Chapter 1
Vol. 1 Ch. 1
အကြောင်းအမျိုးမျိုးကြောင့် အခုတလော စုရှီ ကံမကောင်းပဲ ဖြစ်နေသည်။
သူ(မ)လမ်းလျှောက်နေစဉ်တွင် ကားနှင့်တိုက်မိလုနီးပါးဖြစ်ခဲ့ပြီး ရေနစ်မလိုပါ ဖြစ်ခဲ့လေသည်။
အဲ့ဒါတင်ပဲ မဟုတ်သေးပါပေ။
လွန်ခဲ့သောသုံးရက်ခန့်က၊ သူ(မ)သည် အားကစားပေါင်းစုံပွဲတော်တွင် တာဝေးပြေးပြိုင်ပွဲ၌ ပါဝင်ခဲ့သည်။ ခက်ခက်ခဲခဲဖြင့် အဆုံးသတ်မျဉ်းကို ဖြတ်ကျော်ပြီးပထမနေရာကို ရရှိခါနီးဖြစ်ပေသည်။ သို့သော်လည်း ရုတ်တရက် ခဲလုံးဖြင့် ခလုတ်တိုက်မိ၍ ကျောင်းသားအားလုံး၏ရှေ့တွင် လဲကျသွားခဲ့ပြီး ကြမ်းပြင်နှင့် သူ(မ)၏မျက်နှာ မိတ်ဆက်သွားခဲ့လေသည်။
ထိုမျှဖြင့် မပြီးသေးချေ ။ သူ(မ)မတ်တပ်ရပ် လိုက်သည့်အခါ ခြေကျင်းဝတ်တွင်လည်း အသည်းခိုက်အောင်နာကျင်မှုကို ခံစားလိုက်ရလေသည်။ သူ(မ)သည် ခြေထောက်ထော့နဲ့ ထော့နဲ့ဖြင့် ကျောင်းဆေးခန်းသို့ သူမ၏အတန်းဖော်များ အကူအညီဖြင့် ရောက်ခဲ့ရသည်။ ထို့နောက် ညာဘက်ခြေကျင်းဝတ် ကျိုးသွားသည်ကို သိလိုက်ရပေသည်။
ပြန်လည်ကောင်းမွန်ရန် ရက်ပေါင်းများစွာ အနားယူပြီး ဖြစ်သော်လည်း ဆေးရုံတွင် လဲလျောင်းရုံ ကလွဲပြီး စုရှီတွင် တစ်ခြားရွေးချယ်စရာမရှိပါ။
သူ(မ)သည် အထက်တန်း ဒုတိယနှစ်ကျောင်းသူ ဖြစ်ပေသည်။ အခင်ဆုံးအတန်းဖော် သူငယ်ချင်းနှစ်ယောက် ရှိသော်လည်း သူတို့သည် စာလုပ်ရမည်ဖြစ်သောကြောင့် သူ(မ)ဆီသို့ မကြာခဏ မလာလည်နိူင်ပေ။
စုရှီ၏အဖေနှင့် အမေသည်လည်း နှစ်ကုန်ချိန်တိုင်း စက်ရုံတွင် အလွန်အလုပ်များသောကြောင့် သူတို့ကိုယ်သူတို့ပင် ဂရုမစိုက်နိုင်ပေ။ သူတို့သည် စုရှီကို ဆေးရုံတွင် သူ(မ) တစ်ယောက်တည်းသာနေစေပြီး အလုပ်ပြီးသောအခါမှသာ သူ့ဆီလာလေ့ရှိသည်။
စုရှီသည် ဆေးရုံကုတင်တွင် တစ်ယောက်တည်း လဲလျောင်းနေပြီး ဖုန်းသာပွတ်နေလေသည်။ ဂျယ်လ်ဘောပင်ကို သုံးပြီး ပလာစတာပေါ်တွင် လုံးဝမဲနက်သည်အထိ ရေးဆွဲပြီး စိတ်ပျက် ငြီးငွေ့ဖွယ်ကောင်းသောအခြေအနေကို ကုန်ဆုံးလေသည်။
ဂိမ်းနှစ်ခုလောက် ဒေါင်းလုတ်ဆွဲရန် app storeကိုဖွင့်ခဲ့လေသည်။ ရုတ်တရက် ' ဧကရာဇ်လမ်း၊ နာမကျန်းဖြစ်နေသော မင်းသားကသာလျှင် သင့်ကိုနှစ်သက်သည်'ဆိုသော ရှေးခေတ်ဂိမ်းတစ်ခုသည် သူ(မ)၏အာရုံကို ဖမ်းစားသွားခဲ့လေသည်။
'”ချီး၊ ဒီဂိမ်းနာမည်က တော်တော်လေးရှက်ဖို့ကောင်းတာပဲ၊ ကြည့်ရတာ ကြမ်းတော့ ကြမ်းယ့်ပုံပဲ။”
သို့သော်လည်း စုရှီအား ဆွဲဆောင်လိုက်သည်မှာ ဂိမ်း၏မိတ်ဆက်ပင်ဖြစ်သည်။
