← Chapters

Chapter 62

Vol. 6 Ch. 62

Chapter 62

Vol. 6 Ch. 62

ယွီယိ မျက်လုံးများဖွင့်လိုက်ချိန် သူ၏နံဘေးတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် ထန်းမီအား တွေ့လိုက်ရ၏။ သူမ၏နှုတ်ခမ်းပါးလေးသည်လည်း ပြုံးယောင်သန်းနေသလိုပင်။

အချိန်သည်မစောတော့ချေ။ သူတို့နှစ်ယောက်စလုံး အလုပ်သွားဖို့ ရှိသေးသော်လည်း ယွီယိ သူမအား မနှိုးချင်သေးပါ။

အပြင်ဘက်ရှိ ငှက်အော်သံများကိုလည်း ထူထဲသည့်ခန်းစီးလိုက်ကာမှတဆင့် ကြားနေရ၏။ ယွီယိ ထန်းမီ့အား အတော်ကြာသည်အထိ ငေးကြည့်နေမိပြီးနောက် သူမ၏မျက်ခုံးများတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များ စွန်းထင်းနေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူတစ်ခုခုအား အတွေးပေါက်သွားကာ ဒီလို ရှားပါးလွန်းလှသည့် သာယာလှပတဲ့မနက်ခင်းလေးအား အပြည့်အဝခံစားရန် မျက်လုံးများ ပြန်မှိတ်လိုက်တော့၏။

ထိုစဥ် ရုတ်တရက် မြည်လာသောဖုန်းသံကြောင့် သူချက်ချင်း မျက်လုံးများ ပြန်ဖွင့်လိုက်ရလေသည်။

ထန်းမီ စိတ်အနှောက်အယှက်ဖြစ်သွားဟန် မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားတာကြောင့် ယွီယိ သူ၏ခန္ဓာကိုယ်အား လက်တစ်ဖက်ဖြင့် အမှီပြုလိုက်ရင်း ညင်သာစွာ ချော့မြူလိုက်၏။

"ဘာမှမဖြစ်ဘူး ဆက်အိပ်ရအောင်~"

လေသံခပ်တိုးတိုးသည် ထန်းမီ့အား အမှန်တကယ်ပင် စိတ်ပြေလျော့သွားစေကာ ပြန်လည် အိပ်ပျော်သွားစေခဲ့သည်။

ယွီယိ အသံလာရာဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ကာ ကုတင်ပေါ်မှဆင်း၍ စားပွဲပေါ်ရှိဖုန်းအား ကောက်ကိုင်လိုက်၏။

ခေါ်ဆိုသူ နာမည်သည် ကြယ်လေးပင်။

"ဖုရှင်းလား?" သူခဏလောက် စဥ်းစားလိုက်ပြီးနောက် လက်ချောင်းများဖြင့် ဖုန်းစခရင်အား ပွတ်ဆွဲလိုက်တော့သည်။

"ထန်းမီ ဒီနေ့ ဆိုင်ကိုလာနိုင်မှာ မဟုတ်ဘူး။ မင်းတစ်ယောက်တည်း မလုပ်နိုင်ရင် နားလိုက်"

ဖုရှင်း ခဏလောက် ဆွံ့အသွားပြီးနောက် ခပ်သွက်သွက် ပြန်ဖြေလာ၏။

"ဟီးဟီး ဒါဆို ဒီနေ့ပိတ်လိုက်မယ်။ ကျွန်မရှင်တို့ကို ဆက်မနှောင့်ယှက်တော့ဘူးနော် ဘိုင့်ဘိုင်!"

