← Chapters

Chapter 54

Vol. 6 Ch. 54

Chapter 54

Vol. 6 Ch. 54

ယွီရှင်း မောင်းထွက်လာပြီး နောက်ဆုံးမှာတော့ ချိုမြိန်မြိန် အိပ်မက်၏ရှေ့တည့်တည့်တွင် ကားအားရပ်လိုက်၏။

ထိုအချိန်သည် နေ့ခင်း၂နာရီ ကျော်လွန်နေပြီဖြစ်တာကြောင့် ကြီးကြပ်သူယွီ ဆိုင်တံခါးတွန်းဖွင့်သံအား ကြားလျှင် သူမ သတိမမူမိဘဲ..."တောင်းပန်ပါတယ်ရှင် အခုက နားချိန်လေးဖြစ်လို့ပါ"

"ဘယ်လိုလုပ်မလဲ? ငါ နေ့လယ်စာတောင် မစားရသေးဘူး။ ဗိုက်အရမ်းဆာနေပြီ" ယွီရှင်း၏အသံသည် ကူရာကယ်ရာနေဟန်ဖြင့်ပင်။ ကြီးကြပ်သူယွီတစ်ယောက် ခေတ္တခဏ တုန်လှုပ်သွားကာ သူ့ဘက်သို့ ချက်ချင်း လှည့်ကြည့်လာတော့သည်။

"ယွီ..စီအီးအိုယွီ!" အလုပ်သမားခေါင်း၏မျက်နှာပေါ်တွင် အချိန်ခဏလေးအတွင်း အပြုံးများစုစည်းလာကာ မီနူးစာအုပ်အား အသည်းအသန် ဖွင့်ပြနေလေ၏။

"စီအီးအို စားချင်တာသာ လက်ညိုးထိုးလိုက်ပါ။ ကျွန်မချက်ချင်း မီးဖိုချောင်ကို သွားပြောပေးပါ့မယ်!"

ယွီရှင်း ပြုံးကာ-"ငါ ဒီဆိုင်က ဝန်ထမ်းတွေကို ကျွေးတဲ့နေ့လယ်စာပဲ စားမယ်"

"ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်မချက်ချင်းယူပေးပါ့မယ်။"

ကြီးကြပ်သူယွီ သူမ ရင်ဘတ်အား ဆုပ်ကိုင်ကာ ချက်ချင်းပြေးထွက်သွားခဲ့သည်။

ယွီရှင်း နှုတ်ခမ်းထောင့်အား ကော့လိုက်ကာ အပြုံးကြီးကြီးပြုံးရင်း မုန့်ဖိုဆောင်သို့ လျှောက်ဝင်သွား၏။

ထန်းမီတစ်ယောက် အောက်ကိုငုံ့နေကာ သူမလုပ်လက်စ အလုပ်ထဲတွင် အာရုံစူးစိုက်နေစဥ် ယွီရှင်း အခန်းထဲသို့ဝင်လာပြီး တံခါးဘောင်တွင် သူ၏ခေါင်းအား လက်တစ်ဖက်ဖြင့် အမှီပြုရင်း သူမအားစိုက်ကြည့်လိုက်သည်။

"အရမ်းတွေ အလုပ်ကြိုးစားနေပါ့လား? နားချိန်မှာတောင် အလုပ်လုပ်တုန်းလား?"

သူ၏ပျင်းတွဲတွဲအသံသည် ထန်းမီ၏လက်များအား ရပ်တန့်သွားစေခဲ့ကာ သူမ ခေါင်းမော့ကြည့်လိုက်တော့၏။ ယွီရှင်း နှုတ်ခမ်းထောင့်များအား ကွေးညွှတ်သည်အထိ ရယ်နေကာ ပါးချိုင့်နှစ်ဖက်သည်လည်း အထင်းသားနှင့်ပင်။

သူ၏အေးအေးလူလူဖြစ်နေပုံကြောင့် ထန်းမီ မျက်ခုံးများတွန့်ချိုးကာ ခပ်မာမာပြောလိုက်လေသည်။

"ကျွန်မတို့သာ အလုပ်မကြိုးစားရင် ရှင့်လို ဆန်ကုန်မြေလေးကို ဘယ်သူက လာထောက်ပံ့မှာလဲ!"

