Chapter 18
Vol. 2 Ch. 18
ယွီယိ ထိုမေးခွန်းအား မေးလိုက်ချိန်တွင် သူ၏အံ့အားသင့်နေသည့် အမူအရာများ လုံးဝ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရတာကြောင့် ထန်းမီ သူမ၏ဦးနှောက်ကို အသည်းအသန် အလုပ်ပေးကာ တတ်နိုင်သမျှ အင်အားလေးဖြင့် အလုပ်စာချုပ်ထဲရှိ အချက်အလက်များကို ပြန်မှတ်မိအောင် ကြိုးစားတော့သည်။ သဘောတူတောင်းဆိုချက်များထဲတွင် ဝန်ထမ်းတစ်ယောက်က တစ်ပြိုင်တည်း တစ်ခြားအလုပ် မလုပ်ရဟုတော့ မရေးထားချေ။
လော့ဟောက် ယွီယိ၏အနောက်ကနေ လျှောက်လာကာ ထန်းမီအားတွေ့သည်နှင့် သူ့မျက်နှာပေါ်တွင်လည်း အလွန်အံ့အားသင့်သွားသည့်ပုံစံ တစ်ချက်ဖြစ်သွားလေတော့သည်။ ဒီဇာတ်လမ်းဇာတ်အိမ်က တကယ့်ကို မထင်မှတ်စရာပင်။
အိမ်ထဲတွင် အခြေအနေများ တင်းမာလာသည်ကို ခံစားမိလိုက်သော ပိုင်ရှောင်သည် တခစ်ခစ်ရယ်ရင်း ယွီယိအား ရှင်းပြလိုက်တော့သည်။
ယွီယိ ဘာမှမတုံ့ပြန်ပေ။ ပိုင်ရှောင် သူ၏ခံစားချက်မရှိသည့် မျက်နှာအားကြည့်ပြီး မေးလိုက်၏။
"ဒါမှမဟုတ် ရှင်ဝန်ထမ်းတွေကို တစ်ခြားအလုပ်တွေဝင်လုပ်တာကို တားမြစ်ထားတာလား?"
"ယွီယိ ဘယ်အချိန်က ရောက်လာတာလဲ?"
ယွီယိ အခွင့်အရေးအား အမိအရယူပြီး ပိုင်ချဲ့ဆီကိုပဲ သူအကြည့်ပို့လိုက်၏။ "အခုလေးတင်ပဲ"
ပိုင်ချဲ့ မီးဖိုချောင်အား တစ်ချက်လှမ်းကြည့်ရင်း ဧည့်ခန်းထဲသို့ ဝင်လာလေ၏။ ထို့နောက် သူပိုင်ရှောင်အား မနေနိုင်မထိုင်နိုင်စွာ မေးလိုက်တော့သည်။
"ဒီတစ်ခါ ဘာလုပ်ဖို့ ကြိုးစားပြီး ရှုံးနိမ့်သွားပြန်တာလဲ?"
"ကိတ်မုန့်...ညီမလေးပြောဖူးတယ်လေ။ ကိတ်မုန့်ဖုတ်နည်းသင်ဖို့ စီစဉ်ထားတယ်လို့"
"ဒါညီမလေး သင်ချင်လို့ ယွီယိရဲ့စားသောက်ဆိုင်ကနေ ခိုးလာတဲ့ မုန့်ဖုတ်ဆရာမလေးလေ"
ထန်းမီ ဇဝေဇဝါ ဖြစ်နေရတော့၏။ ပိုင်မိသားစုအိမ်မတွင် ယွီယိသည် ရုတ်တရက် ပေါ်လာပြီး ပိုင်မိသားစုက ယွီယိနာမည်အား လွတ်လွတ်လပ်လပ် ခေါ်နေကြသည်။ ကြည့်ရတာ သူတို့ရဲ့ဆက်ဆံရေးက ထင်ထားတဲ့အတိုင်း တကယ်ကောင်းမွန်လှသည်ပင်။
ပိုင်ချဲ့ ထန်းမီအားအကဲခတ်ကာ သူတို့လုပ်ထားသည့်ကိတ်မုန့်များကို လှမ်းကြည့်လိုက်၏။
"မင်းတို့လုပ်ထားတာ မွန့်တ် ဘလွန့်ခ်လား? ငါအမြဲ အဲဟာကို ပန်းဂျုံခေါက်ဆွဲနဲ့တူတယ်လို့ ထင်ခဲ့တာ"
ပိုင်ရှောင် : "....."
