← Chapters

Chapter 2

Vol. 1 Ch. 2

Chapter 2

Vol. 1 Ch. 2

လုဟွမ်အား ကြည့်ရသည်မှာ တစ်ခုခုကို တွေးတောနေသည့်ပုံပေါ်ပြီး သူ၏မျက်နှာသည် ရုတ်တရက်‌ ဖျော့တော့ သွားလေသည်။ ရေ‌ကရားအိုးအားကိုင်လျက် သစ်သားတံခါးအားဖွင့်ပြီး အပြင်သို့ထွက်သွား လေသည်။

ခနော်ခနဲ့ သစ်သားတံခါးသည်လည်း လေအေးများကို မတားဆီးနိုင်ဘဲရှိသည်။ လေနှင့်နှင်းတွေဟာ အိမ်ထဲကို အတားအဆီးမရှိ ဝင်လျက်၊ အိပ်ယာပေါ်မှ ကောက်ရိုးများလည်း တစ်စစီပြန့်ကျဲနေသည်။

သို့ရာတွင် သူ အရမ်းကြီးဂရုမစိုက်နေပါ။ သူ့ကိုယ်သူ အားယူ၍ အပြင်ထွက်ပြီးနောက် ရေကရားအိုးအား ယူကာ ခြံထောင့်၌ မတ်တပ်ရပ်လေသည်။

လေအေးများ တဖျတ်ဖျတ်တိုက်ခတ်၍ သူ၏အင်္ကျီပါးပါးလေးတောင်မှ လေထဲတွင် လူးလွင့်နေသည်။

စုရှီသည် ဂိမ်းဇာတ်ကောင်၏အပြုအမူကို ကြည့်၍ စိတ်ရှုပ်ထွေးနေလေသည်။ "ဘာတွေဖြစ်နေတာလဲ၊ သူဘာလို့ ရေသောက်ပြီးတာနဲ့ ချက်ချင်းပြေးထွက်သွားရတာလဲ။"

"မအေးဘူးလား"

"မင်းပြန်မဝင်ဘူးလား၊ ငါမင်းရဲ့ခုခံအားတက်လာအောင် အရမ်းကြိုးစားထားတာ ဒါပေမယ့် မင်းလုပ်နေပုံနဲ့ ငါလုပ်ထားသမျှ အချည်းနှီးဖြစ်တော့မယ်”

ဂိမ်းဇာတ်ကောင်သည် နှင်းထဲတွင် ရှာဖွေနေခဲ့သည်။

ရုတ်တရက်သူသည် ပိုးနံကောင်များနှင့်တူသော ပိုးကောင်များအား ရှာတွေ့ခဲ့သည်။

ကရားအိုးထဲမှရေများကို မြေပြင်ပေါ်သို့လောင်းချ၍ ပိုးကောင်များထံ ပက်လိုက်လေသည်။

ထို့နောက် သူသည် ပိုးကောင်များ၏ တုံ့ပြန်မှုကိုကြည့်နေခဲ့လေသည်။

ပိုးကောင်များသည် ရေထဲတွင်ရုန်းကန်နေခဲ့သည်။ သို့ရာတွင် ယင်းတို့သည် မြန်မြန်ရေကူးပြီး ယင်းတို့၏ ခန္ဓာကိုယ်မှ ရေများအားခါထုတ်၍ မြေကြီးအောက်သို့ ပြေးသွားကြလေသည်။ သူတို့မသေကြပေ။

ဂိမ်းဇာတ်ကောင်သည် လှုပ်ရှားမှု မရှိသော်လည်း စုရှီသည် သူ၏စိတ်သက်သာရာရမှုကို ခံစားရလေသည်။

လေအေးများသည်တိုက်ခတ်လာလေပြီ။ ထို့နောက် ပင်ပန်းဟန်ဖြစ်နေတဲ့ သူ့မျက်နှာကို ပွတ်သပ်လိုက်ပြီး သစ်သားအိမ်ထဲသို့ ပြန်ဝင်သွားလေသည်။

