Chapter 55
Vol. 6 Ch. 65
ဝင်နီသည် ချက်ဆင်တွန်၏ ဂုဏ်အယူရဆုံးကျောင်းသူ ဖြစ်ကာ ဆမ်ဆောင်းစားသောက်ဆိုင်တွင်လည်း စားဖိုမှူးလုပ်ခဲ့ဖူး၏။
သို့သော် ပြင်သစ်အချက်အပြုတ်လောကတွင် သူမ၏အကျော်ကြားဆုံးအရာဟာ အချက်အပြုတ်စကေးလ်မဟုတ်ဘဲ သူမ၏အဆုံးမဲ့ အရှုပ်တော်ပုံများပင် ဖြစ်သည်။ သူမ၏ စားသောက်ဆိုင်သို့လာသည့် အမျိုးကောင်းသားများနှင့် အနုပညာရှင်တိုင်းအား သူမ၏အစားအသောက်များဖြင့် အနိုင်ယူလိုက်ပုံပင်။
စားဖိုမှူးဝင်နီသည် သူတို့အသိုင်းအဝန်းတွင် အတင်းအဖျင်းဘုရင်မ ရာထူးအား ရထားသော်လည်း သူမ၏ထူးကဲသော ချက်ပြုတ်မှုစွမ်းရည်ကြောင့် စားသုံးသူများသည် သူမ၏စားသောက်ဆိုင်တွင် စားရင်းနှင့်ပင် သူမအတင်းအား ပြောကြရသည်အထိ နာမည်ကြီး၏။
ထိုအရာကြောင့်ပဲ သူမ ပြင်သစ်ရှိအလုပ်အား စွန့်လွှတ်ကာ ယွီယိ၏ပြင်သစ်အချိုပွဲဆိုင်တွင် တာဝန်ယူပေးဖို့ ကမ်းလှမ်းချက်အား လက်ခံခဲ့ခြင်းပင်။ ညဘက် လမ်းများများလျှောက်လျှင် သရဲတစ္ဆေနှင့် ကြုံတွေ့ရတတ်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ အရမ်းကိုထက်မြက်သည့် မိန်းမတစ်ယောက်ကြောင့် ကျော်ကြားမှုများအား ရှောင်ရှားဖို့အတွက် နိုင်ငံခြားကိုတောင် ထွက်ရန် လိုအပ်ခဲ့၏။
ယွီရှင်း ကားပေါ်တွင်ထိုင်ကာ [အချစ်ချိုချို]၏ ဝေပိုအကောင့်ထဲအား ဟိုမွှေဒီမွှေလုပ်နေစဥ် လော့ဟောက် လှပသည့်ဆံပင်ရွှေရောင်ဖြင့် အမျိုးသမီးတစ်ဦးအား ကားဆီသို့ ဦးဆောင်ခေါ်လာလေသည်။
သူမ ရပ်ကာ ကားမှန်အား နှစ်ကြိမ်တိတိ ခေါက်လိုက်လျှင် ယွီရှင်း ဖုန်းချကာ ကားမှန်ချပေးလိုက်၏။
"လူကြီးမင်းယွီ မတွေ့ရတာတောင်ကြာပြီ"
သူမ ပြင်သစ်စကားဖြင့် ပြောနေကာ သူမ၏နီရဲရဲ နှုတ်ခမ်းတစ်စုံသည် တမူထူးစွာ ရမ္မက်များအား ဆွဲဆောင်နေဟန် ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေ၏။
ယွီရှင်း နှုတ်ခမ်းသပ်လိုက်ကာ သူမအား ပြင်သစ်စကားဖြင့် ပြန်နှုတ်ဆက်လိုက်တော့သည်။
"ယွီကုမ္ပဏီကနေ ကြိုဆိုပါတယ်"
