Chapter 46
Vol. 5 Ch. 46
"အမေ?" ထန်းမီ၏စကားလုံးသည် လူတိုင်းကိုရှော့ခ်ရသွားစေခဲ့၏။
ထန်းမီ၏မိဘများ ကွာရှင်းပြတ်စဲပြီးကတည်းက ထန်းမီသူတို့နှင့် ထပ်ဆုံရန် ခက်ခဲလွန်းလှသည်ဟု ခံစားမိခဲ့သည်။ သို့သော် ထန်းမီ သူမအမေအား ဒီလို အဆင့်မြင့် ပါတီမျိုးတွင် ဆုံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူမ အနက်ရောင် ပွဲတက်ဝတ်စုံအား ဝတ်ထားသည့် လန်ချန်ချင်းအား ကြည့်ကာ ကြောင်အစွာဖြင့် မေးလိုက်လေသည်။
"အမေ ဘာလို့ ဒီကို ရောက်နေတာလဲ?"
လန်ချန်ချင်း တစ်ယောက် ထန်းမီ၊ ပိုင်ရှောင်၊ ပိုင်ချဲ့နှင့် ယွီယိတို့အား တစ်လှည့်စီကြည့်ကာ ရှေ့သို့ လျှောက်လာခဲ့၏။
"ထန်းထန်း ဒီကို ဘယ်သူနဲ့လာတာလဲ?"
"အမ်..." ထန်းမီ ယွီယိအား ခိုးကြည့်လိုက်မိကာ သူမအမေနှင့် မိတ်ဆက်ပေးဖို့ အသင့်မဖြစ်သေးတာကြောင့် ရှက်နေမိတော့၏။
"သမီး ယွီယိနဲ့လာတာ"
လန်ချန်ချင်း ယွီယိဘက်အား လှည့်လာကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်လေသည်။
"မင်းတို့ ပတ်သတ်မှုကဘာလဲ?"
သူမ၏တည့်တိုးဆန်သည့် မေးခွန်းကြောင့် ထန်းမီ ရှက်ရွံ့လာကာ ဘယ်လိုဖြေမှန်းမသိ ဖြစ်နေ၏။
"သူက သမီးကောင်လေး..."
ထိုအခိုက်အတန့်သည် ထန်းမီ အမှတ်နည်းပြီး သူမ အမေအား လက်မှတ်ထိုးခိုင်းနေရသလို စာမေးပွဲဖြေပြီးတိုင်း ခံစားရသည့် ခံစားချက်တစ်ခုလိုပင်။
ယွီယိကတော့ အမှတ်စာရင်းစာရွက်ထက် ပိုသာသော်လည်း ထန်းမီ ပုံစံသည် အမှားလုပ်ထားမိသည့် ကလေးတစ်ယောက်နှင့် တူလှ၏။
သူမ စကားအား နားထောင်ပြီးနောက် လင်ချန်ချင်း၏မျက်ခုံးများ ထိကပ်လုနီးပါး တင်းကြပ်သွားလေသည်။ သူမ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ တစ်ပိုင်းတစ်စဖြင့် ထန်းမီအား ကြည့်လိုက်ပြီးလျှင်..."ငါကမင်းအဖေနဲ့ ကွာရှင်းထားပေမဲ့ မင်းအမေ ဖြစ်နေဆဲပါပဲ ဘာလို့ အဲလိုသတင်းမျိုးကို ငါ့ကို အသိမပေးတာလဲ?"
ပြီးတော့ သူက အထင်ကြီးလောက်စရာကောင်းတဲ့ နောက်ခံရှိတဲ့သူဆိုတာ..။
ထန်းမီ နှုတ်ခမ်းအားကိုက်ကာ တီးတိုးပြောလိုက်လေ၏။
"သမီးအဖေ့ကိုလည်း မပြောရသေးဘူး"
လန်ချန်ချင်း : “…”
'ဒါဆို သူ မရူံးသေးဘူးပေါ့?'
