← Chapters

Chapter 60

Vol. 6 Ch. 60

Chapter 60

Vol. 6 Ch. 60

ယွီယိ၏ပြင်းထန်သည့် အရှိန်အဝါများသည် ထိုကျဥ်းမြောင်းလှသည့် အခန်းလေးအား ပို၍ပင်နေရခက်လာစေသည်။ လင်ချဲ့နှင့်သူ၏ တွေ့ဆုံမှုအနည်းငယ်သည် အမြဲလိုလို ထိုအတိုင်းသာဖြစ်သည်။

စက်ဝိုင်းထဲမှ ခြင်္သေ့တစ်ကောင်လိုပင်။

လင်ချဲ့ ရှက်ရွံ့စွာပြုံးလိုက်ပြီး မတ်တပ်ထရပ်ကာ-"စီအီးအိုယွီ ကျွန်တော် သူ့ဆီကို နောက်ထပ်မလာတော့မှာမို့။ စိတ်ချပါ။ ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးဖြစ်ပါစေ။ နှုတ်ဆက်ခဲ့ပါတယ်။"

လင်ချဲ့ထွက်သွားပြီးနောက် ယွီယိ၏အကြည့်များ ထန်းမီ့ထံ ရောက်လာခဲ့၏။

ထန်းမီလည်းပဲ အနည်းငယ် တုန်လှုပ်သွားတော့သည်။ စီအီးအိုရဲ့ရည်းစားဖြစ်ရသည့် မကောင်းတဲ့အချက်များထဲမှ တစ်ခုက သူမ အခုချက်ချင်းပင် အပြစ်ပေးခံရတော့မလို ခံစားလိုက်ရခြင်းပင်။

ထန်းမီ အရင်ကတည်းက ယွီယိအား ချစ်ကြောက်ရိုသေခဲ့၏။ သူတို့နှစ်ဦးကြားရှိ ပတ်သတ်မှုသည် လက်အောက်ငယ်သား အဆင့်မဟုတ်တော့သော်လည်း သူစိတ်ဆိုးနေချိန်တော့ သူမအနည်းငယ် စိုးထိပ်မိသေးသည်။

“သူ မင်းကို ဘာပြောသွားတာလဲ?”

ဆန့်ကျင်ဘက်အနေဖြင့် လွမ်းဆွေးဖွယ် အသံခပ်တိုးတိုး ထွက်ပေါ်လာပြီး ထန်းမီ သူ့အားပြုံးပြကာ-"ကျွန်မတို့ ဆိုင်ကို ကောင်းတယ်လို့ လာချီးကျူးသွားတာ"

ယွီယိ မသိမသာ မျက်မှောင်ကြုတ်လိုက်မိ၏။

"အဲတာပဲလား?"

"အဲတာပဲလေ!" ထန်းမီ ထပ်၍အတည်ပြုပေးလိုက်သည်။

သူထန်းမီ့အား အတော်ကြာအောင် တိတ်တဆိတ်ကြည့်နေပြီးနောက် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင်..."မင်း သူနဲ့ တွေ့တာကို ကိုယ်မကြိုက်ဘူး"

ထန်းမီလည်း ပျာပျာသလဲဖြင့်..."ကျွန်မလည်း မကြိုက်ပါဘူး!"

ယွီယိ နောက်ဆုံးတော့ ပြုံးလာကာ သူမ၏နှုတ်ခမ်းထောင့်လေးအား ထိသည်ဆိုရုံမျှ နမ်းလိုက်လျှင် ဆိုင်ထဲရှိ ကျောင်းသူလေးများ ရုတ်တရက် ထအော်ကြလေတော့၏။

ထန်းမီ : “…”

'အမေရေ ဒါတောင် သူ့ဆိုင်ထဲမှာပဲ ရှိသေးတယ်။ အနာဂတ်မှာ သူလူတွေကို ဘယ်လို မျက်နှာပြရမလဲ!'

