Chapter 9
Vol. 1 Ch. 9
မင်းသားနင်းဖူအိမ်တော်သည် စစ်သူကြီးချုပ် မျိုးရိုးရှိသူများဖြစ်သည်။ မျိုးရိုးစဥ်ဆက် မြင်းနောက်ပြန်စီး မြားပစ်ခြင်းတွင် မကျွမ်းကျင်သူ ဟူ၍မရှိပေ။ လက်ရှိမင်းသားနင်း ပင်လျှင် တရားရုံးတော်၌ အရပ်သားနှင့်ဆိုင်သော တာဝန်ကို ယူထားရသော်လည်း ထိုသို့ ရုံးထိုင်အရာရှိလုပ်နေခြင်းက သူ့အနေဖြင့် မြင်းနောက်ပြန်စီး မြားပစ်ခြင်းတွင် မကျွမ်းကျင်ဟု မဆိုလိုပေ။
သခင်မကြီးကိုယ်တိုင်ပင် သူမငယ်စဥ်က ဓားကိုင်၍ တိုက်ခိုက်ဖူးသေးသည်။
သို့သော်လည်း သည် လုဝမ်ရှို့သည် အမှိုက်သာဖြစ်သည်။
ယခုအချိန်တွင် သခင်မကြီးသည် အမှန်တကယ်ပင် စိတ်ဆိုးနေလေသည်။ လုဝမ်ရှို့သည် ယခုလောက်တုံးလိမ့်မည်ဟု သူမထင်ခဲ့ပေ။ သူသည် ရေပုံးပင် မ, မနိုင်သဖြင့် စစ်မြေပြင်သို့ ဘယ်လိုသွားမည် မသိပေ။
ထို့အပြင် မင်းသားနင်းသည် သူနှင့် လုယီအန်းအား သင်ကြားပေးရန် အထူး စစ်တပ်နည်းပြအား ဖိတ်ခေါ်ထားခဲ့သည်။ သူတို့သည် ယခုကဲ့သို့ အားနည်းသည့် အမှိုက်အား မည်သို့ သင်ကြားနေသည်လဲ။
ယခုနှစ်ပိုင်းတွင် သခင်မကြီးသည် သီးသန့် မိန်းအန်းပန်းခြံတွင်သာ နေ၍အပြင်သို့ ထွက်လာခဲသည်။ မွေးနေ့အခမ်းအနားတွင်သာ ထွက်လာတတ်ပြီး ထိုအချိန်တွင် လုယီအန်းနှင့် လုဝမ်ရှို့တို့သည် ဓားအကများဖြင့် သူမအား ဖျော်ဖြေပြလေ့ရှိသည်။ သူမထင်လိုက်သည်မှာ လုဝမ်ရှို့သည် လုယီအန်းလောက် မတော်သော်လည်း အလားအလာကောင်းပြီး မင်းသားနင်းအိမ်တော်၏ ဂုဏ်သတင်းကိုတော့ မဖျက်ဆီးလောက်ဟူ၍ ဖြစ်သည်။
သို့သော်လည်း ယခု ဒီမြင်ကွင်းအား မြင်လိုက်ရသောအခါ သူမသည် အလိမ်ခံလိုက်ရပြီဟု သိလိုက်လေသည်။ မွေးနေ့ အခမ်းအနားတိုင်းတွင် လုဝမ်ရှို့သည် ရှိုးသာပြပြီး တကယ် ခက်ခဲသော အကွက်များသည် နောက်ဆုံးမိနစ် ပြီးခါနီးအချိန်တွင်သာ ကပြ တတ်သည်။ သူ့တွင် တကယ့် အစွမ်းအစ မရှိပေ။
မဟုတ်ပါက ရေတစ်ပုံး သယ်ရရုံမျှဖြင့် အဘယ့်ကြောင့် ဖြူဖျော့ပြီး ယခုကဲ့သို့ အားနည်း နေမည်လဲ။
