← Chapters

Chapter 25

Vol. 3 Ch. 25

Chapter 25

Vol. 3 Ch. 25

အပန်းဖြေဥယျာဉ်၏ဝင်ပေါက်တွင် လူတွေများနေသည်ကိုကြည့်ပြီး ယွီရှင်း မျက်မှောင်ကြုတ်လိုက်မိတော့သည်။

"ဘာလို့လူတွေ အရမ်းများနေရတာလဲ?"

ထန်းမီ စိတ်မရှည်ဟန် တန်းဖြေလိုက်၏။

"ဒီနေ့ ကလေးများနေ့မို့လို့လေ"

ယွီရှင်း : ".... "

သူ အကြာကြီး ရပ်စဉ်းစားနေပြီးနောက် ထန်းမီအား ပြုံးပြကာ အကြံပေးလိုက်လေသည်။

"ကိုယ်တို့ ဒီနေရာကို ဝယ်လိုက်ရင်ဘယ်လိုလဲ?"

ထန်းမီ : "...."

"စိတ်မပူပါနဲ့ ယွီယိ ပိုက်ဆံပဲဟာ"

ထန်းမီ : "...."

'စီအီးအိုယွီက သူ့မိသားစုကို ထောက်ပံ့ဖို့ အားကြိုးမာန်တက် ရှာထားတဲ့ပိုက်ဆံကို ရှင်ကအပြင်ထွက်ပြီး သုံးဖြုန်းပစ်ဖို့လုပ်နေတယ်!....မှားတော့မှားနေပြီနော်'

ထန်းမီ သူ့လက်ကိုဆွဲကာ လေးလေးနက်နက်ဖြင့် ဆုံးမလိုက်တော့သည်။

“လိမ်လိမ်မာမာနေနော်။ သားလေး ကလေးများနေ့မှာ တစ်ခြားကလေးတွေနဲ့ပဲ ပျော်‌ပျော်ဆော့"

ယွီရှင်း : "..."

နှစ်‌ယောက်သား လက်မှတ်ဝယ်ကာ ဥယျာဉ်ထဲသို့ဝင်လာပြီးနောက် ယွီရှင်း၏ဖုန်းသံ ထမြည်လာသည်။ ယွီရှင်း တစ်ချက်ထုတ်ကြည့်လိုက်ကာ ပြန်ပိတ်ချလိုက်၏။

သူ ဖုန်းချလိုက်ပြီးသိပ်မကြာခင်မှာပဲ ထန်းမီ၏ဖုန်းလည်း ရုတ်တရက် ထမြည်လာတော့သည်။

ယွီရှင်း မျက်မှောင်ကြုတ်သွားကာ ထန်းမီ ဖုန်းအားထုတ်ကြည့်လိုက်ချိန်တွင် လော့ဟောက်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

"မကိုင်နဲ့"

ထန်းမီ ယွီရှင်းစကားအား နားမထောင်ဘဲ ခြေလှမ်းအနည်းငယ် တိုးလျှောက်ကာ ဖုန်းကိုင် လိုက်လေသည်။ ထန်းမီ ဘာမှမပြောရသေးခင်မှာပဲ တစ်ဖက်တွင် လော့ဟောက်အသံ အရင်ထွက်လာတော့၏။

"ယွီရှင်းနဲ့ အတူ ရှိနေတာလား?"

"ဟုတ် အခုကျွန်မတို့အပန်းဖြေဥယျာဉ်မှာ အရေးကြီးကိစ္စရှိလို့လား?"

လော့ဟောက် : "...."

သူ ခဏတိတ်ဆိတ်သွားကာ-"ရပါတယ်။ အစကစီအီးအိုယွီ သူ့မိဘတွေနဲ့ နေ့လယ်စာ စားဖို့စီစဉ်ထားလို့ပါ။ ဒါပေမဲ့ အခုအပန်းဖြေဥယျာဉ်မှာဆိုတော့ အဲဒီမှာပဲ ပျော်လိုက်ကြပါ"

ထန်းမီ မျက်ခုံးများတွန့်ချိုးသွားတော့၏။

"ဒါပေမဲ့ နေ့လယ်စာသွားမစားတာ အဆင်ပြေရဲ့လား?"

