Chapter 42
Vol. 5 Ch. 42
Chapter - 42
သူတို့အိမ်ပြန်ရောက်ချိန်တွင် ဆယ်နာရီထိုးလုနီးပါးဖြစ်နေလေချေပြီ။ ထန်းမီ ဖုရှင်းအား ဆိုဖာပေါ်တွင် ပစ်ချလိုက်ပြီးနောက်တွင် သူမကြက်သီးများ ထသွားရတော့သည်။
မသိလျှင် အလောင်းကောင်ကြီးကို သယ်နေရသလိုပင်။
သူမ ညအိပ်ဝတ်စုံအားဆွဲယူကာ ရေချိုးခန်းထဲဝင်၍ရေချိုးနေလိုက်သည်။ သူမ အပြင်သို့ ပြန်ထွက်လာချိန်တွင် ဆိုဖာပေါ်တွင်ထိုင်ကာ ညအမှောင်ကောင်းကင်ကြီးအား ရီဝေဝေဖြင့်ကြည့်နေသော ဖုရှင်းကို တွေ့လိုက်ရ၏။
ထန်းမီ အနားသို့လျှောက်သွားလိုက်ပြီး ဖုရှင်းရှေ့တွင် သူမ၏လက်ငါးချောင်းအား ဝှေ့ယမ်းပြလျက်...
"အဆင်ပြေရဲ့လား?"
ဖုရှင်း သက်ပြင်းချကာ လွမ်းမောဖွယ် ကဗျာတစ်ပုဒ်အား ရွတ်ပြနေသော စာရေးဆရာ၏လေသံဖြင့် ပြန်ဖြေလိုက်လေသည်။
"ငါ့ဘဝက ဟိုးရှေ့ကကောင်းကင်ကြီးလိုပဲ။ မှောင်မိုက်ပြီးအထီးကျန်လွန်းတယ်.."
ထန်းမီ : "..."
သူမနှုတ်ခမ်းအားသပ်ကာ ဖုရှင်းကိုနှစ်သိမ့်ဖို့စကားရှာလိုက်ရတော့သည်။
"အလုပ်ခွင်ဆိုတဲ့ အမှောင်တရားကြီးကို လူတိုင်းကြုံတွေ့ကြရတာပဲ အကောင်းမြင်စိတ်မွေးစမ်းပါဟ"
"ငါ ဘယ်လိုမှ အကောင်းမြင်လို့ကိုမရတာ ပြီးတော့ ငါဆုံးဖြတ်ပြီးပြီ နှုတ်ထွက်မယ်!"
ဖုရှင်း၏စကားလုံးများသည် တိကျပြတ်သားနေတာကြောင့် ထန်းမီခဏလောက် စဥ်းစားကာ-
"နင့်သူဌေးက တော်တော်တော့ဆိုးသား။ ငါလည်း နင့်နေရာမှာဆိုနှုတ်ထွက်မိမှာပဲ ဒါပေမယ့်နင်နှုတ်ထွက်လိုက်ရင် နင့်အကြွေးတွေကို ဘယ်နားသွားထားမလဲ?"
ဖုရှင်း မော့ကြည့်ကာ အရှည်ကြီးရှင်းပြလိုက်တော့သည်။
"အဟောင်းကို မစွန့်လွှတ်ရင် အသစ်ဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး ငါသာ အဲကုမ္ပဏီအစုတ်အပြတ်မှာဆက်နေရင် ဘာမှတိုးတက်လာမှာမဟုတ်ဘူး မြန်မြန်နှုတ်ထွက်ပြီး တစ်ခြားကောင်းတဲ့ အလုပ်တစ်ခုရှာရမယ်!"
ထန်းမီ ဘာမှဆက်မပြောတော့ချေ။ ဖုရှင်း ဘယ်လောက်ပဲ ကွန်ပလိန်းတက်တက် မနက်ဖြန်မနက်ကျရင် အလုပ်ထ သွားနေအုန်းမှာပင်။ ဘာလို့ဆိုသူမမှာ ဆပ်စရာအကြွေးများ တစ်ပုံကြီးရှိနေသေးသည်။
အကြွေးသမားတွေသည် သူတို့ဆန္ဒရှိတိုင်း လုပ်ချင်တာလုပ်ခွင့်မရှိပေ။
ဖုရှင်း သူမ၏ပြင်းပြသောဆန္ဒအား ဟိတ်ကြီးဟန်ကြီးဖြင့် ပြောပြီးနောက်တွင် ဆိုဖာအား ရိုက်ချလိုက်လေသည်။
ထန်းမီ : "..."
ဖုရှင်း စောင်ပါးလေးတစ်ထည် ခြုံထားသည်ကို တွေ့လိုက်ရတာကြောင့် သူမကို ဧည့်ခန်းထဲမှာသာ အိပ်စက်ခိုင်းလိုက်ရတော့သည်။
ထန်းမီ အိပ်ခန်းထဲသို့ရောက်ချိန်တွင် ကုတင်ပေါ်တွင် ခဏအတွေးနယ်ချဲ့နေမိပြီးနောက် လော့ဟောက်ကို ဖုန်းခေါ်ဖို့ဆုံးဖြတ်လိုက်၏။
တစ်ဖက်သည်ဖုန်းအား လျင်မြန်စွာ ကောက်ကိုင်လိုက်သော် ထန်းမီ ရှက်ရှက်ဖြင့်...
"နောက်ကျမှ ဖုန်းဆက်လိုက်မိလို့ တောင်းပန်ပါတယ် လူကြီးမင်းလော့"
လော့ဟောက်ပြုံးလိုက်ကာ-"ရပါတယ်။ စီအီးအိုယွီတော့မသိစေနဲ့"
အကယ်၍ ဘောစ့်သာ သူ့အချစ်လေးနှင့်သူ ညဘက်ကြီးဖုန်းပြောနေရတာသိလျှင် သူ၏နှစ်ဝက်လစာကို နှုတ်ယူနိုင်၏။
ထန်းမီ ပြုံးလိုက်မိကာ စကားစဖို့ခက်ခက်ခဲခဲ အရှိန်ယူလိုက်လေသည်။
"ကျွန်မ ဖုရှင်း ရှင့်အပေါ်တင်နေတဲ့ အကြွေးတွေအကြောင်း အဓိကပြောချင်တာ...သူ ရာထူးတိုးမခံခဲ့ရဘူး။ အဲတာကြောင့်လစာလည်း မတိုးတာမို့ ရှင်နည်းနည်းလောက် ထပ်စောင့်ပေးလို့ရမလား?"
