← Chapters

Chapter 5

Vol. 1 Ch. 5

Chapter 5

Vol. 1 Ch. 5

ခုဏက လုဝမ်ရှို့ကို ထမင်းဘူးထဲမှာ ဟင်းသီးဟင်းရွက်နဲ့ အသားပါတယ်လို့ ပြောလိုက်တဲ့ အစေခံက အံ့အားသင့်သွားတယ်။ ဘာတွေဖြစ်ကုန်တာလဲ?! ဘယ်လိုတောင်လား?!

ခုနကပဲ ရှင်းရှင်းလင်းလင်း ရှိနေတာ။ ဘာကြောင့် ရုတ်တရက် ထမင်း‌ကြမ်းခဲတွေ ရောက်လာတာလဲ?!

ရုန်းရင်းဆန်ခတ်ဖြစ်‌‌နေတာကို လာကြည့်ဖို့ ခေါ်လိုက်တဲ့သူတွေထဲမှာ နင်းဖူမင်းသားရဲ့ အစေခံတွေတင် မဟုတ်ဘဲ စားသောက်ဆိုင်က လူတွေနဲ့ ပညာ‌တော်သင်တွေလည်း ပါတယ်။ မိဖုရားကြီးရဲ့သားနဲ့ မိဖုရားငယ်ရဲ့သားကြား အဆင့်အတန်း ကွာခြားမှုရှိတယ်ဆိုတာ၊ နင်းဖူမင်းသားဆီမှာ မိဖုရားငယ်ရဲ့သားဟာ မျက်နှာသာ ရမှာ မဟုတ်ဘူးဆိုတာ သူတို့အားလုံး သိကြပေမယ့် အခုလို အခြေအနေမျိုးကတော့ ...

ဒါက အရမ်းဆိုးရွားလွန်းတယ်။

သူ့ကို အကြောင်းမဲ့ စွပ်စွဲခံကြတာလား?

ဒါ့အပြင် သူ့ကို မဟုတ်မမှန် စွပ်စွဲတဲ့ ဒုတိယသား လုဝမ်က မိုက်မဲလွန်းတယ်။

တကယ် ရှက်စရာကောင်းလိုက်တာ။ သူတို့အားလုံး လုဝမ်ရှို့အတွက် ပုန်းနိုင်မယ့် တွင်းတစ်တွင်း တွေ့ဖို့ပဲ ဆုတောင်းလိုက်ကြတော့တယ်။

တစ်ခဏလောက် အကုန်လုံး တိတ်ဆိတ်သွားတယ်။

လုဝမ်ရှို့ရဲ့ ရှေ့မှာရှိတဲ့ အစေခံအုပ်စု၊ ထမင်းချက်ဆရာကြီးနဲ့ ကျန်တဲ့သူတွေက မျက်လုံးပြူးပြီး တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ ကြည့်နေကြတယ်။

လုယီအန်းရဲ့ မျက်နှာ တဖြည်းဖြည်း ရုပ်ဆိုးလာတယ်။ သူက လုဝမ်ရှို့ကို အရူးတစ်ယောက်လို ကြည့်ရင်း ဆူပူတယ်၊ "လုဝမ်ရှို့ ၊ မင်း ဘာလုပ်နေတာလဲ?"

လုဝမ်ရှို့ ဘာမှနားမလည်တော့ဘူး။ အဲဒီအချိန်မှာပဲ သူ တစ်ခုခုကို သတိထားမိတယ်။ သူ ထမင်းဘူးကို ချပြီး ကြည့်လိုက်တယ်။ သူ့မျက်နှာ ချက်ချင်း နီရဲသွားတယ်။

မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဘာတွေဖြစ်နေတာလဲ? ခုနကပဲ သူ့အစေခံက ထမင်းဘူးထဲမှာ ဟင်းသီးဟင်းရွက်နဲ့ အသားပါတယ်လို့ ရှင်းရှင်းလင်းလင်း ပြောသွားတာ၊ ဒါပေမယ့် ဘာကြောင့် ထမင်းကြမ်းခဲတွေ ဖြစ်သွားတာလဲ?!

