← Chapters

Chapter 6

Vol. 1 Ch. 6

Chapter 6

Vol. 1 Ch. 6

စုရှီသည် အာလူးကြော်အား ဝါးလိုက်ပြီး ဂိမ်းဇာတ်ကောင်အားအေးစက်စွာ စိုက်ကြည့်လိုက်လေသည်။

သူမ၏ဂိမ်းဇာတ်ကောင်လေးသည် အလွန်ချစ်ဖို့ကောင်းသည်ဟု ခံစားလိုက်ရပြီး အပျော်လွန်နေလေသည်။

သို့သော်လည်း မင်းသားနင်း၏အိမ်တော်သည် တစ်စုံတစ်ယောက်အား အကွက်ချချင်ခြင်းသည် အောက်တန်း မကျလွန်းပေဘူးလား။ အစေခံအနည်းငယ်၏ ထွက်ဆိုချက်ကိုသာ အခြေခံ၍ ဒုတိယသခင်ငယ်လေး သည် မည်သည့် စစ်မေးခြင်းကိုမျှ မပြုဘဲ လူတစ်စုကိုဦးဆောင်၍ ခေါ်ဆောင်လာခဲ့လေသည်တဲ့? ထိုအရာသည် လွန်လွန်းလှသည်!

ဒီလိုအရာမျိုးသည် အရင်ကလည်း ဖြစ်ဖူးခဲ့ပေလိမ့်မည်။ ယခုတစ်ခါတွင်မူ လုဝမ်ရှုသည် သူမ၏ ဂိမ်းဇာတ်ကောင်ငယ် ကြောင့် ကြီးမားသည့် ဆုံးရှုံးမှုအား ခံစားရပေလိမ့်မည်။ သူသည် နေရာတွင်ပင် မျက်နှာအား ဖြတ်ရိုက်ခံလိုက် ရသလို ခံစားလိုက်ရပြီး သေချာပေါက် ရှက်သွားပေလိမ့်မည်။ သူသည် သူ(မ)၏ဂိမ်းဇာတ်ကောင်အား နောက်ထပ်မည်သို့ဒုက္ခပေးလာဦးမည်မှန်းမသိပေ။

စုရှီသည် သူ့ဂိမ်းဇာတ်ကောင်၏ ညစ်ပတ်နေသောဒူးအား ကြည့်၍ ယနေ့ညနေ သူလိုင်းပေါ်မရှိချိန်တွင် မကောင်းတာတစ်ခုခုဖြစ်သွားမှန်း သိလိုက်လေသည်။ သူသည် ဒူးထောက်အပြစ်ပေးခံရတာ ဖြစ်လောက်ပေသည်။

သို့ရာတွင် သူမသည် 24နာရီလုံး လိုင်းပေါ်တွင် ရှိမနေနိုင်ပါ။

လုဝမ်ရှို့ကို ကာကွယ်ရန်နှင့် အဲ့ဒီအစေခံများအား ခြံထဲမဝင်စေမည့်တစ်ခြားနည်းလမ်းများရှိနေလေမလား? မဟုတ်ပါက ယခုလိုကိစ္စမျိုး ထပ်ဖြစ်နေပေဦးမည်ပင်ဖြစ်သည်။

စုရှီသည် ထိုအကြောင်းအားတွေးလိုက်မိပြီး သူမဝယ်လို့ရမည့်အရာများ ရှိလိုရှိငြား ဆိုင်ကိုဖွင့်လိုက်လေသည်။

တွေးနေတုန်းမှာပင် စနစ် သည် ပစ္စည်းစာရင်းများအား ဖော်ပြလေသည်။

အပေါ်ဘက်၏ ဘယ်မှညာသည် အောက်ပါအတိုင်းဖြစ်သည်။

"ပြိုင်ဘက်ကင်းလျှို့ဝှက်အကာအကွယ်"

"ပြိုင်ဘက်ကင်းလက်နက်အကာအကွယ်"

"အထူးလျှို့ဝှက််တော်ဝင်ကိုယ်ရံတော်"

"အထူးလျှို့ဝှက််တော်ဝင်ကိုယ်ရံတော်"

"လျှို့ဝှက်သာမန်ကိုယ်ရံတော်"

"လျှို့ဝှက်တော်ဝင်ကိုယ်ရံတော်"

"လျှို့ဝှက်တော်ဝင်ကိုယ်ရံတော်"နှင့်

"အထူးလျှို့ဝှက်တော်ဝင်ကိုယ်ရံတော်"

စုရှီ၏မျက်လုံးများသည် တောက်ပလာပြီး စိတ်လှုပ်ရှားစွာဖြင့် လက်များအားပွတ်လိုက်လေသည်။

'ဒါကကောင်းတယ်။' သူသည် သူမ၏ဂိမ်းဇာတ်ကောင်အား ဝယ်လိုက်လေသည်။ တကယ်လို့ လုဝမ်ရှုသာ သူ့အားထပ်၍စော်ကားလာလျှင် မြေပေါ်သို့လဲကျအောင် ရိုက်ပစ်လိုက်မည်ပင်ဖြစ်သည်။

သို့သော် စုရှီသည် အောက်ကစျေးနှုန်းများအား တစ်ချက်ကြည့်လိုက်ချိန်…

"..."

သူသည် လဲကျလုမတတ်ဖြစ်သွားလေသည်။

"ဘာလဲဟ? ဘာလို့အဲ့လောက် စျေးကြီးရတာလဲ? အထူးလျှို့ဝှက်တော်ဝင် ကိုယ်ရံတော်က ရွှေဒင်္ဂါး 10,000,000 ၊ လျှို့ဝှက်ကိုယ်ရံတော်လေးကတောင် ရွှေဒင်္ဂါး 100,000 တဲ့လား?!"

အထူးလျှို့ဝှက်ကိုယ်ရံတော်သည် RMB 100,000 ဖြစ်သည်။ သေချာပေါက် စုရှီသည် ဂိမ်းအတွက်နှင့် ဤမျှလောက်အကုန်မခံနိုင်ပေ။

အားနည်းသော ကြက်တစ်ကောင်ကို ဝယ်ဖို့ ပင် ယွမ် တစ်သောင်း တောင်ပေးရသည်။ ဒါဆို ဘာလို့များ ဒါကိုဝယ်နေတော့မှာလဲ?။ သူသည် ဂိမ်းဇာတ်ကောင်အား အဘယ်ကြောင့် ဆွဲချရမည်နည်း?

"မရိုးမဖြောင့်တဲ့ ပစ္စည်းရောင်းဝယ်မှုဘဲ။ တန်ဖိုးဖြတ်တဲ့ စနစ်က ရူးနေတာပဲ။" စုရှီသည် စိတ်ဆိုးစွာ ပြောလေသည်။

စနစ်သည် အေးစက်စွာ ပြောလေသည်။ "မဝယ်နိုင်ရင် ပါးစပ်ပိတ်ထား"

စုရှီ "..."

ထိုအရာပြီးသည့်နောက်တွင် ဂိမ်းထဲမှ လူငယ်လေးအတွက် ဝယ်လို့ရမည့်ပစ္စည်းတစ်ချို့ရှိသည်။ ဥပမာအားဖြင့် ငွေရောင်ဓားရှည်နှင့် အဆိပ်ကဲ့သို့သောအရာမျိုးဖြစ်သည်။ သို့ရာတွင် စုရှီသည် ဝယ်ရန်မတတ်နိုင်ပေ။

သေချာပေါက် သူ့အနေဖြင့် ငွေကြေးကို ထည့်မထွက်လျှင်ရင်တောင် ခံစားမိသည်မှာ သူသည် ထိုအရာများအား လတ်တလောတွင် မလိုသေးပေ။

သူ့ရဲ့ ဂိမ်းဇာတ်ကောင်၏ လက်ရှိအခြေအနေအရ အကယ်၍ သူ့ဘေးတွင် ရုတ်တရက် အစောင့်ပေါ်လာသည် ပြီး သူ့လက်ထဲတွင် အဆိပ်အိတ်ရောက်လာပါက သူသည် တာလီ တရားရုံးသို့ ပို့ခံရပြီး အစစ်ခံရနိုင်သည်။

