Chapter 7
Vol. 1 Ch. 7
သူ အသက် ရှစ်နှစ်အရွယ်တုန်းကဆို ကိုယ်လုပ်တော်များကနေ မွေးဖွားလာတဲ့ကလေးတွေကို လုယီအန်းရဲ့ မွေးနေ့ပွဲကို တက်ခွင့်မပေးခဲ့ပါဘူး။ လုဟွမ်ဟာ မှောင်မိုက်တဲ့ ဝင်းတံတိုင်းအပြင်ဘက်က အေးခဲနေတဲ့ ကောက်ရိုးပုံပေါ်မှာ ထိုင်ပြီး အစေအပါးတွေနဲ့အတူ ဆုလာဘ်အနည်းငယ်ကို ကောက်ယူခဲ့ရသည်။
အဲဒီအချိန်မှာ နှင်းတွေ သည်းသည်းမဲမဲ ကျနေခဲ့သည်။ သူ့လက်တွေက အေးလွန်းလို့ နီရဲနေကာ ဖောင်းကားနေတဲ့ မုန်လာဥနီတွေလို ဖြစ်နေသည်။
အိမ်မကြီးကနေ ပြန်လာတဲ့အခါ စတုတ္ထသခင်မက လုယီအန်းအတွက် ဖိနပ်ရှည် ချုပ်နေတာကို တွေ့ခဲ့ရသည်။
စတုတ္ထသခင်မဟာ စံအိမ်တော်ထဲမှာ လုဟွမ်ကို ဂရုစိုက်တဲ့သူ အနည်းငယ်ထဲက တစ်ယောက်ပဲ။ ဒါပေမယ့် သူ့ကိုယ်သူတောင် ကာကွယ်ဖို့ မတတ်နိုင်ပါဘူး ။ အများအားဖြင့် သူ့ရဲ့သခင်မနောက်က လိုက်ပြီး သခင်မစေခိုင်း သမျှကိုပဲ လုပ်နေရတဲ့ သူပေါ့။
သူဟာ ရေကန်အလယ်က ဥယျာဉ်ထဲမှာ ထိုင်နေပြီး အင်္ကျီကြီးတစ်ထည်ကို ဝတ်ဆင်ထားသည်။သူ(မ)ဟာ ဖိနပ်ကို ချုပ်အပ်ဖြင့် တစ်ချက်ချင်းစီ ချုပ်နေသည်။
အဝေးမှ အသက်ရှစ်နှစ်အရွယ် လုဟွမ်ရဲ့ အကြည့်ဟာ ဖိနပ်ပေါ်မှာ ကျရောက်သွားသည်။
စတုတ္ထသခင်မက ဖိနပ်ရဲ့အောက်ခြေ၊ ရှေ့ပိုင်းနဲ့ နောက်ပိုင်းကို အရည်အသွေးမြင့် သားရေသုံးချပ်နဲ့ သေချာဂရုတစိုက် ပတ်ထားတာကို တွေ့ရသည်။ ဘွတ်ဖိနပ်ရဲ့အလယ်မှာ တော့ ရွှေရောင်စာလုံးလေးကို အနီရောင်ချည်နဲ့ ထိုးထားသည်။ ပြီးတော့ နင်းသခင်မဆီက ရထားတဲ့ ရွှေရောင်ချည်တချို့ကို သုံးပြီး အမွှေးတွေကို ရွှေရောင်စာလုံးလေးဖြစ်အောင် ထိုးထားလိုက်သည်။ဒီလိုနဲ့ လည်ရှည်ဖိနပ်ဟာ ခမ်းနားထည်ဝါ လို့နေသည်။
ဖိနပ်တွေကို တိရစ္ဆာန်သားရေနဲ့ ပတ်ထားသည်။ ဖိနပ်အောက်ခြေက ထူပြီး အရမ်းနွေးမယ့်ပုံ ပေါ်နေသည်။
အသက်ရှစ်နှစ်အရွယ် လုဟွမ်ဟာ အရမ်းငယ်သေးသည်။ သူကြည့်နေရင်း မသိစိတ်နဲ့ ကောက်ရိုးဖိနပ်ထဲက အေးလွန်းလို့ ခံစားလို့တောင်မရတော့တဲ့ သူ့ခြေချောင်းတွေကို ကွေးကြည့်လိုက်သည်။
ဒါပေမဲ့ သူ့နောက်က အစေအပါးက စိတ်မရှည်တော့ဘဲ သူ့ကို တွန်းပြီး ရှေ့ကို အမြန်သွားဖို့ ပြောနေသည်။
လူဟွမ်း ရှေ့ကို ယိုင်ယိုင်နဲ့ လှမ်းသွားသော်လည်း ဥယျာဉ်ဘက်ကို ဆက်ကြည့်နေမိသည်။
