← Chapters

Chapter 56

Vol. 6 Ch. 56

Chapter 56

Vol. 6 Ch. 56

ဒီနေ့သည် ချိုမြိန်မြိန် အိပ်မက်၏ တရားဝင်နားရက်နေ့ဖြစ်တာကြောင့် ထန်းမီနှင့်ဖုရှင်းတို့ မီးဖိုချောင်သုံးပစ္စည်းများအား ရှာဝယ်ရန် အပြင်သို့ရှောပင်း ထွက်လာခဲ့ကြသည်။ ထို့နောက် ဖုရှင်း သူမအား ယွီရှင်းနှင့်ဝင်နီတို့၏ ကောလာဟလအကြောင်း အံ့အားတကြီးဖြင့် ပြောလာခဲ့၏။

သူတို့ အတင်းတုပ်နေပြီး ခဏအကြာမှာပဲ ယွီရှင်း ဖုန်းဆက်လာခဲ့သည်။ ထန်းမီ ဖုန်းကိုင်ပြီး ပြန်လာချိန်တွင် မျက်နှာသိပ်မကောင်းသည်ကို ဖုရှင်းတွေ့လိုက်ရတာကြောင့် သူမဘာသာပဲ ဝယ်လာသည့် ပရိဘောဂများအား အချိုပွဲဆိုင်ထဲသို့ ရွေ့နေလိုက်တော့၏။ ထို့နောက် ထန်းမီအိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့ကာ ရောက်ရောက်ချင်း ကွန်ပြူတာဖွင့်၍ ဝင်နီ၏အရူပ်များအား ရှာကြည့်လိုက်လေသည်။

သို့သော် သူမဘာတစ်ခု ရှာမတွေ့တော့ပေ။ ထို့ကြောင့် သူမ ဝေပိုအား ရှင်းကာ ပြန်ဝင်လိုက်ချိန်တွင် ယွီစားသောက်ဆိုင်တွေကို ဘယ်တော့မှမသွားတော့ဘူးဟု တင်ထားသည့် မော့ထျန်း၏ပိုစ့်အား တွေ့လိုက်ရ၏။

ထန်းမီ ရင်ထဲတွင် အမည်မဖော်နိုင်ဖွယ် ခံစားချက်အား ခံစားလိုက်ရကာ ခဏမျှ တုံ့ဆိုင်းသွားတော့သည်။

'ယွီစားသောက်ဆိုင်တွေ အကုန်လုံးက အရသာကောင်းတယ် ဆိုပြီး နာမည်ကြီးကြတာလေ၊ မော့ထျန်းရဲ့ပါးစပ်က ယွီယိ ထက်ပိုပြီးတော့ ဇီဇာမကြောင်လောက်ပါဘူး? အကယ်၍ အရသာကြောင့်မဟုတ်ရင် ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်များလား?'

ထန်းမီ မျက်မှောင်ကြုတ်ကာ တွေးလိုက်မိတော့သည်။

'မဖြစ်နိုင်ဘူး။ ယွီရှင်းက ဘယ်လိုလုပ် မော့ထျန်းကို စော်ကားဖို့ အခွင့်အရေးရှိမှာလဲ!'

သို့သော် ဘုရင်ကြီးမော့သည် လွှမ်းမိုးနိုင်စွမ်းကြီးသူပင်။ သူထိုပိုစ့်အား တင်လိုက်ပြီးသည်နှင့် သူ၏ပရိသတ်များသည်လည်း တညီတညွှတ်တည်း ယွီလုပ်ငန်းစုအား မျက်စိစုံမှိတ်၍ ဘွိုင်းကော့ကြတာကြောင့် စားသောက်ဆိုင်၏ငွေအဝင်အထွက် ကျဆင်းသွားသည်မှာ အံ့သြစရာတောင် မလိုချေ။

သူမ ယွီရှင်းအား အခြေအနေများ ပြောပြရန် ဖုန်းဆက်ခါနီးလေးမှာပဲ အိမ်တံခါးခေါက်သံ ကြားလိုက်ရတော့သည်။

သူမလျှောက်သွားကာ ဖွင့်ပေးလိုက်လျှင်..။

ယွီရှင်း ခပ်တည်တည်ပင် လျှောက်ဝင်လာခဲ့ပြီး သူမအား အနည်းငယ် ပြုံးပြရင်း..."အချစ် ကိုယ်တကယ် အပြစ်ကင်းပါတယ်"

ထန်းမီ နှုတ်ခမ်းအား မဲ့ချလိုက်ကာ-"အဲကိစ္စ ထားလိုက်တော့ အခု ကျွန်မဝေပိုမှာ မော့ထျန်း ယွီစားသောက်ဆိုင်ကို နောက်ဘယ်တော့မှ မသွားတော့ဘူးလို့ တင်ထားတာတွေ့တယ် ဘာဖြစ်ကြတာလဲ?"

