Chapter 32
Vol. 4 Ch. 32
သူတို့ နှစ်ယောက်သား အချိုပွဲဆိုင်တွင် ၂နာရီကျော်သည်အထိ စားနေကြပြီးနောက် ထန်းမီ ဗိုက်ပြည့်သလိုခံစားလာရကာ တိုက်ပွဲအားလက်မြှောက် အရှုံးပေးလိုက်တော့သည်။
"ပါဆယ်ထုပ်သွားကြရအောင်....."
ယွီယိခေါင်းညိတ်လိုက်ကာ ဝိတ်တာလေးအား ခေါ်လိုက်တော့၏။
အချိုပွဲဆိုင်က ထုတ်ပေးလိုက်သည့် မုန့်ဘူးလေးတွေသည် တော်တော်လေးလှပြီး ထန်းမီ နောက်မှသိလိုက်ရတာက ထိုဘူးများအတွက် ပိုက်ဆံပိုပေးရသည်ဆိုတာပင်။
မစားရသေးတဲ့အချိုပွဲများကို သေသေချာချာလေး
ထည့်ပေးထားကာ ခင်းကျင်းပြသထားတဲ့ဟာများနှင့်တောင်တူ၏။ ဝိတ်တာလေးသည် အားလုံးကို သုံးလွှာမုန့်ဘူး ၃ဘူးထဲတွင် ထုပ်ပိုးပေးခဲ့သည်။
ထန်းမီ မုန့်ဘူးတစ်ဘူးအားယူ၍ ယွီယိနောက်မှလိုက်ထွက်လာစဥ် အပြင်တွင် လော့ဟောက်စောင့်နေသည်ကို မြင်လိုက်ရသည်။ သူမနှင့်စီအီးအိုယွီတို့ သီးသန့်ခန်းထဲတွင် အေးအေးဆေးဆေး ဇိမ်ရှိရှိ စားသောက်နေတုန်းမှာ လော့ဟောက်ကတော့ အပြင်၌နေပူခံ၊ လေတိုက်ခံပြီးတော့ ပင်ပန်းစွာ စောင့်နေရတာကြောင့် ထန်းမီ အနည်းငယ် စိတ်မကောင်း ဖြစ်သွားမိတော့၏။
သူမ လော့ဟောက်အရှေ့သို့ သွားကာ လက်ထဲရှိမုန့်ဘူးအား ကမ်းပေးလိုက်သည်။
"လူကြီးမင်းလော့ ဒါမစားရသေးတဲ့မုန့်တွေပါ။ အကြာကြီးခံမှာ မဟုတ်လို့ မြန်မြန်လေးစားလိုက်နော်။"
သူမပြောပြီးနောက် ခဏစဉ်းစားကာ ထပ်ထည့်ပြောလိုက်သည်။
"ကျွန်မတို့ ဒါကို သေသေချာချာမထိဘဲ။ စားခဲ့တာမို့လို့ သန့်ရှင်းတယ်နော်။"
လော့ဟောက် ရယ်လိုက်ရင်း မုန့်ဘူးအား လက်ခံလိုက်၏။
"ကျေးဇူးပါ"
ထန်းမီ သူ့အား ပြန်လည် ပြုံးပြလိုက်ပြီးနောက် ကားပေါ်သို့တက်လိုက်လေ၏။
ကားလေးသည် ဟိုတယ်ကိုပဲ တန်း၍မောင်းသွားတာကြောင့် လျင်မြန်စွာပင် နေရာသို့ရောက်သွားခဲ့သည်။ ထို့နောက် သူမကားပေါ်မှ ဆင်းလိုက်ချိန်တွင် ယွီယိ ကျန်နေသည့် မုန့်ဘူး ၂ဘူးအားပေးလာ၏။
"မင်း ယူသွားပြီး စားလိုက်"
ထန်းမီတစ်ယောက် မနက်ဖြန်တောင် ထပ်စားနိုင်လောက်သည့် အခြေအနေမျိုးတွင် မဟုတ်သော်လည်း ယွီယိပေးသည့် မုန့်ဘူးများအား ယူလိုက်သေး၏။