တစ်ချိန်တည်းမှာပဲ ယွီယိ ထိုအမျိုးသမီးအား မျက်မှန်းတန်းမိသွားခဲ့သည်။ သူမသည် ချန်ချင်းစတူဒီယို၏စီးအီးအို၊ နာမည်ကြီး လက်ဝတ်ရတနာ ဒီဇိုင်းနာတစ်ယောက်ဖြစ်ပြီး ရှဲ့ရှိုးကျဲ့၏ဒုတိယဇနီးပင်။
သူရုတ်တရက် ထန်းမီ ယွီရှင်းအား ပြောပြခဲ့ဖူးသည်ကို သတိရသွားတော့၏။ သူမအမေသည် ကွာရှင်းပြီးနောက် နောက်အိမ်ထောင်ပြုခဲ့သည်ဟု ပြောဖူးသော်လည်း ရှဲ့ရှိုးကျဲ့နှင့် လက်ထပ်လိုက်သည်ဆိုတာကိုတော့ မထင်ထားခဲ့ပေ။
"ချန်ချင်း ဘာလို့လမ်းကို မြန်မြန်လျှောက်နေတာလဲ?"
ထိုစဥ် အနောက်တိုင်း ဝတ်စုံဝတ်ထားသည့် ယောကျာ်းတစ်ဦး ရောက်ရှိလာခဲ့သည်။ ထိုယောကျာ်းသည် သက်လတ်ပိုင်းအရွယ်ဖြစ်သော်လည်း ဝတုတ် မနေသည့်အပြင် သူ၏အနောက်သို့ လှန်တင်ထားသည့် ကျော့ရှင်းနေသောဆံပင်များသည် လှပလွန်းတဲ့ မုဆိုးမတစ်ယောက်၏ အထွတ်အထိပ်ကို ပြသနေ၏။
"အန်ကယ်ရှဲ့" ပိုင်ချဲ့နှင့် ပိုင်ရှောင်တို့ ထိုသူအား နှုတ်ဆက်လိုက်ပြီး ယွီယိကတော့ ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်သည်။
ရှဲ့ရှိုးကျဲ့ သူတို့အား ပြန်ပြုံးပြလာကာ သူ ထန်းမီအား မြင်လိုက်ချိန်တွင် အံ့အားသင့်သွားတော့၏။
"ထန်းထန်း ဒီကို ဘယ်လိုရောက်နေတာလဲ?"
လန်ချန်ချင်း ဒေါသသံဖြင့် အစားပြန်ဖြေလာခဲ့၏။
"ယွီယိက သူ့ရည်းစားတဲ့"
ထန်းမီ : “…”
ရှဲ့ရှိုးကျဲ့ ယွီယိကို လှမ်း၍ အကဲခတ်လိုက်ကာ ပြုံးရင်း လန်ချန်ချင်းအား ဖျောင်းဖျလေသည်။
"ထန်းထန်းက ကလေးမှ မဟုတ်တော့တာ ရည်းစားထားတာ ပုံမှန်ပဲလေ။ ဘာလဲ မင်းက သူ့ကိုတစ်သက်လုံး အပျိုကြီးလုပ်စေချင်လို့လား?"
လန်ချန်ချင်း သူအားစိုက်ကြည့်လာပြီး ဘာမှပြန်မပြောချေ။ ရှဲ့ရှို့ကျဲ့တစ်ယောက် သူမအား အာရုံပြောင်းသည့်အနေဖြင့်..."အိုး ယွီယိက ထန်းမီကောင်လေးဆိုတော့ သူ့မိဘတွေလည်း ဟိုမှာရှိနေတာပဲ။ သွားနှုတ်ဆက်ကြရအောင်!"
