← Chapters

Chapter 19

Vol. 2 Ch. 19

Chapter 19

Vol. 2 Ch. 19

သူမ ဖုန်းအား ထုတ်ကာ ကျောင်းဝင်းထဲတွင် ဓာတ်ပုံများ လိုက်ရိုက်နေ၏။ လူတစ်ချို့ သူမအား စကားလာပြောခဲ့ကြပြီး တစ်ချို့ကိုတော့ သူမ မှတ်မိသော်လည်း တစ်ချို့ကိုတော့ မမှတ်မိခဲ့ချေ။

အေတက္ကသိုလ်ရှိ လက်ရှိကျောင်းသူကျောင်းသားများလည်း ကျောင်းသားဟောင်း တွေ့ဆုံပွဲအကြောင်းကြားကာ လာရောက်ကြည့်ရူခဲ့ကြ၏။ ဘယ်လိုပဲဖြစ်ဖြစ် လူတွေအများကြီး အာရုံစိုက်နေကြတဲ့ အဓိကပစ်မှတ်များကတော့ လူတိုင်းကြားသာကြားဖူးပြီး မတွေ့ဖူးကြသော ဩဇာလွှမ်းမိုးနိုင်သူများဖြစ်သည့် ကုခိုင်ရန်နှင့် လင်ချဲ့တို့သာ ဖြစ်လေသည်။

အဆုံးမှာတော့ တက္ကသိုလ်ဒါရိုက်တာများပါ ရောက်ရှိလာကြ၏။ အထူးသဖြင့် အောင်မြင်နေသည့် ကျောင်းသူကျောင်းသားဟောင်းများအား တက္ကသိုလ်အတွက် ပံ့ပိုးမှုပေးစေလို၍ လာရောက် နှုတ်ဆက်ကြခြင်းပင်။

တစ်ဖြည်းဖြည်းနှင့် ကျောင်းထဲတွင် လူစုံလာတာကြောင့် တစ်စုံတစ်ယောက်က သွားစားကြသောက်ကြရန် စကားစလာလေသည်။

ထျန်းရှစားသောက်ဆိုင်တွင် သီးသန့်ခန်းအကြီးစားတစ်ခန်းအား ကြိုတင်ဘိုကင်ယူထားခဲ့သည်ပင်။ ထန်းမီ ထိုအရာအားကြားကာ ရင်တုန်ပန်းတုန်ဖြစ်သွားရတော့သည်။ ဘေလ်အား ခွဲရှင်းကြမယ် ဆိုသော်လည်း သူတို့အကုန် ပိုက်ဆံအများကြီး ယူလာခဲ့ကြမှာ အသေအချာပင်ဖြစ်၏။

တကယ်ပဲ ထန်းမီ ဒီလိုလူချမ်းသာတွေ့ဆုံပွဲအား မတက်သင့်ခဲ့ပေ။

ဒီလိုနှင့် ထျန်းရှစားသောက်ဆိုင်ထဲသို့ ဝတ်ကောင်းစားလှ လူအုပ်ကြီးတစ်အုပ် ဝင်လာကြချိန်တွင် အာရုံစိုက်မှု တော်တော်များများသည် သူတို့ထံရောက်လာကြ၏။ ထန်းမီ လူအုပ်အတိုင်း စီးမျောလိုက်ပါသွားပြီး သီးသန့်ခန်းအကြီးစားထဲသို့ တစ်ယောက်တည်း ရောက်သွားတော့သည်။ သူမ ဖုရှင်းနှင့် ကွဲကွာနေတာ အတော်ကြာနေပြီပင်။

ထို့ကြောင့် သူမလူအုပ်ထဲမှာ ဖုရှင်းအား လိုက်ရှာလိုက်လေ၏။ ဖုရှင်းကိုတွေ့တော့ ထိုမိန်းမသည်ကုခိုင်ရန်ဘေးရှိ ခုံမှာနေရာယူ ပြီးနှင့်ပြီ။

ထန်းမီ ဝမ်းနည်းစွာပြုံးရင်း ချောင်လေးထဲမှာပဲထိုင်ဖို့ နေရာရှာနေချိန်တွင် ရုတ်တရက် လင်ချဲ့ ရောက်လာပြီး သူမအတွက် ထိုင်ခုံအား ဆွဲထုတ်ပေးလာတော့သည်။

"ကိုယ်မင်းဘေးမှာ မထိုင်သင့်ဘူးလို့ ပြောအုန်းမှာလား?"

