Chapter 50
Vol. 5 Ch. 50
ယွီယိ သူမအား ရုတ်တရက်ကြီး လက်ထပ်ခွင့်တောင်းလိမ့်မည်ဟု ထန်းမီ အိပ်မက်ပင် မမက်ဖူးခဲ့တာကြောင့် အတော်ကြာအောင် ဆွံ့အနေခဲ့၏။
နောက်တွင်လည်း မီးရူးမီးပန်းများသည် ပွင့်လန်းနေဆဲဖြစ်ကာ တဒိုင်းဒိုင်းစည်းချက်သံများသည် ထန်းမီ၏နှလုံးခုန်သံများကဲ့သို့ပင်။
ယွီယိ သူမအား စေ့စေ့ကြည့်နေပြီး သူ၏မျက်လုံးများသည် ညကောင်းကင်ယံတွင် ပွင့်လန်းနေသော မီးပန်းများထက်တောင် တောက်ပနေသေး၏။
ထန်းမီ မသိစိတ်၏လွှမ်းမိုးမှုအား ခံလိုက်ရကာ ခက်ခက်ခဲခဲဖြင့် ပါးစပ်ဖွင့်လိုက်ရသည်။
"လက်ထပ်ခွင့်တောင်းတာက ပန်းတွေ စိန်လက်စွပ်တွေနဲ့မှ ပြီးပြည့်စုံတာ မဟုတ်ဘူးလား? ဒါပေမဲ့ ရှင့်ဟာက မီးရူးမီးပန်းချည်းပဲလား?"
ယွီယိ သူ့နောက်ကျောအား မျက်စပစ်ပြလိုက်လျှင် ချက်ချင်းဆိုသလို အရိပ်မဲကြီးတစ်ခု သူတို့ဘက်အား လျင်မြန်စွာ ပြေးလာလေ၏။ ထို သူ၏လက်ထဲတွင်တော့ တောက်ပနေသည့် နှင်းဆီပန်းစည်းအား ပွေ့ထားလျက်ပင်။
သူ ပန်းစည်းနှင့် ဘူးလေးတစ်ဘူးအား ယွီယိထံ ကမ်းပေးပြီးနောက် နောက်သို့ ခွေးလိုက်သကဲ့သို့ လျင်မြန်စွာ ပြန်ပြေးထွက်သွားလေသည်။
ယွီယိ ရှက်ရွံ့နေမှုအား သူ၏အေးတိအေးစက် ခပ်ချောချောမျက်နှာဖြင့် ထိန်းထားကာ ဘူးလေးအား ဖွင့်ကာ ထန်းမီထံကမ်းပေးလိုက်၏။
"တကယ်တော့ မီးရူးမီးပန်းက အခုမှ ဖောက်သင့်တာ သူတို့ နည်းနည်းစောသွားတယ်။ နောက်ပြီး ဟိုနားမှာ ဖယောင်းတိုင်နဲ့ ဝိုင်တွေ ပြင်ဆင်ထားသေးတယ်"
သူ့ စကားသံအားကြားမှသာ ခပ်လှမ်းလှမ်းနေရာတွင် ဖယောင်းတိုင်များ ချက်ချင်း တောက်ပလာကာ ခပ်နွေးနွေး အဝါရောင် ဖယောင်းတိုင်မီးလေးများသည် ပင်လယ်လေပြေနှင့်အတူ ညင်သာစွာ ယိမ်းနွဲ့နေတော့သည်။
ထန်းမီ သူ၏ကပျက်ကချော် အပြုအမူများကြောင့် မထိန်းချုပ်နိုင်တော့ဘဲ အကျယ်ကြီး အော်ရယ်မိလိုက်၏။
ယွီယိ၏မျက်နှာသည် အတော်လေးကို မည်းမှောင်သွားကာ-"ကိုယ် ဒါပြီးမှ သူတို့ကို လစာဖြတ်ပစ်မယ်"
ထန်းမီ့ ရယ်သံသည် ပို၍ကျယ်လောင်သွားတော့သည်။ သူမ မျက်လုံးထောင့်ရှိ မျက်ရည်စလေးများအား သုတ်ကာ ယွီယိလက်ထဲမှ လှပသောဘူးလေးအား လက်ခံလိုက်၏။
"သူတို့ကို လစာဖြတ်ဖို့မလိုပါဘူး။ ကျွန်မရှင့်ကိုလက်ထပ်မှာပါ"
ယွီယိ၏မျက်ဝန်းလှလှလေးသည် ချက်ချင်းဆိုသလို တောက်ပလာကာ သူမမြင်ဖူးသမျှ ကြယ်များထက်ပင် ပို၍တောက်ပနေသည်ဟု ထန်းမီ ခံစားမိလိုက်ရသည်။