စုရှီသည် မျက်နှာပြင်အား ပွတ်ကြည့်ပြီးနောက် စွမ်းရည်လဲလှယ်ရေးကဏ္ဍတွင် အခြားစွမ်းရည်များ ရှိသေးကြောင်းတွေ့လိုက်ရလေသည်။ "ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အသိပညာ"၊ "ဗျပ်စောင်းစွမ်းရည်"၊ "ဓားစွမ်းရည်"၊ "မြင်းစီးမြားပစ်ခြင်း"၊ "ပန်းချီစွမ်းရည်" တို့ပင်ဖြစ်သည်။

သူမသည် ဂိမ်းထဲတွင် ပိုက်ဆံသုံးခြင်းဖြင့် သူမ၏ဂိမ်းကစားခြင်းစွမ်းရည်ကို မြှင့်တင်သင့်ပေသည်။

ယခုတွင်မူ ဒီစွမ်းရည်များသည် သော့ခတ်ထားလေသည်။ လက်ရှိ ဇာတ်ကွက်နှင့် ဂိမ်းမြင်ကွင်းသည် ယခုအဆင့်တွင် မတိုးတက်သေးသောကြောင့် ထိုသို့ ဖြစ်သင့်ပေသည်။ ထို့ကြောင့် သူသည် ယခုအချိန်တွင် လဲလှယ်၍ မရသေးပေ။

စုရှီသည် အရှုံးပေးရန်သာ ရှိတော့သည်။

စနစ် သည်အစဖော်ပေးလေသည်။ (အဓိကဇာတ်ကောင်အတွက် ထောက်ခံပေးသူ ရှာဖို့လိုနေပြီ)

စုရှီသည် ရုတ်တရက်တစ်ခုခုအား သတိပြုမိသွားလေသည်။

လက်ရှိတွင် မင်းသားနင်းဖူ၏အိမ်တော်ပြင်ပသည် သော့မခတ်ထားပေ။ ထို့ကြောင့် သူဂိမ်းဇာတ်ကောင်၏ ကာရိုက်တာအစစ်အမှန်သည် မင်းသားဖြစ်ကြောင်း မည်သူမျှမသိပေ။ ထို့ကြောင့် အရမ်းကြီးလည်း ရုန်းကန်ရန်မလိုပေ။

ယခုတွင်မူ သူ(မ)၏ ဂိမ်းဇာတ်ကောင်သည် မင်းသားနင်းဖူ၏အိမ်တော်တွင် ခက်ခက်ခဲခဲရှင်သန်ရသည့် ကိုယ်လုပ်တော်သားသာ ဖြစ်သည်။ သူသည် လျို့ဝမ်ရှို့နှင့် ‘နင်း’သခင်မ၏ ထပ်ခါထပ်ခါအနိုင်ကျင့်ခြင်းကို မခံလိုလျှင် သူ့အနေဖြင့် ‘နင်း’သခင်မထက် ပိုအာဏာရှိသူကို သူ၏နောက်ခံအနေဖြင့် လိုအပ်လေသည်။

စဉ်းစားနေသည့်အချိန်တွင်ပင် မျက်နှာပြင်ပေါ်တွင် မက်ဆေ့ချ် တစ်ခုပေါ်လာလေသည်။

"အဓိက မစ်ရှင် (အခြေခံအဆင့်): မင်းသားနင်းဖူ၏ သခင်မကြီး၏ ကျေးဇူးတင်ခြင်းကို ရရှိအောင်ကြိုးစားပါ"

အရင်ဇာတ်ကောင် မိတ်ဆက်တွင် ဒီသခင်မကြီးကို မဖော်ပြထားသဖြင့် ဇာတ်လမ်းတွင်လည်း သခင်မကြီးပေါ်မလာသေးပါ။ စုရှီသည် အနည်းငယ် စိတ်ရှုပ်သွားလေသည်။ သူမသည် ဂိမ်းဇာတ်ကောင်အနေဖြင့် သခင်မကြီးဆီမှ ကျေးဇူးတင်စကားရရှိအောင် ဘယ်လိုကူညီရပါမည်နည်း။

သူမအနေဖြင့် ထိုသခင်မကြီး၏ အသွင်အပြင်၊ အချက်အလက်၊ နောက်ခံတို့ပင်မသိပါ။

မည်သည့်နေရာက စရမည်ပင် မသိပါ။

စုရှီသည် မင်းသားနင်းဖူ၏ မြေပုံအားဖွင့်လိုက်လေသည်။ တွေ့လိုက်ရသည်မှာ သခင်မကြီး၏ ဆိတ်ငြိမ်အေးချမ်းမှု အိမ်တော်သည် တောင်ကုန်း၏ နောက်တွင်ရှိလေသည်။ ခြံတစ်ခုလုံးသည် မင်းသားနင်းဖူ၏အိမ်တော်၏ သုံးပုံတစ်ပုံနီးပါးရှိလေသည်။သစ်သားခြံ၏အရွယ်အစားသည် ကလေး ရာချီပင် နေနိုင်လေသည်။ နေထိုင်သည့်နေရာကို ကြည့်ရုံဖြင့်ပင် သခင်မကြီးသည် အရေးကြီးပုဂ္ဂိုလ်မှန်း သိသာပေသည်။

စုရှီသည် မျက်နှာပြင်အားပွတ်၍ မေးလိုက်လေသည်။ "သခင်မကြီးရဲ့ ဆိတ်ငြိမ်အေးချမ်းမှုအိမ်တော်ကို ဖွင့်ပေးလို့ရမလား"

စနစ် ကပြောလေသည်။ " သခင်မကြီးရဲ့ဆိတ်ငြိမ်အေးချမ်းမှုအိမ်တော်ကိုဖွင့်ဖို့ဆိုရင် အမှတ်ပေါင်း 30မှတ်ရှိဖို့လိုတယ်။ မင်းမှာအခု7မှတ်ဘဲရှိသေးတယ်။"

စုရှီသည်ပြောစရာစကားမဲ့သွားလေသည်။

ကောင်းပြီ။

စုရှီသည် အဓိကမစ်ရှင်ကို အခုပြီးမြောက်စေမည့်နည်းအား မစဥ်းစားနိုင်ပေ။ သူသည် ဂိမ်းဇာတ်ကောင် ဘာလုပ်နေသည်ဆိုသည်ကိုကြည့်ရန် ပြောင်းဖို့ပြင်လေသည်။ ရုတ်တရက် သူ၏ဖုန်းဝင်လာလေသည်။ ဖုန်းမျက်နှာပြင်တွင် အန်တီဟုပြနေလေသည်။

သူမသည် ဂိမ်းအား မြန်မြန်ပိတ်၍ ဖုန်းကိုင်လိုက်လေသည်။

"ဟဲလို၊ အန်တီ။ စုရှီသည် စောင်ထဲတွင်ကွေးနေလေသည်။ သူ၏ခြေဖဝါးများသည် အေးနေသဖြင့် ဘောလုံးလေးကဲ့သို့ကွေးနေလေသည်။

သူထင်လိုက်သည်မှာ သူအဒေါ်သည် သူဆေးရုံတက်ရသဖြင့် စိတ်ပူသောကြောင့် ဖုန်းခေါ်သည်ဟူ၍ဖြစ်သည်။ ထို့ကြောင့် သူ့အဒေါ်မပြောခင်မှာပင် သူသည် ရယ်၍ပြောလိုက်လေသည်။ " အန်တီ၊ သမီးခြေထောက်ကကောင်းသွားပါပြီ။ဒီတိုင်း အားကစားပြိုင်ပွဲတုန်းက ခြေထောက်ကျိုးသွားရုံပါ။ ဆရာဝန်ပြောတာတော့ ခဏနားပြီးရင် ကျောင်းပြန်တက်လို့ ရပြီတဲ့။"

မမျှော်လင့်စွာဖြင့် သူ၏အဒေါ်သည် ခဏလောက် တွန့်ဆုတ်သွားပြီးနောက် ပြောလေသည်။ " ရှီးရှီး၊ မင်းသက်သာသွားလို့ တော်သေးတာပေါ့။ ဒါပေမယ့် မင်းအချိန်ရမယ်ဆိုရင် မင်းမိဘတွေကို ယွမ် 100,000 ငါ့ဆီ တတ်နိုင်သမျှ မြန်မြန်ပြန်ပေးဖို့ပြောပေးပါ့လား။ နှစ်သစ်လည်း ရောက်တော့မှာဆိုတော့ ငါ့ဝမ်းကွဲ ကျောင်းစရိတ်ပေးဖို့အတွက် အလျင်လိုနေလို့ပါ။"

"ယွမ် 100,000" စုရှီသည်အနည်းငယ်စိတ်ရှုပ်သွားလေသည်။ သူ၏မိဘများသည် ဘယ်အချိန်ကအဒေါ်ဆီမှ ပိုက်ဆံချေးလိုက်သနည်း။ သူမက အဘယ်ကြောင့်လုံးဝမသိရသနည်း?