"ရပါတယ်။ သူ့မွေးနေ့ပွဲလုပ်ပေးဖို့ဆိုပေမဲ့ ကြည့်ရတာ သူထန်းမီနဲ့ပဲ ပျော်ချင်တာထင်တယ်။"

ထန်းမီ : "..."

"ကျွန်တော် စီအီးအိုယွီရဲ့မိဘတွေကို သေချာ ရှင်းပြလိုက်မယ်။ ဒါဆိုမင်းတို့နှစ်ယောက်ကို မနှောင့်ယှက်တော့ဘူးနော်"

လော့ဟောက်ပြောပြီးသည်နှင့် ဖုန်းချသွား၏။ ထန်းမီ ဖုန်းအား အိတ်ထဲသို့ပြန်သိမ်းပြီးနောက် ယွီရှင်းဘက်လှည့်လိုက်ပြီး..."ရှင်မွေးနေ့မှာ မိဘတွေနဲ့အတူ နေ့လယ်စာ သွားမစားဘူးလား?"

ယွီရှင်း ဂရုမစိုက်ဟန်ဖြင့်..."ကိုယ့်မွေးနေ့တိုင်း အဲပျင်းစရာကောင်းတဲ့ နေ့လယ်စာ သွားစားနေကျ ပြီးရင်ကိုယ့်ကို စာအုပ်တွေ အထပ်လိုက်ပေးသေးတာ။"

ထို့နောက် သူထန်းမီအား စိုက်ကြည့်လိုက််ကာ စကားပြန်ဆက်လိုက်သည်။

"ကိုယ့်မှာ အချိန်အများကြီးမရှိဘူး။ ဒီတော့မင်းနဲ့ပဲအတူကုန်ဆုံးချင်တယ်"

ထန်းမီ ငြိမ်သက်နေပြီးနောက်..."အဲဒါဆိုရင်လည်း ကျွန်မတို့ အရင်ဆုံး နေ့လယ်စာ စားကြမယ်လေ။ ကျွန်မဗိုက်ဆာနေပြီ"

"အာ ကိုယ်‌စောစောကသိခဲ့ရင် ကားထဲမှာ ကိတ်မုန့်စားလို့ရတယ်"

ယွီရှင်း သူ့ဘာသာသူ ရေရွတ်နေပြီးနောက် ထန်းမီအား ဥယျာဉ်ဆီသို့ ဦးဆောင်ခေါ်သွားလေသည်။

"ဥယျာဉ်ထဲမှာပဲ တစ်ခုခုစားလိုက်ကြတာပေါ့"

ထို့နောက် နှစ်ယောက်သား ဟော့ဒေါ့နှစ်ချောင်း၊ ဆန်းဝှစ်ခ်ျနှစ်ခု၊ ဖျော်ရည်နှစ်ခွက် ဝယ်ကာ မြက်ခင်းဧရိယာ၌ ထိုင်စားလိုက်ကြ၏။

အပန်းဖြေ ဥယျာဉ်အပြင်ဘက်မှာ ပန်းခြံဧရိယာရှိပြီး စုံတွဲများသည် ထိုနေရာကိုရရန် လုတတ်ကြလေ့ရှိသည်။ သို့သော် ယခုတွင်ဘယ်သူမှ အပန်းဖြေဥယျာဉ်ထဲမှာထိုင်ရင်း အချိန်မဖြုန်းကြသည့်အတွက် ယွီရှင်းနှင့်ထန်းမီတို့ မြက်ခင်းဧရိယာအား အပိုင်စားရထားခြင်းပင်။

ထန်းမီ ဆန်းဝှစ်ခ်ျအား လက်စသတ်လိုက်ပြီးနောက် ပျင်းတိပျင်းရွဲဖြင့် အကြောဆန့်လိုက်၏။

"စားပြီးတော့ အိပ်ချင်လာသလိုပဲ"