လူအများကြီးရှေ့မှာ လုဟွမ်က သူ့ဟင်းသီးဟင်းရွက်တွေကို ခိုးသွားတယ်လို့ အကြိမ်ကြိမ် ပြောခဲ့တယ်။ ဒါပေမယ့် အခု ဘာမှ ခိုးမသွားဘူးဆိုတာ ပေါ်ထွက်လာတယ်?

ပြီးတော့ စားဖိုဆောင်က လုဟွမ်ကို အဲဒီလောက် ရက်စက်စွာ ဆက်ဆံနေတာကို လူတိုင်းက မြင်လိုက်ရတယ်?!

လုဝမ်ရှို့သည် ရုတ်တရက် သူ့ကိုယ်သူ လူရွှင်တော်တစ်ယောက်လို ခံစားလိုက်ရတယ်။

အရှက်ရလွန်းလို့ ဒေါသထွက်လာတယ်။ သူ့လည်ပင်းတွေပါ နီရဲလာပြီး မျက်နှာက စိမ်းလိုက် ဖြူလိုက် ဖြစ်နေတယ်။ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အနားမှာရှိတဲ့ စားဖိုမှူး နဲ့ လုဟွမ်ရဲ့ ထမင်းဘူးထဲမှာ ဟင်းသီးဟင်းရွက်နဲ့ အသားပါတယ်လို့ အတည်ပြုခဲ့တဲ့ အစေခံကို ကြမ်းတမ်းစွာ ကန်လိုက်တယ်။

"မင်းတို့ အရူးတွေလား? ဘာလို့ မသေချာဘဲ ဒီ သခင်‌လေးကို စွပ်စွဲရတာလဲ ။"

စားဖိုမှူးနဲ့ အစေခံက အံ့အားသင့်သွားပြီး ငြင်းခုံတယ်၊ "ကျွန်တော်တို့ သေချာကို —"

"မင်းတို့ခေါင်းကို မှ သေချာရှင်းရမှာကွ!" လုဝမ်ရှို့ရဲ့ မျက်နှာက ရှက်လွန်းလို့ နီရဲနေတယ်။ သူ ဒေါသထွက်လွန်းလို့ နောက်တစ်ခါ ထပ်ကန်လိုက်တယ်။

အစေခံအားလုံး အရမ်းရှက်သွားပြီး စကားထပ်မပြောရဲတော့ဘူး။

တစ်ခဏအတွင်းမှာ အဲဒီမြင်ကွင်းက လူတွေရဲ့ ရယ်စရာဖြစ်ကုန်တယ်။

လုဟွမ်က ထမင်းဘူးထဲက ထမင်းကြမ်းခဲတွေကို မြင်တော့ သူ့မျက်လုံးတွေ ပြာဝေသွားတယ်။ သူ အရမ်းအံ့အားသင့်သွားပေမယ့် မသိချင်ယောင်ဆောင်နေလိုက်တယ်။

အဲဒီအချိန်မှာ စားဖိုဆောင်ထဲကနေ အသံ‌တွေ ထွက်လာတယ်။ အစေခံတစ်ယောက်က ဟင်းသီးဟင်းရွက်နဲ့ ဝက်သားကြော်ပန်းကန်တစ်ချပ်ကို ယူဆောင်လာတယ်။ သူက ပြေးလာပြီး စားဖိုမှူးကို ပြောတယ်၊ "ဆရာကြီးခင်ဗျား၊ ကျွန်တော် တွေ့ပြီ။ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ထားတဲ့ ဗီရိုထဲမှာပါ။"

ထမင်းချက်ဆရာကြီး အံ့အားသင့်သွားတယ်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

ခုနကပဲ သူ စားဖိုဆောင်တစ်ခုလုံး ရှာကြည့်ပြီးပြီးလေ။ အဲဒီအချိန်မှာ ခိုးသွားပြီလို့ အတည်ပြုလိုက်တာ။

ဘာတွေဖြစ်နေတာလဲ!

