← Chapters

Chapter 15

Vol. 2 Ch. 15

Chapter 15

Vol. 2 Ch. 15

လုဟွမ်၏ နှလုံးသားထဲတွင် စူးရှစွာ နာကျင်နေပြီး သူ၏လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ့မျက်နှာကရှုပ်ထွေးနေပြီး ပေါင်မုန့်ပြားများကို ကြည့်လိုက်သည်။

ခဏအကြာတွင် သူသည် မျက်မှောင်ကုတ်၍ ပေါင်မုန့်ပြားများကို ဖျက်စီးလိုက်သည်။ ထို့နောက် ပေါငါမုန့်ပြားများကို မီးဖိုထဲသို့ ပစ်ထည့်လိုက်ပြီး ပန်းကန်ပြားကို သန့်ရှင်းလိုက်သည်။ မည်သည့် အရိပ်အယောင်မျှ မကျန်ရစ်စေခဲ့ပါ။

စုရှီသည် မနေ့ညက နောက်ကျသည်အထိ ဂိမ်းကစားခဲ့ပြီး နောက်တစ်နေ့နေ့လည်မှ အိပ်ရာက နိုးလာခဲ့သည်။ သူ(မ)နှင့် ဂိမ်းကြား အချိန်ကွာဟချက်ရှိသောကြောင့် သူ(မ) အွန်လိုင်းပေါ်သို့ ရောက်လာသောအခါ ဂိမ်းထဲတွင် နှစ်ရက်နှင့် တစ်ည ကုန်လွန်သွားပြီဖြစ်သည်။

စုရှီ ဂိမ်းထဲ ဝင်လိုက်သောအခါ ညရောက်နေပြီဖြစ်သည်။ သူ(မ)၏ ပထမဆုံး အလုပ်မှာ မနေ့ညက ဖျားနေသော ကျိုက်ကျိုက်၏ အခြေအနေကို ကြည့်ရန် အခန်းထဲသို့ အင်တာဖေ့စ် ကို ပြောင်းလိုက်ခြင်းဖြစ်သည်။ ဘယ်ဘက်အပေါ်ထောင့်ရှိ ခံနိုင်ရည်ဘားတန်းသည် ၈၀% ပြန်လည်ကောင်းမွန်လာသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ ကျိုက်ကျိုက်၏ အအေးမိခြင်းက အခြေခံအားဖြင့် ပျောက်ကင်းသွားပြီ။ နောက်ထပ် ရက်အနည်းငယ် အနားယူလိုက်လျှင် သူ အားအင်ပြန်ပြည့်လာပြီး ကျန်းမာလာတော့မည်။

စုရှီသည် အောင်မြင်သော ခံစားချက်ဖြင့် ပြုံးလိုက်ပြီး ကုတင်ပေါ်ရှိ ကျိုက်ကျိုက်ကို သွားရောက် စစ်ဆေးလိုက်သည်။ မနေ့ညက သူ(မ)၏လုပ်ဆောင်ချက်များ အချည်းနှီးမဖြစ်ခဲ့ပေ။

ဂိမ်းထဲတွင် သန်းခေါင်ယံအချိန်ဖြစ်သည်။ လက ကောင်းကင်ရဲ့အမြင့်ဆုံးတွင် ရောက်နေပြီး တိတ်ဆိတ်နေသည်။ ဂိမ်းဇာတ်ကောင်သည် ကောင်းစွာ အိပ်ပျော်နေမည်ဟု သူ(မ) ထင်ထားသော်လည်း မျက်လုံးဖွင့်လျက် ကုတင်ပေါ်တွင် လူးလှိမ့်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ သူသည် စိတ်ပျက်နေပြီး အိပ်မပျော်နိုင် ဖြစ်နေပုံရသည်။

သူ၏ခြေထောက်များကို ကွေးထားပြီး စောင်ကို တောင်ကုန်းလေးပုံစံ ဖြစ်နေအောင် ဒူးထောင်ထားသည်။

သူ၏မျက်မှောင်များ ကုတ်နေပြီး မျက်နှာလည်း ရှုံ့မဲ့နေသည်။ လူတွေက သူ့ကို ထိုးချင်စိတ် ပေါက်စေသော မျက်နှာဖြစ်နေသည်။

... ဘာဖြစ်နေတာလဲ။

သီးနှံတွေနဲ့ ဥဥတဲ့ ကြက်မတွေကြောင့်လား။

သူ နိုးနေသောကြောင့် စုရှီသည် အခန်းထဲတွင် ဘာမှမလုပ်ရဲတော့ပါ။ မတော်တဆ သူ့ကို ထိမိလျှင် တစ္ဆေဟု ထင်ပြီး ကြောက်လန့်သွားမည်ကို စိုးရိမ်နေသည်။

ထို့ကြောင့် စုရှီသည် အခန်းပြင်ပသို့ အင်တာဖေ့စ်ကို ပြောင်းလိုက်ပြီး ထင်းရှုးဝင်းကို လှည့်ပတ် ကြည့်ရှု လိုက်သောအခါ သူမ အံ့အားသင့်သွားသည်။

ကျိုက်ကျိုက် အလွန်ကြိုးစားထားပါလား!

သူ နေမကောင်းသေးသော်လည်း မနေ့က ကြိုးစားအလုပ်လုပ်ခဲ့တာ ဖြစ်မည်!

ထင်းရှုးဝင်း အပြင်ဘက်တွင် ကြက်သွန်မြိတ်နှင့် နွေဦးဖရုံသီးမျိုးစေ့များကို တန်းစီစိုက်ပျိုးထားသည်။ အခြားသီးနှံအချို့ကိုလည်း သပ်သပ်ရပ်ရပ် စီထားသည်!

စုရှီသည် ဤကဲ့သို့သောဂိမ်းမျိုးတွင် ကစားသူကိုယ်တိုင် သီးနှံအားလုံးကို စိုက်ပျိုးရမည်ဟု ထင်ထားသည်။ ကျိုက်ကျိုက်က ဤမျှစိတ်အားထက်သန်နေမည်ကို မမျှော်လင့်ခဲ့ပါ။ သူမ ဘာမှ မကူညီနိုင်ခဲ့ပေ!

သို့သော် အလွန်ခက်ခဲသော ပြဿနာတစ်ခုရှိနေသည်။ ယခုအချိန်က ဆောင်းရာသီဖြစ်သည်။ ဆောင်းသီးနှံများ စိုက်ပျိုးလျှင်ပင် အချိန်တိုတိုနှင့် ရိတ်သိမ်း၍ရမည် မဟုတ်ပါ။

ထို့အပြင် ဆောင်းရာသီတွင် အပူချိန်နိမ့်ပြီး နေ့တိုညရှည်ဖြစ်သည်။ ကြက်မများ ဥဥနှုန်း အလွန်နည်းပါးမည် သို့မဟုတ် လုံးဝ မဥတာလည်း ရှိမည်။

ဒုတိယမြောက် အဓိကတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။

"အဓိကတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အချိန်ကန့်သတ်ချက် ရှိပါသလား" ဟု စုရှီက မေးလိုက်သည်။

"မရှိပါဘူး။ အဓိကတာဝန်တွေကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ပြီး အချိန်ကန့်သတ်ချက် မရှိပါဘူး။ ဒါပေမဲ့ အဓိကတာဝန်တွေ ပိုပြီးပြီးမြောက်လေ ရမှတ်တွေ ပိုရလေပါပဲ။ သင့်ရမှတ် ၁၀၀ ရောက်ရင် ဂိမ်းထဲက အဓိကဇာတ်ကောင်နဲ့ ပြောဆိုဆက်ဆံနိုင်မှာပါ။ မလိုချင်ဘူးလား"

စုရှီ လိုချင်သည်။ အမှန်တကယ် သူမ လိုချင်သည်။ ဤသည်မှာ ငွေဖြင့် ဝယ်၍မရသော ကိစ္စတစ်ခု ဖြစ်သည်!