ထို့နောက် ရုတ်တရက်ကြီး ဖုန်းကျသွားတော့သည်။

ယွီယိ ပိတ်သွားသော ဖုန်းအား ကြည့်ကာ ရယ်လိုက်မိပြီး နေရာတွင် ပြန်ချထားလိုက်၏။

သူလည်း နိုးနေပြီဖြစ်၍ ပြန်အိပ်ဖို့တော့ အစီအစဥ် မရှိတော့ပေ။ ယွီယိ အိပ်ရာထဲတွင် အိပ်နေသေးသည့် ထန်းမီ့အား တစ်ချက်လှမ်းကြည့်လိုက်ကာ အိပ်ခန်းတံခါးအား ညင်သာစွာ ဖွင့်၍ မနက်စာပြင်ရန် အောက်ထပ်သို့ ဆင်းသွားလိုက်တော့သည်။

ထန်းမီ မွန်းတည့်ချိန်အထိ နိုးလာလိမ့်မည်ဟု သူမထင်မိသော်လည်း လိုလိုမယ်မယ် နှစ်ယောက်စာ ပြင်ထားလိုက်၏။

ဒီနေ့ ယွီယိတစ်ယောက် ကုမ္ပဏီသို့သွားဖို့ အစီအစဥ်မရှိချေ။ သူ မနက်စာစားပြီးနောက် ကုမ္ပဏီကိစ္စများအား ကိုင်တွယ်ရန် စာကြည့်ခန်းသို့ သွားလိုက်လေသည်။

သူ ကွန်ပြူတာမဖွင့်ခင် မိုက်ခရိုဘလော့ခ်အား ဖွင့်လိုက်ရာ မကြာသေးခင်ကမှ ယွီလုပ်ငန်းစု၏ဝေပို၌ ပြန်တင်ထားခဲ့သည့်ပိုစ့်တစ်ခုကို တွေ့လိုက်ရ၏။

ယွီကျီ၏ပို့စ် - [ ဘောစ့်ယွီ ဒီလိုလုပ်တာက ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေပါတယ်။ သူဌေးကတော်ကို အရမ်းသနားမိတယ် :'( // @Sugar Heart : သူဌေးမ အိပ်ရာက မထနိုင်တဲ့အတွက် အချိုပွဲဆိုင်ကို တစ်ရက်ပိတ်လိုက်ပါတယ်။ ]

ယွီယိ : “…”

အချိုပွဲဆိုင် ပိုစ့်အောက်မှ မှတ်ချက်များအား လိုက်ဖတ်ကြည့်လိုက်စဥ် သူ၏စကေးလ်နဲ့ ပတ်သက်ပြီး အလုအယက် မေးမြန်းနေကြသော ဖန်တစ်သိုက်အား တွေ့လိုက်ရလေတော့သည်။

….

ထိုကိစ္စအား အတော်ကြာအောင် တွေးနေပြီးနောက် ယွီယိကတော့ သူ့စကေးလ်များ အတော်ကောင်းလိမ့်မည်ဟု တထစ်ချ ယုံကြည်မိ၏။ သို့သော် ထန်းမီ နိုးလာ၍ ထိုပိုစ့်အားမြင်လျှင် အရှက်တကွဲ အကျိုးနည်းဖြစ်ကာ နာကြည်းချက်များဖြင့် သေသွားနိုင်လေသည်။

သူလော့ဟောက်အား ဖုန်းခေါ်လိုက်ကာ လုပ်ငန်းကိစ္စများအကြောင်း ပြောပြီးနောက် ဖုန်းချခါနီးတွင် ထပ်ပေါင်း၍..."အိုး ဟုတ်သား။ ငါ ဖုရှင်းရဲ့ ဝေပိုပိုစ့်ကို တွေ့လိုက်တယ် သူ့ကို ပညာမပေးသင့်ဘူးလား?"