"ကျေးဇူးတင်ပါတယ် စီအီးအိုယွီ"
ယွီယိ ညင်သာစွာသက်ပြင်းချကာ တံခါးပိတ်သွားပြီးနောက် အမှတ်တမဲ့ ပြောလာလေသည်။
"မနက်ဖြန်စားဖို့အတွက် နေရာပြောင်းလိုက်။"
ထန်းမီ ကြောင်အမ်းအမ်းဖြင့် ယွီယိအား စိုက်ကြည့်လိုက်ပြီးနောက်-"မနက်ဖြန်လည်း သွားစားရဦးမှာလား? ဒီနေ့တင် ရှိသမျှအချိုပွဲ အကုန်စားခဲ့ပြီးပြီထင်တာ။"
ယွီယိ ခေါင်းညိတ်ပြလိုက်၏။
"အဲဒါကြောင့် မနက်ဖြန်က မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွေးမှာ"
ထန်းမီ မျက်တောင်များ တဖျတ်ဖျတ်ခတ်လိုက်ကာ ပြုံးပြလိုက်တော့သည်။
"အိုး ကျေးဇူးပါ စီအီးအိုယွီ"
သူမမျက်လုံးများထဲရှိအပြုံးသည် မသိမသာလေး ကျီစယ်နေသလိုပင်။ ထို့ကြောင့် ထန်းမီ သဘာဝမကျစွာ သူမအကြည့်များအား အမြန်အဝေးသို့ လွှဲလိုက်ရ၏။ ထန်းမီတို့ ဟိုတယ်ထဲသို့ ဝင်လိုက်ပြီးနောက် သူမယွီယိ၏ကျောပြင်အား မနေနိုင်စွာ စိုက်ကြည့်ရင်း ရယ်လိုက်မိတော့သည်။
လော့ဟောက် သူမအနားကပ်ကာ တမင်သက်သက် မေးလာ၏။
"စီအီးအိုယွီရဲ့နောက်ကျောက အရမ်းရယ်စရာ ကောင်းတာလား?"
ထန်းမီကတော့ ရိုးရိုးသားသားပင်..။
"အရမ်းကြည့်ကောင်းလို့"
လော့ဟောက် တခစ်ခစ်ရယ်ပြီး ယွီယိနောက်ကနေလိုက်ကာ ဟိုတယ်ထဲသို့ ဝင်သွားတော့သည်။
ထန်းမီ ဟိုတယ်ခန်းထဲသို့ ပြန်ရောက်တဲ့ချိန်တွင် လုယွီတစ်ယောက် ကွန်ပျူတာရှေ့တွင်ထိုင်ပြီး ကီးဘုတ်ရိုက်နေ၏။ ထန်းမီ လက်ထဲရှိ မုန့်ဘူး၂ဘူးကို ချလိုက်ပြီး သူမဆီ သွားကြည့်ကာ စပ်စုလိုက်လေသည်။
"ဘာတွေရေးနေတာလဲ? ကြော်ငြာအညွှန်းလား?"
လုယွီမော့ကြည့်လာခဲ့ပြီး မျက်နှာတွင်တပ်ထားသည့် မျက်မှန်ထူထူသည်လည်း သူမမျက်ဝန်းများထဲရှိ စိတ်မချမ်းမြေ့မှုကို မဖုံးကွယ်နိုင်ချေ။
"လူကြီးမင်းယွီက ကျွန်မကို ဂျပန်ယဉ်ကျေးမှု မိတ်ဆက်ဆိုပြီး လက်ရေးစာမူ ရေးခိုင်းလိုက်တယ် အလုံး ၃၀,၀၀၀ထက် မနည်းရဘူးတဲ့! "
ထန်းမီ : "....."
"ရှင်ပဲပြောကြည့်! ဘာလို့စီအီးအိုယွီက ရုတ်တရက်ကြီး ဂျပန်ယဉ်ကျေးမှုကို စိတ်ဝင်စားသွားတာလဲ!"
"ဟို....."
ထန်းမီရဲ့လက်တွေ သူမ ပခုံးပေါ်ရောက်လာပြီး စိတ်ရင်းဖြင့် ပြောလိုက်၏။
"ဆောရီးပါ"
"ဘာ?"