စကားအဆုံးတွင် လော့ဟောက်မျက်မှောင်ကြုတ်မိကာ မေးလိုက်လေသည်။
"သူ စီးအီးအိုယွီနဲ့အင်တာဗျုးခဲ့ရတာ မဟုတ်လား? အဟော့ဆုံးသတင်းခေါင်းစဥ်ကြီးကို သူရခဲ့တာနော်"
"ဟုတ်တယ်။ ဒါပေမယ့်ဂုဏ်ပုဒ်ကိုကျ ကြားထဲက သူ့အထက်လူကြီးက ဖြတ်ယူသွားတယ်"
လော့ဟောက် နှုတ်ဆိတ်သွားမိသည်။ ထိုအရာသည်အလုပ်ခွင်တွင် ဖြစ်လေ့ဖြစ်ထရှိကြသော ပဋိပက္ခများသာဖြစ်၏။ တကယ်တမ်း လက်တွေ့မှာကြုံတွေ့ရလျှင်တော့ ကံဆိုးသွားသည်ဟု ပြောရုံအပြင် မတတ်နိုင်ချေ။
ထန်းမီမှဆက်၍..."အဲကိစ္စက တော်တော်ဒေါသထွက်ဖို့ ကောင်းတာ။ ဖုရှင်းက အခုအရမ်းဝမ်းနည်းပြီး အလုပ်ထွက်ဖို့တောင် ပြင်နေပြီ"
လော့ဟောက် အနည်းငယ်မျက်ခုံးများပင့်မိသွားပြီး...
"သူ့များ အကြွေးတွေ အများကြီးမဟုတ်လား? သူအလုပ်ထွက်ရင် အကြွေးတွေ ဘယ်လိုဆပ်တော့မှာလဲ?"
ထန်းမီ သက်ပြင်းချလျက်..။
"ဒီအခြေအနေထိ ရောက်လာမှတော့ ကျွန်မ သူ့ကိုအရင် ကူညီဖို့ပဲ တတ်နိုင်တော့တယ်။ ပြီးတော့ကျွ န်မဒီတစ်ခေါက် ပိုက်ဆံနည်းနည်း စုမိထားတယ်"
"အဲတာ မင်းမုန့်ဆိုင်ဖွင့်ဖို့ စုထားတဲ့ပိုက်ဆံမဟုတ်လား?"
"အဲတာကို ခဏထိန်းထားလို့ရတယ်။ အကြွေးရှင်တွေကတော့ အကြွေးပြန်မရရင် ရူးသွားနိုင်တယ်"
လော့ဟောက် ခဏမျှတွေးတောကာ-
"ငါသိတယ် မင်းစိတ်ချလက်ချသာနေ။ ငါက ဒီအတိုင်း သူ့ကိုစနေတာ တကယ်ပေးဖို့မလိုပါဘူး"
"တကယ်? ကျေးဇူးတင်ပါတယ် လူကြီးမင်းလော့ ရှင်က လက်ပေါက်ကပ်မဲ့သူမဟုတ်ဘူးဆိုတာ ကျွန်မထင်သားပဲ!" ထန်းမီ မြူးတူးစွာဖြင့် အားရပါးရပြောချလိုက်လေသည်။
လော့ဟောက် မျက်ခုံးပင့်၍..."ဒါဆို အရင်ကကျ ငါက လက်ပေါက်ကပ်တယ်လို့ အမြဲတွေးနေတာလား?"
"မဟုတ်ပါဘူး။ အကြွေးကိစ္စနဲ့ပတ်သတ်ပြီးပြောတာပါ အဟီး"
လော့ဟောက် ရယ်မောလိုက်ကာ သူမအားစိတ်မဝင်စားတော့ချေ။
"ကောင်းပြီ။ နောက်ကျနေပြီ မင်းစောစောအိပ်သင့်တယ်"
"ဟုတ်ကဲ့ လူကြီးမင်းလော့ ဂွတ်နိုက်ပါ"
ထန်းမီ ဖုန်းချလိုက်ပြီး နောက်ဆုံးတွင် စိတ်အေးလက်အေးအိပ်စက်နိုင်ပေတော့သည်။
နောက်နေ့မနက်တွင် ဖုရှင်း တကယ် အလုပ်ကို သွားဖို့ ပြင်ဆင်နေလေ၏။ သို့သော် သူမ၏စိတ်အခြေအနေ မကောင်းသေးသည်ကိုတွေ့သောကြောင့် ထန်းမီ ချောကလက်ပေါင်မုန့်အား ပန်းကန်ပြားထဲ နှစ်ပိုင်းပိုင်းထည့်ကာ ဒိန်ချဥ်နှစ်ခွက်ဖြင့် ဧည့်ခန်းထဲသို့လျှောက်ဝင်သွားတော့သည်။
"တစ်ခုခုစားလိုက်။ ဗိုက်ပြည့်ရင်နေလို့ကောင်းသွားလိမ့်မယ်" ဖုရှင်း ထန်းမီ သူမဘက်ကို တွန်းပေးလိုက်သော ပေါင်မုန့်နှင့်ဒိန်ချဥ်အား ကောက်ကိုင်ကာစားလိုက်၏။
ထန်းမီ သူမအားကြည့်ကာ သတင်းကောင်းအားပြောပြရန် ဆုံးဖြတ်လိုက်လေသည်။
"ဟုတ်သား! လက်ထောက်လော့က နင် သူ့ကို အကြွေးမပေးလည်းရတယ်တဲ့ မပျော်ဘူးလား?"
ဖုရှင်း ခေတ္တခဏရပ်တန့်သွားပြီးနောက်
"အကြွေးတွေက အစထဲက နင့်ကို ပြန်ဆပ်ဖို့.."လို့ပြန်ပြောလိုက်၏။
ထန်းမီ ပေါင်မုန့်အား လှမ်းယူရန် ခေါင်းငုံ့လိုက်စဥ် စားပွဲပေါ်မှ ဖုန်းတုန်ခါလာသည်အား တွေ့လိုက်ရ၏။ ထန်းမီ ဖုန်းအားကြည့်လိုက်ရာ နံပါတ်စိမ်းဖြစ်နေသောကြောင့် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကောက်ကိုင်လိုက်ရတော့သည်။
"ဟယ်လို"
"ဟယ်လို မိန်းကလေးထန်း"
ဖုန်းထဲမှအသံသည် သက်လတ်ပိုင်းအမျိုးသမီးအသံဖြစ်နေ၏။ ထိုအသံသည် သိမ်မွေ့ကာ ခပ်စိမ်းစိမ်းဖြစ်နေသောကြောင့် ထန်းမီ တီဗီထဲရှိ သူဌေးမကြီးတွေကိုတောင် သတိရ သွားတော့သည်။
"ငါက ယွီယိအမေပါ။ မင်းဒီနေ့အားလား? ခဏတွေ့ရအောင်"
"ယွီယိအမေ"ဟူသောစကားအား ကြားလိုက်ရချိန်တွင် ထန်းမီ၏ဦးနှောက်တစ်ခုလုံး ပေါက်ထွက်တော့မလိုခံစားလိုက်ရ၏။ ထို့နောက် သူမ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသောဖုရှင်းပင် သတိထားမိလောက်အောင် သူမပျာယာခတ်သွားရတော့သည်။
ယွီယိအမေဆိုသူသည် ခဏစောင့်နေသော်လည်း သူမ၏အဖြေကိုမကြားရသောကြောင့် ထပ်၍...