သခင်မကြီး၏မျက်နှာသည် အလွန်တရာပင် မျက်နှာပျက်ယွင်းနေသည်။ သူမသည် လက်ထဲရှိ ရွှေမီးဖိုအား အနောက်ဘက်ရှိ အစေခံထံသို့ ပေးလိုက်ပြီး ရှေ့သို့ လျှောက်သွားလေသည်။ နင်းသခင်မ၏ မျက်နှာသည်လည်း မကောင်းပေ။ သူသည် လုဟွမ်အား မျက်မှောင်ကြုတ်၍ စိုက်ကြည့်ပြီး သခင်မကြီးနောက်သို့ မြန်မြန် လိုက်သွားသဖြင့် အစေခံတစ်သိုက်လည်း အပြေး လိုက်ပါသွားကြသည်။
လူအများသည် သခင်မကြီး ယခုနေရာတွင် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထား၍ လန့်သွားကြ၏။
အစေခံများက မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကာ အရိုအသေပေးလိုက်ကြသည်။ "သခင်မကြီး"
လုဝမ်ရှို့သည် သူ၏ခြေထောက်အား နာကျင်စွာဖြင့် ဆုပ်ကိုင်ထားလေသည်။ သို့ရာတွင် သူသည် သခင်မကြီးအား မြင်သောအခါ မြန်မြန်ထရပ်လေသည်။ "ဖွားဖွား"
ဒီအသုံးမကျတဲ့ အရာတွေ။ သခင်မကြီးသည် လုဝမ်ရှို့အား ခြေဆုံးခေါင်းဆုံး ကြည့်နေပြီး ထိုကလေး၏ခြေထောက်များ တုန်နေသည်ကို တွေ့လိုက်လေသည်။ သူမက မြေးဖြစ်သူအား အထင်သေးစွာ ကြည့်နေမိသည်။
သခင်မကြီးသည် ခေါင်းအား စိတ်ရှုပ်စွာ လှည့်လိုက်လေသောအခါ သူမအား တိတ်ဆိတ်စွာ အရိုအသေပေးနေသည့် လုဟွမ်အား တွေ့လိုက်လေသည်။
လုဟွမ်သည် သူမကို အံ့အားသင့်စေသည်။
ပထမဇနီး၏သားသာလျှင် မိသားစုအမွေအနှစ်ကို အမွေဆက်ခံခွင့်ရှိသည်။ ထို့ကြောင့် တော်ဝင် စစ်တပ်နည်းပြ လာရောက် သင်ကြားသောအခါ လုယီအန်းနှင့် လုဝမ်ရှို့တို့ ညီအစ်ကို နှစ်ယောက်သာလျှင် သင်ယူခွင့်ရခဲ့သည်။ နှစ်ပေါင်းများစွာ သင်ကြားပြီးတာတောင်မှ သူတို့သည် ဘာမှမဟုတ်သည့် တရားမဝင်သားအား မယှဥ်နိုင်ပေ။
နင်းသခင်မနှင့် လုဝမ်ရှို့တို့သည် သခင်မကြီး၏ အမူအရာကို အလိုလို သတိထားမိကြသည်။
နင်းသခင်မ၏ အမူအရာသည် ဆိုးရွားလာတော့သည်။ လုဝမ်ရှို့သည် သူ၏အမေအား ပူပန်စွာ ကြည့်လိုက်လေ၏။ တစ်ချိန်တည်းမှာပင် သူသည် လုဟွမ်အား ဒေါသဖြင့် ကြည့်လိုက်လေသည်။ ထိုအစုပ်ပလုတ်ကောင်ကြောင့်သာ မဟုတ်ပါက အဘယ်ကြောင့် ထပ်ခါထပ်ခါ သူ့ကိုယ်သူ အရူးကဲ့သို့ ပြုမူ နေပါမည်လဲ။
" ဖွားဖွား ၊ သားတို့က ညီလေးသုံးနဲ့ ညီမလေးလေး နဲ့ တူတူ ဂိမ်းကစားနေကြတာပါ" လုဝမ်ရှို့ပြောလေသည်။ သူ၏လက်အား နောက်သို့ ယမ်းလိုက်ပြီး အစေခံများအား တရားမဝင်သမီးအား လွှတ်ပေးရန် အချက်ပြလိုက်လေသည်။