လန်ချန်ချင်း လှမ်းကြည့်လိုက်ကာ အပြုံးကြီးကြီးဖြင့် ပြောလာ၏။
"ဒါပေါ့ လုပ်ရမှာပေါ့"
သူမ ရှေ့သို့ လျှောက်သွားချိန်တွင် ရှဲ့ရှိုးကျဲ့ ထန်းမီ၏ပခုံးအား တည်ငြိမ်စွာ ပုတ်ပေးကာ-"စိတ်မပူနဲ့ ငါကူညီပေးမယ်။ ရုံးရုံးလည်း ဒီမှာရှိတယ်။ သူ ဖန်းနဲ့အတူ စားသောက်နေတာ သူတို့နဲ့ သွားစကားပြောချေ။"
ထို့နောက် သူ ယွီယိအား တစ်ချက်လှမ်းကြည့်ကာ လန်ချန်ချင်း နောက်သို့ အမှီလိုက်သွားတော့၏။ ယွီယိသည်လည်း ထန်းမီအား ကြည့်ရင်း တိုးတိုးလေးကပ် ပြောလာသည်။
"ကိုယ် သူတို့နဲ့ လိုက်သွားလိုက်မယ်။ ပိုင်ရှောင်နဲ့စားနှင့်နော်"
ပိုင်ရှောင် မျက်တောင်အား လျင်မြန်စွာခတ်လိုက်ပြီး..."စိတ်မပူပါနဲ့ ကျွန်မ သူ့ကို ကာကွယ်လိုက်ပါ့မယ်။"
"ကျေးဇူးပါ။" ယွီယိ အရိုးသားဆုံး ပြောလိုက်သည့် စကားပင်။
အကုန်လုံး ယွီမိသားစုဆီသို့ ထွက်သွားကြ၏။ ထန်းမီလည်း သူတို့နှင့်အတူ လိုက်သွားချင်သော်လည်း ပိုင်ရှောင်၏တားဆီးခြင်းအား ခံလိုက်ရတော့သည်။
"တစ်ခုခုစားကြရအောင်။ မကောင်းတဲ့ကိစ္စတွေကို သူတို့ကိုင်တွယ်ပါစေ။ အထူးသဖြင့် ရှင့်အမေနဲ့ယွီယိတို့ ကူညီပေးလိမ့်မယ်။"
"... ကောင်းပါပြီ" ထန်းမီ သူမရှေ့ရှိ ကိတ်အသေးလေးတစ်ခုအား စားရင်း ပိုင်ရှောင်နှင့်သာ စကားပြောနေလိုက်တော့၏။
"ဒါပေမဲ့ ရှင့်အမေက လန်ချန်ချင်းဆိုတာတော့ ကျွန်မမမျှော်လင့်ထားခဲ့ဘူး။ သူ့ရဲ့ဒီဇိုင်းတွေက သူဌေးကတော် အသိုင်းအဝိုင်းမှာ တော်တော်ရေပန်းစားတာ။"
ထန်းမီ ပြုံးပဲပြုံးနေကာ ဘာမှပြန်မပြောချေ။ ပိုင်ရှင် ခဏလောက် စဥ်းစားကာ မေးလာခဲ့သည်။
"အန်ကယ်ရှဲ့ပြောပုံအရဆို ရှင်ရှဲ့ရုံးနဲ့လည်း သိတာလား?"