စတုတ္ထသခင်မက နောက်ထပ်ဖိနပ်တစ်ရံကို ကောက်ယူနေတာကို တွေ့လိုက်ရသည်။
သူသည် ပန်းထိုးအတတ်ကို ကျွမ်းကျင်လှသည်။ လုယီအန်းအတွက် ဖိနပ်ချုပ်ပြီးတဲ့နောက် သားရေအပိုင်းအစတွေ ကျန်သေးသည်။ နင်းသခင်မက အဲဒီကျန်တဲ့ သားရေနဲ့ သူ့ရဲ့ မမွေးသေးတဲ့ သမီးလေးအတွက် ပန်းထိုးဖိနပ်တစ်ရံ လုပ်ဖို့ ခွင့်ပြုခဲ့သည်။
အခုတစ်ခေါက် ဖိနပ်ချုပ်လုပ်တဲ့ အချိန်မှာတော့ သူ့မျက်နှာပေါ်ဟာ အမှားအယွင်းလုပ်မိမှာကို ကြောက်ရွံ့နေသလိုမျိုး တင်းမာပြီး စိုးရိမ်နေတဲ့ အသွင်မဟုတ်တော့ဘူး။ အဲဒီအစား ကြင်နာမှုနဲ့ မေတ္တာတရားတွေ ပြည့်နှက်နေတော့သည်။
သူ့ရဲ့ သမီးကလေးမှ သူကိုယ်တိုင် ချုပ်ထားတဲ့ဖိနပ်ကို စီးပြီး နှစ်စဉ်နှစ်တိုင်း အရွယ်ရောက်လာတာကို စောင့်ကြည့်ဖို့ တွေးရင်း ဖိနပ်အသေးလေးတစ်ရံကို ပန်းထိုးနေလေသည်။
လုယီအန်းက နင်းဖူမင်းသားရဲ့ တရားဝင်သား ဖြစ်သည်။ လိုတိုင်းတ ရနိုင်သူမို့ အဲဒီရွှေရောင်စာလုံးပုံ ဖိနပ်ကို လုံးဝ ဂရုမစိုက်ပါဘူး။
စတုတ္ထသခင်မရဲ့သမီးဟာ ကိုယ်လုပ်တော်မောင်းမရဲ့သမီးဖြစ်ပြီး ရိုးရှင်းတဲ့ဘဝမှာ နေထိုင်ရပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် စတုတ္ထသခင်မရဲ့ ကာကွယ်စောင့်ရှောက်မှုကို ရရှိနေသည်။
သို့သော်ငြား လုဟွမ်ကတော့ ဖိနပ်တစ်ရံကိုတောင် တစ်ခါမှ မပိုင်ဆိုင်ဖူးပေ။
ထုံးစံအတိုင်း တစ်နှစ်ပြီး တစ်နှစ် သူ၏ အရွယ်ရောက်လာမှုကို မျှော်လင့်စောင့်စားနေမည့် သူလည်း မရှိပေ။
အခု လက်ရှိအချိန်မှာတော့ သူဟာ စိတ်ကူးထဲမှာတောင် မထင်မှတ်လောက်အောင် လေးလံတဲ့ ဖိနပ်ကို စိုက်ကြည့်နေမိသည်။ သူ့မျက်လုံးတွေက မှုန်မှိုင်းနေပြီး လက်ချောင်းတွေကို မသိစိတ်နဲ့ တင်းတင်း ဆုပ်ထားမိသည်။
ဖိနပ်ရဲ့ ကြမ်းတမ်းတဲ့အထိအတွေ့က သူ့လက်ချောင်းထိပ်တွေဆီ ရောက်လာသည်။ ဖော်ပြရခက်တဲ့ခံစားချက် တွေ သူ့ရင်ထဲမှာ လှိုင်းထန်နေသည်။
သို့သော် သူဟာ ချက်ချင်းဆိုသလို တွေးနေတာကို ရပ်လိုက်ပြီး သူ့လက်ထဲက ဖိနပ်ကို အေးစက်စွာ ပြန်ပစ်ချလိုက်သည်.။ သူ့မျက်နှာအမူအရာက အေးစက်နေပြီး အခန်းတစ်ခုလုံးကို အကဲခတ်ကြည့်နေသည်။
တံခါးတွေ ပြတင်းပေါက်တွေကို ဘယ်သူမှ မထိရသေးဘူး၊ ဒါဆို အဲဒီလူက သူ့အိမ်ထဲကို ဘယ်လိုဝင်လာခဲ့တာလဲ?