သူ(မ) ရုတ်တရက် အားတက်သွားသည်!

သူ(မ)သည် ပထမဦးစွာ ထင်ရှူးဝင်းအနီးရှိ ကြက်ခြံသို့ အင်တာဖေ့စ်ကို ပြောင်းလိုက်ပြီး အတွင်းဆုံးနေရာတွင် ပုန်းအောင်းနေသော ကြက်အုပ်စုကို စိုက်ကြည့်နေသည်။ ကြက်များသည် အပူဓာတ်ရရှိရန် တစ်ကောင်နှင့်တစ်ကောင် ပူးကပ်နေကြသည်။ ကြက်တစ်ကောင်၏အမောက်မှာ အေးခဲပြီး ကွဲအက်နေသည်။ ဖျားနာမှုကြောင့် သေဆုံးမည် မဟုတ်သော်လည်း ရာသီဥတုသည် ဥထုတ်လုပ်မှုအပေါ် သက်ရောက်မှု ရှိမည်မှာ သေချာသည်။ သူမ ခဏစဉ်းစားလိုက်သည်။

ထို့နောက် သူ(မ)သည် ပိုင်ဒူ ကို ဖွင့်လိုက်သည်။ "ဆောင်းရာသီမှာ ကြက်တွေကို ဘယ်လိုမွေးမြူရမလဲ"

စုရှီသည် သူ(မ)၏မိဘများက သူ(မ)၏ဖုန်းတွင် ဘိုင်းဒူ ရှာဖွေမှုရလဒ်များကို မြင်ရင် အလွန်ထူးဆန်းသည်ဟု ထင်နေမှာသေချာသည်။

ပိုင်ဒူ သည် တော်တော်လေး အဆင်ပြေပြီး ဖြေရှင်းနည်းအစုံကို ရှာဖွေနိုင်သည်။ သို့သော် အပူချိန် ထိန်းချုပ်သော ပုံးများနှင့် မီးအိမ်များကို ဂိမ်းထဲရှိ ရှေးခေတ်ကာလတွင် မလုပ်ဆောင်နိုင်ကြောင်း တွေ့ရသည်။

စုရှီက ဉာဏ်ကောင်းသည်။ သူ(မ)သည် ဆိုင်မှ သစ်သားတိုင်များ၊ သစ်ကိုင်းများ၊ ပျဉ်ပြားများနှင့် အခြားပစ္စည်းများကို ဝယ်ယူလိုက်သည်။ ထို့နောက် ပုံစံငယ်အတိုင်း စခရင်ပေါ်တွင် လက်ချောင်းများ နှိပ်၍ တပ်ဆင်လိုက်သည်။ ဤလုပ်ငန်းစဉ်သည် အုတ်ခဲများကို တပ်ဆင်သကဲ့သို့ ဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသည်။ သူ(မ) ချက်ချင်း စွဲလန်းသွားသည်။

တပ်ဆင်ပြီးနောက် လီနိုလီယမ်စက္ကူ(ရေစိုခံ အကြမ်းခံသော ဖယောင်းပုဆိုးကဲ့သို စက္ကူ) ဖြင့် ဖုံးလိုက်သည်။ နောက်ဆုံးတွင် ထုံးဖြူများကို ဝယ်ပြီး အပေါ်မှ လောင်းချလိုက်သည်။ ဒီလိုလုပ်ခြင်းက ကြွက်နှင့် ပိုးမွှားများကို ကာကွယ်နိုင်သည်။

ဒီနည်းဖြင့် အလွန်ကြီးမားသော ဆောင်းခိုလို့ရတဲ့ နွေးထွေးသောနေရာတစ်ခု ပြီးစီးသွားသည်!

ကျိုက်ကျိုက် ခြံစည်းရိုး ပြုလုပ်ထားသောအရာသည် ရှေးခေတ်လူများအတွက် ပြည့်စုံပြီး လုံလောက်သည်။ သို့သော် စုရှီသည် အကောင်းဆုံးပစ္စည်းများကို အသုံးပြု၍ အသေးစိတ် အစီအစဉ် ပြုလုပ်ခဲ့သောကြောင့် ပိုမိုခေတ်မီသည်မှာ ထင်ရှားသည်!

လုပ်ငန်းပြီးဆုံးသောအခါ ကျိုက်ကျိုက် မူလပြုလုပ်ထားသော ခြံစည်းရိုးအတွင်းတွင် ဆောင်းခိုနေရာကို တိတ်ဆိတ်စွာ တည်ဆောက်လိုက်သည်။

ကြက်မများသည် အပူချိန် တဖြည်းဖြည်း ပြောင်းလဲလာသည်ကို ခံစားရပုံရသည်။ ယခင်လောက် အေးမနေတော့ပေ။ အချို့သည် အမွှေးများကို ခါပြီး အစာရှာရန် ထလာကြသည်။ နှစ်ကောင်က လည်ဆန့်ပြီး အတွင်းသို့ ဝင်သွားလေသည်။ သူတို့သည် ဥဥတော့မည့်ပုံပေါ်နေသည်။

ထိုမျှသာမက စုရှီသည် ဆိုင်တွင် ကြက်မအတွက် ဥဥနှုန်းတိုးစေသောဆေး ကိုလည်း ရှာဝယ်ခဲ့သည်။ သူ(မ)သည် အစာပေါ်တွင် ကြဲလိုက်ပြီး ကြက်များကို စားစေသည်။ ဆိုင်ထဲက ပစ္စည်းတွေက အသုံးမတည့်တာတော့ မဖြစ်နိုင်ဘူးလေ!

ကြက်တွေအတွက် ခိုနားရာ စီစဉ်ပြီးနောက် စုရှီသည် လက်ချောင်းများကို ရွေ့လျားပြီး ကျိုက်ကျိုက် စိုက်ပျိုးထားသော လယ်ကွက်အားလုံးကို ပြောင်းလဲပစ်လိုက်သည်။ ထို့အပြင် သူမသည် ဆိုင်မှ ဝယ်လာသော ကြီးထွားမှုကို မြှင့်တင်ပေးသည့်အရာအချို့ကိုလည်း ဖြန့်ကြဲလိုက်သည်။

ဒီနည်းဖြင့် နောက်ဆုံးတွင် အောင်မြင်သွားခဲ့သည်!

