← Chapters

Chapter 12

Vol. 2 Ch. 12

Chapter 12

Vol. 2 Ch. 12

"အခုလို သန်းနဲ့ချီပြီးထီပေါက်တဲ့အတွက် ဘယ်လိုခံစားရလဲ"

စုရှီ - "ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ပါတယ်၊ ခုထိခေါင်းမူးသလို၊ အိပ်မက်မက်နေသလို ခံစားရတယ်။ မိသားစုတစ်ခုလုံးအိပ်မက်မက်နေသလိုပဲခံစားနေရတယ်!

ပိုပြီးအံ့သြစရာကောင်းတာက လောင်းကစားအနိုင်ရတဲ့ ကံကောင်းမှုက ဂိမ်းတစ်ခု ကစားရာက နေရလာတာဖြစ်လို့ မယုံနိုင်စရာပါပဲ!"

အထက်တန်းဒုတိယနှစ်ကျောင်းသူတစ်ယောက်အနေနဲ့ စုရှီဟာ ယွမ်သုံးသန်းကို သူ(မ)ဘဝမှာ တစ်ခါမှမတွေ့ဖူးဘူး။ ဆုငွေကို ဘယ်လိုထုတ်ယူရမလဲ၊ အခွန်ကို ဘယ်လိုဆောင်ရမလဲဆိုတာတောင် မသိဘူး။

ဒါကြောင့် သူ(မ)ဟာ လက်တုန်တုန်နဲ့ ပါးပါးစုနဲ့မားမားစုကိုပဲ ဖုန်းဆက်နိုင်သည်။ ပါးပါးစုနဲ့မားမားစုတို့ အံ့အားသင့်ပြီး စကားပင်မပြောနိုင်လောက်အောင် ဖြစ်သွားပြီးနောက်၊ နောက်ဆုံးတော့ နည်းနည်း တည်ငြိမ်သွားပြီး ဆုငွေကိစ္စကို တိုင်ပင်ကြသည်။

ဆုငွေအတွက် အခွန်ဆောင်ပြီးနောက်၊ စုစုပေါင်း ယွမ်၂,၄၀၀,၀၀၀ ကို စုမိသားစုရဲ့ဘဏ်အကောင့်ထဲ ထည့်သွင်းခဲ့သည်။

စုမိသားစုအတွက် ဒီငွေဟာမမျှော်လင့်ဘဲရတဲ့ ကံကောင်းမှုတစ်ခုသာမက အရေးပေါ်လိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်တဲ့ အရေးပေါ်ရန်ပုံငွေလည်းဖြစ်သည်။

ပါးပါးစုနဲ့မားမားစုတို့ဟာ ငွေကို အမြန်ဆုံး အုပ်စုနှစ်စုခွဲလိုက်သည်။ ပါးပါးစုက ယွမ်၁၀၀,၀၀၀ နဲ့ ယွမ်၅,၀၀၀ယူပြီး သူ(မ)အဒေါ်ကို သွားတွေ့ခဲ့သည်။ ငွေတစ်ခါတည်းပြန်ပေးပြီး ငွေချေးစာချုပ်ကို ပြန်ယူခဲ့သည်။

စုရှီရဲ့အဒေါ်က အံ့အားသင့် သွားသည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတောင် အချိန်ထပ်လိုခဲ့တာ မဟုတ်လား။ ဘယ်လိုလုပ်တစ်ခါတည်းနဲ့ အကုန်ပေးနိုင်သွားတာလဲ!

ယွမ်၁၀၀,၀၀၀က နည်းတဲ့ ပမာဏမဟုတ်ဘူး။ ပါးပါးစုနဲ့မားမားစုတို့က ဒီလောက်များတဲ့ပိုက်ဆံကို ဘယ်က ရလာတာလဲ။ ပြီးတော့ သူတို့က အတိုးယွမ် ၅,၀၀၀ တောင် ပိုပေးခဲ့သေးသည်။

စက်ရုံ ကများ ရုတ်တရက် စီးပွားဖြစ်လာတာလား။

ပါးပါးစုက ငွေပြန်ပေးတုန်းက ဘာမှမပြောခဲ့ပေမယ့် အဒေါ်စုက ရှက်နေမိသည်။

ဘာဖြစ်လို့လဲဆိုတော့ သူ(မ)က ငွေကိုချေးထားတာ နှစ်ပတ်တောင်မပြည့်သေးဘဲနဲ့ စုရှီတို့မိသားစုကို ပြန်ဆပ်ဖို့ တိုက်တွန်းခဲ့သည်။

မူလက သူ(မ)က စုရှီတို့မိသားစု ပြန်မဆပ်နိုင်ဘူးလို့ထင်၍ တမင်ဖိအားပေးခဲ့သည်။ ပါးပါးစုနဲ့မားမားစုတို့ ငွေရှာဖို့ ကြိုးစားနေတာကိုမြင်ရတိုင်း တိတ်တိတ်လေး ပျော်နေခဲ့သည်။ နှစ်သစ်ကူးနီးလာသည်နဲ့ ပြောစရာ ဖြစ်တော့မည်ပေါ့။

ဒါပေမယ့် စုရှီတို့မိသားစုက ဒီလောက် လွယ်လွယ်ကူကူ ပြန်ဆပ်လိမ့်မယ်လို့ တစ်ခါမှမမျှော်လင့်ခဲ့ဘူး!