ထန်းမီ နှုတ်ခမ်းအား ဖိကိုက်ကာ ငြိမ်သက်နေ၏။ သူမအရင်တစ်ခေါက်က လင်ချဲ့အား သေချာရှင်းပြပြီးပြီပင်။

'သူ အခုဘာလိုချင်နေတာလဲ?'

လင်ချဲ့ထိုင်ပြီးနောက် သူ့ဘေးခုံအား တစ်စုံတစ်ယောက်က အမြန်အမိအရယူလိုက်၏--ထန်းမီ မမှတ်မိသည့် မိန်းကလေးတစ်ယောက်ပင်။ ထိုမိန်းကလေးသည် အကြောင်းအရာမျိုးစုံအား တရစပ်ပြော၍ လင်ချဲ့ သူမကို စကားပြောလာအောင် ကြိုးစားနေလေသည်။ သို့သော် လင်ချဲ့ကတော့ ခေါင်းပဲ ညိတ်ပြနေကာ သူ့အာရုံများသည်

ထန်းမီ ဆီသာ ရောက်နေ၏။

ဟင်းပွဲများ ရောက်လာချိန်တွင် ထမင်းစား စားပွဲသည် ပို၍သက်ဝင်လှုပ်ရှားလာတော့သည်။ ထန်းမီ အစားကိုပဲ အာရုံထားကာ တစ်ချိန်လုံး ငြိမ်သက်နေ၏။ သို့သော် လင်ချဲ့ကတော့ အချိန်ပြည့် သူမ၏ပန်းကန်ပြားထဲအား ဟင်းများထည့်‌ပေးနေတာကြောင့် တစ်ဖက်ရှိမိန်းကလေးသည် သူမအားမျက်စောင်းထိုးနေလေချေပြီ။

စားသောက်ပွဲ တစ်ဝက်လောက်ရောက်မှ ဟဲ့စစ်ချီတစ်ယောက်ဝင်ချလာခဲ့၏။ လူတော်တော်များများသည် ဟဲ့စစ်ချီ လင်ချဲ့ရှိရာ ပြင်သစ်သို့လိုက်သွားပြီး အခု သူတို့နှစ်ယောက် ကိတ်မုန့်‌ဆိုင် ပေါင်းဖွင့်ထားသည်ကို သိကြတာကြောင့် သူ မဝင်လာတာနှင့် အကုန်လုံး လင်ချဲ့အား စတင် မေးမြန်းလာကြလေသည်။ တစ်ချို့ဆို သူတို့ မင်္ဂလာဆောင်ဖိတ်စာ ဘယ်တော့ပို့မှာလဲဟု တောင် မေးလာကြ၏။

လင်ချဲ့ အကုန်လုံးအား ရယ်လျက်ရှင်းပြလေသည်။

"မင်းတို့မှားနေပြီ။ ငါတို့နှစ်ယောက်က သာမန် စီးပွားရေးပါတနာတွေပါကွာ"

ဟဲ့စစ်ချီ၏မျက်နှာထား ချက်ချင်းပြောင်းလဲသွားတော့သည်။ သူမ လင်ချဲ့နောက်ကျောအား စိုက်ကြည့်နေပြီး ဘာမှမပြောပေ။ တစ်ခြားလူတွေကတော့ လင်ချဲ့ရှက်နေတာဟုထင်ကာ သူ့ရှင်းပြချက်အား အလေးမထားခဲ့ကြပါ။

ထိုအချိန်တွင် လင်ချဲ့ဘေးနှစ်ဖက်လုံးတွင် လူရှိနေကြသော်လည်း မမျှော်လင့်ဘဲ ဟဲ့စစ်ချီသည် ဘေးတွင်လာ ရပ်နေခဲ့၏။ မသိလျှင် လင်းယုန်တစ်ကောင်က ကျီးကန်သိုက်အား စောင့်ကြည့်နေသည်နှင့်တောင် တူလှသည်။

လင်ချဲ့၏တစ်ဖက်ရှိ မိန်းကလေးကတော့ သူမနေရာအား ဖယ်ပေးလိမ့်မည်ဟု ထန်းမီမထင်ပေ။ နောက်ပြီး သူမလည်း ဒီနေရာတွင် ဆက်မထိုင်ချင်တော့သဖြင့် အခြေအနေအား အခွင့်ကောင်းယူကာ နေရာဖယ်ပေးလိုက်လေသည်။