"တကယ်လား?" ယွီယိ ရင်ထဲအသည်းထဲမှ ပျော်ရွှင်မှုများအား ခဏမျိုသိပ်ထားကာ ထန်းမီ့စကားအား ပြန်အတည်ပြုလိုက်တော့၏။
ထန်းမီ ခေါင်းညိတ်လိုက်ပြီး..."ဒါပေါ့ မိန်းကလေးအနည်းကျဥ်းလောက်ပဲ။ ဒီလိုစိန်အကြီးကြီးကို ငြင်းလိမ့်မှာ"
ယွီယိ၏မျက်နှာအမူအရာ တစ်ခဏ တောင့်တင်းသွားတာကြောင့် ထန်းမီပြုံးကာ သူ့ရှေ့တွင် ငုတ်တုတ် ထိုင်ချလိုက်ပြီး ပါးနှစ်ဖက်အား ညစ်လိုက်လေသည်။
"နောက်ပြီး ဒီလိုယောကျာ်းချောချောလေးကို ငြင်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"
အထင်အရှားပင် ဒါသည် ယွီယိ၏ပထမဆုံး ပါးညစ်ခံရခြင်းဖြစ်တာကြောင့် သူ့မျက်လုံးများထဲတွင် အံ့သြမှုများဖြင့် ပြည့်နေလေ၏။
ထန်းမီပြုံးကာ သူ၏ပါးအား လက်ညိုးဖြင့်ထပ်ထိုးလိုက်ရင်း..."ဘယ်လောက်ကြာကြာ ဒူးထောက်ဖို့ စီစဥ်ထားတာလဲ?"
ယွီယိ အမူအရာအား ပြန်ပြင်လိုက်ကာ ထန်းမီထံ ပန်းစည်း ကမ်းပေးရင်း ထဖို့လုပ်လိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်သည် အနည်းငယ် ယိမ်းယိုင်သွားလေသည်။
ထန်းမီ အမြန်ပင် ရှေ့သို့တိုးကာ လှမ်းဖက်လိုက်၏။
"ဘာဖြစ်တာလဲ?"
ယွီယိ အဝေးသို့မျက်နှာလွှဲလိုက်ပြီးနောက်-"ကိုယ်ခြေထောက်ထုံသွားလို့"
ထန်းမီ၏စိုးရိမ်ဟန် အမူအရာသည် ရပ်တန့်သွားကာ သူမ သဘောတကျ ရယ်လိုက်မိတော့သည်။
သူမ ယွီယိဘေးတွင် ထိုင်ချလိုက်ပြီးနောက် ရှေ့မှတောက်ပနေသည့် မီးပန်းများအား ကြည့်နေလိုက်၏။
ယွီယိ သူမအား အကဲခတ်နေကာ-"ကိုယ် ရုတ်တရက် လက်ထပ်ခွင့်တောင်းလို့ လန့်သွားလား?"
ထန်းမီ : "ဒါပေါ့ လန့်ချင်စရာကြီးလေ။ ကျွန်မတော်တော်ကြာအောင် တုန်လှုပ်သွားတာ! ကံကောင်းချင်တော့ ကျွန်မနှလုံးသားလေးက သန်မာတယ်လေ"
ယွီယိ ပြုံးကာ-"ကိုယ်တောင်းပန်ပါတယ်။ ကိုယ် မင်းကိုဒီလို ခပ်မြန်မြန်ကြီး လက်ထပ်ခွင့်တောင်းဖို့ မရည်ရွယ်ခဲ့ဘူး။ ဒါပေမဲ့ အခုတလော..." ယွီယိ ခဏလောက် တိတ်ဆိတ်သွားပြီးမှ ဆက်၍ပြောလာသည်။
"ကိုယ် မင်းရဲ့ဆိုင်ဖွင့်ပြီးတဲ့အထိ စောင့်ပြီးမှ လက်ထပ်ဖို့ကိစ္စပြောမလို့ပဲ။ ဒါပေမဲ့ မင်းဒီကိစ္စကို စိုးရိမ်ဖို့မလိုပါဘူး။ မင်္ဂလာပွဲကိစ္စက နောက်ဆိုင်ဖွင့်ပြီးမှ စီစဥ်လို့ရတယ်။ ကိုယ်က မင်္ဂလာပွဲအတွက် စီစဥ်မယ်။ မင်းကမင်းရဲ့အချိုပွဲဆိုင်လေးအတွက်ပဲ။ အာရုံစိုက် ဟုတ်ပြီလား?"