သူမသည် တစ်ခါတည်း ရွှေဒင်္ဂါး ၂၀၀ ကျော် သုံးလိုက်သည်။ သို့သော် တရုတ်ငွေကြေး သို့ ပြောင်းလဲလိုက်လျှင် နှစ်ယွမ်သာ ရှိသည်။ စုရှီသည် ယခု ချမ်းသာနေပြီဖြစ်သောကြောင့် ငွေသုံးသောအခါ တွန့်တိုနေစရာ မလိုတော့ပါ။

ဤအရာအားလုံးကို ပြီးစီးအောင်လုပ်ဆောင်ပြီးနောက်မှာတော့ ညာဘက်အပေါ်ထောင့်တွင် ရိတ်သိမ်းမှု ကော်လံငယ်တစ်ခု ပေါ်လာသည်။

ကော်လံတွင် ဖော်ပြထားသည်မှာ - "လက်ရှိရိတ်သိမ်းမှု - ဥ ၂/၅၀၀၊ ဆန် ၀/၂၀၀၀ ကီလိုဂရမ်"

မစ်ရှင် (၂) ၏ တိုးတက်မှုဘားကို မသတ်မှတ်ရသေးပါ။

သို့သော် စုရှီသည် အလျင်မလိုပါ။ ကျိုက်ကျိုက်သည် ဂိမ်းထဲတွင် တစ်ညလုံး လူးလိမ့်နေသည်ကို တွေ့ရသည်။ သူ ယခုမှ အိပ်ပျော်ဟန်တူသောကြောင့် သူ(မ)သည် နံနက်စာ စားရန် ထွက်သွားလေသည်။ နံနက်စာစားပြီးနောက် ဂိမ်းထဲတွင် မှောင်နေဆဲဖြစ်သည်။ သူ(မ) အွန်လိုင်းပေါ်တက်ပြီး ခဏကစားနေသည်။ သူမ လှည့်ပတ်သွားလာရင်း မီးဖိုခန်းထဲတွင် မီးမွှေးထားသော အရိပ်အယောင်များကို တွေ့လိုက်သည်။

ဝိုး၊ ကျိုက်ကျိုက် ဘာချက်ထားတာလဲ?

သူ(မ) ဗိုက်ဆာလာသည်။

စုရှီ မီးဖိုကို ဆွဲထုတ်ကြည့်လိုက်သည်။ သူ(မ) အနည်းငယ်စိတ်ဝင်စားသွားသည်။ ဒီဂိမ်းကို စကစားကတည်းက ကျိုက်ကျိုက်စားသောက်နေတာ တခါမှ မမြင်ဖူးသေးပါ။ သူ့ဗိုက်က တနေကုန် သနားစရာကောင်းစွာ ပြားချပ်နေတာပဲ။ ဒါပေမဲ့ စဉ်းစားကြည့်တော့ သူဟာ မင်းသားနင်းအိမ်တော်မှာ နှစ်တော်တော်များများ နေခဲ့တာမို့ သူ ဘယ်လိုချက်ရမလဲသိတာဖြစ်မယ်။ အရသာ ဘယ်လိုရှိမလဲဆိုတာ မသိဘူး။

ဒါပေမဲ့ စုရှီက မီးဖိုကို ဆွဲထုတ်ကြည့်တော့ မီးသွေးအပြင် ဘာမှမတွေ့ရဘူး။ သူ(မ) လက်လျှော့လိုက်သည်။

တခြားနေရာတွေက မဖွင့်ရသေးဘူး။ သူ(မ) စမ်းချောင်းကို ဖွင့်လိုက်တယ်။ ဘယ်သူမှ မရှိတော့ ဝင်းထဲကိုပဲ ပြန်ရောက်လာသည်။

အိမ်ထဲမှာ အိပ်ယာပေါ်တွင် ဘောလုံးလေးက တိတ်ဆိတ်စွာ အိပ်နေသည်။ သူ့မျက်ခုံးတွေကတော့ ကျုံ့နေဆဲပဲ။

စုရှီက ဘီရိုကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ(မ) ထည့်ထားခဲ့တဲ့ ဝတ်ရုံဖြူဖြူလေးတွေကို မထိထားပါ။ ဒါပေမဲ့ ဂိမ်းထဲက လူဘောလုံးလေးက အပြင်ဈေးမှ ဝယ်လာတဲ့ အရည်အသွေးနိမ့် တိရစ္ဆာန်သားရေနှစ်ချပ်ကိုတော့ ထိထားတာ တွေ့လိုက်ရသည်။

စုရှီက နီးကပ်စွာ ကြည့်လိုက်တော့ တစ်ခုရဲ့ အစွန်းမှာ အပ်ချည်ဖြတ်ထားတဲ့ အပေါက်သေးသေးလေးတွေ တွေ့ရသည်။ ကျိုက်ကျိုက်က အခုအဝတ်အစားကို ချုပ်ချင်နေပုံရသည်။ ဒါပေမဲ့ သူ ပန်းထိုးမတော်တော့ အဝတ်ကို ကောင်းကောင်းမချုပ်တတ်သဖြင့် အပ်ချည်ကို ပြန်ဖြုတ်ပစ်ခဲ့ပုံရသည်။

စုရှီက ဂိမ်းဇာတ်ကောင်ရဲ့လက်ချောင်းကို ဆွဲကိုင်ပြီး နီးနီးကပ်ကပ် ချဲ့ကြည့်လိုက်သည်။

သူ့လက်သေးသေးလေးမှာ အပ်နဲ့ ထိုးမိထားတဲ့ သွေးစက်လေးတွေ တွေ့ရသည်။

စုရှီက မရယ်ဘဲ မနေနိုင်တော့ပေ။

အိုး၊ မင်းက အရမ်းတုံးတာပဲ။ ကျိုက်ကျိုက်က အရာရာ တတ်ကျွမ်းတယ်လို့ ထင်ထားတာ။

ညတိုင်း အိပ်ရာဝင်ပြီးရင် အွန်လိုင်းမတက်တော့ပေမယ့် အွန်လိုင်းပြန်တက်တိုင်း သဲလွန်စတွေ တွေ့နိုင်သည်။ သူ(မ) အွန်လိုင်းမတက်တဲ့အချိန်တွေမှာ ကျိုက်ကျိုက် ဘာလုပ်နေလဲဆိုတာ သိနိုင်သည်။

စုရှီက ဂိမ်းဇာတ်ကောင် အိပ်ယာပေါ်မှာထိုင်ပြီး လက်ထဲက အဝတ်ကို ကိုင်ပြီး အပ်ဖြင့် ချုပ်ဖို့ကြိုးစားနေပုံကို စိတ်ကူးပုံဖော်ကြည့်နေသည်။ ဒါပေမဲ့ သူချုပ်တိုင်း ချည်တွေ ရှုပ်ဖွကုန်သည်။ သူ(မ) တွေးနေရင်း အရမ်းပျော်စရာကောင်းတယ်လို့ ထင်မိသည်။

သူ(မ) ဆိုင်ကို အမြန်ဖွင့်ပြီး "အပ်ချုပ်အတတ်" ကို ရွှေဒင်္ဂါး ၂၀ နဲ့ ဝယ်လိုက်သည်။

နည်းနည်းကြာတော့ အရည်အသွေးနိမ့် တိရိစ္ဆာန်သားရေနှစ်ချပ်ကို ကျိုက်ကျိုက်ရဲ့ လက်ရှိ အဝတ်အစားပေါ် ချုပ်လိုက်သည်။ ကျိုက်ကျိုက်က အဝတ်အသစ်ဝတ်ဖို့ ငြင်းနေတာကိုး။ ဒါပေမဲ့ တိရစ္ဆာန်သားရေက အရည်အသွေးညံ့ပေမယ့် နှင်းဒဏ်ခံနိုင်သေးသည်။

စုရှီ စိတ်အေးသွားသည်။ သူ(မ) အိမ်စာလုပ်ဖို့ ဂိမ်းကို ခဏပိတ်ထားလိုက်ပြီး စနစ်ကို တစ်ခုခု လုပ်စရာပေးထားလိုက်သည်။

လုဟွမ် အာရုံမတက်မီ နိုးလာခဲ့သည်။ မနေ့ညက သူ ကောင်းကောင်းအိပ်မပျော်ဘူး။ သူ မျက်လုံးဖွင့်ပြီး ကုတင်လိုက်ကာကို စိတ်မပါသလို စိုက်ကြည့်နေခဲ့သည်။

