← Chapters

Chapter 3

Vol. 1 Ch. 3

Chapter 3

Vol. 1 Ch. 3

အခန်းတစ်ခုလုံးအား သေသေချာချာ နှံ့နှံ့စပ်စပ် စစ်ဆေးခဲ့‌သောကြောင့် သူ၏မျက်နှာအမူအရာသည် တည်ငြိမ်‌နေသည်။ သို့ပေမယ့် အခန်းမှာ ဘာမျှမရှိပေ။ တံခါးကနေဝင်သလား၊ ပြတင်းပေါက်ကနေ ဝင်သလားကြည့်ပေမယ့် ခြေရာတစ်ခုတစ်‌လေ မှမရှိပါ။ တစ်ယောက်ယောက် ခိုးဝင်လာသည့် အရိပ်အယောင်မျှလည်း မတွေ့ရပါ။

ထို့အပြင် သူသည် အမြဲတမ်း နိုးနိုး ကြားကြားနေသည်။ သူသည်ဖျားနေ၍ အသိမရှိလျှင်တောင်မှ တစ်ယောက်ယောက် ဝင်လာသည်ကို သတိမထားမိလောက်သည်အထိ အိပ်ပျော်နေဖို့က မဖြစ်နိုင်ပေ။

သစ်သားတံခါးသည်လည်း ထို့အတူပင်ဖြစ်သည်။ အထဲသို့ ထည့်ထားသည့် ကောက်ရိုးမျှင်များသည် အတော်လေး ကောင်းမွန်ပေသည်။ ကြည့်ရသည်မှာ သာမန်ပင်ဖြစ်ပြီး မရိုးမဖြောင့် လုပ်ထားသည့် ပုံစံမရှိပေ။ ပြောရလျှင် လေအေးမဝင်အောင် လုပ်ထားသည့်ပုံမျိုးပင် ဖြစ်သည်။

တကယ့်ကို မယုံကြည်နိုင်စရာပင် ဖြစ်သည်။

လုဟွမ်သည် သူ့တွင်အဖျားကြောင့် သွေးလေခြောက်ခြားနေသည် ဟုပင် ထင်မိလေသည်။ သို့ပေမဲ့ သူ့နဖူးပေါ်သို့ လက်တင်၍ စမ်းကြည့်သောအခါ အေးစက်နေလေသည်။

သို့မဟုတ် မနေ့ညက အဖျားကြောင့် စိတ်ရှုပ်ထွေးသဖြင့် နိူးတစ်ဝက် အိပ်တစ်ဝက်အခြေအနေဖြင့် အိပ်ယာပေါ်က ဆင်းပြီး တံခါးကို ပြင်လိုက်မိတာများလား?

တံခါးကို ပြင်ရန် အစီအစဥ်ရှိသော်လည်း ယခုရက်ပိုင်းတွင် အလွန်ပင်ပန်းသဖြင့် ကြန့်ကြာနေလေသည်။

သို့ရာတွင် မည်သို့ပင်တွေးတွေး၊ ထိုအရာသည် အဓိပ္ပါယ်မရှိပေ။

လုဟွမ်သည် အိပ်ယာကိုစို က်ကြည့်လိုက်သည်။ ထို့နောက် တံခါးသည်လည်း ပြင်ပြီးတာ သိသာလှပေသည်။ သူ၏မည်းနက်‌ သောမျက်လုံးတို့သည် ပုံမှန်မဟုတ်သော အခြေအနေ တို့ကြောင့် သတိအပြည့်နှင့် စောင့်ကြည့်ခဲ့သည်။ သို့ရာတွင် အချိန်အတန်ကြာ သံသယဝင်စရာ မည်သည့်အရာကိုမျှ ရှာမတွေ့သဖြင့် ယခုတော့ လက်‌လျှော့ထားလိုက်ရလေသည်။

သူသည် အဝတ်ဗီရိုဆီသို့ သွားပြီး သူ့အဝတ်များ၏ အောက်ခြေမှ ချွန်ထက်သောဓားမြှောင်ကို ထုတ်လိုက်လေသည်။ သူသည် ထိုအရာကိုအိပ်ယာ အောက်ဘက်ရှိ နံရံအက်‌ကြောင်းထဲသို့ ဝှက်ထားလိုက်လေသည်။

တံခါးအပြင်ဘက်တွင် အစေခံနှစ်ယောက်၏ ငြင်းခုံနေသောအသံကို ထပ်ကြားရပြန်သည်။

ဒီနေ့ မင်းသားနင်းဖု၏ကလေးများနှင့် မိသားစုဝင်များသည် ဘိုးဘေးများအား ကန်တော့ရန် ဘိုးဘေးစဥ်ဆက်များ၏ ခန်းမသို့ သွားကြလေသည်။ လုဟွမ်သည် စုတ်ပြတ်နေသောခြံထဲတွင် အစေခံများနှင့် နေခဲ့သည်။

မနက်စောစောပိုင်းတွင် ကြက်သံ၊ သိုးများအား သားသတ်သံများကိုသာ ကြားနေရလေသည်။

သူသည် တရားမဝင်သား ဖြစ်သော်လည်း ကောလဟလများကို ရှောင်ရှားရန် ဘိုးဘေးကန်တော့ပွဲသို့ သွားရပေလိမ့်မည်။

လုဟွမ်သည် ရေအေးဖြင့် မျက်နှာသစ်လိုက်သည်။ အဖျားနည်းနည်း သက်သာသွားပြီ ဖြစ်သဖြင့် ထွက်လာလေသည်။

သူသည် လမ်း‌တစ်‌လျှောက်ရှိ အစေခံများ၏အကြည့်အား နေသားကျနေပြီ ဖြစ်သဖြင့် သူတို့ကို မရှောင်ခဲ့ပါ။။

မင်းသားနင်းဖု၏ဘိုးဘေးစဥ်ဆက်ခန်းမသည် နှင်းများဖြင့် ခဲနေပြီ ဖြစ်နေသဖြင့် အရိုးခဲအောင်အေးလှသည်။

တရားမဝင်သားများအား ခန်းမထဲသို့ ဝင်ခွင့်မပြုသဖြင့် သူသည်တံခါးမကြီးအပြင်တွင်သာ ဒူးထောက် နေရလေသည်။ သူ့တွင်အင်္ကျီနှစ်ထည် သုံးထည်မျှသာရှိပြီး အားလုံးသည် ပါးလှပေသည်။ ပြန်လည် ပြုပြင်ထားသော်လည်း လူငယ်လေး၏အရိုးများသည် ရှည်လှသဖြင့် အင်္ကျီများသည် အတော်လေး သေးလှပေသည်။ သူ၏လက်မောင်းများသည် ဖြူဖတ်ဖြူရော်ဖြစ်နေပြီး မြေကြီးသည်လည်း ရွှံ့များ၊ နှင်းများ ဖြင့်စိုနေလေသည်။ လေအေးကြောင့်လည်း နှင်းများ ခဲနေပေသည်။