လော့ဟောက် နှုတ်ဆိတ်နေပြီးနောက်-"စိတ်မပူပါနဲ့။ ကျွန်တော်ပညာကောင်းကောင်း ပြလိုက်ပါ့မယ်။"

ယွီယိ ကျေနပ်သွားကာ ခေါင်းညိတ်မိလိုက်တော့၏။

"အင်း နောက်ပြီး လုယွီကို ကြယ်ရောင်ပလာဇာက အချိုပွဲဆိုင်သတင်းတွေလည်း အမီလိုက်ဦးလို့ ပြောလိုက်။ အချိုပွဲဆိုင်တန်း မဖွင့်ခင် စကားလုံးရေ ၃ထောင်ထက် မနည်းတဲ့ သတင်းဆောင်းပါးတစ်ပုဒ်တော့ တင်ရမှာပေါ့။"

“…”

“နားလည်ပါပြီ”

အခုချိန်မှာတော့ ဘောစ့်ယွီတစ်ယောက် သူ့မိန်းမအတွက် လက်စားချေဖို့ နည်းနည်းလေးတောင် ညှာတာမှု မရှိတော့ပါ။

အဲဒီ နောက်မှာတော့ သူ တရုတ်စားသောက်ဆိုင်တစ်ဆိုင်အား ဖုန်းဆက်ကာ ဟင်းပွဲတစ်ချို့ မှာလိုက်ပြီးနောက် ထန်းမီ့အား နှိုးရန် အပေါ်ထပ်သို့ တက်လာခဲ့လိုက်၏။

ထန်းမီကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ ယွီယိ ကုတင်ဆီသို့ လျှောက်သွားကာ ထိုင်ချလိုက်လျှင် ပျော့ပျောင်းလှသည့်မွေ့ရာထဲသို့ နစ်မြုပ်သွားတော့သည်။

သူ ထန်းမီ၏နဖူးပေါ်ရှိ အနက်ရောင် ဆံနွယ်လေးများအား တို့ထိလိုက်ကာ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားပြီး ညင်သာစွာဖြင့်..."အချစ်လေး ထမင်းစားချိန်ရောက်ပြီ"

“ဟင်းး…”

ထန်းမီ ညည်းညူလိုက်ကာ ကိုယ်အားလိမ့်၍ ယွီယိကို ကျောပေးလိုက်တော့၏။ သူမ မထချင်သေးသည်မှာ အသိအသာပင်။

သူ ရယ်လိုက်မိကာ သူမ၏ခါးလေးအား ညာဘက်လက်ဖြင့် ပွေ့ဖက်လိုက်ပြီးနောက် ကိုယ်အား စောင်းချကာ နားထဲသို့ တီးတိုးပြောလိုက်လေသည်။

"မိန်းမ နေ့လည်စာစားချိန်ရောက်နေပြီ ဗိုက်မဆာဘူးလား?"

"မိန်းမ"ဟူသောစကားလုံးသည် သူမအား အကြီးအကျယ် ရှော့ရသွားစေခဲ့ကာ သူမ မျက်လုံး မဖွင့်ရသေးခင်မှာပင် နားရွက်များ နီရဲလာတော့၏။

သူ ထန်းမီ၏ပန်းရောင်ဖျော့ဖျော့ နားရွက်လေးအား ကြည့်ကာ လက်ချောင်းဖြင့် အသာတို့ ထိလိုက်ပြီးနောက် ထပ်၍..."ကိုယ့်မိန်းမလေး~"

ဒီတစ်ခါမှာတော့ ထန်းမီ လုံးဝနိုးလာခဲ့ပြီး သူ၏ချောမောလှသည့်မျက်နှာလေး သူမ့မျက်စိရှေ့တွင် ပေါ်လာသည်နှင့်အမျှ မနေ့ညက ရှက်စဖွယ်မြင်ကွင်းများသည် သူမ ခေါင်းထဲသို့ ဒီရေပမာ ထိန်းမနိုင်သိမ်းမရ တရိပ်ရိပ် တိုးဝင်လာလေတော့သည်။

ပြင်းထန်သည့် အရှက်ရဖွယ် ခံစားချက်များဖြင့် ထန်းမီ၏ပါးပြင်များ ပူလောင်လာတာကြောင့် သူမ နှုတ်ခမ်းကြီးစူရင်း စောင်ခေါင်းမြှီခြုံလိုက်မိတော့၏။

ထိုအမူအရာသည် အခွံ့အတွင်းသို့ ဝင်ပုန်းနေသည့် လိပ်ကလေးတစ်ကောင်နှင့် တူနေတာကြောင့် သူသဘောတကျ ရယ်လိုက်မိပြီး..."ဘာဖြစ်သွားတာလဲ?"