မုဆိုးသည် သားကောင်အား တွေ့လျှင်ပြုံးသည့် အပြုံးသဖွယ် ဝင်နီ၏မျက်လုံးအရောင် ဖျော့ဖျော့လေးများသည် ပြုံးရယ်နေ၏။ သူမကားတံခါးအား ဆွဲဖွင့်ကာ ယွီရှင်းဘေးတွင် ထိုင်ချလိုက်ရင်း..."အာရှသား တစ်ချို့တစ်လေလောက်ပဲ ရှင့်လို ထူးချွန်ကြတာ"
ယွီရှင်း အနည်းငယ် ရယ်ကာ သူမအား ရိုးသားစွာပင် ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ဒရိုင်ဘာအား ဟိုတယ်သို့မောင်းခိုင်းလိုက်တော့သည်။
ကုမ္ပဏီသည် ဒင်းအူဟိုတယ်မှ အခန်းအား ကြိုတင်ဘိုကင်လုပ်ပေးထားတာဖြစ်ပြီး ဧည့်ကြိုကောင်လေးသည် ဝင်နီ၏ခရီးဆောင်အိတ်အား ကူသယ်ပေးကာ သူတို့နောက်မှလိုက်လာခဲ့၏။
ယွီရှင်း လော့ဟောက်ဆီမှ အခန်းကတ်အားယူကာ ဝင်နီ့လက်ထဲထည့်ပေးလိုက်ပြီးနောက်-"ဒါ မင်းရဲ့အခန်းကတ်။ နောက်မှကျ ကုမ္ပဏီကနေ မင်းအတွက် အထူးသီးသန့် နေရာစီစဥ်ပေးလိမ့်မယ်"
ဝင်နီ မျက်ခုံးများ ပင့်လိုက်မိ၏။ ဒါသည် စာချုပ်ထဲတွင် ရေးထားပြီးသားပင်။ ထိုကဲ့သို့ မက်လောက်စရာ ကမ်းလှမ်းချက်များ မရှိပါက သူမလည်းလွယ်လွယ် လက်ခံလိုက်မည်မဟုတ်။ သူမ လက်ဆန့်ထုတ်ကာ ယွီရှင်း လက်ထဲမှကတ်အား လက်ချောင်းများဖြင့် ညှပ်ယူပြီးလျှင်..."ရှင်ရော ခဏလောက် မထိုင်သွားတော့ဘူးလား?"
ယွီရှင်း နှုတ်ခမ်းအား ပင့်လိုက်ချိန်တွင် ချက်ချင်းပင် ပါးချိုင့်များပေါ်လာတော့၏။
"ငါ မင်းကို စားသောက်ဆိုင်မှာ စောင့်နေပါ့မယ်"
သူ ပြောပြီးသည်နှင့် လော့ဟောက်အား ခေါ်ကာ စားသောက်ဆိုင်သို့ ထွက်သွားလေသည်။ ဝင်နီ သူ၏နောက်ကျောအား သံသယများဖြင့် ကြည့်လိုက်မိတော့၏။ ယွီယိ သူတို့ ပြင်သစ်မှာ ဆုံတုန်းကထက် ပိုပြီးပြောင်းလဲနေ သလိုပင်။
သူမ မျက်လုံးများ လှုပ်ရှားသွားပြီးနောက် ဓါတ်လှေကားထဲသို့သာ ဝင်သွားတော့သည်။
သို့သော် သူပိုပြီးဆွဲဆောင်မှုရှိလာသလို ပိုပြီးလည်း စိတ်ဝင်စားစရာကောင်းလာသည်ဟု သူမတွေးလိုက်မိ၏။
ယွီရှင်း ဟိုတယ်ထဲရှိ စားသောက်ဆိုင်တွင် ထိုင်နေကာ ဝင်နီ ခရီးဆောင်အိတ်အား ချပြီးသည်နှင့် သူ့အားရှာရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။