စုရှီသည် အံ့သြသွားလေပြီ။

စုရှီ နားလည်လိုက်သည်မှာ ဂိမ်းဇာတ်ကောင်သည် ကရားအိုးထဲရှိ ရေတွင် အဆိပ်ခတ်ထားမည်ကို ကြောက်ရွံ့နေပေသည်။ သူသည် မူးဝေနေချိန်တွင် ထိုရေကို သောက်လိုက်မိသည်။

သောက်လိုက်ပြီး နောက်ပိုင်းတွင် သူအသိစိတ်ဝင်လာသည်။ ထို့ကြောင့် သူသည် ပိုးကောင်များအား ရေထဲသို့ ပစ်ချလိုက်သည်။ ပိုးကောင်များ အသက်ရှင်သည်ကို တွေ့သောအခါမှသာ သူစိတ်သက်သာရာ ရသွားလေသည်။

' သေစမ်း ၊ မင်းအဲ့လောက် ဥာဏ်ကောင်းဖို့လိုလား'

စုရှီ အရမ်းထိတ်လန့်သွားပြီး ဦးရေပြားများပင် ထုံကျင်သွားရသည်။ သူ(မ) ဂိမ်းအား ဒေါင်းလုတ်ဆွဲချိန်၌ မိမိုက်သော အဆင့်မြင့် ဂိမ်း တစ်ခု ဟုသာ ထင်ခဲ့လေသည်။ ဇာတ်ကောင်၏ တုံ့ပြန်ပုံသည် ဤမျှလောက် လက်တွေ့ဆန်ကာ ရှင်းလင်း သိသာ လိမ့်မည်ဟု သူမထင်ခဲ့ပါ။ ကြည့်ရသည်မှာ 2D ဇာတ်ကောင်နှင့် လုံးဝမတူပေ။

ဂိမ်းဇာတ်ကောင်သည် သစ်သားအိမ်ထဲသို့ ပြန်လာပြီးနောက် တံခါးအား သေချာပိတ်လိုက်လေသည်။

သူ၏မျက်နှာသည် ဖြူဖျော့နေပေသည်။ သူသည်ပြတင်းပေါက်၌ရပ်နေပြီး ရေကရားအိုးကို ပြန်ချထားလိုက်ကာ ကရားအိုးအား ခဏမျှစိုက်ကြည့်နေလေသည်။

လုဟွမ်သည် မူးဝေနေဆဲပင်ဖြစ်သည်။ သူ၏ခေါင်းသည် နာကျင်၍လေးလံနေပေသည်။

တစ်ခုခု ထူးဆန်းနေသည်ကို သူသတိထားမိခဲ့သည်။

သူသည် ရေကရားအိုးထဲတွင် ရေမဖြည့်ခဲ့ပါ။ သို့သော် ဘာကြောင့် ရေကရားအိုးထဲတွင် ရေရှိနေရတာလဲ၊ မနေ့က သူ ရေကို သွန်ရန် မေ့ခဲ့လို့ များလား။

သူသည် အဖျားကြောင့် ကယောင်ကတမ်း ဖြစ်နေခြင်းမျိုးလည်း ဖြစ်နိုင်သည်။

သို့သော်လည်း ထိုလူနှစ်ယောက်သည် သူ့အား စနောက်ရန် ဝမ်းနှုတ်ဆေးထည့်ခြင်း၊ ရေထဲတွင် အဆိပ်ခတ်ခြင်း ကဲ့သို့သောအရာများ လုပ်ဆောင်ဖူးလေသည်။

မမြင်နိုင်သော အေးစက်မှုများသည် လုဟွမ်၏ မျက်လုံးမှတစ်ဆင့် ဖြတ်သွားလေသည်။ မျက်မှောင်ကြုံ့လိုက်ကာ နံရံကို မျက်နှာမူလျက် ပြန်လည် အိပ်စက်လိုက်သည်။

သူအိပ်ယာထဲသို့ လဲလျောင်းသွား သည့်အခါမှသာ စုရှီသည် စိတ်သက်သာရာ ရသွားလေသည်။ သူအိပ်စက်နေသရွေ့ သူ့ခုခံအားသည်လည်း ကျသွားမည် မဟုတ်သလို မြင့်ပင်မြင့် လာနိုင်သေးသည်။

