Chapter 17
Vol. 2 Ch. 17
မင်းသားနင်းဖူ၏ အိမ်တော်တွင် လျို့ဝှက်ချက်ဆိုတာ မရှိပေ။ မိန်အန်းယွမ်မှသခင်မကြီးသည် လုဟွမ်အား ဆင့်ခေါ်သည့်သတင်းသည် သခင်မနင်း၏နားထဲသို့ လျင်မြန်စွာရောက်သွားလေသည်။
သူ(မ)သည် အံတင်းတင်းကြိတ်၍ စားပွဲပေါ်မှရေနွေးခွက်အား ပစ်လိုက်လေသည်။ သတင်းလာပေးသောအစေခံသည် လက်ဖက်ရည်များဖိတ်ကျသွားသဖြင့် အလွန်လန့်သွားလေသည်။
အစေခံသည် ကြောက်ရွံ့စွာဖြင့် ဒူးထောက်လိုက်လေသည်။
"သခင်မ၊ စိတ်အေးအေးထားပါ!"
သခင်မနင်းသည် ဘေးမှ အထိန်းတော်အေအား စိတ်ဆိုးစွာပြောလေသည်။
"သခင်မကြီးက ဘာတွေစဥ်းစားနေတာလဲ။ အရင်တစ်ခေါက်က ချောင်းဘေးမှာဖြစ်သွားတဲ့ကိစ္စကြောင့် သူက ကိုယ်လုပ်တော်သားကို အမှန်တကယ် အခွင့်ရေးပေးနေတာလား"
"ဝမ်ရှို့ကို တစ်လလုံး သူ့အမှားကို သုံးသပ်ဖို့ သူ(မ)ကအပြစ်ပေးထားပြီးပြီ။ သူထွက်လာတဲ့အချိန်ဆို ဆောင်းငှက်တောင် အမဲလိုက်ပွဲကို သွားဖို့ လဝက်လောက်တောင် နောက်ကျနေပြီ! သူ(မ)ကတကယ်ဘဲ အဲဒီမျိုးမစစ်ကို ဝမ်ရှို့ကိုယ်စား သွားစေချင်တာလား!"
သခင်မနင်းသည် အလွန်စိတ်ဆိုးနေသည်ကို အထိန်းတော်အေ မြင်သောအခါ လျှင်မြန်စွာ ဒူးထောက်လိုက်လေသည်။ " သခင်မက အဲဒီမျိုးမစစ်ကို မသွားစေချင်သရွေ့ သူတကယ်သွား နိုင်မှာလို့လား"
သခင်မနင်းသည် လှောင်ပြုံးပြုံး လိုက်လေသည်။ "ဆောင်းငှက်တောင်အမဲလိုက်ပွဲ၊ မင်းသားတွေနဲ့မြို့တော်ကအာဏာရှိမိသားစုက သားတွေပဲ သွားကြမှာလေ။ မထင်မရှားမျိုးမစစ်က ဘယ်လိုလုပ်လူလုံးထွက်ပြရဲမှာလဲ။ သူက ဝမ်ရှို့ကိုယ်စား သွားခွင့်ပြုဖို့ သခင်မကြီးကိုတောင် ချော့ပြီးပြောလိုက်သေးတယ်! မင်းမှာဘာနည်းလမ်းတွေရှိလဲ"
အထိန်းတော်အေကပြောလိုကသည်။ "အမဲလိုက်ပွဲရောက်ဖို့ တစ်လလိုသေးတယ်။ အဲနေ့မှာ သူပေါ်မလာဖို့ သခင်မကြီးမှာ နည်းလမ်းတွေ အများကြီးရှိတာဘဲ။ ဘာလို့အရမ်းပူပင်နေရတာလဲ။ မမျှော်လင့်တာ တစ်ခုခုဖြစ်လာရင် သူက မင်းသားနင်းဖူအိမ်တော်ကနေ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။ အဲဒါဆို သူ ဆောင်းငှက်တောင် အမဲလိုက်ပွဲမှာ ဘယ်လို ပါနိုင်တော့မှာလဲ"
ထိုအရာကို ကြားပြီးနောက် သခင်မနင်း၏အမူအရာသည် အနည်းငယ်ပြန်ကောင်းလာလေသည်။
အမှန်ပင် သူသည် တရားမဝင်သားဖြစ်လေသည်။
ဒီမျိုးမစစ်သည် အသက်ရှင်လို စိတ်ပြင်းပြစွာဖြင့် ကြံကြံခံခြင်းက နှစ်တွေအကြာကြီး သူ့အားမသတ်နိုင်သော်လည်း သူ(မ) တကယ်ကို သူ့အား မင်းသားနင်းဖူအိမ်တော်မှ ပျောက်ကွယ်သွားစေချင်ရင် လက်လေးတစ်ချက်လှည့်လိုက်ရုံပင်ဖြစ်သည်။
လုဟွမ် ယခုရက်ပိုင်းတွင် ဘာလုပ်နေသည်ဆိုတာကို အစေခံများအား မေးခွန်းအနည်းငယ်မေးပြီးနောက် သူ(မ)၏အမူအရာသည် ရက်စက်သောအသွင်ဖြစ်သွားလေသည်။
သခင်မကြီးက သူ့အား နေထိုင်ရန် နေရာချီးမြင့်ထားပြီး ဘယ်သူမှ သူ့အား နှောင့်ယှက်ခွင့်မပြုဟု အမိန့်ထုတ်ထားစဥ်ကတည်းက ဘယ်သူမှ ခြံဝင်းထဲသို့ မသွားရဲတော့ပေ။ ပြီးတော့ မင်းသားနင်းတောင် သခင်မကြီးအား ကြောက်ရလေသည်။ အိမ်တော်ဝင်းအတွင်းမှ ဘယ်သူမှ သခင်မကြီး၏အမိန့်အား မနာခံဘဲမနေရဲပေ။