ယွီရှင်း ခဏလောက် ဆွံ့အသွားရတော့၏။ ထိုဘုရင်ကြီးဆိုသူ၏သတင်းသည် ထိုမျှထိမြန်ဆန်စွာ ပျံ့နှံ့သွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ထန်းမီ သူ့အမူအရာအား သေချာစေ့စေ့ ကြည့်လိုက်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိတော့သည်။

"ရှင်တကယ် သူ့ကိုမဟုတ်တာ တစ်ခုခုလုပ်ထားတာလား?"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ယွီရှင်း အရူးကွက်စနင်းလေပြီ။ "အစားအသောက်တွေက သူ့ပါးစပ်နဲ့ မကိုက်တာပဲ ဖြစ်လောက်မယ် ဟားဟား"

ထန်းမီ သူ့အား တရားခံစစ်သလို စိုက်ကြည့်နေရင်း..."စားသောက်ဆိုင်တိုင်းက အရသာက သူ့ပါးစပ်နဲ့မကိုက်ဘူးဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေးတယ်! ပြီးတော့ သူပြောသွားတာက ယွီလုပ်ငန်းစုကပိုင်တဲ့ စားသောက်ဆိုင်တွေကို လုံးဝမသွားဘူးလို့ပြောသွားတာ"

ယွီရှင်း : "သူ အဲလိုသာလုပ်ရင် အေမြို့မှာ သူ စားဖို့ဆိုင်တောင် ကျန်တော့မှာမဟုတ်ဘူး"

ထန်းမီ : “…”

ထန်းမီ သူ့အားစိုက်ကြည့်နေသေးသည်ကို မြင်တော့ ယွီရှင်း ချော့မော့ဟန် ပြုံးပြကာ-"စိတ်လျော့ပါကွာ။ လူထုဆက်ဆံရေးဌာနက သူတို့အလုပ် သူတို့လုပ်ကြလိမ့်မယ်။ တစ်ခုခုနားလည်မှု လွဲတာနေမှာပါ"

ထန်းမီ အခုတော့ယွီရှင်း မော့ထျန်းအား တစ်ခုခုလုပ်ခဲ့သည်ဆိုတာ သေချာသိလိုက်လေပြီ။ သို့သော် သူ မော့ထျန်းကို ဘယ်လိုစိတ်တိုအောင် လုပ်ခဲ့တာလည်းဆိုတာ အဖြေရှာမရသေးချေ။

'သူဘယ်မှာ မော့ထျန်းကို စော်ကားခဲ့တာလဲ? စတူဒီယိုမှာလား အသံသွင်း စတူဒီယိုမှာလား?'

ယွီရှင်း ခွေးပေါက်လေးသဖွယ် သူမအနားအား လျှောက်လာကာ ပွေ့ဖက်လာတော့သည်။ မသိလျှင် သူ၏အနောက်တွင်လည်း အမြီးများဝှေ့ယမ်းနေသလိုပင်။

"အချစ်လေး မကောင်းတာတွေ တွေးမနေနဲ့တော့။ ကိုယ်မင်းကို ဘယ်နေရာကိုက်မလဲဆိုတာပဲ တွေးနေ"

ထန်းမီ : “…”

'ဒီလို အချိန်မှာတောင် သူ ဒါကို သတိရနိုင်သေးတယ်!'

သူမ နှာမှုတ်ကာ ယွီရှင်းအား အဝေးသို့ တွန့်ထုတ်လိုက်တော့၏။

"ရှင့်ဝင်နီကိုပဲ သွားကိုက်! ရှင်သူ့ကိုပြင်သစ်အချိုပွဲဆိုင်အတွက် တာဝန်ပေးလိမ့်မယ်လို့ ကျွန်မမထင်ထားခဲ့ဘူး"

ယွီရှင်း မချိုမချဥ် ပြုံးလျက်-"သူ့ကို ယွီယိခေါ်တာလေ"

"... ယွီယိမှာတော့ သူ့အကြောင်းပြချက်ရှိမှာပေါ့!"