"စီအီးအိုယွီ ရှင်တကယ် ကျွန်မအခန်းထဲမှာ မထိုင်ချင်ဘူးလား? အဲက အငွေ့အသက်က ဒီမှာထက် ပိုကောင်းတယ်"
ယွီရှင်း သူမနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေကာ ရှေ့သို့ မော့ကြည့်လာပြီး စားပွဲအား'တတောက်တောက်' ဖြင့် ခေါက်နေလေ၏။
"စားဖိုမှူးဝင်နီ မင်းတော့ သိလောက်မှာ မဟုတ်ဘူး။ ငါနောက်လဆို မင်္ဂလာဆောင်တော့မှာ"
ဝင်နီ တကယ် ထိုကိစ္စအား မသိခဲ့ပေ။ သူမမသိမသာ နှာမှုတ်လိုက်ပြီးနောက် ပြန်ပြုံးလာခဲ့၏။
"ယောကျာ်းတစ်ယောက်အတွက်တော့ အိမ်ထောင်ရေးကိစ္စဆိုတာ လုပ်ထုံးလုပ်နည်းတစ်ခုပါပဲ"
ယွီရှင်းပြုံးလိုက်သည်။ သို့သော် အနက်ရောင်မျက်ဝန်းများထဲတွင် ဘာဒေါသအရိပ်အယောင်မှ မပါချေ။
"မင်းအရင်က သိခဲ့ဖူးတဲ့ ယောကျာ်းတွေ အကြောင်း ငါမသိဘူး။ ဒါပေမဲ့ ငါ မင်းကိုတော့ လုံးဝ စိတ်မဝင်စားဘူး"
ဝင်နီ ထိုကဲ့သို့ တည့်တိုးကြီး ငြင်းဆိုမှုအား တစ်ခါမှ မခံခဲ့ရဖူးတာကြောင့် အနည်းငယ် ပေါက်ကွဲသွားတော့သည်။
"စီအီးအိုယွီ ကျွန်မရှင်နဲ့ပူးပေါင်းဖို့ ဘာလို့လက်ခံခဲ့တယ်လို့ထင်လဲ?"
ယွီရှင်း : "ငါ မင်းကိုပေးတဲ့ အခွင့်အရေးတွေက အရမ်းကောင်းလို့ နောက်ပြီး အဲဒီဆိုင်က အေမြို့ရဲ့အထင်ကရ အချိုပွဲဆိုင်တစ်ခု ဖြစ်လာမှာမို့လို့"
ဝင်နီ အထင်မကြီးသည့်လေသံဖြင့် ပြန်ချေပလာ၏။
"ပြင်သစ်မှာ ကျွန်မရဲ့အဲလိုစားသောက်ဆိုင်တွေ အများကြီးပဲ" သူမ သူ့ဘက်သို့ အနည်းငယ် ကိုယ်တိမ်းစောင်းလာကာ သူမ၏အနီတောက်တောက် နှုတ်ခမ်းတစ်စုံအား ဖြည်းဖြည်းချင်း ပင့်လာခဲ့သည်။
"ကျွန်မရှင်နဲ့ ပူးပေါင်းခဲ့တာက ရှင်က ယောကျာ်းကောင်း တစ်ယောက်ဖြစ်နေလို့"
ယွီရှင်း : "ကံဆိုးစွာနဲ့ပဲ ငါက တစ်စုံတစ်ယောက်ရဲ့ ခင်ပွန်းဖြစ်နှင့်နေပြီ"
ဝန်နီ : “…”
ဝင်နီ သူမ၏မျက်နှာချင်းဆိုင်ရှိ ထိုယောကျာ်းအား စိုက်ကြည့်လိုက်မိပြီး သူ၏ဆီထဲ ဆားမပျော်ဆိုသည့် ခံယူချက်သည် သူမ၏အနိုင်ယူလိုစိတ်အား ပို၍လှုံဆော်ပေးနေသလိုပင်။
"ကျွန်မတို့ တရားဝင် စာချုပ်မချုပ်ဆိုရသေးဘူးနော်။ ကျွန်မငြင်းမှာကို မကြောက်ဘူးလား?"