သူ(မ)ရရှိသောအဖြေမှာ ထိုမျိုးမစစ်သည် သူရရှိသောငွေစသုံးတုံးအား ပစ္စည်းကိရိယာများ၊ မျိုးစေ့များနှင့် ကြက်များဝယ်ရန် သုံးလေသည်။ သူသည် ခြံဝင်းထဲတွင် ကြက်များမွေးမြူ၍ ဟင်းသီးဟင်းရွက်များ စတင်စိုက်လေသည်။
သခင်မနင်း ထိုအရာအားကြားပြီးနောက် လှောင်ရယ်လေသည်။ သူ(မ)ထင်သည်မှာ သူသည် ထိုပိုက်ဆံများဖြင့် အစေခံများငှားပြီး ကိစ္စကြီးလုပ်လိမ့်မည် ဟူ၍ပင်ဖြစ်သည်။ သူ(မ)မမျှော်လင့်ထားသည်မှာ သူသည် ခြံဝင်းငယ်လေးထဲတွင် သူ့ကိုယ်သူ နွေးထွေးစေဖို့နှင့် လုံလောက်စွာ စားသောက်ရစေရန် ကြက်များမွေးမြူခြင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းတို့သာ လုပ်ဆောင်လိမ့်မည်ဟူ၍ဖြစ်လေသည်။
"မေ့လိုက်တော့၊ ဒီသနားစရာ နောက်လိုက်လေးမှာ ဘာရည်မှန်းချက်မှမရှိဘူး။ ငါ သူ့ကို အစိုးရိမ်လွန်နေတာပဲ"
သခင်မနင်းသည် စိတ်ချလက်ချဖြစ်သွားလေသည်။
နောက်တစ်နေ့တွင် လုဟွမ်သည် ပြန်စာကိုစောင့်နေလေသည်။
မနက်မိုးလင်း၍ မျက်လုံးပွင့်သောအခါ သူ၏ရင်ထဲတွင် ရင်တုန်မှုများဖြင့် ပြည့်နေလေသည်။ သူ၏အပြင်ဝတ်အားထပ်မဝတ်ရသေးခင် သူ၏အတွင်းခံဝတ်ဖြင့်ပင် အိပ်ယာမှထပြီး စားပွဲနားသို့ သွားလိုက်လေသည်။ ရှုပ်ထွေး၍မဖော်ပြနိုင်သောခံစားချက်ဖြင့် သူသည် စာရွက်အား ကောက်ကိုင်၍ ကြည့်လိုက်လေသည်။
"..."
လုဟွမ်သည် အရှုံးမပေးပေ။ သူသည် စာရွက်အားလှန်လိုက်၍ တစ်ခြားတစ်ဖက်သို့ ကြည့်လိုက်လေသည်။
ဒါပေမဲ့ တစ်ခြားတစ်ဖက်သည်လည်း ဗလာပင်ဖြစ်သည်။
လုဟွမ်သည် သူ့မျက်လုံးများအား အနည်းငယ်မှေးလိုက်လေသည်။ သူတောင် သတိမထားမိလိုက်ဘဲ သူ့ရဲ့နက်မှောင်နေသောမျက်လုံးထဲတွင် စိတ်ပျက်မှုအရိပ်အယောင်များပေါ်လာလေသည်။
ဒါပေမဲ့ သူသည် ခေါင်းကို လျှင်မြန်စွာမော့၍ စားပွဲပေါ်တွင် စာရွက်အားပြန်တင်ပြီး မှင်ဖြင့် ဆက်ဖိထားလိုက်လေသည်။ သူသည် ပိုပြီးသိသာစေရန် ဆီခမ်းခါနီး မီးအိမ်ကိုလည်း တင်ထားလိုက်လေသည်။
သူထင်လိုက်သည်မှာ ထိုသူပေါ်လာနေကြအတိုင်းဆိုလျှင် သူသည် မနေ့ညက ပေါ်မလာနိုင်ပါ။ သူ၏လက်ရေးကို သူမတွေ့သည်မှာပုံမှန်ပင်ဖြစ်သည်။
သူသည် သုံးရက်ထက်ပို၍စောင့်ခဲ့သည်။
အခန်းအပြင်တွင် ကြက်တွန်နေပြီ။ လုဟွမ်သည် ယနေ့အပြင်ထွက်ပြီးနောက် အစားအသောက်များအား လဝက်အတွင်း ကျင်းပမည့် ဆောင်းငှက်တော င်အမဲလိုက်ပွဲအတွက် လေးနှင့်မြားတို့နဲ့လဲရန် စီစဥ်ထားလေသည်။
ဒါပေမဲ့ စျေးထဲမှ လက်နက်ရောင်းသူများ ရောင်းသော လေးနှင့်မြားသည် သာမန်မုဆိုးများ အသုံးပြုသော အရည်အသွေးနိမ့်သည့် လေးနှင့်မြားသာလျှင်ဖြစ်သည်။ လေကြိုးသည်လည်း မတင်းသလို မြားခေါင်းသည်လည်း မထက်ပေ။ လေးတစ်ခုကောင်းကောင်း လိုချင်ပါက သစ်သားနှင့်ငှက်မွှေးဝယ်ပြီး ကိုယ့်ဘာသာလုပ်ရင် ပိုကောင်းမည်။