"မင်း ဒီနေ့အချိန်ရလား?
ထန်းမီ အသက်ပြင်းပြင်းရှူလိုက်ပြီး နောက်ဆုံးမှာတော့- "ဟယ်လို မဒမ် ကျွန်မ ဒီနေ့စားသောက်ဆိုင်မှာ အလုပ်လုပ်ဖို့ရှိပါတယ်။ တစ်ခုခုအဆင်မပြေတာများရှိလို့လားရှင့်?"
ယွီယိအမေသည် ခဏမျှတိတ်ဆိတ်သွားပြီးနောက်တွင် "ဒီကိစ္စက ဖုန်းထဲမှာပြောလို့သိပ်အဆင်မပြေလို့ မျက်နှာချင်းဆိုင်တွေ့ရရင်ပိုကောင်းမှာပဲ။ ငါ အချိန်သိပ်မဆွဲပါဘူး။ နာရီဝက်လောက်ဆိုလုံလောက်ပါပြီ"
"ကျွန်မ နေ့လည်ခင်းတော့ နှစ်နာရီလောက် အချိန်ရပါတယ်။" ထန်းမီ တွန့်ဆုတ်စွာ ပြန်ဖြေလိုက်တော့သည်။
"ဒါဆို ငါမင်းကို ကြိုဖို့ကားလွှတ်လိုက်မယ်။ နေ့လည်ကျတွေ့ကြတာပေါ့"
ယွီယိအမေ ဖုန်းချလိုက်ပြီးတာတောင် ထန်းမီဖုန်းအား ဆက်၍ကိုင်ထားမိ၏။ ဖုရှင်းသူမပါးစပ်ထဲရှိ ပေါင်မုန့် ပလုတ်ပလောင်းအား အတင်းမျိုချကာ ထန်းမီကို ကြည့်လိုက်လေသည်။
"ဘာဖြစ်တာလဲ? ဘယ်သူခေါ်တာလဲ? နင့်မျက်နှာက ဖြူဖျော့နေတာပဲ"
ထန်းမီ ဖုရှင်း၏လက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်ပြီး ထိပ်လန့်တကြားဖြင့်...
"ငါ ဘာလုပ်ရမလဲ! ယွီယိအမေက တွေ့ကြရအောင်တဲ့!!"
ဖုရှင်း စားလက်စပေါင်မုန့် နင်တော့မလိုဖြစ်သွားရကာ မျက်လုံးအပြူးသားဖြင့် ကမန်းကတန်း မတ်တပ်ထရပ်လိုက်လေသည်။
"ဒီလိုဒရမ်မာဆန်ဆန်ဇာတ်လမ်းကို ဒီလောက်မြန်မြန်ကြီးရောက်လာမယ်လို့ မမျှော်လင့်ထားဘူး!"
ထန်းမီ : "ဇာတ်အိမ်က ဘာလဲ?"
ဖုရှင်း သူမ၏လက်သီးဆုပ်အား ပါးစပ်နားကပ်ရင်း ချောင်းဟန့်လိုက်ကာ ထန်းမီကို အထင်အမြင်သေးသောမျက်လုံးများဖြင့် ကြည့်၍...။
"ရော့ ဒီမှာပိုက်ဆံ10သန်း ယူပြီးနောက် ဘယ်တော့မှ ငါ့သားရှေ့ပေါ်မလာစေနဲ့!"
ထန်းမီ : "..."
ထိုဇာတ်အိမ်သည် ဖုရှင်းအား သိသာစွာ တက်ကြွလာစေခဲ့ကာ သူမ နှစ်ခါတောင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တော့သည်။
"ဟေး! ဒါသူဌေးသားနဲ့ ချစ်ကြိုက်ရင် သေချာပေါက်ကြုံတွေ့ရမဲ့အတွေ့အကြုံပဲ!"
သူမ ပြောလည်းပြောရင်း ထန်းမီအနားတွင် ထိုင်ချလိုက်ကာ သူမမျက်လုံးအား စိုက်ကြည့်ပြီး..။
"ငါ့ကို ကတိပေး! တကယ်လို့ အဲအဘွားကြီး နင့်မျက်နှာကို ချက်လက်မှတ်နဲ့ပေါက်ခဲ့ရင် နင်လုပ်ရမှာက ကုန်းကောက်ပြီး အိတ်ကပ်ထဲထည့်ရုံပဲနော်! ဒီနည်းသုံးပြီး သန်းကြွယ်သူဌေးဖြစ်သွားတဲ့တစ်ယောက် အကြောင်းကြားဖူးတယ် အတုယူစရာပဲ!"
ထန်းမီ : "..."
သူမ ဖုရှင်း၏ ပြန်လည်တက်ကြွလာသောမျက်နှာကို မြင်လိုက်သော်လည်း တစ်ယောက်တည်းသာ နေလိုက်ချင်တော့သည်။
ဖုရှင်းအလုပ်သို့ ထွက်သွားပြီးနောက်တွင် ထန်းမီစားပွဲအား သန့်ရှင်းရေးလုပ်နေလိုက်၏။ သို့သော် သူမနှလုံးသားထဲတွင် ဧကန်မုချ ဖြစ်လာမည့် အမှန်တရားအား ရင်ဆိုင်ရန် ကြောက်ရွံ့နေလေတော့သည်။
'သူ ဒီကိစ္စယွီယိကို သတိပေးသင့်လား?'
သူမ အတော်ကြာ တုံ့ဆိုင်းနေပြီးနောက်တွင် သူ့အမေကိုသာ တွေ့ပြီးမှ ပြောရန်ဆုံးဖြတ်လိုက်လေ၏။
သူမပစ္စည်းများအား ထုပ်ပိုးပြီးချိန်တွင် ဖုန်းသံထပ်မြည်လာပြန်သည်။ ဒီတစ်ခေါက်တွင်တော့ ပိုင်ရှောင်ဆီကပင်။
သူမနှင့်ယွီယိ လူသိရှင်ကြားတွဲခဲ့ချိန်မှစ၍ ပိုင်ရှောင် သူမအား လုံးဝမဆက်သွယ်ခဲ့ချေ။ အခု သူမ ရုတ်တရက်ကြီး ဖုန်းခေါ်လာလေသည်။
'ဒါ နောက်ထပ်ဒရမ်မာဇာတ်အိမ်များလား?'
သူဌေးသား၏အရင်ရည်းစားဟောင်းသည် လက်ရှိရည်းစားအား အထက်စီးဆန်ဆန်ဖြင့်...
"သူ နင့်ကို အတည်တွဲမယ်ထင်လို့လား? သူက နင့်ကို သက်သက် ကစားနေရုံပဲ!"