လုယွီ သူမအား မရေရာစွာ စိုက်ကြည့်လာသည်။
ထန်းမီ ရှင်းမပြတော့ဘဲ မုန့်ဘူးကိုသာ လုယွီရှေ့တွင်ချပေးလိုက်တော့သည်။
"တောင်းပန်တဲ့အနေနဲ့ ဒါတွေကို ရှင့်ကိုပေးပါ့မယ်"
"ဘာတွေလဲ?"
လုယွီ သူမအား ပေစောင်းစောင်းကြည့်ကာ အဖုံးဖွင့် ကြည့်လိုက်၏။ ဘူး၏ပထမဆုံးလွှာတွင် ကမာကောင်များ၊ ပဲသွတ်ထားတဲ့ဒိုးနတ်များနှင့် နာဂါဆာခီကိတ်များကို သေသေသပ်သပ် စီထားသည်။ ဘေးတွင် အိတ်ငယ်လေး တစ်အိတ်ရှိပြီး အမျိုးအစားမတူညီတဲ့ လက်ဖက်ခြောက်အိတ်တွေလည်းရှိ၏။
လုယွီ သည်းမခံနိုင်တော့သလို ဖြစ်သွားရကာ-"လခွမ်း ဒီဟာတွေကို တစ်ယောက်တည်း စားလာခဲ့တာပဲ! အစားထက် သူငယ်ချင်းက အရင်ဆိုတာကြီးက ဘယ်ရောက်သွားပြီလဲ!"
ထန်းမီ မျက်တောင်လေးခတ်ကာ အပြစ်ကင်းသဖွယ်..."ကျွန်မတစ်ယောက်တည်းမဟုတ်ဘူး စီအီးအိုယွီလည်း ပါတယ်"
လုယွီ : "...."
သူမ ထိုင်နေရာမှထ၍ ထန်းမီအားဆွဲကာ ဘေးတွင်ထိုင်ခိုင်းလိုက်ပြီး တည်တည်တံ့တံ့မေးလာသည်။
"ကျွန်မကိုပြော စီအီးအိုယွီက ဘာလို့ရှင့်ကို အတူစားဖို့ ဖိတ်တာလဲ?"
"စားဖို့မဟုတ်ဘူး။ စီအီးအိုယွီက ဂျပန်မုန့်ချိုတွေကို စားကြည့်ဖို့ခေါ်တာလေ အမ်"
လုယွီ သူမတိတ်ဆိတ်နေသည်ကို အကြာကြီးကြည့်နေပြီးနောက် သူမပခုံးအားလေးလံစွာ ပုတ်လိုက်ပြီး..."နောက်တစ်ခါ စီအီးအိုယွီ သွားစားဖို့ခေါ်လာရင် ကျွန်မကိုခေါ်ဖို့ မမေ့နဲ့"
"ရှင့်ဂျပန်စာကိုပဲ အရင်ပြီးအောင်ရေးပါ"
လုယွီ : "...."
ဖလှယ်ပွဲပရိုဂရမ်၏ ဒုတိယနေ့အပြီးတွင် လင်ချဲ့ ထန်းမီအား စားသောက်ဖို့ဖိတ်လာပြန်ပြီး ထန်းမီလည်း နောက်တစ်ကြိမ် အကြင်အနာမရှိငြင်းလိုက်ပြန်၏။
ဘာလို့ဆို မနေ့ကစီအီးအိုယွီ သူမအားဒီနေ့ညစာအတွက် ဖိတ်ထားသဖြင့် ထန်းမီ ကျင်းပရာနေရာမှထွက်လာပြီးနောက် သူ့ကို ရပ်စောင့်နေလိုက်သည်။ သို့သော် သူ ရောက်မလာခဲ့တာကြောင့် မဟိုတယ်ကိုပဲပြန်လာခဲ့၏။
လုယွီ အခန်းထဲတွင်မရှိသော်လည်း ကွန်ပျူတာကတော့ ပွင့်လျက်ပင်။ ထန်းမီ တစ်ချက်ကြည့်လိုက်ချိန် 'သီချင်း'ဆိုသည့် အနက်ရောင်စာလုံးအကြီးကြီးအား သိသာထင်ရှားစွာ တွေ့လိုက်ရလေသည်။
ဂျပန်ယဉ်ကျေးမှုရဲ့တတိယတစ်ခု -- ဘားယဉ်ကျေးမှု။
ထန်းမီ : "...."