"ကောင်းပြီ။ မူလက မင်းမိဘတွေကို ငါ့ဆီနောက်နှစ် ဆောင်းရာသီလောက်မှ ပိုက်ဆံပြန်ဆပ်ဖို့ သဘောတူထားတာ၊ ဒါပေမယ့် အန်တီက အရေးကြီးကိစ္စကြောင့် ပိုက်ဆံအလျင်လို နေလို့ပါ။"

သူ့အဒေါ်၏လေသံသည် အနည်းငယ် ကြောင်တောင်တောင်နိုင်လှပေသည်။

စုရှီသည်လည်း အနည်းငယ် ရှက်သွားလေသည်။ အကြွေးတောင်းခံရခြင်းသည် ဂုဏ်ယူစရာတော့မဟုတ်ပေ။

စုရှီသည် သူ၏နှုတ်ခမ်းအားကိုက်၍ ပြောလိုက်လေသည်။ " အိုခေ၊ အန်တီ ၊ စိတ်မပူပါနဲ့၊ ပြောလိုက်ပါ့မယ်။"

ဖုန်းချလိုက်ပြီးနောက် စုရှီသည် ဖုန်းအားခဏလောက်ငေးကြည့်လိုက်လေသည်။

သူ့မိဘတွေ စက်ရုံတစ်ခုခုဖြစ်လို့လား။ သူတို့ ဘာလို့ ရုတ်တရက် ပိုက်ဆံချေးရတာလဲ။

စုရှီ၏မိသားစုသည် မချမ်းသာသော်လည်း စားဝတ်နေရေးအတွက်တော့ ပူစရာမလိုပေ။ သူကလေးဘဝကတည်းက သူ၏မိသားစုသည် သူအား ပိုက်ဆံအတွက် ပူပင်စရာမလိုအောင်ထားခဲ့သည်။ သူ၏အတန်းဖော်များကြားတွင် သူမသည် မုန့်ဖိုးအများဆုံးရသည် မဟုတ်သော်လည်း ရသည့်ပမာဏသည် မသေးလှပေ။ သူသည် သဘောကျသည့် ကျူရှင်အတန်းများနှင့် စိတ်ဝင်စားသည့်သင်တန်းများကိုလည်း တက်ခဲ့သေးသည်။

ထို့ကြောင့် စုရှီအနေဖြင့် သူ၏မိဘများသည် သူအဒေါ်ထံမှ ပိုက်ဆံချေးသည်ကို ရုတ်တရက် ကြားလိုက်ရ သောအခါ သူအနည်းငယ် ပျာယာခတ်သွားလေသည်။ တစ်ခုခုဖြစ်သွားမှာကို သူကြောက်နေလေသည်။

ဒီကိစ္စသည် ဖုန်းကွယ်ထားလို့ မရသဖြင့် သူ့အဖေအား အလျင်အမြန် ဖုန်းဆက်လိုက်လေသည်။

"ညနက်နေပြီကို ဘာလို့မအိပ်သေးတာလဲ" သူ့အဖေသည် မတ်တပ်ရပ်ပြီးပြောလေသည်။ "မင်းအမေကတော့အိပ်နေပြီ။"

စုရှီကပြောသည်။ "အဒေါ်က အခုလေးတင် ဖုန်းဆက်လာတယ်။ အဖေတို့ကို ဒီနှစ်မကုန်ခင် သူ့ဆီပိုက်ဆံတွေ ပြန်ပေးဖို့သမီးကိုပြောခိုင်းလိုက်တယ်"

စုရှီ၏အဖေသည် ချက်ချင်းမျက်မှောင်ကြုတ်သွားလေသည်။ "သူငါတို့ကို တိုက်ရိုက်ပြောလို့ရတာဘဲ။ ဘာလို့ ကလေးကိုသွားပြောနေရတာလဲ"

စုရှီကမေးလေသည်။ " အဖေတို့ ပိုက်ဆံချေးထားတာ သမီးဘာလို့မသိရတာလဲ"

စုရှီ၏အဖေသည် မရှင်းပြခင် ခဏလောက်တော့ ချီတုံချတုံဖြစ်နေလေသည်။

တကယ်တော့ထိုအရာသည် ကိစ္စကြီးမဟုတ်ပါ။ နှစ်ကုန် ရောက်တိုင်းတွင် စက်ရုံတွင် ပြဿနာတက်လေ့ရှိသည်။ပြီးတော့ ယင်းသည် ငွေစာရင်းပြဿနာပင်ဖြစ်သည်။

လင်မယားနှစ်ယောက်သည် အရင်က ယွမ်တစ်သိန်းလောက်စု ထားကြသည်။ သို့ရာတွင် အရင်လက ကံမကောင်းစွာဖြင့် သူတို့စက်ရုံရှိ ပစ္စည်းသည် ပျက်သွားပြီး ပြင်လိုက်ရသောကြောင့် ယွမ်ရှစ်သောင်းလောက်ကုန်သွားလေသည်။

ထို့နောက် ယခုလတွင် စုရှီသည် ခြေကျိုးသောကြောင့် ဆေးရုံတက်လိုက်ရလေသည်။ ဆေးကုသစရိတ်များသည် ပြန်ရမည်ဆိုသော်လည်း ဆေးရုံတွင် နေထိုင်စရိတ်သည် ယွမ်နှစ်သောင်းလောက်ကုန်လေသည်။

ကိစ္စများသည် တစ်ပြိုင်တည်းဖြစ်သွားသဖြင့် သူတို့သည် ရုတ်တရက် ငွေကြေးကြပ်တည်းသွားကြသည်။ ထို့ကြောင့် သူတို့သည် ငွေချေးလိုက်ကြခြင်းဖြစ်လေသည်။

"အစကတော့ မင်းအဒေါ်ကိုနှစ်ကုန်တာနဲ့ချက်ချင်း ပြန်ပေးမယ်လို့ ကတိပေးထားတာ၊ ပြီးတော့ နောက်နှစ်ဆောင်းရာသီဆို မင်းအမေနဲ့ငါလည်း လစာရပြီလေ။ ဒါပေမယ့် ဘယ်သူထင်မှာလဲ တစ်လတောင်မပြည့်သေးဘူး သူက ငါတို့ကို ပိုက်ဆံပြန်တောင်းနေပြီ" စုရှီ၏အဖေသည် သက်ပြင်းချလေသည်။

ထိုအရာသည် သေချာပေါက် အကြွေးကြောင့်ပင် ဖြစ်လိမ့်မည်။ သို့သော်လည်း သူတို့မိသားစုသည် ပိုက်ဆံအတော် အသင့် တတ်နိုင်ခဲ့သောကြောင့် သူတို့အဒေါ်မိသားစုအား ပိုက်ဆံထောင်ချီ ချေးပေးခဲ့ဖူး သော်လည်း တစ်ခါမှ ပြန်မတောင်းခဲ့ပေ။

စုရှီသည် ရုတ်တရက် အပြစ်ရှိစိတ်နှင့် စိုးရိမ်ပူပန်စိတ်ခံစားလိုက်ရပြီး ဘာပြန်ပြောရမှန်းမသိတော့ပေ။

သူ၏ ကံမကောင်းသော အခြေအနေကြောင့် သူမသည် ငယ်စဉ်ကတည်းကပင် ဆေးရုံသို နှစ်ရက် သို့မဟုတ် သုံးရက်တစ်ခါလောက်သွားရပေသည်။