စုရှီသည် ဖုန်းမျက်နှာပြင်ပေါ်တွင် တွေ့နေရသော အိပ်ရာဂွမ်းကပ်အပါးအောက်တွေ လှဲခွေနေသည့် လူငယ်လေးအား စိုက်ကြည့်နေလေသည်။ သူသည် သိချင်စိတ်ပြင်းပြနေပြီး အနည်းငယ်လည်း ဝမ်းနည်းနေလေသည်။ “သူဘာတွေ တွေ့ကြုံခဲ့ရတာပါလိမ့်၊ သူ ဘာလို့ဒီလောက် သတိထားနေတာပါလိမ့်”

သူ(မ)သည် အချိန်ကုန်မြန်ရန် အလို့ဌာ ဂိမ်းကို စဖွင့်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ဇာတ်ကောင်၏ငယ်ဘဝ အတွေ့အကြုံဖြစ်သည့် အဖွင့်တွင် ပြထားသည့်ပုံများအား ကျော်ခဲ့မိသည်။

အခုတော့ သိချင်စိတ် ပြင်းပြလာပေသည်။

သူ့တွင်လည်း လုပ်စရာမရှိသဖြင့် ဂိမ်းဇာတ်ကော င်အိပ်နေသည့်အချိန်အား အသုံးချပြီး အဖွင့်၌ ပြထားသည်များအား ပြန်ကြည့်ရန် ဖွင့်လေသည်။

ဇာတ်လမ်း၏အစတွင် ဇာတ်ကောင်၏နောက်ခံအား ဖော်ပြထားခြင်းမရှိပါ။ သူ၏နောက်ခံကို ဂိမ်းအဆုံးမှာသာ ဖော်ပြမည်လည်း ဖြစ်နိုင်ပေသည်။

သို့ရာတွင် စနစ်မှ ပြောသည်မှာ ဇာတ်ကောင်သည် မင်းသားတစ်ပါးဖြစ် သောကြောင့် သူသည် အပြင်ကမ္ဘာတွင် ပျောက်ဆုံးနေသော မင်းသားတစ်ပါး ဖြစ်လိမ့်မည်။ သူသည် မင်းသားနင်းဖူ၏ တရားမဝင်သား ဘယ်လိုဖြစ်လာမှန်း သူ မသိခဲ့ပေ။

ရုပ်ပုံများသည် လျှင်မြန်စွာ ပြောင်းသွား၍ စုရှီအနေဖြင့် ပိန်ပါးပါးကောင်လေး၏ငယ်ဘဝခံစားခဲ့ရမှုများကို အနည်းငယ်သာမြင်ရလေသည်။

မင်းသားနင်းဖူ၏ခြံဝင်းသည် နန်းတော်၏ အတွင်းကျသော နေရာတွင်ဖြစ်သည်။ သခင်မသည် ဘာမှမပြောသော်လည်း သူ(မ)သည် အစားအသောက်နှင့် အဝတ်အစားတွင်သာ စိတ်ဝင်စားပြီး လုဟွမ်အား ကြမ်းတမ်းစွာ ဆက်ဆံလေသည်။

လူငယ်လေးသည် ဆက်လက်၍ ကြီးပျင်းလာဆဲဖြစ်သည်။ သူသည် ကောင်းကောင်းမစားရသလို ကောင်းကောင်းလည်း မအိပ်ရပါ။ သူသည် အမြဲတမ်း မှောင်ရိပ်ကျ‌သော ချောင်တစ်ခုထဲတွင်သာ ပုန်းအောင်းနေ သကဲ့သို့ရှိလေသည်။ အစေခံများပင် မလုပ်ချင်သော ခက်ခဲသည့်အလုပ်များကို အစေခံအစားလုပ်ပေးခြင်းမှ ရရှိသော ရိက္ခာခြောက်များဖြင့်သာ အသက်ဆက်ခဲ့ရသည်။

