← Chapters

Chapter 4

Vol. 1 Ch. 4

Chapter 4

Vol. 1 Ch. 4

သူငယ်ငယ်လေးကတည်းက လုဟွမ်၏တည်ရှိမှုသည် မင်းသားနင်းဖူကို အမြဲတမ်း ခက်ခဲနေစေခဲ့သည်။

သူသည် တရားမဝင်သားဖြစ်ခြင်းတစ်ခုတည်းကြောင့်သာဆိုလျှင် သူယခုလိုမျိုး အနိုင်ကျင့်ခံရမည်မဟုတ်ပေ။ မြို့တော်ရှိ ဂုဏ်သိက္ခာကြီးမားသော အိမ်တိုင်းတွင် ကိုယ်လုပ်တော်အနည်းငယ်နှင့် တရားမဝင်သားများ ရှိကြသည်သာ။ သို့ရာတွင် ထိုသူများသည် အနည်းဆုံးတော့ အစားကောင်းကောင်းစားရ၍ အဝတ်ကောင်းကောင်း ဝတ်ရလေသည်။ သူ့လိုတော့ ပစ်မှတ်ထားခြင်း မခံကြရပေ။

သူ အသက်ငါးနှစ်အရွယ်တွင် မင်းသားနင်းသည် သူ့အား ခက်ထန်စွာ ဆက်ဆံ၍ အိမ်တော်မှ အပြင်သို့ ထွက်ခွာခွင့် မပြုကြောင်းကို အစေခံများဆီမှ တစ်ဆင့် သိခဲ့ရလေသည်။ မင်းသားနင်းသည် ‘နင်း’သခင်မနှင့် သူ၏တရားဝင်သား နှစ်ယောက်အားလည်း သူ့အား အနိုင်ကျင့်သည်ကို ခွင့်ပြုထားလေသည်။ တခြား အကြောင်းအရင်းလည်း ရှိပေလိမ့်မည်။

ပြောကြသည်မှာ သူ၏မွေးဇာတာသည် အရှေ့ဘက်နန်းတော်မှ တစ်စုံတစ်ယောက်နှင့် ဆန့်ကျင်ဘက်ဖြစ် နေသောကြောင့်ဖြစ်သည်။

လုဟွမ်သည် သူ၏အမေနှင့် မတွေ့ဖူးသလိုသူ၏နောက်ခံနှင့် ပတ်သက်ပြီးလည်း သေချာမသိပါပေ ။ ပြောရမည်ဆိုလျှင် သူမွေးဖွားသည့်အချိန်ကိုပင် မသိပေ။ သူဘယ်တော့မှ မမျှော်လင့်ခဲ့သည်မှာ သူ၏မွေးရက်ကြောင့် လက်ရှိမင်းကြီးအား အပြစ်ပြုမိ၍ မင်းသားနင်း၏ ကံကြမ္မာအတွက် အနှောင့်အယှက် ဖြစ်နေခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သူသည် တံတိုင်းမြင့်များဖြင့် ကာရံထားသော မင်းသားနင်း၏ အဆောက်အအုံထဲရှိ အေးခဲလှသော ထင်းတဲလေးထဲတွင် စွန့်ပစ်ခံရသည်မှာ ၁၄ နှစ်ပင် ရှိခဲ့လေပြီ။

လုဝမ်ရှို့သည် ဦးနှောက်မရှိသော အရူးတစ်ယောက်သာ ဖြစ်၍ စိုးရိမ်စရာမရှိပေ။ သူ တကယ်စိုးရိမ်သည်မှာ ရှေ့တွင်ပြုံးနေပြီး နောက်ကျောဓားနှင့် ထိုးတတ်သည့် ‘နင်း’သခင်မပင်ဖြစ်သည်။

မီးဖိုဆောင်သည် ‘နင်း’သခင်မ၏ သူလျှိုများဖြင့် ပြည့်နေလေသည်။ ဒီနှစ်တွေထဲမှာ သူတို့သည် သူ့အား တမင်သက်သက် အကျန်များသာ ကျွေးလေသည်။ အားလပ်ရက်များတွင် သူတို့သည် သူ၏ဝေစုအား မပေးဘဲ တမင်သက်သက် အဆာခံခိုင်းလေသည်။

သို့ရာတွင် ယနေ့မှာတော့ သူ့အား ပို့ပေးသော အစားအသောက်များသည် ရုတ်တရက်ပြောင်းသွားလေပြီ။ သာမန် ဟင်းပူပူလေးနှင့် ထမင်းဖြစ်လေသည်။