သူမ ပြောပြီးသည်နှင့် ဘယ်သူ့ကိုမှ လှည့်ကြည့်မနေဘဲ တန်းထွက်လာခဲ့လိုက်သည်။ ထို့နောက် ဖုန်းထုတ်၍ ဖုရှင်းအား မက်ဆေ့ခ်ျပို့လိုက်၏။

[ ငါ အရင်ပြန်နှင့်မယ် ဘေလ်ရှင်းရင် ငါ့အတွက် ပေါင်းရှင်းပေးထားလိုက် နင်အိမ်ပြန်ရောက်ရင်ပြန်ပေးမယ်။ ]

မကြာခင်မှာပဲ ဖုရှင်း စာပြန်ပို့လာသည်။

[ ထန်းမီ ကြောက်တတ်တဲ့ကြက်ဥလေး။ နင် ဟဲ့စစ်ချီရောက်တဲ့အချိန်မှ ထွက်သွားတာ! ထားလိုက်ပါ။ ကျယ်ကျဲ နောက်မှအဲကောင်မကို နေရာမှန်ပြန်ပို့ပေးမယ်! ]

ထန်းမီ ဖုရှင်း၏စာကြောင့် တခစ်ခစ်ရယ်လိုက်ကာ ဘာကိုမှရှင်းပြမ‌နေတော့ဘဲ ဖုန်းအားအိတ်ထဲ ပြန်ထည့်လိုက်တော့သည်။

သူမ စားသောက်ဆိုင်ထဲက ထွက်လာတော့ လင်ချဲ့လည်း နောက်မှအပြေးအလွှား လိုက်ထွက်လာ၏။

"မင်းပြန်တော့မယ် ဆိုတာသိတယ်"

သူ့နှုတ်ခမ်းများ ပုံမှန်နဲ့မတူစွာ နှစ်လိုဖွယ် သဘောတကျ ပြုံးပြလိုက်ပြီးနောက်-"ကိုယ် လိုက်ပို့ပေးမယ် ဟုတ်ပြီလား?"

သူမ ဒါအတွက် ကြိုတင်ပြင်ဆင်ထားသည့် စကားလုံးအား ကောက်သုံးကာ ငြင်းဆိုလိုက်တော့သည်။

"မလိုပါဘူး ကျွန်မလမ်းသိတယ်။"

လင်ချဲ့၏မျက်ခုံးများ မြင့်တက်သွားလေ၏။ သို့သော် သူထန်းမီဘေးမှ ကပ်လျှောက်လာတုန်းပင်။

"မင်း ဘာလို့ ကိုယ့်ကိုငြင်းလဲဆိုတာသိတယ်။ ကိုယ် ဟဲ့စစ်ချီဆီက ကြားတာ မင်းအခုယွီယိနဲ့ တွဲနေတယ်ဆို?"

သူ့စကားအား ကြားပြီးနောက် ထန်းမီ ထိပ်လန့်မှုကြောင့် သေချင်သလိုတောင် ဖြစ်သွားရတော့သည်။ သူမစိတ်အေးအေးထားပြီး စဉ်းစားကြည့်တော့မှ သူပြောတဲ့ 'ယွီယိ'ဆိုတာသည် တကယ်တော့ 'ယွီရှင်း' ဖြစ်နေတာကို သဘောပေါက်လိုက်၏။

လင်ချဲ့ မျက်မှောင်ကြုတ်ကာ-"မမိုက်မဲစမ်းပါနဲ့ကွာ။ ယွီယိလိုလူမျိုးတွေက မင်းကို တကယ်အလေးနက်ထားနိုင်လို့လား? ယွီယိရဲ့စားသောက်ဆိုင် အကုန်လုံးနီးပါးမှာ သုံးနေတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေကို ပိုင်မိသားစုက ဈေးနည်းနည်းနဲ့ တင်ပို့နေတယ်ဆိုတာသိလား? အဲဒီမိသားစုနှစ်စုက လက်ထပ်ပွဲစီစဉ်ပြီး သူတို့စီးပွားရေးကို အချိန်အကြာကြီး ထိန်းသိမ်းထားအုန်းမှာ ဘာလို့သူ့အနားမှာ နေချင်ရတာလဲ?"