ကျန်တဲ့ ယွမ်၂၀၀,၀၀၀ ကို စက်ရုံရဲ့ငွေကြေးပြဿနာကို ဖြေရှင်းဖို့အတွက် မားမားစုကို‌ပေးလိုက်သည်။

ပါးပါးစုနဲ့ မားမားစုတို့က ကျန်တဲ့ယွမ် ၂.၁ သန်းထဲက ယွမ်နှစ်သန်းကို စုထားပြီး နောက်အပတ်မှာ အိမ်တစ်လုံးဝယ်ဖို့ စီစဉ်ထားသည်။

သူတို့မိသားစုသုံးယောက်က ဧရိယာ စတုရန်းမီတာ ၇၀ ရှိတဲ့အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းသေးသေးလေးမှာနေနေကြသည်။ အဲဒါက တတိယမြို့ပတ်လမ်းပေါ်မှာရှိပြီး အဲဒါက နည်းနည်းဆူညံပြီး စုရှီရဲ့ကျောင်းနဲ့ အတန်ငယ်ဝေး၏။ မနက်တိုင်း စုရှီက ဘတ်စ်ကားနဲ့သွားရပြီး မိနစ် ၄၀ကျော် ကြာစီးရသည်။

စုရှီက ကြာကြာ အိပ်မပျော်နိုင်ပါ။ လင်မယားနှစ်ယောက်လည်း အရမ်းအဆင်မပြေကြပါ။

သူတို့က စုရှီရဲ့ကျောင်းနဲ့ နီးတဲ့အိမ်ကြီးတစ်လုံးကို အမြန်ဆုံးပြောင်းရွှေ့နိုင်ဖို့ အလုပ် ကြိုးစားလုပ်ခဲ့ကြသည်။ ဒါပေမယ့် စုရှီရဲ့ကံက ဆိုးရာကနေ ကောင်းသွားလိမ့်မယ်လို့ မထင်ထားဘူး။ ရုတ်တရက် ဒီလောက်ကြီးတဲ့ ဆုကြီး ပေါက်သွားတာကိုး!

ပါးပါးစုနဲ့မားမားစု ဆေးရုံကနေထွက်လာပြီး တစ်ယောက်ကို တစ်ယောက် အားပေးနေကြသည်။ သူတို့က အတော်လေး စိတ်လှုပ်ရှားနေကြသည်။ သူတို့ လက်ရှိအိမ်ကို ရောင်းဖို့ ဆွေးနွေးနေကြပြီး အိမ်စျေးက တစ်စတုရန်းမီတာကို ယွမ် ၂၀,၀၀၀ ဆိုတော့ ယွမ် ၁.၄ သန်းနဲ့ ရောင်းလို့ရမည်။

ပြီးတော့ သူတို့ရဲ့ ယွမ် ၂ သန်းစုဆောင်းငွေထဲကနေ ယွမ် ၁.၆ သန်းထုတ်ယူပြီး ၁၃၅ စတုရန်းမီတာ ကျယ်ဝန်းတဲ့ တက္ကသိုလ်နားက ယွမ် ၃ သန်းတန် အိပ်ခန်းသုံးခန်း၊ ဧည့်ခန်းနှစ်ခန်းပါတဲ့အိမ်ကို ဝယ်မည်!'

'အဲဒီလိုဆိုရင် စုရှီအတွက် စာကြည့်ခန်းတောင် ထားပေးနိုင်မယ်!'

'ကျန်တဲ့ ယွမ် ၄၀၀,၀၀၀ကို အရေးပေါ်အတွက် စုဆောင်းထားမယ်'

လင်မယားနှစ်ယောက်က သုံးဖို့ထက် ငွေပိုစုချင်နေကြသည်။ သူတို့က ယွမ် ၁၀၀,၀၀၀ ကိုသာ မိသားစုရဲ့လက်ငင်းအသုံးစရိတ်အဖြစ် ထုတ်ယူထားသည်။

တွက်ချက်ကြည့်တော့ စုရှီက ထီလက်မှတ်ဝယ် ဖို့အတွက် ယွမ် ၅၀၀၀ သာကျသည်။

စုရှီ- "........."