သစ်သားနှင့်ငှက်မွှေးများသည် ရှားပါးပစ္စည်းများ ဖြစ်သည်။ သူဝယ်ချင်ပါက အနည်းဆုံး ငွေစငါးတုံးလောက် လိုမည်။
ငွေစငါးတုံးသည် နည်းသည့်ပမာဏ မဟုတ်ပေ။ မင်းသားနင်းဖူအိမ်တော်၏ အိမ်ထိန်းသည်ပင် တစ်လလျှင် ငွေစသုံးတုံးသာရသည်။
လုဟွမ် မျက်မှောင်ကြုတ်လိုက်လေသည်။ သူသည် ထိုအချိန်က မစဥ်းစားခဲ့ပါ။
သူသည် ဝတ်ရုံဟောင်းအား ခြုံလိုက်ပြီး ခေါင်းအားငုံ၍ ထိုသူချုပ်ပေးထားသော တိရိစ္ဆာန်သားရေအား ထိ ကြည့်လိုက်လေသည်။ သူ၏လက်ချောင်းများသည် ရုတ်တရက်ကြမ်းသွားသလို ခံစားလိုက်ရလေသည်။
သို့သော်လည်း သူသည် တစ်စုံတစ်ယောက်က ချုပ်ရာတစ်ချက်ချင်း သေချာချုပ်ထားသည်အား တွေးမိသောအခါ သူ၏အမူအရာ ကင်းမဲ့နေကြဖြစ်သော မျက်လုံးနှင့်မျက်ခုံးတို့တွင် နူးညံ့မှုများ ဖြတ်ပြေးသွားလေသည်။
မည်မျှပင် ကြမ်းတမ်းနေပါစေ၊နွေးထွေးမှုသည်အတိုင်းထက်အလွန်ပင်ဖြစ်သည်။
သူသည် ဗီရိုထဲမှ အထူးဇိမ်ခံမြေခွေးသားရေကုတ်အား စိုက်ကြည့်လိုက်လေသည်။ အဲဒါသည် ကျက်သရေရှိပြီး ဇိမ်ရှိလှသော်လည်း ထိကြည့်ရန် သူ့တွင် ရည်ရွယ်ချက်အနည်းငယ်မျှပင်မရှိချေ။ သူ့တွင်ပိုက်ဆံပြတ်နေသောကြောင့် အဲဒါကိုပေါင်ရန် ရည်ရွယ်ချက်လည်းမရှိပေ။
သူသည် အခန်းထဲမှ ထွက်လိုက်သည်။ အရင်နေ့များကလိုပင် သူသည် ကြက်ခြံအားသွား၍ ကြက်ဥအသစ်များဥထားမလား သွားကြည့်လိုက်လေသည်။
ကြက်များသည် သူဝင်လာသည်အားမြင်သည်နှင့် ပျံပြေးကြလေသည်။
လုဟွမ်သည် ကြက်ခြံထဲတွင် ထိုသူလုပ်ထားခဲ့သည့် ဆောင်းခိုအမိုးအကာ ကို ကြည့်လိုက်လေသည်။ သူသည် ဖယောင်းပုဆိုးနှင့်
တစ်ခြားပစ္စည်းများ သုံးထားသည်ကို သတိပြုမိသော်လည်း အမိုးအကာ တည်ဆောင်ပုံမှာ အလွန်ထူးဆန်းနေသည်။ ကြက်မွေးမြူသော လူများ၏အိမ် ဒါမှမဟုတ် ရှေးဟောင်းစာအုပ်များတွင် ယခုကဲ့သို့တည်ဆောက်ပုံမျိုး မတွေ့ဖူးပေ။
ဒါပေမဲ့ ထူးဆန်းသည့် အရာများထဲမှ ပိုပြီးထူးဆန်းသည်မှာ အထဲမှအပူချိန်သည် အပြင်မှ အေးခဲလှသော ရာသီဥတုထက် သိသာစွာနွေးထွေးနေသည်။
တစ်နည်းအားဖြစ်ပြောရရင် ဒီ အမိုးအကာ သည် လွန်စွာအသုံးဝင်ပေသည်။ ချမ်းသာသည့်လူများပင် ယခုအထိ အသုံးပြုဖူးပုံမပေါ်ပေ။
ဒါပေမဲ့ ထိုလူသည် ထိုအရာအား ဘယ်လိုလုပ်တာလဲ။
လုဟွမ်သည် အလွန်ပဟေဠိဆန်သွားလေသည်။ သိချင်စိတ်ဖြင့် လုဟွမ်သည် ကြက်မ၏ အသိုက်နားသို့ ချဥ်းကပ်သွားပြီး ထိကြည့်လိုက်လေသည်။ သူသည် ချက်ချင်းကြက်သေသေသွားလေသည်။
သူသည် အနည်းငယ်တုန်လှုပ်သွားလေသည်။
သူထိ ကြည့်လိုက်သည့်အချိန်တွင် သူသည် ကြက်ဥဆယ်လုံးထက်ပိုပြီး ထိကြည့်မိလိုက်လေသည်။ ကြက်ဥ တစ်ဒါဇင်လောက် ဖြစ်နေလေသည်!
အသိုက်သည် အလွန်မှောင်နေသည်။ လုဟွမ်သည် ဆီမီးအိမ်အားယူရန် ပြန်သွားပြီး မြန်မြန်ပ င်မီးထွန်းလိုက်လေသည်။ သူသည် ကြက်ဥများအား တစ်လုံးချင်းထုတ်လိုက်သည်။ တစ်နေ့တည်း ရှိသေးသောကြောင့် သူထုတ်လေလေ အံ့သြလေလေဖြစ်နေသည်။ ကြက်မဥဥသောအရေအတွက်သည် သူထင်ထားတာထက်ပင် ကျော်လွန်နေလေသည်!