သူပဲ မျက်စိမှုန် နေတာလား? ခုဏက မတွေ့ခဲ့ပါဘူး?!

သူ စကားမဆုံးခင် လုဝမ်ရှို့က စိတ်ပျက်လွန်းလို့ သူ့ပါးကို ရိုက်လိုက်တယ်။ "ငါ့မျက်စိရှေ့က ထွက်သွားစမ်း!"

စားသောက်ဆိုင်က စားသုံးသူတွေနဲ့ ပညာ‌တော်သင်တွေက လုဝမ်ရှို့ကို ကြောင်ကြည့်နေကြတယ်။ သူတို့ရဲ့ အကြည့်တွေက ရယ်ချင်ပေမယ့် မရယ်ရဲကြဘူး။

လုဝမ်ရှို့ အဲဒါကို ခံစားမိသည်။ ဒါက သူ့ကို ပါး ရိုက်လိုက်သလိုပဲ။ သူ့မျက်နှာ ရှက်လွန်းလွန်းလို့ ပူလာသည်။

လုယီအန်းရဲ့ မျက်နှာ ပို ပို ညိုးနွမ်းလာတယ်။ "တော်ပြီ၊ ရပ်ကြတော့။ ဒါက ဘယ်လို ရှက်စရာလဲ!"

"အားလုံး၊ လူစုခွဲကြတော့!" လုယီအန်းက လက်က ဝတ်ရုံစကို ခါလိုက်ပြီး ထွက်သွားတော့သည်။

လုဝမ်ရှို့ ဒေါသထွက်လွန်းလို့ မျက်နှာနဲ့ လည်ပင်း တွေပါ နီရဲ နေပြီ။ သူ လှည့်ပြီး လုဟွမ်ကို လက်ညှိုးထိုးပြီး သတိထားနေဆိုပြီး လုပ်ပြလိုက် ပြီးတော့ စားဖိုမှူးကို ခြေဖြင့် ကန်ကျောက်လိုက်ပြီး ထွက်သွားဖို့ ပြင်ဆင်လိုက်သည်။

"လာ၊ သွားကြမယ်!"

ဒါပေမယ့် အဲဒီအချိန်မှာပဲ သူ ရုတ်တရက် တစ်ခုခုနဲ့ တိုက်မိပြီး အော်လိုက်မိသွားသည်။ ထို့နောက် သူ့ခြေဖဝါးတွေ လေထဲ ပျံတက်သွား ပြီးတော့ လူအားလုံးရဲ့ရှေ့မှာ မျက်နှာနဲ့ မှောက်ရက်လဲ ပြီးချော်လဲ သွားတော့သည်။

"အား!" သူ့မျက်နှာတစ်ခုလုံး အိမ်အဝင်ဝက ရွှံ့ထဲ ထိုးကျသွားတယ်။ သူ ခေါင်းမော့လိုက်တော့ နှာခေါင်းပေါက်ထဲ ရွှံ့တွေ အပြည့်ပဲ!

နောက်ဆုံးတော့ မအောင့်နိုင်တဲ့ အစေခံတစ်ယောက် သူ့ပါးစပ်ကို လက်နဲ့ပိတ်ပြီး ရယ်မိသွားတော့သည်။

လုဝမ်ရှို့ရဲ့ မျက်နှာက ဖူးယောင်ညိုမည်းနေကာ ရှက်လွန်းလို့ ထလိုက်ပြီး စားဖိုမှူးကြီးနဲ့ သူ့အစေခံတွေကို နှစ်ချက်သုံးချက်လောက် ဆက်တိုက် လိုက်ရိုက်နေသည်။

"မင်းတို့မှာ မျက်လုံးမပါဘူးလား? ငါ့ကို ချော်လဲအောင် ဘယ်လိုလုပ်ရဲတာလဲ?"