လုဟွမ်၏စိတ်ထဲတွင် တစ်စုံတစ်ကို မသင်္ကာစရာ ရှိနေရမည်ဟု ထင်နေမိသည်။

စုရှီသည် အိပ်ယာပေါ်တွင် မှောက်ရက်လဲအိပ်၍ လက်နှစ်ဖက်တွင် မေးထောက်ပြီး ဖုန်းမျက်နှာပြင်အား ကြည့်နေလေသည်။ သူသည် လတ်လတ်ဆတ်ဆတ်ဟင်းရွက်များဖြင့် ချက်ထားသော ဝက်သားပေါင်းအား ဂိမ်းဇာတ်ကောင်က တွေ့ပြီး ပျော်ရွှင်စွာ စားသောက်နေသည်ကို တွေ့ချင်လှပြီ။

သူသည်ပင်လျှင် ထိုဝက်သားပေါင်းအား မြင်ပြီး သွားရည်ကျလုမတတ် ဖြစ်နေလေသည်။ အဘယ်ကြောင့် ဂိမ်းဇာတ်ကောင်သည် နေရာမှာတင်ရပ်လျက် မျက်မှောင်ကြီး ကျုံ့ပြီး ကြည့်နေရသနည်း?

ပြီးတော့ သူ့ရဲ့အမူအရာကလည်း ပိုပြီး အေးတိအေးစက်ဖြစ်လာသလားလို့?

မင်းဘာတွေ စဉ်းစားနေတာလဲ? စားတော့လေ!

စုရှီသည် သူ့အား မြန်မြန်စားရန် ထိပြီး ပြောခါနီး အချိန်တွင် ဂိမ်းဇာတ်ကောင်သည် အဝတ်ထဲမှ တစ်စုံတစ်ခုအားထုတ်ယူပြီး လက်ချောင်းကြားထဲတွင် ညှပ်လိုက်လေသည်။ သူ၏ နူးနူးညံ့ညံ့မျက်နှာလေးသည် ပုံမှန်နှင့်မတူဘဲ တည်တည်တံ့တံ့ဖြစ်နေချေသည်။

စုရှီ: ?

မင်းဘာလို့မစားဘဲ အပ်တစ်ချောင်း ထုတ်လာတာလဲ?

ဒီဂိမ်း၏ဗီလိန်တွေက စည်းမျဉ်းနှင့်အညီ မလုပ်ဆောင် ကြတာလား?

စက္ကန့်အနည်းငယ်အကြာတွင် ဂိမ်းဇာတ်ကောင်သည် ကိုယ်ကို နည်းနည်းလေး ကိုင်းလိုက်ပြီး အစားအသောက် ဗူးထဲသို့ ငွေရောင်အပ်လေးအား စိုက်လိုက်လေသည်။ ဝက်သားဟင်းထဲသို့ ထိုအပ်လေးသည် ထိုးဖောက်သွားလေ သည်။

ထို့နောက် သူသည်အပ်အား ဆွဲထုတ်လိုက်ပြီး ရေဖြင့် နှစ်ခါဆေး၍ ငွေရောင်အပ်အရောင်ပြောင်းသည်ကို စောင့်ကြည့်နေလေသည်။

ငွေရောင်အပ်၏ အရောင် အမဲရော င်ပြောင်းမသွားသည်ကို ကြည့်၍ သူသည် မျက်မှောင်ကျုံ့သွားပြီး အနည်းငယ်လည်း အံ့သြသွားလေသည်။

ထို့နောက်သူသည်ငွေရောင်အပ်အား ထမင်းထဲသို့ ထပ်ထည့်လိုက်ပြန်သည်။

သို့သော် ငွေရောင်အပ်သည် အမဲရောင် မပြောင်းသွားသောအခါ သူ့အား ပို၍ ပဟေဠိဖြစ်သွားစေသည်။

သို့သော်လည်း ဂိမ်းဇာတ်ကောင်သည် အခုထိ စိတ်မချသေးပါ။ သူသည် အစားအသောက်ဘူးထဲသို့ ငွေရောင်အပ်အား ထပ်ခါထပ်ခါ စိုက်နေသည်။ သူသည် အတော်လေးကို သတိကြီးစွာထားပြီး လုပ်ဆောင်နေသည်။

စုရှီ၏ပါးစပ်သည် အကျယ်ကြီးဟ ပြီး အကြီးကြီး အံ့အားသင့် သွားတော့သည်။

အစားအသောက်ထဲ အဆိပ်ခတ်ထားတယ်လို့ သူ့ကျိုက်ကျိုက်က သံသယဝင်နေတာလား?