ယခုတစ်ကြိမ် သူဆေးရုံတက်သည့်အခါတွင် ဆေးစစ်မှုများစွာလုပ်ရပြီး ယွမ်နှစ်သောင်းလောက် ကုန်ကျလေသည်။

သူသည် အဖေနှင့်အမေတွင် ပိုက်ဆံရှိသေးသည်ထင်၍ ဂရုမစိုက်ခဲ့ပေ။သို့ရာတွင် မထင်ထားသည်မှာ မိဘများသည် နှစ်ကုန်ခါနီးတွင် အခက်အခဲများနှင့်ရင်ဆိုင်ရလေသည်။

"စိတ်မပူနဲ့။ ဘယ်သူ့မှာ မခက်ခဲတဲ့အချိန်ရှိလို့လဲ။နောက်နှစ်ဆောင်းရာသီ ကြရင်ပြန်ကောင်းသွားမှာ"

စုရှီ၏အဖေသည် ချောင်းနှစ်ချက်ဟန့်လိုက်လေသည်။

စုရှီသည် အနည်းငယ် စိတ်ပူသွားလေသည်။ "အဖေ ဧည့်ခန်းထဲမှာ အနွေးထည်မဝတ်ဘဲ စကားပြောနေပြန်ပြီလား။ အအေးမိရင်ရော ဘယ်လိုလုပ်မလဲ?"

စုရှီ၏အဖေသည် စိတ်သက်သာရာရစေရန်ပြောလေသည်။"မင်းရောဘဲ။ မြန်မြန်အိပ်ပြီး အဲ့ဒီအကြောင်း မစဉ်းစားနဲ့ ငါမင်းအဒေါ်ဆီ သွားပြီးဖြေရှင်းလိုက်မယ်။ အနည်းဆုံးတော့ အတိုးများများပေးလိုက်ရင် ရလောက်ပါပြီ။"

"တစ်ခြားနည်းလမ်းမရှိရင်လည်း သူငယ်ချင်းတစ်ယောက်ရှာပြီး မင်းအဒေါ်ဆီကိုအရင်ပြန်ဆပ်လိုက်မယ်လေ။ နောက်နှစ်ဆောင်းရာသီကျမှ ငါ့သူငယ်ချင်းကိုပြန်ဆပ်လိုက်မယ်။ ရှီးရှီး ၊ ဒါမင်းစိတ်ပူရမယ့်အရာ မဟုတ်ဘူး။"

သူ့အဒေါ်သည် သူ့မိသားစုအား ငွေချေးထားသည်ကို နောင်တရနေပြီး အတိုးနည်းသည်ဟု ခံစားရနေလေသည်။ ထို့ကြောင့်သူသည် သူတို့အား အကြွေးပြန်ဆပ်ရန်ပြောခြင်းဖြစ်သည်။

စုရှီသည် "ဟုတ်ကဲ့" ဟုသာပြောပြီး ဖုန်းချလိုက်လေသည်။ သူသည် စောင်ကိုတင်းတင်းခြုံထားသော်လည်း အများကြီး တွေးနေမိပေသည်။

သူစိတ်ကူးမိသည်မှာ သူတို့ ပိုက်ဆံပြန် မပေးပါက သူ၏အဒေါ်သည် နှစ်သစ်တွင် သူတို့မိသားစု ပိုက်ဆံချေးထားကြောင်း အားလုံးကိုလိုက်ပြောပေလိမ့်မည်။

သူ၏အဒေါ်သည် သူတို့မိသားစုအား မျက်နှာသာပေးမည်မဟုတ်ပါ။

သို့ရာတွင် စုရှီ၏အဖေသည် ပိုက်ဆံအများကြီးချေးပေးမည့်သူကို မည်သည့်နေရာမှသွားရှာရပါမည်နည်း။

ဟူး

သူသည် ထိုသို့တွေးလိုက်ပြီးနောက် သူသာ ဆေးရုံမတက်လိုက်ရလျှင် သူ၏မိသားစုသည် ဤမျှလောက် ငွေကြေးကျပ်တည်းမည်မဟုတ်ပါ။

သူ့တွင်အလုပ်လုပ်စရာမရှိနေခြင်းကြောင့်ဖြစ်သည်ဆိုပါက သူ့အတန်းဖော်တွေကို အိမ်စာကူလုပ်ပေးမယ်ပြောပြီး ငွေရှာလျင်ရော?

သို့ရာတွင် ယင်းသည် တောက်လောင်နေသော ထင်းမီးပုံထဲသို့ ရေတစ်ခွက်ပစ်ထည့်လိုက်သလိုပင်ဖြစ်လေသည်။

သူတွင် ဂိမ်းဆော့ချင် စိတ်မရှိတော့ပါ။ သူသည် ဖုန်းအား ခေါင်းအုံးအောက်တွင် ထားလိုက်ပြီးနောက် ပိတ်လိုက်လေသည်။ စိတ်လေးလေးဖြင့်ပင် သူသည် ဆန့်ဆန့်ကြီး အိပ်သွားလေသည်။

တစ်ချိန်တည်းမှာပင် လုဟွမ်သည် အစားအစာဘူးများအားသိမ်းဆည်းပြီး အိမ်သို့အေးစက်စက် အမူအရာဖြင့်ပြန်သွားလေသည်။

ယနေ့ညအဖြစ်အပျက်များပြီးသည့်နောက် လုဝမ်ရှို့သည် အလွန်ရှက်ပြီး စိတ်ဆိုးသွားသဖြင့် သူ့ဆီသို့ ခဏလောက် ဒုက္ခလာပေးမည်မဟုတ်တော့ပေ။

သူ့အနားရှိ ဆူညံနေသော အစေခံများသည် ယခုတွင်မူ တိတ်ဆိတ်နေလေသည်။ နောက်ဆုံးတော့ ညနက်လာလေပြီ။

အပြင်တွင် နှင်းများထူထဲစွာကျနေလေသည်။ ပုံမှန်အတိုင်း လုဟွမ်သည် သူ၏ဝတ်ရုံအား ခြောက်သွေ့စေရန်လှန်းလိုက်လေသည်။ ထို့နောက် သူသည် ဖယောင်းတိုင်မီးအားမှုတ်လိုက်ပြီး အိပ်ယာထက်တွင်လှဲကာ စောင်ခြုံလိုက်လေသည်။သူသည် နံရံတွင်ဝှက်ထားသော ဓားမြှောင်အား သူ၏ခန္ဓာကိုယ်အောက်တွင် ထားလိုက်လေသည်။သူသည် အရင်ကထက်ပို၍ နိုးနိုးကြားကြားရှိလေသည်။

ဒီလိုပုံစံဖြင့် သူသည် ပြင်ဆင်ထားသော ခေါင်မိုးအားတွေ့လိုက်လေသည်။

လေပြင်းများကြောင့် ချည်ထားသောကြိုးများသည် ပြယ်နေပြီးနှင်းထူများလည်း ကျနေသဖြင့် ခေါင်မိုး၏ အစိတ်အပိုင်းငယ်လေးသည် ကွဲနေပေသည်။ လုဟွမ်သည် ကောက်ရိုးနှင့် ကျောက်တုံးများကို လွန်ခဲ့သော နှစ်ရက်က တွေ့လိုက်ပြီး ပြန်ပြင်ထားသည်ကိုပါ တွေ့လိုက်လေသည်။

သို့ရာတွင် သူရှင်းလင်းစွာ မှတ်မိသည်မှာ သူထိုနေ့ညက အဖျားကြောင့် ပြန်ပြင်တာ မပြီးသေးပေ။ အပေါက်များ ကျန်နေသေးပြီး ရာသီဥတုကောင်းမွန်လာသည့်အခါ၌ ပြန်လည်ပြင်ဆင်ရန် သူစီစဥ်ထားခဲ့လေသည်။ ဒါပေမယ့် အခုတော့..