"အိုခေ!" ထန်းမီ အပြုံးလေးဖြင့် သူ့အားခေါင်းညိတ်ပြလိုက်၏။
သူ ဘူးထဲတွင်သာရှိနေသေးသည့် လက်စွပ်အား ငုံ့ကြည့်ကာ ယွီယိ၏နှုတ်ခမ်းထောင့်များ ကော့တက်သွားလေသည်။
"လာ ကိုယ် မင်းကို လက်စွပ်ဝတ်ပေးမယ်"
"အင်း" ထန်းမီ သူမ၏ဘယ်ဘက်လက်အား ဆန့်ထုတ်ပေးလာ၏။ သူမလက်ချောင်းလေးများသည် ဖြူသွယ်လွန်းနေသည်။
ယွီယိ ခဏလောက် သဘောတကျကြည့်ကာ ချီးမွမ်းလိုက်၏။
"မင်းလက်လေးတွေက အရမ်းလှတာပဲ။ စားဖိုမှူးတော်တော်များများက မုန့်နှစ်တွေကို အကြာကြီး နယ်ရတာတို့ ဘာတို့ကြောင့် သူတို့လက်ချောင်းတွေက ထူလာတတ်တယ်လေ"
ထန်းမီ ပြုံးလျက်-"ယွီရှင်းလည်း အဲလိုပြောဖူးတယ်"
ယွီယိ ခဏကြာ လှုပ်ရှားမှုများ ရပ်တန့်သွားပြီးနောက် သူမ၏လက်သူကြွယ်တွင် လက်စွပ်လေးအား စွပ်ပေးလိုက်တော့သည်။
ထန်းမီ ဘယ်လက်အားမြှောက်ကာ ရွှင်မြူးစွာ ကြည့်နေရင်း နှမြောတသဖြင့် ပြောလာခဲ့၏။
"ကံဆိုးစွာနဲ့ ကျွန်မ လက်စွပ်ဝတ်ပြီး မုန့်တွေလုပ်လို့ မရဘူး"
ယွီယိသည်လည်း သူမ၏ဘယ်လက်လေးအား အပြုံးလေးဖြင့် ကြည့်နေကာ-"အဲတာက အရေးမကြီးဘူး"
နောက်ဆုံး မီးရှူးမီးပန်းသည် ပင်လယ်ရေမျက်နှာပြင်အထက်တွင် ပေါက်ကွဲထွက်သွားပြီး နောက်ဆုံးတွင် တိတ်ဆိတ်သည့် ညအမှောင်ထဲတွင် ပျောက်ကွယ်သွားတော့၏။ ကမ်းခြေလေး ပြန်လည်တိတ်ဆိတ်သွားမှသာ ယွီယိ ထန်းမီ့ဘက်အားလှည့်ရင်း..."ပင်လယ်လေက နည်းနည်းအေးလာပြီ အရင်ပြန်ကြရအောင်"
"အင်း" ထန်းမီ ယွီယိနှင့်လက်ချင်းချိတ်ကာ နေရာမှထရပ်လိုက်ပြီး ရှေ့သို့ လှမ်းကြည့်လိုက်၏။
"ဟိုမှာ ဝိုင်တွေ ကျန်နေသေးတယ် မဟုတ်လား? ယူသွားပြီး သောက်ကြရအောင်!"
"ဟုတ်ပြီ" ယွီယိ လျှောက်သွားကာ အသည်းပုံ ဖယောင်းတိုင်လေးများ အတွင်းရှိ ဝိုင်ပုလင်းအား ဆွဲယူလိုက်ရင်း သူမကိုပြန်ဆုပ်ကိုင်လာသည်။
ထန်းမီပြုံးကာ မေးခွန်းထုတ်လိုက်၏။
"ဒီနေ့ အကြံကို ဘယ်သူပေးတာလဲ?"