လုယွီ ဒါကိုသာ အပ်လိုက်လျှင် လစာဆုံးလိမ့်မည်ဟု သူမတွေးလိုက်မိ၏။
ထိုစဥ် တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာတာကြောင့် လုယွီ ပြန်လာပြီဟုပဲ တွေးမိကာ တံခါးသွားဖွင့်ပေးလိုက်လျှင်...။
တံခါးအပြင်ဘက်တွင် ပန်းရောင် ပိုလိုရှပ်အင်္ကျီနှင့် ဘေ့စ်ဘောဦးထုပ်အား ဝတ်ဆင်ထားသည့် လူတစ်ယောက်ရပ်နေပြီး ထိုလူသည် ထန်းမီအား အပြုံးလေးဖြင့်ကြည့်နေလေ၏။
ထန်းမီပါးစပ် အထိန်းအကွပ်မဲ့စွာ ပွင့်ဟလာပြီး မရဲတရဲမေးကြည့်လိုက်တော့သည်။
"ယွီရှင်း?"
ထိုလူသည် ခေါင်းအား အထပ်ထပ်ရမ်းကာ ပါးချိုင့်နှစ်ဖက်ပေါ်သည်အထိ ပြုံးပြလိုက်ပြီးနောက်-"ကျွန်တော်က ယွီရှင်းမဟုတ်ဘူး။ စိတ်အသစ်တစ်ခုပါ ကုံသန်လို့ခေါ် ပါတယ်"
ထန်းမီ : "...."
"မမ ကျွန်တော်တို့ ကစားကြမယ်နော်?"
ထန်းမီ : "....."
'အရင်ဆုံး အစာခြေပါရစေ'
သူမ တံခါးတွင် ရပ်နေပြီးနောက် မြန်မြန် အခန်းထဲသို့ပြန်ဝင်လာကာ ဖုန်းအား ကောက်ယူလိုက်ပြီး လော့ဟောက်ဖုန်းနံပါတ်ကို ရှာလိုက်တော့သည်။
သူမ ဖုန်းဆက် မလို့ရှိသေး၊ ပန်းရောင် ပိုလိုရှပ်အင်္ကျီဝတ်ထားတဲ့လူသည် ဖုန်းအား ဆွဲလုသွားကာ-"မမ ကျွန်တော်က ဉာဏ်ချို့ယွင်းနေတာ ၁ဝနှစ်အရွယ် ကလေးလေးကို အနိုင်မကျင့်ရဘူးလေ"
ထန်းမီ : "....."
'ဒါ သေချာပေါက် ယွီရှင်းပဲ!'
ထိုမှသာ သူမ သဘောတကျ ရယ်မောလိုက်က ယွီရှင်းအားကြည့်ရင်း..."ကုံသန်လေး ဘယ်ကို သွားချင်တာလဲ?"
ယွီရှင်း ပြုံးပြုံးလေး ပြောလာလေသည်။
"မမရဲ့အခန်းထဲမှာပဲ ဆော့ချင်တာ"
ထန်းမီ : "...."
ထန်းမီ မျက်နှာအားပွတ်သပ်လိုက်ကာ နွေဦးလေပြည်လေးကဲ့သို့ နွေးထွေးစွာပြုံးပြလိုက်တော့၏။
"လုယွီ အချိန် မရွေးရောက်လာနိုင်တယ်။ ပြဿနာမရှာနဲ့ အိုခေ?"
ယွီရှင်း : "ကိုယ်က ပြဿနာကောင်မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးရှိရုံပါ"
ထန်းမီ : "...."
ထန်းမီ မျက်နှာအား စိတ်ရူပ်စွာ ထပ်ပွတ်သပ်လိုက်ကာ-"ဒါယွီယိပြောတာ ရှင်မကျေနပ်သေးရင် ကိုယ့်ဘာသာကိုယ် ရိုက်လိုက်"
ယွီရှင်း : "...."