ပါးပါး၊ မားမား၊ သူမကို တော်တော်လေး အလိုလိုက်နေကြတာ မဟုတ်လား။

ဒါပေမယ့် စုရှီက လောဘကြီးတဲ့ သူမဟုတ်ပေ။ ငွေကို မိဘတွေကို ပေးထားတာက အကောင်းဆုံးဖြစ်ပြီး သူတို့က သူ(မ)ထက် ပိုက်ဆံစီမံခန့် ခွဲတတ်တယ်ဆိုတာကို နားလည်သည်။ သူ(မ)ရဲ့ ပိုက်ဆံအိတ်သေးသေးလေးထဲမှာ ရုတ်တရက် ယွမ် ၅၀၀၀ ရခဲ့သည်။

အထက်တန်း ဒုတိယနှ စ်ကျောင်းသူတစ်ယောက်အနေနဲ့ သူ(မ)ကို သူဌေးမလို့ သတ်မှတ်နိုင်သည်။ ရှိတာနဲ့ကျေနပ်တဲ့သူမိုလို့ စုရှီဟာ လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်ရင်း ဂိမ်းကို ဖွင့်လိုက်သည်။

ရုတ်တရက် ထီပေါက်ခြင်းက သူ(မ)နဲ့သူ(မ)မိသားစုကို အိပ်မက်ထဲ ရောက်နေသလို ခံစားရစေသည်။ တစ်နေကုန် ဂိမ်းထဲဝင်ဖို့ အချိန်မရခဲ့ဘူး။ စိတ်ငြိမ်သွားပြီး ဂိမ်းထဲပြန်ဝင်တော့ ဂိမ်းထဲတွင် သုံးရက်ကုန်သွားပြီဖြစ်သည်။

စုရှီ ဂိမ်းကို ဖွင့်ချိန်ထိ စိတ်လှုပ်ရှားနေဆဲပဲ။ သူ(မ)က အလွန်စိတ်လှုပ်ရှားနေပြီး စခရင်ကို ကြည့်ရင်း ပြောလိုက်တယ်၊ "ကလေးရယ်၊ အခုကစပြီး မင်းက ငါ့ကလေးပဲ။ စနစ်အဖေကြီး၊ အခုကစပြီး ခင်ဗျားက ကျွန်မအဖေပဲ!"

စနစ်က ပြောလိုက်သည်: "...နုံအသလို လုပ်မနေနဲ့"

— — မိန်းကလေး၊ ယွမ်သုံးသန်းက ဘာမှမဟုတ်ပါဘူး။ မင်းလုပ်နေတာက ဧကရာဇ်တစ်ပါးနန်းတက်ဖို့ ကူညီနေတာပဲ!

မျက်နှာပြင်ပေါ်က ဂိမ်းဇာတ်ကောင်က ခုထိမပြန်လာသေးဘူး။

ဒီသုံးရက်အတွင်းမှာ သူက ပိုပြီးအလုပ်တွေ လုပ်နေခဲ့သည်။ ခြံဝင်းအပြင်မှာ ခြံစည်းရိုးတချို့ ပိုကာထားသည်။ အထဲမှာတော့ ခေါင်းမော့ရင်ကော့နေတဲ့ ကြက်ဖကြီးတစ်ကောင်နဲ့ အမွေးထူထူနဲ့ ဝဝဖြိုးဖြိုး ကြက်မသုံးကောင်ရှိသည်။

ကြက်မတွေက ခြံဝင်းထဲမှာ လမ်းလျှောက်နေကြသောကြောင့် နှင်းပေါ်မှာ ခြေရာများကျန်နေခဲ့သည်။

ကျိုက်ကျိုက်က အရမ်းတော်တာ သိသာတယ်။ ပြီးတော့ ဘယ်လိုရွေးချယ်ရမလဲ သိတယ်။ ကြက်မတွေကတော့ သိသိသာသာ မျိုးပွားနိုင်စွမ်းရှိကြသည်။

ခြံဝင်းနံရံအပြင်ဘက်မှာ ကောက်ရိုးအိတ် အများကြီးရှိသည်။ အထဲမှာ ဘာတွေပါလဲမသိဘူး။ ဒါပေမဲ့ မျိုးစေ့တွေ၊ မုန်လာဥတွေ၊ အာလူးတွေ၊ အစားအစာတွေနဲ့ မြေဩဇာတွေ ဖြစ်မယ်ထင်တယ်။

နေ့စဉ်သုံးပစ္စည်းတွေလည်းရှိသည်။

အရင်က ဂိမ်းဇာတ်ကောင်က နင်းဖူမင်းသားရဲ့နေရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသည်။ လုဝမ်ရှို့နဲ့ သခင်မနင်း ကြောင့် မကြာခဏ ဒုက္ခရောက်ရပြီး အစေခံတွေရဲ့ ရည်ရွယ်ချက်ရှိရှိ နှိပ်စက်ခြင်း ကိုလည်းခံခဲ့ရသည်။

ပိုဆိုးသည်မှာ ဆောင်းရာသီက အရမ်းအေးသည်။ ခြံဝင်းထဲရှိ ပတ်ဝန်းကျင်က ဆိုးရွားပြီး စားစရာနဲ့ ဝတ်စရာ မလုံလောက်ပါ။ သူ့အဝတ်ပါးပါးလေးမှာ အထည်စတွေ အပြည့်နဲ့ဖာထားပြီး မီးဖိုချောင်က ပေးတဲ့ အစားအစာတွေကလည်း ဆန်ကွဲကြမ်းတွေ ဒါမှမဟုတ် ပေါင်မုန့်ခြောက်တွေပဲ။