ယွီရှင်း ခေါင်းငုံ့ကာ သဘောတကျ ရယ်လိုက်မိတော့၏။ တစ်ချိန်တည်းမှာပဲ ကြီးကြပ်သူယွီ ဝန်ထမ်းနေ့လယ်စာနှင့်အတူ ရောက်လာကာ သူ၏စားပွဲရှေ့တွင်ချပေးလိုက်လျှင်..။

ထန်းမီ သူ့အားကြည့်ရင်း မျက်တောင်များ ပုတ်ခတ်မိသွား၏။ "ရှင် အခုထိနေ့လယ်စာ မစားရသေးဘူးလား?"

ထိုစကားအား ကြားပြီးနောက် ယွီရှင်း၏အမူအရာသည် အရမ်းကိုမှ ညိုးငယ်သွားကာ-"ဟုတ်တယ် အရမ်းအလုပ်များနေလို့ နေ့လယ်စာတောင် မစားနိုင်တော့ဘူး။ ဒါပေမဲ့လည်း တစ်ချို့သော သူတွေကတော့ ကိုယ့်ကိုအလုပ်လက်မဲ့တဲ့လေ။"

ကြီးကြပ်သူယွီမှ ချက်ချင်းပင်..."ဘယ်သူပြောတာလဲ?! သူတို့ တော်တော် သတ္တိကောင်းနေတာထင်တယ်!.စီအီးအိုယွီ ကျွန်မ သူ့ကို သင်ခန်းစာ ပေးပစ်မယ်!"

ယွီရှင်းပြုံးကာ ဇွန်းအားကောက်ယူလိုက်ပြီး ကြီးကြပ်သူယွီကို မော့ကြည့်၍..."နေ့လယ်စာအတွက် ကျေးဇူးပဲနော်"

"ရပါတယ် မလိုပါဘူး" ကြီးကြပ်သူယွီ သူ့အားအလှဆုံးအပြုံးဖြင့် ပြုံးပြကာ လှည့်မထွက်သွားဘဲ ၃စက္ကန့်လောက် ခေါင်းမာစွာဖြင့် ဇွတ်အတင်း ဆက်ကြည့်နေသေး၏။ နောက်ဆုံးမှသာ-"ဒါဆိုကျွန်မ သွားနှင့်တော့မယ်နော်။ တစ်ခုခုလိုအပ်တာရှိရင် ကျွန်မကို ချက်ချင်း လှမ်းခေါ်လိုက်ပါ"

ယွီရှင်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ကြီးကြပ်သူယွီတစ်ယောက် မထွက်ချင်ထွက်ချင်ဖြင့် ထွက်သွားလေတော့သည်။

ထန်းမီ သူ့ရှေ့ရှိ ဝန်ထမ်းနေ့လယ်စာအား လှမ်းကြည့်ကာ သနားသွား၏။ ထို့ကြောင့် သူမ ရေခဲသတ္တာထဲမှ ကိတ်တစ်ခုအား ယူထုတ်လာပြီး အတုံးသေးလေးလှီးကာ ပန်းကန်ပြားပေါ်တင်၍ သံပုရာရည်တစ်ခွက်နှင့်အတူ ယွီရှင်းထံကမ်းပေးလိုက်လေသည်။

"ရော့ ရှင့်အတွက်"

အစားထဲမှာပဲ စိတ်နှစ်ထားသည့် ယွီရှင်းတစ်ယောက် သူ့ရှေ့မှကိတ်အား မော့ကြည့်လာကာ အံ့သြသွားတော့၏။

"ကိတ်လေးက လှလိုက်တာ အသစ်ထွက်တာလား?"

ထန်းမီ ခေါင်းညိတ်ပြလိုက်ပြီး..."လျှာပေါ်ဝဲ ကျားကွက်ကိတ်လေ။ စမ်းသပ်တဲ့ အဆင့်မှာပဲရှိသေးတယ်။ အရသာကို အပြီးမသတ်ရသေးဘူး"

( T/N ဒီကိတ်နှင့် ပုံစံတူ )

ယွီရှင်းပြုံးလျက်-“စားကောင်းမဲ့ပုံပဲ!”