မင်းသားနင်းဖူ၏ဒုတိယသား၊ ဒုတိယသခင်လေး လုဝမ်ရှို့သည် အမောက်မာဆုံးနှင့် အရက်စက်ဆုံးဖြစ်သည်။ သူသည် လုဟွမ်အား စနောက်၍ အရှက်ခွဲရန် အစေခံများအား မကြာခဏ အမိန့်ပေးလေ့ရှိသည်။ နှစ်ပေါင်းများစွာ အနှိပ်စက်ခံရသဖြင့် လုဟွမ်၏ကိုယ်ခန္ဓာတွင် မရေတွက်နိုင်သောအမာရွတ်များ ထင်ကျန်နေလေသည်။

မင်းသားနင်းဖူ၏အကြီးဆုံးသား၊ ပထမသခင်လေး လုယီအန်းသည် စိတ်သဘောထားပြည့်ဝသည့် ဟန်ဆောင်ထားသော ကြောင်သူတော်ပင်ဖြစ်သည်။ မင်းသားနင်း ကဲ့သို့ပင် သူသည် ဤအရာများအား မမြင်ချင်ယောင်ဆောင်ထားလေသည်။

ထို့အပြင် မင်းသားနင်းဖူ၏ အဒေါ်တွင် သမီးတစ်ယောက်ရှိသည်။ သူ(မ)သည်လည်း အားနည်းပြီး မပြည့်စုံသောကြောင့် အနိုင်ကျင့်ခံရလေသည်။ ထို့ကြောင့် သူ(မ)သည် လုဟွမ်၏အကူအညီကို လိုလေသည်။

အခန်းပေါင်းစွာ ပြပြီးသွားလေပြီ။ စုရှီ၏ဇာတ်ကောင်သည် အမြဲတမ်းသွေးထွက်သံယို ဖြစ်နေသည် သို့မဟုတ် အမြဲတမ်း ထိုးနှက်ခံရသည် ချည်းသာဖြစ်သည်။

စုရှီသည် အဆင်မပြေသလို ခံစားရလာပြီးနောက် ဆက်လက်၍ သည်းမခံနိုင်တော့ပါ။ ဂိမ်းသည်လည်း အလွန်အမင်း အစစ်အမှန် ဆန်လွန်းသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် မင်းသားနင်းဖူအိမ်တော်မှာ အနှိပ်စက်ခံနေရတဲ့ လုဟွမ်ကို အတောင်အလက်စုံပြီး မင်းကြီးဖြစ်ကာ ထီးနန်းရသည် အထိ ကူညီပေးဖို့ သူဆုံးဖြတ်လိုက်သည်။

ကံကောင်းစွာဖြင့် ဤအရာသည် ဂိမ်းတစ်ခုသာဖြစ်သည်။ စုရှီသည် ဇာတ်ကောင်ကို ပြန်ကြည့်လိုက်လေသည်။ ပြတင်းပေါက်မှ ဝင်လာသောလေသည် အလွန်အေးလေသည်။ ကံကောင်းစွာဖြင့် ဂိမ်းတစ်ခုသာ ဖြစ်လေသည်။ မဟုတ်လျှင် လူအစစ်သာ ဖြစ်မည်ဆိုပါက ဤနေရာတွင် ခဲပြီး သေသွားလောက်ပေသည်။

သို့ရာတွင် သူ(မ) ဘာလုပ်နိုင်ပါမည်နည်း။

စုရှီ ကြည့်လိုက်လေသည်။ ယခုရရှိထားသော ဆုအပါအဝင် သူ(မ)တွင် ရွှေဒင်္ဂါး 13 ပြားရှိလေသည်။

စနစ်မှ ရုတ်တရက် စာဝင်လာလေသည်။

"ဇာတ်ကောင်သည် ယခုတွင် မည်သည့်ပစ္စည်းများမရှိသေးပါ။ သူ၏ပစ္စည်းများပြောင်းလဲခြင်းဖြင့် စတင်ရန် သင့်အား အကြံပြုပါသည်။"

စုရှီ ပြောသည်။ "ကောင်းပြီ၊ကောင်းပြီ။ ပစ္စည်းလေး နည်းနည်းလောက် ပြောင်းလဲတာလောက်က ကိစ္စကြီးမှမဟုတ်တာ"