တစ်နာရီကြာပြီးနောက် ငွေရောင်အမိုးများဖြင့် ထမ်းစင်နှစ်ခုသည် ခန်းမရှေ့သို့ရောက်လာပြီး ဘိုးဘေးစဥ်ဆက်ခန်းမ၏ ပင်မခန်းမဆောင်ရှေ့တွင် ရပ်သည်။

လုဟွမ်ထက် အသက်အနည်းငယ်မျှပိုကြီးသော လူငယ်နှစ်ယောက်သည် ဆင်းလာပြီး အစေခံများစွာ ခြံရံလျက်ရှိသည်။

ခပ်ပုပုနှင့်တစ်ယောက်သည် လုဝမ်ရှို့ဖြစ်သည်။ သူသည်လုဟွမ်အား တစ်ချက်ဝေ့ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်လေသည်။ မနေ့က လုဟွမ်ကို သင်ခန်းစာပေးရန် အခွင့်အရေးအားရခဲ့လေသည်။ ထို့ကြောင့် လုဟွမ် အိပ်ယာထဲ လဲနေလိမ့်မည်ဟု ထင်နေခဲ့သည်။ သို့ရာတွင် လုဟွမ် ယခုလောက်သန်မာပြီး ထနိုင်လာလိမ့်မည်ဟုမထင်ခဲ့ပါ။

သူသည်ထမ်းစင်ပေါ်မှဆင်းပြီးနောက် ဖြောင့်တန်းနေသော လုဟွမ်၏ နောက်‌ကျောကို မြင်လိုက်သည့်အခါကတည်းက စိတ်အနှောင့်အယှက် ဖြစ်လာလေပြီ။

သူ လုဟွမ်အား ကြည့်လိုက်သောအခါတွင် ထိုလူငယ်၏အဝတ်အစားများသည် ပါးလျ၍ ပါးများသည် အေးလွန်းသဖြင့် ဖြူဖျော့နေသော်လည်း ခေါင်းကို မော့ထားဆဲဖြစ်ပြီး သူ့အား ပြန်စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ ထိုအကြည့်ကြောင့် လုဝမ်ရှို့သည် ချက်နင်းဖူပင် ပို၍စိတ်ဆိုးလာသည်။ သူသည် အဲ့ဒီနေရာကို လျှောက်သွားပြီး မနေ့ကလိုမျိုးဆက်၍ ထိုတတိယမြောက်ညီငယ်ကို သင်ခန်းစာပေးချင်လာလေသည်။

သို့သော် သူ အင်္ကျီလက်ကို ခေါက်၍ ထမသွားနိုင်ခင်မှာ အစ်ကိုကြီးလုယွမ်အာ သည် သူ့အားပခုံးမှ ဖိချလိုက်လေသည်။

"ဝမ်ရှို့၊ ဒါက ဘိုးဘေးစဥ်ဆက်ခန်းမပဲ။ လုယီအန်းသည် သူ့ညီ ခေါင်းကိုခေါက်ကာ လေသံတိုးတိုးလေးဖြင့် ဆူလေသည်။ "အရှုပ်တွေ လုပ်ဖို့ မစဉ်းစားနဲ့။ မင်းတစ်ခုခုလုပ်ချင်ရင် ပြန်သွား ပြီးမှလုပ်။"

လုဝမ်ရှို့သည် အင်္ကျီလက်ကိုခေါက်လိုက်ပြီး လုဟွမ်ကို စိတ်ဆိုးမာန်ဆိုး ကြည့်လိုက်ပြီးနောက် "မနေ့က သူ့ကို လွှတ်လိုက်တာက တကယ့်ကို လွယ်လွယ်လေးနဲ့ လွှတ်ပေးမိတာပဲ”

ထို့နောက် ဖီးနစ်ပုံစံ ထမ်းစင် ရောက်လာလေသည်။

အမျိုးသမီးတစ်ယောက် ထိုပေါ်မှ ဆင်းလာလေသည်။ သူ(မ)သည် ရွှေရောင်ဆံထိုးကို ထိုးထားပြီး မြေခွေးသားရေဝတ်စုံကို ဝတ်ထားလေသည်။ သူ(မ)သည် လုယီအန်း တို့ ညီအစ်ကိုအား ပြောလိုက်လေသည်။ "မင်းတို့ ဘာလို့ မဝင်သေးတာလဲ"

ညီအစ်ကိုနှစ်ယောက်ဝင်သွားပြီးနောက်တွင် ‘နင်း’သခင်မသည် လှည့်ထွက်သွားပြီး ဘေးအခန်းထဲသို့ ဝင်သွားလေသည်။ သူမသည် ခန်းမပြင်မှ လုဟွမ်ကို စိုက်ကြည့်လေသည်။

လုဟွမ်၏မျက်နှာသည် အမူအရာကင်းမဲ့နေ၏။ သူသည်ခေါင်းကို မော့ထားပြီး သူ(မ)ကိုသာ ပြန်စိုက်ကြည့်လေသည်။

‘နင်း’သခင်မသည် လုဟွမ်ကို သူ(မ)၏ဆူးခလုတ်အနေဖြင့်သာ မြင်လေသည်။ ဒီဆူးကို သာဖယ်လို့ရမည်ဆိုလျှင် ဖယ်ပစ်လိုက်သည်မှာ ကြာလှပေသည်။ သို့ရာတွင် ဒီလူငယ်လေး၏ဆယ်နှစ်တာဘဝသည် ကြမ်းတမ်းပြီး ပင်ပန်းဆင်းရဲ လှပေသည်။ ဒါပေမဲ့ တကယ်ကို အခုထိရှင်သန်နိုင်ပေသည်။

အစေခံနှစ်ယောက်သည် အစားအသောက်သေတ္တာများဖြင့် ရောက်လာပြီး ခန်းမပြင်မှအစောင့်များအား အစားအသောက်များ ဝေပေးနေလေသည်။

လုဟွမ်၏အလှည့်ရောက်သည့်အခါတွင် ‘နင်း’သခင်မသည် လက်ပြပြီး ရပ်ခိုင်းလိုက်သည်။

သူ(မ)သည် လုဟွမ်အား နူးညံ့သောလေသံဖြင့် ပြောလိုက်လေသည်။ “အပြင်မှာအေးနေတယ် ဟွမ်အာ။ အစားမစားရင် မင်းဗိုက်ဆာ‌နေမှာ ငါစိုးရိမ်မိတယ်။ ဒါပေမဲ့ ဒီနေ့တော့ မင်း စားလို့မဖြစ်ဘူး။ အစေခံတွေက လု အိမ်တော်က မဟုတ်တော့ သူတို့က စည်းကမ်း မလိုက်နာလည်းရတယ်။ မင်းနဲ့မင်းအစ်ကိုနှစ်ယောက်ကတော့ စံပြနမူနာအနေနဲ့ စည်းကမ်းကို လိုက်နာရမယ်လေ။ ဒါနဲ့ ငါ မင်းကို ဒုက္ခများစေမိပြီ ဟွမ်အာ။”

