Chapter 13
Vol. 2 Ch. 13
ဖုန်းမျက်နှာပြင်ပေါ်တွင် စာပေါင်းများစွာပေါ်နေလေသည်။
"ဟယ်လို၊ ဂိမ်းကစားသူ၊ ဂိမ်းဇာတ်ကောင်ရဲ့ ပထမဆုံးအကြိမ် အသည်းအသန် ဖျားနာမှုကို လော့ဖွင့်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"
"သင့်ရဲ့ဂိမ်းဇာတ်ကောင်၏ လက်ရှိအခြေအနေက အရမ်းဆိုးဝါးနေပြီး၊ HP ဘားတန်း-၃၀% ၊ ခံနိုင်ရည်အား ဘားတန်း-၀ % ဖြစ်နေပါသည်!"
"သူ့ဘာသာ အိပ်ယာကနေတောင် မထနိုင်ပါဘူး။ ပြီးတော့ လွန်ခဲ့တဲ့သုံးရက်က အအေးမိပြီးနောက် ကောင်းကောင်း အနားမယူလိုက်တာက သူ့ကို သတိလစ်သွားတဲ့အထိ အားနည်းသွားစေပါတယ်!"
"အာရုံစိုက်ပါ—မင်းသားနင်းဖူအိမ်တော်က ပုလိပ်ရောဂါ စွဲကပ်ခံရတဲ့ အစေခံအနည်းငယ်ကို ကျေးလက်ဒေသသို့ ရွှေ့ပြောင်းဖို့ အမိန့်ချထားပါတယ်။ မှန်မှန်ကန်ကန် မလုပ်ဆောင်ဘူးဆိုရင် သင့်ရဲ့ဂိမ်းဇာတ်ကောင်က အားနည်းနေတဲ့အခြေအနေမှာ ပုလိပ်ရောဂါစွဲကပ် နိုင်ခြေများတယ်"
"လောလောဆယ်တော့ သင့်ရဲ့ ဂိမ်းဇာတ်ကောင်က လုံခြုံပါသေးတယ်! ဒါပေမယ့် HP ဘားတန်းက ၅%ကို ကျသွားတာနဲ့ သူက နာတာရှည် ဖျားနာတဲ့ဆီကို အော်တို ရောက်သွားမှာဖြစ်ပါတယ်။ အဲ့ဒါဆိုရင် သူ့ကို ကယ်လို့ မရတော့ဘူး!"
"စကားမစပ်၊ ရှေးခေတ်မှာ ပုလိပ်ရောဂါနှင့် အအေးဒဏ်ကြောင့် သေဆုံးမှုနှုန်းကို သိချင်ပါသလား"
"သိချင်တယ် | မသိချင်ဘူး"
"အခြေအနေကို ကယ်တင်ဖို့ ဘာမှ လုပ်လို့မရတော့ဘူး"ဆိုတဲ့ ဂိမ်းစုတ်ပေါ်မှာ ပေါ်လာတဲ့ စကားလုံးတွေက စုရှီကို မျက်လုံးကန်းသွားစေသည်။
သူ(မ)မှာ နဂိုကတည်းက စိုးရိမ်နေပြီ ဖြစ်သော်လည်း ဂိမ်းစုတ်ရဲ့ မြည်သံက သူ(မ)ကို ပိုပြီးတောင် တုန်လှုပ်သွားလေသည်။
သူ(မ)ရဲ့ နှလုံးခုန်သံတွေ မြန်လာပြီး ရက်တွေ အကြာကြီး ပျိုးထောင်ခဲ့သည့် သူ(မ)ရဲ့ ကလေးက စက္ကန့်ပိုင်းအတွင်း သေသွားမှာကို ကြောက်နေမိသည်။
ရှေးအချိန်က ဆေးဝါးကုသမှုများ မတိုးတက်သေးဘဲ လူများသည် အအေးမိခြင်းကြောင့်ပင် အလွယ်တကူ သေသွားနိုင်သည်ကို ဘယ်သူက မသိဘဲနေပါ့မလဲ။
သူ(မ)သည် လျှင်မြန်စွာပင် "သိချင်တယ်"ဟူသော စာသားအား နှိပ်လိုက်၍ အခန်းထဲတွင် လှန်လှောရှာဖွေလေတော့သည်။ သို့ရာတွင် သိသာစွာပင် အခန်းထဲတွင် ဘာဆေးမှမရှိပါ။