ဒီတစ်ဝိုက်မှာတော့ ကွာခြားချက်လေးတစ်ခုတောင်မရှိပါ။ သူပြင်ထားတာထက်ပင် ပို၍သပ်ရပ်သေးသည်။

အထင်မှားခြင်းလည်းမဖြစ်နိုင်ပါ။

ယခင်ရက်တွေက ဖြစ်ခဲ့သောထူးဆန်းသည့် အရာများသည် အထင်မှားခြင်းမျိုးမဖြစ်နိုင်ပေ။

ရလဒ်အနေဖြင့် ယခုတွင် ခေါင်မိုးသည် ပြင်ဆင်ပြီးဖြစ်၍ သစ်သားတံခါးများသည် ကောက်ရိုးဖြင့်ပြည့်နေပြီး စောင်သည်လည်း ထူနေကာ အပြင်တွင် လေအေးတိုက်သည့် အသံများကို ကြားနေရလေသည်။တကယ်တမ်းတော့ အိမ်ထဲတွင် အချိန်အကြာကြီး မရရှိခဲ့ဖူးသည့် နွေးထွေးမှုကို ခံစားရလေသည်။

"တကယ်တမ်းဘာတွေဖြစ်နေတာလဲ"

လုဟွမ်၏မျက်နှာသည် အမူအရာမဲ့ နေလေသည်။ ပုံမှန်အားဖြင့် သူသည် သဘာဝလွန်စွမ်းအားများကို မယုံပေ။ ဒီနောက်ကွယ်တွင် တစ်ယောက်ယောက်တော့ ရှိပေလိမ့်မည်။

သို့သော်လည်း မင်းသားနင်းဖူတွင် အစေခံအများကြီးမရှိပေ။ စားသောက်ဆိုင်ငယ်များ၊ စာသင်သားများနှင့် ဓားရေးတော်သော အစောင့်များ ရှိလေသည်။ နောက်ကွယ်တွ င်မည်သူရှိမှန်း ခန့်မှန်းရမလွယ်ပေ။

ယခုအချိန်တွင် တစ်ခြားသူများ၌ ရည်ရွယ်ချက်ကောင်း ရှိ၊မရှိမပြောနိုင်ပေ။ ထူးဆန်းသောအရာများအား ဆက်တိုက်ကြုံရပြီးသည့်နောက် တစ်ခြားသူများသည် သူ့အားအန္တရာယ်မပြုနိုင်သည်ကိုတွေ့ရပေသည်။ သို့ရာတွင် မည်သည့်ကိစ္စတွင်မဆို လုဟွမ်သည် စိတ်ချလက်ချမနေနိုင်ပေ။

=====

သူသည် မင်းသားနင်းဖူအိမ်တော်တွင် နေသည်မှာ 14နှစ် ရှိပေပြီ။ ဘယ်လို ရည်ရွယ်ချက် ကောင်းမျိုးနှင့်မဆို သူ၏ မျှော်လင့်ချက်များအား တွဲမထားသင့်ကြောင်း ကောင်းစွာသိလေသည်။ ထိုအရာသည် အရမ်းကြီး ရိုးရှင်း မနေပေ။

ငန်းမွှေးလိုမျိုး နှင်းမှုန်များသည် ထင်းမီးဖိုတစ်ခုလုံးကို ဖုံးနေပေသည်။ အစားအစာဘူးထဲမှ ထမင်းအေးများနှင့် ပေါင်မုန့်သည် လုံးဝမရွှေ့သေးပေ။

အရာအားလုံးသည် တိတ်ဆိတ်နေပေသည်။

အမှောင်ထဲတွင် လုဟွမ်သည် မျက်မှောင်ကြုတ်နေပြီး သူ၏ဓားကို တင်းတင်းဆုပ်ကိုင်ထားလေသည်။

သူ၏မျက်လုံးအား ပိတ်ထားပြီး အိပ်တစ်ဝက်၊ နိူးတစ်ဝက်ဖြစ်နေလေသည်။ သူတစ်ညလုံး စိတ်ချလက်ချ မနေနိုင်ပေ။

နောက်တစ်နေ့တွင် လုဟွမ်သည် ထုံးစံအတိုင်း ကြက်ဖ မတွန်ခင် နိုးထလာလေသည်။ သူသည် သုံးရက်လောက် အူရောင်ငန်းဖျားရောဂါကို ခံစားလိုက်ရပြီး နောက်ဆုံးတော့ လုံးဝပျောက်ကင်းသွားလေပြီ။ သူ့ခေါင်းတွင် ခံစားနေရသောလေးလံမှုသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားလေပြီ။

သူ၏မျက်နှာသည် ဖြူဖျော့နေသော်လည်း လုဟွမ်သည် လေးလံစွာ အသက်ရှူလေသည်။ သူအိပ်ရာထ ပြီးနောက် တောင်ကုန်းဆီသို့ ရေခပ်ရန်သွားလေသည်။

သူထွက်မသွားခင်တွင် သူသာသိသော ပြတင်းပေါက်နှင့်တံခါးကြားရှိအပေါက်ကို ချန်ထားခဲ့လေသည်။

သူသည် ပဲအနည်းငယ်ကို ခေါင်မိုးပေါ်၊ ထင်းမီးဖိုပေါ်နဲ့အိပ်ယာဘေးသို့ဖျန်းလိုက်လေသည်။ သူစစ်ဆေးနိုင်သောအရာလေးသာဖြစ်လေသည်။

အကယ်၍တစ်ယောက်ယောက်ခိုးဝင်ခဲ့ပါက သူခြေရာခံနိုင်လေသည်။ တစ်ခြားတစ်ယောက်၏ခြေရာကို သူခန့်မှန်းနိုင်လေသည်။

ထိုသူသည် မည်သူမှန်း၊ သူ၏ ပန်းတိုင်သည် ဘာမှန်း သူမသိပါ။ ထောင်ချောက်တစ်ခုလည်း ဖြစ်နိုင်ပေသည်။ လုဟွမ်၏မျက်လုံးသည် အေးစက်လာပေသည်။ သူသည် ထိုလူအား တတ်နိုင်သမျှ မြန်မြန်ရှာ ရပေမည်။ လုဝမ်ရှူသည် လုကျားအား သင်ခန်းစာပေးထားလေသည်။ သူသည် သူ၏ဖင်အားကိုင်၍ တုန်ရီစွာ လမ်းလျှောက် နေရလေသည်။ တစ်ဖက်တွင် လုယီသည် သူ၏မျက်နှာအား အုပ်ထားလေသည်။ သူ၏လက်အား ဖယ်လိုက်သောအခါတွင် အနီရောင်လက်ရာကြီးကိုမြင်ရလေသည်။

သူတို့နှစ်ယောက်သည် လုဟွမ်အား အမြဲတမ်း ဒုက္ခရောက်အောင် လုပ်ကြသော်လည်း သင်ခန်းစာပေးခံရ ပြီးနောက်တွင် သူတို့သည် အပိုးကျိုးသွားလေသည်။သူတို့သည် လုဟွမ်ဆီသို့ စိတ်ထင်တိုင်းမသွားရဲတော့ပေ။ လုဟွမ်အား မြင်လိုက်သည်နှင့် သရဲ မြင်လိုက်သကဲ့သို့ ဖြစ်လေသည်။ သူတို့သည် အလွန်ထိတ်လန့်ကြပြီး နေရာမှ မြန်မြန်ပြေးကြလေသည်။

လုဟွမ်သည် သူတို့ဘာဖြစ်ကြသည်ကို ဂရုစိုက်ရန် အချိန်မရှိပေ။ သူသည် မင်းသားနင်းဖူ၏ အစေခံများနှင့် အတူ အလုပ်လုပ်သည်။ သူသည် ရေခပ်ရသည်။ ထင်းခွေရသည်။ နေဝင်သည်အထိ သူ၏ခြံထဲသို့ မပြန်ရသေးပေ။

သူ၏နေရာသို့ ပြန်ရောက်သောအခါတွင် ထင်းစည်းအား ချ၍ စစ်ဆေးလေသည်။

သို့ရာတွင် သူ့အိမ်လေးက ဗလာချည်းသာ ဖြစ်သည်။ ထူးဆန်းတာ ဘာမှမရှိပေ။ အပိုလည်းမရှိသလို ဖယ်ထားခြင်း၊ ပြင်ထားခြင်းလည်းမရှိပေ။

သူထားခဲ့သည့် ခြေရာလက်ရာများသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။

သူ တမင် သက်သက် ခြေရာလက်ရာ ချန်ခဲ့သည်ကို တစ်ခြားလူများ သိသွားလေသလား? သို့မဟုတ် သူတို့သည် ဒီနေ့ တစ်ခုခု လှုပ်ရှားမှု မရှိ လေသလား?