"မင်းတို့နှစ်ယောက်၊ တတိယသခင်လေးရဲ့အစားအစာတွေကို သူ့နေရာဆီ ပို့ပေးလိုက်"

အစေခံနှစ်ယောက်သည် ခပ်မြန်မြန်ခေါင်းငြိမ့်၍ အရိုအသေပြုလိုက်ကြသည်။

"မင်းကြိုက်တတ်တာလေးတွေကို စားဖိုဆောင်ကို လုပ်ခိုင်းလိုက်မယ်"

‘နင်း’သခင်မသည် တခြားသူများ၏ရှေ့တွင် မိထွေးကောင်း ယောင်ဆောင်ထားသော်လည်း သူ(မ)ရှေ့မှ ပိန်သော လူငယ်လေးကမူ ထိုဟန်ဆောင်မှုကိုတုံ့ပြန်ရန် စိတ်ကူးမရှိပေ။

လုဟွမ်သည် ဗိုက်ဆာလွန်းသဖြင့်တုန်ရီနေသော်လည်း နောက်ကျောကို ခပ်မတ်မတ်ထားပြီး မျက်နှာမှာလည်း အမူအရာ ကင်းမဲ့နေလေသည်။ သူ့တွင် ပြန်ပြောချင်စိတ်ပင်မရှိပေ။

"သူဘာတွေ ကြိုက်တတ်ပါလိမ့်။ သူ့အကြိုက်က ဖွဲကြမ်းနဲ့ ပေါက်စီထက်တော့ ပိုမယ်မထင်ပါဘူး။"

‘နင်း’သခင်မ၏မျက်နှာသည် အနည်းငယ်တင်းမာလာလေသည်။ သူ(မ)သည် ပြုံးပြပြီး ဘေးခန်းထဲသို့ အကူအစေခံဖြင့် ဝင်သွားခဲ့လေသည်။ ဝင်သွားပြီး‌နောက် မျက်နှာသည် ဒေါသထွက်သည့်မျက်နှာအဖြစ်သို့ ပြောင်းသွားလေသည်။

နှင်းများသည် ထူပိန်းစွာ ကျနေလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဘိုးဘေးစဥ်ဆက်ခန်းမအပြင်ရှိ လူသွားလမ်းကိုပင် ဖုံးလွှမ်းသွားလေသည်။ လုဟွမ်သည် အနီရောင်နံရံနှင့်အစိမ်းရောင်ကြွေပြားများပေါ်တွင် ဒူးထောက်နေခဲ့လေသည်။ သူ၏ခန္ဓာကိုယ်နှင့် ပခုံးများသည် နှင်းများဖြင့်ဖုံးအုပ်နေပြီး နှင်းလူသားအသေးလေးလိုတောင် ဖြစ်နေလေသည်။

မကြာခဏပင် ဘိုးဘေးစဥ်ဆက်ခန်းမမှ ရယ်သံများကိုပင် ကြားနေရလေပြီ။

ဘိုးဘေးခန်းမအပြင်ဘက်ရှိ လူသွားလမ်းတွင်မူ တိတ်ဆိတ်နေလေသည်။

ဒူးထောက်လျက်ရှိနေသော လူငယ်လေးသည် လှုပ်ရှားမှုမရှိ၊ မျက်လွှာကိုချထားလေသည်။ သူ၏နားထဲတွင် လေအေးတိုက်သည့်အသံကို နားထောင်နေပြီး အရိုးထဲထိ စိမ့်အေးသည့်ဒဏ်ကို ခံစားနေရလေသည်။ 14နှစ်တာ အတောအတွင်း တစ်ရက်ပြီးတစ်ရက် သူ၏နှလုံးသားသည် ဝမ်းနည်းအားငယ်ခြင်းနှင့် အမုန်းတရားများဖြင့် ပြည့်နေလေသည်။

***

စုရှီနဲ့သူ၏အတန်းဖော်များ အိမ်စာလုပ်ပြီး၍ အတန်းဖော်များ ပြန်ကြသည့်အခါ၌ အဖေစုနှင့်အမေစုတို့လည်း ရောက်လာကြ၏။

သူတို့ လူနာဆောင်ထဲသို့ ဝင်လာသည်နှင့် အမေစုလက်ထဲမှ ကြက်မဲစွပ်ပြုတ်အနံ့သည် တစ်ခန်းလုံး မွှေးပျံ့သွားလေသည်။

စုရှီသည် ဗိုက်ဆာနေပြီး အံ့သြစွာဖြင့်ပြောလေသည်။ "အမေ၊ သမီး အမေပြုတ်တဲ့ စွပ်ပြုတ်သောက်ချင်နေတာ အမေ ဘယ်လိုသိတာလဲ"

အမေစုသည် ချိုင့်အား အိပ်ယာဘေးချ၍ အမှိုက်ပုံးဘေးမှ အမှိုက်ထုပ်နှစ်ခုကို ကောက်ကာ အမှိုက်ပုံးထဲသို့ ထည့်လိုက်လေသည်။ သူ(မ)သည် စိတ်ဆိုးစွာဖြင့် ပြောလေသည်။ "သမီးကို မုန့်တွေမစားဖို့ အမေမပြောဘူးလား ၊ အမေပြုတ်တဲ့စွပ်ပြုတ်ကို သမီးဘယ်လိုသောက်နိုင်တော့မှာလဲ။"

စုရှီသည် အိပ်ယာဘေးရှိချိုင့်အား စိတ်အားထက်သန်စွာဖြင့်စိုက်ကြည့်ရင်း "သမီးရဲ့အစာအိမ်ကကြီးပါတယ်။ သောက်နိုင်သေးတယ်"

အမေစုသည် ခုံအားဆွဲယူ၍ ထိုင်နေစဥ်တွင် အဖေစုသည် လူနာဆောင်ကို ရှင်းလင်းလေသည်။ သူမသည် ကြက်စွပ်ပြုတ်ကို ခွက်ထဲသို့ ထည့်လိုက်ပြီး စုရှီဆီသို့ပေးလိုက်လေသည်။

ဂရုတစိုက်ဖြင့် စားပွဲခုံအသေးလေးကို ယူပြီး အိပ်ယာပေါ်သို့တင်လိုက်လေသည်။ ထို့နောက် စုရှီကို အရမ်းပူမနေ‌ အောင်လို့ ကြက်စွပ်ပြုတ်ပန်းကန်အား စားပွဲပေါ်တင်ရန်ပြောပြီး "ကဲ ကုန်အောင်စား" ဟု အမေစုက ပြောသည်။

ကြက်စွပ်ပြုတ်သောက်၍ ထမင်းအနည်းငယ်စားပြီးသည့်နောက် စုရှီသည်လေချဥ်တက်လိုက်ပြီး အစာအိမ်လေး နွေးသွားသလိုပင် ခံစားလိုက်ရလေသည်။