ပါးရိုက်ခံရ‌လို့ ဖူးယောင်နေကြပေမယ့် ဘယ်သူမှလဲ ဘာမှ မပြောရဲကြပေ။

စခရင်အပြင်ဘက်မှာတော့ စုရှီတစ်ယောက် အူမြူးလို့နေသည်။ သူ လက်ဝါးတွေကို ပွတ်လိုက်ပြီး အိပ်ရာနားက အာလူးကြော်အိတ်တစ်အိတ်ကို ယူပြီး ဖွင့်စားလိုက်သည်။

ဒါဟာ 'လူယုတ်မာတွေကို ကိုင်တွယ်ဖို့ နောက်ကွယ်မှာ လူဆိုးတွေရှိတယ်' ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ပဲ။

စုရှီက ဂိမ်းထဲက ဇာတ်ကောင်အတွက် ဒေါသကို ထုတ်ဖော်ချင်ခဲ့သည်၊ ဒါပေမယ့် စနစ်က သူ့ဆီကို မက်ဆေ့ခ်ျတစ်ခု ဒီလောက်မြန်မြန် ပို့လာမယ်လို့ မမျှော်လင့်ခဲ့ဘူး။

"ဇာတ်လိုက်မင်းသားကို လူအချင်းချင်းဆက်ဆံရေးမှာ ကူညီပေးခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ရွှေဒင်္ဂါး + 8၊ + 2၊ + 2၊ + 2၊ လူအချင်းချင်းဆက်ဆံရေး အမှတ် + 3 ..."

"အမှတ်တွေ 7 မှတ် ရောက်သွားပြီ။ မင်းသားနင်းဖူရဲ့ နယ်မြေအသစ်တစ်ခုကို ဖော်ထုတ်ဖို့ ရွေးချယ်နိုင်ပြီ။"

'အို မိုက်လိုက်တာ၊ 7 မှတ်တောင် ရောက်နေပြီ!'

ပြီးတော့ မြေပုံတစ်ခု စုရှီရဲ့ရှေ့မှာ ပေါ်လာတယ်။

စခရင်ပေါ်မှာ ဆုလက်ဆောင်မက်ဆေ့ခ်ျတွေ ဆက်တိုက် ပေါ်လာနေတယ်။ စုရှီက ဂိမ်းထဲက ဇာတ်ကောင်ကို မမြင်ရတော့လို့ မက်ဆေ့ခ်ျတွေကို မြန်မြန် ဖယ်ရှားပြီး ပြောလိုက်တယ်၊ "မြေပုံကို မဖော်ထုတ်သေးပါနဲ့။ ဘယ်နေရာမှာ ဖော်ထုတ်မလဲဆိုတာ စဉ်းစားဦးမယ်။"

စနစ်က ပြောတယ်၊ "ကောင်းပြီ။"

မက်ဆေ့ခ်ျတွေ ရှင်းသွားတဲ့အခါ စခရင်ပေါ်က စုဝေးနေတဲ့ အစေခံတွေအားလုံး ထွက်သွားကြပြီ။ နောက်ဆုံးကျန်နေတဲ့ ရိုးရိုးအဝတ်အစားဝတ်ထားတဲ့ မိန်းကလေးနှစ်ယောက်က လှည့်ကြည့်ပြီး သူ့ဂိမ်းဇာတ်ကောင်ကို ကရုဏာသက်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ သူတို့ရဲ့ မျက်လုံးတွေက....