လုဟွမ်သည် ပုံမှန်ကဲ့သို့ စိတ်ချလက်ချနေ၍မရပေ။သူသည် သုံးရက်ဆက်တိုက် ခြေရာလက်ရာ ဆင်ထားခဲ့လေသည်။

သို့ရာတွင် ယနေ့လိုမျိုးပင် သုံးရက်ဆက်တိုက် ခြေရာလက်ရာမပျက်ပေ။

လုဟွမ် စိတ်ချလက်ချ ဖြစ်သွားလေသည်။

ထိုအချိန်တွင် စုရှီသည် သူ့အဒေါ်၏ ဖုန်းခေါ်ဆိုမှုကြောင့် ဂိမ်းအကြောင်း ဂရုမစိုက်နိုင်ပေ။

သူသည် သူငယ်ချင်းအချို့အားခေါ်ပြီးသူတို့အတွက် အိမ်စာလုပ်ပေးခြင်းအားဖြင့် ငွေမည်သို့ရရှိမည်ကို စုံစမ်းလေသည်။

"နင်ဘာတွေလုပ်နေတာလဲ? ဘာလို့ ရုတ်တရက်ငွေလိုနေတာလဲ?" ကုချင်သည် စင်္ကြံလမ်း အပြင်သို့ထွက်ပြီး စုရှီနှင့် ဗီဒီယိုကောလ် ပြောလေသည်။

"ငါ့အစ်ကိုရဲ့ သင်တန်းကျောင်းမှာဆရာမ လိုနေတယ်။ ဒါပေမယ့် စာသင်ဖို့ နင် သူ့အိမ်တော့ သွားရမှာ။ နင့်ခြေထောက်က မကောင်းသေးဘူးမလား?"

စုရှီကမေးလေသည်။ " အွန်လိုင်းဆရာရော မလိုဘူးလား?"

ဟောင်ကျင်းချွမ်သည် စင်္ကြန်လမ်းကို ဖြတ်သွားရင်း ပြုံးဖြဲဖြဲဖြင့်မေးလေသည်။ " စုရှီးရှီး၊ မင်းရုပ်ရည်လေးရှိတာကို ဘာလို့ မင်းစွမ်းရည်ကို အသုံးချနေမှာလဲ။ မင်းကို လိုက်နေတဲ့သူတွေက အထက်တန်းကျောင်းကနေ ဟိုဘက်လမ်း ထိတောင် ရှိသေးတယ်။ ကျောင်းဖိုရမ်မှာ ငါမင်းပုံ တင်ပေးမယ်လေ။ တစ်ခါ ဒိတ်ရင် ငါးရာယွမ် ဆိုပြီးပေါ့။ အဲ့တာဆို ပိုက်ဆံလည်းအများကြီးရမှာဘဲ။"

ဒီကောင်သည် အမြဲတမ်း ရွံစရာကောင်းသည်။ စုရှီသည် ပြန်ဖြေလိုက်လေသည်။ "သွားစမ်းပါ။"

ဖုန်းချပြီးသည့်နောက် စုရှီးရှီးသည် မျက်မှောင်ကျုံ့ပြီး သူ၏မျက်နှာအား ခေါင်းအုံးတွင် ဖိနှစ်လိုက်လေသည်။

အထက်တန်း ဒုတိယနှစ် ကျောင်းသူအတွက် ငွေရှာရန် မလွယ်ကူချေ။ ယွမ် 100,000သည် အလွန်များသောပမာဏဖြစ်သည်။ စုရှီသည် သူ၏မိဘအား အများကြီး အထောက်အကူ ဖြစ်မည်ဟု မမျှော်လင့်ပါ။ သို့သော်လည်း သူ၏ခြေထောက်အား ကြည့်၍သူသည် နှစ်ရက်၊ သုံးရက်တစ်ခါ ဆေးရုံသို့ သွားနေရသော လူလွင့်တစ်ယောက်ဟူ၍သာ ခံစားရလေသည်။

စုရှီသည် အဘယ်ကြောင့် ငွေချေးသည်မှန်းကို မသိသော်လည်း ကုချင်နှင့် ဟောက်ကျင်းချွမ်တို့သည် မိသားစုကိစ္စမှန်း ခံစားမိ လိုက်ကြလေသည်။ သူဘာမှမပြောသဖြင့် သူတို့သည်လည်းမမေးကြပေ။ သို့ရာတွင် သူတို့သည်ငယ်သူငယ်ချင်းများဖြစ်သောကြောင့် သူတို့အနေဖြင့်ဘာမှမလုပ်ဘဲ ထိုင်မနေနိုင်ချေ။ ထို့ကြောင့် သူတို့သည် တစ်ခြား သူငယ်ချင်းများအားခေါ်လိုက်လေသည်။

ကုချင်ကပြောလေသည်။ "ဆွေးနွေးရအောင်။ ငါတို့ စုရှီကို ပေးကြရင်ရော။ငါတို့ နိုင်သလောက်ပေါ့"

တစ်ဖက်တွင် စုရှီသည် သူ့သူငယ်ချင်းများအနေဖြင့် သူ့အားငွေချေးဖို့တိုင်ပင်နေကြသည်ကို မသိသေးပေ။

အဖေစုနှင့်အမေစုသည် ယနေ့အလုပ်များသောကြောင့် ဆေးရုံသို့ မလာပေ။ သူသည် ဆေးရုံစားသောက်ခန်းသို့ သွားပြီး အစားစားမည်။ ပြီးလျှင် အခန်းသို့ပြန်လာ၍တစ်ယောက်ထဲ အိမ်စာလုပ်မည်ဟု ထင်ထားလေသည်။

သူသည် အိမ်စာပြီးသောအခါတွင် သူ၏ဖုန်းမှဂိမ်းသို့ တစ်ချက်ကြည့်လိုက်လေသည်။

သူသည် တစ်နေ့လုံးလိုင်းမသုံးရသေးပေ။ သူ၏ဂိမ်းဇာတ်ကောင်သည် ဘာတွေလုပ်နေမှန်းမသိပေ။ ဗိုက်ဆာနေ မည်လား အေးနေမည်လား။ သူ့အနေဖြင့် အနည်းငယ်တော့ လွမ်းလေသည်။ သို့သော်လည်း သူ့တွင်သုံးစရာ မရှိပေ။ နေ့တိုင်း စာကြိုးစားတာဘဲ ကောင်းပေသည်။

ဂိမ်းတစ်ခုသာဖြစ်သည်။ သူ့အနေဖြင့် မစွဲသင့်ပါ။

စုရှီသည် ခေါင်းငြိမ့်လိုက်ပြီး ဂိမ်းသို့ရောက်နေသော စိတ်အား ပြန်ဆွဲလိုက်သည်။ သူသည်ဖတ်စာအုပ်အား ဖွင့်ပြီး စာဖတ်နေလေသည်။

သို့သော်လည်း ထိုအချိန်တွင် စနစ်မှ စာပို့လာလေသည်။

"အခု ထီလက်မှတ်သွားဝယ်ချေ"

စုရှီသည် ဖုန်းအား စိုက်ကြည့်ပြီး အနည်းငယ် ရှုပ်ထွေးသွားလေသည်။ " ထီလတ်မှတ်သွားဝယ်တဲ့လား။ ဘာလို့ ထီ လက်မှတ်ဝယ်ရမှာလဲ။"

စနစ်က ပြောလေသည်။ "မင်း 10 မှတ် စုဆောင်းမိလို့ရှိရင် မင်းရဲ့ပထမဆုံး ခိုအီငါးအဖြစ် ပြောင်းလိုက်လို့ရတယ်လေ။ မင်း အခုပဲ ၁၀မှတ် ပြည့်တော့မယ်ဟာ အရှုံးပေးလိုက်တော့ မလို့လား။"

[T/N : ခိုအီငါးလေးတွေက အရောင်မျိုးစုံရှိတဲ့ ငါးကြင်း မျိုးနွယ်လေးတွေပါ။ ဂျပန်အယူအဆမှာ ခိုအီငါး နှစ်ကောင်က ကံကောင်းတယ်။ ဆုတောင်းပြည့်တယ်လို့လဲ ပြောကြပြီး ယင်နဲ့ယန်ကို လဲ ကိုယ်စားပြုတယ်လို့ ဆိုကြပါတယ်။]

