Chapter 44
Vol. 5 Ch. 44
ထန်းမီ ပိုင်ရှောင်၏အပြုအမူကြောင့် အံ့အားသင့်သွားရတော့၏။ တစ်ဖက်မှာလည်း သူမဒီလိုမျိုးတည့်တိုးပြောလိမ့်မည်ဟု ထန်းမီမထင်ထားခဲ့ပေ။
ထန်းမီ ပိုင်ရှောင်အား အချိန်အတော်ကြာအောင် ငြိမ်သက်စွာကြည့်နေပြီးနောက် မရဲတရဲဖြင့် မေးလိုက်လေသည်။
"ရှင်ယွီယိကို သဘောကျနေတာမဟုတ်လား?"
ပိုင်ရှောင် ရယ်လျက် ပခုံးတွန့်ပြလိုက်၏။
"ဟုတ်တယ် ကျွန်မသဘောကျတယ် ဒါပေမဲ့အသုံးမှမဝင်တော့တာ ကျွန်မကိုမချစ်တဲ့ ယောကျာ်းတစ်ယောက်ကိုလည်း ကျွန်မလက်မထပ်နိုင်ဘူး"
ထန်းမီ၏မျက်လုံးများ လှုပ်ခတ်သွားတော့သည်။ သူမပြောရတာမှန်သော်လည်း လူအနည်းစု တစ်ချို့ကသာ ဒီလိုမျိုးလွတ်လပ်ပြီး လွယ်လွယ်ကူကူ စဥ်းစားနိုင်ကြသည်ပင်။ ထို့ကြောင့် ထန်းမီ ချောင်းဟန့်ကာ ထပ်မေးလိုက်တော့၏။
"ရှင်တို့ ဆက်ဆံရေးက တိုးတက်နိုင်တယ်လို့ရော ရှင်မတွေးမိဘူးလား?"
"ကျွန်မ ယွီယိကိုသိခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး။ ကျွန်မသာတိုးတက်အောင် ပြောင်းလဲနိုင်ရင် လုပ်ခဲ့တာကြာပြီပေါ့"
ထို့နောက် ပိုင်ရှောင် ရယ်လိုက်သည်။ သူမ၏အသံသည် အနည်းငယ် ကမောက်ကမနှင့်ပင်။
"ရှင်က ကျွန်မထက် ပိုသိသင့်တယ်။ ယွီယိက ဘယ်လောက် ထူးခြားတဲ့လူလဲဆိုတာ.."
ထန်းမီ ထိပ်လန့်သွားရပြန်သည်။
'ပိုင်ရှောင် ယွီယိရဲ့စိတ်နှစ်ခွရောဂါအကြောင်းပါ သိနေတာလား?'
ပိုင်ရှောင် : ကျွန်မ အတိအကျ အကြောင်းအရင်းကိုတော့ သေချာမသိပေမဲ့ ယွီယိစိတ်ရောဂါကုထုံး ခံယူနေရတယ်ဆိုတာတော့ ရိပ်မိတယ်။"
သူမ စကားစအား ရပ်ကာ ခဏလောက် ငြိမ်သက်နေပြီးနောက်-"ယွီယိမှာခံစားချက် မရှိဘူး။ သူအရာအားလုံးကို ဂရုမစိုက်သလို ဆက်ဆံတတ်တယ်။ အဲတာနဲ့ဆက်စပ်နေလိမ့်မယ်လို့တော့ ကျွန်မ ထင်တယ်။"
သူမ ထန်းမီအား ဆက်၍..."ယွီယိကို ထည့်မတွက်ရင် သာမန်လူတစ်ယောက်ဖြစ်တဲ့ ရှင်တောင်မှ ရှင်တကယ်နှစ်နှစ်ကာကာ ချစ်ရတဲ့သူကို ရှာဖို့ခက်သေးတာပဲ။ ကျွန်မ အမြဲတမ်း စဥ်းစားမိတယ်။ ဘယ်လိုအရာကများ အဲယောကျာ်းရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်မလဲဆိုတာပေါ့? အဲတာကြောင့် သူရှင်နဲ့ ဆုံခဲ့ပြီး သာမန်လူတစ်ယောက်လို ခံစားချက်တွေ ပြန်ရသွားတဲ့အတွက် ကျွန်မဝမ်းသာမိတယ်။ အဲလိုခဲရာခဲဆစ်နဲ့ရထားတဲ့ ပျော်ရွှင်မှုကို ကျွန်မ မဖျက်ဆီးရဲပါဘူး။"
သူမ၏စကားများအား နားထောင်ပြီးနောက်တွင် ထန်းမီ အတော်ကြာအောင် နှုတ်ဆိတ်သွားခဲ့မိသည်။ ထို့နောက် သူမ ခြောက်ကပ်ကပ်လေသံဖြင့် ပြန်ပြောလိုက်၏။
"ရှင် ကျွန်မရဲ့စိတ်တွေကို ပေါ့ပါးအောင် လုပ်ပေးလိုက်တာပဲ"
ပိုင်ရှောင် အသံထွက်သည်အထိ ရယ်လိုက်မိတော့သည်။
"ဒါပေမဲ့ သိပ်ပျော်မနေနဲ့ဦး။ ကျွန်မမှာဘာစိတ်မှမရှိပေမဲ့ ကျွန်မမိဘတွေကတော့ ယွီယိကို ကျေနပ်ကြမှာမဟုတ်ဘူး။"
ထန်းမီ အနည်းငယ် စိုးရိမ်သွားကာ-"အဲတာဆို ဘယ်လိုဖြစ်မှာလဲ? ရှင်နဲ့ ယွီယိတို့ရဲ့ ပူးပေါင်းမှုကို ထိခိုက်မှာလား?"