သူ ကြက်ဥများ ထုတ်ယူပြီးသောအခါ မြေပြင်ပေါ်မှ ကောက်ရိုးများသည် ကြက်ဥများဖြင့် ဖုံးခံလိုက်ရသည်။
လုဟွမ်သည် မျက်မှောင်ကြုတ်၍ ရေတွက်လိုက်လေသည်။ ခြောက်ဆယ့်ရှစ်လုံးခန့်ရှိလေသည်။
ကြက်ဥတွေကို တောင်ကုန်း သေးသေးလေးကဲ့သို့ စီထားလိုက်လေသည်။
ကြက်များသည် သူ့ကို အပြစ်ကင်းစွာ ကြည့်နေပြီး အစာကျွေးခြင်းတွင် ကြီးထွားမှု အထောက်အကူပစ္စည်းများ ရှိသကဲ့သို့ အရူးအမူး ထိုးကြိတ်ပြီး အစာတောင်းနေကြသည်။
သူ စကားမပြောနိုင်တော့ပေ။
ရှေးစာအုပ်များမှ လုဟွမ်သိသည်မှာ ပုံမှန်အခြေအနေတွေအရဆို ကြက်မတစ်ကောင်သည် တစ်နေ့လျှင် ကြက်ဥတစ်လုံးသာဥနိုင်လေသည်။
ပိုဆိုးသည်မှာ အခုအချိန်သည် အရမ်းအေးသော ဆောင်းရာသီဖြစ်သည်။ နေရာတိုင်းတွင် ပျက်စီးမှုများနှင့် ကြုံရလေသည်။ ကြက်ဥဥသော ကြက်မ အရေအတွက်သည်လည်း နည်းလောက်လေသည်။ အပြင်လမ်းဘေးမှ ကြက်မွေးသော စျေးသည်များသည် အကုန်လုံး မျက်မှောင်ကြုပ်၍ သူတို့သည် ဆောင်းရာသီကို မရှင်သန်နိုင်တော့မည်ကို စိုးရိမ်နေကြလေသည်။
ဒါပေမဲ့ သူဘယ်လိုလုပ်…
သူ၏ကြက်မတွေက ဘယ်လိုလုပ်ပြီး အရမ်းတွေ ကြက်ဥဥနေကြတာလဲ။
သူတို့မရပ်ကြတော့ဘူးလား!
သူဝင်လာရုံလေးနဲ့ ကြက်မတွေက ကြက်ဥဥဖို့ ပြင်နေကြပြီလား!
သူသည် ထိုလူထားခဲ့သည့် ဆောင်းခိုအမိုးအကာ နဲ့အစာခွက်ကိုလည်း ထူးဆန်းစွာ ကြည့်လိုက်လေသည်။ သူသည် သူ၏စိတ်ထဲတွင် အလွန်ရှုပ်ထွေးနေသည်။
အရင်တုန်းက သူသည် ထောင်ချောက်တစ်ခုခု ရှိလိမ့်မည်ဟုတွေးပြီး ထိုလူအား အလွယ်တကူ မယုံကြည်နိုင်ခဲ့ပေ။ ဒါပေမဲ့ ရက်အနည်းငယ် ကြာပြီးနောက် သူ ယာယီ ယုံကြည်လိုက်သည်မှာ ထိုသူသည် သူ့အား နာကျင်စေသည့် ရည်ရွယ်ချက်မရှိပေ။ ဒီနေရာတွင် ကြက်ဥများနှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ မရှိနိုင်ပေ။
ထို့သို့တွေးပြီးနောက် နှင်းကဲ့သို့ စွတ်စွတ်ဖြူနေသော လုဟွမ်၏မျက်နှာသည် သူ၏လက်ထဲက ဆီမီးအိမ်မှ အနွေးဓာတ်လေးများ ဖုံးလွှမ်းလာလေသည်။
သူသည် မျက်လုံးအားချ၍ ကြက်ဥများအား ကြည့်လိုက်လေသည်။ အနည်းငယ်ကြာပြီးနောက် သူသည် ထောင့်တစ်နေရာတွင် ခြင်းအားရှာတွေ့လေသည်။ ကလေးတစ်ယောက်လိုပင် သူသည် မြေပြင်၌ထိုင်၍ ကြက်ဥတစ်လုံးချင်းစီ ထည့်လိုက်လေသည်။
စုရှီသည် ဆေးရုံတွင်နေသည်မှာ ဆယ်ရက်ကျော်ကြာပြီဖြစ်သည့်အတွက် သူ(မ)သည် ဆေးရုံဆင်းရန် အချိန်ရောက်လာလေပြီ။ ထို့ကြောင့် မနက်စောစောမှာပင် အမေစုသည် ဆေးရုံသို့လာပြီး သူ(မ)နောက်ဆုံးဆေးစစ်သည်ကို အဖော်ပြုပေးရန် လာလေသည်။ ဆေးစစ်ပြီးနောက် သူ(မ)သည် နောက်တစ်ရက်တွင် ဆေးရုံဆင်းလေသည်။
အမေစုသည် ယခုအခါတွင် ပိုက်ဆံအား မပူတော့ပေ။ သူ(မ)သည် လေပေါ်လွင့်နေသကဲ့သို့ပင် တက်ကြွစွာလျှောက်နေလေသည်။ စုရှီအတွက် အသီးနှစ်လုံးအား ဝယ်၍ ဒီအပတ်အတွက် သူ(မ)ကို မုန့်ဖိုးအနေဖြင့် ဝီချက်ကနေယွမ်နှစ်ရာ လွှဲပေးလေသည်။
စုရှီသည် ပန်ကိတ်အား ပါးစပ်တွင်ကိုက်၍ မျက်ရည်များကျလာလေသည်။
မနက်ပိုင်းတွင် အချိန်များစွာ ကုန်ပြီးနောက် ဂိမ်းထဲတွင် သုံးရက်ကုန်သွားလေပြီ။ စုရှီသည် ထိန်းမထားနိုင်တော့ပါ။ သူ(မ)သည် ဆေးစစ်ရန် တန်းစီစောင့်နေစဥ် ဖုန်းအားထုတ်၍ ဂိမ်းထဲဝင်လိုက်လေသည်။
သူ(မ)လိုင်းပေါ်ရောက်သည့်အခါ ကျိုက်ကျိုက် အိမ်ပြင်မထွက်သည်မှာ ရှာပါးလေသည်။ ထိုအစား သူသည် ခြံထဲတွင် အလုပ်များ နေလေသည်။ ပြီးတော့ သူသည် သူ(မ)ပြင်ဆင်ထားပေးသည့် အဝတ်အစားကို ဝတ်ထားလေသည်။
မူလပုံစံကို အဖြူရောင်ဝတ်ရုံဟောင်း ဝတ်ဆင်ထားသော ပိန်သေးသေးပုံစံငယ်လေးအနေနဲ့ဖော်ပြခံရရင် လက်ရှိတိရိစ္ဆာန်သားရေနှင့် လုပ်ထားသောဝတ်ရုံ ဝတ်ဆင်ထားသောပုံစံသည် လက်တိုခြေတိုများနှင့် အမဲလိုက်သူ ပုံစံပေါက် နေလေသည်။ စခရင်တွင် ပတ်ပြေးနေသည့် အကောင်ငယ်လေးနှင့် တူနေလေသည်!