ထန်းမီ သူ့စကားအားကြားတော့ အလိုလိုရယ်လိုက်မိတော့၏။

"လင်ချဲ့ ဒီကမ္ဘာမှာယောက်ျားဆိုလို့ ရှင်နဲ့ယွီယိပဲ ရှိတာမဟုတ်ဘူး။ တကယ်လို့ ကျွန်မယွီယိနဲ့ မတွဲဘူး ဆိုရင်တောင် ရှင်နဲ့လည်းတွဲမှာမဟုတ်ဘူး။"

လင်ချဲ့ ခဏလောက် ငြိမ်ကျသွားပြီးမှ လေသံပြန်လျော့လာတော့သည်။

"ရှင် ဒီစကားပြောဖို့ ဘယ်ကသတ္တိတွေ ရလာတာလဲ? ရှင် နိုင်ငံခြားထွက်သွားတာကို ကြားပြီး ကျွန်မဘယ်လိုခံစားခဲ့ရလဲဆိုတာရော သိရဲ့လား?"

လင်ချဲ့ ချက်ချင်း ပါးစပ်ပိတ်သွားတော့၏။ ထို့နောက် ထန်းမီသက်ပြင်းချကာ သူ့အားတစ်ချက်မှလှည့်မကြည့်ဘဲ ထွက်လာလိုက်တော့သည်။ လင်ချဲ့ သူမထွက်သွားသည်အား အချိန်အတော်ကြာ ရပ်ကြည့်နေပြီးနောက် စားသောက်ဆိုင်ဘက် ပြန်လှည့်လာခဲ့၏။

ဟဲ့စစ်ချီက ဝင်ပေါက်မှာ ရပ်နေကာ သူပြန်လှည့်လာသည်ကို မြင်တော့ သူမမျက်လုံးများထဲတွင် လှောင်ရိပ်သန်းနေလေသည်။

"အဲမိန်းမက အခုယွီယိရဲ့ပေါင်ကို ဖက်နေပြီ ဘယ်လိုလုပ်ရှင့်ကို အသိအမှတ်ပြုမှာလဲ?"

လင်ချဲ့ သူမအား စိုက်ကြည့်ကာ ခပ်တည်တည်ပင် ဖြတ်လျှောက်သွားလိုက်၏။

"အရင်က ငါသူ့ကိုငြင်းခဲ့တာ အခု ငါသူ့ကို ပြန်လိုချင်တယ်။ အဲတာကြောင့် သေချာပေါက် နာကျင်ရမယ်ဆိုလည်း ဖြစ်တယ်။"

ဟဲ့စစ်ချီ လှောင်ရယ် ရယ်ကာ-"လင်ချဲ့ ရှင်ဘယ်တုန်းက အဲလောက် ခေါင်းမာလာတာလဲ? ဘာလို့ထန်းမီရဲ့သစ်ပင်ပေါ်မှာ ဆွဲကြိုးချဖို့ စဉ်းစားနေတာလဲ?"

ဟဲ့စစ်ချီ၏မျက်ခုံးများ တုန်လှုပ်သွားကာ ဘာမှဆက်မပြောတော့ချေ။ လင်ချဲ့ သူမဘေးကနေ ဖြတ်လျှောက်သွားရင်း ထပ်၍..."ငါ မင်းရဲ့ဦးလေးကို ဆိုင်မှာ ဆက်လုပ်ခွင့် ပေးမှာမဟုတ်ဘူး။ မင်း ထန်းမီကို ဆက်နှောင့်ယှက်နေမယ်ဆိုရင် ငါမင်းဘဝကို တစ်စစီဆုတ်ဖြဲပစ်ဖို့ ဝန်မလေးဘူး။"

ဟဲ့စစ်ချီ မျက်စိရှေ့မှသူအား ကြည့်ကာ မျက်နှာများ မသိမသာဖြူဖျော့လာတော့သည်။ သို့သော် သူ့နောက်ကနေ အထဲသို့လိုက်ဝင်လိုက်၏။

ထန်းမီ ထျန်းရှစားသောက်ဆိုင်ကနေ ထွက်လာပြီးနောက် အိမ်ကိုတန်း မပြန်သေးဘဲ။ မြို့ထဲမှာပဲ ခြေဦးတည့်ရာ လျှောက်သွားနေမိလေသည်။ လင်ချဲ့၏စကားများသည် သူမခေါင်းထဲတွင် ပဲ့တင်ထပ်နေ၏။ တိတိကျကျပြောရရင် ယွီမိသားစုနှင့် ပိုင်မိသားစုတို့ စီးပွားရေးလုပ်ငန်းအတွက် လက်ထပ်မယ့်အကြောင်းပင်။