ထန်းမီ : ကျွန်မသူ့ကိုအရင်က နည်းနည်းပဲမြင်ဖူးတာ သိပ်ပြီးတော့ မရင်းနှီးဘူး"
ထိုမှသာ ပိုင်ရှောင် ခေါင်းညိတ်ကာ နားနားကပ်ပြောလာ၏။
"ရှဲ့ရုံးက အခုတလော ဖန်းချန်ယွမ်နဲ့ တပူးပူး တတွဲတွဲလုပ်နေတယ်ကြားတယ် ဖန်းချန်ယွမ်က နိုင်ငံခြားက ပြန်လာတာ သိပ်မကြာသေးဘူးလေ။ ပြီးတော့ မူလတန်းဆရာမလေးတစ်ယောက်နဲ့လည်း တွဲနေကြတာ။ ဒါပေမဲ့ သူဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲပြီး ရှဲ့ရုံးနဲ့ပူးကပ်နေတာလဲမသိဘူး"
ထန်းမီ သူမအား အနည်းငယ် အံ့အားသင့်နေဟန်ဖြင့် ပြူးကြည့်နေတာကြောင့် ပိုင်ရှောင် မျက်ခုံးပင့်ကာ မတင်မကျဖြင့် မေးလိုက်တော့သည်။
"ဘာဖြစ်လို့လဲ?"
"ဘာမှမဟုတ်ပါဘူး။ ကျွန်မ ရှင့်ကို ဒီလိုမျိုး အတင်းပြောတတ်လိမ့်မယ်လို့ မထင်ထားမိလို့ပါ"
ပိုင်ရှောင် ရယ်မောလိုက်ကာ-"ဒီအသိုင်းအဝိုင်းမှာ ပြောစရာ အတင်းအဖျင်းတွေ တော်တော်များတာ ရှင် စိတ်ဝင်စားရင် ကျွန်မ ရှင့်ကို သုံးညအိပ် လေးရက်လောက် ပြောပြပေးမယ်။"
သူတို့ စကားပြောနေကြစဥ် သူတို့အနားသို့ ပန်းနုရောင်ဂါဝန်လေးအား ဝတ်ထားသည့် ကောင်မလေးတစ်ယောက် ရောက်လာကာ ထန်းမီအား မထီမဲ့မြင်ပြုလာ၏။
"နင်က ငါ့အစ်ကိုရဲ့ ရည်းစားဆို? သူ့အကြိုက်ကလည်း ဆိုးလွန်းလိုက်တာဟယ်"
……..
ထန်းမီ ဘာမှပြန်မပြောမိသော်လည်း ပိုင်ရှောင်က လေသံတိုးတိုးလေးဖြင့်..."သူက ယွီယိကို အရမ်းသဘောကျတဲ့ သူ့ရဲ့ဝမ်းကွဲညီမလေ ယွီဖေးဖေးတဲ့။ ယွီယိနဲ့အဆက်အသွယ် လုပ်မိတဲ့မိန်ကလေးတိုင်းကို လိုက်ရန်ငြိုးထားနေတာ နည်းနည်းလွတ်နေပုံပဲ။"
ထန်းမီ ယွီဖေးဖေးအား ကြည့်ကာ ပြုံးလိုက်မိလျှင် သူမ မျက်မှောင်ကြီးကြုတ်ရင်း အော်ကြီးဟစ်ကျယ် မေးလာလေ၏။
"နင်ဘာကိုရယ်တာလဲ? ဘာအကြောင်းပြောနေကြတာလဲ?"
ပိုင်ရှောင် ပခုံးအားတွန့်ပြကာ လျစ်လျူရူလိုက်တာကြောင့် သူမလည်း မသိချင်ယောင်ဆောင်လိုက်ပေမဲ့ ယွီဖေးဖေးကတော့ မပြီးနိုင်မစီးနိုင် ဆက်၍ရန်တွေ့နေလေသည်။
သူမ ထန်းမီအား စောင်းကြည့်ကာ နှာရူံ့ရင်း..."နင့်ဝတ်စုံက အခုမှ ဝယ်ထားတာ မှတ်လား? ကြည့်ရတာ အစ်ကိုယွီယိကပဲ။ ဝယ်ပေးထားတာနေမယ်။ ဟွန့်! ငါနင့်ကိုလူမျိုးတွေကို မြင်ဖူးတယ်။ ကျီးကန်းကနေ ဖီးနစ်ဖြစ်လာမယ်လို့ ထင်မနေနဲ့ စကားမဆက် ပိုင်ရှောင်ကတောင် နင့်ထက်သာသေးတယ်သိလား!"