စုရှီသည် တန်းစီ စောင့်နေလေသည်။ သူ(မ)သည် သူ(မ)၏ပါးမို့အား ပုတ်၍ ရယ်ချင်စိတ်ကို ထိန်းထားလိုက်သည်။ သူ(မ)၏နှလုံးသားသည် အရည်ပျော်ကျနေပြီဖြစ်သည်။
သူ၏ဂိမ်းဇာတ်ကောင်အတွက် စွမ်းရည်တွေကိုဝယ်ဖို့ ပိုက်ဆံသုံးသော ဂိမ်းကစားသူများ၏စိတ်ကို အခုတော့သူ(မ)နားလည်နေပြီဖြစသည်။
သူ(မ)ဆိုရင် ကျိုက်ကျိုက်အဝတ်မျိုးစုံဝတ်သည်ကိုတွေ့ချင်လှပေပြီ။
သနားစရာကောင်းသည်မှာ ကျိုက်ကျိုက်သည် အလွန်ခေါင်းမာပြီး သူ(မ)ပေးတဲ့အဝတ်အစားများကို အလွယ်တကူ လဲဝတ်မှာမဟုတ်ပေ။
ဒါပေမဲ့ ကျိုက်ကျိုက်ဘာတွေအလုပ်များနေတာလဲ။
စုရှီသည် သူကြက်ခြံထဲမှ ပြန်ထွက်သွားသည်ကို တွေ့ရလေသည်။ သူ့လက်ထဲမှ ခြင်းတောင်းအား သေချာမြင်ကွင်းချဲ့ကြည့်လိုက်လေသည်။ ကြက်ဥအများကြီးအား မြင်လိုက်သောအခါ သူ(မ)သည် တုန်လှုပ်သွားလေသည်။ သုံးရက်သာရှိသေးသော်လည်း ကြက်မများက ကြက်ဥအများကြီးဥထားတာပဲ!
ဆိုင်မှဝယ်ခဲ့သည့် ဥနှုန်းတိုးစေတဲ့ဆေးရဲ့ရလဒ်က အရမ်းကြောက်ဖို့ကောင်းနေတာပဲ!
"အဲဒါတွေအားလုံးက ဆောင်းခိုအမိုးအကာရဲ့ ကျေးဇူးပဲ" စနစ်က ပြောလိုက်သည်။ "ဆိုင်မှ ပစ္စည်းအားလုံးက 100% အကျိုးရှိတာလေ။ ဒါကြောင့် အဖျားပျောက်ဆေးရဲ့ ပြန်လည်ကောင်းမွန်နိုင်စွမ်းက အရမ်းမြင့်တာ။ ပိုက်ဆံထပ် မသုံးချင်ဘူးဆိုတာ သေချာလား၊ မိန်းကလေး"
စုရှီတွင် ပိုက်ဆံရှိ သော်လည်း စုရှီသည် သေချာပေါက် မစဉ်းစားဘဲ ပိုက်ဆံသုံးမည့်သူ မဟုတ်ပေ။ သူ(မ)သည် စနစ်အား လျစ်လျူရှုလိုက်ပြီး မျက်နှာပြင်ပေါ်မှ ကျိုက်ကျိုက်အား ပျော်ရွှင်နေသော မျက်နှာဖြင့် ကြည့်လိုက်လေသည်။ ပြီးတော့ သူ(မ)သည် အိမ်ထဲတွင် ရှင်းလင်းစရာများ ရှိနေလေမလားဆိုပြီး အိမ်ထဲသို့ ပြောင်းကြည့်လိုက်လေသည်။
ထို့ကြောင့် အဲဒီအချိန်တွင် သူ(မ)သည် စားပွဲပေါ်တွင် မှင်၊ စာရွက်နှင့်စာလုံးအနည်းငယ်တို့အား တွေ့ရလေသည်။
"မင်းဘယ်သူလဲ"
လက်ရေးသည် အလွန်သန့်ရှင်းနေလေသည်။ မြန်မြန်ရေးထားတာဆိုသော်လည်း ဂရုမစိုက်ဘဲ ရေးထားတာတော့မဟုတ်ပေ။ ကြည့်ရတာ ကျိုက်ကျိုက်သည် ဒီစာရေးနေချိန်တွင် စိတ်ထဲတွင် ရှုပ်ထွေးနေပုံရနေသည်။
စုရှီသည် မှင်သက်နေလေသည်။ ဒါသည် ဂိမ်းဇာတ်ကောင်နဲ့ ဂိမ်းဆော့သူကြားက ဆက်နွယ်မှုအနေနဲ့ ဂိမ်းဒီဇိုင်းက ဖန်တီးပေးထားတာလား။
သေချာပေါက် သူ(မ)သည် ပြန်ဆက်သွယ်ချင်သော်လည်း သူ(မ)သည် စားပွဲပေါ်မှစုတ်တံအားယူပြီး စာရွက်ပေါ်တွင် ရေးရန်ကြိုးစားသောအခါ မှင်သည်ထွက်မလာပေ။
သူ(မ)သည် တားမြစ်ခံရဆဲ ဖြစ်ပြီး ကျိုက်ကျိုက်နှင့်မဆက်သွယ်နိုင်ပေ။
သူ(မ)သည် အမှတ် ၁၀၀ သုံးရပေမည်။ မစ်ရှင်လုပ်ဖို့ သူ(မ)ဘယ်လောက်တောင်ကြာဦးမှာလဲ။
စုရှီသည် စုတ်တံအားပစ်လိုက်လေသည်။
သူ(မ)သည် စနစ်အားပြောလိုက်သည်။ "လက်ရှိမှာ အဓိကမစ်ရှင်နှစ်ခုက အပြီးသတ်မရောက်သေးဘူး။ အဓိကမစ်ရှင်ကလွဲလို့ အမှတ်တွေ မြန်မြန်တိုးစေမည့်နည်းလမ်းများရှိဦးမလား"