ယွီယိ ရပ်တန့်သွားကာ ပြန်ဖြေလာခဲ့သည်။
"လော့ဟောက် မင်းသဘောမကျလို့လား?"
ထန်းမီ မျက်တောင်များ ပုတ်ခတ်လျက်..."ကြည့်ရတာ လက်ထောက်လော့က ရိုမန်တစ်ဇာတ်လမ်းတွေ အတော်ကြည့်ဖူးတယ် ထင်တယ်"
ယွီယိ အနည်းငယ် စဥ်းစားနေပြီးနောက်-"တကယ်တော့ ကိုယ်လည်းနည်းနည်း ပုံကြီးချဲ့နေသလိုခံစားရတယ်"
ထန်းမီ ထပ်၍ရယ်လိုက်တော့သည်။
*******
ယွီယိ၏ဗီလာသို့ ပြန်ရောက်ချိန်တွင် ထန်းမီ ဝိုင်ပုလင်အားဖွင့်ကာ ယွီယိနှင့် ခွက်ချင်းတိုက်ကြ၏။
"ကျွန်မတို့ပျော်ရွှင်စရာ အိမ်ထောင်ရေးလေး။ ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းတယ်!"
ယွီယိ တခစ်ခစ်ရယ်၍..."မင်း သောက်နိုင်သေးတာလား?"
"ဒါပေါ့ မြန်မြန် ခွက်ချင်းတိုက်ကြမယ်!"
ယွီယိ ခွက်အားမြှောက်ကာ သူမပြောသည့်အတိုင်း လိုက်လုပ်ပေးလိုက်ရတော့သည်။ "ချီးယားစ်"
နှစ်ယောက်သား ပုလင်းတစ်ဝက်လောက် သောက်ပြီးချိန်တွင် ထန်းမီ အနည်းငယ် အိပ်ချင်မူးတူးဖြစ်လာတော့၏။ ယွီယိ သူမလက်ထဲရှိ ဝိုင်ခွက်အား ဆွဲယူလိုက်ကာ တိတ်တဆိတ် မေးလာခဲ့သည်။
"အိပ်ချင်နေပြီလား? ရေချိုးပြီး အိပ်လိုက်တော့ ဟုတ်ပြီလား?"
"အိုခေ" ထန်းမီသဘောတူကာ သူ့နောက်မှ လိုက်၍ အပေါ်ထပ်သို့တက်လာလိုက်သည်။
ထန်းမီတွင်ဝတ်စရာ အဝတ်မရှိတာကြောင့် သူမယွီယိ၏ရှပ်အင်္ကျီအား ယူဝတ်ထားရ၏။ သူမ ထရပ်လိုက်မှသာ ထိုရှပ်သည် ဟိုတစ်ခေါက်က သူမ ယူဝတ်ခဲ့သည့်ရှပ်အင်္ကျီဆိုတာ ယွီယိ သိသွားတော့သည်။ သူ ရေအပူချိန်အား ချိန်ညှိကာ ထန်းမီကိုရေချိုးခန်းထဲသို့ ဝင်စေခဲ့၏။
ရေချိုးခန်းထဲ ရောက်သွားချိန်တွင် ထန်းမီ ယွီယိ ရှိနေသေးသည် ဆိုတာကိုတောင် သတိမထားမိဘဲ အဝတ်အစားများအား စတင်ချွတ်လျှင် ယွီယိ ခဏလောက် ပြူးကြောင်သွားပြီး ခပ်သွက်သွက်ပင် တပ်ပြန် ဆုပ်လိုက်ရတော့သည်။
ထို့နောက် ယွီယိလည်း သူ၏ဗီရိုထဲရှိ ညအိပ်ဝမ်းဆက်အား ထုတ်ကာ ဘေးအခန်းတွင် ရေဝင်ချိုးလိုက်၏။
သူရေချိုးပြီးလို့ ပြန်ထွက်လာချိန်အထိ ထန်းမီ ထွက်မလာသေးချေ။ သူပြတင်းပေါက်နားသို့ လျှောက်သွားကာ ပဝါဖြင့် သူ၏စိုနေသည့် ဆံပင်များအား သုတ်နေလိုက်သည်။
ရေချိုးခန်းထဲရှိ ရေကျသံရပ်တန့်သွားပြီး သိပ်မကြာခင်မှာပဲ ထန်းမီ ထွက်လာခဲ့၏။ ရေချိုးပြီးနောက် သူမ အနည်းငယ် မျက်စိကျယ်လာသလိုပင်။
သူမ ယွီယိရှိရာသို့ လှမ်းကြည့်လာကာ ရှက်ကိုးရှက်ကန့်ဖြင့် ပြုံးပြလာခဲ့သည်။
"ကြည့်ရတာ ကျွန်မနည်းနည်း မူးသွားသလိုပဲ"
"ကိစ္စမရှိဘူး။ ဒါပေမဲ့ နောက်အပြင်မှာ လုံးဝမသောက်ရဘူး"
ထန်းမီ သူမပါးစပ်အား ပွစိပွစိလုပ်လိုက်ကာ ဟိုဟိုဒီဒီကြည့်ရင်း..."ကျွန်မက ဘယ်မှာအိပ်ရမလဲ?"