ဘယ်သူလဲ။ သူတို့က ဘာလိုချင်တာလဲ?
လုဟွမ်ရဲ့စိတ်ထဲမှာ ယခင်က မရှိဖူးတဲ့ နိုးကြားမှုတွေ ဖြစ်ပေါ်လာသည်။ သူ့အကြည့်က သူ့နယ်မြေထဲ ဝင်လာတဲ့ သားကောင်ကို ချောင်းနေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဝံပုလွေငယ်လေးတစ်ကောင်လို ဖြစ်နေပြီး သံသယနဲ့ မသက်မသာ ဖြစ်နေသည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပူနွေးနေတဲ့ လတ်ဆတ်တဲ့အသီးအရွက်တွေနဲ့ ချက်ထားတဲ့ ဝက်သားပေါင်းကို ပြန်တွေးမိသည်။ အဲဒါကိုလည်း တစ်စုံတစ်ယောက်က လုပ်ခဲ့မှာပဲ - - - ဒါပေမယ့် တစ်ဖက်လူက ဘာလိုချင်တာလဲ?
မှန်ပါတယ်၊ လုဟွမ်က တစ်စုံတစ်ယောက်က သူ့ကို လျှို့ဝှက်ပြီး ကူညီလိမ့်နေမယ်လို့ မထင်ဘူး။
ဒီလောကကြီးမှာ အကြောင်းမဲ့ နှင်းကျချိန်မှာ မီးသွေးပို့ပေးတာမျိုး မရှိသလို၊ စိတ်ကောင်းစေတနာကောင်း ဆိုတာလည်း မရှိဘူး။ တစ်ဖက်မှာတော့ နှိပ်စက်ညှဉ်းပန်းတာ၊ ဖမ်းဆီးထောင်ချတာ၊ လုယက်တာတွေနဲ့ ပြည့်နှက်နေတုန်းဘဲ။
နောက်ထပ် ချောက်ချမှုတစ်ခုလား?
လုဟွမ်ဟာ မသိစိတ်နဲ့ သူနဲ့အတူ ဆောင်ထားတဲ့ ဓားငယ်ကို လှမ်းကိုင်လိုက်သည်။
တိတ်ဆိတ်နေတဲ့အခန်းထဲမှာ သူ တစ်ယောက်တည်း ရပ်နေခဲ့သည်။ အပြင်မှာ နှင်းတွေကျတဲ့ အသံ ကြားနေရသည်။။ အခန်းထဲမှာတော့ မီးသွေးမီးဖိုးရဲ့ အသံတိုးတိုးလေးသာ ကြားရတယ်။ တခြားဘယ်သူမှ မရှိဘူး။ ဒီမှာ သူတစ်ယောက်တည်းသာ ရှိလေတယ်။
ခဏတာ ကြာပြီးနောက် လုဟွမ်ဟာ သတိထားနေမှုကို မလျော့ချလိုက်ဘဲ သူ့မျက်ခုံးတွေ ကို ကျုံ့ထားဆဲ မျက်နှာလည်း တင်းမာနေဆဲ ဖြစ်သည်။
သူဟာ အခန်းထဲမှာ ပိုလာတဲ့ပစ္စည်းတွေကို လှည့်ပတ်ကြည့်လိုက်သည်။ လောလောဆယ်တော့ သူ့အိမ်ထဲကို ဘယ်သူ တိတ်တဆိတ်ဝင် လာခဲ့တယ်ဆိုတာ မသိနိုင်သလို၊ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကိုလည်း မသိနိုင်သေးဘူး။ ဒါကြောင့် သူအနေနဲ့ အချိန်စောင့်ပြီး ပြောင်းလဲမှုတွေကို ကိုင်တွယ်ဖို့ပဲ ရှိတော့သည်။
ဒီလိုတွေးမိတော့ လုဟွမ်ရဲ့ မျက်နှာအမူအရာဟာ အေးစက်သွားသည်။ သူဟာ ဖိနပ်တစ်ရံကို ဗီရိုထဲ ပစ်ထည့်လိုက်ကာ နေမဝင်မီ အပြင်သို့ထွက်သွားကာ ရေနွေးတည်ပြီး ပြန်လာခဲ့သည်။
ဖုန်းမျက်နှာပြင်ကနေ တဆင့် ကြည့်နေတဲ့ စုရှီဟာ သူ့ရဲ့ တုန့်ပြန်မှုတွေကြောင့် လုံးဝနားမလည် ဖြစ်သွားသည်။
အရင်တုန်းက သူက ကျိုက်ကျိုက်ကို အစားအစာပူပူနွေးနွေး ပေးတုန်းက သူက အဆိပ်ခတ်ထားလားဆိုပြီး အရမ်းသတိထားခဲ့သည်။ အခုတော့ သူက ပိုက်ဆံကုန်ခံပြီး သူ့အခန်းကို အလှဆင်ပေးတာကို ဘာလို့ မကျေနပ်သလိုဖြစ်နေတာလဲ။ ဒီစားပွဲ၊ ကုလားထိုင်၊ ဖိနပ်တွေမှာ အဆိပ်မပါနိုင်ဘူးလေ၊ မဟုတ်ဘူးလား?