သူမ ပိုင်ချဲ့၏စနောက်နေမှုကို လျစ်လျူရှုလိုက်ပြီး မီးဖိုချောင်သို့ဝင်ကာ မွန့်တ် ဘလွန့်ခ်ကိတ်အား ယူထုတ်လာခဲ့၏။
"ရှင်တို့နှစ်ယောက်လုံး ရောက်လက်စနဲ့ ကျွန်မတို့ရဲ့လက်ရာကို မြည်းကြည့်ပါဦး ။ ဘယ်ဟာက ကျွန်မလုပ်ထားတာလဲဆိုတာ ခန့်မှန်းနိုင်လား? "
ပိုင်ချဲ့ အားရပါးရ ရယ်ချလိုက်တော့သည်။
"ခန့်မှန်းနေစရာလိုလို့လား? စားလို့မရတဲ့ဟာက နင်လုပ်ထားတာပေါ့"
ပိုင်ရှောင် : "....."
ဒါသည် ရိုက်စစ်စရာတောင် မလိုသည့် သူမ၏ချစ်လှစွာ သွေးသားရင်းချာအစ်ကိုပင်။
ပိုင်ချဲ့ မွန့်တ် ဘလွန့်ခ်ကိတ်နှစ်ခုလုံးအား ယွီယိထံ တွန်းပေးလိုက်ကာ-"မင်းရဲ့လျှာကနာမည်ကြီးတော့ မင်းပဲ မြည်းကြည့်လိုက်"
ယွီယိ စားပွဲပေါ်ရှိ ကိတ်မုန့်နှစ်ခုအား ငုံ့ကြည့်လိုက်လေသည်။ နှစ်ခုလုံးတွင် အသွင်အပြင်ကွာခြားမှု ကြီးကြီးမားမား မရှိပေ။ သူတစ်ခုချင်းကို မြည်းမကြည့်ခင် ကိတ်မုန့်ပန်းကန်တစ်ချပ်အား ရှေ့သို့တွန်းပို့လိုက်၏။
"ဒါထန်းမီလုပ်ထားတာ"
ပိုင်ရှောင်၏မျက်လုံးများ လက်ကနဲ ဖြစ်သွားကာ သူမခေါင်းညိတ်ပြလိုက်သည်။
"ရှောင်ရှောင် လုပ်ထားတာက ဘယ်လောက်တောင် စားလို့မရတာလဲ?"
ယွီယိ : "အရမ်းစားလို့မရတာတော့ မဟုတ်ပါဘူး"
ပိုင်ရှောင် : "...."