"မင်းရဲ့ကံတရားကို ပြောင်းလဲပစ်ချင်လား? ဘဝမှာ ကံအကောင်းဆုံးလူ ဖြစ်ချင်လား? ဒါဆိုရင် ဒီဂိမ်းကို ကစားလိုက်ကြရအောင်၊ ဒီထူးခြားတဲ့ အတွေ့အကြုံကနေ တစ်ဆင့် မင်းသားတစ်ပါးဆီကနေ အနှစ်သက်ခံရတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို သိသွားလိမ့်မယ်၊ ဒီအထူး အတွေ့အကြုံကနေ မင်းဟာ ကံကောင်းတဲ့ လူဖြစ်လာလိမ့်မယ်"
စုရှီသည် အလွန်အမင်း စိတ်လှုပ်ရှား သွားလေသည်။
သူ(မ)သည် အယူသည်းသည့်သူမျိုးတော့ မဟုတ်ပေ။ သို့ရာတွင်သူ(မ)သည် ငယ်ငယ်ကတည်းကပင် ကံမကောင်းသည့်လူမျိုးဖြစ်လေသည်။
သူ(မ)သည် စားဝတ်နေရေးအတွက်ပူပင်ကြောင့်ကြစရာမလိုသည့်အပြင် သူ(မ)၏အဆင့်များမှာလည်း ကောင်းမွန်၍ မိသားစုအခြေအနေမှာလည်း ကောင်းမွန်သော်လည်း မတော်တဆ အသေးစားများနှင့် အကြီးစားများကို ဆက်တိုက် ကြုံတွေ့နေရသည်။
မတော်တဆ အကြီးစားများမှာ အရိုးများကျိုးသည်အထိဖြစ်ပြီး အသေးစားများမှာ ဘောပင်လှည့်နေစဉ်တွင် လက်ရှမိတာမျိုးပင် ဖြစ်သည်။ ထိုသို့သော မတော်တဆမှုများက စုရှီ၏ဘဝကို မေးခွန်းထုတ်လာစေပေသည်။
လတ်တလောမှာတော့ သူ(မ)ဆေးရုံမှာပင် လဲလျောင်းနေရပေသည်။ စုရှီသည် ဒေါင်းလုတ်ဆွဲရန် ခလုတ်ကို နှိပ်လိုက်လေသည်။ မည်သို့ပင်ဆိုစေကာမူ သူမတွင်လုပ်စရာလည်းမရှိပေ။
ဂိမ်းသည် လျင်လျင်မြန်မြန်ပင် ဒေါင်းလုတ်ဆွဲ ပြီးသွားလေပြီ။ ဖုန်းတွင်လည်း သိပ်ပြီးနေရာမယူပေ။ သို့သော်လည်း ဒေါင်းလုတ်ဆွဲပြီးသောအခါ၌ စုရှီအလွန်ပင်အံ့အားသင့်သွားလေသည်။
“မီလီယံ အနည်းငယ်လောက်ပဲကုန်ကျခံပြီး တီထွင်ထားတဲ့ဒီဂိမ်းက ဘယ်လိုလုပ်ဒီလောက်ကောင်းနေရတာပါလိမ့်?”
“ဒီခေါင်မိုးတွေ.... ကြွေပြားတွေကိုတောင်ရှင်းရှင်းလင်းလင်းကြီး ရေတွက်လို့ရနေသေးတယ်”
“ဒီဟာကို တီထွင်ခဲ့တဲ့ မူရင်းပညာရှင်တွေ ဘယ်လောက်တောင် ခြေကုန်လက်ပမ်းကျပြီး သေသွားလောက်ပြီလဲ”
ဂိမ်း၏ပထမဆုံးမျက်နှာပြင်တွင် ပေါ်ပေါက်လာသည်မှာ အိမ်တစ်အိမ်၏ တံစက်မြိတ်ဖြစ်သည်။ ယင်းအိမ်တွင် နှင်းများကျနေပြီး ကြည့်ရသည်မှာ အေးလှသောဆောင်းရာသီပင်တည်း။ အိမ်တံစက်မြိတ်တွင် အပေါက် တစ်ပေါက်တောင်ရှိနေပြီး လေအေးများလည်းတိုက်ခတ်နေလေသည်။
စုရှီသည် အိမ်အတွင်းထဲသို့ လှည့်ပတ်ကြည့်ပြီးနောက် သတိပြုလိုက်မိသည်မှာ အိမ်ကြီးသည် အလွန်အိုဟောင်းနေပြီး လက်ဖဝါးအရွယ်လောက်သာရှိသည်။ အခန်းထဲတွင် သစ်သားခုတင်တစ်လုံးသာ ရှိလေသည်။ သစ်သားခုတင်ပေါ်တွင် ကောက်ရိုးတစ်ချို့နှင့် အိပ်ရာခင်းပါးပါး တစ်ထည်သာရှိသည်။ ကြည့်လိုက်တာနဲ့ပင် အလွန်ချမ်းအေးဖွယ်ရာဖြစ်သည်။