ယွီရှင်း ခေါင်းအနည်းငယ် မော့ကာ ထိခိုက်နစ်နာလိုမှု မရှိဟန် ရယ်လိုက်တော့၏။
"မင်းမှားနေပြီ ထင်တယ်ယွီ မင်းရဲ့အခြေအနေနဲ့ဆို မင်းကို စာချုပ်ချုပ်ရဲတဲ့သူက ငါက လွဲပြီးမရှိဘူးနော်။" သူ စကားစအား ခဏရပ်လိုက်ပြီးနောက်-"အက်ဒလိုင်း မင်းရဲ့စားသောက်ဆိုင်ကို လာသွားတာ သိပ်မကြာသေးဘူးလို့ ကြားတယ်။ အဲ သတင်းနာမည်ကြီးပဲနော်"
ဝင်နီ၏မျက်နှာ ရုတ်တရက် မမြင်နိုင်လောက်ထိ မှောင်ကျသွားတော့၏။ အကယ်၍ အက်ဒလိုင်းရဲ့အရူးလိုမိန်းမမှာသာ နောက်ခံကောင်းကောင်း မိသားစု မရှိခဲ့ရင် သူမ ဒီလိုအမြီးကုတ်ပြီး နိုင်ငံပတ်ပြေးနေရမှာ မဟုတ်ချေ။ ပြောရရင် အက်ဒလိုင်းကလည်း အနည်းငယ် ပေါကြောင်ကြောင် နိုင်လှသည်။ သူ့မိန်းမရှေ့မှာဆို အီးတောင် မပေါက်ရဲပေ။
"မင်း ငါနဲ့ မပူးပေါင်းချင်ရင်တောင် ငါ လုံးဝမတားဘူးနော်။ အချိန်မရွေး ပြင်သစ်ကိုပြန်မယ့် လေယာဥ်ငှားပေးလို့ရမယ်"
ယွီရှင်း သူမ၏မသာမယာ မျက်နှာထားဖြင့် ကြည့်ကာ တည်ငြိမ်စွာပြောလာ၏။
ဝင်နီ သူ့အား အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ပြုံးပြကာ-"စီအီးအိုယွီနဲ့ အလုပ်တွဲလုပ်ခွင့်ရတာ ကျွန်မဝမ်းသာမိပါတယ်"
ယွီရှင်း ရယ်လိုက်ပြီးနောက်-"ကဲ ဒီလိုဖြစ်သွားပြီဆိုမှတော့ မှာကြတာပေါ့"
ထိုဟိုတယ်မှ အစားအသောက်သည် အရမ်းကို အတွဲအစပ်မိခဲ့၏။ ဝင်နီ ညစာစားပြီးနောက် လေယာဥ်စီးလာရသဖြင့် ပင်ပန်းနေပြီဟုပြောကာ အခန်းသို့ပြန်လာခဲ့လိုက်သည်။
ရှေ့ဝိုင်းတွင်ထိုင်နေသော လော့ဟောက်သည် ခဏလောက် တိတ်ဆိတ်နေပြီးနောက် မသက်မသာဖြင့်ပြောလာ၏။
"စားဖိုမှူးဝင်နီက အမြဲ မကောင်းတဲ့မှတ်ချက်တွေရနေတာ သူ့ကိုပြင်သစ်အချိုပွဲဆိုင်မှာ တာဝန်ယူခိုင်းလို့ ကောင်းပါ့မလား?"
ယွီရှင်း : "သူ့ရဲ့အချစ်ရာဇဝင် အတ္ထုပ္ပတ္တိတွေက တရုတ်မှာထက် ပြင်သစ်မှာပဲ ပိုကျယ်ပြန့်တာ ဒါပေမဲ့ ပြင်သစ်က သူ့စားသောက်ဆိုင်တွေမှာတောင် အမြဲလူအပြည့်ပဲ အစားအသောက်ကိုပဲ ဂရုစိုက်တဲ့လူက စားဖိုမှူးဆိုးလား။ ကောင်းလားတွေ ဂရုမစိုက်ဘူး။ စားဖိုမှူးတစ်ယောက် မနေ့ညက ဘယ်သူနဲ့ အိပ်ခဲ့လဲဆိုတာ ဘယ်သူက ဂရုစိုက်လို့လဲ?"