အဖေစုနှင့်အမေစုသည် သူ(မ)နှင့်စကားတူတူပြောကြပြီးနောက် သူ့ကို သန့်ရှင်းရေး လုပ်ပေးလေသည်။

သူ(မ)အိပ်သွားသည်ကို ကြည့်ပြီးနောက် လင်မယားနှစ်ယောက်သည် လူနာဆောင်မှ တိတ်တဆိတ် ထွက်သွားကြလေသည်။

စုရှီသည် ညဘက်အိပ်မပျော်သူဖြစ်၍ ဒီအချိန်ကြီးမှာတော့ သူမအိပ်သေးပေ။

ရုတ်တရက် ဖုန်းသံကို ကြားလိုက်ရသည်။ ခေါင်းအုံးအောက်မှ ဆွဲထုတ်လိုက်ပြီးသည့်နောက် ဂိမ်းထဲမှ လူသေးသေးလေးအကြောင်းကို မေ့လုနီးပါးဖြစ်နေသည်ကို သတိရလိုက်လေသည်။

အလျင်အမြန် လိုင်းပေါ် တက်လိုက်လေသည်။

ဂိမ်းမျက်နှာပြင်ကို ဖွင့်လိုက်သည်နှင့် စာမြောက်မြားစွာပေါ်လာလေသည်။

ထိုအရာများသည် လွန်ခဲ့သောနာရီပိုင်းက "တံခါးပြင်ဆင်သည့်အတွက်"နှင့် "စောင်"ကို သူ(မ) လဲလှယ်ခဲ့သည့်အတွက် သူမရရှိသောဆုများဖြစ်ပေသည်။

"ပစ္စည်းများအား အခြေခံစုဆောင်းနိုင်သည့်အတွက် ဂုဏ်ပြုပါတယ်။ မင်းရဲ့ဆုအနေနဲ့ ရွှေဒင်္ဂါး 8 ပြားရရှိပြီး ပြင်ပပတ်ဝန်းကျင်တိုးတက်မှုအမှတ်လဲ ရရှိပါသည်။"

“ပြင်ပ ပတ်ဝန်းကျင်တိုးတက်မှု အမှတ်တွေလား”

“10မှတ်စုမိရင် လဲလို့ရတယ်ဆိုပြီး အရင်တုန်းက စနစ်ပြောဖူးတဲ့အရာများလား”

စုရှီသည် စာကို မြန်မြန်ပိတ်လိုက်လေသည်။ ထိုအရာများကို လေ့လာနေစဥ်မှာပင် ခြေသံများအား ကြားလိုက်လေသည်။

ဒီတစ်ကြိမ်တွင် သူမသည် တခြားမျက်နှာပြင်များအား လော့ချထားလေသည်။ ထို့ကြောင့် မျက်နှာပြင်သည် ဂိမ်းထဲရှိ ပျက်စီးနေသောတဲအိမ်ထဲတွင်သာ ရှိနေလေသည်။

တဲသည် ဗလာသက်သက်သာဖြစ်ပြီး အိပ်ရာသည်လည်း သပ်သပ်ရပ်ရပ်ခေါက်ထားပေသည်။ ဂိမ်းထဲတွင် တစ်နေ့တာကုန်သွားပြီး ညအချိန်သို့ပင် ရောက်နေပေသည်။ ဂိမ်းထဲက လူသေးသေးလေး ဘာတွေလုပ်နေခဲ့မှန်း သူ(မ) မသိပါ။

တစ်ခုခုတော့ မှားနေပေသည်။ တဲထဲတွင် သာမန် အစားအသောက်ဘူးသာရှိသည်ကို စုရှီသတိထားမိလေသည်။ အဝတ်ဗီရိုထဲတွင် ထည့်ထားလေသည်။

သူ(မ)ထိကြည့်လိုက်သည်။

အစားအသောက်ဘူးသည် အပူပေးထားခြင်းမရှိပါ။

အေးလွန်းသဖြင့် စားချင်စိတ်ပင် ပျောက်လောက်ပေသည်။ အထဲတွင် မည်သည့်အစားအသောက်ပါမှန်း မသိပါ။

တံခါးဝမှ ခြေသံများသည် နီးသထက်နီးလာပေသည်။ သုံးစက္ကန့်ကြာပြီးနောက်တွင် တံခါးသည် ပွင့်သွားလေသည်။

ဝင်လာသူက စုရှီ၏လူသေးသေးလေး မဟုတ်ပါ။ ထိုအစား ကြမ်းထော်နေသော အဝတ်အစားများ ဝတ်ထားသည့် အစေခံနှစ်ဦးသာ ဖြစ်လေသည်။ သူတို့ခေါင်း၏ဘယ်ဘက်ခြမ်းတွင် လုယီ ဟုရေးထားပြီး ညာဘက်ခြမ်းတွင် လုကျားဟု ရေးထားလေသည်။

စုရှီသည် အံ့သြသွားလေသည်။

ဂိမ်းနာမည်သည် ပုံမှန်မဟုတ်သလိုပင် ထင်ရသည်။

လုယီနှင့် လုကျား သည်လည်း ကာတွန်းရုပ်ပုံစံများ ပင်ဖြစ်သည်။ သို့သော် သူတို့၏ခန္ဓာကိုယ်ပုံစံများ ကြည့်မကောင်းသည်မှာ သိသာလှပေသည်။ သူတို့၏လက်မောင်းများသည် ကြာပန်းအမြစ်များကဲ့သို့ထူပြီး ခေါင်းသည်လည်း သူတို့၏ပေါင်ထက်ပင်တို သေးသည်။

"ဒီလူနှစ်ယောက်က ဘာများခိုးမလို့ပါလိမ့်။ ဂိမ်းထဲရှိ လူသေးသေးလေးက အရမ်းဆင်းရဲတာကို သူတို့ဘာများခိုးလို့ရပါ့မလဲ".

စုရှီ စိတ်ရှုပ်ထွေးနေစဥ်မှာပင် လုအေသည်အစားအသောက်ဘူးဆီသို့သွားပြီး အပြင်သို့ ဆွဲထုတ်လိုက်သည်ကို တွေ့ရလေသည်။ ယုတ်မာသောမျက်လုံးများဖြင့် လုဘီအားပြောသည်။

"ဒီအစားအသောက်တွေက သူ့အတွက် ကန်တော့ပွဲကနေ သခင်မက စားဖိုဆောင်ကို အထူးပို့ခိုင်လိုက်တာ မဟုတ်လား၊ ဒီကလေးက ငါတို့ထက်ပိုပြီး စားကောင်းတာတွေ စားနေရတယ်မလား?”