သခင်မကြီးအနေဖြင့် လုဝမ်ရှို့သည် တရားမဝင်ကလေးများအား အနိုင်ကျင့်သည်၊ မကျင့်သည်ကို စိတ်မဝင်စားပေ။ သူမသည် စိတ်ရှုပ်စွာဖြင့် ပြောလေသည်။ "ဂိမ်းကစားလို့ ပြီးရင် စာသွားလေ့လာတော့”
“ချောင်းနားမှာ လူတွေ ဒီလိုစုနေတာ ဒါ ဘယ်လိုအပြုအမူလဲ"
လုဝမ်ရှို့သည် မြန်မြန် ဖြေလိုက်လေသည်။ " စာလေ့လာဖို့ အခန်းကို ပြန်လိုက်ပါ့မယ်"
ထို့သို့ပြောပြီးနောက် သူသည် လက်အားယမ်း၍ သူ၏အစေခံများအား သူ့နောက်လိုက်ခဲ့ရန် ညွှန်ပြလိုက်သည်။
ဒီတစ်ကြိမ်တွင် လုဝမ်ရှို့သည် လုဟွမ်အား ဒုက္ခပေးရန် လူအုပ်ကြီးအား လာခဲ့သည်။ သခင်မကြီးရောက်လာသောအခါ ထိုလူအုပ်ကြီးသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြကာ ထွက်မသွားရဲကြပေ။ အခုမှသာ သူတို့အားလုံး မတ်တပ်ရပ်၍ စင်္ကြံလမ်းတစ်လျှောက် ထွက်သွား ကြသည်။ အမှန်တကယ်ပင် လူအင်အား တော်တော် များပြားလေသည်။
လုဝမ်ရှို့သည် လုဟွမ်အား စိုက်ကြည့်လိုက်လေသည်။ ရုတ်တရက် စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာလေသည်။
သခင်မကြီးသည် ခုဏက မြင်ကွင်းကို မြင်ပြီးလောက်ပြီ။ လုဟွမ်ကြောင့် သခင်မကြီးအမြင်တွင် သူက လူညံ့ပုံစံ ပေါက်သွားစေသည်။ ဒါကြောင့် လုဟွမ် သေသင့်ပေသည်။ သူ လုဟွမ်ကို အနိုင်ပြန်မယူနိုင်ပါက သခင်မကြီး၏ ဂရုပြုမှုကို လုဟွမ် ရသွားမလား??
ရက်စက်ကြမ်းကြုတ်မှုများ သူ့မျက်လုံးတွင် ပေါ်ပေါက်လာပြီး ဘေးရှိ ယုံကြည်ရသော လက်ထောက်အား တိုးတိုးလေးကပ် ပြောလိုက်သည်။
ဒီအရာများသည် အချိန်တို အတွင်း ဖြစ်သွားလေသည်။ ဘေးနားရှိ အခြားသူများပင် သတိမထားမိကြပေ။ သို့သော်လည်း ဖုန်းစခရင် အပြင်ရှိ စုရှီသည် ရုတ်တရက် သွားတိုက်တံအား ချလိုက်လေသည်။ သူ(မ)သည် မျက်နှာပြင်ပေါ်တွင် လုဝမ်ရှို့ သူ၏ အကူအား တီးတိုးပြောနေသော စာကြောင်းအား အံ့သြစွာ ကြည့်နေလေသည်။
"လုဟွမ်ကို ချောင်းထဲပြုတ်ကျစေမယ့် နည်းရှာကြည့်ကြည့်။ သခင်မကြီးကိုပါ သူက ချောင်းထဲ တွန်းကျတဲ့ ပုံစံပေါက်အောင်လုပ်။ အဲ့လို အမှားကြီးကြီး လုပ်ပြီးရင်တောင် သခင်မကြီး သူ့ကို သဘောကျဦးမလား ငါသိချင်တယ်"
မဖြစ်ဘူး
ရှုအာ၊ မင်းက စောင့်ကြည့်ခံ နေရတာ။ တိုးတိုးပြောလည်း အသုံးမဝင်ဘူး။