ထိုသို့ပြောပြီးနောက် ဆိုင်အားဖွင့်လိုက်လေသည်။

ပထမတန်းတွင် ချိတ်ပိုးထည်များ၊ကျောက်စိမ်းထည်များဖြင့် ပြည့်နေလေသည်။ ပထမတစ်ထည်သည် မြေခွေးသားရေဖြင့် လုပ်ထားလေသည်။ ကြည့်လိုက်တာနှင့် အဆင့်အတန်းမြင့်မှန်းသိသာလေသည်။ သူ၏စျေးမှာ ရွှေဒင်္ဂါး 13000 ဖြစ်သည်။

စနစ် ကပြောသည်။ "RMB သို့ပြောင်းလိုက်ပါက 130ယွမ်သာရှိသည်။"

စုရှီအလွန်အံ့အားသင့်သွားသည်။

"တာ့တာ။ ငါမပြောခဲ့သလိုဘဲ သဘောထားလိုက်တော့။ အရင်ပစ္စည်းလေးတွေနဲ့ပဲ သေတဲ့အထိ ဆက်နေတာပေါ့”

စနစ်ကို ကြည့်ရ သည်မှာလည်း အံ့အားသင့်သွားပုံပေါ်လေသည်။ စာမျက်နှာအား နောက်ဘက်သို့ ပြန်သွားပြီး စုရှီအားပြလေသည်။

နောက်ဆုံးပစ္စည်းအား "မပေါက်ပြဲသော သာမန်ပိုးထည်"ဟုခေါ်သည်။ ရွှေဒင်္ဂါး 30 သာ ကျသည်။

"ရွှေဒင်္ဂါး30ဘဲ ကျတာဘဲ။ RMBသာပြောင်းလိုက်ရင် 30ဆင့်ဘဲ ကျတော့မှာ။ အခုတလော နို့လက်ဖက်ရည် တစ်ခွက်တောင် 15ယွမ်လောက်ကျနေပြီ။"

စနစ်သည် သူ(မ)ဆီကို ဆက်တိုက် အချက်ပြသည့် စာများပြနေသည်။ သို့ရာတွင် သူ(မ)အနေဖြင့် မမြင်ချင်တော့ပါ။ ထို့ကြောင့် ဆိုင်ကို ပိတ်လိုက်လေသည်။

ရယ်စရာ ကောင်းလှသည်။ သူမ၏မုန့်ဖိုးလေးကို လေထဲမျှောလိုက်သလိုတော့ အဖြစ်မခံနိုင်ပါ။ ဂိမ်းထဲတွင် ပိုက်ဆံ ဘယ်လို သုံးရမည်နည်း။ ဤဟာသည် ဂိမ်းတစ်ခုသာ ဖြစ်သည်။ အရူးမထနိုင်ပါ။

နောက်ဆုံးတော့ ဈေးဆိုင်ကနေ တစ်ခုခုကိုရွေးလိုက်သည်။

"သစ်သားတံခါးကို ပြင်ရန်ကောက်ရိုးမျှင်များအား သုံးပြီး ပေါ့ပြီးပါးလျသော အိပ်ယာဂွမ်းကပ်ကို အတန်အသင့်ထူပြီး နွေးထွေးမှုပေးနိုင်သော ဂွမ်းကပ်နှင့် လဲမည်။" ပထမတစ်ခုမှာရွှေဒင်္ဂါး 8 ပြားကျပြီး ဒုတိယတစ်ခုမှာမူရွှေဒင်္ဂါး 5 ပြားသာကျသည်။ နှစ်ခုပေါင်းမှ ရွှေဒင်္ဂါး 13 ပြားသာကျသည်။ စနစ်ကပေးသည့် ရွှေဒင်္ဂါးပြား အားလုံးကို သုံးရုံလောက်သာဖြစ်လေသည်။

စနစ်အား ကြည့်ရသည်မှာ စုရှီ၏ကပ်စေးနဲမှုကို ပြောစရာမဲ့နေပုံရလေသည်။ သူ(မ) ရွေးချယ်ပြီးသည်နောက် ဆိုင်အား ပိတ်လိုက်လေသည်။