ယွီရှင်း 'ဟီးဟီး'ဆိုသည့်စကားလုံးဖြင့်သာ ပြန်တုံ့ပြန်လာခဲ့၏။

စကားဆုံးပြီးနောက် ထန်းမီ ထပ်၍မျက်ခုံးများ တွန့်ချိုးလာပြီး..."ဝင်နီ့မှာ မကောင်းတဲ့ စရိုက်ရှိပေမယ့် ချက်ပြုတ်တာမှာတော့ ကျွမ်းကျင်ပါတယ် သူဒီတစ်ခေါက်ကို ဒီကိုလာဖို့လက်ခံတာလည်း ပြင်သစ် လူတစ်ယောက်ယောက်ကို စော်ကားမိလို့ ခဏလာရှောင်နေတာပဲဖြစ်မယ်။ သူသေချာပေါက် ပြန်သွားမှာပဲ။"

တကယ်တော့ အချိုပွဲဆိုင်၏ ကန့်သတ်ချက်များသည် အတော်လေးကြီးမားပြီး ချိုမြိန်မြိန် အိပ်မက်သည်လည်း နာမည်ကြီးသည်ပေမယ့် ပြင်သစ်ကြယ်ငါးပွင့် စားသောက်ဆိုင်မှ စားဖိုမှူးရာထူးလောက်တော့ မကောင်းနိုင်ပါ။

ယွီရှင်း အပြုံးကြီးကြီး ပြုံးလိုက်ကာ-"အဲတာကို ယွီယိလည်း ကြိုတွေးထားပြီးသားပါ။ စာချုပ်မှာ ဝင်နီ့နောက်က အလုပ်သင်တစ်ယောက်ပါ။ လိုက်ရမယ်လို့ထည့်ထားတယ် အဲအလုပ်သင်က သူ့ဆီကနေပညာတွေယူပြီးတော့ အလုပ်သင် အလုပ်စဝင်နိုင်တာနဲ့ ဝင်နီလည်းထွက်သွားမှာ"

သူ ပြောမှသာ ထန်းမီ စိတ်သက်သာရာ ရသွားတော့သည်။ အလုပ်သင်လို့သာ အမည်တပ်ထားသော်လည်း ယွီယိရွေးထားတဲ့သူဆိုတော့ သေချာပေါက် အရည်အချင်းရှိမှာပဲ။

ယွီရှင်း သူမမေးလေးအား ကိုင်ကာ အတော်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် ကျီစယ်လိုက်လေ၏။

"သူဌေးမကြီးက ကိုယ်တို့ ကုမ္ပဏီအတွက် အတော်လေး စိတ်ပူနေပါ့လား?"

ထန်းမီ သူ့အားမျက်စောင်းထိုးကာ-"သူဌေးမလို့ ခေါ်တာမဟုတ်ဘူး။ စီအီးအိုကတော်လို့ခေါ်တာ!"

ယွီရှင်း အသံထွက်သည်အထိ ကျယ်လောက်စွာ ရယ်လိုက်ကာ သူမအား ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့သည်။

"ဟုတ်ပါပြီဗျာ။ စီအီးအိုကတော်လေး"

ထန်းမီ ရုတ်တရက် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားရ၏။ အထူးသဖြင့် ယွီရှင်း၏မျက်တောင်လေးများ သူမပါးပြင်အား လာပုတ်ခတ်နေစဥ်ပင်..။

ယွီရှင်း ညစ်ကျယ်ကျယ် ပြုံးလိုက်ကာ ပါးစပ်အားဟ၍ ထန်းမီ့လည်ပင်းအား အလစ်ကိုက်ချလိုက်လျှင် အိမ်တံခါးသည် အသံမပေးဘဲ ပွင့်လာခဲ့သည်။

ထန်းမီနှင့် ယွီရှင်းတို့ နှစ်ယောက်သား ကြက်သေသေသွားရ၏။

ယိုသူမရှက် မြင်သူရှက်ဆိုသည့်အတိုင်း ရိုးသားသည့် ဖုရှင်းလေးခင်များ ရှော့ရသွားကာ မျက်လုံးကြီးမှိတ်ရင်း အော်လိုက်လေတော့သည်။

"တောင်းပန်ပါတယ်။ ငါဘာမှမမြင်လိုက်ဘူး! ဒါပေမဲ့ နင်တို့ဘာလို့ အိပ်ခန်းထဲ မသွားတာလဲ!"