သူတော်တော် မကျေမနပ်ဖြစ်နေပုံဖြင့် ထန်းမီအားကြည့်နေလေသည်။
"မင်းပြန်ချေပလို့မရဘူး။ ကိုယ့်ကိုကလေးဆိုပြီး မင်းပြောခဲ့သေးတယ်လေ?"
"အော် အဲဒါက....."
ထန်းမီ အဲဒါကို ဘယ်လို ရှင်းပြရမှန်းမသိချေ။
ယွီရှင်း သူမအား နံရံတွင်ကပ်လိုက်ပြီး ရုပ်ရှင်များထဲရှိ နာမည်ကြီးကိုယ်နေဟန်ထားအား စံနမူနာထား၏။ ထိုစဥ် "ဘန်း"ဟူသောသည် ထန်းမီနားထဲသို့ ကျယ်လောင်စွာ ကြားလိုက်ရသည်အထိ ရိုက်မိသွားတော့သည်။
ထန်းမီ အနည်းငယ် လန့်သွားသော်လည်း ယွီရှင်း အပေါ်မှအုပ်မိုးထား၍ သူမနှုတ်ခမ်းများဆီ တိုးကပ်လာတာကြောင့် အမြန်ထွက်ပြေးဖို့ပြင်လိုက်စဥ် ယွီရှင်းပါဘေးသို့လိုက်ရွှေ့လာ၏။
သူမ၏နှုတ်ခမ်းပေါ်သို့ နူးညံ့သည့်အနမ်းကျရောက်လာပြီး ထန်းမီနှလုံးသားလေးသည်လည်း ကြမ်းတမ်းစွာခုန်ပေါက်နေတော့သည်။ ထို့နောက် ယွီရှင်း သူမ၏နားရွက်နားသို့ကပ်လိုက်ရင်း စိတ်အေးလက်အေး သက်ပြင်းချကာ-"ဒါမျိုးလုပ်တတ်တဲ့ကလေး မြင်ဖူးလို့လား?"
သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးသည် အရမ်းကိုနီးကပ်နေကာ နှလုံးသားလေးလည်း ကခုန်နေကြပြီး သူ့မျက်တောင်များ ထန်းမီ၏ပါးအားထိယှက်နေပုံသည် နှလုံးသားထဲအထိ ထိယှက်နေသကဲ့သို့ပင်။
ထန်းမီ သူ၏နက်ရှိုင်းတဲ့ပါးချိုင့်များကိုကြည့်ရင်း မျက်တောင်များလှုပ်ခတ်မိသွားပြီး သူမချစ်မိသွားတော့မလိုဖြစ်သွားရတော့၏။
ထိုစဥ် "ဒင်"ဟူသောအသံနှင့်အတူ တံခါးပွင့်သွားခဲ့လေသည်။ သူတို့နှစ်ယောက်လုံး အသံလာရာ တံခါးဆီသို့ကြည့်လိုက်ကြ၏။
လုယွီတစ်ယောက် တံခါးရှေ့တွင် မဂ္ဂဇင်းအများကြီးဖြင့် ကမ္ဘာသစ်တစ်ခု၏တံခါးအား ဖွင့်လိုက်ရသကဲ့သို့ အတောင့်သားလေး ရပ်နေလေသည်။
'ထန်းမီနဲ့ စီအီးအိုယွီ? ထန်းမီနဲ့ စီအီးအိုယွီ! သူတို့ဘာလုပ်နေကြတာလဲ?!'
ယွီရှင်း အရင်လက်ဦးမှုရယူကာ ထန်းမီအားတံခါးဆီသို့ ဆွဲခေါ်သွားပြီး လုယွီအားကြည့်ကာပြောချလိုက်၏။
"ကြော်ငြာဌာနက တစ်ယောက်မလား? မင်းမြင်ပြီးပြီဆိုတော့ ကြေညာဖို့အတွက် ငါတို့ကိုကူညီဦး"
လုယွီ သူ့အား အပြူးသား စိုက်ကြည့်နေရင်း..."ကြေညာမယ်....ဘာကို?"