ထန်းမီ ဘေးတွင်ရပ်ကြည့်နေပြီးနောက် ပိုင်ရှောင်အား တိုးတိုးလေးကပ်ပြောလိုက်လေ၏။
"ကိတ်မုန့်တွေလည်း လုပ်ပြီးပြီ ရှင့်မှာလည်းတစ်ခြားကိစ္စတွေရှိနေသေးတော့ ကျွန်မပြန်တော့မယ်နော်"
ပိုင်ရှောင် ခေါင်းညိတ်ပြလိုက်ကာ-"ဟုတ်ပြီ ကျွန်မ ခဏနေရင် ရှင့်ဘဏ်အကောင့်ထဲ သင်ကြေးတန်းလွှဲလိုက်မယ်"
"ကျေးဇူးတင်ပါတယ်"
ထန်းမီ သူမအားပြုံးပြပြီးနောက် ယွီယိကို ကြည့်ကာ နှုတ်ဆက်စကားဆိုလိုက်တော့သည်။
ထန်းမီတစ်ယောက် သူမ၏အထက်လူကြီး မျက်နှာသာပေးခြင်းကို ခံလိုက်ရတာကြောင့် ရိုးရိုးတန်းတန်းပင် ငြင်းဆိုလိုက်တော့သည်။
လော့ဟောက် ဆိုဖာပေါ်မှထ၍ သူမအား ပြုံးပြလိုက်ပြီး..."ကျွန်တော် လိုက်ပို့ပေးပါ့မယ်။ ပြီးတော့ကျွန်တော့်မှာ အရေးတကြီးလုပ်စရာမရှိဘူး။"
ထန်းမီ ယွီယိအား တစ်ချက်ကြည့်လိုက်လျှင် သူ၏ရည်ရွယ်ချက် မပြောင်းလဲသေးသည်ကို မြင်လိုက်ရတာကြောင့် သဘောတူခေါင်းညိတ်ရန် သူမဖိအားပေးခံလိုက်ရတော့၏။
ထန်းမီ လော့ဟောက်နှင့်အတူ ထွက်သွားပြီးနောက် ပိုင်ချဲ့ရယ်မောကာ ယွီယိဘက် လှည့်ကြည့်လာလေသည်။
ယွီယိ သူ့စကားများအား မတုံ့ပြန်ဘဲ ပိုင်ရှောင်ကိုကျော်မေးလိုက်၏။
ပိုင်ရှောင် စိတ်လိုလက်ရ ပြုံးကာ-"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်မ[ချိုမြိန်မြိန် အိမ်မက်]မှာ ရှင်တို့ရဲ့မုန့်အသစ်ကို လာစားခဲ့တယ်လေ။ မုန့်က အရမ်းအရမ်းကို အရသာရှိတာ အဲတာနဲ့ ကျွန်မလည်း ရှင်တို့ရဲ့မုန့်ဖုတ်ဆရာမကို ခိုးချင်စိတ်ပေါ်လာခဲ့တာပဲ။ အင်း..သူက အလုပ်မှာ တော်တော် စိတ်အားထက်သန်ပြီး စိတ်လည်းရှည်တဲ့ဆရာမပဲ။ ကျွန်မသူ့ဆီကနေ အများကြီး သင်ယူလိုက်ရတယ်!"
ယွီယိ တစ်ခုခုအား တွေးနေပုံပေါ်ပေမဲ့ ထုတ်တော့မပြောပေ။ ပိုင်ချဲ့ တခစ်ခစ်ရယ်ရင်း ဆိုဖာပေါ်မှထကာ သူ့အား..."အခု ငါတို့ စီးပွားရေးအကြောင်း ပြောလို့ရပြီလား?"
ယွီယိ ခေါင်းညိတ်လိုက်ပြီး သူနှင့်အတူ စာကြည့်ခန်းထဲသို့ လိုက်သွားလေ၏။ ဧည့်ခန်းထဲမှာ ကျန်နေခဲ့သည့် ပိုင်ရှောင်အား ပိုင်ချဲ့ လှေကားပေါ်တက်ရင်း သတိလက်လွတ် ကြည့်လိုက်မိတော့သည်။
ထန်းမီ ယွီယိ၏ဘန်တလေထဲတွင် ထိုင်နေတာဖြစ်ပြီး ခုဏကဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် သူမ၏ခေါင်းသည် မူးနောက်နေဆဲပင်။ ယွီယိ လော့ဟောက်အား သူမကိုအိမ်ပြန်ပို့ပေးရန် ညွှန်ကြားခဲ့တာ ဖြစ်သော်လည်း ကိုယ်ပိုင်ဒရိုင်ဘာက ကားမောင်းပို့ပေးနေလေ၏။ လော့ဟောက်က သူမနှင့်အတူ အဖော်လုပ်ရန် လိုက်လာသည်ဟု ပြောလို့ရပေသည်။
လော့ဟောက်ကတော့ ထုံးစံအတိုင်း အရှေ့ဘက်ရှိ ခရီးသည်ခုံတွင် နေရာယူထားတာကြောင့် သူအနောက်ဘက်သို့လှည့်ကာ ထန်းမီအား လှမ်းစပ်စုလိုက်၏။
"ဘာလို့ ပိုင်ရှောင်ကို ကိတ်မုန့်ဖုတ်နည်း သင်ပေးတာလဲ?"