သူက ဖိနပ်တွေကို ဘီရိုထောင့်ထဲ ကို ကန်ပစ်လိုက်သေးတယ်?!
ရွှေဒင်္ဂါး ၇ စတောင် ပေးဝယ်လိုက်ထားရတာ။ ဘာလို့ ကြည့်တောင် မကြည့်ရတာတုန်း?!
ဝတ်ကြည့်ပြီး နှင်းထဲပြေးလွှားရင်း "စပွန်ဆာအတွက် ကျေးဇူးပါ ဒယ်ဒီရေ"လို့တောင် ပြောသင့်တာမဟုတ်ဘူးလား?
ဒီဂိမ်းက ဇာတ်ဆောင်ရဲ့ စိတ်နေသဘောထားကို တော်တော်ထူးဆန်းအောင် သတ်မှတ်ထားတာပဲ။
စုရှီ နည်းနည်းတော့ ရှုပ်ထွေးသွားတယ်။ သူ့ဂိမ်းဇာတ်ကောင် ဘာကြောင့် ပြန်ထွက်သွားတာလဲ၊
ဘယ်သွားတာလဲဆိုတာ ကြည့်ဖို့ စခရင်ကို ပြောင်းရန် ပြင်နေစဥ် ဇာတ်ကောင်က ပြန်ရောက်လာခဲ့သည်။
သူ သစ်သားပုံးတစ်ပုံးလည်း သယ်လာသည်။ သစ်သားပုံးထဲက ရေသည် အငွေ့တထောင်းထောင်း ထွက်နေသေးသည်။
သူ တည်ငြိမ်တဲ့မျက်နှာနဲ့ ဝင်လာပြီး၊ သစ်သားတံခါးကို ဖနောင့်နဲ့ပိတ်၊ သစ်သားပုံးကို ချထားပြီး အဝတ်စတစ်ခုကို ပုံးအစွန်းမှာ တင်ထားလိုက်သည်။
သူ ဆံပင်စည်းထားတဲ့ အရောင်ဖျော့တဲ့အဝတ်စကို ဖြေလိုက်သည်။ သူ့ရဲ့ အနက်ရောင်ဆံပင်ရှည်က ရေတံခွန်လို ကျဆင်းလာသည်။ ပြီးတော့ သူ စတင် — —
အဝတ်တွေ ချွတ်နေပြီ???
စုရှီ-?
ဟ၊ မဟုတ်သေးဘူး၊ ဂိမ်းဇာတ်ကောင်က ရေချိုးဖို့ လိုလို့လား?
ကျိုက်ကျိုက်က စခရင်ပေါ်မှာ ကာတွန်းနို့ခဲတုံးလေးပဲ ဖြစ်နေပေမယ့် သူက ယောက်ျားလေး ဆယ်ကျော်သက် ဇာတ်ကောင်ပဲလေ။ ဒါကို သတိထားမိတော့ စုရှီရဲ့မျက်နှာ ရုတ်တရက် နီရဲသွားသည်။
သူ့မျက်နှာ နီရဲသွားတာနဲ့ စခရင်က ရုတ်တရက် မည်းသွားတယ် — —
စုရှီ-???
"မင်း ဘာလုပ်နေတာလဲ?" စုရှီ ဒေါသထွက်လွန်းလို့ စားပွဲကို ဆောင့်လိုက် မိမတတ် ဖြစ်သွားသည်။
သူ အလန့်တကြား ဖုန်းရဲ့ လော့ခ်ဖွင့်ခလုတ်ကို နှိပ်လိုက်သည်။ ဖုန်းမှာ မီးလင်းလာပေမယ့် ဂိမ်းအင်တာဖေ့စ်က မဲနေတုန်းပဲ။
စနစ် ပေါ်လာကာ: "ဂိမ်းဇာတ်ဆောင်ရဲ့ ရေချိုးခန်းက ငွေပေးကြည့်ရမယ့် မြင်ကွင်းပါ။ ကြည့်ဖို့ ရွှေဒင်္ဂါး ၁၀၀၀ ကုန်ကျပါမယ်။"
စုရှီ ...