"ခွေးလေး (ကုံသန်) လိုက်လာခဲ့!" ထန်းမီ သူ့အား ဆိုင်နောက်ဘက်ရှိ မြက်ခင်းပြင်လေးဆီသို့ ဆွဲခေါ်သွားလေသည်။

ကလေးတွေကို အတတ်ကောင်းတွေ သင်ပေးစရာလား။ သူမ နောက်လှည့်ကြည့်လိုက်စဥ် ပြုံးကာ သူမအား အချိန်ကြာအောင် စိုက်ကြည့်နေသည့် ယွီယိအား တွေ့လိုက်ရ၏။

“ဘယ်သူက ခွေးလဲ?”

ထန်းမီ : “…”

'ဘုရားရေ သူခွေးလို့ ခေါ်လိုက်မိတာလား?!!'

သူမ အချိန်အတော်ကြာအောင် ဖုံးကွယ်ထားခဲ့သည့် လျှို့ဝှက်ချက်သည် မမှတ်မထင် ဘူးပေါ်သလိုပေါ်သွားခဲ့၏။ ရှက်စရာကောင်းသော်လည်း ချစ်ဖို့ကောင်းနေဆဲပင်။

ယွီယိ သူမအား ကြည့်နေဆဲဖြစ်ကာ သူမအဖြေအား စောင့်နေသလိုပင်။ ထန်းမီ အပြုံးတစ်ပွင့်အား မြန်မြန်ဖော်လိုက်ကာ ခေါင်းခါပြရင်း..."ခွေးဥဆိုတာ ရှင့်တတိယမြောက် စိတ်ကွဲလေ။ သူ ရှိနေမှန်း ရှင်မသိဘူး ထင်တယ်။"

ထိုရှင်းလင်းချက်အား ပြပြီးနောက် ယွီယိတစ်ယောက် ထန်းမီအားငုံ့ကြည့်ကာ ပြုံးလိုက်မိတော့သည်။

"မင်း ယွီရှင်းကို အနိုင်ကျင့်ရဲတယ်ပေါ့"

ထန်းမီ : “…”

'ဘယ်သူက ဘယ်သူ့ကို ပြန်ပြောနေတာလဲ!'

သူမယွီယိအား ခြောက်ကပ်ကပ်ဖြင့် ပြန်ကြည့်လိုက်ကာ-"ကျွန်မ ဝီချက်ထဲက ရှင့်နာမည်က ခွေးဥပဲ(ကုံသန်) ဘာဖြစ်ချင်လဲ!"

ယွီယိ သူမနံဘေးအား အနည်းငယ် ကိုယ်စောင်းငဲ့ကာ လေသံခပ်တိုးတိုးဖြင့်..."ကိုယ့် ဝီချက်က မင်းနာမည်ကိုရော သိလား?"

“ဘာကြီးလဲ?”

ယွီယိ သူမအောက်နှုတ်ခမ်းလေးအား ညင်သာစွာ ကိုက်ခဲလိုက်ရင်း ဆွဲဆောင်မှုရှိစွာ..."အချစ်လေးတဲ့~"

... ထန်းမီ၏နှလုံးသားလေး ထပ်၍ ပေါက်ကွဲထွက်သွားပြန်တော့သည်။

နှစ်ယောက်သား ခြေကုန်လက်ပန်းကျကာ ခဏမျှ မြက်ခင်းလေးပေါ်တွင် တရွေ့ရွေ့ လျှောက်လာကြပြီးနောက် ယွီယိတစ်ယောက် ကုမ္ပဏီသို့အရင်ပြန်သွားခဲ့၏။ ထန်းမီလည်း အချိုပွဲဆိုင်သို့ ပြန်ဝင်လိုက်ချိန်တွင် အထက်တန်းကျောင်းသူလေးများလည်း ငွေရှင်းကာ ထပြန်ဖို့လုပ်နေကြလေသည်။

"မင်း ဓါတ်ပုံရိုက်လို့ ပြီးသွားပြီလား?"