"ငါမယုံဘူး" စုရှီသည် ဘာ ခိုအီငါး ကိုမှ မယုံပါ။ စနစ်သည် လိမ်နေပေသည်။ ဂိမ်းဖန်တီးသူများ၏ ထွင်လုံးသာ ဖြစ်ပေသည်။

ထို့အပြင် ထီပေါက်ချင်သည် ဆိုတိုင်းနှင့် ထီပေါက်ပါမည် လော။ ဖြစ်နိုင်ချေသည် သူ ရှင်းဟွာတက္ကသိုလ် ဝင်ခွင့်ရသည်ထက်ပင် နည်းနေသေးသည်။

ထီပေါက်မည်ကို မျှော်လင့်မည့်အစား သူ့အိမ်ရုတ်တရက် ဖျက်ခံရသည်ကို မျှော်လင့်တာကမှ ပိုကောင်းသေးသည်။

စနစ် သည် ရုတ်တရက်ပြောလေသည်။

"စမ်းကြည်ရုံနဲ့ မင်းမသေပါဘူး။ဆင်းရဲတဲ့ သူတိုင်းမှာ တူညီတဲ့အကြံ ရှိကြတယ်။"

စုရှီ "..."

ချီး၊ ကောင်းကောင်းပြောရအောင်၊ ဒီစနစ်စုတ်က ငါ့ကိုတော့ မချလောက်ပါဘူးနော်။

ဖြစ်နိုင်သည်မှာ သူတစ်နေကုန် ဂိမ်းမဆော့ရသေးသောကြောင့် ယားကျိယားကျိ ဖြစ်နေသည်ပဲ ဖြစ်လောက်မည်။ စုရှီသည် ဂိမ်းအားဖွင့်ရန် စိတ်မထိန်းနိုင်တော့ပေ။ သူနာပြုဝင်လာသောအခါတွင် သူသည် သူနာပြုအား စတိုးဆိုင်တွင် အသီးများနှင့် ထီလက်မှတ်ဝယ်ပေးရန် အကူအညီတောင်းလေသည်။

စုရှီ၏ဆံပင်မှာ မဲနက်နေပြီး အသားအရည်သည် ဖြူလေသည်။ သူသည် အလွန် နာခံလွယ်ပြီး ဂရုဏာသက်စရာလေး ဖြစ်သည်။ သူနာပြုပင် သူပြောသည်အား နားမထောင်ဘဲ မနေနိုင်ချေ။

သူနာပြုသည် သူပြောသကဲ့သို့ မြန်မြန်သွားဝယ်ပေးလေသည်။

စုရှီသည် နှစ်ဒေါ်လာတန်ထီလတ်မှတ်ရလေသည်။ စမ်းကြည့်လျှင်လည်း မသေဘူးဆိုသောကြောင့် သူသည် ထီလတ်မှတ်အား အိပ်ထောင်ထဲ ထည့်လိုက်လေသည်။ ထို့နောက် ပန်းသီးအား ကိုက်ရင်း ဂိမ်းထဲသို့ ဝင်လိုက်လေသည်။

ဂိမ်းထဲတွင် နေ့လည်အချိန်ဖြစ်လေသည်။ကောင်းကင်မှ နှင်းများကျနေပြီး သစ်သားအိမ်သည် ဗလာဖြစ်နေ လေသည်။ သူ၏ဂိမ်းဇာတ်ကောင်လည်း ရှိမနေပါ။

စုရှီသည် အနည်းငယ် စိတ်ဓာတ်ကျသွားလေသည်။ 'ချီး... မင်းသားနင်းဖူ၊ ဘာလို့ ဂိမ်းဇာတ်ကောင်ကို တစ်နေကုန် နှိပ်စက်နေရတာလဲ'

စုရှီသည် ဂိမ်းထဲသို့ဝင်လာသော်လည်း သူ၏ဂိမ်းဇာတ်ကောင်သည် ရှိမနေပါ။ တစ်ခြားနေရာများတွင်တော့ သူ၏ဂိမ်းဇာတ်ကောင်အား ရှာမတွေ့ပေ။

အပေါ်ဘက်ညာထောင့်တွင် ရွှေ 37စနှင့် 7မှတ်ရှိသည်။

စုရှီသည် ခဏမျှတွေးနေလေသည်။

စနစ် အရဆိုပါက သူသည် စွမ်းရည်၊ ပုဂ္ဂိုလ်ရေးဆက်ဆံမှု၊ ပြင်ပရုပ်ရည်နှင့်ပတ်ဝန်းကျင်၊ ပြင်ပကြံခိုင်မှု၊ အဓိကရှာဖွေခြင်းတို့မှ အမှတ်ရနိုင်လေသည်။

အခု ပထမဆုံးအဓိကရှာဖွေခြင်းသည် မပြီးသေးပေ။ စွမ်းရည်များသည်လည်း အခုထိမပွင့်သေးပေ။

သူအနေဖြင့် ဂိမ်းဇာတ်ကောင်၏ ပတ်ဝန်းကျင်ကိုသာ တိုးတက်အောင်လုပ်ပေးရင်းဖြင့် စနိုင်လေသည်။

စုရှီသည် သစ်သားအိမ်အား တစ်ချက်ဖွင့်လိုက်သည်နှင့် အိမ်သည် အလွန်ရိုးရှင်းကြောင်း သိလိုက်လေသည်။ တံခါးနှင့်အမိုးအား ပြန်ပြင်ထား၍ လေမတိုးတော့သော်လည်း အိမ်တွင် စားပွဲ၊ ကုလားထိုင်၊ အိုးများမရှိပေ။ အိပ်ရာသည်လည်း မာ၍အေးလှပေသည်။

စားဖိုဆောင်တွင်တောင်မှ မီးသွေးရှိသော်လည်း သူ၏ဂိမ်းဇာတ်ကောင်အခန်းတွင် ဘာမှမရှိပေ။

ဂေါ်ဖီထုပ်ငယ်လေး၊ ခါးလိုက်တဲ့ဘဝ။

စုရှီသည် ဝမ်းနည်းသွားလေသည်။ မစဥ်းစားတော့ဘဲ သူသည် ဆိုင်အားဖွင့်လိုက်ပြီး အခြေခံပစ္စည်း အတန်းအားဖွင့်လိုက်လေသည်။ သူသည် မီးသွေးတစ်အိုး ဝယ်ရန် ကြံထားသည်။ စနစ်ဆိုင်သည် အရမ်းစျေးကြီးမည်ဟု သူမမှန်းထားခဲ့ပေ။ မီးသွေး အမျိုးအစားများစွာ ရှိပေသည်။ စင်တစ်တန်းထဲမှာပင် ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်ရှိပေသည်။

သူ စျေးဝယ်သည်ကို မြင်ပြီး စနစ်သည် အလွန်စိတ်လှုပ်ရှား သွားလေသည်။ သူသည် ချက်ချင်း အကြံပေးလေသည်။ "ထူးဆန်းတဲ့တိရစ္ဆာန်ပုံနဲ့ ဒီရွှေရောင်မီးဖိုကို ကြည့်လိုက်။ ရွှေဒင်္ဂါး 999,999 ပဲကျမှာ"

စာပြီးအောင်မဖတ်ရသေးခင်မှာပင် စုရှီသည် ကျော်ပစ်လိုက်လေသည်။ "ဖယ်စမ်းပါ"

မီးသွေးအား ရွေးပြီးနောက် စုရှီသည် မျက်နှာပြင်အား လက်ချောင်းများဖြင့်ရွှေ့လိုက်သည်။ သူသည်မီးသွေးအား လေဝင်လေထွက် ကောင်းသည့် နေရာထောင့်တွင် ထားလိုက်လေသည်။ ပိုပြီး နွေးထွေးစေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် အဆိပ် မသင့်စေရန်ဖြစ်သည်။ ရွှေ့ပြီးနောက်တွင်မှ သူသတိရလေသည်။ ဤနေရာသည် ဂိမ်းကမ္ဘာဖြစ်သည်။ ထို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်မရှိပေ။ သူသည် ဤအခန်းတွင် အရမ်းစိတ်နှစ် သွားမိပြီလား။

