Chapter 59
Vol. 6 Ch. 59
ထန်းမီ အထက်တန်းကျောင်းသူလေးများ၏ အတင်းအဖျင်းများအား နားထောင်ရင်း [အချစ်ချိုချို]ထဲတွင် ထိုင်နေသည်။ အနုပညာနယ်ပယ်မှ အရူပ်တော်ပုံများကအစ မော်နီတာနှင့် ပညာရေးကော်မတီ၏အတင်းအဆုံး လိုက်မမှီနိုင်အောင် ကျယ်ပြန့်လွန်းနေတော့၏။
ထန်းမီ ငွေရှင်းကောင်တာတွင် ပျင်းရိစွာ ထိုင်နေစဥ် လမ်းလျှောက်ထွက်သွားသည့် ဖုရှင်းတစ်ယောက် မီတာ၁၀၀အမြန်နှုန်းဖြင့် ပြန်ပြေးဝင်လာလေသည်။
"ထန်းထန်း အန်ကယ်ထန်းက ပွဲကျင်းပတဲ့နေရာမှာ ဓါတ်ပုံပြပွဲလုပ်နေတယ်!"
ထန်းမီ ခဏလောက် ငြိမ်သက်သွားပြီးနောက် သူမပြောသည့် 'ထန်း'ဟူသည့် ဇာတ်ကောင်အား ပြန်မေးလာ၏။
"ဘယ်က အန်ကယ်ထန်းလဲ?"
ဖုရှင်း ချက်ချင်း သူမအားအလင်းပြပေးလိုက်တော့သည်။
"နင့်အဖေပေါ့ဟ ဘယ်သူရှိဦးမှာလဲ!"
ထန်းမီ အနည်းငယ် ကြောင်အမ်းအမ်း ပြန်ဖြစ်သွားကာ-"သူ ဘယ်တုန်းက ပြန်ရောက်နေတာလဲ? ငါဘာလို့ မသိတာလဲ?"
"နင်က သူ့သမီးအရင်း မဟုတ်လို့နေမှာပေါ့" ဖုရှင်း သူမအိတ်ကပ်ထဲမှ လက်ကမ်းစာစောင် တစ်ရွက်အားထုတ်ကာ ငွေရှင်းကောင်တာပေါ်တင်လိုက်ရင်း..."ငါလမ်းလျှောက်နေတုန်းက လက်ကမ်း စာစောင်ယူလာတယ်"
ထန်းလင်း၏အမည်အား လက်ကမ်းစာစောင်၏ အထင်ရှားဆုံးနေရာတွင် ရိုက်နှိပ်ထားလေသည်။ ထန်းမီ ခဏလောက် စိုက်ကြည့်နေပြီးနောက် ထိုင်ခုံပေါ်မှထရပ်ကာ ပြေးထွက်သွားတော့၏။
"ငါသွားကြည့်ဦးမယ်။ နင်ဆိုင်စောင့်ထား!"
သူမ ဓါတ်ပုံပြပွဲသို့ မျက်စိတစ်မှိတ်အတွင်း အပြေးလေးသွားခဲ့ရာ ထန်းလင်းနှင့် ယွီယိတို့ ရယ်မောကာ စကားပြောနေကြသည်ကို မြင်လိုက်ရလေသည်။
ထန်းမီ ရုတ်တရက် ဒေါကန်သွားပြီး သူတို့ဆီသို့ လျှောက်သွားလိုက်ကာ-"ယွီယိ ရှင် ဒီကို ဘယ်လိုရောက်နေတာလဲ?"
သူမအသံအား ကြားသည်နှင့် ထန်းလင်းနှင့်ယွီယိတို့ တစ်ပြိုင်တည်း လှည့်ကြည့်လာခဲ့၏။ ထန်းလင်းတစ်ယောက် ထန်းမီ့အား မတွေ့ရသည်မှာ နှစ်နှစ်နီးပါး ရှိလောက်ပေမည်။
ယခု သူမအား ရုတ်တရက် မြင်လိုက်ရချိန်တွင် သူပျော်ရွှင်မှုများအား မဖုံးဖိနိုင်တော့ဘဲ အပြေးလေး လျှောက်သွားလိုက်တော့သည်။
"ထန်းထန်း ဒီကိုဘယ်လိုရောက်လာတာလဲ? အဖေ ဓါတ်ပုံပြပွဲပြီးရင် သမီးကို လာရှာမလို့တောင် ပြောနေသေးတာ အဆင်ပြေရဲ့လား?"