လုကျားသည် ဗိုက်ဆာလွန်းသဖြင့် သွားရည်ပင်ယိုနေလေပြီ။ သူသည်ပြောနေရင်းပင် အစားအသောက်ဘူးကို ဖွင့်လိုက်လေသည်။

ဖွင့်ဖွင့်နင်းဖူတွင်ပင် ကာတွန်းဇာတ်ကောင်နှစ်ဦးလုံးသည် ကြောင်တောင်တောင် ဖြစ်သွားလေသည်။

ဖုန်းမျက်နှာပြင်ပေါ်မှ စုရှီသည်လည်း ကြောင်တောင်တောင်ဖြစ်သွားလေသည်။

အစားအသောက်ဘူးထဲတွင် မည်သည့်အစားအသောက်ကောင်းမျှမရှိပေ။ အကျန်များသာ ပါလေသည်။ အရွက်ကြော်များသည် အစိမ်းရောင် ပင်မရှိတော့ချေ။ အောက်တွင် ထမင်းကြမ်းအချို့နဲ့ ပေါက်စီသာ ပါလေသည်။

စုရှီသည် ဂိမ်းထဲရှိလူငယ်လေးအား မသနားရသေးခင်ပင် လုယီသည် ဟင်းရွက်ကြော်ကို ထုတ်လိုက်လေသည်။ ပါးစပ်ထဲထည့်ကာ ဝါးလိုက်လေသည်။

သူသည် ထွေးထုတ်လုမတတ်ပင် ဖြစ်လေသည်။ "အရမ်းရွံစရာကောင်းတာပဲ"

သူအားကြည့်၍ လုကျားသည် အစားအသောက်အား ခိုးမစားချင်တော့ပေ။ သူသည် စိတ်ဆိုးစွာဖြင့် ပြောလေသည်။

"ဒီကောင်လေးဆီက အစားကောင်းစားရတော့မယ် ထင်နေတာ။ ဒီလိုကန်တော့ပွဲနေ့မှာတောင် သူ့အစားအစာတွေက ဒီလောက်ဆိုးလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ သူက ငါတို့ထက်တောင်ပိုပြီးအသုံးမကျ ဖြစ်နေသေးတယ်"

လုယီ ပြောလိုက်သည်။

"မီးဖိုဆောင်ကို ယူသွားပြီး ဝက်တွေကို ကျွေးလိုက်ရအောင်။ အဲ့ဒီကောင်လေး ဒီမနက်တုန်းက ငါတို့ကို လျစ်လျူရှုသွားတယ်လေ။ အဲ့ဒါက ငါတို့အစေခံတွေကို အထင်သေးတာပဲ။ သူ့ကို သင်ခန်းစာ ပေးရမယ်။”

လုကျားသည် ချက်နင်းဖူလက်ခုပ်ထ တီးလေသည်။ “ကြိုက်ပြီ”

စုရှီသည် မျက်လုံးများ ပြူးသွားလေသည်။ သူ(မ)ဒေါသ ထွက်လာသည်။ အစားအသောက်များသည် မူလကတည်းကပင် ဆိုးဝါးနေပေပြီ။ သို့ဖြစ်ရာ ထိုလူများသည် အဘယ့်ကြောင့် လူငယ်လေးအတွက် ချန်မထားပေးဘဲ ပစ်လိုက်ချင်ပါသနည်း။

သူတို့ဘယ်လောက်တောင်မုန်းတီးနေကြတာလဲ

"ဒီအရူး နှစ်ကောင်ကတော့"

အလွန်ဒေါသ ထွက်လာသည်။ သူ(မ)သည် သူတို့ရှေ့မှ သစ်သားတံခါးအား ရိုက်ပစ်ချင်ခဲ့သည်။ သို့ရာတွင် လက်‌‌‌နှေးသွားသည်။ သူ(မ) မပိတ်သေးခင်မှာပင် ထိုနှစ်ယောက်သည် အိမ်ထဲမှပျောက်သွားလေပြီ။

စုရှီသည် အနည်းငယ်တော့စ ပူပန်လာလေသည်။ ဖုန်းမျက်နှာပြင်အား လှည့်ကာ သူတို့နောက်လိုက် ကြည့်ချင်သည်။

သို့ရာတွင် ဖုန်းမျက်နှာပြင်သည် နည်းနည်းလေးမှ လှုပ်ရှားလို့မရပေ။

ဒါပေမဲ့ စနစ်သည် ချက်နင်းဖူပင် "လက်ရှိတွင် လုဟွမ်၏အိမ်သည်သာလျှင် သော့မခတ်ထားပေ။ စားဖိုဆောင်၏သော့အား ဖွင့်ချင်ပါက သင့်တွင် 3မှတ်ထက်ပို ရှိရပေမည်။" ဆိုသော စာကို ပြသပြီး သိပ်မကြာခင် ပြန်ပျောက်ကွယ်သွားလေသည်။

စုရှီသည် အလွန်စိတ်ဆိုးနေသောကြောင့် လုံးဝတုံ့ဆိုင်းမနေပေ။ " 3မှတ် ဟုတ်လား ၊ နုတ်ပစ် ၊ နုတ်ပစ်။"

စနစ်ကပြောသည်။ " မရပါဘူး ။ အမှတ်များအား RMB နှင့်လဲ၍မ ရပါ။ မစ်ရှင်များ လုပ်ဆောင်ခြင်းဖြင့်သာ စုရပါမည်။"

"ဥပမာအားဖြင့် "စနစ်သည်စတိုးအား ဖွင့်၍ ခေါင်းမိုးပြင်သည့်ပစ္စည်းများကို စုရှီ ထံပြပြီး ပရိုမိုးရှင်းဆင်းလေသည်။ စနစ်ကပြောသည်။ "ဇာတ်ကောင် မနေ့က ခေါင်မိုးကို ပြင်တုန်းက နည်းနည်းလေး ဟနေသည့်နေရာ ကျန်နေသေးသည်။ ပြီးဆုံးသွားအောင် ကူညီပေးပါက ပြင်ပပတ်ဝန်းကျင်အတွက် သင် အမှတ်ပိုရလိမ့်မည်။"

"စျေးတွေ ပြပါလား" စုရှီသည် စျေးအားကြည့်လိုက်လေသည်။

ရွှေဒင်္ဂါး 20 ၊ 20 ဆိုလျှင် ပီကေတစ်ခုဝယ်၍ရနေလေပြီ။

စုရှီသည် နည်းနည်းတွေဝေသွားသည်။

စနစ်သည် ပြောစရာစကားမဲ့ သွားလေသည်။ ကပ်စေးနည်းသည့် လူများစွာအား မြင်ဖူးသော်လည်း ဤမျှလောက် ကပ်စေးမနည်းကြပါ။

သို့ရာတွင် စုရှီ၏လူငယ်လေးဆီက အစားအသောက်များ ခိုးသွားသောနှစ်ယောက်သည် ယခုမူ စုရှီရဲ့မျက်စိအောက်သို့ ပြန်‌ရောက်လာသည်။ သူ့လူသေးသေးလေးဆီမှ ခိုးယူခြင်းသည် စုရှီထံမှ ဓားပြတိုက်ခြင်းနှင့် မကွာလှပေ။ သူ(မ)သည် အလွန်စိတ်ဆိုးလှသဖြင့် "ဘယ်တော့မှပိုက်ဆံမသုံး" ဟူသောသစ္စာစကားကို ဂရုမစိုက်နိုင်တော့ပေ။