စုရှီမျက်နှာပြင်အား စိုက်ကြည့်နေတုန်းပင် ချောင်းနားတွင် ပရမ်းပတာ အခြေအနေတစ်ခု ပေါ်လာလေသည်။
သခင်မကြီးနှင့် နင်းသခင်မ တို့ ချောင်းဘေးတွင်ရပ်နေစဥ်တွင် လုဟွမ်သည် အစေခံများအား ကျော်၍ ချောင်းသို့သွားကာ ကိုယ်လုပ်တော်၏ သမီး ကို သွားခေါ်လေသည်။
သခင်မကြီးနား လုဟွမ် ဖြတ်သွားချိန်တွင် ကောက်ကျစ်သည့် မျက်လုံးနှင့်အစေခံသည် သူ၏လက်အား ဆန့်ထုတ်လိုက်လေသည်။
လုဟွမ်သည် အမြဲတမ်း သတိရှိလေသည်။ သူ့အနေဖြင့် သတိမထားပဲ နေဖို့ဆိုတာ မဖြစ်နိုင်ပေ။ သူ့အနောက်က လေတိုးသံမှ တစ်ဆင့် လှုပ်ရှားမှုသေးသေးလေးကို သူကြားလိုက်ရသည်။ သူ့မျက်လုံး လှုပ်ရှားသွားပြီး အမြန် ရှောင်လိုက်လေသည်။
အစေခံက အံ့သြသွားကာ လုဟွမ်အား ထိခိုက်အောင် မလုပ်နိုင်ဘဲ သခင်မကြီးအား တွန်းမိတော့မည်ကို သိလိုက်ချိန်တွင် လက်ကို အလျင်အမြန် ရုတ်လိုက်လေသည်။
သို့သော် ထိုအချိန်တွင်
အစေခံသည် သူ့လက်ကောက်ဝတ်အား လေထဲမှ တစ်စုံတစ်ခုသည် အားဖြင့် ဆွဲခြင်းကို ခံလိုက်ရသည်။ ထို့နောက် ထိုအရာသည် သူ့လက်အား ဆန့်ကျင်ဘက် ဦးတည်ရာသို့ ဆွဲခေါ်သွားလေသည်။
အစေခံ၏မျက်နှာသည် ရုတ်တရက်ဖြူဆုတ်သွားလေသည်။
'ဘာလဲဟ'
လက်၊ လက်၊ လက်။ ဘာလို့သူ့ လက်က သူ့စကား နားမထောင်တော့တာလဲ။
သူသည် လက်အား ပြန်ဆွဲရန် ကြိုးစားသော်လည်း ထူးဆန်းသောအားသည် သူ့ထက် သန်မာနေလေသည်။ ထိုအရာသည် သူ့လက်အား ဆွဲသွားပြီး လုဝမ်ရှို့၏ ပုခုံးဆီသို့ ဦးတည်သွားနေကာ နောက်ဆုံးတွင် လုဝမ်ရှို့အား တွန်းလိုက်လေတော့သည်။
လုဝမ်ရှို့သည် သူ့ခေါင်းအား လှည့်ကာ ပွဲကြည့်ဖို့ စောင့်နေချိန်တွင် သူ့ညာဘက်ခြမ်းမှ တွန်းတာခံလိုက်ရလေသည်။ သူသည် ကောင်းကောင်း မရပ်နိုင်တော့ဘဲ သူ့ခန္ဓာကိုယ်သည် လေထဲမြောက်တက်သွားသည်။ ထို့ကြောင့် သတိလက်လွတ်ဖြင့် ဘေးဘက်ရှိသခင်မကြီး၏ ကော်လာအား သွားဆွဲမိတော့သည်။
ထို့နောက် သူသည် သခင်မကြီးအား ဆွဲထားလျက်ဖြင့် အေးစက်လှသော ချောင်းထဲသို့ ပြုတ်ကျသွားလေသည်။
"...."
"ပလုံ" ရေခံအလွှာပါးသည် ကွဲအက်သွားပြီး ရေအေးသည် ချောင်းဘေးရှိ လူများသို့ စင်သွားလေသည်။
အားလုံး။ "...."