ထို့အပြင် ဗီရိုတစ်လုံးသာလျှင် ရှိသည်။ ယင်းမှာပိတ်ထားပြီး အထဲတွင် ဘာရှိသည်ကို မည်သူမျှမသိပေ။
တစ်ခန်းလုံးတွင် စားပွဲရော၊ ခုံရောမရှိပါ။ အေးလှသောနေ့များတွင် သစ်သားတံခါးသည်ဟနေပြီး တကျွီကျွီအသံမြည်လေ့ရှိသည်။
စုရှီသည် သူ၏နားကြပ်များအား တပ်လိုက်ပြီး တွေးလိုက်မိသည်မှာ "နှင်းကျတာကြောင့် ထွက်လာတဲ့သစ်သားတံခါးရဲ့အသံက တကယ့်အစစ်လိုပဲ"
သူ(မ)သည် ဂိမ်းအား မည်သို့စတင်၍ကစားရမည်ကို မသိပေ။ ဂိမ်းမျက်နှာပြင်၏ ဘယ်ဘက်ရော၊ ညာဘက်ပါ ထိပြီး မစ်ရှင်လုပ်ရန် ခလုတ်တစ်ခုကိုကြိုးစား၍ ရှာဖွေနေလေသည်။
ယင်းအချိန်တွင်ပင် သစ်သားတံခါးသည် ပွင့်သွားလေပြီ။ အဝတ်ခပ်နွမ်းနွမ်းဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါး လူတစ်ယောက်သည် ထင်းများကိုသယ်လာခဲ့ပြီး ရေစက်လက်ဖြင့် ပြန်လာခဲ့လေသည်။
ရိုးရိုးရှင်းရှင်းသာ ရေးဆွဲထားခြင်းဖြစ်သော်လည်း သူအရမ်းပင်ပန်းနေသည်မှာ သိသာလှပေသည်။
သူသည် ထင်းများကို ချထားပြီးနောက် အင်္ကျီလက်ကိုခေါက်တင်၍ ဖြူဖျော့ပြီး အားနည်းသောသူ၏ လက်မောင်းကို ဖော်ပြထားလေသည်။ ယင်းလက်ပေါ်တွင် ကြာပွတ်ဖြင့် ရိုက်ခံထားရသည့်ဒဏ်ရာများကို တွေ့ရလေသည်။
စုရှီသည် ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သူ(မ)သည် မြင်ကွင်းကို ချဲ့၍ကြည့်ရှုသောအခါ၌ ဂိမ်းမျက်နှာပြင်သည် ချက်ချင်းပြောင်းသွားလေသည်။
"မင်းသားရဲ့မျက်နှာကို မင်းရှင်းရှင်းလင်းလင်းမြင်ချင်ရင် မင်း ရွှေဒင်္ဂါးနှစ်ဆယ်သုံးရမယ်။ မင်းရဲ့အကောင့်ထဲတွင် ရွှေဒင်္ဂါးတစ်ဆယ်သာကျန်တယ်။ ထပ်မံ၍ထည့်သွင်းပေးပါ"
စုရှီသည် အလွန်ပင်အံ့အားသင့်သွားလေသည်။
“အမြတ်ကြီးစားလိုက်တာ၊ သူက ဒီဂိမ်းရဲ့အဓိကဇာတ်လိုက် မျက်နှာကိုတောင်ပေးမကြည့်ချင်ဘူး။ ထပ်တောင်ထည့်ခိုင်းနေသေးတယ်”
“ကာတွန်းဇာတ်ကောင်လေးပဲ မဟုတ်ဘူးလား”
“အံ့သြဖို့ကောင်းလိုက်တာ”
“ငါကလဲ မကြည့်ချင်ပါဘူးနော်”
လူငယ်လေးသည် ထင်းတွေကိုအောက်ချပြီးသောအခါတွင် ပင်ပန်းစွာဖြင့် အိမ်ပြင်သို့ထွက်ပြီး ယာထဲသို့သွားကာထင်းခွဲလေသည်။
သူ၏အနက်ရောင် ဆံပင်များသည် ရေစက်လက်ကျနေတုန်းပင်ဖြစ်သည်။ သူလမ်းလျှောက် လိုက်သည့်အခါတိုင်း ရေစက်များသည် မြေပြင်ပေါ်တွင် ဆက်တိုက်ကျနေလေသည်။
ဆောင်းရာသီအချိန် ဖြစ်လေသည်။ ဤဂိမ်းဇာတ်ကောင်လေးသည် အဘယ်ကြောင့် ဤမျှ စိတ်ဓာတ်ကျနေရသနည်း။