ဂိမ်းထဲမှ ကောင်ငယ်လေးသည် အိပ်နေတုန်းပဲဖြစ်သည်။ ဂိမ်းအပြင်က ကမ္ဘာကြီးနှင့်ပတ်သက်ပြီး သူဘာမှမသိပေ။

စုရှီသည် သူ၏အိပ်ပျော်နေသောမျက်နှာအား ပျင်းရိစွာ ငေးကြည့်နေလေသည်။ သူနိုးလာသည့်အခါတွင် သူ၏တုံ့ပြန်မှုကို သူ(မ)သိချင်လေသည်။ ထို့နောက်တွင် ဂိမ်းသည် ပို၍ လက်တွေ့ဆန်လာလေသည်။ သူ၏တုံပြန်သည့် အမူအရာသည် သေချာပေါက် စိတ်ဝင်စားစရာ ကောင်းလောက်ပေမည်။

သို့ရာတွင် ကောင်ငယ်လေးသည် အချိန်ခဏကြာသည်အထိ နိုးလာဦးမည် မဟုတ်ပါ။စုရှီသည် ပျင်းရိစွာဖြင့် ဖုန်းကိုပိတ်လိုက်ပြီးသည့်နောက် ခြေထောက်အား ပြန်လည်ကောင်းမွန်ရေးအတွက် လေ့ကျင့်ခန်းလုပ်ရန် သူနာပြုနှင့် အတူထလာခဲ့လေသည်။

လေ့ကျင့်ခန်း လုပ်ပြီးသည့်နောက်တွင် စုရှီ၏အတန်းဖော်များသည် အတန်းပြီးသည့်အချိန်ဖြစ်၍ သူ(မ)ဆီသို့ လာလည်ကာ အိမ်စာအတူ လုပ်ကြသည်။ အိမ်စာများကို မြင်သောအခါ သက်ပျင်းချပြီး သူငယ်ချင်းနှင့်အတူ အိမ်စာတူတူ လုပ်လေသည်။

ထို့နောက် သူတို့သည် မုန့်တူတူစားကြပြီး စကားပြောကြသည်။ ရယ်မောကြသည်။ ထိုခဏတွင် ဂိမ်းအကြောင်း မေ့သွားကြလေသည်။

စုရှီသည် အဲကွန်းခန်းလေးတွင် နားကြပ်လေးတပ်ပြီး အတန်းဖော်များနှင့်အတူ အတင်းတုပ်နေလေသည်။ သို့ရာတွင် သစ်သားအိမ်အိုလေးတွင်မူ လေတအား တိုက်ခတ်ပြီး အေးခဲမတတ်ဖြစ်နေလေသည်။

လုဟွမ်သည် သူ၏ရောဂါကြောင့် နည်းနည်းလေး ပို၍အိပ်လိုက်လေသည်။ သူနိုးလာသည့်အခါ သူ၏နောက်ကျောတွင် ချွေးများစိုနေလေသည်။

သူသည် မျက်လုံးပါးမှိတ်လိုက်ပြီး သူ၏နဖူးအား စမ်းကြည့်လိုက်သည်။ အဖျားပျောက်သွားပြီ ဆိုကြောင်းကို သိလိုက်ရသည့်နောက် သူစိတ်သက်သာရာ ရသွားလေသည်။ သူ၏ခန္ဓာကိုယ်သည် အမြဲတမ်း အားနည်းနေပေသည်။ မည်မျှပင် နာကျင်မှုကို ခံစားရစေကာမူ တစ်ရေးလောက်အိပ်လိုက်ပါက ပြန်ကောင်းသွားတတ်သည်။

သို့ရာတွင် သူ၏ပါးစပ်သည် ခြောက်သွေ့နေတုန်းဖြစ်သည်။

သူသည် အိပ်ရာကနေ ခက်ခက်ခဲခဲ ထလိုက်ရသည်။

တံခါးအပြင်ဘက်မှ အစေခံများသည် လုဟွမ် ယနေ့ ထွက်မလာသေးသည်ကို သတိထားမိကြသည်။ သူတို့သည် အပြင်ဘက်တွင် အကျယ်ကြီး ပြောနေကြသည်။ "သူ့ကိုယ်သူ တကယ့်သခင်လေးများ ထင်နေလားမသိဘူး။ ဒီလောက်နေမြင့် နေတာတောင် သူကမထသေးဘူး။"