ထန်းမီ သူမ၏နှုတ်ခမ်းထောင့်အား မဲ့ချလိုက်ကာ သူမအဖေအား ခပ်စူးစူးစိုက်ကြည့်ရင်း ယွီယိဘေးသို့ လျှောက်သွားလိုက်လျှင်..။
ထန်းမီ့အဖေ ချက်ချင်းပင် စိတ်ထိခိုက်သွားရ၏။
"ဒါပေါ့ ပြေလောက်မှာပါ။ မိန်းကလေးက အိမ်ထောင်ကျပြီးရင် သူ့ယောကျာ်းဘေး အမြဲရှိနေတော့မှာလေ။"
ထန်းမီ သူမပါးစပ်အား ပွစိပွစိလုပ်ကာ သူ့အားလျစ်လျူရူလိုက်ပြီး ယွီယိကိုထပ်၍ မေးခွန်းထုတ်လိုက်လေသည်။
"ရှင် ဘာလို့ ဒီကိုရောက်နေတာလဲလို့?"
ယွီယိ သူမအားကြည့်ကာ သတိလက်လွတ် ပြုံးလိုက်မိရင်း..."အန်ကယ်ထန်း တရုတ်ကို ပြန်ရောက်နေတယ်လို့ ကြားလို့လေ သူ့ကိုလာတွေ့တာ"
ထန်းမီ မျက်ခုံးများ လှုပ်ရှားသွားကာ-"ရှင်တို့ ဘာတွေ ပြောနေကြတာလဲ?"
ယွီယိ : "အန်ကယ်ထန်းက ကိုယ်တို့မင်္ဂလာဓါတ်ပွဲကို သူရိုက်ပေးမယ် ပြောတယ်"
ထန်းမီ ဆွံ့အသွား၏။ အဖေသည် ဘယ်တုန်းကမှ လူများအား မရိုက်ပေးဖူးခဲ့ပါ။ သူမ ခေါင်းအား ထန်းလင်းဘက်သို့ လှည့်လိုက်လျှင် ထန်းလင်းသည်လည်း သူမ၏အာရုံစိုက်မှုအား စောင့်ဆိုင်းနေသည့်အတိုင်း ချက်ချင်း ခေါင်းမော့လာခဲ့သည်။
ထန်းမီ နှုတ်ခမ်းအား အနည်းငယ် ဆွဲလိုက်ကာ-"ကျွန်မတို့ လက်ထပ်ပွဲကို သဘောတူတာလား?"
ထန်းလင်း ခေါင်းညိတ်ပြလာကာ ခြောက်ကပ်ကပ်အသံဖြင့်..."သမီးတစ်ယောက်တည်း ဖြစ်နေတုန်းက အဖေအနားမှာရှိမပေးနိုင်ခဲ့ဘူး။ တစ်ယောက်ယောက်က သမီးဘေးမှာရှိနေမှပဲ အဖေ စိတ်အေးလောက်မယ်"
ထန်းမီ သံသယဆန်စွာ မျက်မှောင်ကြုတ်လိုက်မိတော့သည်။
'အဖေတစ်ယောက်က ဘာလို့ ချိုသာနေတာလဲ? သူ ငါ့သမီးလက်ထပ်ပွဲကို သဘောမတူနိုင်ဘူး ဘာညာ ပြောသင့်တာမလား? ငါကတကယ်ပဲ သူ့သမီးအရင်း မဟုတ်ဘူးလား?"
သူမအား ပြုံးပြုံးကြီးကြည့်နေသည့် ယွီယိအား တစ်ချက်လှမ်းကြည့်လိုက်မိပြီးနောက်..။
'အင်း! ယွီယိက အရမ်းချောနေလို့ဖြစ်မယ်!'
သူမမျက်တောင်များ ပုတ်ခတ်ကာ ထန်းလင်းအား တွန့်ဆုတ်စွာဖြင့် မေးလိုက်လေ၏။
"တကယ်ကျွန်မတို့အတွက် မင်္ဂလာဓါတ်ပုံရိုက်ပေးမလို့လား?"
“ဒါပေါ့ အရမ်းပီတိ ဖြစ်မနေပါနဲ့”
“... မဟုတ်ပါဘူး။ ရူခင်းပုံရိုက်တဲ့ဓါတ်ပုံဆရာက လူပုံရိုက်ရင် ပုံထွက် မကောင်းဘူးကြားလို့..”