အားလုံးသည် စက္ကန့်ပိုင်းလောက် အေးခဲသွားလေသည်။ ထို့နောက် နင်းသခင်မသည် အော်ဟစ်လိုက်ပြီး အားလုံးလဲ ပြာယာ ခပ်ကုန်ကြတော့၏။
နင်းသခင်မနှင့် အစေခံများသည် အော်၍ အကူအညီတောင်းကြလေသည်။ " ကူညီပါ၊ ဘာလို့ အဲ့ဒီမှာ ရပ်နေကြတာလဲ"
အစေခံများသည် ကြောက်ရွံမှုကြောင့် ဖြူရော်သွားပြီး ချီတုံချတုံ ဖြစ်နေလေသည်။ သို့သော် ယခုအချိန်တွင် ကိုယ်ခံပညာကျွမ်းသည့် အစောင့်များ မရှိချေ။ ယခုလို အေးလှသည့်နေ့တွင် သူတို့သည် ခုန်ချလိုက်ပါက သေချာပေါက် အအေးမိလိမ့်မည်။ သူတို့သည် အမွေခံ သို့မဟုတ် သခင်မကြီး မဟုတ်သဖြင့် သူတို့အား နွေးထွေးစေမည့်မီးဖို မရှိပေ။ တော်ဝင်သမားတော်များသည် သူတို့အား ကုသပေးလိမ့်မည် မဟုတ်ပေ။ ယခု ဆင်းကယ်ပါက သူတို့တွင် သေလမ်းသာ ရှိသည်။
လုဝမ်ရှို့သည် ချောင်းထဲတွင် တုန်လှုပ်နေပေသည်။ အအေးဒဏ်ကြောင့် သူသည် ဖြူရော်ကာ နေသည်။ သူသည် ကြိုးစားရုန်းကန်သော်လည်း ရေနစ်လုနီးပါး ဖြစ်နေဆဲ ဖြစ်သည်
တစ်ဖက်တွင် သခင်မကြီးသည် လုဝမ်ရှို့ထပ် အခြေအနေ ကောင်းလေသည်။ သူမသည် စိတ်အေးအေးထားကာ ကျောက်တုံးအား ဆွဲပြီး ထရပ်ရန် ကြိုးစားသည်။ သူမ ထမရပ်ခင်မှာပင် သူမသည် လုဝမ်ရှို့၏ ဆွဲချခြင်းကို ခံရပြန်သည်။ လုဝမ်ရှို့ကြောင့် သူမ ရေထဲ မြုပ်လုနီးပါ ဖြစ်သွားသည်။
အအေးဒဏ်ကြောင် နှုတ်ခမ်းပင် ပြာလာသော သခင်မကြီး “.........”
စခရင်အပြင်ဘက်တွင် စုရှီသည် သူမ၏ဂိမ်းဇာတ်ကောင်အား စိုက်ကြည့်နေသည်။ ဒီအချိန်သည် အခွင့်အရေးကောင်း ဖြစ်သော်လည်း သူမ၏ဂိမ်းဇာတ်ကောင်သည် စက္ကန့်ပိုင်းလောက်ကြာအောင် အေးတိအေးစက်သာ ဆက်ကြည့်နေလေသည်။ သူသည် သုံးနှစ်အရွယ် တရားမဝင်ညီမလေးအား ပွေ့ထားပြီး အေးစက်စက်အမူအရာဖြင့် ဘေးတွင် ရပ်နေလေသည်။
သူ့ခေါင်းပေါ်တွင် စကားလုံးများ ပေါ်လာလေသည်။
“ဟားဟား”
စုရှီ "...."
ကျိုက်ကျိုက် မင်းလူတွေကို သွားမကယ်ဘူး။
စုရှီသည် မစ်ရှင်အား လုပ်ရန် ကျိုက်ကျိုက်အား ချောင်းထဲသို့ တွန်းချ၍ လူတွေကို ကယ်ရန် ဖိအားပေးရမလား ချိတုံချတုံဖြစ်နေစဥ်တွင် သူမ၏ကလေးလေးသည် နောက်ဆုံးတော့ လှုပ်ရှားလာလေပြီ။
သူသည် ကိုယ်လုပ်တော်သမီးအား အောက်သို့ ချလိုက်ပြီး ရေထဲသို့ ခုန်ချသွားသည်။
ခဏအကြာတွင် သခင်မကြီးရော လုဝမ်ရှို့ရောပါ ကယ်ပြီးလေပြီ။