အဖြူရောင် သကြားခရမ်ခ်အား အလွှာတစ်ခုသဖွယ် အလှဆင်ထားပြီး ပိုးသားသကြားလုံး၏အစွန်းသည် အတုဖြစ်နိုင်သော်လည်း ကိတ်မုန့်တစ်ခုလုံး၏ အထူးခြားဆုံးအပိုင်းမှာ လှီးလိုက်ပြီးနောက် အထဲတွင် အညိုရောင်နှင့် လက်ဖက်စိမ်းရောင်တို့ဖြင့် ရောယှက်ထားသည့် ကိတ်မုန့်အပိုင်းများအား ကျားကွက်ပုံသဏ္ဍာန် ပုံဖော်ထားခြင်းပင်။

"ကော်ဖီရောင်က ကိုကိုး၊ အစိမ်းရောင်က မက်ချာအရသာလေ"

ထန်းမီပြောနေရင်းမှ ရုတ်တရက် တစ်ခုခုအား သတိရသွားဟန်..."အာ ကျွန်မမေ့သွားတာ ရှင် မက်ချာကိတ် မစားဘူးမလား?"

ယွီရှင်း ကိတ်လှီးဓါးအား ကိုင်ကာ အနည်းငယ် ပခုံးတွန့်ပြပြီးနောက် ပြုံးလိုက်တော့သည်။

"အခု အဆင်ပြေသွားပြီ။ တကယ်တော့ ကိုယ်မက်ချာအရသာကို အရမ်းကြိုက်တာလေ။"

သူ ပြောပြီးသည်နှင့် ကိတ်အား အတုံးလေးတုံးကာ ခက်ရင်းဖြင့်ခပ်ရင်း ပါးစပ်ထဲထည့်လိုက်၏။

"အင်းး ကိတ်သားလေးက အရမ်းနူးညံ့ စိုစွတ်ပြီး စားရတာ ခြောက်ခြောက်ကြီး ဖြစ်မနေဘူး။ မက်ချာအရသာက လန်းဆန်းစေပြီး သကြားခရမ်ခ်နဲ့တွဲစပ်လိုက်တော့ မချိုမခါးလေးဖြစ်သွားတယ်။ ပြစ်နှစ်နေတဲ့ ကိုကိုးရဲ့ အရသာကလည်း လျှာဖျားလေးမှာ စွဲပြီးကျန်နေခဲ့တာပဲ"

ယွီရှင်း ကိတ်အား မျိုချလိုက်ပြီးနောက် နောက်ဆုံးအကဲဖြတ်မှုကို ပေးလာ၏။

"ဒီကိတ်က စျေးကွက်ထဲဝင်ဖို့ အဆင့်သင့် ဖြစ်နေပြီ"

ထန်းမီ မျက်တောင်များ ပုတ်ခတ်လိုက်ကာ ခုံအားဆွဲယူရင်း သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်လေသည်။

"ဘယ်လိုဖြစ်တာလဲ? ရှင်ကဘာလို့ ရုတ်တရက်ကြီး မက်ချာ စားရတာကြိုက်သွားတာလဲ?"

ယွီရှင်း ပခုံးတွန့်ပြလိုက်ပြီး..."အစားအသောက်ကို ဘာလို့ မကြိုက်ရတာလဲ။ အဲတာက ယွီယိ အရမ်း ဂျေးများလွန်းလို့"

ထန်းမီ နှာခေါင်းရူံ့လိုက်တော့သည်။

'ရှင်လည်းအရင်က မက်ချာကိတ်မစားတာ အသိသာကြီးပါ။ အရူးလာမလုပ်နဲ့ အိုခေ?'

သို့သော် သူမ ပြောပြချင်တာကြောင့် ထန်းမီလည်း ထပ်ပြီး ဘာမှမမေးတော့ပေ။ ဒါပေသည့် ယွီရှင်း သူမအမေနှင့် သွားတွေ့သည့်ကိစ္စအပေါ် သူမ အခုထိ ရတက်မအေးဖြစ်နေသေး၏။

"ဒါနဲ့ ကျွန်မအမေ ရှင်နဲ့ပတ်သတ်ပြီး ဘာမှသတိမထားမိဘူး မဟုတ်လား?"