အခုတော့ သုံးရက်အတွင်းမှာ သူ့ပတ်ဝန်းကျင်ကို သိသိသာသာပြောင်းလဲပစ်လိုက်သည်။ မီးဖိုချောင်လေးကို သန့်ရှင်းရေး လုပ်ထားပြီး ထင်းတွေလည်း ပုံထားသည်။ ဟင်းသီးဟင်းရွက်တွေနဲ့ ကုန်ကြမ်းပစ္စည်းတွေလည်း ရှိသည်။ နောင်အနာဂတ်မှာ အစားအသောက်အတွက် စိုးရိမ်စရာ မလိုတော့ပေ။

အဝတ်ဗီရိုထဲမှာလည်း တိရစ္ဆာန်သားရေနှစ်ချပ် ချိတ်ဆွဲထားသည်။ အဝတ်အစားလုပ်ဖို့ သိမ်းထားပုံရသည်။ ကြမ်းတမ်းပြီးရိုးရှင်းသည်။ တတ်နိုင်သလောက် ငွေနည်းနည်းနဲ့ ရသလောက်ဝယ်ထားသည်။ အနည်းဆုံးတော့ အဝတ်ပါးပါးလေးတွေထက် အအေးဒဏ်ကို ပိုခံနိုင်ရည်ရှိသည်။

ဒါ့အပြင် ထင်းတဲကို ပြန်ပြင်ထားသည်။ အရင်ကထက် ပိုခိုင်ခံ့သွားသည်။

ဝါးတောထဲမှာလည်း ရေကန်တစ်ကန် တူးထားသည်။ နှင်းတွေ အရည် ပျော်သွားပြီးနောက် ငါးမွေးဖို့ ဖြစ်ဟန်တူသည်။

စုရှီ ဧရိယာတစ်ခုလုံးကို ကြည့်ပြီး မမှတ်မိဘူး ဖြစ်‌နေသည်။

ဒါက အရင်ကဘာမှမရှိတဲ့ နေရာကြီးမဟုတ်လား။

သူ(မ)အံ့ဩ‌နေသည်။ လူတစ်ယောက်က သုံးရက်တည်းနဲ့ ဒီလောက်အလုပ်တွေ လုပ်နိုင်လိမ့်မယ်လို့ သူ(မ)မထင်ထားပေ။

ပြီးတော့ ငွေစ သုံးတုံး တည်းနဲ့ ဒီလောက်အများကြီးလုပ်လို့ရတယ်လား။

ဒါပေမယ့် ကျိုက်ကျိုက်က ချွေတာတတ်ပြီး သေချာလုပ်တတ်တာ ထင်ရှားသည်။ ပိုက်ဆံတိုင်းကို အမြော်အမြင်ရှိရှိသုံးစွဲရုံသာမက ကြေးပြားတစ်ပြားကိုတောင် မဖြုန်းတီးပေ။

ဒါပေမယ့် စုရှီက ရေတွင်းနဲ့ မီးဖိုချောင်ဘက်ကို ပြောင်းကြည့်တော့ အစေခံတချို့က ကျိုက်ကျိုက်ထက် အဝတ်အစားတွေ ပိုကောင်းတာ တွေ့လိုက်ရသည်။ အနည်းဆုံးတော့ အဝတ်ပါးတွေမဟုတ်ဘူး။

အိမ်တော်ထိန်းနဲ့ ရာထူးမြင့်တဲ့အစေခံတွေဆို ပြောမနေနဲ့။ သူတို့က အရမ်းနွေးထွေးတဲ့ဝတ်ရုံတွေ ဝတ်ထားသည်။

သူ(မ) မပျော်ရွှင်သလို ခံစားရသည်။

ငွေစ သုံးတုံးနဲ့ ဘာဝယ်လို့ရမှာလဲ။ သခင်မကြီးက အရမ်းကပ်စီးနှဲတာဘဲ။

မီးသွေးအိုး၊ စားပွဲနဲ့ ကုလားထိုင်တွေ ကျိုက်ကျိုက်ကို လွန်ခဲ့တဲ့အချိန်အနည်းငယ်က ပေးခဲ့ပေမယ့် စုရှီက အခုဆိုရင် ချမ်းသာနေပြီ။ သူ(မ)ရဲ့ဆန္ဒအတိုင်း ငွေသုံးဖို့ လက်တွေကို မထိန်းနိုင်တော့ဘူး။

တခြားသူတွေမှာရှိပြီး ငါ့ဘုရင်ကလေးမှာ မရှိလို့မဖြစ်ဘူး။

စနစ်က ချက်ချင်းဆိုင်ကို ဖွင့်ပေးလိုက်သည်: "ကျေးဇူးပြုပြီး"