သူ(မ)သည် အခန်းမျက်နှာပြင်အား ချဲ့ကြည့်လိုက်သည်။ ထို့နောက် အိပ်ယာပေါ်မှ ဘောလုံးအသေးလေးအား ထိလိုက်လေသည်။
အသိစိတ်ကင်းမဲ့နေသော ကျိုက်ကျိုက်လေး၏ မျက်နှာသည် ဖြူရော်ကာ သတိလစ်နေပြီး သူသည် နူးညံစွာဖြင့် လှုပ်ရှားမှုမဲ့နေလေသည်။
စုရှီ၏ လက်ချောင်းများသည် သူ၏ အိပ်ယာခင်းအား ထိလိုက်လေသည်။ သို့ရာတွင် သူ(မ)သည် ဘယ်နေရာအား ထိရမည်ကို မသိပေ။
ဒါက သူရဲ့ခါး ဖြစ်လောက်မယ်။
သူသည် နာကျင်စွာ အော်ငြီးနေပြီး မျက်လုံးများကို တင်းတင်းမှိတ်ထား၍ မျက်ခုံးများ တွန့်လိမ်လာသည်။
မြင်ကွင်းအား ချဲ့ကြည့်လိုက်သောအခါ သူသည် အဖျားကြောင့် သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်နေလေသည်။
အပေါ်ဘယ်ဘက်ထောင့်ရှိ HP ဘားတန်းသည် သဲနာရီလိုပင် ဖြည်းဖြည်းချင်း လျော့လာလေသည်။
အချိန်ခဏလေး အတွင်းမှာဘဲ 28%ထိ ကျသွားသည်!
စုရှီသည် ကြည့်ရင်း ရှော့ရသွားသည်။ သူ(မ)ကိုယ်သူ(မ) အတင်းစိတ်အေးအေးထားစေပြီး ဘာလုပ်ရမဲဆိုတာကို စဥ်းစားတော့သည်။
အရင်ဦးဆုံး မြေကြီးပေါ်မှ စောင်အား ဆွဲယူလိုက်ပြီး ကုတင်ပေါ်မှ ကျိုက်ကျိုက်အား ခြုံပေးလိုက်သည်။
သို့သော် လုဟွမ်၏တစ်ကိုယ်လုံးသည် မီးထဲရောက်နေသကဲ့သို့ ပူနေသည်။ ရုတ်တရက် စောင်ခြုံလိုက်ခြင်းက သူ့ကို ပို၍ပူလာစေသည်။
ထို့ကြောင့် သူသည် မျက်လုံးအား တင်းတင်းမှိတ်ပြီး နာကျင်မှုကို ကြိတ်ခံနေလေသည်။
သူ၏ခေါင်းအထက်တွင် အဖြူရောင် ပူဖောင်းလေး တစ်ခုပေါ်လာလေသည်။
"ပူတယ်"
စုရှီသည် စခရင်အား မီးဖိုချောင်သို့ ပြောင်းလိုက်သည့်အခါ ကျိုက်ကျိုက်တစ်ယောက် အိပ်ယာပေါ်မှ စောင်အား ကလေးတစ်ယောက်ကဲ့သို့ ကန်လိုက်လေသည်။
သူ(မ)မှာ ရွေးချယ်စရာမရှိတော့ဘဲ စခရင်အား ပြန်ပြောင်းလိုက်ပြီး စောင်အား လက်လေးနှစ်ချောင်းဖြင့် ဆွဲယူလိုက်ပြီး ပြန်ခြုံပေးလိုက်သည်။
ဒီတစ်ကြိမ်တွင် ထောင့်လေးဖက်လုံး စုသိမ်းလိုက်လေသည်။
လုဟွမ် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေပေမယ့် သူ့ကိုယ်ပေါ်တွင် တစ်ခုခု ဖိထားသလို ခံစားရပြီး လေထုကအစ ပူသထက် ပိုပူလာလေသည်။
သူ့မျက်ခုံးများအား ကြုတ်၍ စောင်ကို နောက်ထပ်တစ်ကြိမ် ထပ်ကန်ချင်လာသည်။
စုရှီ ထိုကောင်လေး စောင်အား ထပ်ကန်ချလိုက်သည်ကို တွေ့လိုက်ရသည်။