မဖြစ်နိုင်ဘူးမလား? သူဘာလို့ အရမ်းသတိထားနေတာလဲ? ဒီဂိမ်းက အရမ်းအစစ်အမှန်မဆန်လွန်းဘူးလား?

'ခရီးသွားနေသော ဖား'လိုမျိုး ဂိမ်းကို ပြောနေတာဆိုရင်တော့ ဂိမ်းထဲက ဖားလေးတွေက သူတို့ကိုသာ စားစရာနဲ့ သောက်စရာပေးလိုက်ရင် ပျော်ပျော်ကြီး စားကြသောက်ကြမှာ။ ဒီဂိမ်းကဘယ်လိုကြီးပါလိမ့်၊ ဒါက အရမ်း........

စုရှီသည် ဂိမ်းအားကြည့်၍ အနည်းငယ် စိတ်ရှုပ်သွားလေသည်။ သူထင်လိုက်သည်မှာ ဂိမ်း၏ပရိုဂရမ်သည် အလွန် တင်းကျပ်သောကြောင့် ဂိမ်းဇာတ်ကောင်သည် ငွေအပ်ဖြင့် အဆိပ်မရှိကြောင်း စမ်းသပ်ပြီးသည်နှင့် စစားလိမ့်မည်ဟူ၍ ဖြစ်သည်။ သို့ရာတွင် ဂိမ်းဇာတ်ကောင်သည် ရုတ်တရက် ရပ်သွားလေသည်။

ထို့နောက် သူမြင်လိုက်သည်မှာ ဂိမ်းဇာတ်ကောင်သည် အစားအသောက်ဘူးအား ယူ၍ သစ်သားတံခါးအပြင်သို့ ထွက်သွားလေသည်။ ကြည့်ရသည်မှာ သူသည်အစားအသောက်များအား စွန့်ပစ်ရန် နေရာရှာဟန်တူသည်။

စုရှီသည် အံ့သြသွားလေသည်။

သူသည် မိုးကြိုးပစ်ခံလိုက်ရသလိုပါ ခံစားလိုက်ရတော့သည်။

ငါစောက်ကျိုးနည်းသေအောင် ကြိုးစားပြီးမှ ရအောင်ယူထားပေးတာကို နင်က အလဟဿဖြစ်အောင် လုပ်လိုက်တော့မလို့လား?

အစားအသောက်ထဲတွင် အဆိပ်မရှိပေ။ လုဟွမ်သည် တကယ်ကို အံ့သြသွားလေသည်။ သို့ရာတွင် စားဖိုဆောင်မှ ယခုကဲ့သို့ ဟင်းပူပူလေးပို့လိုက်သည်မှာ တစ်ခုခုမှားနေပေသည်။

အဲ့ဒီမိန်းမ သို့မဟုတ် လုဝမ်ရှို့သည် တစ်ခုခုကြံစည်နေသည်ပင် ဖြစ်ပေလိမ့်မည်။

သူသည်သူ၏တူများအား ကိုင်မည့်အစား အဆာသာ ခံလိုက်ပေမည်။

သူသည် အစားအသောက်ဘူးအား ယူလိုက်ပြီး သစ်သားတံခါးအားဖွင့်ရန်ပြင်လိုက်သည်။

ထိုအရာအားမြင်ပြီးနောက် စုရှီသည် လျှင်လျှင်မြန်မြန်ပင် ဖုန်းမျက်နှာပြင်ပေါ်တွင် လက်ချောင်းများဖြင့် တံခါးအားဖိထားလေသည်။ "ကျိုက်ကျိုက်၊ အစားအစာတွေကို ဖြုန်းတီးတာ ရှက်ဖို့အကောင်းဆုံးဘဲ။"

[T/N : ကျိုက်ကျိုက် = ကလေးလေး]

သစ်သားတံခါးသည် တကျွီကျွီ မြည်လာကာ သစ်သားကိုယ်ထည်နှင့် နံရံသည် တစ်ခုခုညပ်နေသကဲ့သို့ ဖြစ်နေသည်။ လုဟွမ်သည် သစ်သားတံခါးအား လုံးဝဖယ်၍မရပေ။

သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ဖြတ်ပြေးသွားလေသည်။

တံခါးက လေတိုးပြီးများ နံရံကြားထဲ ညပ်သွားတာများလား?