ထန်းမီခေါင်းအား ပြင်းထန်စွာ လှုပ်ယမ်းလိုက်ပြီး သူမခေါင်းထဲပြည့်နေသော ပြဇာတ်အသေးလေးအား မောင်းထုတ်လိုက်ရတော့၏။
ဖုန်းသံသည် မြည်နေဆဲဖြစ်ကာ ထန်းမီဖုန်းအားကိုင်လိုက်ပြီး..."ဟယ်လို ပိုင်ရှောင်"
သူမအသံအား ကြားလိုက်ရချိန်တွင် ပိုင်ရှောင်ပြုံးသွားကာ- "တောင်းပန်ပါတယ်။ ကျွန် မအခုတလောအလုပ်များနေတာ အခုမှကိတ်တွေမလုပ်ရတာကြာနေပြီဆိုတာ သတိရသွားလို့ ဒီနေ့အားရင် သင်ပေးလို့ရမလား? ကျွန်မ အပျင်းမကြီးတော့ပါဘူး"
ပိုင်ရှောင်၏လေသံသည် အလွန်ပြေလျော့နေပြီး ယခင်သူမကို ဆက်ဆံခဲ့ပုံနှင့် မတူညီသောကြောင့် ထန်းမီအနည်းငယ် စိတ်သက်သာရာရသွားတော့သည်။ သို့သော် ဒီနေ့ကတော့သူမ ယွီယိအမေနှင့်တွေ့ဖို့ချိန်းထားသောကြောင့် ပိုင်ရှောင်ကိုကိတ်လုပ်နည်းသင်ပေးဖို့ အားမရှိသေးချေ။
ထန်းမီ သက်ပြင်းခပ်တိုးတိုးချကာ- "တောင်းပန်ပါတယ်။ ကျွန်မဒီနေ့ချိန်းထားတာလေးရှိလို့ နောက်နေ့မှ လုပ်ကြမလား?"
ပိုင်ရှောင်၏မျက်လုံးများ လှုပ်ခတ်သွားကာ ခပ်မာမာမေးလိုက်လေ၏။
"ဘယ်သူနဲ့တွေ့မလို့လဲ? အသံက ဘာလို့ စိတ်ဓါတ်ကျနေသလို ဖြစ်နေတာလဲ?"
"အိုး ဘယ်သူမှမဟုတ်..." ထန်းမီ သူမမျက်နှာအား ခဏလောက် ဖွက်ထားမိလိုက်သည်။ ထို့နောက်-
"တကယ်တော့ ယွီယိအမေနဲ့ချိန်းထားတာ သူက ကျွန်မကို တွေ့ချင်တယ်တဲ့။ အဲတာကြောင့်စိတ်လှုပ်ရှားနေတာ"
ပိုင်ရှောင် မျက်ခုံးအားပင့်လိုက်မိကာ ထိုကိစ္စအားတွေးလိုက်တော့၏။
"ယွီယိကို ပြောပြပြီးပြီလား?
"ဟင့်အင်း မပြောရသေးဘူး ဘာလို့မှန်း မသိသေးလို့"
ပိုင်ရှောင် စိတ်သက်သာရာရသွားဟန်.."အရမ်းကြီးမစိုးရိမ်ပါနဲ့ ယွီယိအမေက လူကောင်းတစ်ယောက်ပါ။ ရှင့်မှာချိန်းထားတာရှိတယ်ဆိုတော့လည်း နောက်မှပဲ လာတွေ့တော့မယ်နော်"
"အိုခေ ကျေးဇူးပါ"
ပိုင်ရှောင်ပြုံးကာ-"ရှင်ပဲ ကျွန်မကိုကိတ်လုပ်နည်းသင်ပေးပြီး ကျွန်မကို ပြန်ကျေးဇူးတင်နေတာလား?"
ထန်းမီ : ကျွန်မကို ကိတ်လုပ်နည်းသင်ပေးခိုင်းလို့ ကျေးဇူးတင်ပါတယ်"
ပိုင်ရှောင် အံ့အားသင့်သွားကာ ရယ်မောလိုက်ပြီး ဘာမှတော့ပြန်မပြောတော့ချေ။
ဖုန်းချသွားပြီးနောက်တွင် အဝတ်အစားလဲကာ အိမ်မှထွက်လာတော့၏။ သို့သော် ထိုကိစ္စအကြောင်းအား အတွေးလွန်နေဆဲပင်။
ယွီယိအမေ ပိုင်ရှောင်တံခါးအပြင်တွင် ရပ်နေသည်အားမြင်သော် ချက်ချင်းပြုံးပြလိုကြပြီး အိမ်ထဲသို့ ဖိတ်ခေါ်သွားတော့သည်။
"ဘာလို့ ရုတ်တရက်ကြီးရောက်ချလာတာလဲ?"
သူမပိုင်ရှောင်အား ဆိုဖာပေါ်သို့နေရာချပေးလိုက်ကာ အိမ်အကူအားအဆာပြေမုန့်နှင့် လက်ဖက်ရည်ယူလာဖို့ပြောရင်းအလုပ်ရူပ်နေလေ၏။ ပိုင်ရှောင် သူမအားကြည့်ကာ ခပ်ပါးပါးပြုံးပြရင်း...။
"အန်တီယွီ အရမ်းဧည့်မခံပါနဲ့ ရပါတယ်။ ကျွန်မ ယွီယိရဲ့အခြေအနေလေးပြောပြချင်လို့ အဓိကလာခဲ့တာပါ"
ယွီယိအမေ၏မျက်နှာပေါ်ရှိ အပြုံးများရပ်တန့်သွားကာ ပိုင်ရှောင့်လက်အား ဆုပ်ကိုင်ပြီးမေး ယလိုက်တော့သည်။
"ဟေး အပြင်ကကောလဟာလတွေ ကြားလာတာလား? စိတ်မပူပါနဲ့ အဲတာတွေက တစ်ယောက်ယောက်က တမင်သတင်းလွှင့်တာတွေပဲနေမယ်။ ယွီယိလိုလူက ဘယ်လိုလုပ် စားသောက်ဆိုင်ကဝန်ထမ်းကို ကြိုက်မှာတဲ့လဲ?"
ပိုင်ရှောင် ခဏမျှနှုတ်ဆိတ်နေပြီးနောက် ယွီယိအမေအား.."တကယ်တော့ ကျွန်မအစ်ကို ဆီကနေလည်း ကြားခဲ့ပြီးပြီ ယွီယိက သူ ထန်းမီကို ချစ်မိနေတဲ့အကြောင်း သူ့ကို ပြောပြခဲ့တယ်တဲ့"
ယွီယိအမေမျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားပြီး ပိုင်ရှောင်အားကြည့်ကာ လေသံမာမာဖြင့်မေးလိုက်၏။ "သူကိုယ်တိုင် ပြောတာလား?"