ယွီရှင်း သဘောတကျဖြင့် တခစ်ခစ်ရယ်ကာ-"ရိုလာကိုစတာသွားစီးမယ်လေ ကိုယ်အာမခံတယ် တစ်ခါစီးပြီးတာနဲ့ တက်ကြွလန်းဆန်းသွားစေရမယ်"

အပန်းဖြေဥယျာဉ်ဆီကနေ လည်ပတ်သူများ၏ အော်ဟစ်သံသည် အချိန်ကိုက်ထွက်လာလျှင် ထန်းမီ နှုတ်ခမ်းအားမဲ့လျက် ကွန်ပလိန်းတက်၏။

"အခုမှ စားထားတာလေ ဒီထက်ညင်သာတဲ့ဟာကို‌ ကစားလို့မရဘူးလား? "

ယွီရှင်း ထပ်၍အကြံပေးလိုက်လိုက်၏။

"ဖယ်ရစ်ဝှီးလ် ဒါမှမဟုတ် ခါရူဆယ်"

ထန်းမီ သေချာစဉ်းစား ရွေးချယ်နေပြီးနောက်-"အဲဒါဆို ခါရူဆယ်စီးမယ် ကလေးတွေနဲ့ ပိုသင့်တော်လို့လေ!"

ယွီရှင်း : "...."

သူ တမင်သက်သက် ကလေးများနေ့မှာမွေးဖို့ ရွေးချယ်ခဲ့တာမှမဟုတ်တာ..။

သူ ထန်းမီနှုတ်ခမ်းထောင့်တွင် ပေနေသည့် ဆန်းဝှစ်ခ်ျအနှစ်အား ကြည့်ကာ ပြုံးရယ်ရင်း သုတ်ပေးဖို့လက်လှမ်းလိုက်လေသည်။

"ကြည့်ရတာ ဘယ်သူက ကလေးနဲ့ပိုတူနေတာလဲ?"

သူ လက်မဖြင့် ထန်းမီ၏နှုတ်ခမ်းထောင့်လေးအား ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။ ထို့နောက် ယွီရှင်း၏အကြည့်များ နက်ရိူင်းလာကာ သူမ၏မေးစေ့အား ဆွဲမော့လိုက်ပြီး ဖြည်းဖြည်းချင်း ကိုယ်ညွှတ်ချလာတော့သည်။

ထန်းမီ သတိလက်လွတ် အသက်ရှုအောင့်လိုက်မိ၏။ ယွီရှင်း၏ချောမောလှသည့်မျက်နှာလေး တစ်ဖြည်းဖြည်း နီးကပ်လာတာကိုကြည့်ရင်း ရင်ခုန်သံများ ဗလောင်ဆူလာရတော့၏။

'သူတွန်းလိုက်ရင် ဘာဖြစ်သွားမလဲ?'

သူတို့နှစ်ယောက်က ချစ်သူတွေမဟုတ်တာ၊ သူမ သူ့ကိုတွန်းထုတ်ပစ်သင့်သည်။ သူတို့ အခါပေါင်းများစွာနမ်းဖူးခဲ့ပြီး အစပိုင်းမှာ‌တော့ သူမ နေသားမကျပေမဲ့ တစ်ဖြည်းဖြည်း ကျင့်သားရလာခဲ့၏။

နောက်ပြီး သူတို့နမ်းပြီးတဲ့အခါတိုင်း စီအီးအိုယွီ ပြန်ပေါ်လာတတ်သည်။.....

ထန်းမီ ဘာမှမလုပ်နိုင်ခင်မှာပဲ ယွီရှင်း သူမနှုတ်ခမ်းနားကပ်လာပြီး----ရပ်လိုက်၏။

ထန်းမီ ယွီရှင်းအနောက်သို့ ပြန်ဆုတ်သွားသည်ကို မျက်တောင်များ တဖျတ်ဖျတ်ခတ်‌ရင်း ကြည့်လိုက်သော် သူပြုံးလိုက်လေသည်။

"မနမ်းလို့ စိတ်ပျက်သွားတာလား?"

ထန်းမီ : "...."