အကျိုးနည်း! ဘောင်းဘီတောင် ချွတ်တော့မလို့ကို အခုမှ ဒါကိုလာပြောတယ်?
စုရှီက မျက်နှာက ဂရုမစိုက်ဟန်ဖြင့်: "ပိုက်ဆံကုန်မှာလား? ဒါဆို ထားလိုက်တော့။"
စနစ်: ...
အမည်းရောင်စခရင်က နာရီဝက်လောက် မဲနေဆဲပဲ။
စုရှီက သူ့ဂိမ်းဇာတ်ကောင် ဘာကြောင့် ရေချိုးဖို့ ဒီလောက်ကြာနေတာလဲ မသိဘူး။ မေးမနေနဲ့။ မေးရင် မင်းက သူ့ကို အသန့်ကြိုက်တဲ့ကောင် ဖြစ်သွားဦးမယ်။
သူ ခဏလောက်စောင့်ပေမယ့် စခရင်က မလင်းလာသေးဘူး။ သူလည်း အခွင့်ကောင်းယူပြီး ရေချိုးလိုက်သည်။
စုရှီက သွားတိုက်ရင်း ဆေးရုံကနေ ဘယ်လိုပိုပြီး စောစောထွက်မလဲဆိုတာ စဉ်းစားနေသည်။ သူ့ခြေထောက်ကျိုးနေပေမယ့် ပြန်ကောင်းသွားပြီ ဖြစ်သည်။
တုတ်ကောက်နဲ့ လမ်းလျှောက်နိုင်နေပြီ။ ဆေးရုံမှာ အမြဲနေဖို့က တကယ်တော့ မကောင်းပါ။
အိမ်စာတွေ နောက်ကျကုန်တာက အရေးမကြီးဘူး။ အဓိကက ပိုက်ဆံကုန်မှာ စိုးရိမ်သည်။
သူရေချိုးပြီး ပြန်လာတော့ ဂိမ်းအင်တာဖေ့စ်က လင်းနေပြီ။ ဒါပေမယ့် ဂိမ်းထဲက အချိန်ကို ကြည့်တော့ သန်းခေါင်ယံလောက် ဖြစ်နေပုံရသည်။
စုရှီက ဂိမ်းဇာတ်ကောင် အိပ်နေပြီလို့ ထင်လိုက်သည်။ သူ ဂိမ်းပိတ်ဖို့ စီစဉ်လိုက်သည်။
ဒါပေမယ့် အဲဒီအချိန်မှာ သူ နည်းနည်း အံ့အားသင့်သွားသည်။
အခန်းထဲက ဖယောင်းတိုင်တွေ မီးငြိမ်းသွားပြီ။ ပြတင်းပေါက်ကနေ နှင်းပေါ်က လရောင်လေး ဝင်နေသည်။
ဂိမ်းဇာတ်ကောင်က မျက်လုံးမှိတ်ပြီး ကုတင်ပေါ် လှဲနေသည်။ သူ့ရဲ့မျက်တောင်နက်တွေက ဖြူဖျော့နေသည့် မျက်နှာပေါ်တွင် အရိပ်ထင်နေလေသည်။ သို့ရာတွင် နံရံကို ကပ်ထားတဲ့ သူ့ဘယ်ဘက်လက်က တစ်ခုခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
စုရှီက ဒီရှု့ထောင့်ကနေ သူ့ကိုမကြည့်မိရင် ထိုကောင်လေး၏ တစ်ကိုယ်လုံး တောင့်တင်းနေပြီး သတိအပြည့်ရှိနေမည်ကို သတိထားမိမှာ မဟုတ်ဘူး။
'သူ ဘာကို ကိုင်ထားတာလဲ —?'
စုရှီက စခရင်ကို လှည့်ပြီး သူ့ဘယ်ဘက်လက်ကို ချဲ့ကြည့်လိုက်သည်။
သူ့လက်ထဲမှာ ဓားတိုတစ်ခုကို တွေ့လိုက်ရသည်။
"သူ ဘာဖြစ်နေတာလဲ?" ဆုရှီ အံ့အားသင့်သွားသည်။ သူ့ကို ဆယ်မိနစ်ကျော်လောက် စောင့်ကြည့်နေသည်။
ဒါပေမယ့် သူက ဓားတိုကို ဆုပ်ကိုင်ထားတုန်းပဲ၊ အိပ်မပျော်သေးသည်ကိုသာ တွေ့ရသည်။
သူ တစ်ညလုံး ကာကွယ်နေသလိုပဲ၊ တစ်ယောက်ယောက် အိမ်ထဲကို ရုတ်တရက် ဝင်လာမှာကို စောင့်နေသလိုပဲ။
စုရှီက သူ့ကိုကြည့်ပြီး အိမ်ထဲက ပိုနေတဲ့ စားပွဲတွေ၊ ကုလားထိုင်တွေနဲ့ မီးသွေးအိုးတွေကို ကြည့်လိုက်သည်။
သူ သဘောပေါက်သွားသည်။ ဂိမ်းဇာတ်ကောင်က သူခိုးတစ်ယောက်က အိမ်ထဲကို ခိုးဝင်လာပြီး
သူ့ကို အန္တရာယ်ပေးဖို့ ဒီပစ္စည်းတွေကို အကြောင်းမဲ့ ထားခဲ့တယ်လို့ ထင်နေတာလား?!