ထန်းမီနှင့် ပိုင်ရှောင်တို့၏ မျက်နှာများ ပြောင်းလဲသွားကာ ထန်းမီ သူမအားခွန်းတုံ့ပြန်ဖို့ အသင့်ပြင်နေစဥ်မှာပဲ လန်ချန်ချင်း ရောက်လာခဲ့၏။
"မင်း ကျွန်မသမီးကို မကြိုက်ဘူးဆိုရင် သူ့အမေဖြစ်တဲ့ကျွန်မကိုလည်း ကြိုက်လောက်မှာမဟုတ်ဘူး အဲတော့ မိန်းကလေးယွီ နောက်လမွေးနေ့အတွက် မှာထားတဲ့နားဆွဲကို တစ်ခြားသူဆီကိုပဲ ဒီဇိုင်းအပ်လိုက်ပါတော့နော်။ ကျွန်မဘဏ္ဍာရေးဌာနကို ဖုန်းဆက်ပြီး ကြိုတင်ပေးချေထားတဲ့ စရံတွေကို မနက်ဖြန် ပြန်လွှဲပေးလိုက်ပါ့မယ်။"
အချိန်တစ်ခဏလေးအတွင်း သိလိုက်ရသော ထန်းမီ၏မျိုးရိုးကြောင့် ယွီဖေးဖေး ကြောင်အမ်းအမ်းဖြစ်နေဆဲပင်။ လန်ချန်ချင်း ရှေ့သို့ တိုးလာကာ ထန်းမီအား ဆွဲခေါ်သွားတော့၏။
ယွီယိနှင့် ရှဲ့ရှိုးကျဲ့တို့ သူ မနောက်မှ အမှီလိုက်စဥ် လန်ချန်ချင်း ရပ်လိုက်ကာ ယွီယိအား ပြန်လှည့်ပြုံးပြရင်း..."လူကြီးမင်းယွီ ဒီဝတ်စုံဖိုး ဘယ်လောက်ကျလဲမသိဘူး ကျွန်မရဲ့စတူဒီယိုကို ဘေလ်ပို့ထားလိုက်ပါနော်။ မနက်ဖြန်အဲတာဖိုးပါ လွှဲလိုက်ပါ့မယ်။ နောက်ပြီးရှင့်ရဲ့မိသားစုက ထန်းထန်းကို သဘောမကျနိုင်ဘူးဆို ကျွန်မလည်း လက်ထပ်ပွဲကို ကန့်ကွက်ပါတယ်။"
ပြောပြီးသည်နှင့် သူမ ထန်းမီအား အပြင်သို့ဆွဲခေါ်သွားခဲ့သည်။ ထန်းမီ လက်ကောက်ဝတ်သည် နီမြန်းနေကာ သူမ မရုန်းထွက်နိုင်တာကြောင့် ယွီယိအား လှည့်တကြည့်ကြည့်လုပ်နေ၏။
ယွီယိလည်း စိုးရိမ်ကြီးစွာဖြင့် ခန်းမထဲမှ ပြေးထွက်ကာ သူမနောက်သို့ လိုက်လေတော့သည်။ ထန်းမီ ကားပေါ်တက်ခါနီးဆဲဆဲမှာပဲ သူလျင်မြန်စွာ ပြေးဝင်လာပြီး ထန်းမီ၏နောက်လက်တစ်ဖက်အား လှမ်းဆွဲလိုက်၏။ ထို့နောက် သူလန်ချန်ချင်းအား ကြည့်ရင်း..."အန်တီလန် ခုဏက ဖေးဖေး ပြောခဲ့တာတွေအားလုံးကို ကျွန်တော်ကိုယ်စား တောင်းပန်ပါတယ်။ ကျွန်တော်တို့တစ်နေရာရာမှာ အေးဆေးထိုင်ပြီး စကားပြောလို့ရမလား? အန်တီ ကျွန်တော့်ကို အထင်လွဲနေပြီ ထင်တယ်။"
"ဘာအထင်လွဲစရာမှမရှိပါဘူး။ ကျွန်မသမီးကိုလွှတ်ပေးပါ။"