ထန်းလင်း : “…”
"အဲလိုကောလဟာလတွေက အဖေနဲ့တွေ့ရင် ပွဲသိမ်းသွားလိမ့်မယ်!"
ထန်းလင်းတစ်ယောက် သူ၏ပညာအား မထီမဲ့မြင်ပြုခံလိုက်ရသည့်အတွက် သိသိသာသာပင် မကျေမနပ်ဖြစ်နေကာ ထန်းမီ့အား မုတ်ဆိတ်မွှေးကြီးဖြင့် စိုက်ကြည့်နေတော့သည်။
ထန်းမီ နောက်ဆုံးတော့ သူ၏ပြောင်စပ်စပ်ပုံစံကြောင့် စိတ်ပျော့သွားကာ-"အဖေ သမီးကြယ်ရောင်ပန်းခြံထဲမှာ အချိုပွဲဆိုင်ဖွင့်ထားတယ် ခဏထိုင်ချင်လား?"
ထန်းလင်း ထိုအကြောင်းအား ယွီယိပြောလို့သိနှင့်ပြီးပြီပင်။ ထုံးစံအတိုင်း သူလည်းသွားကြည့်ချင်တာနဲ့..."ကောင်းပြီ။ ဒါပေမဲ့ အဖေခဏစောင့်ရဦးမယ် သမီးနဲ့ သားမက်လောင်းလေး အရင်သွားနှင့်"
"အိုခေ" ထန်းမီ ယွီယိ၏လက်မောင်းအား ချိတ်ဆွဲကာ ထွက်သွားမလို့ ပြင်နေတုန်းမှာပဲ သူမတို့ရှေ့မှ လူတစ်ယောက်ဖြတ်ဝင်လာ၏။ သူမ ထိုလူအား သတိလက်လွတ် လှမ်းကြည့်လိုက်မိပြီးနောက် တစ်ကိုယ်လုံး တောင့်ခဲသွားလေတော့သည်။
'ယွီယိအဖေနဲ့ တူသလိုပဲနော်!'
ယွီယိလည်း ထိုလူဝင်လာသည်ကို မြင်သည်နှင့် ယဥ်ကျေးစွာ လှမ်းခေါ်လိုက်လေ၏။ "အဖေ"
ယွီယိအဖေ သူတို့အား ထိုနေရာတွင်ဆုံရလိမ့်မည်ဟု မထင်ထားပုံပင်။ သူ့အကြည့်သည် သူတို့လက်ချင်းချိတ်ဆွဲထားသည့်နေရာအား ရောက်သွားပြီးနောက် မဆိုင်းမတွ မေးလာခဲ့သည်။
"မင်းတို့ကိုရော ဓါတ်ပုံပြပွဲကို လာတာလား?"
ယွီယိ ချက်ချင်း ငြင်းဆိုလိုက်ပြီး..."မဟုတ်ဘူး ကျွန်တော်တို့ ထန်းမီ့အဖေကို လာတွေ့တာ"
"ထန်းမီ့အဖေ?”
"အင်း ထန်းလင်းက ထန်းမီ့အဖေလေ"
ယွီယိအဖေ : “…”
ထန်းလင်းသည်လည်း ယွီယိ၏'အဖေ'ဟူသော ခေါ်သံအား ကြားလိုက်တာကြောင့် ရှေ့သို့တိုးလာပြီး သူ၏မျက်လုံးများအား စေ့စေ့ကြည့်ကာ ပြုံးပြလိုက်တော့၏။
"ခင်ဗျားက ယွီယိအဖေလား? ထန်းမီ့အမေအရင်က ပြောဖူးတာတော့ ခင်ဗျားက သူတို့မင်္ဂလာပွဲကို မကျေနပ်ဘူးဆို?"
ယွီယိအဖေ နေရခက်စွာ ပြုံးလိုက်ပြီး..."မကျေနပ်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့...နည်းနည်း မြန်နေသလို ခံစားရလို့ပါ.."