အဲဒီည ဆေးထုပ် ပို့ပေးပြီးကတည်းက အဲဒီလူ နှစ်ရက်လုံးလုံး မပေါ်လာတော့ဘူး။ ဒီနေ့ဟာ သုံးရက်မြောက်နေ့ပဲ။ ဝင်းထဲမှာ အစကနေ အဆုံးထိ ဘာမှမရှိဘူး။ နှင်းကျသံပဲ ကြားနေရသည်။ သူတစ်ယောက်တည်း ရှိနေတာ တကယ့်ကို ဝမ်းနည်းစရာပဲ။

သူ အပြင်ထွက်တိုင်း နောက်ပြန်လှည့်ကြည့်သည်။ ပြန်လာတော့လည်း ဝါးတောထဲမှာ အဝေးကနေ နားစွင့်ပြီး ဒီဘက်က အသံတွေကို နားထောင်နေသည်။

ဒါပေမဲ့ အရမ်းတိတ်ဆိတ်နေသည်။ လေနဲ့ နှင်းတွေသာ ကောင်းကင်မှ ကျဆင်းနေသည်။

မနေ့က နဲ့ ဒီမတိုင်ခင်တစ်ရက်က သူ ဝင်းထဲမှ ပန်းပင်နဲ့ မြက်ပင်တွေအထိ အထူးဂရုစိုက်ပြီး သတိထားကြည့်ခဲ့သည်။

ဒါပေမဲ့ ဘာမှ ပြောင်းလဲတာ မတွေ့ရဘူး။

တနည်းအားဖြင့် အဲဒီလူ တကယ်ပဲ နောက်ထပ် ခိုးဝင်မလာတော့ဘူး။

ဒီလိုမျိုး အဲဒီလူ ရုတ်တရက် ပျောက်ကွယ်သွားတာဟာ အရင်ကလိုဆို စိတ်အေးချမ်းနေမှာ။ သူ ပျော်တောင် ပျော်နေသင့်တာ။ ဒါပေမဲ့ ခု သူ့စိတ်ထဲမှာ ... အဲဒီလို မခံစားရဘူး။

လှုပ်ခတ်သွားခဲ့တဲ့ လှိုင်းတွေကို ပြန်ပြီး ငြိမ်သက်အောင် မလုပ်နိုင်တော့သလိုပဲ။

လုဟွမ်ရဲ့ မျက်နှာပေါ်မှာ ရှုပ်ထွေးပြီး စိတ်ပျက်တဲ့ အရိပ်အယောင်တွေ ပေါ်လာသည်။ သူ ထုံးစံအတိုင်း ထပြီး အဝတ်လဲလိုက်သည်။

သူ ကြက်ခြံ သွားကြည့်ဖို့ စီစဉ်ထားသည်။ ဒါပေမဲ့ တံခါးဖွင့်လိုက်တာနဲ့ သခင်မကြီးဘေးမှ အစေခံတစ်ယောက်က "သခင်လေးသုံး၊ သခင်မကြီးက သခင်လေးကို အဓိကအိမ်တော်သို့ လာဖို့ပြောလိုက်ပါတယ်" လို့ ကြားလိုက်ရသည်။

အရင်က အစေခံတွေက သူ့ကို "သခင်လေးသုံး" လို့ မခေါ်ကြဘူး။ ဒါပေမဲ့ ချောင်းနားမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း၊ မင်းသားနင်းအိမ်တော်မှာ အာဏာအကြီးဆုံးဖြစ်တဲ့ သခင်မကြီးက လုဟွမ်ကို သဘောကျတာမြင်တော့ အစေခံတွေက အရင်ကလို မနှိပ်စက်ရဲတော့ဘူး။ သူ့ကို ကောင်းကောင်း မဆက်ဆံသေးပေမယ့် နည်းနည်းတော့ ရိုသေလာကြသည်။

လုဟွမ် မျက်မှောင်ကုတ်လိုက်သည်။

သခင်မကြီးရဲ့ ဖိတ်ခေါ်မှုဟာ သူ တွေးနေတာနဲ့ ဆက်စပ်နေသလားဆိုတာ သူ မသိဘူး။

နှစ်ပတ်ကြာရင် ဆောင်းငှက်တောင်ပေါ်မှာ အမွေဆက်ခံသူတွေကြား အုပ်စုလိုက် အမဲလိုက်ပွဲ ရှိသည်...

ဒုတိယမင်းသားလည်း ပါဝင်မည်ဖြစ်သည်။ မင်းသားနင်းဖူက ဒုတိယမင်းသားရဲ့ဘက်တော်သားပဲ။ ဒါပေမဲ့ လတ်တလောနှစ်တွေမှာ မင်းသားနင်းဖူရဲ့ အာဏာကျဆင်းလာပြီး သူ့ကို ဒုတိယမင်းသားက အရေးမစိုက်တော့ဘူး။

ဒါကြောင့် မင်းသားနင်းနဲ့ သခင်မကြီးတို့က လုယီအန်းနဲ့ လုဝမ်ရှို့ တို့ညီအစ်ကိုနှစ်ယောက်ကို ဒုတိယမင်းသားနဲ့ ပိုနီးစေဖို့ နည်းလမ်းတွေ စဉ်းစားနေကြသည်။ သူတို့နှစ်ယောက်ကို တော်ဝင်ကျောင်းတော်ကိုပင် ပို့ထားခဲ့သည်။ ဒါပေမဲ့ လုယီအန်းက စိတ်သဘောထားပုံမှန်ပဲရှိပြီး လုဝမ်ရှို့က အရမ်းမိုက်မဲရမ်းကားသည်။ ဒုတိယမင်းသားက သူတို့ကို အထင်သေးသည်။

အရင်က မွေးစားသမီးတစ်ယောက်ခေါ်ပြီး ဒုတိယမင်းသားဆီပို့ဖို့ ကြိုးစားခဲ့ဖူးသည်။ ဒါပေမဲ့ သခင်မနင်းက မနာလိုဝန်တိုတတ်သည်။ အဲဒီမွေးစားသမီးကို ဒုတိယမင်းသားဆီ မပို့နိုင်ခင်မှာ သူ့အဖေနဲ့ ဖောက်ပြန်တယ်လို့ ထင်ပြီး သတ်ပစ်လိုက်သည်။

လုဟွမ်က မင်းသားနင်းဖူရဲ့ ဇာတ်လမ်းကြောင်းတွေကို ကောင်းကောင်းသိသည်။ ဒါပေမဲ့ သူက မပါဝင်ဘဲနေခြင်းဖြင့် သူ့ကိုယ်သူ ကာကွယ်ချင်သည်။

အခု လုဝမ်ရှို့ကို ထိန်းသိမ်းထားခြင်းမှာ သခင်မကြီးတွင် တခြားအကြံအစည်တွေ ရှိနေမှာပဲ။

သူက မသိဟန်ဆောင်ထားလိုက်သည်။ အစေခံနောက်ကနေ တိုက်ရိုက် အဓိကဝင်းထဲကို လိုက်သွားသည်။ သခင်မကြီးက သူ့ကို အမြန်ခေါ်တာမို့ ကြက်ခြံနဲ့ မီးဖိုခန်းကို သွားကြည့်ဖို့ အချိန်မရခဲ့ဘူး။