စုရှီက Taobao ကိုဖွင့်ပြီး မြင်သမျှအကုန်ဝယ်ချင်သွားသည်။

ဦးဆုံးအနေနဲ့ ချစ်စရာကောင်းတဲ့ ကျိုက်ကျိုက်ကို ပျိုးထောင်ဖို့သူ့အတွက် အဝတ်အစားတွေ ဝယ်ရမည်။ စင်ပေါ်မှာ ဘရိုကိတ်အဝတ်အစားတွေ အများကြီးရှိသည်။ မြေခွေး၊ ကျား၊ ကျားသစ်၊ ဝက်ဝံ၊ သိုး၊ သမင်နဲ့ မင့်ခ်တို့ရဲ့ အမွေးတွေနဲ့ ချုပ်ထားတဲ့ အဝတ်အစားတွေလည်း ရှိသည်။

ပုံစံအမျိုးမျိုးရှိတယ်။ ဝတ်ရုံဖြစ်ဖြစ်၊ ခြုံထည်ဖြစ်ဖြစ်၊ ဂါဝန်ဖြစ်ဖြစ်၊ အမဲလိုက်ဝတ်စုံဖြစ်ဖြစ် အကုန်ရှိသည်။ အရောင်တောက်တောက် အရွယ်ရောက်ပြီးသားယောကျ်ားဝတ်လို့ရတဲ့ မင်္ဂလာဆောင်ဝတ်စုံတောင် ရှိသေးသည်။

စုရှီသည် သွားရည်ယိုနေသည်။ သူမသည် မင်္ဂလာဆောင်ဝတ်စုံအချို့ကို တိတ်တဆိတ် သိမ်းထားလိုက်သည်။ ကျိုက်ကျိုက်လေး ကြီးလာလျှင် မင်္ဂလာဆောင်တွင် ဝတ်ပေးရမည်ဟု သူ(မ)တွေးမိသည်။

သို့သော် ယခုတော့ သူ(မ)အကြည့်သည် အလွန်နွေးထွေးပုံရသော အဖြူရောင်မြေခွေးမွေး ကုတ်အင်္ကျီသုံးထည်ကို ရွေးချယ်လိုက်သည်။ ကျိုက်ကျိုက်သည် အဖြူရောင်မြေခွေးမွေးကုတ်နှင့် အလိုက်ဖက်ဆုံးဖြစ်သည်။ သူသည် အလွန်ခန့်ညားချောမောနေပေလိမ့်မည်။

ဝယ်၊ ဝယ်၊ ဝယ်!

သူ(မ)သည် ဒီပစ္စည်းသုံးခုအတွက် ယွမ်၃၀ခန့်သာသုံးခဲ့ရသည်!

အရမ်းဈေးပေါတယ်!

စုရှီ၏လက်များ သွက်လက်နေသည်။ သူ(မ)သည် ယခင်က စိတ်တိုလွယ်ပြီး တွန့်ဆုတ်နေခဲ့သော စုရှီနှင့် လုံးဝမတူတော့ပေ!

အဝတ်အစားများ ဝယ်ပြီးနောက် စုရှီသည် သဘာဝကျကျပင် စခရင်ကို အမျိုးသားဦးခေါင်း အဆင်တန်ဆာများဆီသို့ ဆွဲလိုက်သည်။ ကျောက်စိမ်းသရဖူများ၊ ကျောက်စိမ်းဆံထိုးများနှင့် အခြားပစ္စည်းများရှိသည်။ သို့သော် ကျိုက်ကျိုက်က အဲဒါတွေကို မဝတ်ဆင်နိုင်မည်ကို စဉ်းစားမိသောကြောင့် သူ(မ)က စဉ်းစားပြီး မဝယ်တော့ပေ။

အတိုချုပ်ဆိုရသော် ယခု သူ(မ)တွင် ငွေရှိသောကြောင့် ဘာမဆိုဝယ်နိုင်သည်။

ထို့ကြောင့် စုရှီသည် ခြံဝင်းကို လှည့်ပတ်ကြည့်ရှုရင်း လိုအပ်နေသည်ကို တွေ့တာနဲ့ တစ်ခုပြီးတစ်ခု ထည့်တော့သည်။

ကြက်မသုံးကောင်နဲ့ လုံလောက်ပါ့မလား။ တစ်ရက်ခြား ဥတစ်လုံးဥလျှင်ပင် အလွန်နည်းသေးသည်။ ထို့ကြောင့် စုရှီသည် ရူးသွပ်စွာ အော်ဒါများ ထပ်မံမှာယူပြီး ကြက်ခြံထဲသို့ ကြက်မ၂၀ကျော် ထည့်လိုက်သည်။

ထို့အပြင် သူမသည် ဆန်စပါး မျိုးစေ့များကို ပိုမိုဝယ်ယူပြီး ကျိုက်ကျိုက်၏ အိမ်အပြင်ဘက်တွင် သပ်သပ်ရပ်ရပ် စီတန်းထားလိုက်သည်။