နောက်တစ်နေ့မနက်တွင် ယွီရှင်း သူပြောခဲ့သည်များကို ချက်ချင်း နောင်တရသွားတော့၏။
စားသုံးသူတွေ ဂရုမစိုက်ပေမယ့် ကံဆိုးစွာဖြင့် အခုသတင်းကတော့ သူဖြစ်နေလေပြီ။
အခုတလော သူ့နောက်ကိုပဲ သတင်းထောက်တွေ လိုက်နေတာလား။ ဒါမှမဟုတ် ဝင်နီ့ဘက်က ပါပါရာဇီတွေကပဲ။ သူတို့ဟိုတယ်သွားတဲ့ လမ်းတစ်လျှောက်လုံး လိုက်လာခဲ့တာလား မသိပေမယ့် ယွီရှင်း သူမအား ဟိုတယ်အခန်းကတ် ပေးနေသည့်ပုံကြီးသည် ပျံ့နှံ့လာခဲ့၏။
မကြာသေးခင်ကမှ ယွီရှင်း ကြေညာထားသည့် မင်္ဂလာသတင်းကြောင့် သတင်းပေါက်ကွဲမှု အရှိန်သည် နှစ်ဆဖြစ်သွားခဲ့ရသည်။
ဝင်နီ၏အရှုပ်တော်ပုံသည် ပြင်သစ်စားသောက်ကုန် လုပ်ငန်းနယ်ပယ်တွင်သာ အမြဲလိုလို စောင့်ကြည့်ခံခဲ့ရသော်လည်း ဒီနိုင်ငံအတွင်းရှိ လူများကတော့ သူမအား သိပ်မသိကြသေးသဖြင့် ပရိသတ်အများအပြားသည် ယခု အခြေအနေအား အဖြေရှာမရကြသေးဘဲ ငွေလျှံသည့်စီအီးအိုတွေကို ယုံစားလို့မရဘူး ဟု ကြွေးကြော်သည့်အဆင့်သာရှိသေး၏။
ယွီယိအဖေသည်လည်း သူတို့စကားများပြီးနောက်ပိုင်း အခုမှသာ ပထမဆုံးဖုန်းဆက်လာခြင်းပင်။
"မင်း ထန်းမီ့ကို လက်ထပ်တော့မှာ မဟုတ်ဘူးလားကွ? ငါထင်ထားတာထက်တောင် သူ့ကို တော်တော်လေး ချစ်နေပါ့လား"
ယွီရှင်း : “…”
အဖေကြီးယွီ သူ့အားလှောင်ပြောင်သည်မှာ အရေးမဟုတ်သော်လည်း ထန်းမီနှင့်သူ့အမေတို့ ထိုသတင်းအားတွေ့သွားခဲ့လေသည်။
လူထုဆက်ဆံရေးဌာနနှင့် သတင်းဖြန့်ချိရေးဌာနတို့ ပထမဆုံးအကြိမ် ဖြေရှင်းချက်အား ထုတ်ပြန်ခဲ့သော်လည်း ယခုအချိန်တွင် အားလုံးသည် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပြီး မည်သူမျှ ဖြေရှင်းချက်အား နားမထောင်ချင်ကြပေ။
ယွီရှင်း ထန်းမီ့ကို ဖုန်းခေါ်လာချိန်တွင် သူမတကယ်ပင် ပထမဆုံးစကားအား နားထောင်ရမှာ ကြောက်နေမိတော့သည်။
"မကြားချင်ဘူး! ဘာမှ မကြားချင်ဘူး!"
ဖုန်းလေးသည် အချိန်ကြာအောင် အသံမြည်နေပြီးမှ ထန်းမီ ကိုင်လိုက်တော့သည်။ သူမအသံသည် အခြေအနေ လုံးဝမကောင်းချေ။
"ယွီရှင်း ရှင်ကျွန်မကို ဖုန်းဆက်ဖို့တောင် အရှက်မရှိတော့ဘူးလား? ယွီယိမှာတော့ နှစ်တွေအများကြီး ဂုဏ်သိက္ခာရှိရှိ နေလာခဲ့ရတာ ရှင်ရောက်လာပြီး သိပ်မကြာဘူး။ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်ကုန်တော့တာပဲ။ ရှင် ဝင်နီဘယ်သူလဲဆိုတာရော သိရဲ့လား??! ကျွန်မ ပြင်သစ်မှာ နေလာတုန်းက သူ့အရူပ်ဇယားတွေချည်း ကြားခဲ့ရတာ!"
