ အကြွေးနဲ့ ခေါင်းစားနေရတုန်းပဲ! နင်တကယ် ငါ့အတွက် စီအီးအိုယွီကို အင်တာဗျူးဖို့ မကူညီပေးချင်ဘူးလား?"

ထန်းမီ ခေါင်းယမ်းပြကာ အကူအညီမဲ့စွာ ငြင်းဆိုလိုက်လေ၏။

"ငါနဲ့ စီအီးအိုယွီကြားက ဆက်ဆံရေးက အဲလိုတောင်းဆိုနိုင်တဲ့ အခြေအနေကိုရောက်တဲ့နေ့မှပဲ။ ငါ နင့်အတွက် အင်တာဗျူးရအောင် ကူညီပေးမယ်။"

ဖုရှင်း နှုတ်ခမ်းဆူမိလိုက်တော့သည်။

နှစ်ရက်ကြာပြီးနောက် ထန်းမီ၏ အလုပ်အားရက်ကို ရောက်ရှိလာလေသည်။ ထန်းမီ ပိုင်ရှောင်အား တစ်ရက်အလိုမှာ ကြိုပြောထားပြီး တွေ့မယ့်နေရာနှင့်အချိန်ကို ဆုံးဖြတ်လိုက်ကြ၏။ သင်တန်းကြေးကိုတော့ ထန်းမီ အွန်လိုင်းမှာ အများသဘောတူထားသည့်စျေးအား ရှာပြီး လက်ခံရန် တက်ကြွနေသည့် ပိုင်ရှောင်အတွက် သင့်တော်သည့် အခကြေးအား တောင်းခဲ့သည်။

သူတို့ ပိုင်ရှောင်၏အိမ်မှာပဲ တွေ့မှာဖြစ်ပြီး လိုအပ်တဲ့ပစ္စည်းတွေကိုလည်း ပိုင်ရှောင်ကပဲ စီစဉ်ထားသဖြင့် ထန်းမီ လက်ဗလာဖြင့်သာ လာခဲ့လိုက်လေသည်။

ပိုင်ရှောင်ကိုယ်တိုင် သူမအား တံခါးဖွင့်ပေးလိုက်ပြီး မီးဖိုချောင်အား လိုက်ပြ၏။ ထန်းမီ စားပွဲပေါ်တွင် ခင်းကျင်းထားသည့် ပစ္စည်းများအား ကြည့်ပြီး ပိုင်ရှောင်ကို ခေါင်းညိတ်ပြလိုက်လေသည်။

"ရှင်လိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးကို သေချာပြင်ဆင်ထားတာပဲ"

ပိုင်ရှောင် ရယ်ကာ-"ကျွန်မ ကျွမ်းကျင်သူတစ်ယောက်ကို ခိုင်းလိုက်တာပါ။ ပါဝင်ပစ္စည်းတွေကိုလည်း လတ်လတ်ဆတ်ဆတ် ဝယ်ထားတာ။ အော်...ဒါပေမဲ့ အသီးတွေကတော့ ကျွန်မတို့ခြံထဲက"

ထန်းမီ ဘေးပတ်ဝန်းကျင်နှင့် နေသားကျအောင်လုပ်လိုက်ပြီး မေးခွန်းထုတ်လိုက်၏။

"ရှင် ဘာကို အရင်ဆုံးသင်ချင်လဲ?"

ပိုင်ရှောင် ခဏ စဉ်းစားလိုက်ပြီးနောက်-"မွန့်တ် ဘလွန့်ခ် ဆိုဘယ်လိုလဲ? ကျွန်မအဲတာကို တော်တော်လေးကြိုက်တယ်"

"ဒါပေါ့ မွန့်တ် ဘလွန့်ခ်က ဂန္ထဝင်မုရန်းအချိုပွဲပဲ။ သူ့နာမည်က 'အဖြူ‌ရောင်တောင်' ဆိုတဲ့ ပြင်သစ်စကားလုံးက ဆင်းသက်လာတာ။ အဲဒါကြောင့် မုရန်းကိုလုပ်တဲ့အခါ အညိုရောင် ဖြစ်မလာဖို့ အရေးကြီးတယ်။"

ထန်းမီ စားပွဲပေါ်ရှိ ကြက်ဥနှစ်လုံးအား ယူလိုက်ပြီး အကာနှင့်အနှစ်အား ကျွမ်းကျင်စွာ ခွဲထုတ်လိုက်လေသည်။

"မွန့်တ် ဘလွန့်ခ်ရဲ့အခြေခံက မုရန်းပဲ။ ဒါပေမဲ့ အကာကို ခဏလောက် အအေးခံထားမယ်ဆိုရင် လေထဲမှာခေါက်ရတာ ပိုလွယ်တယ်။ အဲဒါကြောင့် ရေခဲသေတ္တာထဲမှာပဲ အအေးခံထားပြီး လိုအပ်မှ ထုတ်သုံးရတယ်။"

ပိုင်ရှောင် ခေါင်းညိမ့်ကာ ကြက်ဥနှစ်လုံးအား ယူလိုက်ပြီး ထန်းမီပြောသည့်အတိုင်း လိုက်လုပ်လိုက်တော့သည်။