"သူက စားသောက်ဆိုင်ကိုတောင် တကူးတက လာပြီး ကျွန်မကို တောင်းဆိုခဲ့တာလေ အဲတာကြောင့် ကျွန်မ မငြင်းနိုင်ခဲ့ဘူး ပြီးတော့ ကျွန်မသင်တန်းကြေးကို စုနေတာ"
သူ သိသလောက်ဆိုရင် စီအီးအိုယွီက သူမအား တော်တော်လေး အထင်ကြီးလောက်စရာ လစာပမာဏအား ပေးထားသည်ပင်။
"အိုး ကျွန်မကဒီအတိုင်း ပိုက်ဆံစုနေတာပါ။ ဖြစ်နိုင်မယ်ဆိုရင် အနာဂတ်မှာ ကိုယ်ပိုင်မုန့်ဆိုင် ဖွင့်ချင်တယ်။"
"မင်းသာ မုန့်ပွဲဆိုင်ဖွင့်ရင် ငါသေချာပေါက် အားပေးဖို့လာခဲ့မယ်။"
ထန်းမီ တခစ်ခစ်ရယ်လျက်-"ကျေးဇူးတင်ပါတယ်။ အဲအချိန်ကျရင် ကျွန်မရှင့်ကို စူပါဗွီအိုင်ပီကဒ် ပေးမယ်"
လော့ဟောက်လည်း ရယ်လိုက်မိတော့သည်။
"စီအီးအိုယွီက အသီးအရွက် အသစ်တွေကို ဝယ်ဖို့အတွက် ပိုင်ချဲ့ဆီလာပြီး ဆွေးနွေးတာလေ"
ထန်းမီ မျက်လုံးများ ဟိုဘက်ဒီဘက် လှုပ်ခတ်သွားတော့သည်။
သူမ ဘန်တလေပေါ်မှ ဆင်းပြီးနောက် ကားလေးလမ်းချိုးကိုကွေ့ကာ ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှ အိမ်ထဲသို့ဝင်လာလိုက်၏။
ဒီနေ့ စနေတနင်္ဂနွေ မဟုတ်သည့်အတွက် ဖုရှင်း အလုပ်မှာရှိနေသေးသည်။ ထန်းမီ ရေချိုးပြီးနောက် ညအိပ်ဝတ်စုံကိုလဲကာ အိပ်ခန်းထဲသို့ ဦးတည်လိုက်ပြီး အိပ်ဖို့ပြင်တော့၏။
သို့သော် ကံမကောင်းစွာပင် သူမ၏ဦးနှောက်က ယွီယိနှင့်ပိုင်ရှောင်ကိုသာ အာရုံစိုက်မိနေလေသည်။ သူမ ပိုင်ရှောင်အား သိတာမကြာသေးသော်လည်း ပိုင်ရှောင်သည် လူကောင်းတစ်ယောက်ဖြစ်မည်ဟု ခံစားမိ၏။ ပိုင်ရှောင်သာဆိုလျှင် စီအီးအိုယွီရဲ့စိတ်နှစ်ခွကို လက်ခံပေးလောက်မည်။
ထန်းမီ သူမကိုယ်သူမ စောင်ဖြင့်ထုပ်လိုက်ပြီးနောက်တွင် တစ်ဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။ သူမ၏အိမ်မက်ထဲတွင် ယွီယိအတွက် မင်္ဂလာဆောင်ကိတ်မုန့်အား လုပ်ပေးနေတာဖြစ်ပြီး သူ့ဘေးမှာရပ်နေသည့် သတို့သမီးကိုတော့ ဘာကြောင့်မှန်းမသိ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။