စနစ်က ပြောလိုက်သည်။ "နောက်ဆုံးတစ်ကြိမ်က မိတ်ဆက်ပြီးပြီ။ အဓိကမစ်ရှင်ကိုပြောရရင် မင်းရဲ့ဇာတ်ကောင်ကို သူ့ရဲ့စွမ်းရည်၊ သူ့ရဲ့ဆက်ဆံရေး၊ အပြင်ပတ်ဝန်းကျင်၊ ပြင်ပပုံစံ၊ ကိုယ်ခန္ဓာကြံ့ခိုင်ရေးတွေကို ပိုပြီးကောင်းမွန်လာဖို့ လမ်းကြောင်းဖောက်ပေးနိုင်တယ်။ ဒါတွေက အမှတ်တွေတိုးလာနိုင်တယ်"
ပြင်ပပတ်ဝန်းကျင်သည် စုရှီ ဂိမ်းစကစားချိန်တွင် အမှတ် အများဆုံး အသုံးရဆုံးဖြစ်သည်။ တစ်ခြားအနေနှင့်မူ အမှတ်တိုးစေသောအချင်းချင်းဆက်ဆံရေးမှ ပါးနှစ်ချက်ရိုက်၍ အမှတ်တိုးသည့်အခါသာရှိလေသည်။
ကိုယ်လက်ကြံ့ခိုင်မှု…
ကျိုက်ကျိုက်ကို ဆက်လက်လှုပ်ရှားရန် တွန်းအားပေးရမည်လား ဒါမှမဟုတ် အဲလိုမျိုးလုပ်ရမလား။ ဒါပေမဲ့ သူ(မ)သည် သူနှင့်မဆက်သွယ်နိုင်ပေ။ ထို့ကြောင့် အခုအချိန်တွင် သူ(မ)အနေဖြင့် သေချာပေါက်သူ့ကို ထိုသို့လုပ်ခိုင်း၍မရပေ။
စွမ်းရည်တွေ...
စုရှီသည် ဒီနယ်ပယ်အား ဘယ်လို စတင်ရမည်ကို လေ့လာလေသည်။
စနစ်သည် မစ်ရှင် အသေးစားတစ်ခု ပို့လာလေသည်။
"မစ်ရှင်အသေးစား ၁: ဇာတ်ကောင်ပြုလုပ်မည့် လေးပေါ်တွင် လေးကြိုးလှလှပပလေးတစ်ခု ချည်ပေးပါ။ ဒီမစ်ရှင်အသေးစားပြီးမြောက်မှုအတွက် ဆုတွေရပါမယ် "
စုရှီသည် ပြောစရာမဲ့သွားလေသည်။
? ? ?
ဘယ်လိုထူးဆန်းသည့်မစ်ရှင်လဲ။ ကျိုက်ကျိုက်သည် အပြင်ဘက်တွင် အေးစက်မာကြောသော်လည်း သူသည် အတွင်းထဲတွင် လေးကို သဘောကျသည့် နူးညံသောမင်းသားလေးလား။
သူ(မ)မေးလိုက်သည်: "အခုအချိန်မှာလုပ်လို့ရဦးမယ့် တစ်ခြားမစ်ရှင်အသေးစားလေးများ ရှိမလား"
စနစ်သည် ဖော်ပြလေသည်: "မင်းသားနင်းဖူအိမ်တော်တွင် စားဖိုမှူးဒင်း လို့ခေါ်တဲ့ စားဖိုမှူးတစ်ယောက်ရှိတယ်။ သူက နွေဦးထယ်ထိုးတာနဲ့ ဆောင်းဦးရိတ်သိမ်းတာတွေမှာ အရမ်းအရည်အချင်း ရှိတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က အိမ်ထိန်းက သူ့ကို မှားယွင်းစွာစွပ်စွဲခဲ့ပြီး အရှက်ခွဲခဲ့လေသည်။ သူက နှုတ်ထွက်ပြီး ကျေးရွာကို ပြောင်းရန် စီစဥ်နေတယ်။
အနာဂတ်မှာ သူက အပြင်ဘက်မှ မြေများအား ဝယ်ယူ၍ စီးပွားရေးကို လုပ်ကိုင်နိုင်ပြီး ဂိမ်းဇာတ်ကောင်၏ ညာလက်ရုံး ဖြစ်လာနိုင်ပေသည်။ သူ့ကိုရှာပြီး ဂိမ်းဇာတ်ကောင်ကို ကူညီပေးဖို့ သူ့ကိုခွင့်ပြုလိုက်ပါ"
ဒီမစ်ရှင်သေးနှစ်ခုအတွက်အချိန်စာရင်းသည် စောနေသေးသောကြောင့် ယခုအချိန်တွင် စုရှီသည် မှတ်စုထဲတွင် မှတ်ထားလေသည်။
စုရှီသည် မစ်ရှင်သေး၏ မျက်နှာပြင်အားပိတ်၍ ကျိုက်ကျိုက် လုပ်ဆောင်နေသောခြံထဲသို့ သွားခဲ့လေသည်။
ခြံထဲတွင် လုဟွမ်သည် ကြက်ဥများအားလုံးကို သစ်သားခြင်းတောင်းထဲသို့ ထည့်လိုက်လေသည်။ သူသည် ကြက်ဥတွေကို ဝတ်ရုံဟောင်းဖြင့်ထုပ်လိုက်ပြီး မင်းသားနင်းဖူအိမ်တော်၏တံခါးဘေးသို့ သွားလိုက်လေသည်။