စုရှီသည် ဂိမ်းဇာတ်ကောင်လေး ၏ခေါင်းကို ထိရန် ကြိုးစားခဲ့လေသည်။ စုရှီထင်ထားသည်မှာ ပုံမှန်ဂိမ်းတွေ အရဆိုလျှင် သူမသည် ဂိမ်းဇတ်ကောင်လေးအား ထိ၍ နာမည်တစ်ခု ပေးလို့ရသည်။ ယခုမူ သူ(မ)ထိလိုက်သည်နှင့် အခြားတစ်ခုပေါ်လာလေသည်။
"မင်းသား၏နာမည်အစစ်ကို သိချင်ပါက ရွှေဒင်္ဂါးနှစ်ပြား ပေးရမည်။ သင်၏အကောင့်ထဲတွင် ရွှေဒင်္ဂါး ဆယ်ပြားသာ ကျန်သည်။ သူ၏နာမည်အစစ်ကို သိရန် သင်၏ရွှေဒင်္ဂါးတွေကို သုံးချင်ပါသလား။ သေချာပေါက် သင်နာမည်ကို ပြောင်းလဲလို့ရသည်။ စနစ် အနေဖြင့် သင့်လျော်သောနာမည်များကို အကြံပြုပါမည်။ ဥပမာအားဖြင့် လုံအားထင်၊ ရဲ့လျန်ချန်၊ ရွှမ်ယွမ်....
စုရှီပြောသည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ နာမည်အရင်းကပဲ အဆင်ပြေပါတယ်။"
အပေါ်ဘက် ညာဘက်ထောင့်တွင် သူ(မ)၏အကောင့်ထဲမှ ရွှေဒင်္ဂါးနှစ်ပြားလျော့သွားပြီး အပေါ်ဘယ်ဘက်ထောင့်တွင် ဇာတ်ကောင်မိတ်ဆက်ပေါ်လာလေသည်။
အဓိကဇာတ်ကောင်နာမည်မှာ လုဟွမ် ဖြစ်သည်။
အောက်ခြေတွင် မျဥ်းနှစ်ကြောင်း ရှိသည်။ အပေါ်ကြောင်းမှာ အသက်မျဥ်းကြောင်းဖြစ်၍ အောက်ကြောင်းမှာ ခံနိုင်ရည်မျဥ်း ကြောင်းဖြစ်ပါသည်။
ဂိမ်းဇတ်ကောင်လေး၏ ခံနိုင်ရည်မှာ အတော်လေးနည်းပါးနေလေသည်။ မျဥ်းကြောင်းတွင် 10%လောက်သာ တွေ့ရလေသည်။
ထို့အပြင် လူသေးသေးလေးက ဂိမ်းထဲတွင် အလုပ်များများလုပ်လေလေ၊ ခံနိုင်ရည် အားကျလေလေဖြစ်သည်။
အစတွင်တော့ စုရှီသည် အလွန်ကြောက်နေလေသည်။ စက္ကန့်ပိုင်းလေးအတွင်းတွင် သူ၏ခံနိုင်ရည်အား ကျဆင်းသွားပြီး သေသွားမည်ကို သူ(မ)ကြောက်နေလေသည်။ သို့ရာတွင် သူ(မ)မထင်မှတ်ထားသည်မှာ သူ့တွင်ခံနိုင်ရည်အား သိပ်မကျန်တော့သော်လည်း သူသည်ခေါင်းမာစွာ တောင့်ခံထားနိူင်သည်ကို တွေ့ရလေသည်။
သူသည် ခေါင်မိုးကိုဖာရန် တံစက်မြိတ်သို့ဆက်တက်ခဲ့လေသည်။
ထို့နောက် သူပြန်ထွက်သွားခဲ့သည်။
သို့ရာတွင်အချိန် အကန့်အသတ်ရှိသည့်အတွက် စုရှီသည် တစ်ခြားနေရာသို့ လိုက်ကြည့်၍မရပေ။ သူ(မ)အနေဖြင့် ဤအိမ်ငယ်လေးကိုသာမြင်ရသဖြင့် သူဘယ်ကိုထွက်သွားမှန်းမသိရပေ။
သို့ရာတွင် သူပြန်လာသည့်အခါ၌ သူ၏အင်္ကျီနောက်ကျောသည် ပြဲတော့မယောင် ဖြစ်နေလေသည်။ သူ၏လက်မောင်းက ဒဏ်ရာကဲ့သို့ ယင်းနောက်ကျောတွင်လည်း သွေးစွန်းနေလေသည်။ သူ၏ခြေလှမ်းများသည် ပို၍တုန်ချိနေသယောင် ဖြစ်လေသည်။ ပြောရမည်ဆိုလျှင် သူ၏ပုံစံမှာ အလွန်စိတ်ညစ်နေသည့်ပုံမျိုးပင် ဖြစ်သည်။