သူမ အော်ဟစ်ရင်း ပြေးထွက်သွားကာ 'ဘုန်း'ဆိုသည့် တံခါးပိတ်သံပါ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။

ထန်းမီ : “…”

'သူ အနာဂတ်မှာ ဖုရှင်းကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ!"

ယွီရှင်းကတော့ ချက်ချင်းပင် အကြံပြုလိုက်လေသည်။

"ကိုယ်နဲ့ပြောင်းနေလိုက်တာ ပိုကောင်းမယ်ထင်တယ်"

"စိတ်ကူးတောင်မယဥ်နဲ့!" ထန်းမီ ယွီရှင်းအား အဝေးသို့တွန်းလိုက်၏။ အကယ်၍ သူမသာ အိမ်ပြောင်းလျှင် ဖုရှင်းတစ်ယောက်တည်း အိမ်လခများနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် သူမကို တစ်လပဲဖြစ်ဖြစ် ကူညီပြီး ခွဲရှင်းပေးသွားချင်သေး၏။

သူမ ယွီရှင်းအား လှမ်းကြည့်လိုက်ကာ-"ရှင်သွားနှင့်တော့။ ကုမ္ပဏီမှာရှင်လုပ်စရာကိစ္စတွေ ရှိရင်ရှိမှာပေါ့။ ဟိုကိစ္စကိုတော့ ကျွန်မအမေ့ကို ရှင်းပြလိုက်မယ် သူလည်း အလိမ်အညာ မီဒီယာတွေကို ယုံမှာ မဟုတ်လောက်ဘူး"

ယွီရှင်း အနည်းငယ် နောင်တရမိသွားသော်လည်း သူဒီနေရာမှာတင်ရပ်ခဲ့၏။

"ကိုယ်သိပြီ။ နောက်မှပဲ မင်းကိုလာတွေ့တော့မယ်။"

သူပြောပြီးသည်နှင့် ထန်းမီအား နှုတ်ဆက်အနမ်းပေးကာ အခန်းပြင်သို့ ထွက်လာလျှင် ကော်ရစ်တာတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်နေသော ဖုရှင်းအား တွေ့လိုက်ရ၏။ သူ ထွက်လာသည်ကိုမြင်တော့ ဖုရှင်း မတ်မတ်ရပ်လိုက်ကာ-"ယွီယိက အရမ်းကောင်းတာပဲ!"

ယွီရှင်း ခေါင်းညိတ်ကာ သူမအား ပြုံးပြလိုက်ပြီးနောက် ဖုရှင်းတစ်ယောက် အရမ်း အားယားနေတာကြောင့် လော့ဟောက် သူမ့ကို တစ်ခုခုခိုင်းရန် သူပြောပေးသင့်သည်ဟု တွေးလိုက်မိတော့သည်။

ဖုရှင်း ယွီရှင်း၏အပြုံးကြောင့် ကြက်သီးများ ထသွားရတော့သည်။

'တွက်ချက်ခံနေရသလို ခံစားချက်ကြီး... ငါအတွေးလွန်နေတာဖြစ်မယ်!'

သူမအခန်းထဲသို့ ပြန်ဝင်လာကာ ဧည့်ခန်းထဲရှိ ထန်းမီ့အား နှာမှုတ်ပြရင်း ... "ငါရှက်နေတာမဟုတ်ဘူး!"