ဒါလည်း ဟုတ်သည်။ သူ(မ)အိမ်ထဲမှာ ဒီလောက်များတဲ့ ပိုနေတဲ့ပစ္စည်းတွေ ရှိနေရင် သူသည်လည်း ကြောက်လန့်ပြီး ရဲကို ခေါ်မိလိမ့်မယ်။
ဒါပေမယ့်၊ မဟုတ်ဘူး၊ ဒါက —
ဒါက ဂိမ်းတစ်ခုပဲ မဟုတ်လား?
ဒါက ဂိမ်းဇာတ်ကောင်တစ်ယောက်ရဲ့ တွေးခေါ်ပုံလား? သူက ဘာမှမစဉ်းစားဘဲ ပစ္စည်းအသစ်တွေကို သုံးရုံပဲ မဟုတ်ဘူးလား?
စုရှီက တကယ့်လူသားတစ်ယောက်နဲ့ နီးစပ်နေတဲ့ ဇာတ်ဆောင်ရဲ့ တွေးခေါ်ပုံကို နောက်ထပ် အံ့အားသင့်နေသည်။
သူ ခဏတာ တွေဝေသွားသည်။ ဒါကို ဂိမ်းဒီဇိုင်နာက အရမ်းတော်လွန်းလို့လို့ပဲ ယူဆလိုက်ရသည်။
ဒါပေမယ့် ကျိုက်ကျိုက်က သူပေးတဲ့ ဒါတွေတွေကို ဒီလောက်သတိထားနေတော့ သူက ပိုပေးလေ ပိုပြီး ခုခံလိုစိတ်ပြင်းထန်လေ ဖြစ်နိုင်သည်။
စုရှီ ခဏစဉ်းစားပြီး ရေနွေးအိုးကို ရွှေ့လိုက်သည်။ သူ မြေပြင်ပေါ်မှာ ရေနဲ့
'ကျွန်မမှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး' လို့ ရေးလို့ရမလားလို့ တွေးနေသည်။
ဒါပေမယ့် စနစ်က ပြောသည်၊ "မင်းမှာ လုံလောက်တဲ့ အမှတ် မရှိဘူး။ လက်ရှိမှာ ဒီနည်းနဲ့ ဆက်သွယ်လို့မရသေးဘူး။"
'ဒီလိုနည်းနဲ့ တကယ်ကြီး ဆက်သွယ်လို့ရတာလား?' ဆုရှီ ပျော်သွားသည်။ သူမေးလိုက်သည်။ "အမှတ် ဘယ်လောက်လိုလဲ?"