ယွီယိနှုတ်ခမ်းသပ်ကာ ရုတ်တရက် ထမေးလိုက်၏။
"အဖေ အန်ကယ်ထန်းရဲ့ဓါတ်ပုံပြပွဲကို တမင်လာကြည့်တာ မဟုတ်လား?" သူပြောပြီးနောက် ထန်းလင်းဘက်သို့ ပြန်လှည့်ကာ"အန်ကယ်ထန်း ကျွန်တော့်အဖေက အန်ကယ့်ရဲ့လက်ရာတွေ အရမ်းသဘောကျတာ နောက်ပြီး သူ့စုဆောင်းမှုထဲမှာ အဲလ်ပ်တောင်တန်းရဲ့ ဓာတ်ပုံအစုံလိုက်တောင် ပါသေးတယ်"
"ဟုတ်လား?" ထန်းလင်း ပြုံးလိုက်၏။ "အမှန်ဆို ကျွန်တော့်ဘဝမှာ အပြောင်မြောက်ဆုံးလက်ရာက ကျွန်တော့်ရဲ့သမီးလေးပဲ"
ထန်းမီ သူ၏ပုံကြီးချဲ့မှုကြောင့် တကယ်ကို ရှက်နေကာ ယွီယိအဖေ၏ မျက်နှာထားသည်လည်း အတော်ကို ပြောင်းလဲသွားတော့သည်။
ယွီယိ နှုတ်ခမ်းထောင့်အား မသိမသာ ကော့ညွှတ်လိုက်ကာ မျက်စိရှေ့မှလူနှစ်ယောက်အား..."ကျွန်တော်နဲ့ထန်းမီ အရင်သွားနှင့်တော့မယ်။ အဖေတို့အေးဆေး စကားပြောကြပေါ့"
ထန်းမီ ပွဲအပြင်သို့ ခေါ်ထုတ်ခံလိုက်ရစဥ် သူမအနည်းငယ် မသက်မသာဖြင့် မေးလာ၏။
"ကျွန်မတို့ဒီတိုင်း ထွက်သွားလို့ ဖြစ်ပါ့မလား?"
“စိတ်အေးအေးထားပါ။ ဘာမှဖြစ်မှာမဟုတ်ဘူး”
ထန်းမီ နောက်ဆုံးတော့ ထိုအကြောင်းအား မေ့လိုက်ကာ သူမ မေးချင်တာကို မေးလာခဲ့၏။
"ရှင် ကျွန်မအဖေကို ဘယ်လို လျှို့ဝှက်ဆန်းကြယ်တဲ့ ဆေးတွေ တိုက်လိုက်လို့ သူရှင့်ကို အရမ်းကြိုက်နေတာလဲ?"
ယွီယိ ခပ်ပေါ့ပေါ့ဖြင့်ပင်...“ကိုယ်က မျက်နှာချိုသွေးတော်လို့လေ”
ထန်းမီ : “…”
ယွီယိ ပြုံးလိုက်ကာ ထန်းမီ ပါးဖောင်းဖောင်းလေးအား ညင်သာစွာ ဆွဲလိုက်ရင်း..."ကြည့်ရတာ သက်တံ့လူမှုဖူလုံရေးဂေဟာက စီအီးအိုဟောင်းက သူ့ကို ကောင်းတာတွေ အများကြီး ပြောလိုက်ပုံပဲ"
ထန်းမီ သူ့အားကြည့်ကာ မျက်တောင်ခတ်လိုက်မိ၏။
"ရှင် သက်တံ့လူမှုဖူလုံရေးဂေဟာကို ဘယ်လောက်လှူလိုက်တာလဲ?"
ယွီယိ ရယ်ပဲရယ်နေကာ ပြန်မဖြေချေ။
ထန်းမီ စိုးရိမ်ကြီးစွာ သက်ပြင်းချလိုက်မိတော့သည်။
"ရှင် ဒီအိမ်ထောင်ရေးအတွက် အများကြီး ဆုံးရူံးလိုက်ရတယ်လို့ ကျွန်မခံစားရတယ်"
'သူ ပိုက်ဆံဘယ်လောက်တောင် သုံးခဲ့ပြီးပြီလဲ?'
ယွီယိ ရုတ်တရက် ရပ်တန့်သွားကာ သူ၏အနက်ရောင် မျက်ဝန်းတစ်စုံသည် သူမအား စူးရှစွာ တယုတယဖြင့်ကြည့်လာ၏။
"အဲအရာတွေက ကိုယ်နဲ့မင်းတစ်သက်လုံး အတူရှိနေဖို့နဲ့ယှဥ်ရင် ဘာမှမပြောပလောက်ဘူး"
ထိုအဆိုပြုချက်ကြောင့် ထန်းမီ ရှက်သွေးဖြာသွားရတော့သည်။
'ယွီယိ ဘယ်တုန်းက ဒီလောက် စကားတတ်သွားတာလဲ?'