မျက်လုံးအားမှိတ်၍ သူ(မ)၏နှလုံးသားအတိုင်း လုပ်ဆောင်လေသည်။ " နုတ်..နုတ်..နုတ်လိုက်ဟေ့”

စနစ်သည် ချက်နင်းဖူပျော်ရွှင်သွားလေသည်။ စုရှီထံမှ ရွှေဒင်္ဂါး နှစ်ဆယ်ယူ၍ ခေါင်မိုးအား လျှင်မြန်စွာ ပြင်လေသည်။

"ခေါင်မိုးပြင်သည့် မစ်ရှင်ပြီးသွားပါပြီ။ ဂုဏ်ပြုပါတယ်။ ရွှေဒင်္ဂါး 3 ပြား အပိုနှင့် ပြင်ပပတ်ဝန်းကျင်အမှတ် 2မှတ်ရရှိပါသည်။"

ညာဘက်အပေါ်တွင် ရှိသော အမှတ်အရေအတွက်မှာ 3မှတ် ဖြစ်ပါသည်။

တစ်ချက်နှိပ်လိုက်သည်နှင့် စားဖိုဆောင်သည် သော့ပွင့်သွားလေသည်။

သူတို့နောက်လိုက်ရန် စုရှီ မစောင့်နိုင်တော့ပါ။

သူခိုးနှစ်ယောက်သည် စားဖိုဆောင်ထဲတွင် အေးဆေးစွာလျှောက်သွားနေသည်ကို တွေ့ရလေသည်။ ယခုအချိန်သည် မင်းသားနင်းဖု၏လူများသည် ကန်တော့ပွဲအခမ်းအနားတွင်သာ ရှိလောက်ပေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် ကြောက်ရွံ့မှုမရှိ ပြုမူနေလေသည်။

လုယီသည် တခြားစားစရာများအား လှန်လှောရှာဖွေနေလေသည်။

တစ်ဖက်တွင်မူ လုဘီသည် စုရှီ၏လူငယ်လေး၏ အစားအသောက်ဘူးအဖုံးကို ဖွင့်နေလေသည်။ ထို့နောက် ဝက်များကိုကျွေးရန် တစ်ဖက်သို့လှည့်သွားလေသည်။

သူလှည့်သွားသည့်အခါတွင် စုရှီသည်သူ့အား အထင်သေးသကဲ့သို့ကြည့်ပြီး လက်ချောင်းအား မျက်နှာပြင်ပေါ်တွင် ကန့်လန့်ဆွဲလေသည်။ သူသည်အဖုံးအားကောက်၍ အစားအသောက်ဘူးတွင် ပြန်တင်လိုက်သည်။

လုကျားသည် အသံကြား၍ပြန်လှည့်လာလေသည်။

သူသည် ကြက်သေသေသွားလေသည်။

“ဒီအဖုံး... ငါအခုလေးတင်ဖွင့်လိုက်တာ မဟုတ်ဘူးလား”

ခေါင်းခါလိုက်ပြီး အနည်းငယ် ကြက်‌သေသေဖြစ်ပြီး အံ့သြသွားလေသည်။ သူသည် ထပ်ဖွင့်လိုက်ပြီး ဝက်များကို အစာကျွေးရန် ပြန်လှည့်သွားလေသည်။

သို့ရာတွင် အမြင့်မှ ဝက်စာများအား တက်ယူပြီးသည့်နောက်တွင် အဖုံးသည် ထပ်မံ၍ ပိတ်ထားသည်ကို တွေ့ရလေသည်။

"ဘာလဲဟ"လုကျား၏လက်ထဲမှ ဝက်စာများပြုတ်ကျသွားလေသည်။

သူမယုံကြည်နိုင်ခြင်းများစွာဖြင့် လျှောက်လာပြီး အဖုံးအား လက်တစ်ဖက်ဖြင့် မလေသည်။

စုရှီသည် ခြေထောက်များအား ချိတ်၍ အိပ်ယာထက်တွင် လဲလျောင်းနေလေသည်။ သူသည် လက်ချောင်းတစ်ချောင်းကို သုံး၍သာ အဖုံးအားပိတ်လိုက်လေသည်။

"ဒန်.......တန်"

လုယီသည် လန့်သွားလေသည်။ "ဘာဖြစ်တာလဲ ။ ဘာဖြစ်တာလဲ"

လုကျား၏မျက်နှာသည် ဖြူဖျော့နေလေပြီ။

သူသည် တုန်တုန်ရီရီဖြင့် အဖုံးအား ထပ်ဖွင့်လေသည်။

သို့ရာတွင် စက္ကန့်အနည်းငယ်အကြာတွင် အဖုံးသည် သူတို့နှစ်ဦး၏ရှေ့တွင် လေပေါ်တက်လာလေသည်။ ထို့နောက် အဖုံးလည်လာသည်မှာ သူတို့၏လည်ပင်းများအား ဖြတ်ခါနီး အထိပင်ဖြစ်သည်။ ထို့နောက် ယင်းအဖုံးသည် ရှစ်ကြိမ်တောင် ခုန်လေသည်။ နောက်ဆုံးတွင်၊ တစ်ချက် မြောက်တက်သွားပြီး အစားအသောက်ဘူးကို ပြန်ပိတ်သွားလေသည်။

သူတို့နှစ်ယောက်:???

ပိတ်သည်။ ဖွင့်သည်။

ပိတ်သည်။ ဖွင့်သည်။

ရွှေ့သွားသည်။ အစားအသောက်ဘူးတစ်ခုလုံးကို လေထဲတွင် မမြင်ရသောလက်တစ်စုံက ကိုင်ဆွဲလိုက်ပြီး မူလနေရာသို့ ပြန်ထားလိုက်လေသည်။

သူတို့နှစ်ယောက် : “...............”