ယွီရှင်း ခဏမျှ စဥ်းစားလိုက်ကာ-"သူ ပြောတာတော့ ကိုယ်က အရင်ကထက် နည်းနည်း ထူးခြားနေတယ်တဲ့"

ထန်းမီ ရုတ်တရက် ထိပ်လန့်သွားရတော့သည်။

"ဒါဆို ရှင်သူ့ကို ဘယ်လိုဖြေလိုက်သေးလဲ?"

'သူ ရိုးသားကြိုးစား ဖိုးသခွားလုပ်ပြီး သူ့ရဲ့စိတ်နှစ်ခွအကြောင်း ငါ့ကို ပြောခဲ့သလို ပြောလိုက်သေးလား?'

ယွီရှင်း အမှန်အတိုင်းပင် အဖြေပေးလိုက်၏။

"မင်းနဲ့ လက်ထပ်ရတော့မှာမို့ ထူးခြားနေတာလို့ ပြောလိုက်တယ်"

ထန်းမီ : “…”

ထိုမှသာ သူမစိတ်အေးသွားကာ စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။

"ရှင် စားဖိုမှူးအသစ် ရှာတွေ့ပြီလား? အချိုပွဲဆိုင်ရဲ့အပြင်အဆင်က ပြီးလုနီးပါးဖြစ်နေပြီ အဲတာပြီးရင် ကျွန်မစားပွဲတွေ စက်ပစ္စည်းတွေကို ပြောင်းရဦးမယ် အဲ့ပရိဘောဂတွေကိုတော့ ကျွန်မကိုယ်တိုင် ရွေးမှဖြစ်မှာ"

ယွီရှင်း ကိတ်အားကုန်သည်အထိ စားလိုက်ကာ ထန်းမီအား..."ရှာပြီးပြီ ဝန်ထမ်းဌာနကပြောတာတော့ စားဖိုမှူးအသစ်က နောက်အပတ်ထဲ ဝင်လောက်မယ်တဲ့"

"အိုး" ထန်းမီ ထိုအရာအားကြားကာ အနည်းငယ် တုံ့ဆိုင်းသွားမိလျှင်..။

ယွီရှင်း လက်မြှောက်ကာ သူမခေါင်းလေးအား ပွတ်သပ်ပေးလိုက်တော့သည်။

***************

ယွီရှင်း စားသောက်ပြီးသည်နှင့် အကြာကြီး ဆက်မနေတော့ဘဲ ကုမ္ပဏီသို့ပြန်လာခဲ့၏။

မမှတ်ထင်ထားစွာ သတင်းထောက်အများအပြား အောက်ထပ်တွင် စုပြုံနေကာ လုံခြုံရေးများသည်ပင် မတားဆီးနိုင်တော့ချေ။

ယွီယိသည် ပုံမှန်ဆိုလျှင် မီဒီယာများနှင့် တွေ့ဆုံမေးမြန်းခြင်း မရှိသလောက် ရှားပါးသည့်အတွက် သတင်းထောက်များသည် အချိန်နှင့်အမျှ အကွက်များအား ကြိုမြင်လာခဲ့ကာ ရှားရှားပါးပါး အားကျိုးမာန်တက် ကြိုးစားနေလေတော့သည်။ သူတို့ ဒီလိုတက်ကြွနေကြခြင်းမှာ သူ၏မင်္ဂလာကိစ္စကြောင့် ဖြစ်လိမ့်မည်။

ယွီရှင်း ခဏလောက် တွေးတောလိုက်ပြီးနောက် ကားလေးအား ကားပါကင်တွင် တည်ငြိမ်စွာ ထိုးချလိုက်၏။

သူရုံးခန်းတံခါးဝသို့ရောက်သော် လော့ဟောက်အား တွေ့လိုက်ရတာကြောင့် ပြုံးပြလိုက်ပြီးနောက် ဘာတစ်ခွန်းမှမပြောဘဲ အခန်းထဲသို့ ဝင်သွားခဲ့လေသည်။ လော့ဟောက် တံခါးပြန်ပိတ်မသွားခင် ချောမွေ့စွာပင် လက်ထိုးခံလိုက်ပြီး သူ့နောက်လိုက်ဝင်လာခဲ့၏။

"စီအီးအိုယွီ ဘယ်တွေ သွားနေလို့ အရမ်းကြာနေတာလဲ?"