ဖုရှင်း အလုပ်ကနေ ပြန်ရောက်လာပြီး ထန်းမီအိမ်မှာရှိနေတာကိုတောင် ညစာအတွက် မပြင်ဆင်ထားလို့ ပွစိပွစိလုပ်ခံရရင်း နိုးထလာရလေ၏။ ထန်းမီ ဖုန်းထဲတွင် ပိုက်ဆံပို့ထားကြောင်း နိုတီတက်နေတာကို တွေ့တော့ နှုတ်ခမ်းအား ဖိကိုက်လိုက်တော့သည်။ သူမ အပြင်တွင် မာလာထန်း သွားစားကြရန် ခေါ်လိုက်မှသာ ဖုရှင်းတစ်ယောက် ဘာမှပြောတော့ချေ။
မာလာထန်း တစ်ဝက်ကျိုးတော့မှ ဖုရှင်း ရုတ်တရက် တစ်ခုခုအား သတိရသွားဟန် မေးလိုက်၏။
ထန်းမီ ခဏလောက် စဉ်းစားလိုက်ပြီးနောက်-"နောက် အပတ် စနေနေ့"
"အတော်ပဲ ငါတို့တက္ကသိုလ်က လာမယ့်စနေနေ့မှာ ကျောင်းသူကျောင်းသားဟောင်း တွေ့ဆုံပွဲရှိတယ် သွားချင်လား?"
"ကျောင်းသူကျောင်းသားဟောင်း တွေ့ဆုံပွဲ?"
"သူတို့က ဘာလုပ်ကြမှာလဲ?"
ဖုရှင်း ပခုံးတွန့်ပြကာ-"ဘာလုပ်ရမှာလဲ ဒီအတိုင်း စားမယ် သောက်မယ် ချမ်းသာတာကိုကြွားမယ် ချစ်သူတွေကိုထုတ်ပြကြမယ် အဲတာပဲပေါ့"
ထန်းမီ၏နှုတ်ခမ်းထောင့်များ အောက်သို့ မဲ့ကျသွားတော့သည်။
"အဲတာဆိုရင်တော့ မသွားချင်ဘူး"
"ငါသွားချင်တယ်!"
ဖုရှင်း စိတ်လှုပ်ရှားစွာ ထန်းမီ၏လက်ကို ဆွဲကိုင်လိုက်လေ၏။
"ဒီတစ်ခေါက် ကုခိုင်ရန် သေချာပေါက်လာမှာ တက္ကသိုလ်မှာတုန်းက သူ ငါ့ကိုငြင်းခဲ့ပေမဲ့ ငါ နောက်တစ်ခေါက် ထပ်ကြိုးစားမလို့!"
ထန်းမီ : "...."
ဖုရှင်း သူမ၏လက်အား လှုပ်ယမ်းကာ အလိုလိုက်ခံထားရသည့် ကလေးလေးလို ပြုမူနေတော့သည်။
ထန်းမီ : "..."
**********
နောက်ဆုံးမှာတော့ ဖုရှင်း ထန်းမီအား တွေ့ဆုံပွဲဆီ ဆွဲခေါ်လာနိုင်ခဲ့သည်။ ထန်းမီ ပုံမှန်ဆို အလုပ်တွင် စားဖိုမှူး ယူနီဖောင်းဝတ်ပြီး ပိတ်ရက်ကျ အိမ်မှာပဲ နားနေတတ်တာကြောင့် သူမ အဝတ်အစား မဝယ်ဖြစ်တာတောင် အတော်ကြာခဲ့လေပြီ။ ဖုရှင်း သူမ၏အဝတ်ဗီရိုအား အတော်အတန်ကြာ မွှေနှောက်နေပြီး ထန်းမီအတွက် အဝတ်အစားအား ကြိုးစားပန်းစား ရှာပေးနေသော်လည်း သူမ စိတ်တိုင်းကျ အဝတ်အစား ရှာမတွေ့ချေ။
ဖုရှင်း ခေါင်းလှည့်လာကာ သူမအား စူးစူးဝါးဝါးကြည့်လိုက်တော့၏။
"ဂျီးများရမှာပေါ့။ နင်ကငါနဲ့အတူတူလိုက်ရမှာလေ။ သူများတွေ ငါတို့အပေါ် အထင်သေးတာမခံချင်ဘူး!"