နောက်တစ်ယောက်ကပြောသည်။ "သူက သခင်လေးလို ခံယူထားပေမယ့် တကယ်တော့ ဟုတ်မနေတာက သနားစရာပဲ"

လုဟန်၏မျက်လုံးထဲတွင် စိတ်အနှောင့်အယှက် ဖြစ်နေမှုများကို တွေ့ရလေသည်။ သူတို့အား လျစ်လျူရှုထားလေသည်။ အိပ်ရာမှထရန် စောင်ကို မလိုက်လေသည်။ သူစောင်အား ထိလိုက်သောအခါ ရုတ်တရက် လန့်သွားလေသည်။

သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများအား တွေ့ရလေသည်။ စောင်သည်ခပ်ထူထူလေးဖြစ်နေသည်။ သူအိပ်နေစဥ်တွင် တစ်ယောက်ယောက်က ဂွမ်းကပ်လာဖြည့်ပေးထားသလိုပင် ဖြစ်နေလေသည်။

"စိတ်ကူးယဥ် နေသလိုများ ဖြစ်နေပြီလား"

ပြောရမည်ဆိုလျှင် ရေကရားအိုးသည်လည်း မနေ့ညက ကဲ့သို့ပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လုဟွမ်သည် တစ်ခုခုမှားနေပြီဟူ၍ ခံစားရလေသည်။ ယနေ့တွင် သိပ်မအေးသလို ခံစားရသည်။ လေအေးသည် သိပ်မတိုက်တော့ပါ။ ပြတင်းပေါက်နှင့် တံခါးအား လှမ်းကြည့်လိုက်လေသည်။ သို့ရာတွင် တံခါးသည် သေချာလေး ပိတ်ထားသည်ကို တွေ့ရလေသည်။ ထို့အတွက်ကြောင့် လေအေး သိပ်မဝင်တော့ပေ။

"မနေ့ညက တစ်ယောက်ယောက်များ သူ့အခန်းတွင်းသို့ဝင်လာသေးလား" သတိကြီးစွာဖြင့် ကုတင်ပေါ်မှ ဆင်းလာလိုက်သည်။

မင်းသားနင်းဖူ ကတော့ ဒီလိုလုပ်မည်ဟု သူမထင်ပါ။

သူသည် ခေါင်းနည်းနည်းမူးနေပြီး နှုတ်ခမ်းမှာလည်း ဖြူဖျော့နေပေသည်။ သို့ရာတွင် သူ့ကိုယ်သူ သတိထား၍ထရပ်လိုက်သည်။ သူသည် အိပ်ရာပေါ်မှ ဂွမ်းစောင်အား သေချာ ကြည့်လိုက်လေသည်။

သူ့အမူအရာသည် အေးခဲသွားလေသည်။ သူသည်စောင်အား လှုပ်ခါလိုက်ပြီး အပ်ကဲ့သို့ သူ့အား ဒုက္ခပေးနိုင်သော အရာများ ကို ခါထုတ်နေလေသည်။

သို့ရာတွင် မည်သို့ပင် ခါစေကာမူ မည်သည့်အရာမှ ကျမလာပါ။ ထိုအစား ဂွမ်းစောင်တွင် ပြည့်နေသော ဂွမ်းစများသာ ကျလာလေသည်။ အရမ်းကြီး နူးညံ့၍ သက်တောင့်သက်သာရှိသည်ဟု ပြောမရသော်လည်း သန့်ရှင်းနေတုန်း ပင်ဖြစ်သည်။ ထို့အပြင် အရင်တုန်းက ထက်ပို၍နွေးလေသည်။

"ဒါဘယ်လိုဖြစ်နိုင်ပါ့မလဲ"

လုဟွမ်သည် အံ့သြစွာဖြင့် စောင်အား အချိန်ခဏကြာစိုက်ကြည့်နေလေသည်။

All Chapters