ထန်းမီ မျက်မှောင်ကြုတ်လိုက်ပြီး သူမခေါင်းအား ခပ်ပြင်းပြင်း တစ်ချက် ခေါက်လိုက်တော့သည်။

'အဲမိသားစုနှစ်စု လက်ထပ်တာကို သူဘာလုပ်ရမှာလဲ? ဘာလို့ဒီမှာ သူကစိတ်ပူနေတာလဲ?'

သူမနှုတ်ခမ်းအား ကိုက်လိုက်ပြီး တစ်နေရာရာတွင် နေ့လည်စာဆက်စားဖို့ ဆုံးဖြတ်လိုက်လေ၏။

လမ်းထောင့်တစ်နေရာကို ဖြတ်သွားစဥ် ထန်းမီ ရုတ်တရက် တစ်ုခုအား သတိထားမိသွားဟန် ပြန်လှည့်ကြည့်လိုက်မိတော့သည်။ ဒီလမ်းသည် 'ပျော်ရွှင်ခြင်းမုန့်ဖို'အား သွားသည့်လမ်းပင်။ အရင်တစ်ခေါက် ယွီရှင်းသူမကို ခေါ်လာတုန်းက သူဒီလမ်းကနေ ဖြတ်မောင်းခဲ့သည်။

ထို့နောက် သူမဒီလမ်းထဲတွင် နာမည်ကောင်းရထားသည့် မုန့်ဆိုင်လေးတစ်ဆိုင် ရှိတာကို မှတ်မိသွားပြီး လမ်းအတိုင်း လျှောက်လာခဲ့လိုက်၏။

နေ့လည်စာ စားချိန်ဖြစ်သဖြင့် မုန့်ဆိုင်လေးသည် လူအပြည့်ဖြစ်နေသည်။ ထန်းမီ သူမအသက်နှင့်တမျှရင်းကာ ခဲရာခဲဆစ်ဖြင့် စားပွဲအလွတ်အား ရှာလိုက်ပြီး ငရုတ်ဆီဖက်ထုပ်နှင့် ခေါက်ဆွဲအနှစ်သုပ်တို့အား မှာလိုက်၏။

သူမပြတင်းပေါက်နေရာအား ရှာထိုင်ထားသည့်အတွက် မှာပြီးသည်နှင့် ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေမိလေသည်။ သေးငယ်ပြီး ခြံစည်းရိုးခတ်ထားသည့် ခြံဝင်းလေးတစ်ခုသည် လန်းဆန်းနေတဲ့ ပန်းများ၊ ဓာတ်ပုံတစ်ပုံ ၊ စာရေး

ထန်းမီ ထိုနေရာအား အချိန်အတော်အတန်ကြာ စိုက်ကြည့်နေခဲ့သော်လည်း နေရာကအရမ်း ဝေးလွန်းနေတာကြောင့် သူမဆိုင်းဘုတ်ပေါ်ရှိ စာများအား မမြင်ရပေ။

စားပွဲထိုးတစ်ယောက်သည် သူမမှာထားသော အစားအသောက်များအား လာချပေးပြီး ဘေလ်ကိုပါ တစ်ခါတည်း ပေးသွားခဲ့သည်။ ထန်းမီ ပြတင်းပေါက်ဆီမှ အကြည့်အား ပြန်ရုတ်သိမ်းပြီး တူစကိုင်ကာ စားဖို့ပြင်လိုက်တော့၏။

စားသောက်ပြီး၍ မုန့်ဆိုင်မှထွက်လာပြီးနောက် ထန်းမီ ထိုခြံဝင်းလေးအားကြည့်ရန် လမ်းသွယ်လေးအတိုင်း လျှောက်လာခဲ့တော့သည်။ အထူးသဖြင့် ခြံစည်းရိုးပေါ်ရှိ ဓာတ်ပုံထဲက မိန်းကလေးသည် သူမအာရုံအား ဖမ်းစားနေလေ၏။ ထိုမိန်းကလေးသည် ဘွဲ့ဝတ်စုံအား ဝတ်ထားကာ လေးနှစ်တက်ရသည့် တက္ကသိုလ်ကနေ ဘွဲ့ယူထားပြီးကာစဖြစ်လိမ့်မည်။