လုဟွမ်သည် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်ပြီး တံခါးအား အားဖြင့်ဆွဲဖွင့်လိုက်လေသည်။ သူသည် အဖျားလုံးဝ မပျောက်သေးသော်လည်း အားအရမ်းကြီးလှသဖြင့် ဖုန်းမျက်နှာပြင်ပေါ်မှ စုရှီပင် တံခါးကို ထိန်းမထားနိုင်တော့ချေ။

သစ်သားတံခါးသည် အပြင်မှ တစ်ယောက်နှင့် အထဲမှတစ်ယောက်ကြောင့် ကျိုးလုနီးပါးဖြစ်သွားလေသည်။

စုရှီသည် ရွေးချယ်စရာမရှိသဖြင့် သူ၏လက်ချောင်းများအား ဖယ်ပေးလိုက်ရလေသည်။ ထို့နောက် လုဟွမ်သည် တံခါးအားဖွင့်၍ အစားအစာဘူးအားယူ၍ ထွက်သွားလေသည်။

သူသည် တံခါးအား စိတ်ရှုပ်ထွေးခြင်းအပြည့်ဖြင့် လှည့်ကြည့်ရန်လည်း မမေ့ပေ။ သစ်သားတံခါးသည် မပြင်သည်မှာအတော်ကြာပြီဖြစ်သော်လည်း ယခုလောက်ထိ ထူးဆန်းနေတာမျိုး မကြုံဖူးပေ။

"..."

ထို့နောက် စုရှီသည် လုဟွမ် အစားအစာဘူးအား သယ်သွားပြီးနောက် အပြင်တွင် နှင်းများဖယ်သည့်တူရွင်းဖြင့် ကျင်းတစ်ကျင်း တူးနေသည်ကို ကြည့်နေလေသည်။

သူ၏ဂိမ်းဇာတ်ကောင်သည် အလွန်သတိကြီးလွန်းသည်ကို ကြည့်၍ သူသည် ခေါင်းကိုက်နေပေသည်။ သူသည် စားလည်းမစား၊ သောက်လည်းမသောက်လျှင် သူမသည် သူ့ကိုဘယ်လို အစားအသောက် ကျွေးရပါတော့မည် နည်း။

ထို့နောက် သူသည် အဝေးမှခြေသံများနှင့် ဆူဆူညံညံအသံများကို ကြားလိုက်ရလေသည်။

"သူခိုးကို ငါ့ဆီဖမ်းခေါ်လာခဲ့စမ်း"

ထိုအသံအား သူသည် အလိုအလျောက် ကြားလိုက်ရသကဲ့သို့ လုဟွမ်သည်လည်း ကြားလိုက်ရလေသည်။

တစ်ခုခုအား သိလိုက်ရသည့်သကဲ့သို့ သူ၏အမူအရာသည် လုံးဝပြောင်းလဲသွားလေသည်။ သူ၏မျက်လုံးများသည် ချက်နင်းဖူ မည်းမှောင်သွားပြီး သူ၏လက်လှုပ်ရှားမှုမှာမူ ပို၍ပင်မြန်သေးသည်။

သို့ရာတွင် သူအစားအစာများအား သွန်မပစ်ရသေးခင်မှာပင် ထိုလူများသည် ဒေါသဖြင့် လျှောက်လာကြလေသည်။

ထိုသူများ မရောက်သေးခင်တွင် သူသည် အစားအစာဘူးအဖုံးအား ပိတ်၍ ထောင့်တစ်နေရာတွင် ဝှက်ထားရန်သာ အချိန်ရလေတော့သည်။ သူသည် အေးစက်စက်အမူအရာဖြင့် ထိုသူတို့အား လှည့်ကြည့်လိုက်လေသည်။

လုဝမ်ရှို့သည် စိတ်ကြီးဝင်စွာဖြင့် ရှေ့မှလျှောက်လာပြီး နောက်တွင် လုကျား၊ လုယီ၊ စားဖိုမှူးနှင့် တစ်ခြားလူတို့ လိုက်လာလေသည်။