“ရှက်စရာကောင်းတာ တစ်ခုခုတွေးနေတာလား?"

“မဟုတ်...မဟုတ်ဘူး!”

ထန်းမီ့အသံသည် ကျယ်လောင်သော်လည်း အားနည်းနေသလိုပင်။ သူမ၏အသက်ရူသံများသည်လည်း မတည်မငြိမ်ဖြစ်နေ၏။

ယွီယိ သူမစောင်အား အောက်သို့အတင်းဆွဲချလိုက်ကာ မချိုမချဥ်ဖြင့် ပြုံးပြလျက်-"ဒါဆိုဘာဖြစ်လို့ မျက်နှာကြီး နီရဲနေတာလဲ?"

“အဲတာ...အဲတာ အသက်ရူကျပ်လို့!”

ယွီယိ ဖြူစင်ရိုးသားစဖွယ် မျက်တောင်များ ပုတ်ခတ်လိုက်လေသည်။

"အကူ အသက်ရူစက်လိုသေးလား? အလကားနော်"

ထန်းမီ : “…”

'ဒီလူ ဘာလို့ လက်ထပ်ပြီးမှ ပိုပြီးအရှက်မရှိလာတာလဲ?!'

'အရင်က ငါ့ရဲ့လူကြီးလူကောင်း ဘယ်ရောက်သွားတာလဲ?'

'လက်မထပ်ခင် ယောကျာ်းတွေပြတဲ့ သီလသမာဓိတွေ အားလုံးက ဟန်ဆောင်ထားတာပဲ!'

ယွီယိ သူမ၏ရူပ်ပွနေသည့် ဆံနွယ်များအား ပွတ်သပ်ပေးလိုက်ကာ ပါးလေးအား နမ်းရူံ့ရင်း..."ဟုတ်ပါပြီ။ ကိုယ်မစတော့ပါဘူး။ ထပြီး ရေမိုးချိုးတော့ နေ့လယ်စာစားချိန်ရောက်ပြီ။"

“အင်း…”

ထန်းမီ ဖြည်းဖြည်းချင်း စောင်ပုံထဲမှ ကုတ်ထွက်လာပြီးနောက် တစ်ခုခုအား သတိရသွားဟန် ထအော်လာလေ၏။

"နေ့လယ်စာ?!! ကျွန်မကို ဘာလို့ စောစောမနှိုးတာလဲ? အချိုပွဲဆိုင်ကရော?"

ယွီယိ ခုဏကဝေပိုပိုစ့်အား တွေးလိုက်မိကာ ခေတ္တခဏ တုံ့ဆိုင်းနေပြီးနောက်-"ဖုရှင်း ပြောတာတော့ ဒီနေ့ ဆိုင်ပိတ်တယ်တဲ့"

ယွီယိ အဖြေကြောင့် ထန်းမီ မျက်ခုံးများ လှုပ်ခတ်သွားတော့သည်။ အခု သူမတွင်လည်း ကိတ်လုပ်ဖို့ အားအင်များ မရှိသေးပေ။

ယွီယိ ထန်းမီအား နှိုးပြီးသော် လာပို့သည့်အစားအသောက်များအား အောက်ထပ်သို့ ဆင်းယူလိုက်၏။ ဆေးကြောပြီးနောက် ထန်းမီ ဖုန်းထုတ်ကာ အချိုပွဲဆိုင်၏ဝေပိုအား စစ်ဆေးလိုက်ချိန်တွင်..။

'သူဌေးမက အိပ်ရာကနေ မထနိုင်ဘူး... ဘာလဲဟ?'