သူ၏ခေါင်းထက်တွင် စာလုံးများ ထပ်မံပေါ်လာလေသည်။ "မခြုံဘူး"
"နူးညံ့တဲ့မင်းသားငယ်လေးက ဘယ်လိုတောင် ဒီလိုပြုမူရတာလဲ"
စုရှီ ကြည့်လိုက်သောအခါ သူ၏ HP ဘားတန်းသည် 25%ထိ ကျနေသည်ကို တွေ့ရလေသည်။ သူ(မ)ရဲ့နှလုံးက လည်ချောင်းထဲက နေခုန်ထွက်လာတော့မလို ခံစားနေရသည်။ သူ(မ)သည် ဂိမ်းထဲမှ မကောင်းသူများအား တိုက်ခိုက်ရန်ပင် ဂရုမစိုက်နိုင်တော့ပါ။
အခန်းထဲမှ ကုလားထိုင်နှစ်လုံးနှင့် အုတ်ခဲနှစ်ခုကို ယူလိုက်ပြီး စောင်ရဲ့ထောင့်လေးခုလုံးကို ဖိထားလိုက်သည်။
ဒီလိုနည်းနဲ့ဘဲ အားနည်းနေသော ကျိုက်ကျိုက်တစ်ယောက် သူရဲ့ခြေ၊လက်များကိုမြှောက်ပြီး ကြိုးစားပါစေကာမူ စောင်ကိုမ, မနိုင်တော့ပေ။
စုရှီသည် ဖျားနာနေသည့်လူအား တစ်ခါမှ မပြုစုဖူးပေ။ ဒါကြောင့် သူ(မ) မြန်မြန်လေး ပိုင်ဒူအား ဖွင့်၍ ရှာလိုက်လေသည်။
"ကလေးအဖျား 39.9 ဒီဂရီအထိရှိနေရင် ဘာလုပ်ရမလဲ"
ပိုင်ဒူမှ ပြန်ထွက်လာပြီးနောက် အဝတ်နှစ်စုံရွေးပြီး ခြံဝင်းထဲသို့ သွားလိုက်သည်။
ခြံဝင်းထဲမှ နှင်းခဲနှစ်ခုကို ယူ၍ အဝတ်နှင့် ထုပ်လိုက်လေသည်။ သူ(မ)သည် အိမ်ဘက်သို့ ပြန်လှည့်လိုက်ပြီး ကျိုက်ကျိုက်၏ နဖူးပေါ်သို့ ကိုယ်တိုင်လုပ်ထားသည့် အဝတ်စအား တင်လိုက်လေသည်။
အရိုးထဲထိ စိမ့်အေးစေသော နှင်းများက အကျိုးရှိသည်။ အဖျားလျော့လာသဖြင့် ဂိမ်းဇာတ်ကောင်၏ မျက်တောင်များသည် အနည်းငယ်လူးလွန့်လာကာ မျက်ခုံးများ အနည်းငယ် ပြေလျော့လာသည်။
စုရှီသည် အပြင်မှ နှင်းလုံးများ ယူလာပြီး ဂိမ်းဇာတ်ကောင်၏ လက်ဖဝါးထဲသို့ ထည့်လိုက်လေသည်။
သူ(မ)လုပ်လိုက်သည်မှာ အကျိုးရှိလှသည်။
အပေါ်ဘယ်ဘက်ထောင့်ရှိ HP ဘားတန်းသည် 1%တိုးလာလေသည်။ ဒါက မလုံလောက်သေးပေ။
သူသည် အလွန်ဖျားနာနေသဖြင့် သေချာပေါက် ဆရာဝန်ခေါ်ရန် လိုပေသည်။
စုရှီသည် မသိစိတ်က မြေပုံအား ဖွင့်လိုက်ပြီး မျက်နှာပြင်အား မင်းသားနင်းဖူအိမ်တော်၏ အပြင်ဘက် စျေးထဲသို့ ပြောင်းချင်လှသည်။ ဒါပေမဲ့ မဖြစ်နိုင်ပေ။
သူ(မ)မှတ်မိသည်မှာ သူ(မ)တွင် 11မှတ်သာရှိ၍ စျေးအားသော့မဖွင့်နိုင်ပါ။
သူ(မ) ဘယ်လို ဆရာဝန်ခေါ်ရမလဲ။
စနစ်က ပြောလိုက်သည်: "လက်ရှိတွင် စျေးအား သော့မဖွင့်နိုင်သလို ဆရာဝန်ကိုလည်း ပင့်၍မရပါ။ နောက်အပိုင်းအား သော့ဖွင့်ချင်ပါက 15မှတ်စုဆောင်းရန် လိုအပ်ပါတယ်"