သူမပုံစံအား ကြည့်ခြင်းဖြင့် ပိုင်ရှောင် ဟင်းချက်တတ်မှန်း သိသာစေသည်။ သူမ၏စကေးသည် ဖုရှင်းထက် အများကြီးသာတဲ့ လယ်ဗယ်မှာရှိနေပြီး အတတ်လည်း မြန်၏။ ထိုမှသာ ထန်းမီ စိတ်အေးစွာ သင်ပေးနိုင်တော့သည်။ အမှားတစ်ချို့ကို ထောက်ပြရတာကလွဲပြီး သူမတို့ မုန့်အနှစ်အား ချောမွေ့စွာ လုပ်နိုင်ခဲ့ကြ၏။

"ကျွန်မတို့ ကြက်ဥအကာ စခေါက်လို့ရပြီ"

ထန်းမီ အဖြူရောင် သကြားပွင့်များကို ရေနွေးနှင့်အတူ ကြက်ဥအကာထဲသို့ ထည့်လိုက်ပြီး ကြက်ဥမွှေစက်အား ဖွင့်လိုက်လေသည်။

"ကြက်ဥအကာတောင့်လာတာနဲ့ မွှေတာရပ်လို့ရပြီ တစ်ချို့ကိတ်မုန့်တွေက ကြက်ဥအကာကိုပဲသုံးပြီး အနှစ်ကို ဖယ်တတ်ကြတယ်။ အနှစ်ကအကာထက် ရက်လွန်တာ လွယ်ပြီး ကောင်းကောင်း သိမ်းထားလို့လည်းမရဘူး။ အစားအသောက်ကို အလေအလွင့်မဖြစ်အောင် ကျွန်မကတော့ ကျန်နေတဲ့အနှစ်ကို တစ်ခြားမုန့်လုပ်တဲ့နေရာမှာ သုံးလိုက်တယ်။ ပူတင်းတို့ဘာတို့ပေါ့။ အဲဒါကို ဟင်းချက်ပစ်လိုက်ရင်တော့ အလွယ်ဆုံးပဲ။"

ပိုင်ရှောင် ထောက်ခံလိုက်၏။ မုရန်းအနှစ်လုပ်ပြီးတာနှင့် ထန်းမီလုပ်တဲ့အတိုင်း မုန့်အနှစ်အိတ်ထဲသို့ ထည့်လိုက်ပြီး မုန့်ဖုတ်ဗန်းထဲတွင် သေးငယ်သည့် အပုံလေး၆ပုံ ညှစ်ထုတ်လိုက်လေသည်။

သူမ ပြောပြီးသည်နှင့် ရှောင်ပိုင်နဲ့အတူ ခရင်မ်အား စလုပ်ခဲ့ကြ၏။ အချိန်ကုန်သွားတာနှင့်အမျှ မွန့်တ် ဘလွန့်ခ်သည် တစ်ဖြည်းဖြည်း ပုံပေါ်လာတော့သည်။ ထန်းမီ မုန့်အနှစ်ထည့်တဲ့အိတ်အား ယူလိုက်ပြီး ပိုင်ရှောင်ကို နောက်ဆုံးအဆင့် သင်ပေးလိုက်လေသည်။

"ဒီအထဲကို သစ်အယ်သီးခရင်မ် ထည့်ပြီး အဲတာနဲ့ ပိုက်တန်းလုပ်ရတယ်။ ပြီးရင် အလှဆင်တဲ့အနေနဲ့ အပေါ်ဆုံးမှာ သစ်အယ်သီး သကြားလုံးလေးတွေ တင်လိုက်ပါ"

ပိုင်ရှောင် သစ်အယ်သီးခရင်မ်အား ဂရုတစိုက် ညှစ်ထုတ်လိုက်ပြီး နောက်ဆုံး လုပ်ပြီးသွားမှသာ အသက်ရှူထုတ်လိုက်နိုင်လေ၏။ ထို့နောက် သစ်အယ်သီးတစ်ခုအား ကောက်ယူကာ အပေါ်ဆုံးမှာ တင်လိုက်ပြီးနောက် မုန့်ပေါ်ကနေ သကြားပေါင်ဒါမှုန့်လေးများ ဖြူးလိုက်တော့သည်။

သူမ စိတ်ကျေနပ်စွာ ထန်းမီအား ပြုံးပြရင်း..."အခု ကျွန်မတို့ မြည်းလို့ရပြီ"

သူတို့နှစ်ယောက် စားမလို့ရှိသေး၊ တံခါးခေါင်းလောင်းသံ မြည်လာခဲ့၏။ ပိုင်ရှောင် တံခါးအား ပြေးမဖွင့်ခင် တံခါး၏ချောင်းကြည့်ပေါက်မှ အရင်ကြည့်လိုက်ရာ- "ယွီယိ?"

ပိုင်ရှောင် တံခါးဝမှာရပ်နေသူအား အလွန်အံ့အားသင့်စွာ စိုက်ကြည့်လိုက်ပြီးနောက် သံသယဖြင့် မေး၏။

ပိုင်ရှောင် နားလည်သွားကာ ချက်ချင်း တံခါးဖွင့်ပေးလိုက်တော့သည်။

"အာ အစ်ကိုက အပေါ်ထပ်မှာ သွားနှင့်လိုက်"

ထန်းမီတစ်ယောက် ယွီယိအား မြင်ကာ မုန့်ပင် နင်တော့မလို ဖြစ်သွားရတော့သည်။ ယွီယိလည်း သူမအား မြင်လိုက်တာကြောင့် သူမသိမသာ မျက်ခုံးပင့်လိုက်ပြီး မေးခွန်းထုတ်တော့၏။

"မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ?"

All Chapters