စနစ်က ပြောသည်၊ "အနည်းဆုံး အမှတ် ၁၀၀ လိုတယ်။"
စုရှီ ရေအေးတစ်ပုံးလောင်းခံလိုက်ရသလို ဖြစ်သွားသည်။ "ထားလိုက်တော့။ အရမ်းဝေးနေသေးတယ်။"
စုရှီ ဒီအကြံကို ခဏဖယ်ထားလိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အတွက် တံခါးနဲ့ ပြတင်းပေါက်တွေကို ဖုံးအုပ်ပေးလိုက်သည်။
လေမဝင်နိုင်အောင် သေချာလုပ်ပြီးတော့ ဂိမ်းကိုပိတ်ပြီး အော့ဖ်လိုင်းလုပ်ထားလိုက်သည်။
အိပ်ရာမဝင်ခင် သူ အခုဝယ်ထားတဲ့ ထီလက်မှတ်ကို ထုတ်ကြည့်သည်။ နောက်သုံးရက်အကြာမှာ မဲနှိုက်မယ့် ထီလက်မှတ်ပါ။
စနစ်ရဲ့ အောက်ဆုံးက ကွိုင်အကြောင်း ဖော်ပြချက်တွေကို စိတ်ထဲကနေ မယုံကြည်ပေမယ့် ဆုရှီက ထီလက်မှတ်ကို မပစ်ဘဲ သိမ်းထားလိုက်သည်။ အဲဒီအစား သူ့စာအုပ်ထဲမှာ သေသေချာချာထည့်ထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် သုံးရက်အကြာမှာ ဘာဖြစ်လာမလဲဆိုတာ သိရတော့မှာပဲ။
ဒီသုံးရက်အတွင်းမှာ သူအမှတ်ကို အမြန်ဆုံး ၁၀ မှတ်အထက် တိုးနိုင်သမျှတိုးအောင် လုပ်ရမည်။
စုရှီ ခဏလေး အိပ်လိုက်သည်။ နိုးလာတာနဲ့ ပထမဆုံးလုပ်တာက အိပ်မှုန်စုံဝါးနဲ့ ဖုန်းကိုထုတ်ပြီး ဂိမ်းအင်တာဖေ့စ်ကို ဖွင့်လိုက်တာပဲ။
အင်တာဖေ့စ်ဖွင့်လိုက်တာနဲ့ မီးဖိုခန်းထဲမှာ အစေခံနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့က မီးဖိုခန်းမှာ ဂိမ်းဇာတ်ကောင်ကို အတင်း ရေသွားခပ်ခိုင်းနေကြသည်။
အခု ဂိမ်းထဲမှာ နေ့လည်ခင်းဖြစ်နေသည်။ ကောင်းကင်မှာ နှင်းမကျတော့ပေမယ့် ရေခဲကြောင့် မြေပြင်က ချော်နေဆဲဖြစ်သည်။ ဂိမ်းဇာတ်ကောင်က အခြားအလုပ်တစ်ခုပြီးလို့ ခုမှ ပြန်လာကာစ ဖြစ်ပုံရသည်။ သူ့အဝတ်အစားတွေက ပါးလွှာကာ လေထဲမှာ တလွင့်လွင့်ဖြစ်နေသည်။ သို့ရာတွင် သူ့နဖူးဖြူဖြူလေးပေါ်မှာ ချွေးလေးတွေ စို့နေလေသည်။
သူက အဲဒီအစေခံနှစ်ယောက်ကို အေးစက်စက်ကြည့်ပြီး ဘာမှမပြောချေ။ ပုံးနှစ်ပုံးကို သယ်ပြီး ရေတွင်းဆီ လျှောက်သွားသည်။
သူ လှည့်ထွက်သွားတာနဲ့ မီးဖိုခန်းက အစေခံနှစ်ယောက်ရဲ့ မကောင်းတဲ့အပြုံးတွေကို တွေ့လိုက်ရသည်။ သူစိတ်ထဲကနေ လုဝမ်ရှို့၊ အဲ့ဒီ့ခွေး ကောင်က သူ့လူတွေကို သူ့ဂိမ်းဇာတ်ကောင်ကို နှောင့်ယှက်ဖို့ ပို့လိုက်ပြန်ပြီလို့ အလိုလိုသိနေချေသည်။
အဲဒီအချိန်မှာ အင်တာဖေ့စ်ပေါ်မှာ မက်ဆေ့ချ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
[အသိပေးချက်၊ အဓိကတာဝန်သို့ ဝင်ရောက်နေပါပြီ: နင်းဖူအိမ်တော် သခင်မကြီး၏ ကြိုက်နှစ်သက်မှုကို ရယူပါ။ သင့်မဟာဗျူဟာကို အမြန်ဆုံးပြင်ဆင်ပါ။]
စုရှီ : စောက်ကျိုးနည်းလား?! အရမ်းရုတ်တရက်ကြီး။
[တာဝန်ဆုကြေး: ရွှေဒင်္ဂါး ၅၀ စ၊ ရမှတ် ၆ မှတ်။]
စောက်ကျိုးနည်း အများကြီးဟ?!
စုရှီ ရဲ့မျက်လုံးတွေက ဆုကြေး ကိုမြင်တော့ ရုတ်တရက် အရောင်တောက်လာသည်။
သူမျက်နှာသုတ်ပြီး အိပ်ယာကနေ အမြန်ခုန်ဆင်းလိုက်သည်။ လက်တစ်ဖက်နဲ့ ဖုန်းကိုင်ထားပြီး နောက်တစ်ဖက်နဲ့ သွားတိုက်နေလိုက်သည်။ သူ စိတ်လှုပ်ရှားစွာ စနစ်ကို မေးလိုက်သည်၊ "သူ ပုံးတွေနဲ့ ဘယ်သွားတာလဲ?"