ဝက်စာများသည် မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။ သူတို့၏ မျက်နှာများသည် ဖြူဖတ်ဖြူရော် ဖြစ်ကုန်ကြသည်။ အနင်းဖူနင်းဖူခေါင်းများ တိုက်မိကုန်ကြပြီး မူးဝေကုန်ကြလေသည်။

သူတို့နှစ်ဦးသည် ရွှံ့များပေကျံလျက်ဖြင့် မြေပြင်မှ ထပြီး စားဖိုဆောင်မှ မြန်မြန်ပြေးကြလေသည်။ သူတို့ပြေးရင်းဖြင့် အော်ကြလေသည်။ "ဘုရားရေ၊ ဘာတွေလဲ။"

စုရှီသည်သူ တို့၏အော်သံနှင့် အပြင်မှ အစောင့်၏ဆူသံကိုကြားရလေသည်။ "ဘာတွေ အရူးထ နေကြတာလဲကွ"

သူ(မ)ပိုပြီး နေလို့ကောင်းသွားလေသည်။

"ဟီးဟီးဟီး ၊ ငါ့ပစ္စည်းတွေခိုးဖို့ မင်းကို ဘယ်သူကပြောလို့လဲ"

စနစ်သည် ထပ်မံ၍ စာပို့လာလေသည်။

" ဇာတ်ကောင်၏ကိုယ်ရေးကိုယ်တာကိစ္စများတွင် အောင်မြင်စွာ ကူညီပေးနိုင်သည့်အတွက် ဂုဏ်ယူပါတယ်။ ရွှေဒင်္ဂါး 3ပြား ရရှိခြင်းနှင့်ကိုယ်ရေးကိုယ်တာကိစ္စများအတွင် 1မှတ်ရရှိခြင်းအတွက် ဂုဏ်ယူပါတယ်"

'ဒီလိုမျိုး လုပ်ပြီး ရွှေတွေ ရနိုင်တယ်လား'

စုရှီသည် ပိုက်ဆံရရန် ချက်နင်းဖူလုပ်လေတော့သည်။

မြေပုံတွင် ထိုနှစ်ယောက်သည် ခေါင်းမရှိသကဲ့သို့ ပြေးလွှားနေကြသည်ကို သူ(မ)မြင်လိုက်ရလေသည်။

သူတို့သည် လုဟွမ်၏အိမ်ဘက်သို့ ပြေးသွားကြလေသည်။ သူ(မ)သည် အပျော်လွန်ပြီး လိုက်ကြည့်နေခဲ့လေသည်။

သူတို့နှစ်ယောက်သည် အမောတကောဖြင့် သူတို့၏ဒူးထက်သို့ လက်ထောက်လိုက်လေသည်။ သူတို့၏မျက်နှာသည် စက္ကူထက်ပင်ဖြူဖျော့နေလေသည်။

လုကျားပြောလေသည်။ "အခုလေးတင် မီးဖိုမှာတွေ့လိုက်ရတာက ဘာတွေလဲ "

လုယီသည် အမောတကောဖြင့်ပြန်ပြောလေသည်။

" ငါ ငါဘယ်လိုသိမှာလဲ"

ထိုအချိန်မှာပင် သူတို့သည် မကောင်းတဲ့ခံစားချက်ခံစားရလေသည်။ စုရှီသည် သူ(မ)၏လက်ညှိုးကို လက်မနှင့် ချိတ်လိုက်လေသည်။ လုကျား၏ဖင်ကို တောက်လိုက်လေသည်။ အားသည် ပြင်းလွန်းသဖြင့် လုကျားသည် လွင့်ထွက်သွားပြီး နံရံနှင့်တိုက်မိသွားလေသည်။

လုယီသည် အံ့အားသင့်သွားလေသည်။ ဘာတွေဖြစ်ပျက်သွားမှန်း သူ မစဥ်းစားမိသေးခင်မှာပင် သူ၏မျက်နှာသည် အရိုက်ခံရလေသည်။

ထိုနှစ်ယောက်အား စုရှီသည် ရိုက်နှက် ကန်ကျောက်ပြီးသည့်နောက် သူ(မ)၏အိပ်ကပ်ထဲသို့ ရွှေဒင်္ဂါးများ ဝင်လာသည့်အသံကို ကြားရလေသည်။

ရွှေဒင်္ဂါးပြားများ +2, +2

စုရှီ: ငါတကယ် ရွှေပြားတွေရတာလား

သူ(မ)သည် လက်ဝါးများအား ပွတ်လိုက်ပြီး သူတို့ကို ကန်လိုက်ပြန်လေသည်။

+2 +2 +2 +2 +2 ဆိုသောစကားလုံးများသည် ဖုန်းမျက်နှာပြင်တွင် ဆက်ပေါ်လာပြန်သည်။

စုရှီ၏မျက်လုံးများတွင် ပိုက်ဆံများဖြင့် ပြည့်နေလေသည်။ အလွန်ပျော်လေသည်။ သူ(မ)သည် စနစ်ကို ပြောလေသည်။ "သေချာလေး ဖွဲ့စည်းထားပဲ။ အဲလိုဆိုရင် ဒီဂိမ်းက ငွေတွင်းလိုပဲ။ ပိုက်ဆံတွေ ဆက်တိုက်ကို ထွက်လာနေတော့တာ။

စနစ်: “............”

မျက်နှာပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာလေ၏။ "အရမ်းကြီး လောဘမကြီးပါနဲ့။"ဒါဆို ရွှေတွေ ထပ်ကျမလာတော့ဘူး။

စုရှီသည် ညာဘက်ထောင့်အား ကြည့်လိုက်ပြီးနောက် သူမတွင် ရွှေ24ပြားနှင့် 4မှတ်ရှိသည်ကိုတွေ့ရလေသည်။ သူမလိုချင်သလောက် မရရှိသေးပေ။

ထိုသူနှစ်ယောက်သည် မြေကြီးပေါ်တွင် ခဏလောက် အော်ငိုနေလေသည်။ ခဏအကြာတွင် အစေခံအချို့သည် သူတို့ကို ရူးနေပြီဟုဆိုကာ ဆွဲထုတ်သွားလေသည်။

မင်းသားနင်းဖု၏အိမ်တော်သည် အလွန်ကြီးလေသည်။ မင်းသားနင်းဖု ထက်စာလျှင် ပိုပြီးကြီးမားသည့် အိမ်တော်များ မြို့တော်တွင် ရှိနိုင်သေးသည်။ သို့ရာတွင် စုရှီသည် ဇာတ်ကောင်၏နေရာနှင့် စားဖိုဆောင်နှစ်ခုသာ သော့ပွင့်သေးသည်။

မကြာခင်မှာပင် ဒီနေရာနှစ်ခုသည် အလွတ်ဖြစ်သွားပြီး ဘယ်သူမှမရှိတော့ပေ။ သူ(မ)နည်းနည်း ပျင်းသလိုခံစားရလေသည်။

ဇာတ်ကောင်သည် ဘာတွေလုပ်နေပြီး ဘယ်အချိန်ပြန်လာမည်ကို သူမမသိပေ။

စုရှီရုတ်တရက်သတိရလိုက်သည်မှာ အစားအစာဘူးသည် စားဖိုဆောင်ထဲတွင် ရှိနေသေးသည်။ စားဖိုဆောင်သို့ အမြန်ကြည့်လိုက်သည်။

အစားအသောက်ထဲမှ ဝါကျင်ကျင် ဟင်းရွက်များကို မြင်လိုက်ရသောအခါတွင် အန်မိမတတ်ဖြစ်သွားလေသည်။ အိပ်ယာဘေးရှိ ကြက်စွပ်ပြုတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဒီဟင်းရွက်နှင့်ဆန်ကြမ်းက ဘယ်လိုလုပ်စားလို့ရပါ့မလဲဆိုပြီး အလွန်အမင်း ခံစားသွားရလေသည်။