သူမချက်ချင်း မျက်စောင်းထိုးကာ မြက်ခင်းပေါ်က ထလိုက်လျှင် ယွီရှင်းနောက်မှ လိုက်လာလေ၏။

ခါရူဆယ်မှာ ကလေးတွေ အများကြီးရှိနေသလို စုံတွဲတွေလည်းရှိနေကြသည်။ ယွီရှင်း ထန်းမီနှင့်အတူတူ အရုပ်တစ်ခုတည်းစီးချင်ပေမဲ့ ထန်းမီကတော့ ချက်ချင်းဆိုသလို အဖြူရောင်မြင်းရုပ်ပေါ်သို့ ကောက်တက်သွားတော့၏။

ထို့ကြောင့် ယွီရှင်း သူမဘေးရှိ အညိုရောင်မြင်းရုပ်ပေါ်ကိုပဲ ခပ်မြန်မြန်နေရာဦးလိုက်ရတော့သည်။

သာယာတဲ့သီချင်းသံလေး ထွက်ပေါ်လာသည်နှင့် မြင်းရုပ်များလည်း စတင်လှည့်ပတ်ကြတော့သည်။ မြင်းရုပ်များ ခါရူဆယ်အလယ်အား ဗဟိုပြုကာ လှည့်ပတ်ကြစဉ် ယွီရှင်း သူ့ဘေးရှိထန်းမီကို လှမ်းကြည့်နေမိ၏။

ထန်းမီ၏ နားရွက်ထိပ်လေးများ အနည်းငယ် နီသွားရတော့သည်။ သူ မမြင်းစီးနေသည့်အတွက် သူ့အကြည့်အား ရှောင်လွှဲလို့ မရနိုင်ပေ။

"အချစ်!!"

ယွီရှင်း ရုတ်တရက် ထအော်လိုက်သောကြောင့် ထန်းမီ အနည်းငယ်ထိပ်လန့်သွားတော့သည်။

"ဘာလို့ လျှောက်အော်နေတာလဲ?"

ယွီရှင်း သူ၏ဘယ်ဘက်လက်အား ဆန့်ထုတ်လိုက်ရင်း..."ကိုယ့်ကိုလက်ပေး"

ထန်းမီ : "...."

ထန်းမီ လှုပ်တောင်မလှုပ်သော်လည်း ယွီရှင်းကတော့ လက်ဆန့်ထုတ်ထားဆဲပင်။

"ကိုယ့်ကို လက်ပေးလို့"

သူ နောက်တစ်ကြိမ် ထပ်ပြောလာ၏။ ထိုမှသာ ထန်းမီ တီးတိုးပြောကာ တောင်းဆိုလေသည်။

"ကျွန်မ လက်ပေးမယ်ဆိုရင် ရှင်စိုက်မကြည့်နဲ့တော့"

ယွီရှင်း ခဏ စဉ်းစား‌ကာ-"အိုခေလေ"

ထန်းမီ ဖြည်းဖြည်းချင်း လက်ဆန့်ထုတ်ပေးလာ၏။ ယွီရှင်း သူမလက်အား ဖမ်းဆုပ်လိုက်ကာ ပါးချိုင့်များ ချက်ချင်းပေါ်လာတော့သည်။

"မင်းကို နောက်ဆုံးတော့မိပြီ"

သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးသည် သိသိသာသာကို သေးငယ်လှသော်လည်း သူ ထန်းမီ့နောက်သို့ မနည်းအမီလိုက်နေရသည်။ သူဒီခံစားချက်ကြီးအား မကြိုက်ပေ။

ခါရူဆယ်ပေါ်က ဆင်းလာသော်လည်း သူလက်အား မလွှတ်ပေးဘဲ ကိုင်ထားဆဲပင်။

သူ ထန်းမီအား သရဲအိမ်သို့ ဆွဲခေါ်သွားချိန်တွင် ထန်းမီတစ်ယောက် မျက်နှာကြီး ရှုံ့မဲ့သွားတော့၏။

"ဒီထဲကို ဝင်ချင်လို့လား?"

"အင်း ကြောက်ရင် ကိုယ့်ကို တင်းတင်းဖက်ထား"

ထန်းမီ : "...."