ဖုန်းမျက်နှာပြင်သည် ရုတ်တရက် အသက်ဝင်လာပြီး လူများ စုဝေးလာလေသည်။

အဖြစ်အပျက်သည် အောက်ပါအတိုင်းဖြစ်သည်။

အားလုံးဘဲ အားလုံးဘဲ

အားလုံးဘဲ အားလုံးဘဲ အားလုံးဘဲ

အားလုံးဘဲ အားလုံးဘဲ

အနီရောင်ခြုံထည်တစ်ထည်အား ခြုံထား၍ မြေပဲတောင့်လောက်သာရှိသော လုဝမ်ရှို့သည် စိတ်ကြီးဝင်သောအမူအရာဖြင့် လုဟွမ်ထံ လျှောက်လာလေသည်။

ထိုပုံစံသည် အလွန်အမင်းနိုင်လို မင်းထက်ပြုလိုသော အမူအရာဖြစ်သော်လည်း ရေးဆွဲထားသည်မှာ အလွန်ဆိုးဝါးသောကြောင့် တည်တည်ငြိမ်ငြိမ် ရပ်ကြည့်နေသော စုရှီအတွက်မှာမူ စိတ်ပျက်ဖွယ်ဖြစ်လေသည်။

" ဒီမနက်က ငါစားဖိုဆောင်ကို လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေနဲ့ ချက်ထားတဲ့ဝက်သားဟင်း ချက်ခိုင်းခဲ့တယ်။ စားဖိုဆောင်က ငါ့အတွက် သီးသန့်ချက်ထားပေးခဲ့ပေမယ့် ဘယ်သူခိုးက ခိုးသွားမှန်းမသိဘူး"

လုဝမ်ရှို့သည် သူ့အား စောင်းပြောလေသည်။

"လိုအပ်လို့လား? ဗိုက်ဆာပြီး သေတဲ့သရဲများ ဝင်စားတာလား? ဟင်းတောင် ခိုးစားတယ်တဲ့လား? မိလို့ကတော့ မင်းသားနင်းဖူအိမ်တော်တစ်ခုလုံးရဲ့ လှောင်ပြောင်တာခံရဖို့ စောင့်နေလိုက်!"

စုရှီသည် လန့်သွားသဖြင့် မျက်လုံးများပင် ပြူးသွားလေသည်။

ချီးဘဲ! မြေပဲကောင်စုတ်၊ မင်းက လိမ်တဲ့နေရာမှာ တကယ်တော်တာဘဲ!

ဝက်သားဟင်းက မင်းဟာမှမဟုတ်တာ!

အဲ့ဒီအချိန်တုန်းက တခြားဟင်းကောင်းဟင်းလျာများသည် စားပြီး၍ ဝက်သားဟင်းသာကျန်သည်ကို သူစားဖိုဆောင်တွင် တွေ့ပြီးသားဖြစ်သည်။ သူသည် ထိုဟင်းအား အကျန်ဟုထင်လိုက်ပြီး ကျိုက်ကျိုက်အတွက် ယူခဲ့ခြင်းဖြစ်လေသည်။

ယခု လုဝမ်ရှို့သည် လူများအား ခေါ်လာသည်မှာ ဒုက္ခပေးခြင်း၍သာဖြစ်သည်။ သူသည် ဤအခွင့်အရေးအား အသုံးချပြီး ရေးကြီးခွင်ကျယ်လုပ်ခြင်းသာဖြစ်သည်။

သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူသည် မကောင်းမှုများအား လုပ်ပြီးနေပြီဖြစ်သည်။

သူတွေ့လိုက်သည်မှာ လုဝမ်ရှို့နှင့်အဖွဲ့သည် သူမ၏ဇာတ်ကောင်အား တစ်ယောက်တည်းရှိနေချိန်တွင် အနိုင်ကျင့်ကြသည်။

လုဟွမ်၏ ညစ်ပတ်နေသော ဝတ်ရုံသည် နှင်းတွေစိုနေဆဲဖြစ်သည်။ လေအေးများကလည်း တိုက်နေဆဲ ဖြစ်သဖြင့်မည်သည့်အချိန်တွင်မဆို ပြဲသွားနိုင်သည့်အနေအထားပင်ဖြစ်သည်။ သူ၏မျက်လုံးများသည် ဒေါသဖြင့်ပြည့်နေပြီး လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ထားသော်လည်း တုပ်တုပ်မျှမလှုပ်ပေ။

စုရှီ၏ နှလုံးသားသည် ဓားထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ဂိမ်းဇာတ်ကောင်ပေါ်တွင် အပြစ်ရှိစိတ်ခံစားသွားရသည်။