မထွက်ခင် အဖျားပျောက်ဆေးနှစ်ထုပ် ယူလာခဲ့သည်။ အပြန်တွင် စတုတ္ထကိုယ်လုပ်တော်ဆီ သွားပေးဖို့ပါ။

စုရှီက သူ(မ)အိမ်စာပြီးပြီး အင်တာနက်ပြန်ဝင်တော့ ကျိုက်ကျိုက်က ဝင်းထဲမှာ မရှိတော့တာကို တွေ့ရသည်။ သူ ဘယ်သွားမှန်းမသိဘူး။

ရုတ်တရက် အင်တာဖေ့စ် မှာ မစ်ရှင် တစ်ခု ပေါ်လာသည်:

"တတိယ အဓိကမစ်ရှင်ကို လက်ခံပါ၊ ဆောင်းငှက်တောင်အမဲလိုက်ပွဲမှာ ဒုတိယမင်းသားနဲ့ မိတ်ဆွေဖြစ်အောင် လုပ်ပါ! တော်ဝင်ကျောင်းတော်ကို အောင်မြင်စွာ ဝင်ခွင့်ရအောင် လုပ်ပါ"

"အခက်အခဲအဆင့်: ကြယ် ၆ လုံး။ ဆုကြေး: ရွှေဒင်္ဂါး ၂၀၀။ ရမှတ်: ၁၂ မှတ်"

စုရှီ အံ့အားသင့်သွားသည်။ ဘာဖြစ်တာလဲ မသိဘူး။ ကျိုက်ကျိုက် ဘာလုပ်နေတာလဲ။ သူ(မ) အိမ်စာလုပ်နေတုန်း ဘာကြောင့် မစ်ရှင် တစ်ခု ရုတ်တရက် ပေါ်လာတာလဲ!

ဒီလို အဓိက မစ်ရှင် တွေက ဇာတ်ကောင်က သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေနဲ့ ထိတွေ့မှသာ ပေါ်လာနိုင်တာ ဖြစ်သည်။ ဒီနေရာမှာ မစ်ရှင် တစ်ခု ပေါ်လာတယ်ဆိုတာ ဇာတ်ကောင်မှာ အကြံအစည် ရှိနေပြီ၊ ဒါမှမဟုတ် နောက်ထပ် လုပ်ချင်တဲ့ အရာတစ်ခုခု ရှိနေပြီဆိုတာ ပြတာပဲ။

စုရှီက မြေပုံဖွင့်ပြီး ကျိုက်ကျိုက်ရဲ့ တည်နေရာကို ကြည့်လိုက်သည်။ ကျိုက်ကျိုက်က သခင်မကြီးရဲ့ မိန်အန်းယွမ်ဝင်းထဲမှာ ရှိနေပြီး တစ်နာရီလုံးလုံး မရွှေ့ဘူးဆိုတာ တွေ့လိုက်ရသည်။

သူတို့ ဘာတွေ ပြောနေကြတာလဲ။

စုရှီက သူတို့ ဘာတွေပြောနေမှန်း မသိပေမယ့် ခန့်မှန်းနိုင်သည်။

စနစ်က ရှင်းပြသည်၊ "အရင်က ဖြစ်ခဲ့တဲ့ ကိစ္စနောက်ပိုင်း သခင်မကြီးက လုဝမ်ရှို့ကို မကြိုက်တော့ဘူး။ သူက ကြီးကြီးမားမား တာဝန်မယူနိုင်ဘူးဟု ယူဆထားပုံရသည်။ သူ(မ)က ဇာတ်ကောင်ကို ဒုတိယမင်းသားဆီ ပို့ဖို့ ရည်ရွယ်ထားသည်။ ဇာတ်ကောင်က ဒုတိယမင်းသားရဲ့ အသိအမှတ်ပြုခြင်းကို ရယူနိုင်ပြီး သူ့ရဲ့ လေ့လာရေးအဖော်ဖြစ်လာနိုင်တဲ့ စွမ်းရည်ရှိမယ်လို့ မျှော်လင့်တာ"

ဒုတိယမင်းသားက အရှေ့နန်းတော်က မဟုတ်ပေမယ့် သူ့မှာ အာဏာတော်တော်ရှိသည်။ လေ့လာရေးအဖော် ဖြစ်လာရင် အနည်းဆုံး ဝန်ကြီးလက်ထောက် ဖြစ်လာနိုင်သည်။ အဲဒီအချိန်မှာ ဘယ်သူပဲ ဖြစ်ဖြစ် သူ့ကို မထီမဲ့မြင် မပြုနိုင်တော့ဘူး။

သခင်မနင်းက သတိထားပြီး သူ့ကို မကြံစည်နိုင်တော့ပေ။

အဲဒါအပြင် တော်ဝင်ကျောင်းတော်ကို ဝင်ခွင့်ရဖို့ အခွင့်အရေးလည်း ရှိသည်။

စုရှီက အဝတ်ဗီရိုကို ရှင်းလင်းတော့ ဝတ်ရုံအဟောင်းတွေအပြင် စာအုပ်တွေ ပြည့်နေတာကို တွေ့ရသည်။ ကျိုက်ကျိုက်က ဒုတိယမင်းသားနဲ့ မိတ်ဆွေဖြစ်ဖို့ သိပ်စိတ်မဝင်စားနိုင်ဘူး။ အဲဒီအစား တော်ဝင်ကျောင်းတော်ကို ဝင်ချင်တာ ဖြစ်မယ်ဆိုတာ သိလိုက်သည်!

သူက အသက် ၁၄ နှစ်ပဲ ရှိသေးပေမယ့် ဗီရိုထဲက စာလေးပုဒ်၊ ဂန္တဝင်ကျမ်းငါးကျမ်းကို လှန်လှောဖတ်ရှုထားပြီးပြီ။ မင်းသားနင်းဖူရဲ့နေရာမှ သာမန်ပုဂ္ဂလိကကျောင်းတစ်ကျောင်းကို သွားရင် ထပ်ပြီး ဘာမှ သင်ယူစရာ မရှိတော့ဘူး။ ပိုပြီး လေ့လာချင်ရင် မင်းသားအားလုံး တက်ရောက်ရတဲ့ တော်ဝင်ကျောင်းတော်ကို ဝင်ပြီး နိုင်ငံအုပ်ချုပ်ရေးကို သင်ယူရမည်။

ဒါ့အပြင် စုရှီက နောက်ခံအကြောင်းအရာတွေမှာ တော်ဝင်ကျောင်းတော်မှာ နာမည်ကျော် နန်းတော်ဆရာ တစ်ယောက်ရှိတယ်ဆိုတာကိုလည်း တွေ့ခဲ့သည်။

ဒါကြောင့် ဒီမစ်ရှင်က ဒုတိယမင်းသားနဲ့ မိတ်ဆွေဖြစ်ဖို့ထက် ဒုတိယမင်းသားကို အသုံးချပြီး တော်ဝင်ကျောင်းတော်ကို ဝင်ဖို့ ဖြစ်နိုင်သည်။

ဒီဂိမ်းရဲ့ နောက်ဆုံးရည်မှန်းချက်က ဇာတ်ဆောင်ကို နန်းတက်အောင် ကူညီဖို့ဖြစ်ပေမယ့် ကျိုက်ကျိုက်က အမြဲတမ်း နိမ့်ချနေတတ်တာကြောင့် စုရှီက သူ့ရဲ့ ရည်မှန်းချက်တွေကို မေ့လုနီးပါး ဖြစ်နေခဲ့သည်။ အခု အဓိက မစ်ရှင်က ပန်းတိုင်ဆီ တစ်ဆင့်ချင်း ချဉ်းကပ်လာတော့ စုရှီက ကျိုက်ကျိုက်ရဲ့ ပန်းတိုင်ကို နည်းနည်းမြင်လာရပြီဖြစ်သည်။

ရည်မှန်းချက်ရှိတာ ကောင်းတာပဲ!