ပိုင်ရှောင် မျက်တောင်များ ပုတ်ခတ်လိုက်၏။
"ယွီယိနဲ့ အရောင်းအဝယ်ကိစ္စက ကျွန်မအစ်ကိုနဲ့ပဲ သက်ဆိုင်တာ သူ သိပ်မကြာခင်မှာ စျေးတက်လောက်တယ်။"
ထန်းမီ၏မျက်ခုံးများ တစ်ခုနှင့်တစ်ခု ထိကပ်လုနီးပါး ဖြစ်သွားပြီး ပိုင်ရှောင် သူမ၏မသက်မသာ မျက်နှာထားအား မြင်ကာရယ်နေမိတော့သည်။
"ရှင့်ကို နောက်တာပါ။ ဒါကစီးပွားရေးပဲလေ။ ကျွန်မအစ်ကိုက စျေးသင့်တော်အောင် လုပ်ပေးမှာပေါ့ ပြီးတော့ မကြာသေးခင်က ကြေညာထားတဲ့ အချိုပွဲဆိုင်ကိစ္စကြောင့် တင်သွင်းသူ တော်တော်များများက ယွီယိနဲ့ချိတ်ချင်နေကြတာ ကျွန်မအစ်ကို အဲလိုအသားတုံးကြီးကို လက်လွတ်ခံမှာ မဟုတ်ဘူး။"
ယွီယိကို အသားတုံးနဲ့ ခိုင်းနှိုင်းလိုက်သော်လည်း ထန်းမီ အတော်လေး စိတ်သက်သာရာ ရသွားတော့သည်။ ပိုင်ရှောင် သူမအား ချောကလက်ကမ်းပေးရင်း ပြုံးပြလိုက်၏။
"ကျွန်မတို့ချောကလက် စလုပ်ကြတော့မလား?"
"အိုခေ အိုခေ" ထန်းမီ အနည်းငယ် ရှက်သွားတော့၏။
သူ မချောကလက်အား ရေနွေးဖြင့် စအပူပေးလိုက်ကာ အရည်ပျော်သွားပြီးနောက် အပူချိန်အား စမ်းကြည့်လိုက်လေသည်။
"စကျင်ကျောက် အပူပေးနည်းကို လေ့လာကြရအောင်"
ပိုင်ရှောင် သူမအပူချိန်တိုင်းနေသည်အား ဂရုတစိုက်ကြည့်နေမိ၏။ ထန်းမီ သူမ၏လက်ချောင်းအား ချောကလက်အနှစ်ထဲတွင် ထည့်ကာစမ်းပြီးသည်နှင့် အပူချိန်အား တန်းသိလေသည်။
"သာမိုမီတာ မလိုဘူးလား?"
"ရှင်များများ လေ့ကျင့်ရင် လက်နဲ့စမ်းရုံနဲ့တင် သိနိုင်တယ် ၂၈ဒီဂရီက အနေတော်ပဲ"
ပိုင်ရှောင် မျက်ခုံးများပင့်သွားကာ ခေါင်းညိတ်လိုက်ပြီး သူမလည်း ထန်းမီ ချောကလက်အပူချိန်အား စ၍တိုင်းတာလိုက်၏။
"ပန်ဒါဝက်ဝံပုံ ချောကလက်က အရမ်းချစ်စရာကောင်းတယ်။ အဲတာကိုချောကလက်အခဲအနေနဲ့ လုပ်ပြီးတော့ ပိုတာတွေကို ချောကလက်ယို ဆန်းဝှစ် လုပ်လို့ရတယ်"
ထန်းမီ ချောကလက်အား ယိုဖြင့်ရောကာ အလှဆင်သည့်အိတ်ထဲကို ထည့်လိုက်၏။
"ဘောလုံးပုံစံလုံးပေးပြီး အအေးခံလိုက် ပြီးရင် လက်နဲ့ ထရာဖဲလ်လုပ်လို့ရပြီ!"