လုကျားသည် လက်နောက်ပစ်၍ပြောလေသည်။

"ဟုတ်တယ်၊ အဲ့အချိန်တုန်းက ငါတို့နှစ်ယောက် မီးဖိုဆောင်ထဲမှာ အစားအစာဘူးတွေကို ချန်ထားခဲ့တယ်။ အဲ့ဒါတွေက အခုမင်းဆီ ဘယ်လိုရောက်လာတာလဲ? မင်းဘာသာပဲ ယူလာတာ ဖြစ်ရမယ်။ မင်း ဒုတိယ သခင်လေးရဲ့ဟင်းကို တွေ့တော့ လောဘတက်ပြီး ခိုးလာတာမလား?"

လုယီသည် သူ၏မျက်နှာအား ပွတ်လိုက်ပြီးပြောလေသည်။ "ဒုတိယသခင်လေးရဲ့ အရသာရှိတဲ့ဟင်းက သူ့ဗိုက်ထဲတောင် ရောက်နေလောက်ပြီ"

သူမျှော်လင့်ထားသည့်အတိုင်းပင် တစ်ခုခုတော့လွဲနေပေသည်။ အဘယ့်ကြောင့်စားဖိုဆောင်သည် သူ့အား ဟင်းပူပူလေး ပို့ရသနည်း ဟူ၍ သူသည်အံ့သြနေလေသည်။ ယခုမူ လုဝမ်ရှို့သည် တမင်သက်သက် ပြဿနာရှာချင်၍ လုပ်လိုက်မှန်း သိလိုက်ရလေသည်။

လွန်ခဲ့သောရက်အနည်းငယ်က စုံစမ်းရေးအရာရှိမှ စစ်ဆေးရန်လာလေသည်။ သူသည် ကိုယ်လုပ်တော်၏သား ဖြစ်သော်လည်း သူပါတက်ရောက်ရန် ဆင့်ခေါ်ခံရလေသည်။ နောက်ဆုံးတွင် သူသည် လုဝမ်ရှို့နှင့် လုယွမ်အန်း တို့အား အနိုင်ရခဲ့ပြီး လုဝမ်ရှို့တို့လည်း သိက္ခာကျသွားလေသည်။ ထို့ကြောင့် သူ့အား အပြစ်ရှာရန်ကြိုးစားခြင်း ဖြစ်သည်။

တမြန်နေ့က သူ့အားအနိုင်ကျင့်ရသည်အား မလုံလောက်၍ ယနေ့ သူသည် နောက်တစ်မျိုးကြံ၍ ပြန်လာပြန်သည်!

စုရှီသည် ဂိမ်းဇာတ်ကောင်၏အမူအရာအား မြင်ပြီးနောက် တစ်ချိန်တည်းမှာပင် သူမသည် ဂိမ်းဇာတ်ကောင်အား ဝက်သားဟင်းအား သွန်ပစ်ရန် တံခါးဝ၌ မတားခဲ့ဘူးဆိုလျှင် ယခုအချိန်တွင် ဝက်သားဟင်းအား သွန်ပစ်ပြီးနေ လောက်ပေသည်။

ထိုအခါ လုဝမ်ရှို့နှင့်ထိုအရူးများသည် သက်သေလည်း မရှာတွေ့နိုင်တော့ပေ။ စွပ်လည်း မစွပ်စွဲနိုင်တော့ပေ။

သူ့ကြောင့်သာ--

သို့ပေမယ့် ဂိမ်းသည် တကယ်ကို ပြောင်းနေပေသည်။ ဘယ်သူကများ ဒီလိုအတွေးမျိုးရှိပါလိမ့်?

ဘယ်လိုပရိုဂရမ်မာမျိုးကများ ဒီလိုဂိမ်းမျိုးရေးဆွဲတာပါလိမ့်? !

စုရှီသည် အနည်းငယ်တော့ စိုးရိမ်စပြုလာလေပြီ။ အိပ်ယာပေါ်တွင် ထောက်ထားသော တံတောင်ဆစ် အနည်းငယ် နာနေသော်လည်း သူမသည် မကြည့်အားသေးပေ။ မနက်တုန်းက သူသည် ဂိမ်းအား မစွဲလမ်းတော့ ကြောင်းပြောခဲ့သော်လည်း ယခုမူ ဒီဂိမ်းအား အလွန် စွဲနေပေပြီ။

စားဖိုဆောင်မှူးသည် ပျောက်သွားသော ဝက်သားဟင်းအား လုဟွမ် ခိုးသွားသည်မှာ အလွန်သေချာ နေပေသည်။ ခိုးသွားသည်မှာ လုဟွမ် မဟုတ်ပါက တစ်ခြားမည်သူ ဖြစ်နိုင်ဦးမည်နည်း?