ထိုကျောင်းသူလေးများသည် အရင်ကသူမအား ဓါတ်ပုံရိုက်ခွင့်တောင်းသည့် အုပ်စုဖြစ်ပြီး ထန်းမီ သူတို့ဝတ်ထားသည့် ချစ်စရာဝတ်စုံလေးများအား ကြည့်ကာ မေးမြန်းကြည့်လိုက်တော့၏။

ဆံပင်အရှည်ကြီးဖြင့် ကောင်မလေးသည် သူမအား ပြုံးပြလာကာ-"ပြီးပါပြီ။ ကျေးဇူးတင်ပါတယ်ရှင့် ကျွန်မ ဝေပိုမှာတင်တော့မလို့"

ထို့နောက် ထန်းမီ သူတို့အား လက်ပြနှုတ်ဆက်လိုက်ကာ ထွက်သွားသည်အထိ ကြည့်နေမိတော့သည်။

သိပ်မကြာခင် ထန်းလင်းတစ်ယောက် ရောက်လာချလာ၏။ ဖုရှင်း ထန်းလင်းအား တွေ့ချိန်တွင် စိတ်လှုပ်ရှားစွာဖြင့် သူနဲ့စကားစမြည်ပြောနေလေတော့သည်။ ထန်းလင်း ဆိုင်လေးအား လှည့်ပတ်ကြည့်လိုက်ပြီးနောက် ထန်းမီ့ဘက်လှည့်ကာ-"ဆိုင်က အခုမှ ဖွင့်ခါစလား? အဖေဓါတ်ပုံတစ်ချို့ရိုက်ပြီး အွန်လိုင်းပေါ်တင်လို့ ရမလား?"

"ကောင်းတာပေါ့!" ဖုရှင်းတစ်ယောက် ထန်းမီ့ထက်အရင် စိတ်လှုပ်ရှားစွာ ထခုန်လိုက်တော့သည်။

"ကိတ်လေးတွေကိုရော ရိုက်ပေးလို့ရမလား?"

“ဒါပေါ့ ရိုက်ပေးမှာပေါ့!”

"ရက်စ်! အန်ကယ်ထန်းရိုက်ပေးတဲ့ပုံက သေချာပေါက် ၁၀ဆလောက် ပိုစားကောင်းနေတော့မှာပဲ!"

ထန်းမီ နှုတ်ခမ်းကြီး ထော်လိုက်မိလေ၏။

'သူ လုပ်တဲ့ကိတ်ကိုက စားကောင်းတာပါနော်'

ထန်းလင်း ပြောပြီးသည်နှင့် ကင်မရာအား ထုတ်ကာ တစ်ဆိုင်လုံး နေရာလွတ်မကျန်အောင် နေရာအနှံ့လိုက်ရိုက်လိုက်တော့သည်။ ထန်းမီ ဓါတ်ပုံများအား ကွန်ပြူတာထဲ ထည့်ကာ ကြည့်လိုက်စဥ် ပုံများသည် အမှန်တကယ်ပင် မှော်ဆန်၍ ပိုပြီးဆွဲဆောင်မှုရှိနေလေ၏။

ဒါကြောင့်လည်း ဓါတ်ပုံတွေက ယုံကြည်စိတ်ချလို့ရတယ်လို့ လူတွေပြောကြတာ မဆန်းချေ။

ဖုရှင်းတစ်ယောက် အမြန်ပင် ပုံများအား ခွဲထုတ်လိုက်ကာ ဝေပိုတွင်တင်လိုက်တော့သည်။ အွန်လိုင်းဆိုင်တွင် ပြသထားသည့်ပုံများအား ယခုထန်းလင်းရိုက်ပေးခဲ့သည့်ပုံများနှင့် အစားထိုးလိုက်၏။ ဓါတ်ပုံလောကနှင့် မရောနှောတတ်သည့် လူတစ်ချို့သည်လည်း ထန်းလင်းအားသိကြတာကြောင့် သူမပုံများပေါ်တွင် ထန်းလင်းနာမည်ပါ ရေးထည့်လိုက်ပြီးနောက် ချက်ချင်း သူမ အချိုပွဲဆိုင် အောင်မြင်ကျော်ကြားလာသလို ခံစားလိုက်ရသည်။

ထန်းမီ ည၇နာရီလောက် လူရှင်းချိန်တွင် အပြင်ထွက်ကာ ထမင်းဘူး၃ဘူးဝယ်လာခဲ့ပြီး ဆိုင်ထဲတွင် အတူတူထိုင်စားခဲ့ကြ၏။