ထန်းမီ : “…”

ရက်အနည်းငယ်ကြာပြီးနောက် စားသောက်ဆိုင်မန်နေဂျာမှ ထန်းမီအား မုန့်စားဖိုမှူးအသစ် ရောက်လာပြီ ဖြစ်ကြောင်းနှင့် နုတ်ထွက်ဖို့ကိစ္စကို သူမ ကိုင်တွယ်နိုင်ကြောင်း အသိပေးလာခဲ့၏။ သို့သော် ထန်းမီ သူမ့ပစ္စည်းများအား သိမ်းဆည်းဖို့အတွက် တွန့်ဆုတ်နေဆဲပင်။

သူမ မထွက်သွားခင် စားသောက်ဆိုင်ရှိ လုပ်ဖော်ကိုင်ဖက် တစ်ဦးချင်းစီအား ဖုရှင်းဆီမှ မနေ့ကမှ ရထားသည့် 'အချစ်ချိုချို'၏ အဖွဲ့ဝင်ကဒ်များကို ဝေပေးခဲ့သည်။

ကြီးကြပ်သူယွီ လက်ထဲရှိ အဖွဲ့ဝင်ကဒ်အား ငုံ့ကြည့်ကာ မေးခွန်းထုတ်လိုက်၏။

"ဒါနဲ့ဆို ဘယ်လောက် လျော့စျေးရလဲ?"

ထန်းမီ : "ရှင်တို့အားလုံးဟာက ပရီမီယံကဒ်တွေ ၃၀%ထိ လျော့စျေးခံစားခွင့်ရှိတယ် ရိုးရိုးကဒ်ဆိုရင်တော့ ၅%ပေါ့ အမှတ်တွေကိုကျ စားတဲ့နေရာမှာဖြစ်ဖြစ် ကဒ်နဲ့ လက်ဆောင်တွေကို အဆင့်မြှင့်တာဖြစ်ဖြစ် ကြိုက်တဲ့နေရာမှာသုံးလို့ရတယ်!"

ကြီးကြပ်သူယွီ သတိလက်လွတ် မျက်ခုံးများပင့်လိုက်မိပြီးနောက်-"နင်အဲလောက် စီးပွားရေးအမြင် ရှိလိမ့်မယ်လို့ မထင်ထားဘူး"

ထန်းမီ ပြုံးလိုက်ကာ-"အကုန်လုံး ကျွန်မသူငယ်ချင်း လုပ်ပေးထားတာလေ။ ရှင်သေချာစုထား သူပြောတာတော့ ဒီအဖွဲ့ဝင်ကဒ်က ဆိုင်ဖွင့်ပြီး ပထမလမှာပဲ အကျုံးဝင်တာတဲ့ နောက်ပိုင်း အများသုံးသလို ပြန်ဖြစ်သွားမှာတဲ့။"

ကြီးကြပ်သူယွီ မျက်တောင်များ ခတ်လိုက်မိတော့သည်။

"နင့်သူငယ်ချင်း စီးပွားရေး ဘယ်လိုလုပ်ရမလဲသိတယ်?"

"သူ အရင်က ကုမ္ပဏီထောင်ဖူးတယ်လေ" ဒေဝါလီခံသွားပေမယ့်လည်း၊ "အချိုပွဲဆိုင်က အမျိုးသားနေ့မှာဖွင့်မှာ အချိန်ရှိရင် လာစားကြနော်"

“အိုခေ ကောင်းသားပဲ”

စားသောက်ဆိုင်အတွင်းရှိ လေထုသည် အနည်းငယ် ဝမ်းနည်းဖွယ်ကောင်းနေတော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးသည် ထိုစားသောက်ဆိုင်လေး ဖြည်းဖြည်းချင်း အောင်မြင်လာသည်ကို အတူတူ ကြည့်ခဲ့ရတာဖြစ်ပြီး ရုတ်တရက်ကြီး တစ်စုံတစ်ယောက် ထွက်သွားမှာကို တုံ့ဆိုင်းနေကြဆဲပင်။

စားဖိုမှူးခေါင်းဆောင်သည် ထန်းမီ့အား တက်စီငှားပေးခဲ့ကာ သူမ ကားပေါ်တက်သွားသည်အထိ စောင့်ကြည့်နေပြီးမှ စားသောက်ဆိုင်သို့ ပြန်ခဲ့၏။

ထန်းမီ နှုတ်ထွက်လိုက်ပြီးနောက် အချိုပွဲဆိုင်အတွက် ဖုရှင်း အားစိုက်ထုတ်ထားသည့် လမ်းကြောင်း နောက်လိုက်ခဲ့သည်။ အချိုပွဲဆိုင်၏ အလှဆင်မှုသည် မကြာသေးမီက ပြီးသွားခဲ့ပြီဖြစ်ပြီး သူမ စိတ်ကူးထဲကအတိုင်း လန်းဆန်းတဲ့မင်းသမီးလေး စတိုင်လ်ဖြင့် ကိုက်ညီလှ၏။ နောက် သူမ လုပ်ရမည်မှာ စက်ပစ္စည်းများ ဝယ်ယူပြီး ဖွင့်ပွဲအတွက် ပြင်ဆင်ရန်သာ ကျန်တော့ပေသည်။