လုဟွမ် မခိုးခဲ့ဘူးဆိုလျှင်တောင် ဘယ်အစေခံက ခိုးမည်နည်း? ဝက်သားဟင်းသည် ပျောက်နေပေသည်။ သူသည် သူစားသည်ဟု ပြော၍သာ အပြစ်တင်ခံရပေလိမ့်မည်။

မည်သည့်ကိစ္စတွင်မဆို ဒုတိယသခင်လေးသည် လုဟွမ်အား သင်ခန်းစာပေးရန် အကြောင်းရှာလေ့ရှိသည်။သူသည် ဝက်သားဟင်း ဘယ်ရောက်သွားမှန်းဂရုမစိုက်ပေ။

လုဝမ်ရှို့သည် မီးဖိုချောင်မှူးအား အသိအမှတ်ပြုသည့်အကြည့်ဖြင့် လှမ်းကြည့်လေသည်။ သူ အကြောင်းပြချက် ကောင်းကောင်း ရှာတွေ့သွားလေပြီ။

လုဟွမ်၏အမူအရာသည် ဆိုးလှပေသည်။ သူ့မျက်နှာက မှုန်မှိုင်းနေကာ မျက်ဆံနက်တို့က အေးစက်မှုများနှင့် ပြည့်နှက်နေတော့သည်။

သူသည် သတိကြီးကြီး ထားပါသော်လည်း ဒီရက်ပိုင်းတွင် ထူးဆန်းသည့်အရာများ ဆက်တိုက်ဖြစ်နေလေသည်။ သူဒီနေ့ အဖျားကြောင့် ခေါင်းထိသွားတာလား သို့မဟုတ် သူကဘဲ အရမ်းနှေးလွန်းနေတာလား? သို့မဟုတ် သူသည် လုဝမ်ရှို့၏ ထောက်ချောက်ထဲပဲ မိသွားလေသလား?

သူ၏အမူအရာကိုကြည့်ပြီး ဝက်သားဟင်းသည် သူ၏အနောက်က အစားအစာဘူးထဲတွင်ရှိသည်ဟု လုဝမ်ရှို့ ထင်သွားလေသည်။

ယခု သူသည်အစားအသောက်ဘူးအား ဖွင့်ရန်သာလိုတော့သည်။ ပြီးလျှင် ဒူးထောက်ရန် ငြင်းနေသော လုဟွမ်အား သူခိုးဟုဆိုကာ သူ့ဂုဏ်သတင်းအား ဖျက်ဆီးပစ်မည်!

လုဝမ်ရှို့သည် ပျော်နေလေသည်။ သူသည် ပျော်ပျော်ကြီး လက်တွေကို ချိတ်လို ကွေးလိုက်ပြီး လုကျားကို လုယီအန်း၊ မင်းသားနင်းဖူနှင့် ကျန်သောအစေခံများအား ခေါ်ခိုင်းလေတော့သည်။

သေချာပေါက်လူများလေလေ ပိုပျော်ဖို့ကောင်းလေလေဖြစ်သည်။

သိပ်မကြာခင်မှာပင် လုယီအန်းရောက်လာလေသည်။ သူ၏နောက်တွင် အစေခံတစ်အုပ်ကြီးပါလာသည်။ မင်းသားနင်းဖူ၏ အစခေံများအားလုံးနီးပါးပင် ပွဲကြည့်ရန်လာရောက်ကြလေသည်။ ပုံမှန်အားဖြင့် သူတို့သည် ပွဲအား ယခုလို မကြည့်ရဲပေ။ ဒီတစ်ကြိမ်တွင်မူ ဒုတိယခင်လေးက လာရန်ခေါ်လေသည်။

လုယီအန်းသည် လုဝမ်ရှို့ထက် အနည်းငယ်ကြီးလေသည်။ သူသည် ပို၍တည်ငြိမ် ပုံပေါက်လေသည်။ သူသည်မျက်မှောင်ကျုံ့၍ပြောလေသည်။ "ဘာဖြစ်တာလဲ? မင်းသားနင်းဖူအိမ်တော်ရဲ့သူခိုးဆိုတာ ကိစ္စသေးသေးလေး မဟုတ်ဘူး။ ဝမ်ရှို့ မင်းမှာ သက်သေရှိလို့လား?"