သူမအတော်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် ယွီယိအား မော့ကြည့်လာ၏။
"စီအီးအိုယွီ ရှင်အဲလိုအရာတွေ မလိုချင်ရင်လည်း ကျွန်မကိုသာ ပေးလိုက်ပါ"
ယွီယိ သဘောတကျ ပြုံးလိုက်ကာ သူ့ပိုက်ဆံအိတ်အား ထုတ်ပြီး ထန်းမီ့လက်ထဲ ထည့်ပေးလိုက်တော့သည်။
"အကုန်မင်းအတွက် ချည်းပဲ"
'ရည်းစားက စီအီးအိုဆိုတော့လည်း အမြဲတမ်း မင်းသမီးလေးတစ်ပါးလို ခံစားနေရတော့တာပဲ~'
ထန်းမီ ပိုက်ဆံအိတ်အား ဖွင့်ကြည့်လိုက်စဥ် သူတို့ ဂျပန်မှာတုန်းက ရိုက်ထားသည့် စတေကာလေးအား တွေ့လိုက်ရ၏။ သူမ ခဏလောက် ငေးကြည့်ပြီးနောက် သူ့အား ပြန်ပေးလိုက်လျှင် ယွီယိ မျက်ခုံးပင့်ကာ ပြုံး၍မေးလာလေသည်။ "ဘာလို့လဲ?"
"ပြန်စဥ်းစားလိုက်ဦးမယ်။ တာဝန်ကြီးလွန်းတယ်။ ပျောက်သွားရင် ကျွန်မပြန်မလျော်နိုင်ဘူး"
"ရပါတယ်။ ပျောက်သွားလည်း ကိုယ်ပြန်ရှာမှာပေါ့"
… ထန်းမီ၏ရင့်ကျက်တဲ့ နှလုံးသားလေး ပေါက်ကွဲထွက်ပေတော့မည်။
သူမခြေထောက်အား ဆောင့်ချလိုက်ကာ သူ့အားမျက်စောင်းထိုးရင်း..."နောက်တစ်ခါ ရှင် ကျွန်မကို မြူဆွယ်ရင် ရှင့်ကိုလူကြားထဲမှာ နမ်းပစ်မယ်!"
ယွီယိ သူမ အခြေအနေအား အခွင့်ကောင်းယူကာ ပါးချိုင့်နှစ်ဖက် ပေါ်လာသည်အထိ ပြုံးလိုက်ပြီးနောက်-"ပြောပဲ ပြောမနေနဲ့"
"အယ်!" ထန်းမီ ပူပန်သောကရောက်နေသည့် အနေအထားအတိုင်း လူရှေ့သူရှေ့တွင် နမ်းခံလိုက်ရတော့သည်။
ယွီယိ အနည်းငယ် အခဲမကျေဟန်..."ထပ်ကြာကြာလေးဆိုရင်ရော?"
ထန်းမီ ရှက်ရမ်းရမ်းကာ ပြေးထွက်လာလေ၏။
'ဘယ်သူ့မှ မရှိတဲ့အချိန်မှ သူ့ကိုပညာပြရမယ်!'
ယွီယိပြုံးလိုက်မိကာ သူမနောက်သို့ အမှီလိုက်သွားတော့သည်။
"ကိုယ်ချောကလက်ဆိုင်ကို အရင်သွားလိုက်ဦးမယ်။ ပြီးရင် မင်းဆီလာခဲ့မယ်"
"အိုခေ" ထန်းမီ သူ့ကြောင့် အရမ်းရှက်ရွံ့သွားကာ အချိုပွဲဆိုင်သို့ ဘယ်လိုရောက်မှန်းမသိ ရောက်သွား၏။
သူမ ဆိုင်ထဲသို့ ဝင်လာချိန်တွင် ဖုရှင်းမျက်နှာသည် အနည်းငယ် ပျက်ယွင်းနေတာကြောင့် ထန်းမီအနားသို့ လျှောက်သွားကာ မေးလိုက်လျှင်..။
"ဘာဖြစ်လို့လဲ?"
ဖုရှင်း သူမအား တွေ့လိုက်ရချိန်တွင် စိတ်သက်သာရာရသွားဟန်ဖြင့် သူမဘေးရှိအခန်းအား လက်ညိုးထိုးပြကာ လေသံတိုးတိုးနှင့်..."လင်ချဲ့"
ထန်းမီ : “…”
ယွီယိ သူမနှင့်အတူ လိုက်မလာသည်ကိုပဲ ကျေးဇူးတင်လိုက်တော့၏။
“သူက ဘာလုပ်မလို့လဲ?”