ထန်းမီ နေ့လည်က ယွီယိအဖေကြောင့် မသက်မသာဖြစ်နေဆဲဖြစ်ကာ သူမ ထန်းလင်းအား အနည်းငယ် မေးမြန်းကြည့်လိုက်စဥ် ထန်းလင်း လက်ယမ်းပြလာပြီး ယွီယိအဖေက သူ့ဖန်အသေးစားလေးပါဟု ပြောလာ၏။

ထန်းမီ : “…”

“ဒါနဲ့ ပြောလက်စနဲ့ ဘာကိစ္စ အဖေ့ဓါတ်ပုံ စကေးလ်ကို သံသယဝင်နေရတာလဲ?"

ထို့နောက် ထန်းလင်း သူ၏အိတ်အား လှန်လှောရှာလိုက်ကာ ဓါတ်ပုံတစ်ပုံကို စားပွဲတင်လိုက်၏။

"ကြည့်ကြည့် ဒါအဖေ အရင်က သမီးအမေကို ရိုက်ပေးထားတာ လှတယ် မဟုတ်လား?"

ထန်းမီနှင့်ဖုရှင်းတို့ စိတ်ဝင်တစား ပူးကပ်စွာ ကြည့်လိုက်ကြ၏။ ဓာတ်ပုံသည် စွန်းထင်းနေဟန် ထောင့်များတွင် အဝါရောင်အကွက်များရှိနေပြီး အဖြူအမည်းဖြစ်တာကြောင့် အနည်းငယ် အိုဟောင်းနေသလိုပင်။ ထန်းမီတစ်ယောက် နှုတ်ဆိတ်နေသော်လည်း ဖုရှင်းကတော့ အသံကျယ်ကြီးဖြင့်..."အန်တီလန် ငယ်ငယ်တုန်းက ထန်းထန်းနဲ့ တူတာပဲ!"

ထန်းလင်းသည်လည်း ထိုဓါတ်ပုံအား ငေးကြည့်ကာ ညင်သာစွာ သက်ပြင်းချလိုက်မိတော့၏။

"ဒါ ငါ့ဘဝမှာ ရိုက်ဖူးခဲ့တဲ့ တစ်ခုတည်းသော လူပုံရိပ်ပဲ"

ထန်းမီ သူမမိဘနှစ်ပါးကြားရှိ ပတ်သတ်မှုအား မဖော်ပြချင်သော်လည်း အဖေ အမေ့ကို အရမ်းချစ်ခဲ့သည်ကိုတော့ သူမသိသည်။

ဒါပေသည့် အမေပြောနေကျ စကားအတိုင်း အချစ်တစ်ခုတည်းနဲ့ ဘာလုပ်လို့ရမှာလဲ အဖေ့လိုလူမျိုးက အိမ်ထောင်ပြုလို့ မသင့်တော်ပေ။ ထန်းလင်းကိုယ်တိုင်သည်လည်း ထိုအချက်အား လက်ခံလိုက်ကာ နှစ်ပေါင်းမျးစွာကြာသည်တိုင် နောက်အိမ်ထောင်ပြုဖို့ မစဥ်းစားခဲ့ပါ။

ထန်းမီ ထိုဓါတ်ပုံလေးအား အတော်ကြာအောင် ငေးကြည့်နေပြီးနောက် ရုတ်တရက် ထမေးလာခဲ့သည်။

"ဒီပုံကို တစ်ချိန်လုံး သိမ်းထားခဲ့တာလား?"

ထန်းလင်း သောက်လက်စ ဟင်းရည်တောင် သီးသွားရကာ မသက်မသာဖြင့် ချောင်းဆိုးလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်လေ၏။

"အတိုချုပ်ပြောရရင် လူပုံသာရိုက်ရင် အဖေနိုင်ငံတကာဆုတောင် ရနိုင်သေးတယ်! ယုံယုံကြည်ကြည်သာ သမီးမင်္ဂလာဓာတ်ပုံကို အဖေ့လက်ထဲ အပ်လိုက်!"

ဖုရှင်း အနည်းငယ် မနာလိုဖြစ်သွားတော့သည်။

"အန်ကယ်ထန်း ကျွန်မ မင်္ဂလာဆောင်ကျရင်လည်း ရိုက်ပေးအုန်းလေ!"