'သူကြောက်တယ်ဆို မဝင်ပဲနေလို့ ရတယ်မလား?'

သူတို့ သရဲအိမ်သို့မဝင်ခင် ဝန်ခံကတိတရားဝင်စာ လက်မှတ်ထိုးရတာကြောင့် ထန်းမီ မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။

'မလိုအပ်ဘဲ ရှုပ်ထွေးအောင် လုပ်နေတယ်ပေါ့?'

ယွီရှင်း လက်မှတ်ထိုးလိုက်ပြီး ထန်းမီရပ်၍ အတွေးလွန်နေသည်ကိုတွေ့တော့ သူ နှစ်သိမ့်ဟန်ဖြင့်..."အချစ်လေး ဘာမှစိတ်မပူနဲ့။ အချိန်မရွေး ကိုယ့်ကိုဖက်လို့ရတယ်။"

ထန်းမီ ဘာမှပြန်မပြောပေ။

'ဒီနေ့ စီအီးအိုယွီရဲ့မွေးနေ့မို့လို့ ရှင်နဲ့အတူတူပျော်ပေးရတာနော်!'

သူမ လက်မှတ်ထိုးလိုက်ပြီးနောက် ယွီရှင်း၏တရားဝင်စာချုပ်အား လှမ်းချောင်းလိုက်စဥ် သူ့ကိုယ်သူ 'ယွီရှင်း'ဟု လက်မှတ်ထိုးထားသည်ကို တွေ့လိုက်ရ၏။

သူမ ထိုနာမည်အား ခဏကြည့်နေရင်း မျက်လုံးများ မသိမသာ ဝှေ့ယမ်းသွားတော့သည်။

"ဘာလို့လဲ?" ယွီရှင်း၏ပဟေဠိဆန်ဆန် အမေးအား ထန်းမီ မသိချင်ယောင်ဆောင်ကာ ခေါင်းခါလိုက်ပြီး သူမ၏တရားဝင်စာချုပ်ကို ကမ်းပေးလိုက်၏။

သရဲအိမ်ထဲရှိ အခြေအနေသည် အစမှအဆုံးချဲ့ကားထားသလို ဖြစ်နေသည်။ ထန်းမီသည် ကျေးလက်ဒေသမှာ ကြီးပြင်းလာသူမို့ ညဘက်တွင်ဖြစ်တတ်တဲ့ အမျိုးမျိုးသော အူကြောင်ကြောင်နိုင်လွန်းသည့် အထူးအဆန်းအခြေအနေအားလုံးနှင့် အတွေ့အကြုံရှိ၏။ နောက်ပြီး သူမ အဘိုးသည်လည်း ကျေးလက်ဒေသနှင့် ဆက်စပ်တဲ့ သဘာဝလွန်ဒဏ္ဏာရီများစွာကို ပြောပြလေ့ ရှိတာကြောင့် သူမမှာ အချိန်အကြာကြီးသွေးထားသည့် မဖြိုဖျက်နိုင်တဲ့ သံမဏိနှလုံးသား ရှိပေသည်။

အဲတာကြောင့် သူမသရဲအိမ်များကို မဝင်တာက ကြောက်လို့မဟုတ်ဘဲ။ ကို့ရို့ကားယားဝတ်ထားသည့် ဝန်ထမ်းတွေကိုမြင်ပြီး ရယ်မိမှာစိုးလို့ ဖြစ်သည်။

ထန်းမီ မကြောက်တတ်တာကို ယွီရှင်းလည်း မြန်မြန်သတိထားမိသွား၏။ သို့သော် ပြဿနာကတော့ တကယ်တမ်းကျ ကြောက်တတ်တဲ့သူမှာ သူဖြစ်နေခြင်းပင်။

"အား-----!" သူထအော်ကာ ထန်းမီဆီ ပစ်ဝင်လိုက်လေ၏။

"အချစ်လေး ကိုယ့်မျက်နှာကို တစ်ခုခုလျက် သွားသလိုပဲ!"

ထန်းမီ : "...."