ယွီယိ ထန်းမီအား ပိုမိုနီးကပ်စွာ ဆုပ်ကိုင်လိုက်လျှင် လန်ချန်ချင်း၏လက်များကလည်း လျော့မသွားချေ။ နောက်ဆုံး ထန်းမီတစ်ယောက် နာကျင်မှုကြောင့် ငိုလိုက်မိကာ သူမ ယွီယိအား ကြည့်လိုက်ပြီး..."ကျွန်မအမေနဲ့ စကားအရင်ပြောပါရစေ။ နောက်မှ ရှင့်ကို ဆက်သွယ်လိုက်မယ်"
ယွီယိ မျက်လုံးများပင့်ကာ ထန်းမီအား စိုက်ကြည့်နေပြီး သူ၏လက်များသည်လည်း လုံးဝပြေလျော့မသွားချေ။ နောက်ဆုံး ထန်းမီ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာမှသာ လွှတ်ပေးလိုက်တော့သည်။
သူမ အမေသည် သူမ မှန်သည်ထင်သည့် ဘယ်အရာကိုမဆို လက်မလျော့တတ်ကြောင်း ထန်းမီ ကောင်းကောင်းသိသည်။ ဒါကြောင့်လည်း သူမအဖေနှင့် အမြဲစကားများခဲ့ကြ၏။ ထို့ကြောင့် ယခုအချိန်တွင် ယွီယိဘက်ကသာ အလျော့ပေးမှ ဖြစ်ပေမည်။
ယွီယိ၏လက်များ ပြေလျော့သွားချိန်တွင် သူမလက်ကောက်ဝတ်အား ပြန်ဆွဲလိုက်ကာ သူ၏လက်များအား ဆုပ်ကိုင်လိုက်၏။
"စိတ်အေးအေးထားနော်။ ကျွန်မအမေက သွေးပူနေတုန်းမို့လို့ပါ။ ကျွန်မဖျောင်းဖျကြည့်ပါ့မယ်။"
ယွီယိ မျက်မှောင်ကြုတ်လိုက်မိကာ ထိုပြဿနာအား အဖြေရှာနေတုန်းပင်။ လန်ချန်ချင်း ထန်းမီအား ကားထဲထိုးထည့်လိုက်ပြီးနောက် သူမပါ အမြန်ဝင်လိုက်တော့သည်။
ထို့နောက် ကားလေးသည် မျက်စိရှေ့မှ လျင်မြန်စွာ ပျောက်ကွယ်သွားလေ၏။
ယွီယိ မျက်မှောင်ကြီးကြုတ်ရင်း ကားအား အချိန်အတော်ကြာအောင် ငေးကြည့်နေပြီးနောက် သူ့ဘေးတွင် ရပ်နေသည့် ရှဲ့ရှိုးကျဲ့ဘက် လှည့်ကြည့်လိုက်လျှင်...။
ရှဲ့ရှိုးကျဲ့ ကူရာကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး..."ချန်ချင်းက ငါတို့အိမ်ရဲ့ ဘောစ့်ပဲ။ ငါလည်း မင်းကို မကယ်နိုင်တော့ဘူး။"
ထိုစဥ် ယွီယိ၏ဘန်တလေ ရောက်လာခဲ့တာကြောင့် သူ ရှဲ့ရှိုးကျဲ့အား နှုတ်ဆက်စကားပြောကာ ကားထဲ ဝင်လိုက်တော့သည်။
ရှဲ့ရှိုးကျဲ့ ကားတံခါးမပိတ်ခင် တားလိုက်ပြီး ယွီယိအား စိုက်ကြည့်လာကာ-"ထန်းမီက ငါ့သမီးမဟုတ်ပေမဲ့ ချန်ချင်းရဲ့သမီးလေးပဲ။ ငါသူ့ကိုလျစ်လျူရူမှာမဟုတ်ဘူး။ အဲတော့အကယ်၍ မင်း သူ့အပေါ်မလေးနက်ရင် အခုထဲက နောက်ဆုတ်လိုက်တာ ကောင်းမယ်။"