ထန်းလင်း သူမအား အံ့သြတကြီးကြည့်ကာ-"မင်းရော လက်ထပ်တော့မှာလား? ကောင်လေးက ဘယ်သူလဲ?"

ထန်းမီ : "ယွီယိရဲ့လက်ထောက် လော့ဟောက်တဲ့"

ဖုရှင်း တောင့်တင်းသွားကာ သူမ ကျောကုန်းကာ ဘုန်းခနဲ ရိုက်ချလိုက်၏။

"ဘာတွေ လျှောက်ပြောနေတာလဲ! သူက ဘာကိစ္စ ငါ့ရည်းစားဖြစ်ရမှာလဲ! ဒီတိုင်းသူက ငါ့ရဲ့အကြွေးရှင်ပဲ!"

ထန်းမီ၏အဆုတ် ကွာလုနီးနီးဖြစ်သွားကာ စားပွဲပေါ်တွင် လဲကျကာ ချောင်းတစ်ဟွတ်ဟွတ် ဆိုးလိုက်မိတော့သည်။ ထန်းလင်း မျက်တောင်များ ပုတ်ခတ်ကာ ဖုရှင်းအား..."မင်း သူ့ဆီက အကြွေးတင်နေတာလား?"

ဖုရှင်း : “…”

'ဓါတ်ပုံမရိုက်ပေးချင်လည်း မရိုက်ပေးပါနဲ့တော့! အဲလိုကြီး ဖြဲခြောက်စရာလိုလို့လား!'

ညစာစားပြီးနောက် ထန်းလင်း ဟိုတယ်သို့ ပြန်ဖို့ပြင်လိုက်လေသည်။ ထန်းမီ သူ့အား အပြင်သို့ လိုက်ပို့ပေးလိုက်ပြီးနောက် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်လျှင် ထန်းလင်း သူမအား ပြန်လှည့်ကြည့်လာ၏။ သူကောင်းကင်ရှိ ကြယ်လေးများအား ငေးမောကြည့်ကာ သူမအား..."ထန်းထန်း အဖေနဲ့ ယွီယိနဲ့က တစ်ယောက်ကိုတစ်ယောက် သေချာ မသိကြသေးပေမဲ့ သူ သမီးအပေါ်ထားတဲ့ မေတ္တာတွေကို အဖေခံစားလို့ရတယ်။ နောက်ပြီး အဖေ သမီးရဲ့ရွေးချယ်မှုကို ယုံကြည်တယ်။ သမီးရဲ့အိမ်ထောင်ရေးက ဘယ်တော့မှ အဖေနဲ့မင်းအမေလိုဖြစ်မှာ မဟုတ်ဘူး သမီး ပျော်ရွှင်ရမှာပါ"

ထန်းမီ သူ့စကားများအားကြားကာ ရုတ်တရက် ဝမ်းနည်းသွားတာကြောင့် ရှေ့သို့တိုးလာကာ ထန်းလင်းအား တင်းကြပ်စွာပွေ့ဖက်လိုက်တော့သည်။

'သူ ဒါမျိုး မခံစားခဲ့ရတာ ဘယ်လောက်ကြာပြီလဲ?'

ထန်းလင်း ပီတိများဖြင့် ပြုံးလိုက်မိတော့သည်။ သူ့သမီးလေးသည် မသိလိုက်ခင်မှာပဲ အရွယ်ရောက်လာကာ လက်ထပ်ဖို့တောင် ပြင်နေလေပြီ။ သူထန်းမီ၏ကျောပြင်လေးအား ကလေးများသဖွယ် ပုတ်ပေးလိုက်ပြီး..."သမီး မင်္ဂလာပွဲပြီးတဲ့အထိ အဖေနေပေးမယ်"

"အင်း" ထန်းမီအသံသည် လေးလံနေပြီး သူမမျက်လုံးထောင့်လေးများသည်လည်း အနည်းငယ် စိုစွတ်နေလေ၏။

ခဏအကြာတွင် အချိုပွဲဆိုင်လေး ပိတ်သွားခဲ့ပြီး ယွီယိ၏ဘန်တလေလေး သူမအား လာကြိုခဲ့သည်။ ကံကောင်းစွာပင် ဖုရှင်းလည်း လမ်းကြုံလိုက်စီးခွင့်ရခဲ့၏။

“ဝိုး ဒါ ငါပထမဆုံး ဘန်တလေ စီးဖူးတာ!”