သူမ အပေါ်ကို ကြည့်ပြီး ရေခဲလိုအေးစက်နေသည့် ဝဥအားကိုင်ကာ အထဲပြန်ဝင်နေရာမှ ဆွဲချပြလိုက်၏။

"ဒါ ဝဥလေ ဘဲကင်လုပ်တဲ့ အခါသုံးရင် အရမ်းစားကောင်းတာ"

ယွီရှင်း : "...."

ဝန်ထမ်း : "...."

ဝန်ထမ်းလေးခင်များ တိတ်တိတ်လေး သူ့နေရာသူ ပြန်သွားကာ ဝဥကတော့ လေထဲမှာပေါလော ဖြစ်နေလေတော့သည်။

ထိုနေ့က သရဲအိမ်က ဝန်ထမ်းအများစု ရင်ဖွင့်‌ကြတာကတော့ သူတို့အလုပ်မှာ ကောင်းကောင်းလုပ်နိုင်တယ်လို့ မခံစားရလို့ အလုပ်ဆက် မလုပ်ချင်ကြတော့သည်ပင်။

ထန်းမီ တစ်နေကုန် အပန်းဖြေဥယျာဉ်တွင် အမောဖောက်လောက်သည်အထိ ယွီရှင်းနှင့်အတူ ကစားပေးခဲ့သည်။ ထို့ကြောင့် ကားပေါ်ရောက်သည်နှင် သူမချက်ချင်း အိပ်ပျော်သွားတော့မလို ခံစားလိုက်ရတော့၏။

ယွီရှင်း သူမနှင့်အတူ ညစာစားရန် စားသောက်ဆိုင်တစ်ဆိုင်သို့မောင်းသွားပြီး ကိတ်ကိုပါဆိုင်ထဲယူလာခဲ့လိုက်သည်။ ထန်းမီ ကိတ်ပေါ်တွင် ဖယောင်းတိုင် စိုက်ပြီးနောက် မီးထွန်းကာ ယွီရှင်းအတွက် ဆုတောင်းပေး၏။

ယွီရှင်း မျက်လုံးမှိတ်ပါ သူ၏လက်ဖဝါးများကို ပူးကပ်လိုက်ရင်း ဆုတောင်းစကားဆိုတော့သည်။ ဖယောင်းတိုင်မီးရောင် ခပ်မှိန်မှိန်လေးကြားတွင် သူ၏မျက်တောင်ရှည်ရှည်များ အနည်းငယ် လှုပ်ခတ်နေတာကို ထန်းမီတွေ့လိုက်ရပြီး ဆုတောင်းစကားကိုပါတစ်ဆက်တည်း ကြားလိုက်ရ၏။

"မကြာခင်မှာ အချစ်လေး ယွီရှင်းရဲ့မစ္စယွီဖြစ်လာပါစေ"

ထန်းမီ : "...."

'အဲလို ဆုတောင်းရတာ ဟုတ်လို့လား?!'

ယွီရှင်း ဆုတောင်းပြီးနောက် မျက်လုံးဖွင့်ကာ ဖ‌ယောင်းတိုင်အား မှုတ်ချလိုက်တော့သည်။ ဖူး.....

ထန်းမီ သူ့အား ကြည့်မနေချေ။ သူမမျက်နှာပေါ်တွင်လည်း စိတ်မသက်မသာဖြစ်မှု အရိပ်အယောင်များ အနည်းငယ်မြင်နေရသည်။

ယွီရှင်း သူမအား ပြုံးပြလိုက်ပြီးနောက်-"အချစ်လေး ကိုယ့်ဆုတောင်းတွေပြည့်အောင် လုပ်ပေးရင် ကောင်းမယ်။"

ထန်းမီ : " .... "

သူ ဒီလိုမျက်နှာပြောင်တိုက်နေတာ စီအီးအိုယွီ၏မျက်နှာ သူ့ဆီရောက်သွားလို့ ဖြစ်မယ်။

သူမ ကိတ်မုန့်အား သေချာလှီးပေးကာ ယွီရှင်း ပန်းကန်ပေါ်တင်ပေးလိုက်၏။

"သရက်သီး ရှားလက်ကိတ် ကျွန်မတို့မနက်က လုပ်ထားတာ အဲဒါကြောင့် သေချာကုန်အောင်စား"