"ကျွန်မ လက်ရဲ့အပူချိန်က ချောကလက်ကို ပျော်စေတာလား?"
“ဟုတ်တယ်။ အဲတာကြောင့် ရှင့်ရဲ့လက်ကို ရေခဲရေနဲ့ အအေးခံဖို့လဲ လိုတယ်။”
ပိုင်ရှောင် : “…”
'အချိုပွဲလုပ်ရတာ ခက်ခဲနက်နဲလိုက်တာ..'
နောက်ထပ်နှစ်နာရီလောက် ကြာပြီးနောက် သူတို့နောက်ဆုံးတော့ ချောကလက်လေး၃ခုအား အောင်အောင်မြင်မြင်ဖြင့် ပြီးမြောက်သွားခဲ့သည်။ ပိုင်ရှောင် တစ်ခုအား မြည်းကြည့်လိုက်သော် အရသာသည်မဆိုးလှပေ။ ထန်းမီကတော့ သူမလုပ်ခဲ့သည့် ချောကလက်များအား အကုန်ထုပ်ကာ သယ်သွားတော့၏။
ယွီယိ ဒီနေ့သူမ၏အားလပ်ရက်မှန်း သိတာကြောင့် နေ့လယ်စာ အတူစားရန် ဘိုကင် ကြိုလုပ်ထားပြီးပြီ ဖြစ်သည်။
ထန်းမီ ပိုင်ရှောင် အိမ်မှ ဒရိုက်ဘာနှင့်အတူ ပြန်လာခဲ့ပြီး သူမရောက်ချိန်တွင် ယွီယိသည်သူမအား ရပ်ကာ ကြိုစောင့်နေလေသည်။ ပိုင်မိသားစုမှ ဒရိုင်ဘာလည်း ယွီယိကို သိတာကြောင့် ယဥ်ကျေးစွာ နှုတ်ဆက်လာကာ ကားမောင်းထွက်သွားတော့၏။
ယွီယိ သူမောင်းထွက်သွားသည်ကို ကြည့်နေရင်း ထန်းမီအား မေးလာခဲ့သည်။
"မင်း ကိတ်လုပ်ဖို့ ပိုင်ရှောင်ဆီကို သွားခဲ့သေးတာလား?"
"ဟုတ်တယ်။ သူကျွန်မကို ကြည့်မရနေတာ မဟုတ်ဘူး!"
ထန်းမီ ခြေလှမ်းများအား ခုန်ကာ အပြုံးလေးတစ်ပွင့်ဖြင့် ယွီယိ၏လက်မောင်းကို ပြေးချိတ်လိုက်၏။
"သူ ရှင်နဲ့ လက်မထပ်နိုင်ကြောင်း ကျွန်မကို ပြောလိုက်သေးတယ်။ အဲတာကြောင့် တစ်မျိုး မတွေးနဲ့တော့"
ယွီယိ ထန်းမီအား ငုံ့ကြည့်လိုက်ကာ ညင်သာစွာ ရယ်ရင်း သူမကို စားသောက်ဆိုင်ထဲသို့ ခေါ်သွားတော့သည်။
ထန်းမီ သူနှင့်အတူ ထိုင်လိုက်ပြီး စားစရာများ မှာပြီးနောက် သူ့အားကြည့်ကာ မေးလာ၏။
"ရှင် ဘာလို့ ကျွန်မကို အပြင်ထွက်စောင့်နေတာလဲ?"
ယွီယိ : "မင်းနဲ့ စောစော ပိုတွေ့ရတာ မကောင်းဘူးလား?"
ထန်းမီ အတော်လေးကို စိတ်ကျေနပ်သွားကာ ဘဝင်မြင့်သွားတော့သည်။ သူ မနှစ်ခါတိတိ ပြုံးလိုက်မိကာ အိတ်ထဲမှ ချောကလက်ဘူးလေးအား ထုတ်ပေးလိုက်လေ၏။
ယွီယိ ဘူးလေးအား ဖွင့်လိုက်လျှင် အထဲတွင် မတူညီသည့် ချောကလက်ပုံစံ ၃ခုအား တွေ့လိုက်ရသည်။
ပန်ဒါပုံ၊ ထရာဖဲလ်နှင့် ချောကလက်တောင့်တို့ပင်။
“ချစ်သူများနေ့ လက်ဆောင်လား?”