သူစိတ်ပျက်လက်ပျက်ဖြင့် ဘောစ့်ကုလားထိုင်တွင် ထိုင်ချလိုက်ကာ လော့ဟောက်အား ပြုံးကြည့်လိုက်၏။

"ယွီယိက မင်းကိုရော သူဘယ်သွားတယ်။ ဘာလုပ်တယ်ဆိုတာ တင်ပြသေးတာလား?"

လော့ဟောက် : "ဘယ်ဟုတ်မလဲ။ သူက သူ့လုပ်ရပ်အတွက် တာဝန်သိတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်ပါ။"

ယွီရှင်း မျက်ခုံးများ တွန့်ချိုးသွားကာ-"ဒါဆိုငါ့ကိုကျ လူကြီးလူကောင်းလို့ မထင်ဘူးပေါ့?"

လော့ဟောက် : “…”

'မင်းကတော့ မင်းလုပ်ရပ်အပေါ် တာဝန် မယူတတ်ဘူးထင်တယ်'

ဘာပဲဖြစ်ဖြစ် သူတော့ ဒုက္ခလှလှ တွေ့နေလေပြီ။

ယွီရှင်း ထိုမေးခွန်းအား ဂရုမစိုက်တော့ဘဲ-"ဒီကုမ္ပဏီမှာ ဘာလုပ်စရာရှိသေးလဲ?"

လော့ဟောက် : "ကျွန်တော် အတွင်းရေးမှူးနဲ့အတူ စားဖိုမှူဝင်နီရဲ့ လေယာဉ်နံပါတ်နဲ့ ဆိုက်ရောက်မဲ့အချိန်ကို အတည်ပြုပြီးပါပြီ။ မနက်ဖြန် သူ့ကို သွားခေါ်ဖို့အတွက် စီစဉ်ပေးပါ့မယ်"

"အင်း" ယွီရှင်း ခေါင်းညိတ်ရုံမျှသာ ညိမ့်ပြကာ အနည်းငယ် စိတ်ရူပ်နေသလိုပင်။

လော့ဟောက် သူ့အားအကဲခတ်လိုက်ပြီး ရင်တမမဖြင့် သတိပေးလိုက်၏။

"ဘောစ့်ပဲ။ သဘောတူထားတာဆိုတော့ ဘာပြဿနာမှမလုပ်မိဖို့ မျှော်လင့်ပါတယ်။ နောက်ပြီး ဒီကိစ္စက ရဖို့ မလွယ်ဘူးလေ"

“ငါသိပါတယ်ဟ!” ယွီရှင်း၏စိတ်မရှည်မှုများ ပေါက်ကွဲထွက်လာတော့သည်။

လော့ဟောက် ညည်းတွားလိုက်ကာ-"ဖုရှင်းက အချိုပွဲမုန့်အတွက် ဝေပိုထောင်ပြီးသွားပြီ။ ကျွန်တော် သတင်းဖြန့်ချိရေးဌာနက အသိတစ်ယောက်ကို ပြန်ရှယ်ပေးဖို့ ပြောလိုက်တယ်"

'အခုမှပဲ စိတ်ဝင်စားစရာ ကောင်းတာလေး ကြားရတော့တယ်'

"တော်တယ်။ သူတို့တင်သမျှပိုစ့်အကုန် ငါတို့လည်း ပြန်ရှယ်မယ်။ အော် ဟုတ်သား ဆိုင်နာမည်က ဘာတဲ့လဲ?'

“[အချစ်ချိုချို]”

ယွီရှင်း ယွီယိ၏ရုံးခန်းထဲမှ အဆင့်မြင့်ကွန်ပြူတာအား သုံးကာ [အချစ်ချိုချို]ဆိုတဲ့ အချိုပွဲဆိုင်လေးအား အာရုံစိုက်နေတော့သည်။

ထန်းမီသည်လည်း အိမ်ပြန်ရောက်ချိန်တွင် ဖုရှင်းထောင်ထားသည့် ဝေပိုအား တွေ့လိုက်ရ၏။ ဝေပိုအကောင့်တွင် ဖော်လိုဝါအများကြီး ရထားကာ ထိပ်ဆုံးတမှာလည်း အချိုပွဲဆိုင်အကြောင်းမဟုတ်ဘဲ ယွီကျီ တရားဝင်ဝေပိုမှ ပြန်တင်ထားသည့်ပိုစ့်ကြီး ဖြစ်နေလေသည်။