"ဒါဆို ငါ နန်းတက်ပြီးရင် ကိုယ်လုပ်တော်တွေ ရွေးလို့ရပြီလား!"

စနစ်က စကားမပြောနိုင်လောက်အောင် ဖြစ်သွားသည်။

စုရှီက အလှမယ်တွေ အများကြီးကို သူ(မ)ရှေ့မှာ မျက်နှာမော့ပြီး မျက်လုံးထဲမှာ ချစ်စဖွယ် အလင်းရောင်တွေနဲ့ သူ(မ)ကို ရွေးချယ်ဖို့ စောင့်နေကြတဲ့ မြင်ကွင်းကို တွေးကြည့်နေသည်။ သူ(မ) ရုတ်တရက် စိတ်လှုပ်ရှားလာပြီး သူ(မ)ရမှတ်တွေ တိုးအောင် အမြန်လုပ်သည်။

မနေ့ညက သူ(မ) ကြက်ခြံပြင်ပြီး မြေကို တူးဆွခဲ့တာက ပြင်ပပတ်ဝန်းကျင်ကို တိုးတက်အောင် လုပ်တယ်လို့ သတ်မှတ်နိုင်သည်။ စနစ်က သူ(မ)ကို ရမှတ် ၂ မှတ် ပေးတယ်။ အခု သူ(မ)မှာ ရမှတ် ၁၃ မှတ် ရှိနေပြီ။

ဒါပေမဲ့ နောက်တစ်ပိုင်းကို ဖွင့်ဖို့ အတွက် လမ်းရှည်ကြီး ကျန်သေးတယ်!

'ဟင့်အင်း၊ ကျိုက်ကျိုက်က သူ့အလုပ်အကိုင်အတွက် လုပ်နေတာ၊ ငါ ဘယ်လို လက်လျှော့နိုင်မလဲ'

အချိန်ကို အကျိုးရှိရှိ အသုံးချပြီး စုရှီက ဂိမ်းထဲက ဇာတ်ဆောင်ရဲ့ အိမ်ထဲမှာ တိုးတက်အောင် လုပ်လို့ရမယ့် နေရာတွေကို အားကြိုးမာန်တက် ရှာနေသည်။ အပြင်က ဝါးတောက ကောက်နေတာကို တွေ့တော့ ကောက်နေတဲ့ ဝါးပင်တွေအားလုံးကို တစ်ခါတည်း ဖြောင့်အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ လက်ချောင်းတွေ သေမတတ် နှိပ်နေရပေမယ့် နောက်ဆုံးတော့ ရမှတ် တစ်မှတ် သာ ထပ်ရသည်!

ပြီးတော့ မီးဖိုခန်းဆီ ပြေးသွားပြီး ထင်းတွေနဲ့ ရှုပ်ပွနေတဲ့ အိုးခွက်ပန်းကန်တွေအားလုံးကို ဆေးကြောသည်။

လုပ်လို့ရသမျှ အကုန်လုပ်လိုက်သည်!

အဲဒီမှာ သူ(မ)ရဲ့ အမှတ်တွေ ၁၅ အထိ တဖြည်းဖြည်း တိုးလာပါသည်။

နောက်ဆုံးတော့ သူ(မ) နောက်ထပ် အပိုင်းတစ်ခုကို ဖွင့်လို့ရသွားသည်။ စုရှီ အိပ်ရာပေါ်မှာ လှဲချလိုက်ပြီး သက်ပြင်းချလိုက်ပါသည်။ သူမ စနစ်ကို ချက်ချင်း မေးလိုက်သည်၊ "သူ အခု ဘယ်မှာလဲ"

စနစ်က ပြန်ဖြေသည်၊ "သူ သခင်မကြီးနေတဲ့ မိန်းအန်းယွမ်ကနေ ပြန်သွားပါပြီ။ အခု စတုတ္ထကိုယ်လုပ်တော်ရဲ့ခြံဝင်းထဲမှာ ရှိနေပါတယ်"

စုရှီက စတုတ္ထကိုယ်လုပ်တော်ရဲ့ခြံဝင်းကို ဖွင့်ဖို့ စနစ်ကို ချက်ချင်း တောင်းဆိုလိုက်သည်။

စတုတ္ထကိုယ်လုပ်တော်ရဲ့ခြံဝင်းက အရမ်းသေးသည်။ ဖွင့်လိုက်တာနဲ့ အစေအပါးတွေရဲ့ခြံဝင်းတွေနဲ့ တခြားကိုယ်လုပ်တော်တွေရဲ့ ခြံဝင်းတွေလည်း ပွင့်သွားသည်။

ဒါက စုရှီအတွက် မရင်းနှီးတဲ့ နေရာတစ်ခုပါ။ အစိမ်းရောင်သန်းတဲ့ မီးခိုးရောင် အုတ်လမ်းပေါ်မှာ နှင်းတွေ ဖုံးအုပ်နေသည်။ ဒါပေမဲ့ ကျိုက်ကျိုက်ရဲ့ခြံဝင်းထက်တော့ နည်းနည်း ပိုကောင်းသည်။ လူတွေ ခြေချော်မကျအောင် အစေအပါးတွေက နှင်းတွေကို ဘေးဖယ်ပေးထားတာတောင်ရှိသည်။ မင်းသားနင်းက စတုတ္ထကိုယ်လုပ်တော်ကို ကျိုက်ကျိုက်ထက် အများကြီး ပိုကောင်းအောင် ဆက်ဆံတာ ထင်ရှားနေသည်။

ကျိုက်ကျိုက်က ဆေးတွေ ပိုနေတာကိုတွေ့လို့ စတုတ္ထကိုယ်လုပ်တော်ရဲ့ သမီးလေး အအေးမိမှာ စိုးရိမ်လို့ ဆေးပို့ပေးတာပါ။

ဒါပေမဲ့ စတုတ္ထကိုယ်လုပ်တော်က သူ(မ)ကိုယ်သူ(မ)ဘဲ အန္တရာယ်ကင်းအောင် နေနေသောကြောင့် ကျိုက်ကျိုက်က ကောင်းကောင်း ဆက်ဆံနေတာကို စုရှီ မကြည့်ချင်ပါ။

စုရှီ ချက်ချင်း နည်းနည်း စိတ်ဆိုးသွားပေမယ့် ဒါက ဂိမ်းရဲ့ သတ်မှတ်ချက်လို့ သိနေတော့ သည်းခံလိုက်ရသည်။

သူ(မ)က စတုတ္ထကိုယ်လုပ်တော်ခြံဝင်းထဲက အင်တာဖေ့စ် ကို ပွတ်ဆွဲပြီး စင်္ကြံရှည်အတိုင်း လမ်းလျှောက်သွားသည်။ မကြာခင်မှာပဲ ရှေးဟောင်းဝတ်စုံဝတ်ထားတဲ့ အဖြူရောင် ပုံသဏ္ဍာန်လေးတစ်ခု သူ(မ)ရဲ့ မျက်စိထဲ ပေါ်လာသည်။

ကျိုက်ကျိုက်ပါ။ သူက စင်္ကြံထဲမှာ ရပ်နေသည်။ ဆေးပို့ ပြီးသွားပုံရပြီး ပြန်ဖို့ စီစဉ်နေပုံပဲ။

ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ သူ စင်္ကြံအဆုံးမှာ ရပ်နေသည်။

သူ ဘာကို ကြည့်နေတာလဲ။

စုရှီ ကျိုက်ကျိုက်အတိုင်း လိုက်ကြည့်ပြီး ရှုထောင့်ပြောင်းလိုက်သည်။ သူ(မ) တံစက်မြိတ်အောက်မှာ အထိန်းတော်တစ်ယောက်က လတ်ဆတ်တဲ့ ကော်ဖီကိတ် ပန်းကန်တစ်လုံးကိုင်ထားပြီး အသက် ၁၁ နှစ် ၁၂ နှစ်လောက် ရှိမယ့် အစေခံကလေးမလေးတစ်ယောက်ကို ကျွေးနေတာ မြင်ရသည်။

အထိန်းတော်က ကလေးမလေးရဲ့ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပြီး တိုးတိုးလေး ပြောသည်၊ "ဖြည်းဖြည်းစားနော်။ ဒီနေ့ မင်းမွေးနေ့ဆိုတော့ အလျင်စလို စားဖို့ မလိုပါဘူး"

နာမည်နှစ်ခု အင်တာဖေ့စ် ပေါ် ဖြေးဖြေးချင်း ပေါ်လာတယ်။

အထိန်းတော် A၊ အစေခံကလေးမ A။

စုရှီ စကားပြောမထွက်ဘူး။

ဂိမ်းက နာမည်တွေကို ဒီလောက် ကျပန်းနဲ့ ရူးသွပ်ပြီး ပေးလို့ရလား!

ဒါပေမဲ့ စုရှီ နားလည်သွားသည်။ အထိန်းတော်နဲ့ အစေခံကလေးမက အမေနဲ့ သမီး ဖြစ်ရမည်။ အထိန်းတော်က သခင်မနင်းဘေးမှာ တာဝန်ကျသည်။ စုရှီ သူ့ကို ချောင်းဘေးမှာ ပြီးခဲ့တဲ့တစ်ခါက တွေ့ခဲ့သည်။

ဒီ အစေခံ ကလေးမလေးကို စတုတ္ထကိုယ်လုပ်တော်ဘေးကို ပို့ထားတာဖြစ်မည်။ သခင်မနင်းက စတုတ္ထကိုယ်လုပ်တော်ကို စောင့်ကြည့်ဖို့ ပို့ထားတာ ဖြစ်နိုင်သည်။

ဒါပေမဲ့ သခင်မနဲ့ကိုယ်လုပ်တော်တွေ ဘယ်လိုပဲ အကြံအစည်တွေ လုပ်ကြပါစေ၊ အစေခံကလေးမရဲ့ မိခင်က သူ့သမီးရဲ့မွေးနေ့ကို မှတ်မိနေသေးသည်။ သူ(မ) အသက်စွန့်၍လာပြီး အစားအစာ ပူပူနွေးနွေး တစ်ပန်းကန်လောက် လာပို့သည်။

စုရှီ စင်္ကြံထဲက ကျိုက်ကျိုက်ကို ပြန်ကြည့်တော့ အဖြူရောင် ပုံသဏ္ဍာန်က မရှိတော့ပေ။

စုရှီ ဘာမှ နားမလည်တော့ဘူး။

စုရှီ ရုတ်တရက် မေးလိုက်သည်၊ "အဓိက ဇာတ်ကောင်ရဲ့ မွေးနေ့က ဘယ်တော့လဲ"

စနစ်က နောက်ခံမိတ်ဆက်ကို ဖွင့်ပြီး သူမကို ထပ်ပြပါသည်။

အမှန်တကယ် ဒီနေ့ပါပဲ!

သူ(မ) နောက်ခံသမိုင်းကြောင်းကို ကြည့်နေတုန်းက သူမရဲ့ ဝက်ဦးနှောက်က မမှတ်မိခဲ့ဘူး!

စာသားနောက်ခံ မိတ်ဆက်က ဒီလိုပြောခဲ့သည်:

[လုဟွမ် ၊ ကိုယ်လုပ်တော်ရဲ့သား၊ လက်ရှိ အရှေ့နန်းတော်က အိမ်ရှေ့မင်းသားနဲ့ တစ်ရက်တည်း မွေးသည်။ ဒါပေမဲ့ အချိန်က မတူဘူး။ သူ မွေးတဲ့အချိန်မှာ မင်းသားနင်းကို နန်းတော်ထဲမှာ ဧကရာဇ် က စိတ်ဆိုးပြီး သူ့ရာထူးကို ရုပ်သိမ်းခံရလုနီးနီး ဖြစ်သွားသည်။ အဲဒီအချိန်ကစပြီး မင်းသားနင်းက လုဟွမ်က သူ့ရဲ့ တက်လမ်းကို ပိတ်ဆို့နေတယ်လို့ ယုံကြည်ပြီး သူ့ကို အေးစက်စွာ ဆက်ဆံခဲ့သည်။ သူက မွေးဖွားရခက်ခဲတဲ့ လုဟွမ်ရဲ့ မိခင်ကို အလျင်စလို မြှုပ်နှံပစ်ပြီး မင်းသားနင်း အိမ်တော်ထဲက ဘယ်သူ့ကိုမှ လုဟွမ်ရဲ့ မွေးနေ့ကို မသိစေခဲ့ဘူး။]

စုရှီ ခုမှ ခြံဝင်းအပြင်ဘက်မှာ ပွဲလမ်းသဘင် ရှိနေတာကို သတိထားမိသည်။ မီးအိမ်တွေနဲ့ အရောင်စုံ အလံတွေရှိပြီး တီးလုံးသံတွေတောင် အသံတိုးတိုးနဲ့ ကြားရသည်။ အရှေ့နန်းတော်က လက်ရှိ သရဖူဆောင်းမင်းသားရဲ့ မွေးနေ့ဖြစ်ပြီး မြို့တော်တစ်ခုလုံး ကျင်းပနေတာဖြစ်သည်။ နန်းတော်ထဲမှာ ညစာစားပွဲကြီး ရှိနေပြီး လမ်းတွေပေါ်မှာ ဆူညံသံတွေနဲ့ စည်ကားနေသည်။

တစ်ရက်တည်းမှာပဲ ကျိုက်ကျိုက်ရဲ့အိမ်လေးက အေးစက်ပြီး ပျော်ရွှင်စရာမရှိဘူး။ သူ တစ်ယောက်တည်း လမ်းလျှောက်ထားတဲ့ ခြေရာတွေကို လေနဲ့ နှင်းတွေက ဖုံးအုပ်သွားသည်။

စုရှီရဲ့ နှလုံးသားက ခံစားလိုက်ရသည်။ ရုတ်တရက် သူ(မ) တစ်ခုခုကို သတိရလာပြီး ထင်းရှူးဝင်းဆီကို အမြန် ပြောင်းလိုက်သည်!

သူ(မ) စနစ်ကို မေးလိုက်သည်: "ကျိုက်ကျိုက် ပြန်လာဖို့ ဘယ်လောက်ကြာဦးမလဲ!"

စနစ်က ခန့်မှန်းလိုက်သည်: "သူ ချောင်းဆီ ရောက်နေပြီ၊ သုံးမိနစ်လောက် ကျန်သေးတယ်"

အဲဒါ လုံလောက်ပါသည်!