သူမ၏အကြည့်များ ဓာတ်ပုံဘေးရှိ ဆိုင်းဘုတ်ပေါ်ရောက်သွားချိန်တွင် မျက်လုံးများ အရောင်လဲ့သွားတော့သည်။

[ မာမား ကောင်းကင်တိုင်းပြည်မှာ အဆင်ပြေရဲ့လား? ဒီနေ့သမီး တက္ကသိုလ်ကနေ ဘွဲ့ယူရတယ် အချိန်တွေက မြန်လိုက်တာနော် ]

အောက်ဆုံးမှာ ပြုံးနေတဲ့မျက်နှာ အကြီးကြီးတစ်ခုကိုလည်း ရေးဆွဲထားသေး၏။

ထန်းမီ ကြောင်ကြည့်နေပြီးနောက် နောက်ထပ်ကဒ်တစ်ခုအား တွေ့လိုက်ရသည်။ ထိုကဒ်ပေါ်တွင် စာအနည်းငယ်သာ ရေးထား၏။

ထန်းမီ ရုတ်တရက် နားလည်သွားတော့သည်။

'ဒါကွယ်လွန်သွားတဲ့သူအတွက် ပူဇော်တဲ့နေရာလား? ဒါပေမဲ့ ဘာလို့ဒီမှာရှိနေတာလဲ?'

"မိန်းကလေး ကွယ်လွန်သူအတွက် ပူဇော်နေတာလား?"

ထန်းမီ လန့်ဖျန့်သွားကာ ခေါင်းယမ်းလိုက်ရင်း..."မဟုတ်ပါဘူး ဒီမှာဘာဖြစ်ခဲ့တာလဲ?"

အန်တီကြီးသည် အသီးအိတ်နှစ်အိတ် သယ်ထားသော်လည်း ထန်းမီစားခဲ့သည့်မုန့်‌ဆိုင်လေးအား လက်ညှိုးထိုးပြကာ-"အဲတာအရင်တုန်းက လက်ဝတ်ရတနာဆိုင် ဖြစ်ခဲ့တာလေ။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ဖောက်ထွင်းသူတွေ ဝင်စီးခဲ့တယ်။ သူတို့အားလုံးမှာသေနတ်တွေပါလာပြီး ရဲတွေလာတဲ့အချိန် ရုတ်တရက်ပစ်ခတ်ကြတာ! အဲသေနတ်သံတွေက မီးရှုးမီးပန်းသံတွေနဲ့တူတာကို အခုထိမှတ်မိနေသေးတယ်! အဲတုန်းက အရမ်းကိုဗြောင်းဆန်ခဲ့တာ ပြီးတော့ ဖြတ်သွားဖြတ်လာအချို့လည်း ကျည်ဆံမှန်သွားသေးတယ်။ မီဒီယာမှာတောင် အချိန်အကြာကြီး ဒီသတင်းပါလာခဲ့တာ"

အန်တီကြီးသည် သက်ပြင်းချကာ ပန်းများနှင့်ကဒ်များအား ကြည့်လိုက်၏။

"အဲအချိန်တုန်းကတော့ မြို့ထဲမှာမုန်တိုင်းတိုက်သလို သတင်းက ပျံ့နှံ့ခဲ့ပေမဲ့ နှစ်တွေအများကြီးကြာတော့ လူတွေလည်း မေ့သွားလောက်ပြီ မိသားစုကို ဆုံးရှုံးလိုက်ရတဲ့သူတွေလောက်ပဲ မှတ်မိနေမှာ"

အန်တီ၏စကားကြောင့် ထန်းမီ မှုန်မှုန်ဝါးဝါးဖြင့် မှတ်မိလာတော့သည်။ ဒါပေမဲ့ ထိုအချိန်တုန်းက သူမအရမ်းငယ်သေး၏။ လူကြီးတွေ ပစ်ခတ်မှုအကြောင်း၊ လူတွေသေတဲ့အကြောင်း ပြောနေကြတာကိုတော့ ကြားဖူးသလိုလိုပင်။