တစ်ခုခု လိုနေသေးသလိုပဲ။ စုရှီစဉ်းစားပြီးနောက် ခြံဝင်းထဲတွင် ကျောက်တောင်ပန်းခြံ၊ စပျစ်နွယ်စင်၊ ကျောက်ထိုင်ခုံနှင့် ကျောက်စားပွဲတို့ကို ထားလိုက်သည်။

ဤနည်းဖြင့် နောက်ဆုံးတွင် ခြံဝင်းတစ်ခုလုံး အသက်ဝင်လာ‌တော့သည်။ လုဝမ်ရှို့နှင့် သူ့မိသားစု၏ ထွင်းထုထားသော ရက်မများ၊ ဆေးရောင်ခြယ်ထားသော ဒိုင်းများနဲ့တောင် ယှဉ်နိုင်သည်။

ဤအရာအားလုံး လုပ်ဆောင်ပြီးနောက် စုရှီသည် အလွန်ပျော်ရွှင်သွားသည်။

ညစာစားချိန်ရောက်သောအချိန်ထိ ဂိမ်းဇာတ်ကောင်သည် ပြန်မလာသေးပေ။ ထို့ကြောင့် သူမသည် အွန်လိုင်းမှ ထွက်ပြီး ထမင်းစားလိုက်သည်။

ဤသုံးရက်သည် လုဟွမ်အတွက် ရှားပါးလှသော ငြိမ်းချမ်းသည့်သုံးရက်ဖြစ်သည်။

အစေခံများ ရွှေ့ပြောင်းသွားပြီးနောက် သူသည် ဤနေရာတွင် တစ်ယောက်တည်းနေထိုင်ပြီး မရပ်မနား ပြုပြင်ခဲ့သည်။ အနည်းဆုံး သူသည် နင်းဖူမင်းသားအိမ်တော်မှာ စားဝတ်နေရေးအတွက် ပြည့်စုံ‌သော ခြေကုပ်ရနိုင်မည်ဟု သူတွေးမိသည်။

သူသည် ကြေးဒင်္ဂါးတစ်ပြားကို ကြေးဒင်္ဂါးသုံးပြားအဖြစ် ခွဲ၍သုံးရန် စီစဉ်ထားသည်။ မျှော်လင့်ချက် ရှိသောကြောင့် သူသည် ပင်ပန်းသည်ဟု မခံစားရပေ။

ထို့အပြင် ခြံဝင်းအပြင်ဘက်တွင် သူချထားသော အရိပ်အယောင်နှင့် ထောင်ချောက်အချို့ကို ဒီသုံးရက်အတွင်း မည်သူမျှ မထိမိခဲ့ပေ။ အိမ်ထဲတွင်လည်း ထူးဆန်းသောအရာများမရှိတော့သောကြောင့် သူစိတ်သက်သာရာရသွားသည်။

မည်သူမှ သူ့အနီးသို့ ရုတ်တရက် မချဉ်းကပ်လာလျှင် အကောင်းဆုံးဖြစ်မည်။

သို့သော်လည်း လွန်ခဲ့သော သုံးရက်က အလွန်အေးခဲသော ချောင်းမှ တက်လာပြီးနောက် သူသည် အချိန်မီ သူ့ခန္ဓာကိုယ်ကို နွေးထွေးစွာ မနေခဲ့ရပေ။ သူ၏တစ်ကိုယ်လုံးသည် ဆောင်းရာသီ၏ အေးစက်သော လေထဲတွင် တောင့်တင်းနေခဲ့သည်။

သူသည် ချောင်းမှ သူ၏နေအိမ်သို့ လမ်းတလျှောက်အလွန်အေးစက်သော လေများအကြား လျှောက်လာခဲ့သည်။ လွန်ခဲ့သော သုံးရက်အတွင်း သူသည် အနည်းငယ် လေးလံနေသည်ဟု ခံစားနေရသည်။

မင်း အအေးမိရင်တောင် စောင်ခြုံ၍ အိပ်လိုက်ရုံဖြင့် နေကောင်းသွားရမည်ဖြစ်သည်။

သို့သော် လွန်ခဲ့သော သုံးရက်အတွင်း သူ ကြိုးစားပမ်းစား အလုပ်လုပ်နေခဲ့သောကြောင့် နေမကောင်း ဖြစ်နေသည်ကို မသိရှိခဲ့ပေ။

ယခု ထင်းစည်းကို ထမ်းပြီး ပြန်လာသောအခါ သူ၏ခြေထောက်များ ပျော့ခွေသွားပြီး တစ်ကိုယ်လုံး တုန်နေသည်ကို ခံစားရသည်။

လုဟွမ်သည် အံကြိတ်ကာ အားဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။ သူ၏ကျောပေါ်မှ ထင်းစည်းကို ချလိုက်သောအခါ ရုတ်တရက် မှင်သက်သွားမိသည်။

သူ၏ဝင်းထဲရှိ ကြက်လေးကောင်သည် နှစ်ဆယ့်ခြောက်ကောင် ဖြစ်သွားသည်ကို မြင်တွေ့ရသည်! ဆူညံလွန်းသဖြင့် သေးငယ်သော ခြံစည်းရိုးထဲမှ ထွက်လုနီးပါး ဖြစ်နေကြသည်!