"အရင်တစ်ခေါက်ကလိုပဲပေါ့" ယွီယိ ရှေ့သို့လျှောက်လာကာ သူမလက်အားဆွဲရင်း အိပ်ရာဆီသို့ခေါ်လာခဲ့၏။ ထန်းမီ စောင်အားဆွဲဖယ်ကာ ထိုင်ချလိုက်ပြီး သူ့အားကြည့်လာလေသည်။
"အရင်တစ်ခေါက်က အတိုင်း ရှင်လည်း ဘာမှမလုပ်ရဘူးနော် အိုခေ?"
"ဟင်း..." ယွီယိ သူမဘေးတွင်လှဲချလိုက်ပြီး ညင်သာစွာ နမ်းရူံ့လာ၏။
"ရေချိုးဆပ်ပြာက ဘာလို့ မင်းနဲ့ကျမှ တော်တော် မွှေးနေတာလဲ?"
ထန်းမီ၏လည်ပင်းအား သူ၏ဆံပင်များ လာတိုက်နေတာကြောင့် သူမကိုယ်အား အနည်းငယ် ကျုံလိုက်မိသည်။
"စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုလေ"
ယွီယိ သူမအားရင်ခွင်ထဲထည့်ကာ ဘာမှမပြောတော့ချေ။
ထန်းမီ ရုတ်တရက် တစ်ခုခုအားတွေးမိဟန် သူ့အား..."အိုး ဟုတ်သား ကျွန်မအဖေနဲ့အမေကို လက်ထပ်ဖို့ကိစ္စ အသိပေးရဦးမယ်"
"ကောင်းပြီ။ ကိုယ် အန်တီလန်ကို ကိုယ်တိုင်တွေ့ပြီး ပြောလိုက်မယ်။ မင်းအဖေကိုကျ ဘယ်လို ဆက်သွယ်ရမလဲ?"
"အမ်..." ထန်းမီ အနည်းငယ် မျက်မှောင်ကြုတ်နေမိ၏။ "ကျွန်မလည်း အဖေ အခုဘယ်မှာရှိနေလဲမသိဘူး။ အဖေ့ဖုန်းနံပါတ်တော့ရှိပေမဲ့ သူရောက်နေတဲ့နေရာတွေက မကြာခဏ ဖုန်းလိုင်းမမိဖြစ်တတ်တယ်။ ကံကိုပဲ အားကိုးရတော့မှာပဲ"
ယွီယိ၏ရင်ခွင်ထဲ၌ပဲ ထန်းမီ သူမအဖေ၏အခြေအနေအား ပြောကာ အိတ်ထဲမှသူမဖုန်းအား လှမ်းယူလိုက်၏။
ယွီယိ : “အခုအရမ်း နောက်ကျမနေဘူးလား?”
"ဟင့်အင်း ကျွန်မသူဘယ်ရောက်နေလဲမှမသိဘူး။ အဲတော့ အချိန်တူနေလား။ မတူနေလားဆိုတာ မသိနိုင်ဘူး"
ထန်းမီပြောရင်းဆိုရင်းပင် သူမအဖေ၏နံပါတ်အား ကောက်နှိပ်လိုက်၏။ မှတ်ထားသည့် နာမည်သည် ထန်းလင်းပင်။
ယွီယိ မျက်လုံးများ အနည်းငယ် ပြောင်းလဲသွားကာ သူထပ်မေးလိုက်လေသည်။
"မင်းအဖေနာမည်က ထန်းလင်းလား?"