'ချီး၊ အရမ်းတင်းကြပ်တာဘဲ'
စုရှီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်နှာပြင်ပေါ်က စျေးဆိုင်ကို ဖွင့်လိုက်သည်။ ပြီးတော့ ဆေးဆိုင်ကို မြန်မြန်ရွေးချယ်လိုက်သည်။
ကံကောင်းစွာ ဖြင့် ဆိုင်တွင် အရာအားလုံးရှိလေသည်။
ရှေးခေတ်ကာလများတွင် အအေးမိခြင်းအား ကုသရန်မှာ ဆေးဝါးပင်အိတ်များ သာရှိလေသည်။ ဆေးကျိုဖို့ရာအတွက်လည်း အိုးသာရှိလေသည်။
စုရှီသည် သည်းခံ၍ ဆက်မကြည့်နိူင်တော့ပေ။ "ဒီဆေးအိတ်ကျိုဖို့က အနည်းဆုံး တစ်နာရီလောက်တော့ ကြာတယ်။ သူစောင့်နိုင်ပါ့မလား။ မင်းမှာ အဖြူနဲ့အနက် ဒါမှမဟုတ် ဗီတာမင်စီ ဆေးပြားတွေ မရှိဘူးလား"
စနစ်က ပြောလိုက်သည်: "ရှေးခေတ်ကာလမှာ အဲ့လိုမျိုးတွေ ဘယ်လိုလုပ်ရှိမှာလဲ"
စုရှီတွင် ပြန်ပြောရန်အချိန်မရှိပေ။ ဆေးအား လျှင်မြန်စွာယူ၍ ဘေရှင်းပြီးနောက် မီးဖိုချောင်သို့ မြန်မြန်သွားကာ ထင်းမီးမွှေးလေသည်။ ထို့နောက် အိုးထဲသို့ဆေးရွက်များ လောင်းထည့်လိုက်သည်။ သူ(မ)ရဲ့အပြုအမူများက လျှင်လျှင်မြန်မြန်နဲ့ ချောမွေ့နေလေသည်။
လက်ရှိအချိန်တွင် သူ(မ)သည် ကျိုက်ကျိုက်အား အဖျားကျစေရန် အဝတ်အစားများအား ကူလဲပေးသည်။
သို့သော် ဆေးကျိုသည့်အချိန်သည် သူ(မ)ထင်ထားတာ ထက်ပိုမြန်လေသည်။ သူ(မ)သည် စားဖိုဆောင်ဆီ မြန်မြန်ပြေးပြီး ပန်းကန်တစ်လုံးနှင့် ဇွန်းတစ်ချောင်း ရှာလိုက်သည်။ ထို့နောက် စေးကပ်ကပ်ဆေးမည်းကြီးအား ပန်းကန်လုံးကြီးထဲသို့ ထည့်လိုက်လေသည်။
စခရင်ပေါ်က တောင်မှ ဆေးရည်၏ခါးသက်သက်အရသာကို ခံစားမိပေသည်။
စုရှီသည် ဆေးသောက်ရမည်အား အကြောက်ဆုံးဖြစ်၍ မျက်မှောင်ကြုတ်ထားမိလေသည်။
သူ(မ)၏နောက်ထပ် အခက်ခဲဆုံးတာဝန်သည် အသိစိတ်မရှိသော ကျိုက်ကျိုက်၏ပါးစပ်ထဲသို့ ဘယ်လို ဆေးတိုက်ရမှာလဲပ င်ဖြစ်သည်။
စနစ်က HP ဘားတန်း 15%သာ ကျန်တော့သည်ဟု သတိပေးစာ ပို့ချိန်တွင် စုရှီသည် ဆေးပန်းကန်ကိုင်ပြီး အခန်းထဲသို့ ဝင်လာလေသည်။ ရင်တုန်လွန်းသဖြင့် ချွေးတွေရွှဲနေလေသည်။
ထို့နောက် ဂိမ်းဇာတ်ကောင်၏အပေါ်ပိုင်းအား လက်တစ်ဖက်ဖြင့် ဆွဲထူလိုက်ပြီး ကျိုက်ကျိုက်ထနိုင်ရန် မလိုက်သည်။
အသိစိတ် မရှိသော လုဟွမ်: "..."