ထန်းမီ : "...."
'အဲတာကြောင့် ငါမသွားချင်ဘူးလို့ ပြောခဲ့တာ!'
ဖုရှင်း စိတ်မကျေမနပ်ဖြင့် ဒီအတိုင်း ကြည့်ကောင်းသည့်ဝတ်စုံကို သူမ၏လက်ပြတ်ကိုယ်ကျပ် ကုတ်အင်္ကျီနှင့် တွဲဝတ်ရန် ထန်းမီအားပေးလိုက်တော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမ အနည်းငယ်
စိတ်ကျေနပ်သွားရ၏။
ကျောင်းသူကျောင်းသားဟောင်း တွေ့ဆုံပွဲသည် ရိုးရိုးတန်းတန်း စားဖို့သောက်ဖို့ ကြွားလုံးထုတ်ဖို့အတွက်ပဲဆိုပေမဲ့ တက္ကသိုလ်မှာတော့ အထိမ်းအမှတ်အနေဖြင့် ကျင်းပဆဲပင်။ ထန်းမီနှင့်ဖုရှင်းတို့ တက္ကသိုလ်ဝင်ပေါက်တွင် ရပ်လိုက်ချိန် ဝမ်းနည်းမှုဖြင့် သက်ပြင်းချလိုက်မိတော့သည်။
"ထန်းထန်း ဓာတ်ပုံရိုက်ရအောင်!"
"အေ တက္ကသိုလ်ရေ ငါဖုရှင်းပြန်လာပြီဟေ့!"
ဓာတ်ပုံရိုက်ပြီးနောက် ဖုရှင်း ထိုစကားအား အော်ပြောရင်း ကျောင်းဝင်းထဲသို့ ပြေးဝင်သွားတော့သည်။
ထန်းမီ သူမ၏ထူးဆန်းတဲ့ သူငယ်ချင်းအား ကြည့်ရင်း ချက်ချင်း အိမ်လှည့်ပြန်ချင်လာတော့၏။
စနေ တနင်္ဂနွေဖြစ်တာကြောင့် အတန်းများမရှိပေ။ ကျောင်းဝင်းထဲတွင် ကျောင်းသား ကျောင်းသူများ ဟိုတစ်စု ဒီတစ်စုသာရှိနေကြသည်။ ထန်းမီ 'ဒီကမ္ဘာပေါ်မှာ စိတ်ဓာတ်ကျစရာ အကောင်းဆုံးက ကိုယ့်ကျောင်းသားတွေက ထာဝရနုပျိုနေချိန်မှာ ကိုယ်က အသက်တစ်နှစ်ထက် တစ်နှစ်ကြီးလာတဲ့ဆရာ ဖြစ်နေရတာပဲ'ဟူသော စကားပုံတစ်ခုအား သတိရမိသွားတော့၏။
အခု ထန်းမီလည်း မထင်မှတ်ထားဘဲ အဲအတိုင်း ခံစားလိုက်ရပြီး ကျောင်းဝင်းထဲကနေ အမြန်ဆုံး ထွက်သွားချင်နေမိသည်။ သူမအဲလိုမနုပျိုတော့တာ နှစ်တွေကြာပြီး ဖြစ်သော်လည်း အတန်းဖော်တွေကတော့ အရင်အတိုင်းပဲဖြစ်နေ၏။
ကျောင်းဆိုတာ အမှတ်တရတွေကို ပြန်လည်ဖော်ထုတ်ပေးသည့် နေရာဆိုတာ အမှန်ပင်။
သူတို့ လမ်းအဆုံးအား ရောက်ချိန်တွင် လူတော်တော်များများ ကြိုရောက်နေသည်ကို တွေ့လိုက်ရ၏။ အတိုင်း ရိုးရှင်းသည့် ကျောင်းသားဟောင်း တွေ့ဆုံပွဲဖြစ်တဲ့အတွက် ထန်းမီအား လူတော်တော်များများ မမှတ်မိကြချေ။ ထိုကျောင်းသူ၊ ကျောင်းသားဟောင်းအုပ်စုကြီး၏ အလယ်တွင်တော့ ကောင်းကင်နှင့်မြေကြီးကိုတောင် လွှမ်းမိုးနိုင်သည့် စီနီယာဟောင်းတွေဆိုတာ ပြေးကြည့်စရာတောင် မလိုပေ။
"ကုခိုင်ရန် ပဲ!"