လုဟွမ်သည်လည်း လုံးဝ ရေမွန်းနေလေပြီ။ သူ၏အနက်ရောင်ဆံပင်များသည် အဝတ်ပါးတွင် ကပ်နေလေသည်။ သူ၏နှုတ်ခမ်းများသည် အအေးဒဏ်ကြောင့် ဖြူနေလေသည်။
ထိုအခါမှသာ သခင်မကြီးနှင့် လုဝမ်ရှို့တို့အား နင်းသခင်မ နှင့် အစေခံများ ဝိုင်းလာကြတော့သည်။ သခင်မကြီးနှင့် လုဝမ်ရှို့တို့ ခန္ဓာကိုယ်ပေါ်ရှိ ရေခဲများအား သုတ်ပေးကြလေသည်။ သို့ရာတွင် လုဝမ့်အနားတွင်တော့ မည်သူမျှ ရှိမနေချေ။
လုဝမ်မျက်နှာသည် အမူအရာမဲ့လျက်ရှိနေပြီး သူ မည်သို့ ခံစားနေရမှန်း မည်သူမျှ မပြောနိုင်ပေ။ သူသည် မျက်လွှာချ၍ ဝတ်ရုံမှ ရေများအား ခါချနေလိုက်သည်။
တစ်ဖက်တွင် သခင်မကြီးသည် အအေးဒဏ်မှ ပြန်သက်သာလာလေပြီ။ သူ(မ)၏ခန္ဓာကိုယ်သည် ခိုက်ခိုက်တုန်နေပြီး ဘေးတွင် ခိုက်ခိုက်တုန်နေသော လုဝမ်ရှို့အား ပါးချလိုက်ကာ စိတ်ဆိုးစွာ ပြောလေသည်။ "အရူးကောင်၊ အမှိုက်လိုကောင်၊ ပါးစပ်ပိတ်ပြီး တစ်လတိတိ ကိုယ့်အမှားကို သုံးသပ်နေ။ မင်းကို အပြင်ထွက်ခွင့်မပြုဘူး"
လုဝမ်ရှို့သည် အအေးဒဏ်ကြောင့် အသိစိတ် လွတ်လုနီးပါး ဖြစ်နေလေသည်။ ရိုက်ခံရပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ မြေပြင်ပေါ်တွင် သူသည် တုန်ရီစွာဖြင့် ဒူးထောက်၍ တောင်းပန်လေသည်။ "ဖွားဖွား၊ ကျွန်တော်မဟုတ်ဘူး။ ကျွန်တော်မလုပ်ပါဘူး။"
သူသည် သူ၏လူယုံတော်အား စိတ်ဆိုးစွာကြည့်၍ပြောလေသည်။ "သူငါ့ကို တွန်းတာ ၊မင်း ဘာလို့ငါ့ကို တွန်းတာလဲကွ"
ထိုလူယုံတော်သည် မူလကတည်းက သူ၏လက်ကောက်ဝတ်တွင် ထူးဆန်းသည့်အဖြစ်နှင့် ကြုံလိုက်ရသဖြင့် ကြောက်လန့်နေသည်။ သူသည် လုဝမ်ရှို့ ပြောသည်အား ဂရုမစိုက်နိုင်ပေ။ သူ၏မျက်နှာသည် ဖြူရော်နေပြီး မြေကြီးပေါ်တွင် ဒူးထောက်နေလေသည်။
နင်းသခင်မ၏အမူအရာသည် ဆိုးရွားကာနေသည်။
နင်းသခင်မက လူယုံတော်ကို ရှေ့သို့ ခေါ်လာခိုင်းပြီး "မှန်မှန်ပြော။ အခုဘာတွေ ဖြစ်ကုန်တာလဲ။"
သို့ရာတွင် သခင်မကြီးသည် လုဝမ်ရှို့၏ဆင်ခြေများအား နားထောင်ရန် အာရုံမရှိပေ။ သူ၏စိတ်ထဲတွင် ဒီအသုံးမကျသည့် တရားဝင်သားသည် အမှိုက်သာသာဖြစ်သည်ဟု ဆုံးဖြတ်ပြီးသားဖြစ်သည်။
သူသည် ထောင့်နားရှိ လုဟွမ်အား ကြည့်လိုက်လေသည်။
ယခုလေးတင် သူမရေထဲ ပြုတ်ကျသောအခါ၌ ဤကိုယ်လုပ်တော်မှ မွေးသည့်မြေးက သူ(မ)အား ကယ်တင်ပေးခဲ့သည်။