ယွီယိ သူ၏လက်အား ဖယ်လိုက်ပြီးနောက် ကားတံခါးအား ဆွဲပိတ်လိုက်လေ၏။
"ထန်းမီက ကျွန်တော့်ရဲ့ အချစ်စစ်ပါ။ အန်ကယ် အန်တီလန်အပေါ်ထားတဲ့ ခံစားချက်တွေထက်တောင် စစ်မှန်သေးတယ်"
ထို့နောက် ဘန်တလေလေးသည်လည်း အဝေးသို့ပြေးသွားလျှင် ရှဲ့ရှိုးကျဲ့တစ်ယောက် ရယ်ရင်း ကျန်နေခဲ့တော့သည်။ ထိုစဥ် သူနှင့်ချန်ချင်းတို့ ဒီကိုကားတစ်စီးတည်းဖြင့် အတူလာခဲ့သည်ဆိုတာ ရုတ်တရက် သတိရသွားလေ၏။ အခု သူမလည်း ပြန်သွားပြီဆိုတော့ သူတက်စီစီး ပြန်ရုံသာရှိတော့မည်။
လန်ချန်ချင်း ထန်းမီအား သူမ၏စတူဒီယိုသို့ ခေါ်လာခဲ့ခြင်းပင်။ သူမ ကော်ဖီနှစ်ခွက်ဖျော်ရင်း စားပွဲဆီသို့ လျှောက်လာကာ နေရာချပေးလိုက်၏။
"ဘယ်ချိန်ကတည်းက ယွီယိနှင့်ပတ်သတ်နေတာလဲ?"
“အမ်..ပြီးခဲ့တဲ့လလောက်က”
“သူ မင်းကို ဖွင့်ပြောခဲ့တာလား?”
“အင်း”
လန်ချန်ချင်း ခဏလောက် တိတ်ဆိတ်သွားကာ ထန်းမီ၏မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီးနောက်-"ထန်းထန်း မင်းချစ်မိတာကို အမေဘာမှမပြောလိုဘူး။ ဒါပေမဲ့ အဲလိုလုပ်ငန်းရှင်တွေက မယုံရဘူး။ အမေ သမီးကို အမေ့လိုမျိုး အဆင်မပြေတဲ့အိမ်ထောင်ရေးမျိုးနဲ့ မကြုံတွေ့စေချင်ဘူး။"
သူမအဖေအား "အဆင်မပြေတဲ့ အိမ်ထောင်ရေး"ဟူ၍ ခိုင်းနှိုင်းခြင်းခံလိုက်ရသော်လည်း ထန်းမီ သူ့ဘက်က မတရားတာ မဟုတ်ဘူးလို့ခံစားရသည်။ သို့သော် မမျှတဘူးဟုတော့ တွေးမိနေသေး၏။
"အန်ကယ်ရှဲ့ကရော လုပ်ငန်းရှင် မဟုတ်ဘူးလား? အမေ ဘာလို့ သူ့ကိုရွေးချယ်ခဲ့တာလဲ?"
"ရှဲ့ရှိုးကျဲ့ကတော့ မတူဘူး ဘာလို့ဆို သူ့မှာကိုယ်ပိုင်ကုမ္ပဏီရှိတယ်။ သူ့ကို မိသားစုဆိုတာကြီးနဲ့ ချည်နှောင်ထားဖို့လည်းမလိုဘူး။ ထပ်ပြောရရင် သူက အမေ့လို ရန်မလိုတတ်ဘူး။ အမြဲတမ်း သည်းခံနားလည်ပေးတယ်။"
ထန်းမီ : "ယွီယိလည်း ကိုယ်ပိုင်ကုမ္ပဏီရှိတယ်လေ။ သူလည်း ကြမ်းတမ်းတဲ့ စရိုက်မရှိဘူး!"