အိမ်သည် ကုလားထိုင်၊စားပွဲ၊ လက်ဖက်ရည်ခွက်များ လစ်လပ်နေဆဲဖြစ်သည်။

စုရှီသည် ဆိုင်တွင် စျေးအပေါဆုံး တစ်ဆက်ကို ဝယ်လိုက်သည်။ သစ်သားဖြင့် ပြုလုပ်ထားသော ရိုးရိုးစားပွဲ ဖြစ်သော်လည်း အသုံးပြုရသရွေ့ ကောင်းသေးသည်။ ကျိုက်ကျိုက် နားလည်မည်ဟု သူယုံကြည်သည်။

ထိုသို့သုံးပြီးနောက်တွင် အပေါ်ညာဘက်ထောင့်ရှိ ရွှေဒင်္ဂါးသည် 7 စ သာကျန်တော့သည်။

စုရှီသည် ဆိုင်တွင်စျေးပေါပေါနှင့်ဝယ်၍ရမည့်အရာများကိုရှာနေလေသည်။

သူ၏ လက်ချောင်းများသည် ရုတ်တရပ် ရပ်သွားလေသည်။ သူသည် ပြောင်လက်နေသော အမဲရောင်ဖိနပ်ကို တွေ့လိုက်လေသည်။ ယင်းသည် 7ကျပ်သာ ကျသည်။

ကောင်းလိုက်တာ။ စုရှီသည် အလွန်ဝမ်းသာ သွားလေသည်။ သူ သတိရလိုက်သည်မှာ လွန်ခဲ့သောရက်က သူ့ဂိမ်းဇာတ်ကောင်သည် တစ်နေရာတွင် အကြာကြီးဒူးထောက် နေခဲ့လေသည်။ ဖိနပ်တွေသည် ဟောင်းနွမ်းနေပေသည်။ ဖိနပ်ဟောင်းများသည် အေးလှသည်။ အသစ်လဲဖို့ အချိန်ရောက်ပေသည်။

စုရှီသည် ရွှေဒင်္ဂါးအကုန်လုံးကို သုံး၍ အိပ်ယာဘေးတွင် ဖိနပ်အသစ်အား ထားလိုက်လေသည်။

ဒီလိုဖြင့်အိမ်တွင် စားပွဲ၊ ကုလားထိုင်၊ မီးသွေးဖိုများဖြင့် ပြည့်သွားလေပြီ။ ယခုတွင် လူနေထိုင်သည့် နေရာနှင့် ပိုတူ သွားလေပြီ။

စုရှီသည် ပျော်ရွှင်စွာမေးလေသည်။ "ငါပတ်ဝန်းကျင်ကိုတိုးတက်စေခဲ့လေပြီ။ ငါအမှတ်တွေဘယ်လောက်တောင် တိုးလာနိုင်လဲ"

စနစ်က ပြောလေသည်။ "ပြင်ပအခြေခံပတ်ဝန်းကျင်ကို အောင်မြင်စွာတိုးတက်စေလို့ ဂုဏ်ယူပါတယ်။ မင်း ရွှေဒင်္ဂါး 3 စ အပိုရပြီး အမှတ် 1မှတ်ပိုရပါတယ်"

စုရှီ :" ဘာလို့ 1 မှတ်ပဲ ပိုရတာလဲ"

စနစ် က ပြောလေသည်။ " မင်းရဲ့အပြုအမူများပေါ် မူတည်၍ ဆုံးဖြတ်ခြင်းကြောင့် ဖြစ်သည်။ မစ်ရှင်သည် အလွန် ရိုးရှင်း လေသည်။

သင့်သုံးစွဲမှုသည် ရိုးရှင်းလှသည့် ရွှေဒင်္ဂါးသုံးသည့် အရာများသာ ဖြစ်သည်။ အမှတ်ရရှိရန် မလုံလောက်ပါ။ ထို့အပြင် ပတ်ဝန်းကျင်အား တိုးတက်အောင် လုပ်ခြင်းဖြင့် ရရှိသည့် အမှတ်သည် မများလှပါ။ အမှတ်များစွာ ရရှိပါက ဆက်ဆံရေးနှင့် အဓိက မစ်ရှင်ကို လုပ်ဆောင်ပါ။"

စုရှီ "..."

စုရှီသည် စိတ်ထဲတွင်ဆဲဆိုနေစဉ်မှာပင် အပြင်မှ ခြေသံများ ကြားရလေသည်။ခြေသံများသည် တံခါးအပြင်တွင် ရပ် သွားလေသည်။

လုဟွမ်သည် တံခါးအပြင်မှ ခြေရာလက်ရာများကို ကြည့်ပြီးနောက် တွေ့ရသည်မှာ ခြေရာလက်ရာ လုံးဝမပျက်သေးပေ။ ယနေ့ ထူးဆန်းတာ ဘာမှမဖြစ်သေးပေ။

ထို့ကြောင့် သူသည် ခြံထောင့်ကို သွားလိုက်ပြီး နောက်ကျောက ခြင်းအားချ၍ အိမ်ထဲသို့ဝင်လိုက်လေသည်။

သို့သော်လည်း သူအခန်းထဲသို့ ကြည့်လိုက်သောအခါတွင်ရုတ်တရက် အေးခဲသွားလေသည်။

တံခါးနှင့်ပြတင်းပေါက်များသည် လုံးဝဖွင့်ထား ပိတ်ထားသည့် လက္ခဏာမရှိသဖြင့် မည်သူမျှ မဝင်လာသည်မှာ သိသာသော်လည်း

'အိမ်ထဲမှာဘာကြောင့် ပစ္စည်းတွေများ နေတာလဲ'

စားပွဲအပိုလည်း ရှိနေသလို့ ပြတင်းပေါက်ဘေးမှ လက်ဖက်ရည်အိုးသည် အပေါ်ရောက်နေလေသည်။

အပိုထိုင်ခုံလည်း ရှိနေပြီး သန့်ရှင်းနေပေသည်။

အခန်းထောင့်တွင်လည်း မီးသွေးဖို ရှိနေလေသည်။ စျေးမကြီးသော်လည်း အခန်းလေးတော့ နွေးနေလေသည်။

လုဟွမ်သည် လေနှင့်နှင်းများ ကြားများ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူ၏ဝတ်ရုံသည် နှင်းစက်များဖြင့် စိုနေပြီး သူ၏လက်ကောက်ဝတ်များသည် အအေးဒဏ်ကြောင့် ဖြူနေလေသည်။ သို့သော်လည်း လေနွေးနွေးလေး ရသောအခါ သူ၏ဝတ်ရုံသည် ခြောက်သွားလေသည်။

သူသည် ထို့သိုသော အနွေးဓာတ်ကို ရှားရှားပါးပါးသာ ခံယူရလေ့ရှိသည်။

ထို့ကြောင့် သူ၏မျက်လုံး၊ မျက်ခုံးများအား အနွေးဓာတ် ခံစားမိသောအခါ မျက်ခုံးများသည် နှစ်ချက်လောက် တွန့်သွားလေသည်။

လုဟွမ်သည် တခဏမျှ ဘာမှမစဥ်းစားနိုင်ပေ။ သူ၏မျက်နှာသည် အေးစက်လာပြီး အိပ်ယာဘေးမှ ဖိနပ်အား မြင်သောအခါ ပို၍ လန့်သွားလေသည်။

သူသည် မျက်မှောင်ကျုံ့သွားပြီး ဖိနပ်အမဲကို သွားကိုင်လေသည်။

ဖိနပ်မှာ ချုပ်ရိုးကြောင်း များစွာဖြင့်ချုပ်လုပ်ထားပြီး အသားမှာလည်း ကြမ်းသည်ကိုတွေ့ရလေသည်။

သို့သော်လည်း အပ်ကဲ့သို့သော ချွန်ထက်သည့် ဒုက္ခပေးနိုင်သော ပစ္စည်များ မပါရှိဘဲ သန့်ရှင်းသော ဖိနပ်အသစ် တစ်စုံသာဖြစ်လေသည်။

All Chapters