ဂိမ်း၏မိတ်ဆက်စာကြောင့် စုရှီ လုံးဝခန့်မှန်းမိသည်မှာ လုဟွမ်သည် မင်းသားနင်းဖူ၏ တရားမဝင်သား ဖြစ်သည်။ သူသည် မင်းသား၏အချစ်မခံရသလို အထင်သေးလည်းခံရသည်။ သူ(မ)၏ အဓိကမစ်ရှင်မှာ သူနဲ့ကို ဘုရင်ဖြစ်လာစေရန် ဖြစ်ပေသည်။
သို့ရာတွင် ယခုအချိန်၌ သူဘာတွေဖြစ်ခဲ့သည်ကို စုရှီအနေဖြင့်လုံးဝမသိရှိပေ။ ဒီဂိမ်းကိုဘယ်လိုကစားရပါ့မလဲ။
ဂိမ်းထဲမှအချိန်သည် အပြင်က အချိန်ထက် ပိုမြန်လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ကြီးသည် မှောင်မဲလာပေသည်။
ဂိမ်းထဲမှ ဇာတ်ကောင်သည် အလွန်အလုပ်များနေသည်ကို စုရှီတွေ့မြင်နေရပြီး ဂိမ်း၏မျက်နှာပြင်သည်လည်း လှုပ်ရှား၍မရပေ။ သူ(မ)သည် အနည်းငယ် ပျင်းလာသလိုခံစားလာရသည်။
ထိုစဥ် သူနာပြုသည် သူ(မ)အား နေ့လည်စာစားရန်လာခေါ်လေပြီ။ ထို့ကြောင့် ဖုန်းကို ပစ်ချခဲ့ပြီး ဆေးရုံကန်တင်းသို့ ထွက်လာခဲ့လေသည်။
ဆေးရုံမှ အစားအစာများ၏ အနံ့လေးများသည် မွှေးလှပေသည်။
စုရှီသည် ထမင်းနှစ်ပန်းကန် စားပြီးနောက် တစ်ရေးအိပ်လေသည်။
နိုးလာသောအခါတွင် သူ(မ)၏ဖုန်းသည် ပွင့်နေဆဲပင်ဖြစ်သည်။ ထိုအခါမှသာ ဂိမ်းကစားရန်သတိရလေသည်။
ဂိမ်းကစားရသည်ကို ပျင်းနေပြီဖြစ်သဖြင့် ဂိမ်းကိုဖျက်ရန် လုပ်လေသည်။ သို့ရာတွင် သူ(မ) လက်များ ရပ်တန့်သွားသည်။
ဂိမ်းထဲတွင် ညအချိန် နောက်ကျနေသည်ကို သူမတွေ့လေသည်။
တစ်နေကုန် အလုပ်များနေသော ဇာတ်ကောင်သည် အိပ်ရာထဲတွင်လှုပ်ရှားမှုမရှိ၊ လဲလျောင်း နေလေသည်။ ခြုံစောင်ပါးလေးသည် အအေးဒဏ်ကိုမဖုန်းကွယ်နိုင်သလို တံခါးကလည်း မလုံပဲ အခန်းထဲသို့ လေ အတော်လေး ဝင်ရောက်နေလေသည်။
“သူဘာဖြစ်လို့မလှုပ်တာပါလိမ့်”
စုရှီကသူ့ကိုထိလိုက်သောအခါ သူသည်တခြားဘက်သို့ လှည့်သွားလေသည်။ သူ၏အသားအရေသည် ပို၍တောင် ဖြူဖျော့နေလေပြီ။ သွေးလုံးဝမရှိတော့သည်ပုံစံလိုပင် ဖြစ်နေလေသည်။
“ဘာဖြစ်တာပါလိမ့်?”
“မဖြစ်နိုင်တာ၊ ဒါဘယ်လို ဂိမ်းကြီးတုံး?” “အဓိကဇာတ်ကောင်အိပ်နေတာကို ထိုင်ကြည့်နေရတယ်လား??”
သို့ရာတွင် ဘာကြောင့် ဒီလိုမျိုးဖြစ်နေသည်ကို စုရှီ မကြာခင်တွေ့လိုက်လေသည်။ အပေါ်ဘယ်ဘက်ရှိ အသက်ပြသည့် မျဥ်းကြောင်းသည် အနီရောင်အဆင့် 30 ရာခိုင်နှုန်းသာကျန်တော့သည်။
ခုခံအား မျဥ်းကြောင်းသည်လည်း နေ့လည်တွင် 10ရာခိုင်နှုန်းရှိရာမှ ယခု 1ရာခိုင်နှုန်းအထိ ကျသွားလေသည်။ ဇီးရိုးအဆင့်အထိ ကျလုနီးပါးဖြစ်လေသည်။
စုရှီရုတ်တရက်ကြောက်လန့်လာလေပြီ။
“ဂိမ်းဇာတ်ကောင်က ဖျားနေတာလား?!”