ယွီရှင်း : “…”
သူအသက်ဝဝ တစ်ချက် ရူသွင်းလိုက်ကာ ရှင်းပြခြင်းအမှု စတင်လိုက်တော့၏။
"အဲတာမီဒီယာက လုပ်ကြံရေးထားတာ ဟိုတယ်ကို ကုမ္ပဏီကပဲ ဘိုကင်လုပ်ပေးထားတာ အဲအချိန်တုန်းက လော့ဟောက်လည်း ကိုယ့်နောက်မှာပါတယ်။ သူတို့ သူ့ကိုကျ ဘာလို့ထည့်မရိုက်တာလဲ!"
"ရှင်က ပိုချောပြီး ဓါတ်ပုံစားလို့နေမှာပေါ့!"
ယွီရှင်း အခုမှအတွေးဝင်သွားသလိုပင်...“ကိုယ်လည်း အဲလိုတွေးမိတယ်”
ထန်းမီ : “…”
ထန်းမီ ဒေါသထောင်းခနဲ ထွက်သွားကာ ဖုန်းအားချလိုက်လျှင် ယွီရှင်းစိတ်ရှည်ရှည်ဖြင့် ပြန်ခေါ်လာ၏။
"အချစ်လေး တကယ်ဒေါသထွက်နေတာလား?"
ထန်းမီ : "ယွီယိရဲ့သိက္ခာက ရှင့်ကြောင့်ပျက်စီးသွားပြီလေ။ ဒေါသထွက်တာပေါ့!"
ယွီရှင်း နှုတ်ခမ်းအား အနည်းငယ် စူလိုက်ကာ-"အချစ် မနေ့ကရော ဒီနေ့ရော မင်းသူ့ကိုနှစ်ခါတောင် ထည့်ပြောတယ်နော်။ ကိုယ်အခုမင်းကို လာကိုက်တော့မယ်။"
သူစကားဆုံးသည်နှင့် ဖုန်းချလိုက်ကာ ကုတ်အင်္ကျီအား ဆွဲဝတ်ရင်း ထွက်သွားလေတော့သည်။
လော့ဟောက် ဓါတ်လှေကားထဲမှ ထွက်ထွက်လာချင်း သူအောက်ထပ်သို့ ဆင်းသွားသည်ကို မြင်တာကြောင့် လှမ်းတားလိုက်ရ၏။
"ဘယ်ကိုသွားမလို့လဲ? မီဒီယာသမားတွေ အခုအောက်ထပ်မှာ"
ယွီရှင်း စိတ်မရှည်စွာ မျက်မှောင်ကြုတ်လိုက်မိပြီး..."ကောင်းသားပဲ သူတို့ကိုရှာရမှာ အချိန်ကုန်သက်သာတယ်"
သူ ပြောရင်းဆိုရင်းပင် ဓါတ်လှေကားထဲ ဝင်သွားတာကြောင့် လော့ဟောက်ပါ အူကြောင်ကြောင်လေး သူနဲ့အတူလိုက်ဝင်ရတော့သည်။
သူပြောသည့်အတိုင်းပင် ကုမ္ပဏီ၏ဘေးပတ်ပတ်လည်တွင် သတင်းထောက်များဖြင့် ဝန်းရံခံထားရပြီး ဂိတ်အပြင်မှ လုံခြုံရေးများသည်ပင် သူတို့အား မတားဆီးနိုင်တော့ချေ။
ယွီရှင်းထွက်လာသည်ကို မြင်သည်နှင့် သတင်းထောက်အုပ်ကြီးသည် ချက်ချင်း ဆူဆူညံ့ညံ့ဖြစ်လာ၏။ ယွီရှင်း မျက်မှောင်ကြုတ်ကာ ရှေ့အားတန်း၍ လျှောက်လာလေသည်။
"စီအီးအိုယွီ!" သတင်းထောက်သည် ချက်ချင်း သူ၏မိုက်ခရိုဖုန်းအား ယွီရှင်းထံ ထိုးပေးလာကာ-"စားဖိုမှူးဝင်နီနဲ့ ပတ်သတ်မှုကို တစ်ချက်လောက် ပြောပြပေးပါ"
"စီအီးအိုယွီ လွန်ခဲ့တဲ့နှစ်ရက်ကပဲ သတင်းခေါင်းစီးပိုင်းမှာ မင်္ဂလာသတင်းကိုကြေညာခဲ့ပြီး အခုစားဖိုမှူးဝင်နီနဲ့ သတင်းထွက်နေပြန်ပြီ ဒါတွေအားလုံး ကြယ်ရောင်ပလာဇာအတွက် သတင်းက စားမှုတစ်ခုလား?"