အသိစိတ် မဲ့နေသောလုဟွမ်သည် အားနည်းနေပေသည်။ သူ၏နှုတ်ခမ်းများသည် ဖြူရော်နေပြီး ဘယ်နှင့်ညာသို့ ယိမ်းထိုးနေလေသည်။
စုရှီရဲ့ကြမ်းတမ်းမှုကြောင့် သူသည် အိပ်ယာပေါ်မှ ပြုတ်ကျလုနီးနီးပင်ဖြစ်သည်။ စုရှီသည် ဘယ်ဘက်လက်ဖြင့် စက်ဝိုင်းပုံအား စခရင်ပေါ်မှ ဖိနှိပ်လိုက်လေသည်။ သူ(မ)သည် ဂိမ်းဇာတ်ကောင်အား ကိုင်ထားရာမှ လွှတ်လိုက်လေသည်။ နောက်ဆုံးတွင် ဂိမ်းဇာတ်ကောင်သည် ထိုင်နိုင်လေပြီ။
သူ၏ဆံပင်ရှည်များသည် ရေတံခွန်ကဲ့သို့ ဖြာကျနေကာ သူသည် စုရှီ၏လက်များကြားတွင် အားနည်းစွာ မီနေလေသည်။ သူသည် သနားစရာကောင်းလောက်အောင် သေးငယ်လှပေသည်။ သူ၏ခါးသည်လည်း လက်တစ်ဘက်တည်းဖြင့် ကိုင်လို့ရလောက်အောင် သေးသွယ်လှပေသည်။
စုရှီ စိတ်အေးစွာဖြင့် သက်ပျင်းချလိုက်ပြီး သူ့ဘေးမှ စားပွဲပေါ်တွင် ပန်းကန်အား ချလိုက်လေသည်။
ပြီးနောက် လက်တစ်ဘက်ဖြင့် ဇွန်းကို ကိုင်ထားပြီး ဆေးကို ခပ်ယူလိုက်ကာ ကျိုက်ကျိုက်၏ပါးစပ်ထဲ့သို့ ဂရုတစိုက်တိုက်လိုက်လေသည်။
ကျိုက်ကျိုက်၏ပါးစပ်အား ဖွင့်ရန် အလွန်ခက်ခဲသော်လည်း စုရှီသည် အားအပြည့်ဖြင့် သူ၏ပါးစပ်ထဲသို့ ဆေးဆက် လောင်းထည့်နေတုန်းပင်ဖြစ်သည်။
ဆေးခါးခါးတစ်ပန်းကန်လုံး ကုန်အောင် သောက်ပြီးနောက် ကျိုက်ကျိုက်၏ ဖြူဖျော့ဖျော့မျက်နှာသည် ပို၍ဖြူဖျော့လာပေသည်။
စခရင် အပြင်ဘက်မှ စုရှီသည်လည်း မောပန်းသွားလေသည်။
သူ(မ)၏ပခုံးများသည် တောင့်နေပြီး လည်ပင်းမှာလည်း နာနေလေသည်။ သူ(မ)လက်အား လွှတ်ချလိုက်ပြီးနောက် ကျိုက်ကျိုက်သည် ပြင်းထန်စွာ အိပ်ရာပေါ်သို့ ပြန်ကျသွားလေသည်။
သူ့ခေါင်းသည် ခေါင်းအုံးအမာနှင့် ထိမိပြီး အသံထွက်လာလေသည်။
စုရှီသည် လန့်သွားလေသည်။ "အာ ၊ငါ တမင် သက်သက် လုပ်တာမ ဟုတ်ပါဘူး"
သို့သော်လည်း အလွန်အမင်း ခံစားရပြီးနောက် ဆေးသည် အကျိုး သက်ရောက်လာလေသည်။ ၈%ထိ ကျလုနီးပါးဖြစ်နေသော အပေါ်ဘယ်ဘက်ထောင့်ရှိ HP ဘားတန်းသည် ဖြေးဖြေးချင်း ပြန်တက်လာလေသည်။