“ဒီတစ်ရက်လုံး သူအရမ်းပင်ပန်းနေတာပဲ၊ တစ်ကိုယ်လုံး ရေတွေရွှဲနေတာတောင်မှ အလုပ်တွေ အများကြီးလုပ်ခဲ့တာလေ၊ ဘယ်လိုလုပ် မလဲကျဘဲ နေနိုင်မှာလဲ?”
စုရှီ ရုတ်တရက် ခံစားလိုက်ရသည်မှာ ဤဂိမ်းသည် အလွန်လက်တွေ့ ကျလွန်းတယ်ဆိုတာပင်။ အပေါ်ဘယ်ဘက်ထောင့်မှ ကျန်းမာရေးမျဥ်းကြောင်းသည် တစ်ဖြည်းဖြည်းချင်း လျော့ကျလာသည်ကို သူ(မ)စောင့်ကြည့်နေခဲ့သည်။ tနည်းငယ်စိတ်ပူစပြုလာလေပြီ။ ဂိမ်းသည်စပင် မစရသေးသော်လည်း ဂိမ်းဇာတ်ကောင်သည် သေတော့ပေမည်။ မင်းသားငယ်လေးသည် အလွန်ပင်အားနည်းလေသည်။
စုရှီလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပေမဲ့ ဝှက်ထားသောဆေးများ သို့မဟုတ် တခြားတစ်ခုခုရှိလိုရှိငြား ဘယ်နှင့်ညာကို နှိပ်ကြည့်လေသည်။ သို့ပေမယ့် တစ်ခန်းလုံးကို လှည့်ပတ်ကြည့်သော်လည်း မည်သည့် အရာမျှရှာမတွေ့ပါ။ ယင်းအစား အဝတ်ဗီရိုထဲမှ လျှော်ထားပြီးသား အဝတ်စုတ်လေးနှစ်ထည်သာ တွေ့ရလေသည်။
“ဒီမင်းသားက တအားသနားဖို့ ကောင်းတာပဲ”
စုရှီသည် ခဏတာ ငြိမ်သက်သွားလေသည်။ မြေပုံအားဖွင့်ပြီး တခြားနေရာအား ရှာကြည့်ရန်ကြိုးစားလေသည်။ သို့ရာတွင် မနက်က ရှိသည့်တိုင်း မြေပုံသည် သော့ခတ်ထားလေသည်။ သို့ရာတွင် ခြံတစ်ခုတော့ တွေ့ခဲ့ရလေသည်။
မြန်မြန်လေး ဖွင့်ကြည့်ပြီးနောက် တံတားလေးတစ်ခုနှင့် ပန်းများ ပွင့်နေသောခြံလေးအား တွေ့လိုက်ရလေသည်။ အတော်လေးလှပသည့်ခြံလေးပင် ဖြစ်ပေသည်။ အဓိကဇာတ်ကောင်နေသည့် သစ်သားအိမ်လေးနှင့် ကွာလှပေသည်။ ခြံလေးထဲတွင် မီးပုံးနှင့်ဖယောင်းတိုင်များ ထိန်ထိန်ညီးနေပေသည်။ အစေခံလေးနှစ်ယောက် စကားပြောနေသည်ကို သူ(မ)နားထောင်နေပေသည်။
"အဲ့ဒီခွေးကောင်၊ ဒုတိယသခင်လေးက သူ့ကိုဒီနေ့တစ်နေ့လုံးသင်ခန်းစာပေးထားတာ။ သူက အဖျားသရဲ မဟုတ်ဘူးလား? ဒါဆို သူ့ကို ရေကန်ထဲနှစ်သတ်ပြီး သေလမ်းကို စောစောပို့လိုက်ကြတာပေါ့။ အင်း ကောင်းတယ်။”
"ငါပြောသားပဲ။ မင်းကို ဖြေးဖြေးလုပ်ပါဆို။
ဒီခွေးကောင် ဒီနေ့ဘယ်လောက်တောင် ခံနိုင်ရည်ရှိလဲကြည့်လိုက်လေ၊ နောက်ကျရင် သူဘယ်လိုတွေ ပြောင်းလဲလာမလဲဆိုတာ ငါကြောက်တယ်။"
"ပြောင်းလဲ လာမယ်တဲ့လား? သူကလား၊ ဒီဘဝမှာတော့ ဘာကိုမှပြောင်းလဲနိုင်မယ့်ကောင် မဟုတ်ဘူး။”
ယင်းစကားလုံးများသည် ဂိမ်းမျက်နှာပြင်တွင်ပေါ်လာခဲ့လေ၏