သူမ စိတ်လှုပ်ရှားစွာ ကားထဲ၌ ဟိုဟိုဒီဒီ လိုက်ကြည့်လိုက်ရာ ရှေ့ခုံမှ လော့ဟောက်တစ်ယောက် နောက်လှည့်ကာ သတိပေးလာလေသည်။

"ကြည့်ပဲကြည့်နော်။ လျှောက်မဖျက်ဆီးနဲ့ မဟုတ်ရင်အကြွေးတွေ ပိုတိုးလာလိမ့်မယ်"

ဖုရှင်း : “…”

သူမ လော့ဟောက်မျက်နှာလေးအား သတိရမိသော်လည်း ဘေးတွင် ယွီယိ ရှိနေတာကြောင့် ပြန်ထိန်းလိုက်ရတော့သည်။

အိမ်သို့ ပြန်ရောက်ချိန်တွင် ထန်းမီ ရေအရင်ချိုးလိုက်ပြီးနောက် ဝေပိုအားမွှေ နှောက်ဖို့အတွက် အခန်းထဲသို့ ပြန်ဝင်လာခဲ့၏။ သူမ အချိုပွဲဆိုင်အကောင့်အား ဝင်ကြည့်လိုက်စဥ် ရူးချင်သလို ဖြစ်သွားတော့သည်။

တစ်ခုကတော့ ယွီကျီ၏တရားဝင် ဝေပိုတွင် ပြန်တင်ထားခဲ့သည့် သူတို့ ဒီနေ့တင်လိုက်သော ပိုစ့်ကြောင့်ပင်။ ရိုက်ကူးထားသော ဓါတ်ပုံများကြောင့် ထန်းလင်းသည်လည်း ချီးကျူးမှုများ ရရှိခဲ့ပြီး အင်တာနက် အသုံးပြုသူများသည်ပင် ထန်းလင်း၏အချက်အလက်များအား ကြည့်ရှုစစ်ဆေးခဲ့ရာ လူတိုင်း အံ့အားသင့် သွားကြလေ၏။

ဒုတိယတစ်ခုကတော့ အထက်တန်းကျောင်းသူ ကောင်မလေး ပေးပို့ခဲ့သည့်ပုံကြောင့်ပင်။ ထန်းမီ သူတို့၏ဘလော့ မြန်မြန်ဆန်ဆန်ကြီး ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။ ပိုပြီး မမျှော်လင့်ထားခဲ့တာက ဘလော့ဂါမလေးသည် ပရိတ်သတ် ၅သိန်းကျော် ရှိနေတာကိုပဲဖြ စ်၏။

ဓာတ်ပုံများသည်လှပပြီး အနေအထားနှင့် အလင်းအမှောင်လည်း ကောင်းသော်လည်း ထန်းမီ ဂရုအစိုက်ဆုံးကတော့ ဘလော့ဂါမလေး၏ မှတ်ချက်များသာဖြစ်သည်။

[ ထွေလာ မိုက်မိုက်လေး လာပါပြီ! အချစ်ချိုချိုဆိုင်ထဲမှာ ရိုက်ထားတဲ့ အတွင်းပိုင်းရိုက်ချက်တွေပါ ဆိုင်ရဲ့အပြင်အဆင်ကလည်း အပြစ်ပြောစရာ မရှိအောင်ကိုလှပြီး ကိတ်တွေကလည်း အရမ်းစားကောင်းပါတယ်! မရောက်ဖူးသေးတဲ့ သူငယ်ချင်းတွေ မြန်မြန်သွားလိုက်တော့နော် နေ့လယ်ခင်းလက်ဖက်ရည်အတွက် အကောင်းဆုံးနေရာဖြစ်မှာပါ!