ထို့အပြင် ဝင်းတစ်ခုလုံးသည် သူ၏ ခြံဝင်းနှင့်မတူတော့ပေ။ အစားအစာများ၊ စပျစ်နွယ်ပင်များနှင့် ကျောက်တောင် ပန်းခြံများ မည်သူပို့လိုက်သည်ကို သူမသိပေ။

နောက်တစ်ခါ ဖြစ်ပြန်ပြီလား။ တစ်စုံတစ်ယောက် ထပ်မံဝင်ရောက်လာပြန်ပြီလား။

လုဟွမ်၏နှလုံးတစ်ချက်ခုန်သွားပြီး သူ၏မျက်နှာသည် ရုတ်ချည်း အကျည်းတန်သွားသည်။ သူသည် ထင်းစည်းကို ပစ်ချလိုက်ပြီး အိမ်ထဲသို့အမြန်ဝင်သွားသည်။ သူသည် ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး အဝတ်ဗီရိုကိုဖွင့်ရန် လျှောက်သွားလိုက်သည်။ အဝတ်ဗီရိုထဲတွင် အလွန်ချမ်းသာကြွယ်ဝပုံရသော အဝတ်အစားအသစ်များကို သပ်သပ်ရပ်ရပ်ထည့်ထားသည်ကို သူမြင်တွေ့ရသည်။

ရက်အနည်းငယ်က သူသည် အေးဆေးနေနိုင်ပြီး အမှောင်ထဲမှလူကို ပေါ်လာစေရန် စောင့်နေပြီး သူ့ရဲ့ရည်ရွယ်ချက်အမှန်ကို သိချင်ခဲ့သည်။ သို့သော် ယနေ့တော့ ခြံဝင်းတစ်ခုလုံးသည် လုံးဝ ပြောင်းလဲသွားသည်။ သူတကယ်ပင် သည်းမခံနိုင်တော့ပေ။

သူသည် မင်းသားနင်းဖူ၏ တရားမဝင်သားတစ်ယောက်သာ ဖြစ်သည်။ သူ့တွင် တန်ဖိုးရှိသော ပစ္စည်းများ မရှိသော်လည်း ဤအရာများကို ထပ်ခါထပ်ခါ ပို့ပေးနေသည်။ မင်းသားနင်းဖူမှ အခြားသူများက သူ့ကို ကူညီနေကြောင်း သိသွားလျှင် အပြစ်ပေးခံရမည်ကို မသိဘူးလား။ မကြောက်ဘူးလား။

ဘာကြောင့်လဲ။ သူ၏ရည်ရွယ်ချက်က ဘာလဲ။

ထို့ပြင် သူ မရှိတိုင်း လျှို့ဝှက်စွာ ဝင်ရောက်လာတတ်သည်။ သူ ဘယ်လိုနည်းလမ်းနဲ့ ဝင်လာသည်ကိုတောင် မသိပါ။ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေမလား။ နင်းဖူမင်းသားရဲ့လူ မဟုတ်ဘူးလား။ သို့သော် နင်းအိမ်တော်ရဲ့ အပြင်ဘက် ဒီလိုနေရာမျိုးမှာ သူ့လို တရားမဝင်သားတစ်ယောက် ရှိကြောင်း ထိုလူက ဘယ်လိုသိတာလဲ။

သူ့နေရာကို ကျူးကျော် ဝင်ရောက်ခြင်းခံရသော ခံစားချက်က လုဟွမ်ကို ဒေါသထွက်စေပြီး စိတ်ဖိစီးစေသည်။ သူ့ရင်ထဲတွင် လှိုင်းထနေသော ခံစားချက်ကို လျစ်လျူရှုရန် ကြိုးစားနေတာကို သူကိုယ်တိုင်တောင် သတိမထားမိပေ။

သူ့မျက်နှာက ညိုမည်းနေပြီး မဲနက်သော မျက်လုံးများတွင် သံသယ၊ ခုခံကာကွယ်မှုများဖြင့် ပြည့်နှက်နေသည်။

သူအိမ်ထဲမှ ထွက်လာပြီး လက်သီးကို ဆုပ်ကာ ဟာလာဟင်းလင်း ဖြစ်နေသော ထင်းရှုးဝင်းထဲသို့ အော်ပြောလိုက်သည်။

"မင်းဘယ်သူလဲ"

"ဘာကြောင့် ဒီအရာတွေကို ငါ့ဆီပို့နေတာလဲ"

"မင်းရည်ရွယ်ချက်က ဘာလဲ"