ပိုင်ရှောင် ခေါင်းညိတ်ပြလိုက်ချိန်တွင် ယွီယိအမေသည် ဒေါသပုန်ထကာ ဆိုဖာပေါ်မှချက်ချင်းထရပ်ရင်း.."အဘွားဝမ် ယွီယိကို ခေါ်လိုက် ကျွန်မကိုအခုချက်ချင်းလာတွေ့လို့ပါပြောလိုက်!"
ပိုင်ရှောင် သူမအား အခုလိုမြင်လိုက်ချိန်တွင် ချက်ချင်း နောက်ကလိုက်ကာ-
"စိတ်ထိန်းပါဦး။ အန်တီယွီ ယွီယိ ချစ်မိသွားတာအမှားမဟုတ်ပါဘူး။ သာမန်ကိစ္စလေးပါပဲ"
"စားသောက်ဆိုင်ကဝန်ထမ်းနဲ့ ချစ်မိတာ?!" ယွီယိအမေ သတိလက်လွတ် အသံအား မြှင့်လိုက်မိတော့သည်။ ယွီယိသည်သူမနှလုံးသားထဲတွင် အမြဲလိမ္မာရေးချာရှိသော သားလေးဖြစ်ခဲ့၏။
သူမိသားစုကုမ္ပဏီအား မဆက်ခံခဲ့သော်လည်း သူ့ဟာသူအလုပ်ကြိုးစားပြီး ယွီဂရုအား ကမ္ဘာကျော်စားသောက်ကုန်လုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခဲ့တာဖြစ်သည်။
'အဲတာကြောင့် ယွီယိစားသောက်ဆိုင်က အလုပ်သမားနဲ့ ချစ်ကြိုက်မိတဲ့အရေးကို ဘယ်လိုလုပ် လက်ခံပေးရမှာလဲ?'
ပိုင်ရှောင် နှုတ်ခမ်းများသပ်လိုက်မိကာ သူမအားကြည့်၍.."အန်တီယွီ ထန်းမီကို သိလား?"
"ဘာကိစ္စသိရမှာလဲ? ငါတို့ယွီယိက မင်းကိုပဲ လက်ထပ်ရမယ်!"
ပိုင်ရှောင် သက်ပြင်းချလိုက်ကာ သူမအမြင်အားရှင်းပြလိုက်တော့သည်။
"အန်တီယွီ ခံစားချက်တွေကို အတင်းအကြပ်လုပ်ယူလို့မရဘူး။ အန်တီဒေါသထွက်နေတာ ထန်းမီအကြောင်းမသိသေးလို့ ကျွန်မသူနဲ့အဆက်သွယ်လုပ်ဖြစ်တယ်။ သူက သိပ်ပေါင်းသင်းရအဆင်ပြေတဲ့မိန်းကလေးပဲ။ ကိစ္စတစ်ခုကို လေးလေးနက်နက်လုပ်တတ်ပြီး တာဝန်ယူစိတ်လည်းရှိတယ်။ အန်တီမသိလောက်ပေမယ့် သူက ကျွန်မရဲ့မုန့်ဖုတ်ဆရာမဖြစ်ခဲ့တာ ကျွန်မ အတန်းတက်တိုင်း အမြဲစိတ်ရှည်ရှည်ထားပြီး ရှင်းပြပေးတယ်။ ကျွန်မ သူ့ဆီက အများကြီးသင်ယူခဲ့ရတာ"
ယွီယိအမေ သူမ၏သွယ်လျသောမျက်ခုံးများအား အနည်းငယ်တွန့်ချိုးလိုက်လေ၏။ ထို့နောက် ပိုင်ရှောင်အားစိုက်ကြည့်ကာ-"ဘာဆိုင်လဲ? သူမိန်းမကောင်းဖြစ်တာနဲ့ပဲ ယွီယိနဲ့ထိုက်တန်တယ်လို့ ဆိုလိုတာလား?"
"သူက chefကောင်းတစ်ယောက်ဖြစ်နေတုန်းပဲ။ သူလုပ်တဲ့ကိတ်တွေက တစ်ကိုက်ကိုက်မိရင်တောင် စွဲလန်းသွားမိတဲ့အထိ ကောင်းလွန်းတယ်။"
သူမယွီယိအမေအားပြုံးပြရင်း စကားစပြန်ဆက်လိုက်၏။
"ကျွန်မ အန်တီယွီ ကိတ်ကြိုက်တတ်တာကိုသိတယ်? အခွင့်ရေးရရင် သူ လုပ်ထားတဲ့မှော်ဆန်ဆန်ကိတ်ကို မြည်းကြည့်သင့်တယ်နော်။ ချိုမြိန်မြိန် အိပ်မက်ဆိုင်မှာရောင်းတယ်"
ယွီယိအမေ ခဏမျှငြိမ်သက်သွားပြီးနောက် ပိုင်ရှောင်၏ပခုံးနှစ်ဖက်အား ဆုပ်ကိုင်ရင်း ဆိုဖာပေါ်ထိုင်စေလိုက်၏။
"ဟေး ထန်းမီက မင်းပြောသလို အကျင့်စရိုက်ကောင်းပြီးအရည်အချင်းလည်းရှိတယ်ဆိုရင် မင်းမှာလည်း အဲတာတွေအကုန်ရှိသားပဲ။ သူ့ထက် မပိုရင်တောင်လျော့မနေဘူးလေ။ ယွီယိက ဘာလို့ မင်းအစား သူ့ကို ရွေးချယ်ရတာလဲ?"
"ဘာလို့ဆို ယွီယိချစ်တာ သူမပဲ မို့လို့လေ"
ပိုင်ရှောင် ယွီယိအမေ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမအား လေးနက်စွာ ကြည့်လိုက်၏။
"အန်တီယွီ သေချာသဘောပေါက်သင့်တယ်။ ယွီယိ သူကြိုက်တဲ့သူနဲ့တွေ့ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးလေ။ အဲတာကြောင့် ကျွန်မလည်း သူကြိုက်တဲ့သူနဲ့ အတူရှိနေနိုင်ဖို့ မျှော်လင့်တယ်။"
ထိုစကားသည် ယွီယိအမေ၏ရင်ထဲအား ထိသွားပုံရပြီး တည်ငြိမ်သောမျက်နှာထားဖြင့် သူမထပ်မပြောနိုင်တော့ပေ။
"အန်တီယွီ ကျွန်မယွီယိကို လက်ထပ်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒါက ပိုင်မိသားစုနဲ့ ယွီမိသားစုကြားက ဆက်ဆံရေးကိုတော့ သက်ရောက်မှာမဟုတ်ဘူးနော်။ စိတ်ချပါ ယွီယိက ကျွန်မတို့ စီးပွားရေးလုပ်ငန်းအတွက် အကောင်းဆုံးပါတနာဖြစ်နေဆဲပါပဲ။"
သူမ စကားဆုံးသည်နှင့် ဆိုဖာပေါ်မှထကာ ယွီယိအမေအား.."ဒါ ကျွန်မပြောချင်တာအကုန်ပါပဲ။ ကျွန်မစကားတွေကို အန်တီ သေချာစဥ်းစားချင့်ချိန်နိုင်မယ်လို့ မျှော်လင့်ပါတယ် နှုတ်ဆက်ခဲ့ပါတယ်ရှင့်။"
ပိုင်ရှောင် ထွက်သွားပြီးသော်လည်း ယွီယိအမေကတော့ ဆိုဖာပေါ်မှမခွာသေးပေ။ ခဏအကြာတွင် တံခါးဘဲလ်သံ ထွက်ပေါ်လာပြီး ယွီယိတစ်ယောက်အပြင်မှ ဝင်လာခဲ့လေ၏။
ယွီယိအမေသည် သူ့အား မော့ကြည့်ခဲ့ပြီး ဘာစကားတစ်ခွန်းမှ မပြောခဲ့ချေ။ ထို့ကြောင့် ယွီယိမှစ၍..။
"ဘာလို့ ထန်းမီကို လိုက်ရှာနေတာလဲ?"