ထန်းမီ : "ဟုတ်တယ် ကျွန်မကိုယ့်မိဘရဲ့နာမည်ကို ဖုန်းထဲမှာ 'အဖေ' 'အမေ'လို့ မမှတ်ထားသင့်ဘူးလို့ ကြားဖူးတယ်။ အကယ်၍ ကျွန်မဖုန်းကျပျောက်သွားရင် လှည့်စားဖို့ လွယ်လို့တဲ့။ အဲတာကြောင့် အဖေ့ကို သူ့နာမည်နဲ့ပဲ မှတ်ထားတာ"
ယွီယိခေါင်းညိတ်ကာ ထလိုက်ပြီး သူ၏အိပ်ခန်းထဲရှိ စာအုပ်စင်မှ မဂ္ဂဇင်းတစ်ခုအား ဆွဲထုတ်လာကာ ထန်းမီထံ ကမ်းပေးလိုက်၏။
"ဒါ မင်းအဖေ ထန်းလင်းဆိုတာလား?"
မဂ္ဂဇင်းထဲတွင် အပူပိုင်းမိုးသစ်တောပုံများ၊ ကင်မရာထဲမှ ခုန်ထွက်လာတော့မယောင် တိရစ္ဆာန်ပုံများဖြင့် ပြည့်နေသည်။
ထန်းမီ မဂ္ဂဇင်းအား အံ့သြတကြီးဖြင့် ကြည့်ကာ-"ဟုတ်တယ် ဒါကျွန်မအဖေ ရိုက်ထားတာတွေ"
ယွီယိ : "သူက ဓာတ်ပုံနယ်ပယ်မှာ ကျော်ကြားတယ်။ နိုင်ငံတကာဆုတွေ အများကြီးကိုတောင် ရထားတာ သူ့ရဲ့ဓာတ်ပုံတွေဆို အီတလီလေလံမှာ စျေးအမြင့်ဆုံးနဲ့ရောင်းကြတယ်။"
ထန်းမီ သူ့အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်ပြီး..."ရှင်က ကျွန်မ့အဖေ ပရိသတ်လား?"
"ကိုယ်မဟုတ်ဘူး" ယွီယိ ခဏလောက် ရပ်တန့်သွားကာ ရယ်လိုက်မိတော့သည်။
"ဒါပေမဲ့ ကိုယ့်အဖေကတော့ သူရိုက်သမျှဓါတ်ပုံတိုင်းကို လိုက်စုတတ်တယ်။ ခေါင်းစဥ်က အဲလ်ပ်တောင်တန်းရဲ့ ရာသီလေးခု ဖြစ်ပုံပဲ"
ထန်းမီ ပါးစပ်အဟောင်းသားဖြစ်သွားကာ နံပါတ်နှိပ်ဖို့တောင် မေ့နေလေ၏။
ယွီယိ မဂ္ဂဇင်းအား ဘေးသို့ချလိုက်ကာ သူမဘေးတွင် ပြန်လှဲအိပ်လိုက်ပြီး..."မနက်ဖြန်မှ ခေါ်တော့ကွာ။ အခုစောစောအိပ်ရအောင်"
"ဟုတ်ပြီ" သူမ ဖုန်းအား ချလိုက်ကာ ကြိတ်၍ရေရွတ်လိုက်တော့သည်။
"အဖေရေ ကျွန်မရဲ့အနာဂတ် ယောက္ခထီးလောင်းက အဖေ့ပရိသတ်ဖြစ်မယ် ထင်တယ်"
ယွီယိ မီးပိတ်လိုက်ကာ သူမဘေးတွင် အိပ်ချလိုက်၏။
တိတ်ဆိတ်နေသည့်အခန်းထဲတွင် အသက်ရူသံများသာ ကြားနေရကာ ထန်းမီ အမှောင်ထဲမှတဆင့် သူမ ဘေးရှိလူအား ပွေ့ဖက်လိုက်သည်။
"လူကြီးမင်းယွီ ကျွန်မဒီညတော့ အိပ်မရတော့ဘူး ထင်တယ်"
ယွီယိပြုံးကာ အနားသို့တိုးလာပြီး ထန်းမီ၏ ခါးသွယ်သွယ်လေးအား ဖက်တွယ်လိုက်၏။
"ဒါဆို ကိုယ်တို့အိပ်ပျော်အောင် လေ့ကျင့်ခန်း နည်းနည်းလုပ်ကြမလား?"