လန်ချန်ချင်း ဟာသတစ်ခုအား ကြားလိုက်ရသလိုတောင် ခံစားလိုက်ရသည်။
"သူက မကြမ်းတမ်းဘူးတဲ့လား? လုပ်ငန်းပိုင်းဆိုင်ရာတွေကို အသာထားဦး။ သူ့ရဲ့ကြောက်စရာကောင်းတဲ့ အေးစက်စက် မျက်နှာထားနဲ့တင် လူတော်တော်များများက သူ့ကို သဘောမကျကြဘူး"
ထန်းမီ ဒါလည်း ဟုတ်တာပဲဟု တွေးလိုက်မိသော်လည်း သူမ ယွီယိဘက်ကနေ ရှေ့နေလိုက်ပေးဖို့ လိုသေး၏။
"သူ အခုဆို ရယ်တတ်နေပြီ။ သူက လုပ်ငန်းခွင်မှာပဲ ပြတ်သားတဲ့စိတ်ဓါတ်ရှိတာ နောက်ပြီး သူ သမီးစကား နားထောင်တယ်!"
လန်ချန်ချင်း အသံထွက်သည်အထိ ရယ်လိုက်မိကာ-"သူက မင်းစကားနားထောင်တယ် တကယ်လား?"
ထန်းမီ : “…”
'ကောင်းပြီ ဒါတော့ သူသေချာမပြောတတ်ဘူး'
လန်ချန်ချင်း : "ငါသူ့မိဘတွေနဲ့ စကားပြောကြည့်ပြီးပြီ သူ့အဖေကမင်းကို သိသိသာသာကို သဘောမကျနေတာ။ ယွီယိနဲ့လက်ထပ်ရင် မင်းသာယာတဲ့ဘဝကို ရမှာမဟုတ်ဘူး"
ထန်းမီ : "ဒါပေမဲ့ ယွီယိမှာ သီးသန့်အိမ်ရှိတယ်။ သမီးတို့သူ့အဖေနဲ့ အတူနေမှာမဟုတ်ဘူး။"
"ဒါဆို မင်းကသူနဲ့ လက်ထပ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီပေါ့?" လန်ချန်ချင်း အနည်းငယ် ဒေါသ ပြန်ထွက်သွားပြန်သည်။
"ကောင်းပြီလေ။ မင်းအဖေကိုခေါ်ပြီး သူ မင်းတို့ရဲ့ ဆက်ဆံရေးကို သဘောတူမတူ ကြည့်ရအောင်!"
ထန်းမီ : "အဖေက သေချာပေါက် သဘောတူမှာ ယွီယိအရင်က သက်တံ့ဖူလုံရေး ဂေဟာကို လှူဒါန်းဖူးတယ်!"
လန်ချန်ချင်း : “…”
'လိမ္မာပါးနပ်တဲ့လူပဲ!'
စကားပြောပြီးကြပြီးနောက် ထန်းမီနှင့် သူမအမေတို့ သဘောတူညီမှု မရခဲ့ကြသဖြင့် နောက်တစ်ကြိမ်မှသာ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြသည်။ သူမအပြင်သို့ ထွက်လာချိန်တွင် အပြင်မှာရပ်ထားသည့် ယွီယိ၏ကားအား တွေ့လိုက်ရ၏။ ယွီယိသည် အနက်ရောင်ဝတ်စုံအား ၀တ်ထားကာ ကားတံခါးကို မှီရင်း သူမအား စောင့်နေလေသည်။
_____________________________________________