Ps : ကံကောင်းစွာနဲ့ သူဌေးမနှင့် စီအီးအိုယွီတို့ရဲ့ ချစ်စရာပုံရိပ်ကို ကျွန်မ မြင်ခွင့်ရခဲ့ပါတယ်။ လူတိုင်းရှက်သွေးဖြာပြီး နှလုံးခုန်သံ တဒိတ်ဒိတ်မြည်နေပါပြီရှင် (* / w\ *) ]

ထန်းမီ : “…”

သူမက တုန်ကယင်ဖြင့် ပိုစ့်အား ကြည့်လိုက်စဥ် ခပ်မိုက်မိုက်ပုံတွေအတွက် ခပ်မိုက်မိုက်ရီဗြူး၊ အဝတ်အစားတွေ လှတယ်၊ အချိုပွဲဆိုင်လေး မဆိုးဘူးဆိုသည့် မှတ်ချက်များနှင့် အထူးစိတ်ဆင်းရဲစရာ ပုံများလည်းပါရှိနေခဲ့သည်။ ထိုထဲမှ မှတ်ချက်တစ်ခုသည်-

[ ငါယွီစားသောက်ဆိုင်တွေမှာ ခဏခဏ စားပြီးသွားပြီ တစ်ခါမှ စီအီးအိုယွီနဲ့ မဆုံဖူးဘူး ငါ နေရာမှားသွားတာလား! အချိုပွဲဆိုင်မှာ ထိုင်ပြီး သူ့ကို တွေ့ရမယ်ဆိုတာ လုံးဝမယုံဘူး! ]

ထန်းမီ : “…”

ထိုမှသာ ယွီယိမှာလည်း အမြဲတမ်း ပရိသတ်တွေ ရှိသည်ဆိုတာကို သူမ သိလိုက်ရတော့သည်။ သူမ ထိုဝေပိုပိုစ့်အား မမြင်သလိုပဲ ဟန်ဆောင်လိုက်တာ ဝက်ဘ်ဆိုဒ်အား တည်ငြိမ်စွာ ပိတ်ချလိုက်၏။

သို့သော်လည်း နောက်နေ့မှာတော့ ဖုရှင်းတစ်ယောက် ထိုဝေပိုအားတွေ့ကာ ဝမ်းသာအားရဖြင့် ပြန်တင်လိုက်လေသည်။

"ယွီယိသာ နေ့တိုင်းလာမယ်ဆိုရင် ငါတို့ဖောက်သည်တွေ အများကြီးရလာတော့မှာပဲ!"

'ဝိုး ဟား ဟား ဟားး သူ မားကတ်တင်းဆင်းတာတော့ အရမ်းတော်တာပဲ!'

လော့ဟောက် ထိုပိုစ့်အားမြင်ချိန်တွင် ပြန်တင်ရန် တွန့်ဆုတ်နေခဲ့၏။ မူလကတော့ လူကြီးမင်းယွီရဲ့ ကိုယ်ရေးကိုယ်တာကိစ္စများအား ဝေပိုတွင် မတင်သင့်သော်လည်း အချိုပွဲဆိုင်၏ဝေပိုတွင်တော့ ပြန်တင်ထားပြီးနေပြီပင်။ …

လော့ဟောက် အံကြိတ်ကာ မျက်စိစုံမှိတ်ပြီး ပြန်တင်လိုက်ရာ ယွီလုပ်ငန်းစုမှ ဝန်ထမ်းများအားလုံး ရှော့ရသွားကြတော့သည်။ ဒီလို မရယ်မပြုံးတတ်တဲ့ယွီယိက အချိုပွဲဆိုင်ကို တကယ် နေ့တိုင်း သွားနေတာလား။

ထန်းမီ သိလိုက်ချိန်မှာတော့ အရာအားလုံး နောက်ကျသွားခဲ့လေပြီ။

ငွေရှင်းကောင်တာတွင် ထိုင်နေသည့် ဖုရှင်းကတော့ အချိုပွဲဆိုင်၏ ငွေအဝင်အထွက်စာရင်း အထွတ်အထိပ်လေးတစ်ခုသို့ ရောက်လုနီးနေပြီဆိုတဲ့အချက်အား သိလိုက်ရတော့သည်။

_____________________________________________

All Chapters