ထန်းမီ "လာမရူပ်နဲ့"ဟုပြောမလို့ရှိသေး၊ ယွီယိ သူမနှုတ်ခမ်းများအား နမ်းရူံ့လာခဲ့သည်။
ထူးဆန်းသည်မှာ အခန်းထဲတွင် အလင်းအစအနလေးတောင် မရှိပါဘဲ။ ယွီယိ သူမ့နှုတ်ခမ်းများအား တိကျစွာ ရှာနိုင်လိုက်၏။
ထိုအနမ်းသည် နူးညံ့ညင်သာနေကာ သူမ၏နှုတ်ခမ်းထောင့်လေးများမှ လည်ပင်း ထိုမှတဆင့် သူမ၏ကြယ်သီးနှစ်လုံး ဖြုတ်ထားတာကြောင့် ပေါ်နေသည့်ညှပ်ရိုးလေး...။
ထန်းမီ တိုးညှင်းစွာ အာမေဍိတ်ပြုလိုက်မိသော်လည်း ထိုအသံခပ်တိုးတိုးသည် သူ့အားလှုံ့ဆော်ပေးလိုက်သလိုပင် ယွီယိ၏ခန္ဓာကိုယ်အပူချိန်များ ထိုးတက်လာတော့၏။
သူ၏လက်များ ထန်းမီ၏ရှပ်အင်္ကျီအောက်သို့ တိုးဝင်သွားလျှင် ထန်းမီ၏အေးစက်စက် အရေပြားအား ခံစားလိုက်ရလေသည်။ ဒါသည်သာ သူ့၏မသက်မသာဖြစ်နေမှုများအား ဖြေဖျောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းလိုပင်။
ထန်းမီ သူ၏လှုပ်ရှားမှုများနောက် လိုက်ချင်သော်လည်း ဒါသည် သူတို့အား လွတ်ထွက်သွားစေနိုင်၏။ သို့သော် ယွီယိ၏လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
သူ၏အရည်လဲ့နေသည့် မျက်ဝန်းများသည် ထန်းမီအား စိုက်ကြည့်နေကာ အနည်းငယ် ပင့်သပ်ရှိုက်နေ၏။
ထန်းမီ အံ့သြစွာ သူ့အားတိတ်တဆိတ် ငေးကြည့်နေတာကြောင့် ယွီယိ သူမ၏ ပန်းဆီရောင် နှုတ်ခမ်းလေးအား နမ်း၍..."ကိုယ်တို့ မင်္ဂလာပွဲမရောက်မချင်း ကိုယ်ဘာမှမလုပ်ဘူး.."
ထန်းမီ သူ့စကားအားကြားကာ ရယ်လိုက်မိတော့သည်။
"တကယ်ကြီးလား? လူကြီးမင်းယွီ ဒီကမ္ဘာမှာ ရှင့်လိုယောကျာ်းမျိုး ရှားနေပြီ"
တကယ်တော့ သူမယွီယိနှင့်အတူ လိုက်ပါ စီးမျောခဲ့လျှင်လည်း ကိစ္စမရှိသော်လည်း သူမကိုယ်သူမ ထိန်းချုပ်ဖို့ ဆန္ဒရှိနေခဲ့၏။
ယွီယိ ရိုးသားစွာဖြင့်..."ဒါအမျိုးသမီးတွေ အပေါ်ထားသင့်တဲ့ လေးစားမှုလို့ ကိုယ်ထင်တယ်။ အထူးသဖြင့် ကိုယ်သဘောကျတဲ့ အမျိုးသမီး"
ထန်းမီပြုံးလိုက်မိကာ-"ဟုတ်ပါပြီ။ ဒါပေမဲ့ အခုရှင်ပြောနေတဲ့လေသံက နောက်နှစ်ကူးတဲ့အထိ အသားမစား ထားရသလိုမျိုးပဲ"
ယွီယိ : “…”
ထိုအပိုင်း ပြီးသွားတဲ့နောက် ထန်းမီ သူမ၏ကိုယ်အပူချိန် ပြန်လည်မြင့်တက်လာသလို ခံစားလိုက်ရသော်လည်း မျက်လုံးကိုသာ တင်းတင်းမှိတ်ထားလိုက်တော့၏။
သူမ မျက်လုံးများအား ပြန်ဖွင့်လိုက်ချိန်တွင် ကောင်းကင်ကြီးသည် တောက်ပနေပြီဖြစ်ပြီး ယွီယိတစ်ယောက် သူ့လက်ဖြင့် သူမခေါင်းအား ခံပေးထားရင်း ပြုံးပြုံးကြီးကြည့်နေလေသည်။
ထန်းမီ သူမ၏မျက်လုံးများအား အိပ်ချင်မူးတူးဖြင့် ပွတ်သပ်ကာ မျက်နှာချင်းဆိုင်ရှိလူအား သေချာကြည့်လိုက်မိလျှင် 'အမလေး!'..။ မနေ့ညက သူဝတ်ထားတာသည် ပန်းရောင်ညအိပ်ဝတ်စုံ မဟုတ်သည်ကို သူမသတိရသွားတော့သည်။
'... စိတ်ကူးယဥ်ကြည့်လို့တောင် မရဘူး!'