စနစ်သည် သူ(မ)၏အတွေးများအား အာရုံခံမိသွားသည့်နောက် စာပို့လာလေသည်။ "စတိုးဆိုင်ကနေ အစားအသောက်ဝယ်ဖို့ ရွှေဒင်္ဂါး 5 ပြားသုံးမလား"

"မသုံးဘူး" စုရှီသည် ပိုက်ဆံမသုံးရဆိုသည့်စည်းမျဥ်းအား လက်ကိုင်ထားတုန်းပင်ဖြစ်သည်။ "စားစရာလေးများရှိမလားဆိုပြီး ငါမီးဖိုချောင်ထဲရှာကြည့်လိုက်ဦးမယ်"

ပြောပြီးပြီးနင်းဖူပင် ဖုံးထားသောမီးဖိုပေါ်မှ လတ်ဆက်သော ဟင်းရွက်များနှင့်ချက်ထားသည့် ဝက်သားပေါင်းကို တွေ့လိုက်လေသည်။

စုရှီပြောသည်။ "တွေ့လား၊ ဒါပိုက်ဆံချွေတာတာပဲမလား"

စနစ်: “မင်းနိုင်ပါတယ်”

စုရှီသည် မီးဖိုဆောင်၏ညာဘက်ထောင့်ရှိဝက်ခြံထဲသို့ အစားအသောက်ဘူးထဲမှ အစားအစာများကို သွန်လိုက်လေသည်။ ထို့နောက် မည်သူဝှက်ထားမှန်းမသိသော ဝက်သားပေါင်းကို ယူပြီး အစားအသောက်ဘူးထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် အစားအသောက်ဘူးကိုယူပြီး ဂိမ်းဇာတ်ကောင်၏ဗီရိုထဲသို့ ပြန်ထည့်လိုက်လေသည်။

စုရှီသည် အလွန်ကျေနပ်၍ လက်ခုပ်ထတီးလေသည်။

ဂိမ်းထဲတွင် အချိန်ကုန်မြန်လှလေသည်။ စုရှီသည် အပြင်လောကတွင် တစ်ရက်သာ ကုန်ဆုံးရသေးသော်လည်း ဂိမ်းထဲတွင်မူ သုံးညလောက်ရှိသွားသည့်ပုံပင် ဖြစ်သည်။

ဂိမ်းဇာတ်ကောင်သည် ဆီးနှင်းများဖုံးအုပ်နေသည့် ညသန်းခေါင်အချိန်တွင်ပြန်လာခဲ့လေသည်။

စုရှီသည် ဘယ်ဘက်အပေါ်ထောင့်ရှိ ကျန်းမာရေးမျဥ်းကြောင်းအား ကြည့်လိုက်လေသည်။ ကျန်းမာရေးမျဥ်းကြောင်းသည့ 30 %ရှိပြီး ခံနိုင်ရည်မျဥ်းကြောင်းသည် 5%သာကျန်သည်ကိုတွေ့ရလေသည်။

စုရှီ မျက်မှောင်ကြုံ့လိုက်လေသည်။

"သူဘာတွေထပ်လုပ်လာပြန်ပြီလဲ။ ဘာလို့ သူ့ဒူးခေါင်းတွေကညစ်ပတ်နေပြီး သူ့အဝတ်တွေကလဲ စိုရွှဲနေတယ်။ မျက်နှာလည်း ဖြူဖတ်ဖြူရော်နေတာပဲ”

စုရှီသည် အလွန်ကပ်စေးနည်းသဖြင့် ဂိမ်းဇာတ်ကောင်၏ ရုပ်ရည်သွင်ပြင်ကို မပြောင်းလဲရသေးပေ။ ထို့ကြောင့် ဂိမ်းဇာတ်ကောင်သည် အခုထိ ခြေလက်တိုတိုနှင့် ကာတွန်းဇာတ်ကောင်အဖြစ်သာရှိသေးသည်။

သို့ရာတွင် သူသည်မည်မျှပင် ကာတွန်းဇာတ်ကောင်ဆိုစေကာမူ သူ၏ခြေလှမ်းများသည် လေးလံလှပေသည်။ အမူအရာသည် အေးစက်နေပြီး လူတွေတစ်ချက်ကြည့်လိုက်သည်နှင့် မူးလဲသွားစေမည့်ပုံမျိုးဖြစ်သည်။

သူဝင်လာပြီးသည့်နောက် ပုံမှန်မဟုတ်သည့် အနံ့တစ်ခု ရလိုက်သည်။ နှာခေါင်းတရှုံ့ရှုံ့ဖြင့် အဝတ်ဗီရိုဆီသို့ သွားလေသည်။

စုရှီသည် သူ့အားစူးစမ်းရင်း ဂိမ်းဇာတ်ကောင်၏အမူအရာအား တွေ့လိုက်ပြီးနောက် မူးသွားလေသည်။

ဤဂိမ်းသည် အလွန်ကို လက်တွေ့ကျလွန်းသည်။ တခဏလောက် ဂိမ်းဇာတ်ကောင်ကို ကာတွန်းဇာတ်ကောင်အနေဖြင့် မမြင်တော့ပေ။

လုဟွမ်၏အမူအရာသည် အေးစက်လျက်။ သူသည် ဗီရိုထဲမှ အစားအသောက်ဘူးကို ယူပြီး အောက်သို့ ချလိုက်သည်။

ယနေ့အစားအစာဘူးသည် ပုံမှန်ထက်ပိုလေး၍ တစ်ခုခုလွဲနေသော်လည်း သူဂရုမစိုက်ပေ။

ပုံမှန်ဆိုရင် အစားအသောက်ဘူးကို ဖွင့်ပြီး တွေ့တဲ့ ချုံပုတ်ထဲ ပစ်လိုက်တာချည်းပင်။ ယခုမူ သူ့တစ်ကိုယ်လုံးတောင့်သွားသည်။ အစားအစာဘူးထဲတွင် ဝက်သားဟင်းရှိသည်။ စားချင်စဖွယ်လေးဖြစ်သည်။

ဘူး၏အောက်အဆင့်တွင်ထမင်းဖြူလည်းပါသည်။ အနံ့နဲ့တင်စားချင်စရာကောင်းလှသည်။

လုဟွမ်၏မျက်လုံးအိမ်တောင်မှ ပြူးကျယ်သွားသလိုပင်။

တစ်ခုခုတော့ ဖြစ်နေလေပြီ။

စားဖိုဆောင်သည် သူ့အား အမြဲတမ်း ထမင်းကြမ်းနှင့်ပေါင်မုန်သာ ပို့သည်။ ဒီနေ့ ထိုအမျိုးသမီးသည် သူ့ဆီကို အဘယ်ကြောင့် ဝက်သားဟင်းပို့သနည်း?

အဖျားကြောင့်ပဲ မြင်ချင်ရာမြင်နေတာလား ဒါမှမဟုတ် သူအိမ်မက်မက်နေတာလား။

All Chapters