စနစ်က "ရေတွင်းနားမှာ" လို့ပြောသည်။
စုရှီက သူ့တံတွေးကို မြိုချပြီး တီးတိုးပြောလိုက်သည်။ "မြန်မြန်၊ မြန်မြန်၊ မြန်မြန်။ ရေတွင်းဧရိယာအတွက် မြေပုံကို ဖွင့်ပေးပါ။"
ရုတ်တရက် မြေပုံပေါ်မှာ နောက်ထပ်ဧရိယာတစ်ခု လင်းလာသည်။
ကံကောင်းစွာပဲ စုရှီက အမှတ်တချို့ စုထားနိုင်ခဲ့ပြီး ကျပန်းရှု့ထောင့်တစ်ခုကို ဖွင့်ဖို့ မလိုအပ်ခဲ့ဘူး။ မဟုတ်ရင် ဒီနေ့ သူ့ကျိုက်ကျိုက် နောက်လိုက်နိုင်မှာ မဟုတ်ဘူး။
ဂိမ်းမျက်နှာစာ က ရေတွင်းဧရိယာဆီ ပြောင်းသွားသည်။ သူမက မင်းသား နင်းဖူရဲ့ အနောက်ဘက်က ချောင်းတစ်ခုနားမှာ တူးထားတဲ့ ရေတွင်းတစ်ခုကို မြင်လိုက်ရသည်။ ရေတွင်းကနေ ရေခပ်ပြီး မီးဖိုခန်းဆီ သယ်သွားဖို့ သိပ်မဝေးဘူး။ ဒါပေမယ့် အခုတော့ ရေတွင်းနားမှာ ရေပုံးရာနဲ့ချီပြီး စုပုံထားတာကို တွေ့ရသည်။
များပြားလွန်းသောကြောင့် မြင်ရသူရဲ့ ဦးခေါင်းခွံကိုတောင် ထုံကျဉ်သွားစေလောက်တဲ့အထိပင်။
လုဝမ်ရှို့ က အရင်တုန်းက အရှက်ကွဲခဲ့တာကို စဉ်းစားတိုင်း ဒေါသထွက်နေဆဲ ဖြစ်သည်။ ဒီတစ်ခါတော့ သူက ချောက်ချခြင်းအစား တမင်သက်သက် အခက်တွေ့အောင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်သည်။
အစေခံနှစ်ယောက်က သူ့အတွက် ကြိမ်ထိုင်ခုံတစ်လုံး ယူလာပြီး ချောင်းနားမှာ ချပေးသည်။ သူက ကြိမ်ထိုင်ခုံပေါ် ဂရုမစိုက်ဘဲ ခြေချိတ်ထိုင်လိုက်သည်။ သူ့နားမှာ သုံးလေးနှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ရှိနေသည်။ အဲ့ဒါက စတုတ္ထသခင်မရဲ့ သမီးငယ်လေး ဖြစ်သည်။
မိန်းကလေးငယ်က မျက်လုံးပြူးလေးဖြင့် ကြောက်လန့်နေပုံပေါ်သည်။ သူမ ငိုချင်ပေမယ့် မငိုရဲဘူး။ သူမ ဘောင်းဘီထဲ သေးတောင်ပေါက်ချမိသွားပြီဖြစ်သည်။
အဝေးကနေ လုဟွမ်က လျှောက်လာပြီး ရေပုံးတွေကို အေးစက်စွာ မြေပေါ်ပစ်ချလိုက်သည်။
လုဝမ်ရှို့သည် စတုတ္ထသခင်မက လုဟွမ်ကို ကြည့်ရှုစောင့်ရှောက်ပေးလေ့ရှိတယ်ဆိုတာ သိထားပြီး လုဟွမ်က စတုတ္ထသခင်မရဲ့ တစ်ဦးတည်းသော သမီးကို ပစ်မထားနိုင်ဘူး ဆိုတာ သူသိသည်။ ဒါကြောင့် သူက စတုတ္ထသခင်မ မသိလိုက်ခင် သူ့သမီးကို ခေါ်လာဖို့ အထူးအမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
လုဝမ်ရှို့က လုဟွမ်ကို ကြည့်ပြီး ဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်သည်။
"မင်း ဒီနေ့ ရေပုံးတစ်ရာကို မရွှေ့နိုင်ရင် ငါ စတုတ္ထညီမလေးကို တွန်းချလိုက်မယ်။ ဆောင်းရာသီမှာ ရေခဲထဲ ကျသွားရင် အဲ့ကလေး အေးခဲပြီး အဆုတ်နာရောဂါတစ်ခုခု ဖြစ်သွားနိုင်တယ်နော်"