ထန်းမီ တစ်ချက်ကြည့်လိုက်ကာ သူမခေါင်းထဲတွင် အတွေးများဖြင့် ပြွတ်သိပ်နေလေတော့သည်။ သူမ ချက်ချင်းပင် အိတ်ထဲရှိဖုန်းအား ကောက်ထုတ်လိုက်ပြီး ယွီယိအား လှမ်းဆက်လိုက်၏။

ယွီရှင်း ဖုန်းစခရင်ပေါ်တွင် 'အချစ်လေး'ဟူသည့်နာမည် ပေါ်ပေါ်လာချင်းပင် တန်း၍ ကိုင်လိုက်ပြီးနောက်-"ဆွီတီလေး ကိုယ့်ကိုလွမ်းနေပြီလား? ကိုယ့်ကို အဲလောက်တောင် လွမ်းနေရင် ကိုယ်နဲ့ပဲအတူတူ ပြောင်းနေလိုက်ပါလား နောက်လဆိုရင်လည်း လက်ထပ်တော့မှာပဲကို"

ထန်းမီ အသက်ပြင်းပြင်း ရူသွင်းလိုက်၍..."ရှင် ဘာတွေလုပ်နေတာလဲ!! စာအိတ်နီ တစ်သန်းနဲ့ မင်္ဂလာသကြားလုံးတောင် ဝေရုံမကလို့။ တစ်နိုင်ငံက စားသောက်ဆိုင်တွေကိုပါ ၅၀%လျော့ပေးလိုက်သေးတယ်! ရှင့်ပိုက်ဆံမဟုတ်တော့ မီးရိူ့လိုက်ရင်တောင် မနှမြောဘူးမဟုတ်လားဟမ်?"

'ယွီယိနိုးလာရင် ဒီလို သည်းထိပ်ရင်ဖို သတင်းကြီးကို သူ ဘယ်လိုပြောပြရမလဲ!"

ယွီရှင်းကတော့ ခပ်တည်တည်ပင်..."ကိုယ့်ပိုက်ဆံကိုယ်သုံးတာ ဘာမှားလို့လဲ ပြီးတော့ ဒီခန္ဓာကိုယ်ပိုင်ရှင်ကလည်း ကိုယ်ပဲလေ"

ထန်းမီ : “…”

'ဒီယောကျာ်းက တကယ် ပြဿနာအိုးပဲ'

ထန်းမီ ဖုန်းချပစ်လိုက်ပြီးနောက် ဖုရှင်း လတ်လတ်ဆတ်ဆတ် ညှစ်ယူသည့် သံပုရာရည်တစ်ခွက်ဖြင့် ရောက်ချလာသည်။

"ဘာတွေ ဒေါကန်နေတာလဲ? လူကြီးမင်းယွီက သူ နင့်ကိုဘယ်လောက်ချစ်ကြောင်း ပြချင်လို့ နေမှာပေါ့!"

ထန်းမီ : “…”

"နောက်ပြီး ဘာလို့ သူ့ပိုက်ဆံ မဟုတ်ဘူးလို့ ပြောတာလဲ?"

ထန်းမီ : “…”

သူမ မျက်နှာအား ပွတ်သပ်လိုက်ကာ ပြုံးရင်း စကားလမ်းကြောင်းလွှဲလိုက်တော့သည်။

"ဟမ် ဘာပြောလိုက်တာ? လိုဂိုဒီဇိုင်း ပြီးပြီ?"

"ဟုတ်တယ် ဟုတ်တယ်" ဖုရှင်း ကွန်ပြူတာအား အားတက်သရော နှိပ်ကာ စခရင်အား ထန်းမီ့ဘက်တွန်းဘက်လိုက်၏။

"ကြည့် ဒီဟာပဲ! ဒီဇိုင်းဆရာက ဒီနေ့ပဲ။ ငါ့ကိုပို့လာတာ နင်ပြောတဲ့စတိုင်လ်အတိုင်းပဲ။ ကောင်မလေးကို ကိုယ်စားပြုထားတဲ့ စတော်ဘယ်ရီပုံလေးက ချစ်စရာမကောင်းဘူးလား? နောက်ပြီး ဇာပွင့်လေးတွေပါ ပါသေးတယ်!"