“အင်း” ထန်းမီ ခေါင်းညိတ်ပြလိုက်၏။
ယွီယိ ထရာဖဲလ်အား ကိုက်ချလိုက်ပြီးနောက် အစပိုင်းတွင် အနည်းငယ် ခါးသက်သည့်အရသာကို ခံစားလိုက်ရသော်လည်း ကိုကိုးမှုန့်များ အရည်ပျော်ပြီးချိန်တွင် ချိုမြိန်မှု အရိပ်အမြွက်လေး ထွက်ပေါ်လာခဲ့သည်။
"စတော်ဘယ်ရီယိုပါ ထည့်ထားတာလား?"
ထန်းမီ သူ့အား လက်မထောင်ပြလိုက်ကာ-"စီအီးအိုယွီက တကယ်အရသာခံ ကောင်းတာပဲ အံ့သြသွားတယ် မဟုတ်လား?"
ယွီယိ ထရာဖဲလ်တစ်ခုလုံးအား ကုန်အောင်စားလိုက်ကာ သူ့နှုတ်ခမ်းများအား လျှာဖြင့်အနည်းငယ် သပ်လိုက်၏။
"မင်း အင်တာဗျူးလာဖြေတုန်းက အရသာမတူတဲ့ ဝိုင်ချောကလက်သုံးခု ယူလာတာကို မှတ်မိသေးလား?"
“မှတ်မိတယ်"
“အဲတုန်းကတော့ လူတွေဘာလို့ တစ်ခုခုကို မြည်းစမ်းကြည့်ပြီး အံ့သြကြတာလဲဆိုတာ ကိုယ်တွေးမိခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ ကိုယ်ကျန်တဲ့နှစ်ခုက ဘာအရသာတွေဖြစ်မလဲဆိုတာ အရမ်းသိချင်နေပြီ။"
ထန်းမီ မျက်လုံးများ ပြူးကျယ်ရင်း သူ့အား နောင်တများစွာဖြင့် ကြည့်လိုက်တော့သည်။
"ဒါသာ ပုံမှန်အရသာပဲဆို ရှင်ကျေနပ်မှာ မဟုတ်ဘူး။"
ယွီယိ ပြုံးကာ ချောကလက်တောင့်အား ကိုက်၍ အနည်းငယ်ဝါးလိုက်ပြီးနောက်-"ဗနီလာနို့နဲ့လုပ်ထားတာ ပြီးတော့ မင်းဗာဒံစေ့လှော်တွေကိုလည်း ထည့်ထားသေးတယ်။"
ထို့နောက် သူပန်ဒါပုံချောကလက်လေးအား ကောက်ကိုင်ကာ ကြည့်လိုက်လေ၏။
"ဒီချောကလက်က စားဖို့ဆို အရမ်းချစ်ဖို့ကောင်းလွန်းနေတယ်။"
ထန်းမီ သူ၏မျက်နှာတည်ကြီးဖြင့် ပြောလာသောစကားကြောင့် ရယ်လိုက်ကာ ဇဝေဇဝါ ဖြစ်နေဟန်ဖြင့်..."ဒါ ရှင်လား?? ရှင့်လို ရေခဲတုံးဘောစ့်ကလေ?"
ယွီယိ : မင်းပြောသလိုပဲ ကိုယ့်လိုဘောစ့်က ဒီလိုကလေးကလား ချောကလက်တွေ မစားဘူး"
"... အဲတာဆို ကျွန်မစားမယ်။" ထန်းမီ သူ့လက်ထဲရှိ ချောကလက်အား လုယူကာ တစ်ကိုက်ထဲဖြင့် စားလိုက်လေသည်။
"ချောကလက်ဖြူ၊ အနက်ရောင် ချောကလက်၊ အထဲမှာနုတ်နုတ်စဥ်းထားတဲ့ စပျစ်သီးခြောက်"
ထိုအချိန်တွင် ဝိတ်တာလေးသည် စားစရာများအား လာချပေးတာကြောင့် ယွီယိ ချောကလက်များအား ထပ်မစားတော့ပေ။ သူဘူးအား ပိတ်လိုက်ကာ မေးလာသည်။
"ထရာဖဲလ်ထဲက စတော်ဘယ်ရီယိုက တော်တော်စားကောင်းတာ မင်းကိုယ့်ဟာကိုယ် လုပ်ထားတာလား?"