ယွီယိအမေသည် ရယ်မောပစ်လိုက်၏။ သူမအသံသည်အနည်းငယ် ရွဲ့တဲ့တဲ့ဖြစ်နေလေသည်။
"သူ မင်းကို တိုင်လိုက်တာလား?"
"သူဘာမှမပြောခဲ့ဘူး? ဒါပေမယ့်အမေပဲ။ ကျွန်တော့်ကို ဆန္ဒစောပြီးပြန်ခေါ်နေခဲ့တာလေ အဲတာကြောင့်ပဲမဟုတ်ဘူးလား?
ယွီယိအမေ အသက်ရှူကြပ်လာကာ ထမင်းစားခန်းထဲသို့ ဝင်သွားလိုက်တော့သည်။
"ပြန်ရောက်ရောက်ချင်း အဲတာကို အရင်မပြောနဲ့ဦး။ ထမင်းစားသွား အဖွားဝမ်ကို မင်းအတွက် ပြည်ကြီးငါးပေါင်းခိုင်းလိုက်မယ်"
ယွီယိ သူမ၏နောက်ကျောအားကြည့်ကာ ရုတ်တရက်ထပြောလိုက်လေ၏။
"တကယ်တော့ ကျွန်တော်ဘယ်တုန်းကမှ ပြည်ကြီးငါးပေါင်းကို မကြိုက်ခဲ့ဘူး"
ယွီယိအမေ ရပ်တန့်သွားကာ သူ့အားကြောင်အမ်းအမ်းဖြင့် လှည့်ကြည့်မိလိုက်တော့သည်။
ယွီယိ သူ့ခြေထောက်အားလျင်မြန်စွာ လှုပ်ရှားလိုက်ကာ ထမင်းစားခန်းထဲသို့ဝင်သွားလိုက်၏။
"ကျွန်တော့်မှာ အကြိုက်ဆုံးအစားအစာဆိုတာ မရှိခဲ့လို့ပဲ အဲတာကြောင့် ကျွန်တော်ပြည်ကြီးငါးပေါင်း ကြိုက်တယ်လို့ အမေထင်တာကို မငြင်းဆန်ခဲ့တာ"
သူ ကုလားထိုင်အား ဆွဲလိုက်ကာ စားပွဲခုံပေါ်တွင်ထိုင်ချလိုက်ပြီးနောက်-"ဒါပေမယ့် ကျွန်တော်အခုတလော ကြိုက်တဲ့ဟာတစ်ခု ရှာတွေ့ထားတယ်။ အဖွားဝမ် ငွေငါးကြီးဆီရှိလား? အဲတာလေးနဲ့ ငွေပြည်ကြီးငါး ကြော်ပေးပါ။"
အဖွားဝမ် ယွီမိသားစုမှာ အလုပ်လုပ်လာတာ နှစ်၂၀ကျော်ပြီ ဖြစ်သော်လည်း ဒါသည် ပထမဦးဆုံး ယွီယိ သူစားချင်တာကို ပြောခဲ့တာဖြစ်၏။ ထို့ကြောင့် သူမမျက်ရည်ကျလုမတတ် အရမ်း စိတ်လှုပ်ရှား သွားရတော့သည်။
"ဟုတ်ကဲ့။ ကျွန်မအမြန်ဆုံးလုပ်ပေးပါ့မယ်!"
ယွီယိအမေသည် တစ်နေရာထဲတွင် တောင့်ခဲစွာ ရပ်နေခဲ့ပြီး နောက်ဆုံးတွင်ယွီယိ၏ဆန့်ကျင်ဘက်နေရာတွင် ထိုင်ချလိုက်၏။
သူတို့ စားသောက်နေကြချိန်တွင် ဘယ်သူမှ စကားမစခဲ့ကြပေ။ သို့သော် ယွီယိအမေသည် ရုတ်တရက် တူအားချလိုက်ပြီး စားလက်စကိုရပ်လိုက်ကာ-
"ထန်းမီနဲ့မင်းကို ငါသဘောတူရင်တောင်။ မင်းအဖေကတော့သဘောတူမှာမဟုတ်ဘူး"
"အဖေ့ကို ကျွန်တော်ကိုယ်တိုင် ပြောပြလိုက်မယ်။ ဒါပေမယ့်သူ၏သဘောထားကွဲလွဲမှုက နောက်ဆုံးရလဒ်ကိုတော့ သက်ရောက်မှာမဟုတ်ဘူး။ အမေ ထန်းမီကို သိချင်ရင် ကျွန်တော်မိတ်ဆက်ပေးမယ် လိုက်တော့မချောင်းနဲ့။"
ယွီယိအမေ သူ့အားကြည့်ကာ တူပြန်ကိုင်ရင်း ဆက်၍စားနေလိုက်၏။
ထန်းမီ၏အာရုံများသည် ဒီနေ့အတော်လေးတင်းကျပ်နေလေသည်။ သူမယွီယိ၏အမေဖြစ်သူအား တွေ့ရမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေသလို တစ်ချိန်တည်းမှာပဲ သူမကိုသာ ချက်လက်မှတ်ပေးခဲ့လျှင် ဘယ်လောက်ဖြစ်မလဲဆိုတာကိုပါ သိချင်နေတော့၏။
'ချက်လက်မှတ် အလွတ်ဖြစ်ပြီး ကိုယ့်ဟာကိုယ် ဖြည့်ရမှာများလား?'