သို့သော် သူမမျက်စိရှေ့ရှိလူသည် ပန်းရောင်ဝမ်းဆက်အား ဝတ်ထားကာ ပါးချိုင့်များ ထင်ရှားစွာ ပေါ်သည်အထိ ရယ်ရင်း..."မောနင်း အချစ်လေး"
ထန်းမီ : “…”
ယွီရှင်း မပေါ်လာသည်မှာ ကြာပြီဖြစ်တာကြောင့် သူမ ယွီယိနှင့်သူ ပေါင်းစပ်သွားကြပြီဟုတောင် ထင်ခဲ့မိ၏။ ဘာလို့ဆို ယွီယိကလည်း အခုတလော ယွီရှင်းနှင့်ပိုပိုပြီး တူလာလို့ပင်။ ဒါပေမဲ့ အခုက...
“ယွီ…ရှင်း?”
ယွီရှင်း သူမအား ပြုံးပြလျက်-"မတွေ့ရတာ တော်တော်ကြာပြီပဲ။ ကိုယ့်ကိုလွမ်းနေတယ် မဟုတ်လား အချစ်?"
ထန်းမီ ချက်ချင်း ကောက်ထိုင်လိုက်လျှင် သူမ၏ဆံနွယ်အရှည်ကြီးများ ဘေးသို့ပျံ့ကြဲသွား၏။
"ယွီယိက ဘာဖြစ်သွားတာလဲ?"
ယွီရှင်း သူမလက်အား ဆုပ်ကိုင်လာကာ သူမ၏အနက်ရောင်ဆံနွယ်များအား နမ်းရူံ့လိုက်သည်။
"ယွီယိကို ကိုယ်ချုပ်ထားလိုက်ပြီ။ မင်းသူ့အကြောင်းတွေးဖို့မလိုတော့ဘူး။ သူဘယ်တော့မှ ထပ်ပေါ်လာမှာ မဟုတ်လို့"
ထန်းမီ မျက်မှောင်ကြုတ်ကာ သူမဆံပင်များအား ပြန်ဆွဲယူလိုက်ပြီးနောက်-"ဘာတွေဖြစ်နေတာလဲ?"
ယွီရှင်း သူမအနားသို့တိုးကပ်လာကာ နှုတ်ခမ်းပါးများသည် အလွန်တောက်ပသော အပြုံးတစ်ခုအား ဖန်တီးလိုက်၏။
"သူမင်းကို ကိုယ့်မိဘတွေနဲ့လည်း မိတ်ဆက်ပေးပြီးပြီ။ သူမင်းအမေရဲ့ခွင့်ပြုချက်ကိုလည်း ရပြီးပြီ။ နောက်ဆုံး သူ မင်းကိုလက်ထပ်ခွင့်ပါ တောင်းပြီးပြီ။ သူအားလုံးကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လေ။ သူ့ကျေးဇူးနဲ့ ကိုယ်မင်းကို လက်ထပ်ဖို့ ဘာပြဿနာမှ မရှိတော့ဘူး။"
_____________________________________________