"ဒီအစေခံနှစ်ယောက်က ဘာတွေလဲဟ၊ ဘာလို့ သူ့နောက်ကွယ်မှာ အတင်းလာတုပ်နေတာလဲ သူတို့ကြောင့် အဓိကဇာတ်ကောင်က ဒီနေ့ အအေးမိသွားတာကိုး"
သူ(မ)သာဂိမ်းထဲတွင် သေသွားမည်ဆိုလျှင် သူတို့ကြောင့်ပင် ဖြစ်သည်။
စုရှီ၏စိတ်ထဲတွင် မခံမရပ်နိုင်မှုများ ကိန်းအောင်းနေလေသည်။
သူ(မ)သည် ထိုလူနှစ်ယောက်အားထိ လိုက်ချင်သော်လည်း မြေပုံသည် သော့ခတ်ထားလေသည်။ သူတို့ကို မမြင်ရတော့သည့်အတွက် သစ်သားအိမ်ကို သာပြန်ခဲ့ရလေသည်။
အဓိကဇာတ်ကောင်အပေါ် ထိုသူနှစ်ယောက်ရဲ့ မချေမငံဆက်ဆံပုံကို မြင်တွေ့လိုက်ရပြီးနောက် စုရှီသည်အိမ်သို့ ပြန်လာခဲ့ပြီး အဓိကဇာတ်ကောင် အိပ်ရာထဲတွင် လဲလျောင်းနေသည်ကို တွေ့ရလေသည်။
အအေးဒဏ်ကြောင့် ထောင့်တစ်နေရာတွင် အသိစိတ်မရှိသလို ကွေးကွေးလေးအိပ်နေလေသည်။ သူ(မ )ဘာမှမကူညီနိူင်သဖြင့် အဓိကဇာတ်ကောင်အပေါ်တွင် အပြစ်ရှိစိတ်ခံစားလာရသည်။
ပြောရမည်ဆိုလျှင် ဒီနေ့ အဓိကဇာတ်ဆောင်ကို သူ(မ)စောင့်ရှောက်သင့်သည်။ သူအလုပ် မလုပ်ရန် တစ်ခြားလျှို့ဝှက်ထားသော နည်းလမ်းရှိပေလိမ့်မည်။ အဲ့လိုဆိုပါက သူသည် အခုလိုဖျားနာတော့မည်မဟုတ်ပေ။
အပြစ်ရှိစိတ်ခံစားရသောကြောင့် စုရှီသည် ဆေးများရှိလိုရှိငြား အိမ်ထဲတွင်ရှာဖွေနေလေသည်။
သို့ရာတွင်သူမရှာမတွေ့ပါ။ သို့ဖြစ်၍ အဓိကဇာတ်ဆောင်ကို ထပ်ထိကြည့်လိုက်သည်။
ထိုအချိန်လေးတွင်ပင် အဓိကဇာတ်ကောင်၏ခေါင်းတွင် အဖြူရောင်လေးပေါ်လာလေသည်။
"ရေ"
လုဟွမ်သည် ခြောက်သွေ့ဖြူဖျော့နေသောနှုတ်ခမ်းလေးကိုဖွင့်လိုက်သည်။ အဖျားကြောင့် သူ၏လည်ချောင်းတွေ ခြောက်နေပေသည်။
သူသည် မျက်လုံးကို ကြိုးစား၍ ဖွင့်လေသည်။ နည်းနည်းကြာပြီးနောက် ထိုင်ရန်ကြိုးစားလေသည်။ အိပ်ယာက ထလာသောအခါတွင် အလွန်အားနည်းပြီးလဲကျသွားလေသည်။
စုရှီသည် သူ့ကိုကူညီရန်ကြိုးစားသည့်အနေဖြင့် အဓိကဇာတ်ကောင်၏ နောက်ကျောအား လက်ချောင်းဖြင့် ထိလိုက်လေသည်။ ထိုအစား လုဟွမ်အား လဲကျအောင်လုပ်မိသွားလေသည်။
သူ(မ)သည် ပြောစရာစကားမဲ့သွားလေသည်။
စုရှီသည် ထပ်မလှုပ်ရှားရဲတော့ပေ။ အဓိကဇာတ်ကောင်အနေဖြင့် တခြားပြင်ပအား တစ်ခုရှိသည် ဆိုသည်ကိုသတိမထားမိပါ။ သူ့အနေဖြင့်ဖျား၍ အားနည်းနေသည်ဟုသာ ထင်နေမိသည်။
သူထ၍ဒယိမ်းဒယိုင်လျှောက်လေသည်။
ဂိမ်းမျက်နှာပြင်တွင် ဤသို့ပေါ်လာလေသည်။ "ရေသိုလှောင်သည့်နေရာကို ပြောင်းဖို့အတွက် ရွှေဒင်္ဂါး သုံးစ အသုံးပြုလိုပါသလား"