[ တစ်ည ဘယ်နှစ်ခေါက်လဲ… ]

[ စီအီးအိုယွီရဲ့စကေးလ်က ကောင်းလား… ]

ထန်းမီတစ်ယောက် မှတ်ချက်များနှင့် ရှယ်ပိုစ့်များအား ကြည့်ကာ ပြောစရာစကားမဲ့သွားရ၏။

'သူ ခဏလေး အိပ်ပျော်သွားတာကို ဒီကမ္ဘာမှာ ဘာတွေဖြစ်ကုန်ကြပြီလဲ?'

ထန်းမီ လှေကားအောက်သို့ ဝရုန်းသုန်းကား ပြေးဆင်းလာကာ မီးဖိုချောင်ထဲရှိ ယွီယိအား..."ယွီယိ ကျွန်မ ဒါရိုက်တာအဖွဲ့က ဖုရှင်းဆိုတဲ့တစ်ယောက်ကို တရားစွဲမယ်!"

ယွီယိ၏လက်များ ခဏရပ်တန့်သွားကာ သူထန်းမီ့အား လှည့်ကြည့်၍..."လော့ဟောက် သူ့ကို ကောင်းကောင်း ပညာပြလိုက်မယ်တဲ့"

ထန်းမီ : “…”

'ဖုရှင်းအတွက် ရုတ်တရက်ကြီး စိတ်ပူသွားသလိုပဲ?'

သူမ အသိစိတ်ပြန်ဝင်လာချိန်တွင် ယွီယိ သူမအနားသို့ ရောက်နှင့်နေပြီဖြစ်ကာ သူ၏လှပသော အနက်ရောင် မျက်ဝန်းများထဲတွင် ကျီစယ်မှုများဖြင့် ပြည့်နှက်နေ၏။

"မင်း ခုဏကပြေးတာ မြန်လှချည်လား အရမ်းသက်သာနေပုံပဲ? ဒါဆို ဒီညလည်း ဆက်သွားလို့ရမယ် ထင်တယ်နော်”

ထန်းမီ : “…”

'မဟုတ်သေးဘူး! ဒါနောက်ထပ် စိတ်ကွဲအသစ် မဟုတ်လား?!'

စီအီးအို၏ကိုယ်ပိုင်အော်ဒါသည် လျင်မြန်စွာပင် ပို့ပေးလာတာကြောင့် ထန်းမီ စားပြီးသည်နှင့် သူမ၏အိပ်စက်မှုအား ပြန်ဖြည့်တင်းလိုက်တော့သည်။

ထင်ထားသည့်အတိုင်း ယွီယိ ထိုညတွင်လည်း ထန်းမီအား အလွတ်မပေးခဲ့ပါ။ သူတို့သွေးပူလေ့ကျင့်ခန်း လုပ်ပြီးသွားတဲ့နောက် ထန်းမီ သူမဘေးတွင် လဲလျောင်းနေသူအား မောဟိုက်စွာ မေးခွန်းထုတ်လာ၏။

"ရှင်တကယ် ယွီယိရော ဟုတ်ရဲ့လား? စိတ်ကွဲအသစ် မဟုတ်ဘူးပေါ့?"

ယွီယိ၏မျက်လုံးများသည် ရီဝေဝေဖြစ်နေသေးကာ ထန်းမီ့စကားများအား ကြားနေပြီးနောက် ခေတ္တခဏ ဆွံ့အသွားသော်လည်း ပြုံးလာခဲ့သည်။

"ဘာလို့ မေးတာလဲ?"

ထန်းမီ့အမူအရာသည် အနည်းငယ် လေးနက်နေသလိုပင်။

"ဘာလို့ဆို ဒီလူကိုကျ တကယ့်သားရဲကောင်ကြီးလို ခံစားနေရလို့"

ယွီယိ ညင်သာစွာ ရယ်လိုက်ပြီးနောက် ထန်းမီ့အနားသို့ တိုးကပ်လာကာ အသံအား တမင်တကာ နိမ့်ချ၍..."ယောကျာ်းတွေက လက်ထပ်ပြီးရင်း ဒါမျိုးတွေ ပြောင်းလဲတတ်တယ်တဲ့"

ထန်းမီ : “…”

'မဟုတ်ဘူး! ငါတော့ မယုံနိုင်ဘူး!'