ဖုရှင်း ခေါင်းခါလိုက်ကာ-"မသိဘူး။ နင်ပြန်လာတဲ့အထိ စောင့်မယ်တဲ့"
ထန်းမီ မျက်မှောင်ကြုတ်လိုက်ကာ ယွီယိ ပြန်မလာခင် လင်ချဲ့အား အပြတ်ရှင်းပစ်ရမယ်ဟု တွေးလိုက်မိ၏။
"ငါ သွားတွေ့လိုက်မယ်"
လင်ချဲ့ အခန်းငယ်ထဲတွင် တစ်ယောက်တည်း ထိုင်နေကာ ထန်းမီ ဝင်လာသည်ကိုမြင်သည်နှင့် သဘာဝဆန်ဆန် ပြုံးပြလာသည်။
"မတွေ့ရတာကြာပြီနော်"
ထန်းမီ ခပ်တည်တည်ပင် သူ၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကာ-"ကျွန်မနဲ့ဘာကိစ္စရှိလို့ တွေ့ချင်တာလဲ?"
သို့သော် လင်ချဲ့ကတော့ ချက်ချင်း တန်းမဖြေဘဲ သူ့ရှေ့မှအချိုပွဲအား ကြည့်ကာအကဲဖြတ်လိုက်သည်။
"နှစ်ရောင်စပ် ကျားကွက်ကိတ်က အရမ်းလက်ရာမြောက်တယ်။ အရောင်တွေကလည်း လိုက်ဖက်ပြီး သကြားရည်အချိုးအစားလည်း မှန်တယ်။"
ယွီယိ ရောက်လာတော့မည်ကို တွေးရင်း ထန်းမီ အနည်းငယ် စိတ်မရှည်ဖြစ်လာတော့၏။
"ရှင် ကိတ်မုန့် လာစားတာလား?"
လင်ချဲ့ လက်ထဲရှိဇွန်းအား ချလိုက်ကာ သူမအား ကူရာကယ်ရာမဲ့စွာ ပြုံးပြလာပြီး..."မင်းယွီယိနဲ့ လက်ထပ်တော့မယ်ဆို?"
“ဟုတ်တယ်”
ထန်းမီ လုံးဝပြတ်သားစွာ တုံ့ပြန်လိုက်တာကြောင့် လင်ချဲ့ ခဏလောက် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ သူအတော်ကြာ တိတ်ဆိတ်နေပြီးနောက်-"မင်းသေချာ စဥ်းစားပြီးပြီလား?"
ထန်းမီ ရယ်လျက်-"ရှင့်ကို ဖွင့်ပြောမယ်ဆိုတုန်းကထက် အများကြီး ပိုပြီး စဥ်းစားထားပါတယ်"
လင်ချဲ့မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏နှုတ်ခမ်းထောင့်များ သိသိသာသာကို မဲ့ကျသွားခဲ့၏။
"ကောင်းပါပြီ။ အခုတော့ မင်းပျော်ရွှင်ပါစေလို့ ဆုတောင်းရုံပဲရှိတော့တာပေါ့။ တကယ်လို့သာ အဲစီနီယာနှစ်ကို ပြန်သွားခွင့်ရရင် ကိုယ်ဘယ်တော့မှ မင်းကို အဆုံးရူံးခံမှာမဟုတ်ဘူး"
"လူကြီးမင်းလင် ဒီလက်တွေ့မကျတဲ့ စိတ်ကူးယဥ်မှုတွေကို ရပ်လိုက်တာ ကောင်းမယ်ထင်တယ်"
ယွီယိ၏ရုတ်ချည်းဆန်သည့် အသံသည် အခန်းထောင့်မှ ထွက်ပေါ်လာတာကြောင့် သူတို့နှစ်ယောက်စလုံး ထိပ်လန့်သွားရတော့သည်။ ထန်းမီ လှည့်ကြည့်လိုက်စဥ် တံခါးနားတွင် မှုန်ကုပ်ကုပ်ဖြင့် ရပ်နေသည်ကို တွေ့လိုက်ရ၏။
“လူကြီးမင်းလင် ငါအရင်တစ်ခေါက်တုန်းက မင်းကို ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီထင်တယ်။ မင်းမှာ ဘာပြောစရာ ကျန်သေးလို့လဲ?"
_____________________________________________