ထန်းမီ ဂုဏ်ယူစွာဖြင့်..."ဒါပေါ့ ပိုင်ရှောင် ကျွန်မကိုပေးတဲ့ စတော်ဘယ်ရီ နှစ်ပေါင်ကို ယိုလုပ်ပစ်လိုက်တာ နှစ်ဘူးရတယ်။ တစ်ဘူးကို ပိုင်ရှောင်ကို ပေးပြီး ကျွန်မဘူးကတော့ လက်ကျန်နည်းနည်းပဲ ရှိတော့တယ်။"
ယွီယိ ခေါင်းပဲ ညိတ်ပြကာ ဘာစကားမှမဆိုတော့ချေ။ ထန်းမီ ဓါးနဲ့ခရင်းအား ကိုင်ကာ သူ့ကို ကြည့်ရင်း မေးလိုက်တော့၏။
"ရှင် လိုချင်လို့လား? ကျွန်မအိမ်က ယိုတွေ အကုန်လုံးက ရှင့်အတွက်ပဲ အိုခေ? စတော်ဘယ်ရီတွေက ချမ်းသာခြင်းရဲ့သင်္ကေတပဲ!"
ယွီယိ ပြုံးလိုက်ရင်း..."ကိုယ်က ချမ်းသာပြီးသားလေ"
'… အိုခေပါ'
ထန်းမီ့ပါးစပ် ချက်ချင်း ပိတ်သွားတော့သည်။
ယွီယိ စတိတ်ခ်အား လှီးကာစားလိုက်ရင်း သူမကိုကြည့်လာ၏။
"တကယ်တော့ ကိုယ်မင်းကို ပြောစရာတစ်ခုရှိတယ်"
"ဘာလဲ?" ထန်းမီ ရုတ်တရက် စိတ်လှုပ်ရှားလာတော့သည်။ ယွီယိ သတင်းကောင်းကို အဲလိုလေးနက်နေသည့် လေသံဖြင့် ပြောမှာမဟုတ်ဘူးဟု သူမတွေးလိုက်မိ၏။
"ချစ်သူများနေ့ကျရင် ပါတီတစ်ခုရှိတယ်။ အဲကို ကိုယ့်မိဘတွေနဲ့ ဦးလေးတွေလည်း တက်လိမ့်မယ်။ အဲနေ့ ကိုယ်မင်းကို သူတို့နဲ့တရားဝင် မိတ်ဆက်ပေးမယ်။"
ထန်းမီ့ လက်ထဲရှိ ဓါးနှင့်ခရင်း စားပွဲပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားရတော့သည်။
ယွီယိ သူမ တုန်လှုပ်သွားသည်ကို သတိထားမိကာ ခပ်တိုးတိုးဖြင့်..."မကြောက်ပါနဲ့။ မင်း အဆင်မပြေရင် ကိုယ် သူတို့နဲ့နောက်မှ မိတ်ဆက်ပေးပါ့မယ်။"
ထန်းမီ : "ကျွန်မကြောက်တာမဟုတ်ပါဘူး... ကောင်းပြီ ကျွန်မကြောက်တယ်ဆိုတာ ဝန်ခံပါတယ်။"
သူမ ယွီယိအား မျက်ရည်များဝိုင်းနေသည့် မျက်လုံးများဖြင့် ကြည့်လာ၏။
ယွီယိ၏မျက်နှာပေါ်တွင် သေးငယ်သည့်အပြုံးလေးတစ်ပွင့် ရှိနေကာ သူထန်းမီ့ခေါင်းလေးအား ပုတ်ပေးလိုက်ရင်း..."ကြောက်စရာမလိုပါဘူး။ သူတို့လည်းသာမန်လူတွေပဲ။ ခေါင်းသုံးလုံး လက်ခြောက်ချောင်း ပါနေတာမဟုတ်ဘူး။ ပြီးတော့ မင်းကို ကိုယ့်ဘေးမှာပဲထားမှာ။"
ထို့နောက် ထန်းမီ အတွေးဝင်လာတော့သည်။ ချွေးမက သူ့ယောကျာ်းရဲ့မိဘတွေကို အနှေးနဲ့အမြန်ဆိုသလို တွေ့ရမှာပဲ။ အဲတာကြောင့်..."အိုခေ ကျွန်မလုပ်နိုင်တယ်!"
____________________________________________