ဘာကြောင့်မှန်းမသိ ဒီကိစ္စကြောင့် အရင်တစ်ခေါက်က ယွီရှင်းဒီနေရာအားရှောင်ပြီး ကွေ့ပတ်မောင်းခဲ့တာဟု သူမတွေးမိလိုက်သည်။ အန်တီထွက်သွားပြီးနောက် သူမခြံဝင်းအား အရိုအသေပေးကာ အိမ်သို့မြန်မြန်ပြန်လာခဲ့လေ၏။

သူမ အခန်းထဲသို့ ခပ်သွက်သွက်ဝင်ကာ ကွန်ပျူတာအား စိတ်မရှည်စွာ ဖွင့်လိုက်၏။ ထို့နောက် ထန်းမီ [ အေမြို့ လက်ဝတ်ရတနာဆိုင် ဓားပြတိုက်မှု ] ဟု ရိုက်ရှာလိုက်တော့သည်။

ရလဒ်များကျလာပြီးနောက် သူမအကုန်လုံးအား တစ်ခုမကျန် ဝင်ကြည့်နေမိသည်။ အားလုံးက 'သွေးထွက်သံယိုအမှု'လို့ရေးထားကြပြီး 'သုံးယောက်သေ၊ နှစ်ယောက်ဒဏ်ရာ အနည်းငယ်ရ'ဟု လည်းရေးထားကြ၏။

သူမနှလုံးသားလေးသည် လျင်မြန်စွာခုန်နေပြီး ထန်းမီ.မထိန်းချုပ်နိုင်တော့ဘဲ သတင်းအကြောင်းအရာအား ဖွင့်ကာ သေချာဖတ်လိုက်မိတော့သည်။

ဓားပြတိုက်မှုသည် လွန်ခဲ့တဲ့၁၅ နှစ်ခန့်က ဖြစ်ခဲ့တာပင်။ ဖောက်ထွင်းသူသည် သုံးယောက်ဖြစ်သော်လည်း နှစ်ယောက်သည် နေရာမှာတင် ရဲများ၏ပစ်သတ်မှုအား ခံခဲ့ရ၏။ တစ်ယောက်က ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း တစ်ရက်အကြာမှာပဲ အဖမ်းခံခဲ့ရသည်။

ရာဇဝတ်သားကို ဥပဒေအတိုင်း အပြစ်ပေးလိုက်နိုင်ခဲ့သော်လည်း ပစ်ခတ်မှုသည် ရုတ်တရက်ဆန်သွားသဖြင့် လူအုပ်ကြီးကို ဗြောင်းဆန်သွားစေခဲ့သည်။ ကသောင်းကနင်း ဖြစ်မှုကြောင့် ဖြတ်သွားဖြတ်လာများပါ ကျည်ဆံမှန်ပြီး သုံးယောက် မတော်တဆသေဆုံးသွားခဲ့ရ၏။

ထန်းမီ မျက်မှောင်ကြုတ်လိုက်မိတော့သည်။ အရင်က ယွီယိ သူမကိုပြောခဲ့သည်က ယွီရှင်းသည် သူ့အသက် ၁၂ နှစ်မှာ စတင်ပေါ်လာတာဖြစ်ပြီး သူ့အသက်၁၂ နှစ်ကဆိုရင် လွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်လိမ့်မည်ပင်။

ထန်းမီ မောက်စ်ကို ရွှေ့ရင်း သူမလက်များ အနည်းငယ်တုန်ယင်နေသည်ကို သတိမထားမိပေ။ သူမအောက်ကို ဆွဲကြည့်ရင်း နစ်နာသူများအကြောင်း အချက်အလက်ရှာတွေ့ရန် မျှော်လင့်နေသော်လည်း ဒီသတင်းဖော်ပြချက်မှာ နာမည်များအား မရေးထားချေ။

သူမ ဝင်းဒိုးကို ပိတ်၍ တစ်ခြားသတင်းအား မြန်မြန်ဖွင့်ကြည့်လိုက်သည်။

'ဖြစ်စဉ်..ရာဇဝတ်သားရဲ့အချက်အလက်၊ ပစ်ခတ်မှုမှ အသေအဆုံး၊ နစ်နာသူတွေရဲ့ အချက်အလက်......'

ထန်းမီ သတိလက်လွတ်ဖြင့် အသက်အောင့်လိုက်မိတော့သည်။

'လော့ကျန်းတဲ့ ၊ တုံရှစ်ချင် ၊ ယွီယန်'

All Chapters