စုရှီသည် သူ(မ)၏ဒေါသအား မထိန်းချုပ်နိူင်တော့ပေ။ မျက်နှာပြင်ကနေတစ်ဆင့် ကိုယ်တိုင်ရှာတော့သည်။
"ရှူး ရှူး ရှူး ရှူး ၊ မြန်မြန်ရေလောင်းလိုက်" ဤဟာသည်မစ်ရှင်တစ်ခုဆိုသည်မှာ သိသော်လည်း အိမ်ထဲတွင် ရေမြန်မြန်ရှာလေသည်။ ကံကောင်းစွာဖြင့် ဒီနေ့တွင် လုဟွမ်ရေစိုလာသည်ကို သတိရလိုက်လေသည်။ သေချာပေါက် လုံလောက်လေပြီ။ ထောင့်တွင် ရေပုံးအားတွေ့လိုက်၍ ပြတင်းပေါက်အနီးရှိ ရေခရားအိုးကတော့ ဘာမှမရှိသည်ပင်။ သူ(မ)သည် ရေပုံးကိုယူရန်ကြိုးစားလေသည်။
"ချီး ငါဆွဲယူလိုက်နိုင်ပြီ”
စုရှီသည် အလွန်ဝမ်းသာသွားလေပြီ။ ဒီဂိမ်းကို မည်သို့ကစားရမည်အား သိသွားသကဲ့သို့ခံစားလိုက်ရလေသည်။ သို့ဖြစ်၍ ရေပုံးအားဆွဲယူ၍ ရေကရားအိုးထဲ သို့ ရေဖြည့်လိုက်လေသည်။
ရေဖြည့်လိုက်သည်နှင့် စာတစ်စောင်ဝင်လာလေသည်။
“ဆုအနေဖြင့် ရွှေဒင်္ဂါး ငါးစရရှိသည့်အတွက် ဂုဏ်ယူပါသည်။ဒီမစ်ရှင်သည် ရိုးရှင်းလွန်းသည့် အတွက်ကြောင့် အမှတ်တော့မရရှိပါ။ မင်းကြီးဖြစ်စေဖို့ အဓိကဇာတ်ကောင်ရဲ့ စွမ်းရည်၊ ပြင်ပသွင်ပြင်၊ ခန္ဓာကိုယ် ကြံ့ခိုင်စွမ်းရည်နဲ့ အဓိကဇာတ်ကျောရိုးတို့ကို ရရှိအောင် ကူညီပေးပါ။ ဆုအနေဖြင့် အမှတ်10မှတ်ကို KOI အဖြစ်လဲလှယ်လို့ ရမှာပါ”
“ဘာဆုပါလိမ့်”
“KOI က ဘာလဲ?”
စုရှီသည် ဒီတစ်ကြိမ်တွင်နားမလည်ပါ။
အဓိပ္ပါယ်မရှိဟု ထင်နေသည်။
ရေပြသနာကိုဖြေရှင်းရန် သူစဥ်းစားနေဆဲဖြစ်သည်။
ရေအေးဖြစ်သော်လည်း လုဟွမ်ခပ်ခဲ့သည်မှာ နွေဦးရေဖြစ်သောကြောင့် သောက်၍ရလေသည်။ သို့ရာတွင် အနည်းငယ်တော့အေးသည်။
ဖျားနေသည့် ဇာတ်ကောင်အတွက် ရေအေးသောက်ရန်မှာ လွန်စွာသနားဖို့ကောင်းလေသည်။
ဂိမ်းထဲတွင် ရေနွေးအား မည်သို့တည်ရမည်ကို စဥ်းစားနေစဥ်တွင် လုဟွမ်သည် သတိလစ်သွားလေပြီ။ သူသည် ရေကရားအိုးကိုယူ၍ လည်ချောင်းနာသက်သာရန် သောက်လိုက်လေသည်။ ထို့နောက် ရေကရားအိုးအား မူလနေရာသို့ ပြန်ထားလိုက်လေသည်။
"ဘာတွေဖြစ်ကုန်တာလဲ"
ရေကရားအိုးအား သံသယစိတ်ဖြင့် လုဟွမ် လှမ်းကြည့်လိုက်လေသည်။
သူ သေချာပေါက် မှတ်မိလေသည်။ အဘယ်ကြောင့်ဆိုသော် လုဝမ်ရှုသည် သူ့အား တောင်ခြေမှ သုံးမိုင်လောက်အထိ ဝေးသောနေရာမှ ရေအားဆွဲစေသဖြင့် ပြန်လာသည့်အခါတွင် သူသည် လုံးဝအားနည်းလေပြီ။ အနားယူရန် ခဏတစ်ဖြုတ် လဲလျောင်းသော်လည်း ရေကရားအိုးထဲသို့ ရေမဖြည့်ခဲ့ပါ။
ဒါပေမယ့် ဘာလို့ ရေကရားအိုးထဲတွင် ရေရှိနေရသလဲ။