စုရှီသည် အဝတ်ထပ်ရွေး၍ လဲလိုက်ပြန်သည်။ ထို့နောက် သူ(မ)သည် ကျိုက်ကျိုက်၏ နဖူးနှင့် လက်ဖဝါးထဲသို့ ရေပတ်တိုက်ပေးလိုက်လေသည်။
မျက်နှာပြင်ပေါ်တွင် စာပေါ်လာလေသည်: "ဂုဏ်ယူပါတယ်။ သင့်ရဲ့ ဂိမ်းဇာတ်ကောင်က ပြန်လုံခြုံသွားပြီ!"
HP ဘားတန်း 35%ထိ တိုးလာသည်ကို စုရှီ တွေ့လိုက်ရလေသည်။ သူ(မ)သည် စိတ်အေးစွာ သက်ပျင်းချ လိုက်ပြီး စိတ်သက်သာရာ ရသွားလေသည်။ သူ(မ)ရဲ့ ရင်ထဲမှ ကြီးမားသော ကျောက်တုံးသည် မြေပြင်ပေါ်သို့ ကျသွားလေသည်။
ဒီဂိမ်းကို ကစားသည်မှာ အလွန်ပင်ပန်းသည်ကို ဝန်ခံရပေမည်။ ကျိုက်ကျိုက်သည် ဖြေးညင်းစွာ အသက်ရှူနေပြီး သူ၏မျက်ခုံးများသည်လည်း အနည်းငယ် ပြေလျော့သွားပေသည်။ သူသည် နာကျင်မှုကို သိပ်မခံစားရတော့ပေ။ သူ့အသားရောင်ကလည်း အနည်းငယ် ပိုကောင်းလာသည်။ အဲဒါကို ကြည့်၍ စုရှီသည် အလွန်ကျေနပ်သွားလေသည်။
ဂိမ်းထဲတွင် ယခုလို ဖန်တီးမှုလေးအား နေ့တိုင်းနေ့တိုင်း ဖြေးဖြေးချင်း ကြီးပျင်းလာသည်ကို စောင့်ကြည့်နေသူတိုင်း ယခုကဲ့သို့ ခံစားရမည်ပင်ဖြစ်သည်။
ကျိုက်ကျိုက်သည် လူသား မဟုတ်သော်လည်း သူပိုနေကောင်းလာဖို့ မျှော်လင့်ပေသည်။ သူ ပြန်ကျန်းမာလာပြီး ထပ်အနိုင်ကျင့်မခံရဖို့ မျှော်လင့်သည်။
စုရှီသည် ဆေးဆိုင်မှ ဆေးဝါးအိတ်များစွာဝယ်လာပြီး အိပ်ယာဘေးတွင် ထားလိုက်သည်။ ကျိုက်ကျိုက် အိပ်ယာမှ နိုးလာတဲ့အခါ သူကိုယ်တိုင်ကျိုပြီး သောက်ရန် ဖြစ်သည်။
ထိုအချိန်တွင် စုရှီသည် ရုတ်တရက် သူ့လက်ရှည်အောက်က ကျိုက်ကျိုက်ရဲ့ လက်မောင်းအား တစ်ချက် ကြည့်လိုက်သည်။
ပထဆုံးနေ့ သူ(မ) ဂိမ်းကို ဖွင့်လိုက်ချိန်က ဂိမ်းဇာတ်ကောင်၏ လက်မောင်းပေါ်တွင် ဒဏ်ရာရပုံ ပေါက်နေသည်ကို သတိထားမိလိုက်သည်။
ထိုအချိန်က သူ(မ)သည် အနီးကပ်မကြည့်ခဲ့ရပေ။ ယခုအချိန်တွင်မူ သူ(မ)သည် မြင်ကွင်းအားချဲ့၍ စောင်အောက်မှ ကျိုက်ကျိုက်၏လက်မောင်းအား ဂရုတစိုက် ထုတ်လိုက်လေသည်။
သူ့လက်ရှည်အား ခေါက်တင်လိုက်သောအခါ လက်မောင်းတွင် မရေမတွက်နိုင်သော ဒဏ်ရာ အမာရွတ်များကို တွေ့လိုက်ရလေသည်!