ယွီရှင်း တစ်ကိုက်မြည်းကြည့်ကာ ချီးကျူးစကားပြောလာလေသည်။

"မင်းလုပ်တာ အရသာရှိတယ်။ မင်းတပည့်ကတော့ ကြိုးစားဖို့လိုသေးတယ်။"

ထန်းမီ သူမကိုယ်သူမအတွက် နောက်ထပ် ကိတ်မုန့်တစ်ချပ်လှီးကာ တစ်ဇွန်းမြည်း ကြည့်လိုက်၏။

"အမ်....သရက်သီးမှည့်က အရသာပြင်းတယ်။ ပိုင်ရှောင်တို့ဆီက အသီးတွေက တကယ်စားကောင်းတာ ဘာဗားရီးယန်းခရင်မ်က တော်တော်နူးညံ့ပေမဲ့ သဟဇာတ ဖြစ်ဖို့လိုနေသေးတယ်။ ကိတ်သားက စိုအိမနေဘူး။ ဒါပေမဲ့ အားလုံးချုံကြည့်ရင်တော့ ကိတ်ကမဆိုးပါဘူး"

ယွီရှင်း မျက်တောင်ခတ်လိုက်ကာ-

"ခဏလေးအတွင်းမှာပဲ မင်းကိုယ့်ကိုမွေးနေ့ကိတ် အကြွေးတင်သွားပြီ"

ထန်းမီ : "....."

ညစာစားပြီးနောက် ယွီရှင်း ထန်းမီအား အိမ်တန်းပို့ပေးလိုက်သည်။ ထန်းမီ နည်းနည်းအံ့ဩနေပေမဲ့ တစ်နေ့လုံးအပြင်မှာ လည်ထားတာကြောင့် သူမ တကယ်ပင်ပန်းနေလေပြီ။ ထန်းမီ ယွီရှင်းအား နှုတ်ဆက်ပြီးနောက် အိမ်ထဲတန်းဝင်သွားတော့သည်။ သူမအခန်း၏ ပြတင်းပေါက် မီးလင်းသွား‌တော့မှသာ ယွီရှင်းလည်း ကားစက်နှိုး၍ ထွက်သွားလေ၏။

ထန်းမီ ဖုရှင်းအား နှုတ်ဆက်ပြီးနောက် အခန်းထဲသို့ဝင်လာသည်။ စားပွဲပေါ်တွင် မနေ့က ယွီရှင်းလက်ဆောင် ပေးထားသည့် အနီရောင်နှင်းဆီပန်းစည်းလေးရှိနေ၏။

သူမ အံဆွဲအားဆွဲဖွင့်ပြီး ကဒ်ကိုထုတ်ကာ 'ယွီရှင်း'ဆိုသည့်လက်မှတ်ကို သေချာ စိုက်ကြည့်နေမိတော့သည်။ ထို့နောက် ကဒ်အား အံဆွဲထဲသေချာ ပြန်သိမ်းလိုက်လေသည်။

လက်ရေးသည် တကယ်မတူပေ။

ဒီ'ယွီရှင်း'လက်မှတ်နှင့် ယွီရှင်း လက်မှတ်ထိုးခဲ့သည့် တရားဝင် စာချုပ်ပေါ်က 'ယွီရှင်း'က လုံးဝ မတူနေတာခြင်းသည် မတူညီတဲ့လူနှစ်ယောက် လက်မှတ်ထိုးထားတဲ့ အတိုင်းပင်။

သူမ မျက်ခုံးတွန့်ပြီး ဒီကိစ္စကို အသည်းအသန် စဉ်းစားနေမိကာ နောက်ဆုံးတွင် ပင်ပန်းမှုသည် သူမအား အပိုင်စီးလိုက်ပြီးနောက် ထန်းမီ အိပ်ရာပေါ် ပစ်လှဲချလိုက်ရတော့သည်။

___________________________________________

All Chapters