'အရင်ယွီယိက အရမ်းဖြူစင်ပြီး ချစ်ဖို့ကောင်းတယ်!'

ထိုညတွင် အချိန်အကြာကြီး နှိပ်စက်ခံခဲ့ရသော်လည်း ထန်းမီတစ်ယောက် မလျော့သော ဇွဲလုံလဖြင့် နောက်တစ်နေ့မနက်တွင် အလုပ်လုပ်ရန် သူမ၏ တစ်ဝက်တစ်ပျက် ခန္ဓာကိုယ်အား အတင်းဆွဲခေါ်လာခဲ့၏။

သူမ မထွက်လာခင် ဖုရှင်း သူမအား ဒီနေ့ဆိုင်ဖွင့်မည်ဖြစ်ကြောင်း သေသေချာချာ ဖုန်းဆက်၍ အတည်ပြု ပေးလာသည်။ မသိလျှင် ထန်းမီ့၏ခရီးစဥ် အချည်းနှီးဖြစ်မည်ကို စိုးရိမ်နေသလိုပင်။

ဘန်တလေလေး အချိုပွဲဆိုင်ရှေ့သို့ ထိုးရပ်သွားချိန်တွင် ထန်းမီ စူပုတ်ပုတ်ဖြင့် ထိုင်နေသော်လည်း ဖုရှင်းတစ်ယောက် ရောက်မလာသေးချေ။

ယွီယိ ပိတ်ထားဆဲဖြစ်သည့် ဆိုင်တံခါးအား လှမ်းကြည့်လိုက်ကာ ထန်းမီ့အား..."လောဘကြီးမနေနဲ့ ကိုယ် မင်းကို၇နာရီကျရင် လာကြိုမယ်။ ညဘက်ထိမဖွင့်နဲ့တော့"

ထန်းမီ့မျက်လုံးများ လှုပ်ရှားသွား၏။ သူမ ညအထိနေမှာဟု အော်ပြောလိုက်ချင်သော်လည်း နောက်ဆုံးမှာတော့ ခေါင်းသာ ညိတ်ပြလိုက်ရတော့သည်။

သူမ ကားပေါ်က ဆင်းဆင်းချင်းမှာပဲ ဖုရှင်း လော့ဟောက်၏ကားနှင့် ရောက်လာသည်ကို မြင်လိုက်ရ၏။

ထန်းမီ ပါးစပ်အဟောင်းသား ဖြစ်သွားကာ သူမမျက်နှာတွင်လည်း စိုးထိပ်မှုအပြည့်နှင့်ပင်..။

"နင် ဘယ်လိုလုပ်ပြီး လော့ဟောက်နဲ့ ရောက်လာတာလဲ?"

ဖုရှင်း : "အော် ငါသူနဲ့ ပြောင်းနေလိုက်တာလေ။ လူကြီးမင်းလော့က တကယ်သဘောကောင်းတယ်။ အိမ်လခကိုလည်း ငါးရာပဲ ယူပြီး ရေအားလျှပ်စစ်ဖိုးတောင် အလကား ပေးလိုက်သေးတယ်။"

ထိုစကားအဆုံးတွင် ထန်းမီနှင့်ယွီယိတို့ နှစ်ယောက်စလုံး လော့ဟောက်အား တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်တော့၏။

လော့ဟောက် သူတို့အား အပြစ်ကင်းသဖွယ် အပြုံးလေးဖြင့်..."ဖုရှင်းက စီအီးအိုယွီဇနီးရဲ့ သူငယ်ချင်းဆိုတော့ ကျွန်တော်လည်း တတ်နိုင်တဲ့ဘက်က အကောင်းဆုံး ကူညီပေးရတာပေါ့ဗျာ"

ထန်းမီ : “…”

'သူယောကျာ်းလိုနေတယ်။ ပြောရင်ရော ရှင်ကူညီပေးမှာမဟုတ်လား?'

_____________________________________________

All Chapters