ယွီရှင်း ထန်းမီပခုံးအား ဖက်လိုက်ကာ လုယွီကို ပြုံးပြလိုက်လေသည်။
"ငါနဲ့ငါ့အချစ်လေးရဲ့ ဆက်ဆံရေးကိုလေ"
သူပြောပြီးသည်နှင့် ထန်းမီအား အပြင်ဘက်သို့ ဆွဲခေါ်သွားတော့၏။ ထိုအခိုက်အတန့်မှာပဲ ထန်းမီ အသိစိတ်ပြန်ကပ်လာကာ လုယွီအား အမိအရ လှမ်းအော်ပြောလိုက်လေသည်။
"သူ ပြောတာနားမထောင်နဲ့ သူက မူးရူးနေတာ!"
ယွီရှင်း ထန်းမီအား ဟိုတယ်အပြင်ဘက်သို့ ခေါ်လာပြီးနောက် တက်စီငှားလိုက်ကာ ထန်းမီနှင့်အတူ ဝင်ထိုင်လိုက်၏။
ထန်းမီ မျက်မှောင်ကြုတ်ပြီး သူ့အားစိုက်ကြည့်နေလေသည်။ သူမ အတော်လေးကို စိတ်ဆိုးနေပုံပင်။
"လုယွီကို ဘာလို့ အဲလိုပြောလိုက်တာလဲ!"
ယွီရှင်း ပြန်မဖြေဘဲ တက်စီဒရိုင်ဘာကိုသာ တစ်ခုခုလှမ်းပြောလိုက်ပြီးနောက် ကားလေးသည် နေရာမှ လျင်မြန်စွာ ထွက်ခွာလာတော့သည်။ ထန်းမီ အပြင်ဘက်သို့ကြည့်ကာ ယွီရှင်းဘက် လှည့်မေးလိုက်၏။
"ဘယ်သွားမလို့လဲ?"
ယွီရှင်း ပြုံးပြုံးလေးဖြင့် အဖြေပေးလိုက်သည်။
"ကလေးတွေ သွားသင့်တဲ့နေရာပေါ့"
ထန်းမီ : "....."
သူမ မျက်ခုံးများလှုပ်သွားကာ စွပ်စွဲပြောဆိုတော့၏။
"ရှင် တော်တော် အကျင့်မကောင်းတာပဲ! ရှင်လူကြီးမင်းယွီရဲ့ပိုက်ဆံတွေကို သုံးဖြုန်းထားတာတောင် လူကြီးမင်းယွီက ဘာမှတစ်ခွန်းမှမပြောဘူး အဲတာကို လူကြီးမင်းယွီ ရှင့်ကိုအိုင်ကျူနိမ့်တယ်ပြောရုံလေးကို ရှင့်မှာမပြီးနိုင် မစီးနိုင်!"
ယွီရှင်း မျက်မှောင်ကြီးကြုတ်ကာ ထန်းမီအားကြည့်လိုက်လေ၏။
"သူဘာပြောပြော စိတ်မဝင်စားဘူး မင်းကိုယ့်ကို ကလေးလို ဆက်ဆံတာကို သဘောမကျတာ"
ထန်းမီ သူမကိုယ်သူမ ခုခံလိုက်သည်။
"ရှင်သာ ကျွန်မကို ကစားကွင်းတွေခေါ်မသွားရင် ကျွန်မကရော ရှင့်ကိုကလေးလို့ ခေါ်ပါ့မလား? ကုံသန်!"
ယွီရှင်း : "....."
အဆုံးမှာတော့ ယွီရှင်းဆိုတဲ့ ကုံသန်ကလေးသည် ထန်းမီအား ဗီဒီယိုဂိမ်းမြို့တော်ဆီခေါ်သွားခဲ့ပြီး ထန်းမီ၏စကားများ မှန်ကန်ကြောင်း သက်သေပြလိုက်တော့သည်။
ယွီရှင်း ဗီဒီယိုဂိမ်းမြို့တော်တွင် အပျော်ကြီးပျော်ပါးကာ ဆော့နေပြီး ပေါက်မဲကဒ်အများကြီးကိုလည်း ထန်းမီအတွက် အမွေးပွရုပ်ပေးဖို့ အကုန်လဲပစ်ခဲ့၏။
ထန်းမီ : "...."