ယခုအချိန်တွင် သူမအား စိတ်အနှောင့်ယှက်ဖြစ်နေသည့် တစ်ခုတည်းသောအရာသည် ယွီယိ ပြန်မလာသေးတာပင်။ သူမ ယွီရှင်းအား မမုန်းသော်လည်း သူ ယွီယိခန္ဓာကိုယ်ကို ဆက်လက် ထိန်းချုပ်နေလို့ မဖြစ်ပေ။

'သူ အပြီးမသတ်နိုင်သေးတာ ဘာများလဲ? တကယ် မင်္ဂလာဦးညအထိ စောင့်ဖို့လိုတာလား?'

ထန်းမီ၏နှုတ်ခမ်းများ လှုပ်ခါသွားကာ နားရွက်များသည်လည်း နီရဲသွားတော့၏။

အချိုပွဲဆိုင်လေးသည် ပြောထားသည့်အတိုင်း အမျိုးသားနေ့တွင် ချောမွေ့စွာ ဖွင့်နိုင်ခဲ့သည်။ ဆိုင်ဖွင့်ချိန်သည် မနက် ၁၁နာရီခွဲမှ ည ၉နာရီထိ ဖြစ်သော်လည်း ထန်းမီနှင့် ဖုရှင်းတို့ မနက်အစောကြီး ထစီစဥ်ခဲ့သည်။

ဖုရှင်း ယနေ့အတွက် အထူးစပါယ်ရှယ် မီနူး ပါရှိသည့် ကျောက်သင်ပုန်းလေးအား ယူကာ အပြင်ထွက်၍ တံခါးဝတွင် ချိတ်ဆွဲလိုက်၏။ ထန်းမီကတော့ ဆိုင်ထဲတွင်ထိုင်နေကာ အွန်လိုင်းဆိုင်တွင် အော်ဒါများ ရှိမရှိစစ်ဆေးနေလေသည်။

'ဒင်းဒေါင်~'

စကားပြော ဆော့ဖ်ဝဲလ်သည် အသံမြည်လာပြီး ထန်းမီ ကိုယ်ပွားအရုပ်လေးတစ်ခု တုန်ခါနေသည်ကို မြင်လိုက်တာကြောင့် ခလုတ်နှိပ်ကာ ဖွင့်ကြည့်လိုက်၏။

ခွေးဥ : [ မင်္ဂလာပါ ဒီသကြားပိုးကိတ်ကို မှာချင်လို့ပါ ပေးပို့လို့ရမလား? ]

ဒါသည် သူမ၏ပထမဆုံး လုပ်ငန်းဖြစ်တာကြောင့် ထန်းမီ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ သူမ သံပုရည်အား တစ်ငုံမော့ချလိုက်ကာ စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်ပြီးနောက်-[ မင်္ဂလာပါ ကျွန်မတို့မြို့ရဲ့နေရာ တစ်ဝက်လောက် ပို့ပေးပါတယ်ရှင့်။ ပို့ပေးရမယ့်အချိန်နဲ့ လိပ်စာအတိအကျလေး ပြောပေးနိုင်မလား ဧည့်သည်? ]

ခွေးဥ : [ ဟုတ်ကဲ့ ဒီည8နာရီလောက် 'နေဝင်ဆည်းဆာ'ကိုပါ ]

ထန်းမီ ခဏလောက် ကြောင်အသွားတော့သည်။ 'နေဝင်ဆည်းဆာ'ဆိုသည်မှာ နှစ်ပေါင်းများစွာတိုင်အောင် ရောင်းအားအကောင်းဆုံးစာရင်းဝင် ပင်လယ်ရူခင်း စားသောက်ဆိုင်တစ်ခုပင်။

ထန်းမီ : [ တောင်းပန်ပါတယ်ရှင်။ ဆိုင်လေးက ၈နာရီဆို ပိတ်တာမို့လို့။ နည်းနည်းလောက် စောမှာပေးလို့ရမလား? ]