သူမ တွေးပြီး အနည်းငယ် စိတ်လှုပ်ရှားနေမိ၏။ သူမ ဒီအရွယ်ကြီးထိရောက်လာပြီ ဖြစ်သော်လည်း ဘယ်သူမှ သူမအား ပထုတ်ဖို့ ပိုက်ဆံမသုံးဖူးခဲ့ချေ။
နေ့ခင်းပိုင်း အနားရချိန်တွင် စားသောက်ဆိုင်၏ဝင်ပေါက်တွင် ကားမဲကြီးတစ်စီးထိုးရပ်လာခဲ့၏။ ထန်းမီ မန်နေဂျာကြိုပြောထားပြီးပြီ ဖြစ်သဖြင့် အဝတ်အစားလဲကာ အပြင်သို့တန်းထွက်လာခဲ့သည်။
ဒါရိုက်ဘာ သူမထွက်လာသည်အားမြင်ပုံရကာ ဒါရိုက်ဘာဘေးရှိအဖော်သည် ကားပြတင်းပေါက်အား ဖြေးနှင်းစွာချလေသည်။ ထို့နောက် ဒါရိုက်ဘာသည် ကိုယ်ကိုတစ်ဝက်ချိုးကာ နှုတ်ဆက်လိုက်၏။
"မိန်းကလေးထန်းမီ ကျေးဇူးပြု၍ ကားပေါ်တက်ပေးပါ"
ထန်းမီ ကြို့ထိုးကာ "မင်္ဂလာပါ"ဟူသောစကားလုံး မနည်းထွက်အောင် ပြောလိုက်ရတော့သည်။
သူမ အနောက်တံခါးအား အမြန်ဆွဲဖွင့်လိုက်ချိန်တွင် အံ့အားသင့်သွားခဲ့ရတော့၏။
'ယွီယိက ဘယ်လိုလုပ်ပြီး အထဲမှာထိုင်နေတာလဲ?!'
ယွီယိ သူမအားစောင်းကြည့်ကာ ခပ်တိုးတိုးဖြင့်...
"တက်ခဲ့"
ဘော့စ်၏အမိန့်ကို သူမ မဖီဆန်ဝံ့ဘဲ ကားပေါ်သို့ အမြန်တက်လိုက်ရတော့သည်။
ကားတံခါးပိတ်သွားပြီးနောက်တွင် ကားလေးစတင်၍ ထွက်ခွာလေတော့၏။ ထန်းမီ သူ့ဘေးရှိ ယွီယိအားကြည့်ပြီး စပ်စုစွာဖြင့် မေးလိုက်လေသည်။
"ရှင် ဘာလို့ လိုက်လာတာလဲ?"
"ဘာလို့လဲ အဲတာ ကိုယ့်အမေပဲလေ ဘာလဲ စိတ်ပျက်သွားတာလား?"
"...မဟုတ်ပါဘူး"
စီးအီးအိုယွီ စနေတဲ့ပုံစံလေးက အရမ်းချစ်စရာကောင်းတာပဲဟု ထန်းမီ တိတ်တဆိတ်တွေးမိလိုက်လေသည်။
ယွီယိ သူမအားခဏအကဲခတ်လိုက်ပြံးနောက်-
"ကိုယ့်အမေတွေ့ဖို့ ပြောတာကို ဘာလို့ ကိုယ့်ကို မပြောတာလဲ?"
"အိုး...သူဘာလို့ ကျွန်မကိုရှာလည်းဆိုတာ မသိသေးလို့လေ။ အဲတာကြောင့်သူနဲ့တွေ့ပြီးမှ ရှင့်ကိုပြောပြဖို့ စဥ်းစားထားတာ။ မလိုအပ်ဘဲ နားလည်မှု လွဲတာမျိုး မဖြစ်စေချင်လို့"
ယွီယိ မျက်လုံးများလှုပ်ရှားသွားကာ-
"ဘာအတွက် မင်းကိုတွေ့ချင်ရမှာလဲ? ပိုက်ဆံသုံးပြီး မင်းကိုဝေးဝေးနေခိုင်းဖို့ပေါ့"
ထန်းမီ ပါးစပ်အဟောင်းသားဖြင့် အံ့သြသွားရတော့သည်။
"သူက တကယ် ပိုက်ဆံသုံး မလို့လား?!"
ယွီယိ မျက်မှောင်ကြီးကြုတ်ရင်း "ဘာလို့ပျော် သွားတဲ့ ပုံပေါက်သွားတာလဲ?"
"ပိုက်ဆံနဲ့ ပတ်သတ်ရင် ဘယ်သူက မပျော်လို့လဲ?"
"ကိုယ့်ကို လမ်းခွဲပေးရတာ တောင်လား?"
"အမ် အဲတာတော့..." ထန်းမီ အကြပ်ရိုက်သွားရတော့သည်။ "အဲတာတော့ သူ ဘယ်လောက်ပေးလဲ ပေါ်မူတည်တာပေါ့"
ကားထဲရှိလေထုဖိအားသည် ရုတ်တရက် ထိုးကျသွားကာ ယွီယိ သူမအနားအား တိုးကပ်လာရင်း ခြိမ်းခြောက်လေတော့၏။
"လုပ်ရဲရင် လုပ်ကြည့်!"
ထန်းမီ ရယ်လိုက်မိကာ-"ကျွန်မ ရှင့်ကို ကြိုက်တာလား။ ရှင့်ပိုက်ဆံကိုကြိုက်တာလားဆိုတာ ဘာလို့မမေးတာလဲ? ကျွန်မက အမြဲရှေ့ရေးကိုပဲ ကြိုတွေးတဲ့သူပါနော်"
ယွီယိ၏မျက်ခုံးများ အနည်းငယ် ပင့်သွားမိကာ ဆက်၍မေးလိုက်၏။
"ဒါဆို မင်းက ကိုယ့်ကိုကြိုက်တာလား။ ကိုယ့်ပိုက်ဆံကို ကြိုက်တာလား?"
ထန်းမီ သူ၏လက်မောင်းအား ဆွဲယူကာ ခေါင်းမှီချလိုက်ရင်း "တစ်ခုမှ မဟုတ်ဘူး ကျွန်မရှင့်မျက်နှာလေးကိုပဲ သဘောကျတာ!"
ရှေ့ခုံရှိဒါရိုက်ဘာသည် သည်းမခံနိုင်တော့တဲ့အဆုံး အော်ရီမိလိုက်လေ၏။
ယွီယိ သူ့အား စိုက်ကြည့်ပေးလိုက်ချိန်တွင် ဒါရိုက်ဘာသည် ပျာပျာသလဲဖြင့်.."တောင်းပန်ပါတယ်။ စီအီးအိုယွီ ကျွန်တော် ဘာမှမကြားလိုက်ပါဘူး!"
ယွီယိ သူ့အကြည့်အား ပြန်ရုတ်သိမ်းလိုက်ပြီး ဘယ်လက်ကို မြှောက်ကာ ထန်းမီ၏ခေါင်းလေးအား ပွတ်သပ် ပေးလိုက်လေသည်။
"နောက်နောင် ကိုယ့်မိဘတွေ မင်းကို ထပ်ရှာတာနဲ့ ကိုယ့်ကိုအရင်အကြောင်းကြား"
"အင်း" ထန်းမီ ခေါင်းညိတ်ပြလိုက်ရင်း "ဒါဆို ကျွန်မရှင့်မိဘတွေကို ဘယ်တော့မှ မတွေ့ရတော့ဘူးပေါ့?"