"စီအီးအိုယွီ စားဖိုမှူးဝင်နီက ပြင်သစ်မှာ တစ်ယောက်ယောက်ကို စော်ကားခဲ့တယ်လို့ကြားတယ် တစ်ချိန်တည်းမှာပဲ ခင်ဗျားကသူ့အတွက် လက်ကမ်းပေးခဲ့တာဆိုတော့ ဒါအချစ်စစ်ကြောင့်ပဲလား?"
ယွီရှင်း : “…”
'မင်း ဂျီးတော်ကိုပဲ အချစ်သွားစစ်လိုက်!'
ယွီရှင်း ဆဲပစ်ချင်သည့်ဆန္ဒအား မျိုသိပ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ သတင်းထောက်များအား ပြုံးပြ၍..."အခုတလော အနုပညာနယ်ပယ်မှာ အတင်းအဖျင်းသတင်းတွေ မရှိတော့လို့လား? မင်းတို့ ငါ့ကို ဒီမှာရပ်စောင့်ဖို့တောင် အချိန်ပေါနေရင် မော့ထျန်းမှာ အိမ်ထောင်ကွဲရှိ မရှိကို အာရုံစိုက်တာ ပိုမကောင်းဘူးလား?"
သတင်းထောက်များ : မော့...မော့ထျန်းမှာ အိမ်ထောင်ကွဲရှိတယ်?!!"
အကုန်လုံး ထိုသတင်းကြောင့် ရှော့ရသွားခဲ့သည်။ စီအီးအိုယွီသည် ချောမောသော်လည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်သာဖြစ်သည်။ သူ မော့ထျန်းလိုမျိုးတော့ ထင်ပေါ်ကျော်ကြားမနေပါ။
'သူဘာလို့ အတွင်းသတင်းကို ဘာလို့အတိအလင်း ပြောနိုင်တာလဲ? အိုး ဟုတ်သား စီအီးအိုယွီနဲ့ ဘုရင်ကြီးမော့က ဗီလာတစ်ခုတည်းမှာ နေကြတာကိုး!"
'မော့ထျန်းမှာ တကယ်ကြီး အိမ်ထောင်ကွဲရှိတာလား?!!'
ထိုအချိန် ယွီရှင်း၏ကားလေး အချိန်ကိုက် ရောက်လာတာကြောင့် အားလုံး ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာပင် သူကားပေါ်သို့ အမြန်တက်လိုက်တော့သည်။
ကားပေါ်တွင် လော့ဟောက်၏မျက်နှာသည် အလွန်တည်တံ့နေ၏။ သူ အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးနောက် မနေနိုင်တော့ဘဲ မေးလိုက်လေသည်။
"စီအီးအိုယွီ မော့ထျန်းမှာတကယ် အိမ်ထောင်ကွဲရှိတာလား?"
'ငါကြားတာတော့ သူ့မိန်းမကို အမြဲပွဲထုတ်ပြီး အချစ်စစ်ကို တွေ့နေပြီဆို'
ယွီရှင်း သူ့အားကြည့်လာကာ-"ဘာလို့လဲ မင်းမော့ထျန်းပရိသတ် ဖြစ်နေတုန်းလား?'
လော့ဟောက် ခေါင်းအားခါရမ်းလိုက်ပြီးနောက်-"ကျွန်တော်မဟုတ်ဘူး ထန်းမီနဲ့ဖုရှင်း"
ယွီရှင်း : “…”
ဂျာနယ်လစ်များ မော့ထျန်း၏အိမ်ထောင်ရေး ကိစ္စများအကြောင်း အပြိုင်အဆိုင် သတင်းယူနေကြစဥ် မော့ထျန်းကတော့ နောက်ဘယ်တော့မှ ယွီစားသောက်ဆိုင်တွေ မထိုင်တော့ဘူးဟု ဝေပိုမှာ ရေးတင်လိုက်လေတော့သည်။
_____________________________________________