ခွေးဥ : [ ဘယ်လိုလုပ်မလဲ ကျွန်တော့်ဇနီးလောင်းလေးကို အဲကိတ်လေးပေးချင်လို့ပါ သူက မင်းရဲ့ကိတ်တွေဆို အရမ်းကြိုက်တာ ]

ထန်းမီ ခဏလောက် စဥ်းစားသွားပြီးနောက်-[ ရှင်က ကျွန်မတို့ရဲ့ ပထမဆုံး ကာစတန်မာမို့လို့ ရှင့်ကိုကိုယ်တိုင် လာပို့ပေးပါ့မယ်။]

ခွေးဥ : [ တကယ်လား? ကျေးဇူးအများကြီးတင်ပါတယ်!! ~ \ (≧ ▽ ≦) / ~ ]

ထန်းမီ သူနှင့်အချက်အလက်များအား အတည်ပြုပြီးနောက် ခွေးဥဆိုသည့် နာမည်ပြောင်အား ကြည့်ကာ အတွေးထဲမျောနေတော့သည်။

'သူ့ကိုယ်သူ ဘယ်လိုတောင် ခွေးဥဆိုပြီးပေးထားတာလဲ? မဟုတ်ဘူး မဟုတ်ဘူး ဒါ ကာစတန်မာရဲ့ လွှတ်လပ်ခွင့်ပဲ။ ငါဒီလိုတွေ မပြောသင့်ဘူး'

ဖုရှင်း ပြန်ဝင်လာချိန်တွင် သူမ နောက်တွင် အထက်တန်းကျောင်းသူ လေးငါးယောက်လောက် ပါလာခဲ့၏။

"ထန်းထန်း ငါတို့ဧည့်သည်တွေကို လာနှုတ်ဆက်လိုက်အုန်း!"

ထန်းမီ မီနူးအားဆွဲယူကာ သူတို့ထိုင်နေသည့် ခုံတန်းရှည်ကြီးဆီသို့ လျှောက်လာခဲ့ပြီး..."မီနူးထဲက တစ်ချို့အချိုပွဲလေးတွေက ဒီနေ့အတွက် မှာယူလို့ရပါတယ်။ ဒီနေ့စားသုံးတဲ့သူတွေကိုလည်း အဖွဲ့ဝင်ကဒ် အခမဲ့လုပ်ပေးပါတယ်ရှင့်။"

အထက်တန်းကျောင်းသူလေးများ မီနူးထဲရှိ ချစ်စရာအချိုပွဲလေးများအား စိုက်ကြည့်ကာ ရုတ်တရက် အံ့အားသင့်သွားတော့၏။ ထိုထဲမှ အရမ်းချစ်စရာကောင်းသည့် ကောင်မလေးတစ်ယောက် သူမအားမော့ကြည့်လာကာ ဟိုဟိုဒီဒီ လှည့်ကြည့်ရင်း..."ညီမတို့ဒီမှာ ဓါတ်ပုံရိုက်လို့ရမလား?"

ထန်းမီ အံ့သြသွားကာ-"ဆိုရှယ်မီဒီယာ အတွက်လား?"

"ဟုတ်တယ် ဟုတ်တယ်!" ကောင်မလေးသည် သူမအား စိတ်အားထက်သန်စွာ ကြည့်လာပြီး..."အမတို့ ဆိုင်အပြင်အဆင်လေးက ညီမတို့ဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ လိုက်နေလို့လေ။ တစ်ခြား ဧည့်သည်တွေကို အနှောင့်အယှက်မပေးပါဘူး။ နောက်ပြီး ညီမတို့ ပိုစ့်တင်ရင် ဒီဆိုင်လေးကို tagတွဲ လိုက်မယ်လေ!"

ထန်းမီ မျက်တောင်များ ပုတ်ခတ်သွားကာ သူမအား ပြုံးပြရင်း..."ဒါပေါ့ ရိုက်လို့ရတယ်"

ကောင်မလေးများ ချက်ချင်း ပျော်မြူးသွားတော့၏။ ထန်းမီ မသိလိုက်တာကတော့ ထိုကောင်မလေးသည် လိုင်းပေါ်တွင် အရမ်းကိုနာမည်ကြီးသည့် ဆယ်လီတစ်ယောက်ဆိုတာပင်။

____________________________________________

All Chapters