ဖုရှင်း ရုတ်တရက် ထန်းမီ၏လက်အား ဆွဲလိုက်ပြီး လူအုပ်အလယ်အား လက်ညှိုးထိုးပြလေသည်။
"သူက အခု အိုင်တီမှာ အလုပ်လုပ်နေတာ ဝင်ငွေလည်း တော်တော်ကောင်းတယ်တဲ့ အဲလူတွေက သူ့ပေါင်ကို ဖက်ဖို့ အခွင့်အရေးကို အမိအရယူနေကြတာပဲ!"
ထန်းမီ မျက်ခုံးများပင့်ရင်း လှည့်ကြည့်လိုက်ချိန်တွင် ထင်ထားသည့်အတိုင်း လင်ချဲ့၏မျက်နှာအား တွေ့လိုက်ရ၏။
လင်ချဲ့လည်း လူအုပ်ကြီးထဲအား ကြည့်ရန် အရှေ့သို့ တိုးလာတော့သည်။ ထို့နောက် သူတခစ်ခစ်ရယ်လိုက်ကာ-"သူ ကုခိုင်ရန်ကို လာတွေ့တာလား? အဲနှစ်က သူ ကုခိုင်ရန်ကို လူတွေရှေ့မှာ ဖွင့်ပြောခဲ့တဲ့ အသံတော်တော်ကျယ်ပြီး ပြတ်သားခဲ့တာ"
ထန်းမီ မျက်ခုံးများ မိနစ်ပိုင်းလောက် တွန့်ချိုးသွားတော့၏။
လင်ချဲ့ သူမအား တစ်ခုခုပြောချင်နေပုံဖြင့် ဟန်ပြင်နေဆဲပင်။ သို့သော် အလျင်အမြန်ပဲ လူအုပ်ကြီးသည် သူ၏တည်ရှိမှုအား ရှာတွေ့သွားပြီးနောက် ရလဒ်အနေဖြင့် သူလည်း နောက်ထပ်လူအုပ်တစ်ခု၏အလယ်သို့ ရောက်ရှိသွားပြီး အသံမျိုးစုံက ဝန်းရံခံလိုက်ရလေသည်။
ထန်းမီ ဘေးသို့ဆုတ်လိုက်ပြီး တစ်နေရာအား ငေးကြည့်နေမိ၏။ လင်ချဲ့လာရင် ဟဲ့စစ်ချီလည်း မလာနိုင်စရာအကြောင်း မရှိပေ။
အရင်တစ်ခေါက် စားသောက်ဆိုင်မှာတုန်းက ဟဲ့စစ်ချီ ပေါက်ကွဲပြီးရောက်လာတာ လင်ချဲ့ သူမကို တစ်ခုခုပြောလိုက်လို့ဖြစ်မည်။ ထန်းမီ နှုတ်ခမ်းများတွန့်သွားတော့၏။
သူမဒါကို ပြန်မတွေးချင်ပါ။