အနာဟောင်းများသာဖြစ်ပြီး သူ၏အသားဖြူဖြူပေါ်တွင် အမာရွတ်များ ကျန်နေသော်လည်း သူ၏အသားသည် စုတ်ဖြဲခံရပြီး အထဲကို ဆားပက်ခံရသကဲ့သို့ နာကျင်ရမည်ကို သူ(မ)ခံစားမိသည်။
စုရှီသည် အသက်ပြင်းပြင်းရှူ၍ ကျိုက်ကျိုက်၏ ခန္ဓာကိုယ်အား ထပ်ကြည့်သင့်၊ မကြည့်သင့် တွေဝေနေသည်။
မည်သို့ပင်ဖြစ်စေ ကျိုက်ကျိုက်၏ခန္ဓာကိုယ်သည် ချွေးများဖြင့် စိုရွှဲနေပြီး အသစ်တစ်ထည် လဲပေးရန်လိုသည်။
ခဏလောက် စဥ်းစားပြီးနောက် သူ(မ)သည် စောင်အား ဖြေးညင်းစွာမ၍ ကျိုက်ကျိုက်ရဲ့ဝတ်ရုံအား ဖြည်လိုက်လေသည်။
သူ(မ)၏လှုပ်ရှားမှုကြောင့် ဇာတ်ကောင်သည် အဆင်မပြေဖြစ်ပြီး မျက်ခုံးကြုပ်လိုက်လေသည်။ သူ၏ဆံပင်ရှည်များသည် သူ၏ပခုံးပေါ်တွင် ရေတံခွန်ကဲ့သို့ဖြာကျနေလေသည်။
သူ(မ)ထင်ထားသည်ထက် ပိုဆိုးနေလေသည်။ ကျိုက်ကျိုက်၏ နောက်ကျောသည်လည်း အမာရွတ်များဖြင့် ပြည့်ကာ ရှုပ်ပွနေပြီး လန့်စရာပင်ကောင်းလှပေသည်။
သူ(မ) စိတ်ရှုပ်ထွေးလာပြီး တုန့်လှုပ်သွားသည်။
"ဒါတွေက ဘယ်လိုလုပ်" စုရှီသည် အနည်းငယ်စိတ်ဆိုးပြီး ဝမ်းနည်းသွားသည်။
ဒါသည် ဂိမ်းမှန်း သူ(မ)သိသည်။
သူသည်တစ်နှစ်လုံး အနိုင်ကျင့်ခံနေရသည့် တရားမဝင်သားမှန်း လည်းသိသည်။ သို့သော်လည်း သူ(မ)ရဲ့ရင်ထဲမှာ နာကျင်နေဆဲပင်ဖြစ်သည်။
ဒီတစ်ကြိမ်တွင်တော့ သူ(မ)သည် ကို့ရို့ကားယား ဖြစ်မနေတော့ပါ။
သူ(မ)သည် ကျိုက်ကျိုက် ထနိုင်အောင် ကူညီပေးလိုက်ပြီး စတိုးဆိုင်မှ အမာရွတ် သက်သာစေသည့် လိမ်းဆေးလည်း ဝယ်ခဲ့ပေသည်။
ထိုအရာအား ဂိမ်းဇာတ်ကောင်၏ ကိုယ်ပေါ်သို့ လိမ်းပေးလိုက်သည်။ ကံကောင်းစွာဖြင့် ထိုအမာရွတ်များသည် သူငယ်စဥ်ကတည်းက ရခဲ့သည်များပင်ဖြစ်သည်။ သူကြီးလာသည်နှင့်အမျှ မင်းသားနင်းဖူ၏ လူများသည် သူ့အားထပ်မံ အနိုင်ကျင့်ရန် အခွင့်အရေးမရတော့ပေ။
ဆေးလိမ်း ပြီးသည့်နောက် စုရှီသည် သူ၏အဝတ်အား လဲလိုက်ပေသည်။ ဘောင်းဘီအတွက်မူ ဒုက္ခရောက်လွန်းသည်ဟု ခံစားရ၍ လဲမပေးခဲ့တော့ချေ။