အရင်သုံးရက်က ကြက်မများသည် ကြက်ခြံနွေးနွေးလေးတွင်နေပြီး ကြက်မတစ်ကောင်ချင်းစီတိုင်းသည် နေ့တိုင်းဥဥသောကြက်ဥအရေအတွက်ကို ထိန်းသိမ်းနိုင်ခဲ့လေသည်။
ဒီတစ်ကြိမ်တွင် သူ ကြက်ဥအရေအတွက်ကို ရေတွက်ပြီးနောက် စုစုပေါင်း၁၉၂လုံးရှိသည်ကို တွေ့ရလေသည်။
ကြက်ဥသည် အလွန်များသောကြောင့်လေးလှပေသည်။ လုဟွမ်သည် သူငယ်စဥ်ကတည်းက ဓားသိုင်းကိုသာ ခိုးမသင်ခဲ့ဘဲ သန်သာ မသန်မာခဲ့ဘူးဆိုလျှင် သူသည် ဒါတွေကို မနိုင်မည်မဟုတ်လောက်ပေ။ မင်းသားနင်းဖူအိမ်တော်ကို သွားသည့်ကိုယ်ရံတော်က ကြက်ဥများကို လှမ်းယူလိုက်သောအခါ သူလန့်သွားလေသည်။
ဘေးတံခါးသည် စတုတ္ထကိုယ်လုပ်တော်၏ ခြံဝင်းဖြစ်ပြီး ပိတ်ထားလေသည်။ စုရှီသည် အရင်တစ်ခေါက်ကတည်းက သော့ဖွင့်ပြီးသားဖြစ်၍ သူ(မ)သည် မျက်နှာပြင်အားလိုက်၍ ကျိုက်ကျိုက်သည် ကိုယ်ရံတော်အား ကြက်ဥများလွှဲပြောင်းပေးလိုက်သည်ကို တွေ့လိုက်ရလေသည်။
ကိုယ်ရံတော်၏ခေါင်းထဲတွင် စာများပေါ်လာလေသည်။
? ? ? ! ! !
ကိုယ်ရံတော်သုံးသည် သစ်သားခြင်းပေါ်က ဝတ်ရုံအား ဖွင့်လိုက်လေသည်။ အထဲမှကြက်ဥအရေအတွက်ကို မြင်လိုက်ရသောအခါ သူ၏မေးရိုးသည် အောက်ပြုတ်ကျနေသည်။ သူသည် လုံးဝ စကားမပြောနိုင်ဖြစ်သွားလေသည်။
မင်းသားနင်းဖူအိမ်တော်မှ လူတိုင်းသိကြသည်မှာ တတိယသခင်လေးသည် သခင်မကြီးဆီမှ မြေတစ်ခုလုံးကို ဆုအနေနှင့် ရရှိပြီးနောက် သူသည် ဟင်းသီးဟင်းရွက်များ စိုက်ပျိုး၍ ကြက်များ မွေးမြူလေသည်။ ဒါသည် နားလည်၍ရပေသည်။ ပြီးတော့ တတိယသခင်လေးသည် လတိုင်း ငွေစအတုံးနှစ်ဆယ်ရသည့် တရားဝင်သခင်လေးနှစ်ယောက်နဲ့မတူပါ။ သူ၏လက်ရှိအခြေအနေသည် အရင်ကထက် ပိုကောင်းလာသော်လည်း အပယ်ခံ ဖြစ်နေတုန်းပင်ဖြစ်သည်။ သူသည် စားဝတ်နေရေးလုံလောက်ရုံသာရှိသည်။
ထို့ကြောင့် သူသည် လုဟွမ်၏ပိုက်ဆံအား လက်ခံပြီး မင်းသားနင်းဖူအိမ်တော်သို့ လုဟွမ် အရောင်းအဝယ်လုပ်သည်ကို ကူညီရန် သဘောတူခဲ့လေသည်။ သူထင်ထားသည်မှာ လုဟွမ်သည် အစားအသောက်အတွက် လတိုင်း အနည်းငယ်လောက်သာ အရောင်းအဝယ်လုပ်မည်ဟူ၍ပင်ဖြစ်သည်။
ဒါပေမဲ့ ဘယ်သူက ဒီလိုထင်မှာလဲ...
တတိယသခင်လေးသည် ရက်အနည်းငယ်က ကြက်အနည်းငယ်သာလျှင် ဝယ်ယူခဲ့သော်လည်း သူ၏ကြက်မများသည် ကြက်ဥအများကြီးဥနေလေပြီ။
ကြက်ဥတွေအများကြီး!
ဘုရားရေ!
ကိုယ်ရံတော်သုံးသည် ငွေစအရေအတွက်အားတွက်ပြီး မူးမေ့လုနီးပါးဖြစ်သွားလေသည်။
အပြင်တွင် ဝက်တစ်ကောင်လုံးသည် ကြေးစသုံးဆယ်၊ ကြက်ဥတစ်လုံးသည် ကြေးစခြောက်စဖြစ်သည်။ ဒီကြက်ဥ၁၉၂လုံးသည် ငွေစ၁တုံးထက်ပိုသော တစ်ထောင့်တစ်ရာ့ငါးဆယ့်နှစ်စလောက် တန်လေသည်။
တတိယသခင်လေးသာ သုံးရက်ထဲ ကြက်မွေးရုံနှင့် ငွေစ၁တုံးထက် ပိုရနေလျှင် တစ်ခြားအရာတွေသာ ပေါင်းလိုက်ပါက သူသည် တစ်လလျှင် တစ်ခြားသခင်လေးနှစ်ယောက်ထက် ပိုပြီးချမ်းသာသွားမှာမလား!
ဒါ...