ယွီယိ တခစ်ခစ်ရီလိုက်မိပြီး..."အဲလိုတော့ ဘယ်ဟုတ်မလဲ။ ကိုယ် သူတို့နဲ့တရားဝင် မိတ်ဆက်ပေးမှာမို့ ခိုးကြောင်ခိုးဝှက်မလုပ်နဲ့တော့လို့ ပြောတာ"
"အိုခေ သဘောပေါက်ပြီ"
ယွီယိ တစ်ခုခုကို တွေးနေသလိုမျိုး သူမ၏နူးညံ့ပျော့ပြောင်းနေသော အနက်ရောင်ဆံနွယ်များအား ပွတ်သပ်နေရင်း လက်မောင်းကိုဆွဲထုတ်လိုက်လေ၏။ "မင်းအတွက် ပေးစရာတစ်ခုရှိတယ်"
ထန်းမီမျက်တောင်များ ပုတ်ခတ်သွားကာ-"ဘာလဲ?"
ယွီယိ သူ၏အိတ်ကပ်ထဲမှ နူးညံ့သော ဘူးသေးသေးလေးအား ထုတ်ကာ ထန်းမီကို ကမ်းပေးလိုက်လေသည်။
"ဖွင့်ကြည့်လိုက်!"
ထန်းမီ ဘူးလေးအား ဖွင့်ရန်မစောင့်နိုင်တော့ဘဲ ချက်ချင်း ဖွင့်ကြည့်လိုက်လျှင် အထဲတွင် ငွေလည်ဆွဲလေးတစ်ခုရှိနေ၏။ လော့ကတ်သည်အမျိုးသမီးပုံသဏ္ဍာန်ဖြစ်နေတာကြောင့် ထန်းမီ သေချာကြည့်လိုက်ရာ သူမနှင့်တောင် အနည်းငယ် ဆင်တူနေသလိုပဲ။
"ဒါ မင်းဓါတ်ပုံကို ပုံဖော်ထားတာ အနောက်မှာ မင်းနာမည်အတိုကောက်လေးပါတယ်"
ထန်းမီ ယွီယိပြောတာကိုကြားသည်နှင့် ချက်ချင်း နောက်သို့လှန်ကြည့်လိုက်ရာ တကယ်ပင်"ထန်းမီ"၏အတိုကောက် စာလုံးလေးတွေ ထွင်းထားတာကိုတွေ့လိုက်၏။ ထိုအောက်တွင်အသည်းပုံလေးတစ်ခုပါ ထွင်းထားသေးသည်။
"လှလိုက်တာ!" ထန်းမီ ယွီယိအား လင်းလက်နေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်လေသည်။
"ဒီနေ့ ဘာနေ့မို့လို့ လက်ဆောင်ပေးတာလဲ?"
"ကိုယ်မင်းကို တစ်ခုခုပေးဖို့ အထိမ်းအမှတ်တွေ ရက်ရာဇာတွေရွေးနေစရာမလိုဘူး"
ယွီယိ သူမလက်ထဲ ရှိလည်ဆွဲလေးအား ယူကာ ဆံပင်များအားဘေးသို့သပ်ပေး၍.."ဟိုဘက်လှည့် ကိုယ်တပ်ပေးမယ်"
အေးစက်သောလည်ဆွဲ သူမအရေပြားအား လာထိချိန်တွင် သူမသတိလက်လွတ် လှုပ်ယမ်းမိတော့သည်။
"ဒါ စျေးကြီးလားဟင်?"
"ဒါက တန်ဖိုးများချင်များမယ်။ ဒါပေမယ့် ရောင်းစားလို့တော့ မရဘူးနော်"
ထန်းမီ မပြုံးဘဲမနေနိုင်ကာ-"ဒီအကြံ မဆိုးဘူးပဲ!"
ယွီယိ သူမအားဖိလိုက်ကာ သူမ၏နားရွက်ဖျားလေးကို ကိုက်ချလိုက်လေ၏။
"လုပ်ရဲရင် လုပ်ကြည့်လိုက်လေ!"
ထန်းမီ နားရွက်သည် ချက်ချင်းရဲတက်လာတော့၏။
ယွီယိပြုံးကာ လည်ဆွဲချိတ်အား တပ်ပေးပြီးနောက်-
"ရပြီ ပြီးပြီ"
ထန်းမီ အနည်းငယ်ရှက်ရွံ့သွားရကာ စကားလမ်းကြောင်းလွှဲလိုက်၏။
"ကျွန်မတို့ ဘယ်သွားနေတာလဲ?"
"နေ့ခင်းနေ့လည် လက်ဖက်ရည်သွားသောက်မလို့" သူထန်းမီလည်ပင်းပေါ်ရှိ လည်ဆွဲလေးအားကြည့်ကာ ပီတိဖြာနေတော့သည်။
"ဟုတ်သား။ မင်းအခုတလော မင်းအခန်းဖော်ရဲ့အကြွေးတွေကြောင့် ပူပန်နေရတယ်ဆို?"
ထန်းမီ မျက်ခုံးပင့်လိုက်မိကာ-"လက်ထောက်လော့ဆီက ကြားတာလား?"
ယွီယိခေါင်းညိတ်ပြလိုက်၏။
"အင်း မင်းစိတ်ပူစရာမလိုတော့ဘူး။ လော့ဟောက် မင်း အခန်းဖော်ရဲ့ အကြွေးတွေကို ကူဆပ်ပေးခဲ့တယ်လို့ ကြားတယ်"
ထန်းမီ နှစ်စက္ကန့်အတွင်း မျက်လုံးအပြူးသားဖြင့် အံ့သြသွားရလေတော့သည်။
"ဘာပြောလိုက်တာ?"
တစ်ချိန်တည်းမှာပဲ ဖုရှင်းလည်း လော့ဟောက်အား တူညီသောလေသံ၊ အမူအရာ တစ်ထပ်တည်းဖြင့်...
"ဘာပြောလိုက်တာ?"
လော့ဟောက် ပြုံးလိုက်စဥ် ထိုအပြုံးသည် ဖုရှင်း မျက်လုံးထဲသို့ ကျဆင်းသွားလေသည်။
"ကိုယ်က မင်းရဲ့အကြီးဆုံးအကြွေးရှင် ဖြစ်သွားပြီနော်"
ဖုရှင်း : "..."
ဇာတ်အိမ်သည် အရမ်းမြန်လွန်းပြီး အဓိပ္ပါယ်မရှိလွန်းတာကြောင့် သူမ နှလုံးသားလေး ဒဏ်မခံနိုင်တော့ချေ။
End Chp 42