သခင်မကြီးသည် သက်ပြင်းချလိုက်၍ လုဟွမ်အား လက်ယပ်ခေါ်လိုက်သည်။ "ဒီကိုလာ"
လုဟွမ်သည် ထောင့်တွင် သူ၏အဝတ်ခြောက်သည်အထိ ခါနေသော်လည်း သူ့တစ်ကိုယ်လုံး စိုနေဆဲပင်ဖြစ်သည်။ သူ့နှုတ်ခမ်းများသည် အအေးဒဏ်ကြောင့် ဖြူနေလေသည်။ သို့ရာတွင် ထိုကလေး၏တည်ငြိမ်မှုက မြေပြင်တွင် အဖေနှင့်အမေအား တ၍လူးလှိမ့် ငိုနေသော လုဝမ်ရှို့နှင့် ကွဲပြားလေသည်။
သူသည် တိတ်ဆိတ်စွာ သခင်မကြီးဆီ လျှောက်သွားလေသည်။
ယခုအချိန်ထိ မည်သူမျှ သူ့အား လက်သုတ်ပဝါ မပေးပေ။
သခင်မကြီး၏ အမူအယာအား မြင်ပြီးနောက် စုရှီသည် သခင်မကြီး၏ အသိအမှတ်ပြုခံရန် ကူညီရမည့် မစ်ရှင်အောင်မြင်ပြီ ဖြစ်ကြောင်း သိလိုက်လေသည်။
သို့ရာတွင် သူမသည် ချောင်းအနီးတွင် ယခု ဖြစ်ပွားသွားသည့်ကိစ္စနှင့် ပတ်သက်၍ ဘာကြောင့်မှန်း မသိ မပျော်မိပေ။
သူမသည် သွားတိုက်တံအား ချ၍ ကျိုက်ကျိုက် တစ်လှမ်းခြင်း လမ်းလျောက်သွားသည်ကို ကြည့်နေလေသည်။ သူမ၏ဂိမ်းဇာတ်ကောင်လေးအတွက် ခေါင်းပင် ကိုက်သွားလေသည်။
စုရှီ လက်ချောင်းများအား လှုပ်ရှားသွားပြီး သူမ၏ လက်မလေးဖြင့် စခရင် အားပွတ်ပေးလိုက်မိသည်။ စခရင်မျက်နှာပြင်တွင် မြင်နေရသော ကျိုက်ကျိုက်အား ခြောက်သွေ့သွားစေရန် ပွတ်သပ်ပေးမှုလေး ဖြစ်သည်။ သူမရဲ့ကလေးလေးက ခေါင်းအစ ခြေအဆုံး အေးနေတာလေ။
ဂိမ်းတစ်ခုမှန်း သိသော်လည်း သူ့အနေဖြင့် ဂိမ်းဇာတ်ကောင်အား မျက်နှာ မလွှဲနိုင်ပေ။
သူမသည် တာဝန်များအား အမြန်ပြီးအောင်လုပ်ပြီး ဂိမ်းဇာတ်ကောင်အား ထီးနန်းပုလ္လင်ကို ဆက်ခံနိုင်စေဖို့ ကူညီပေးရန် ပို၍ စိတ်ဆန္ဒပြင်းပြ လာလေသည်။ထိုနည်းဖြင့် မည်သူမှ ကျိုက်ကျိုက်လေးအား လျစ်လျူ မရှုရဲတော့စေရန် ဖြစ်သည်။
သို့ရာတွင် စုရှီ မသိသည်မှာ လုဟွမ်က သခင်မကြီးရှိရာ စင်္ကြံလမ်းသို့ သွားနေစဥ် ခေတ္တရပ် သွားပြီး ခေါင်း မော့ကြည့်လိုက်ခြင်းပင် ဖြစ်သည်။
အကြောင်းအရင်းမှာ လုဟွမ်၏ရွဲရွဲစိုနေသော ခန္ဓာကိုယ်သည် နွေးထွေးမှုကို ခံစားလိုက်ရ သောကြောင့်ပင်။ ထိုအရာသည် ကမ္ဘာကြီးမှ သူ့အား တစ်ခါမှ မပေးခဲ့ဖူးသော နွေးထွေးမှုပင် ဖြစ်လေသည်။
သို့ရာတွင် ထိုခံစားချက်သည် ခဏမျှသာဖြစ်သည်။
လုဟွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး သခင်မကြီးဆီသို့ ဆက်လျှောက်သွားလေသည်။