ထို့အပြင် ဂိမ်းဇာတ်ကောင်၏အမူအရာသည် အလွန်ပင် အစစ်အမှန်ဆန်လှပေသည်။ သူ၏ဘောင်းဘီအား လဲပေးလိုက်ပါက သူ မည်သို့ တုံ့ပြန်လာမည်ကို သူ(မ)မသိပေ။ ဝတ်ရုံကတော့ စိုနေပြီ ဖြစ်သောကြောင့် လဲရပေမည်။ သူ(မ)သာ အဝတ်သန့်သန့် တစ်စုံလဲ မပေးပါက အဖျားသည် ပို၍ဆိုးလာနိုင်ပေသည်။
အရာအားလုံး လုပ်ပေးပြီးသည့်နောက်တွင် စုရှီသည် စိတ်အေးသွားပေသည်။ ထို့နောက် မျက်လုံးများအား ပွတ်သပ်၍ ဖုန်းဖွင့်လျက်ပင် အိပ်ပျော်သွားလေသည်။
ဒီညတာသည် လုဟွမ်အတွက် ရှည်လွန်းလှပေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေးလံနေပြီး မောပန်းလှပေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရေနွေးပွက်ပွက် ဆူနေသကဲ့သို့ ဖြစ်နေလေသည်။ သူ၏နဖူးနှင့် လက်ဝါးများသည် အေးသည့် အရာတစ်ခုခုနှင့် ဖိကပ်ခံရပြီးနောက် သူ၏နာကျင်မှုသည် အနည်းငယ်သက်သာ သွားလေသည်။
သူသည် လုံးဝနိုးထရန် ကြိုးစားသော်လည်း အဖျားဒဏ်ကြောင့် မျက်လုံးပင် မဖွင့်နိုင်ချေ။
ခြံဝင်းအတွင်းမှ ကြက်တွန်သံကြားသည့် နောက်တစ်နေ့မှပင် သူသည် အိမ်မက်မှ လုံးလုံးလျားလျား နိုးလာလေသည်။
သူ မျက်လုံးဖွင့်လိုက်သောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး လေးလံနေသကဲ့သို့ ခံစားရလေသည်။
သူသည် မျက်လုံးအား ဖွင့်လိုက်ပြီး လိုက်ကာအား ခဏစိုက်ကြည့်နေသည်။ သူသည် သူ့နဖူးအား ပူသေးလား စမ်းကြည့်လိုက်လေသည်။
သို့သော် အဲဒီအချိန်၌ သူ လက်မြောက်လိုက်သည့်အခါတွင် သူ့ခန္ဓာကိုယ်ပေါ်ရှိစောင်သည် အလွန်လေးလံနေပြီး တစ်ခုခုဖြင့် ဖိထားခံရသကဲ့သို့ ဖြစ်နေသည်ကိုသတိပြုလိုက်မိသည်။
သူ၏လှုပ်ရှားမှုနှင့်အတူ စောင်အား ဖိထားသော ထိုင်ခုံသည် မြေပေါ်သို့ ပြုတ်ကျ၍ "ဘန်း"ဟု မြည်သွားလေသည်။
လုဟွမ်သည် သူ၏ခေါင်းအား အနည်းငယ် မော့လိုက်သည်။ သူသည် နှလုံးများခုန်နေပြီး သူ၏အမူအယာသည် ချက်ချင်းပြောင်းသွားလေသည်။
သူဝတ်ထားသည့်အဝတ်များသည် လဲပြီးသားဖြစ်နေလေသည်!