ထန်းမီ ခဏလောက် အသေးစိတ်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

"အရမ်းလှတာပဲ။ ဒါက ဆိုင်ရဲ့အမှတ်တံဆိပ် လိုဂို မဟုတ်လား?"

"ဟုတ်တယ်။ ဆိုင်းဘုတ်အတွက်က ဆေးအဖြူရောင်ကြီးပဲ သုတ်ရသေးတယ်။ ဒါက အဖွဲ့ဝင်ကဒ်အတွက် လိုဂို" ဖုရှင်းပြောပြီးနောက် ထန်းမီ့အား မော့ကြည့်ကာ-"နင်ဟိုက ဘယ်တော့ထွက်မှာလဲ? ငါတို့ ဝယ်စရာတွေ အများကြီး ကျန်သေးတယ်"

“ယွီယိပြောတာတော့ နောက်အပတ်တဲ့”

ဖုရှင်း အချိန်အား တွက်ချက်လိုက်ပြီးနောက်-"အိုခေ။ ဒါဆို ငါအဖွဲ့ဝင်စနစ်ကို ဒီအပတ် အပြီးသတ်လိုက်မယ်"

ထန်းမီ မျက်တောင်များ ခတ်လိုက်မိ၏။

"ယွီကျီ စားသောက်ဆိုင်တွေရဲ့ အဖွဲ့ဝင်စနစ်ကိုပဲ။ ဒီတိုင်းကိုးကားလိုက်တာ မဟုတ်ဘူး"

ဖုရှင်း သူမအား အံ့အားသင့်စွာ ကြည့်လာတော့သည်။

"ငါ သူတို့အဖွဲ့ဝင်စနစ်နဲ့အညီ လုပ်ထားတာကို ဘယ်လိုသိတာလဲ?"

ထန်းမီ : “…”

ထို့နောက် နှစ်ယောက်သား ပရိဘောဂများအား ခဏကြည့်ကာ လက်ခြေဆေး၍ အိပ်ပျော်သွားခဲ့ကြ၏။ ထန်းမီ မျက်လုံးဖွင့်ဖွင့်ချင်းပင် ယွီယိအား ဖုန်းဆက်လိုက်ပြန်သည်။

ယွီရှင်း ဖုန်းထဲမှတဆင့် ပြုံးနေသေးကာ-"ကိုယ့်ကို သတိရနေပြန်ပြီလား အချစ်လေး?"

ထန်းမီ ပွစိပွစိ ရေရွတ်လိုက်တော့၏။

"ကျွန်မ ခဏစစ်ဆေးကြည့်တာ ရှင်အိပ်ပျော်သွားပြီးရင် ယွီယိများ ပြန်ပေါ်လာမလား သိချင်လို့.."

ယွီရှင်း သူမအား စိတ်မဆိုးဘဲ သတိပေးရုံသာ ပေးလိုက်သည်။

"ကိုယ်ပြောထားတာ မမှတ်မိဘူးလား အချစ်? မင်း ယွီယိကို ထည့်ပြောရင် အပြစ်ပေးမယ်ဆိုတာ"

ထန်းမီ ဖုန်းထဲမှာဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ ဂုဏ်ယူစွာ ပြုံးရင်း လှမ်းနောက်လိုက်တော့သည်။

"ဒါဆို လာကိုက်လေ ဟားဟား ဟားဟား!"

ယွီရှင်း : “…”

သူ ခေါင်းစောင်းကာ ဖုန်းအားသူ့ပခုံးဖြင့် ညှပ်ထားလိုက်ပြီး မှန်ရှေ့တွင် ရှပ်အင်္ကျီအဖြူအား ဝတ်လိုက်၏။

"ကိုယ် စားဖိုးမှူးဝင်နီနဲ့ ကိစ္စပြီးရင်း မင်းကို လာကိုက်မယ်"

_____________________________________________

[ T/N : ယွီရှင်းဝေမယ့် မင်္ဂလာသကြားလုံးဆိုတာ ဒါမျိုးကြီးပါရှင်😌 ]

All Chapters