သူမ ယွီရှင်း၏ ပိုလိုရှပ်အင်္ကျီအရောင်နှင့်တူသည့် အမွေးပွရုပ်ကိုသာ ရွေးယူလိုက်ကာ ထိုးနှက် ပစ်လိုက်တော့သည်။
ယွီရှင်း ဘာမြင်လိုက်မှန်းမသိပေမဲ့ သူထန်းမီလက်အား ဆုပ်ကိုင်ကာ အားတက်သရောပြောလာ၏။
"ဟိုဘက်မှာ ဖိုတိုဘုရိုက်လို့ရတယ် သွားရိုက်ရအောင်!"
ထန်းမီ ငြင်းချိန်တောင်မရလိုက်ဘဲ ယွီရှင်းဆွဲခေါ်ရာနောက်သို့ပါသွားရတော့သည်။
စခရင်တွင် သူတို့နှစ်ယောက်ပုံ ပေါ်လာပြီးနောက် ယွီရှင်းတစ်ယောက် စိတ်အားထက်သန်စွာဖြင့်..."အချစ် ဒီဘက်ကိုလာပြီး ကိုယ့်ကိုဖက်"
ထန်းမီ : "...."
ထန်းမီ မလှုပ်မယက် လုပ်နေသည်ကိုမြင်တော့ ယွီရှင်း စိတ်သဘောထားကြီးစွာ ပြောလာ၏။
"ကိစ္စမရှိပါဘူး။ ကိုယ်ပဲ မင်းကို ဖက်ရုံပေါ့"
ထန်းမီ : "...."
ရေဘဝဲနှင့်တူသည့် လူ၏မျက်နှာကြောင့် ထန်းမီပြန်တိုက်ခိုက်ဖို့အားမရှိဘဲ အရှက်တကွဲဖြင့် ပုံမျးရိုက်လိုက်ရတော့သည်။
ယွီရှင်း ပုံလေးများအား တော်တော်သဘောကျနေကာ တစ်ပုံချင်းညှပ်ယူလိုက်ပြီးနောက် သူအကြိုက်ဆုံးပုံအား ရွေးကာပိုက်ဆံအိတ်တွင် ကပ်ထားလိုက်တော့၏။
ထန်းမီ : "....."
'ဘုရားရေ! လူကြီးမင်းယွီရဲ့ပိုက်ဆံအိတ်က သီးသန့်ကိုမှ လက်နဲ့လုပ်ထားတဲ့ အရည်အသွေးမြင့်ပစ္စည်းကို အပေါစားဓာတ်ပုံနဲ့....... '
သို့သော် သူမဘာမှမတတ်နိုင်ချေ။
"ဒါလှတယ်မလား။ အချစ်လေး?"
ယွီရှင်း ပိုက်ဆံအိတ်အား ပြလိုက်ပြီး ထန်းမီ ချီးမွမ်းတာကိုစောင့်နေ၏။
ထန်းမီ အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ ပြုံး၍..."ကောင်းပါတယ် ဒါပေမဲ့ ဖြဲလိုက်လို့ရလား?"
ယွီရှင်း ချက်ချင်း လက်အားအနောက်သို့ ပြန်သိမ်းပြီး ပိုက်ဆံအိတ်ကို လက်မောင်းကြားတွင် ညှပ်လိုက်သည်။
"မရဘူး။ ဒါကိုယ်တို့ရဲ့ပုံလေ တစ်သက်လုံး ကိုယ့်ပိုက်ဆံအိတ်ထဲမှာကပ်ထားမှာ"
"......ဒါပေမဲ့ လူကြီးမင်းယွီနိုးလာရင် ဖြဲပစ်လိမ့်မယ်"
ယွီရှင်း မျက်ခုံးအားကိုင်လိုက်ကာ သူထွက်မလာသင့်ဘူးဟု တွေးလိုက်သော်လည်း ခေါင်းကိုက်လာပြန်သည်။
_____________________________________________