... မင်းက ငါ့ကို အန္တရာယ် မပေးချင်ဘူးဆိုရင်၊ တကယ်ပဲ ငါ့ကို ကူညီချင်တာဆိုရင် ဘာကြောင့် မင်းကိုယ်မင်းဖော်မပြဘဲ ငါ့နောက်ကွယ်မှာပဲ လုပ်နေတာလဲ။

... တကယ်ပဲ မင်းမှာမကောင်းတဲ့ရည်ရွယ်ချက် မရှိတာ ဖြစ်နိုင်မလား။

သို့သော် လုဟွမ်၏အသံ ငြိမ်သွားပြီးနောက် ထင်းရှုးဝင်း တစ်ခုလုံး အလွန်တိတ်ဆိတ်နေဆဲဖြစ်သည်။ နှင်းပွင့်များကျလာသည့်အသံကိုပင် ကြားနိုင်သည်။

သူ အဲဒီနေရာမှာ အကြာကြီးရပ်နေပြီး အသက်ကို ပြင်းပြင်း ရှူရှိုက်လိုက်သည်။ သွေးများခေါင်းပေါ် ဆောင့်တက်လာတာကြောင့်လားမသိ။ လွန်ခဲ့သော ရက်အနည်းငယ်က ခံစားခဲ့ရသော အဖျားက ခံနိုင်ရည်မရှိတော့ပေ။ သူခေါင်းမူးလာပြီး မျက်နှာမှာ ဖျော့တော့တော့ဖြစ်လာသည်။

သူ အိမ်ထဲပြန်ဝင်ပြီး တံခါးကို ဗုန်းခနဲပိတ်လိုက်သည်။

စုရှီရဲ့ဖုန်းက ဘက်ထရီကုန်သွားသည်။ သူမစားနေစဉ် ဘာဖြစ်သွားမှန်း မသိပေ။ ဆေးရုံ စားသောက်ဆိုင်တွင် အစားအသောက်ကို အမြန်စားပြီး သူနာပြုဆရာမ၏ အကူအညီဖြင့် အခန်းသို့ အမြန်ပြန်လာခဲ့သည်။

အခန်းသို့ ပြန်ရောက်သည်နှင့် သူ(မ)ရဲ့ဖုန်းကို အမြန်ထုတ်၍ အားသွင်းလိုက်သည်။

သူနာပြုဆရာမက ဒါကိုမြင်တော့ ခေါင်းခါလိုက် သည်။ နောက်ထပ် အင်တာနက်စွဲလန်းနေတဲ့ မိန်းကလေးတစ်ယောက်ပဲ။

စုရှီက ကွန်ပျူတာကို ဖွင့်ပြီး ဂိမ်းထဲဝင်ရန်သာ အာရုံစိုက်နေသည်။ ဂိမ်းဇာတ်ကောင်ကို မြင်ချင်သောစိတ်က အရင်ကထက်ပို၍ ကြီးလာသည်ကို မသိခဲ့ပေ။

ဘာပဲဖြစ်ဖြစ် အရေးအကြီးဆုံးအချက်က ... သူ့(မ)မှာ ငွေရှိနေခြင်းဖြစ်သည်။ ကျိုက်ကျိုက်က ရိုးရှင်းသော ကာတွန်းရုပ်ပုံ မဟုတ်တော့ဘဲ ဘယ်လိုပုံစံရှိသလဲဆိုတာ ငွေသုံး၍ ကြည့်နိုင်မည်ဖြစ်သည်။

သို့သော် သူ(မ)မမျှော်လင့်ထားသည်မှာ အွန်လိုင်းပေါ်တက်လိုက်သည်နှင့် ထင်းရှုးဝင်း တစ်ခုလုံး၊ လုံးဝတိတ်ဆိတ်နေသည်ကို တွေ့ရခြင်းဖြစ်သည်။

အခန်းထဲသို့ အင်တာဖေ့စ် ပြောင်းပြီးနောက် သူမရဲ့ကျိုက်ကျိုက်က ကုတင်ထောင့်တွင်ကွေးနေသည်ကို မြင်လိုက်ရသည်။

သူ့နဖူးကို လက်ဖြင့်အုပ်ထားပြီး ခေါင်းပေါ်တွင် အေးစက်သောချွေးစက်များ စီးကျနေသည်။

ပေါ်ထွက်နေသော သူ့မျက်နှာမှာ သွေးရောင်မရှိသလောက် ဖြူဖတ်ဖတ်ဖြစ်နေသည်။ နှုတ်ခမ်းများခြောက်သွေ့ပြီး ကွာကျလုနီးနီးဖြစ်နေသည်မှာ ဖျားနေကြောင်း ထင်ရှားသည်။

ဘယ်လို ဖြစ်သွားတာလဲ။

ပထမတစ်ခေါက် တွေ့ဆုံစဉ်ကထက် သူ့အဖျားက ပိုဆိုးနေသည်။ သတိလစ်ပြီး မူးလဲသွားသလိုပင် ဖြစ်နေသည်။

စောင်ကတောင် ကြမ်းပြင်ပေါ်ကျနေသေးသည်။

All Chapters