စုရှီက ဈေးဆိုင်ကို အမြန်ဖွင့်ပြီး အမြန်ရွေးချယ်လိုက်သည်။

ဈေးဆိုင်မှာ မွေးနေ့လက်ဆောင်တွေ အများကြီးရှိသည် — — အားလုံးက ရှေးခေတ် အသုံးအဆောင်တွေပါ၊ ဥပမာ ယုန်မီးအိမ်တွေ၊ သကြားရုပ်လေးတွေ၊ ကဗျာနဲ့ ပန်းချီတွေပေါ့၊ ဒါပေမဲ့ စုရှီမှာ ရွေးချယ်ဖို့ အချိန်မရှိဘူး။

သူ(မ) တော်တော်ရှာပြီးမှ သက်ရှည်ခေါက်ဆွဲပန်းကန်ကို တွေ့တယ်။

ပြီးတော့ သူမ ပူပူလောင်လောင် သက်ရှည်ခေါက်ဆွဲပန်းကန်တစ်လုံးကို သေချာ ရွေးလိုက်သည်။

သူ(မ) ပန်းကန်ကို မီးဖိုပေါ် အမြန်တင်လိုက်သည်။ ခေါက်ဆွဲက မီးဖိုပေါ်ရောက်တာနဲ့ အငွေ့ဖြူဖြူတွေ ထွက်လာပြီး မီးဖိုက အပူလေးနဲ့ အရမ်းစားချင်စဖွယ် ဖြစ်နေသည်။

စုရှီက ခေါက်ဆွဲထဲ သကြားကြက်ဥ တစ်လုံးတောင် ထည့်လိုက်သေးသည်။

အဲဒီအချိန်မှာ ဝါးတောထဲကနေ ခြေသံတွေ ကြားလာရသည်။

စုရှီ ဂိမ်းဇာတ်ကောင်ပြန်လာပြီး တန်းအိပ်သွားမှာကို စိုးရိမ်နေသည်။ သူ မီးဖိုခန်းဆီ မလာရင် ဒီခေါက်ဆွဲပန်းကန်ကို မမြင်နိုင်ဘူး။

သူ(မ) စိတ်လှုပ်ရှားစွာနဲ့ အလျှင်စလို သွားပြီး မီးဖိုခန်းရဲ့ တံစက်မြိတ်အောက်မှာ ယိမ်းနေတဲ့ ယုန်မီးအိမ်တစ်လုံး ချိတ်ဆွဲထားလိုက်သည်။

လုဟွမ် ဝါးတောထဲကနေ လမ်းလျှောက်ပြန်လာပြီး မင်းသားနင်းအိမ်တော်အပြင်ဘက်က ဆူညံနေတဲ့ အသံတွေကို အတိုင်းသား ကြားနေရသည်။ သူ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ဖော်ပြရခက်တဲ့ အမူအရာတစ်ခု သူ့မျက်နှာပေါ်ပေါ်လာလေသည်။ အမှန်တော့ နှစ်တိုင်း ဒီနေ့က သူ့အတွက် ဒီလိုပဲ ဖြစ်နေတာမို့ အသားကျနေသည်။

ဒါပေမဲ့ အဲဒီလူက … …

သုံးရက်ဆက်တိုက် မပေါ်လာဘူး။

… … သူ နောက်ထပ် ပေါ်လာပါတော့မလား။

ဒါမှမဟုတ် သူထင်ထားသလိုပဲ၊ တစ်ခါတလေ လက်ဆောင်ပေးတာလား။ သူ့ကို အန္တရာယ်ပေးဖို့ ရည်ရွယ်ချက် မရှိပေမယ့် သူ့ကို နှောင့်ယှက်နေတာပဲလား။ ဒါမှမဟုတ် ခဏတာ သနားကြင်နာမှုလား။ မဟုတ်ရင် အရေးမပါတဲ့ တရားမဝင်သားတစ်ယောက်အတွက် ဒီလောက် ဒုက္ခခံပြီး လုပ်ပေးနေတာ ထူးဆန်းမနေဘူးလား။

လုဟွမ် မျက်လုံးတွေ မှေးသွားပြီး သူ့နှလုံးသားထဲမှာ လှောင်ရယ်သံ တစ်ခု ကြားလိုက်ရသည်။

သူ လက်သီးတွေ ဆုပ်လိုက်ပြီး အဲဒီအကြောင်း တွေးတာကို ရပ်ပစ်လိုက်သည်။ တစ်ဖက်လူ ဘာပဲလုပ်လုပ် သူ လျစ်လျူရှုလိုက်ရုံပဲ မဟုတ်ရင် တစ်ဖက်လူရဲ့ ထောင်ချောက်ထဲ ကျသွားလိမ့်မည်။

သူ ချက်ချင်း ခြေလှမ်းတွေကို မြန်လိုက်ပြီး ထင်းရှူးဝင်းဆီကို လျှောက်သွားသည်။

ဒါပေမဲ့ သူ မီးဖိုခန်းဘေးကို ရောက်တော့ ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားပြီး အမှတ်မထင် ခေါင်းမော့ကြည့်လိုက်သည်။

အဲဒီအချိန်မှာ နှင်းပွင့်တွေ သူ့ပုခုံးပေါ် ဖြေးဖြေးချင်း ကျလာသည်။ သူ့ခြေလှမ်းတွေ ချက်ချင်း ရပ်သွားပြီး သူ့မျက်လုံးတွေက အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။

သူ့နောက်မှာက အေးစက်တဲ့ ဝါးတောနဲ့ တစ်ယောက်တည်း လာခဲ့တဲ့ ခြေရာတွေရှိသည်။ သူ့ရှေ့မှာ ထင်းသိုလှောင်ရုံသုံးလုံးရှိပြီး ပုံမှန်အတိုင်းပဲ ဖြစ်သည်။

ထူးခြားတာ တစ်ခုပဲ ရှိတယ် —တံစက်မြိတ်အောက်က အဝါရောင် တောက်နေတဲ့ ယုန်မီးအိမ်။

မီးအိမ်က လေထဲမှာ လှုပ်ရမ်းနေပြီး ပြန့်ကျဲနေတဲ့ အလင်းရောင်က ညနဲ့ နှင်းတွေကို ဖောက်ထွင်းပြီး ကျရောက်နေသည်။

"… …"

ဒါက …

သူ အသက်ရှူ ရပ်မတတ် ဖြစ်သွားသည်။ အခုနက မရှင်းမလင်း ဖြစ်နေတဲ့ သူ့နှလုံးသားက တုန်ခါနေတဲ့ ဖယောင်းတိုင်မီးကြောင့် ရုတ်တရက် တစ်ချက်ခုန်သွားသည်။ အဲဒါက သူ့ကို အိမ်မှ ကြိုဆိုနေပုံပေါ်နေသည်။

ပြီးတော့၊ "ဒုတ်၊ ဒုတ်၊ ဒုတ်" နဲ့ မြန်မြန် မြန်မြန် ခုန်လာလေသည်။

သူ မီးဖိုခန်းဆီကို အမြန်လျှောက်သွားလိုက်သည် … …

ဘာမှ မရှိဘူး။

အံ့ဩစရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။

လုဟွမ် စိတ်ပျက် သွားသည်။

… … နောက်ဆုံးတော့...၊ သူ လှည့်ကြည့်လိုက်တော့ နွေးထွေးစွာ စောင့်ကြိုနေတဲ့ မီးဖိုပေါ်က အငွေ့တထောင်းထောင်းထနေတဲ့ သက်ရှည်ခေါက်ဆွဲပူပူလေး တစ်ပန်းကန်ကို တွေ့လိုက်ရသည်။

All Chapters