သူ၏အနောက်ကအစေခံများသည် လုဟွမ်အား လက်ညှိုးတစ်ထိုးထိုးဖြင့် တိုးတိုးလေးပြောနေကြသည်။

အစေခံတစ်ယောက် ရောက်လာပြီး လုဝမ်ရှို့၏နားနားသို့ ကပ်၍ပြောလေသည်။ " သခင်လေး၊ ဝက်သားဟင်းက သူ့အနောက်က အစားအသောက်ဘူးထဲမှာရှိတယ်။ ငါတို့အနံ့ရတယ်။ ဒါကြောင့် သခင်လေးဖော်လိုက်တော့"

လုဝမ်ရှို့သည် အလွန်ကျေနပ်သွားလေသည်။သူသည် လုယီအန်းအားပြောလေသည်။ "ဒါပေါ့ ငါ့မှာ သက်သေရှိတယ်"

ထို့နောက် သူသည် သူ့အနောက်က အစေခံများအား ပြောလေသည်။

"မင်းတို့မျက်လုံးတွေ ဖွင့်ပြီး သေချာကြည့်ကြ။ ဘယ်သူက ဒီသခင်လေးရဲ့ ဟင်းကိုခိုးသွားတာလဲ ဆိုတာကို?! အဲ့လို အစားအစာခိုးတာက သူတောင်းစားထက် တောင်ဆိုးသေးတယ်! မင်းတကယ်ဗိုက်ဆာရင် ဒီသခင်လေးဆီမှာ လာတောင်းစားလို့ ရတာဘဲ။ ဘာလို့ခိုးတာလဲ?"

သူသည်လုဟွမ်အား စိုက်ကြည့်၍ ပြောလေသည်။

"သူ့နောက်က အစားအသောက်ဘူးကို ဖွင့်လိုက်စမ်း!"

တိုက်ခတ်လာသောလေသည် အတော်အေးလေပြီ။ လုဟွမ်၏မျက်လုံးများသည် အလွှာတစ်ထပ် ဖုံးအုပ်ထား သကဲ့သို့ပင် ဖြစ်သည်။ သူသည်လုဝမ်ရှို့အား ကြည့်၍ တစ်ခွန်းမျှမပြောပေ။

ဓားချက်တွေ ပစ်ထုတ်လိုက်သလိုပင် အခြေအနေသည် ပို၍ပင်ပြင်းထန်လာပေသည်။

လုဝမ်ရှို့သည် နှာခေါင်းရှုံ၍ ရယ်လေသည်။ သူသည် စားဖိုမှူးအား တွန်း၍ အစားအစာဘူးဆီသို့ လျှောက်လာလေ သည်။ အစာဘူးကို ကောက်ယူ၍ အားလုံး၏ရှေ့တွင် လှုပ်ကြည့်လေသည်။ ထို့နောက် ဖြေးဖြေးနင်းဖူ လက်ဖြင့် ဘူး ကို ဖိကြည့်လိုက်လေသည်။

တစ်ချိန်တည်းမှာပင်-

စုရှီသည် ဖုန်းမျက်နှာပြင်အား ရွှေ့လိုက်သည်။

"ဟ-” လုဝမ်ရှို့သည် အံ့သြတစ်ကြီး ဖြစ်နေလေသည်။ လုယီအန်းနှင့် အစေခံများက စိတ်တထင့်ထင့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက်သူသည် ရုတ်တရက် အစားအသောက်ဘူး အဖုံးအား ဖွင့်လိုက်လေသည်။

သူသည် လူယုတ်မာအသံဖြင့် ဂုဏ်ယူစွာ ပြောလေသည်။

"သူခိုးကို လက်ပူးလက်ကြပ် မိတာပဲကွ!"

သို့သော်လည်း အားလုံးက ငြိမ်သက်နေပေသည်။

အစားအသောက်ဗူးထဲက သူပြောတဲ့ စားကောင်းသောက်ဖွယ်တွေက ဘယ်ရောက်သွားတာလဲ? ကြည့်လိုက်တာနဲ့-

သေချာပေါက် အေးစက်နေတဲ့ ထမင်းကြမ်းခဲတွေလေ!

All Chapters