'ဒုတိယသခင်‌လေးက မိုက်မဲလိုက်တာ၊ တစ်ယောက်ယောက်ကို အကွက်ဆင်တာတောင် သေချာ မလုပ်တတ်ဘူး။ တတိယသခင်‌လေးတော့ တကယ် ဒုက္ခရောက်ရှာပြီ။'

လူအုပ်စုကွဲသွားတဲ့အခါ မီးဖိုထဲတွင် လူရှင်းသွားတယ်။ အေးစက်တဲ့ လေပဲ တဖြူးဖြူးတိုက်နေတော့တယ်။

ဒီအကျည်းတန်တဲ့ ဖြစ်ရပ်က ထူးဆန်းစွာဘဲ ပြီးဆုံးသွားတယ်

လုဟွမ်က မြေပေါ်က သူ့ရဲ့ ထမင်းဘူးကို ကောက်ယူလိုက်တယ်။ သူ သေသေချာချာကြည့်ရင်း မျက်မှောင်ကျုံ့လိုက်တယ်။

"....."

လုဝမ်ရှို့တို့ အံ့အားသင့်သွားတာ မပြောနဲ့၊ သူကိုယ်တိုင်တောင် မယုံနိုင်အောင် ဖြစ်သွားတယ်။ သူ ကိုယ်တိုင်မျက်စိနဲ့ မြင်ခဲ့တာ ထမင်းဘူးထဲမှာ အငွေ့တထောင်းထောင်းနဲ့ ဟင်းသီးဟင်းရွက်နဲ့ ဝက်သားကြော်ရှိနေတာကို၊ ဒါပေမယ့် ဘယ်လို ချက်ချင်းဆိုသလို အေးနေတဲ့ ထမင်းခြောက်တွေ ဖြစ်သွားရတာလဲ?

လက်ဖက်ရည်အိုးဟာ သူ့ဖျား‌နေလို့ ရှုပ်ထွေးသွားပြီး မသိလိုက်တာဆိုရင်။

သစ်သားတံခါး နဲ့ အိပ်ရာလိပ်တို့က သူ့အိပ်မက်ထဲမှာ လုပ်ခဲ့တာ ဆိုရင်။

ဒါဆိုရင် ဒီလို ထူးဆန်းတဲ့အခြေအနေကြီးက သူ့မျက်စိ မ‌ကောင်းလို့ များလား?

ဒါဟာ သာမန်လူတွေရဲ့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ သူ စိတ်ပျက်သွား ပေမယ့် သံသယမဖြစ်ဘဲ မနေနိုင်ပါဘူး။

လုဟွမ် ရုတ်တရက် တစ်ခုခုကို သတိရလိုက်သည်။ သူကိုယ်သူ တည်ငြိမ်အောင်ထိန်းပြီး အမိုးအောက်ကို ဖြည်းဖြည်းချင်း လျှောက်လာပြီး အမိုးပျက်စီးနေတဲ့အပိုင်းကို ကြည့်လိုက်သည်။ အိမ်ထဲဝင်လာတုန်းက သေချာမကြည့်မိခဲ့ဘူး၊ ဒါပေမယ့် အခု ကြည့်တော့ ကျန်ရှိနေတဲ့အမိုးအပိုင်းကို ပြင်ဆင်ထားတာကို တွေ့လိုက်ရသည်။

"…....."

လုဟွမ်ရဲ့ မျက်နှာသွင်ပြင်ဟာ ချက်ချင်းဆိုသလို ပို၍ ရှုပ်ထွေကာ ထူးဆန်းသွားတယ်။

စုရှီက ဂိမ်းထဲက ဇာတ်ကောင်ရဲ့ ခေါင်းပေါ်မှာ အဖြူရောင်ပူဖောင်းလေးတစ်ခု မြင်လိုက်ရတယ်၊ အစက်သုံးစက် … နဲ့ ပေါ့။

အပေါ်ကို မော့ကြည့်ပြီး သူ့ရဲ့ ဘဝအကြောင်းကို စဉ်းစားနေတာလား????

All Chapters