ကိုယ်ရံတော်သုံးသည် တံတွေးအား မျိုချလိုက်ပြီး ရုတ်တရက် ခံစားလိုက်ရသည်မှာ မင်းသားနင်းဖူအိမ်တော်မှ နှုတ်ထွက်ပြီး တတိယသခင်လေး နောက်လိုက်လျှင်လည်း ဆိုးသည့်အကြံတော့မဟုတ်ပေဟု ခံစားလိုက်ရသည်။
လုဟွမ်သည် ဘေးတံခါးမှ ပြန်သွားချိန်တွင် သူသည် လုဟွမ်အား ပစ္စည်းများရောင်းရန် တိတ်တဆိတ်ကူညီလေသည်။
သေချာပေါက် လုဟွမ်သည် မင်းသားနင်း၏အိမ်တော်တွင် တစ်ချိန်လုံးနေရန် စိတ်ကူးမရှိပေ။ သူသည် ဒီမြေယာအားမှီခို၍ ကိုယ်တိုင်စားသောက်ဖို့ သီးနှံများ စိုက်ပျိုးလေသည်။
သူသည် ပိုက်ဆံလိုနေသည်။ ဒါကြောင့် သူသည် မြေနှင့်လူအင်အားကို ပို၍လိုလေသည်။ အထူးအအေးဒဏ်ခံနိုင်သော အမိုးအကာနှင့်ပတ်သက်၍ ထိုသူလုပ်ခဲ့သောနည်းလမ်းများကို နားလည်နိုင်ပါက သူသည် ပြန်ကူးယူပြီး လုပ်နိုင်လေသည်။ သူသည် အပြင်က လယ်ယာကို တည်ဆောက်ဖို့ ဒါတွေကို အသုံးပြု၍ရသည်။
သူ့တွင်လယ်ရှိသည်နှင့် ငွေများသည်အဆုံးမရှိဝင်လာမည်ဖြစ်သည်။
သူစိတ်အဖိစီးဆုံးကိစ္စသည် တတိယနေ့၏ညနေခင်းပင် ဖြစ်လေသည်။ ထိုလူသည်... သူချန်ထားခဲ့သည့်မှတ်စုကို မြင်လေမလား။
ထို့သို့တွေးလိုက်ပြီးနောက် လုဟွမ်သည် ဝါးတောထဲသို့ မြန်မြန်လျှောက်၍ ပြန်လာလေသည်။
အရင်က သူဒီကို ပြန်လာသည့်အချိန်တိုင်း အေးစက်ပြီး အားငယ်စရာပင် ဖြစ်သည်။ သူ၏နှလုံးသည်ခုန်မနေပေ။ သူခံစားရသည်မှာ ကမ္ဘာကြီးသည် ကြီးသော်လည်း သူပိုင်ဆိုင်သည့် နေရာမရှိပေ။ အခုတွင်မူ သူသည် ကိုယ့်ကိုတောင် မစစ်ဆေးနိုင်လောက်အောင် သူ၏နှလုံးသားထဲတွင် မျှော်လင့်ချက် ရှိနေလေသည်။
ထိုသူသည် သူ့အားကစားနေသည် သို့မဟုတ် သူ့အား လှောင်ရယ်နေသည်ဘဲ ဆိုစေကာမူ သူတကယ်တမ်း မျှော်လင့်သည်မှာ ထိုသူသည် ဆက်ရှိနေပြီး ပျောက်ကွယ်မသွားဖို့ပင် ဖြစ်သည်။
လုဟွမ်သည် သူ့နှုတ်ခမ်းအား တင်းတင်းစေ့၍ မျက်လွှာအား ချလိုက်လေသည်။ သူ့မျက်လုံးထဲမှ အလင်းရောင်အား ဘယ်သူမှမမြင်စေရန် သူသည် အစွမ်းကုန်ကြိုးစားနေသည်။ ရှုပ်ထွေးပြီး မဖော်ပြနိုင်သော ခံစားချက်နှင့် သူသည်အိမ်ပြန်ရောက်တာနဲ့ သူ့ကိုယ်သူ စိတ်အေးအေးထားရန် အကောင်းဆုံး ကြိုးစားနေသည်။
ဒါပေမဲ့...
သူသည် မြန်မြန်လျှောက်သွားပြီး အသက်ရှူလိုက်ကာ မှတ်စုအားကြည့်လိုက်လေသည်။ ဒါပေမဲ့ အဲဒါသည် ထိုအတိုင်းသာ...
သူ၏လက်ရေးသာရှိလေသည်။
ဒါပေမဲ့ လုဟွမ်၏အကြည့်သည် အေးစက်သွားလေသည်။ စာရွက်၏ဘေးက စုတ်တံသည် တစ်ယောက်ယောက် ထိထားပုံရလေသည်။ ခြေရာများသည် သိပ်မသိသာသော်လည်း သူ၏သိနိုင်စွမ်းသည် အံ့သြဖို့ ကောင်းပြီး သူသတိထားမိဆဲပင်ဖြစ်သည်။
အဲဒါကြောင့် ထိုလူသည် ဒီမှာ ရှိခဲ့သည်!
ဒါပေမဲ့ ပြန်စာမရှိပေ။
ဘာလို့လဲ။
သူဂရုမစိုက်ဘူးလား။
ဒါမှမဟုတ် မလိုအပ်ဘူးလို့ထင်လို့လား။
လေအေးသည် ပြတင်းပေါက်အပြင်မှ ဖြေးညင်းစွာတိုက်ခတ်၍ လုဟွမ်လက်ထဲမှစာရွက်ပါးသည် လွှင့်နေလေသည်။ သူသည် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် စာရွက်အားလုံးချေပြီး လွှင့်ပစ်လိုက်လေသည်။
စခရင်အပြင်ဘက်တွင် စုရှီသည် ကျိုက်ကျိုက်၏ မျက်နှာအား ကူကယ်ရာမဲ့စွာ ကြည့်နေလေသည်။ သူ၏မျက်လုံးထဲရှိခံစားချက်များသည် အထီးကျန်မှုများဖြင့်ပြည့်နေလေသည်။
သူ(မ): ...
သူ(မ)လက်ထဲမှ ပန်ကိတ်လေးသည် ချက်ချင်းပင် အရသာမရှိတော့ပေ။