← Chapters

Chapter 18

Vol. 2 Ch. 18

Chapter 18

Vol. 2 Ch. 18

ပြောကြတာက ဤဂိမ်းသည် ဂိမ်းကစားသူ၏ ခံစားချက်ကို နိမ့်လိုက်ကျလိုက်ဖြစ်အောင် လုပ်သည့်နေရာ၌အရမ်းတော်သည်။ အရင်က စုရှီသည် တစ်ဆင့်ခြင်း တစ်ဆင့်ခြင်းသွားရန် စီစဉ်ထားခဲ့သည်။ ဒါပေမဲ့ သူ(မ)သည် ဂိမ်းအားသော့ဖွင့်ရန် ပိုက်ဆံသုံးလိုက်လျှင် ဂိမ်း၏အမြင့်ဆုံးအဆင့်သို့ ချက်ချင်း ရောက်သွားနိုင်ပေသည်!

ကျိုက်ကျိုက်၏ တိုက်တွန်းမှုကို ဘယ်သူက ခံနိုင်မှာလဲ။ ကျိုက်ကျိုက်သည် စားပွဲပေါ်တွင်ထိုင်၍ ခဏလောက်တိတ်ဆိတ်စွာ ရပ်နေလေသည်။ ထို့နောက် သူသည် သစ်သားအိမ်ထဲက တံခါးဝသို့သွား၍ ထိုင်လိုက်လေသည်။ သူ၏ဒူးပေါ်တွင် တံတောင်ဆစ်အား တင်၍ မျက်နှာအားလက်ဖြင့် ထောက်ထားလေသည်။ သူသည် ခြံဝင်းအလွတ်အား တိတ်ဆိတ်စွာ ထိုင်ကြည့်နေလေသည်။ နေသည် အနောက်အရပ်သို့ ဝင်နေလေပြီ။

စုရှီသည် အမှန်တကယ်ပင်ကြေကွဲနေလေသည်။

သူ(မ)သည် လျှင်မြန်စွာပင် မင်းသားနင်းဖူအိမ်တော်၏စားဖိုမှူးများ နေထိုင်ရာကို ပြောင်းလိုက်လေသည်။ မစ်ရှင်အသေးများအား တတ်နိုင်သမျှ မြန်မြန်ပြီးအောင်လုပ်ရန် ဆုံးဖြတ်ခဲ့လေသည်။ သူ(မ)သည် အမှတ် ၁၀၀ ရပြီး သော့ဖွင့်ရန် သူ(မ)ကိုယ်သူ(မ) သေသည်အထိ ကြိုးစားလေသည်။

သေချာပေါက် သူ(မ)မသိခဲ့သည်မှာ တံခါးရှေ့တွင် ထိုင်နေသော လုဟွမ်၏မျက်နှာတွင် အပိုခံစားချက်များ ရှိမနေပေ။ သူသည် မျက်မှောင်ကြုပ်၍ သေချာစဥ်းစားနေလေသည်။

ထိုလူသည် ဒီတစ်ကြိမ်တွင် မေးခွန်းအား မဖြေခဲ့သော်လည်း အနည်းဆုံးတစ်ခုတော့ သက်သေပြ နိုင်ပေသည်။ ထိုလူသည် အချိန်မှန် ပေါ်လာတတ်လေသည်။

သူသာ အချိန်ဇယားကို ခန့်မှန်းနိုင်ပါက သူကြိုတင်၍လက်ဦးမှုရယူနိုင်ပေသည်။

သို့ရာတွင် ထိုလူသည် တော်တော်လေး သတိကြီးသည်ကို လုဟွမ် သေချာပေါက်သိလေသည်။ သူအပြင် ထွက်ချင်ယောင်ဆောင်ပြီး ရုတ်တရက် လမ်းတစ်ဝက်ကနေ လှည့်ပြန်လာပါက သူ ဝါးတောထဲသို့ ရောက်ချိန်တွင် ထိုသူသည် လျှင်မြန်စွာပျောက်ကွယ်သွားသည်။

ဒီဟာသည် ကောင်းသည့် အကြံတော့ မဟုတ်ပေ။

ထို့အပြင် လုဟွမ် သတိထားမိသည်မှာ ထိုလူလုပ်သည့် အရာတိုင်းတွင် ရှင်းလင်းသည့် ရည်ရွယ်ချက်ရှိပေသည်။

ခေါင်မိုးပြင်ပေးခြင်းနှင့် မွေးနေ့ခေါက်ဆွဲပို့ပေးခြင်းတို့ကို ကြည့်ခြင်းအားဖြင့် သူ့အား ဂရုစိုက်ပြီး သူ့အတွက် အကျိုးရှိတာများသာ လုပ်ပေးပုံပေါ်လေသည်။ ထိုသူ့ အနေဖြင့် သူ့မေးခွန်းအား ဖြေရန် အဓိပ္ပါယ်မရှိဟု ယူဆသောကြောင့် သူတို့သည် အာရုံမစိုက်ခဲ့ပေ။

သေချာပေါက် ထိုအရာများသည် လုဟွမ်၏ခန်းမှန်းချက်သာဖြစ်လေသည်။

ထိုလူသည် တကယ်ပင် ဆန်းကြယ်လေသည်။ ရှာရခက်သော ခြေရာအနည်းငယ်သာ ချန်ထားသည်ကို တွေ့ရလေသည်။ လုဟွမ်အတွက် အသုံးဝင်သော အချက်အလက်များရရန် ခက်ခဲလေသည်။ သူ့အနေဖြင့် အနည်းငယ်သာ ခန့်မှန်းနိုင်လေသည်။

ထို့ကြောင့် အခု သူသိချင်သည်မှာ ထိုလူ၏ကိုယ်ရေးအချက်အလက်၊ သူလုပ်ရမည်မှာ ထိုလူချန်ခဲ့သော ခြေရာများမှ တစ်ဆင့်ရှာဖွေရန် ဖြစ်လေသည်။

ထိုသူသည် သူ့စာအား ပြန်မဖြေခဲ့သော်လည်း သူသက်သေပြရန် တစ်ခြားနည်းလမ်းသုံးရင်ရော။

သူ ထိုလူကို ရှာချင်သည်။

သူ၏အတွေးများသည် ဘာကြောင့်ဤမျှခိုင်မာနေသည်ကိုမသိပေ။

သူက အလင်းထဲရှိနေပြီး ထိုသူသည် အမှောင်ထဲတွင်ရှိနေခြင်းကြောင့်လား။ အခုလိုမျိုး မတုန်မလှုပ် အခြေအနေသည် သူ့အားမလုံခြုံမှုကိုခံစားရစေသည်။

ဒါမှမဟုတ် သူဖျားနေတုန်းက နှင်းများ ထူထဲစွာ ကျနေသော ည၌ သူ့အား ဂရုစိုက်ပေးခဲ့သောကြောင့် ဒီတိုင်း သိချင်ရုံပဲလား။ သူ၏ အကျိုးမရှိသောဘဝတွင် ပထမဆုံး မွေးနေ့လက်ဆောင်ပေးသောသူ၊ ဖိနပ်ကနေ တိရစ္ဆာန်သားရေအထိ အရာအားလုံးပေးသောသူ၊ သူ့အားအများကြီးလုပ်ပေးခဲ့သောသူ။ ထိုသူက ဘယ်သူလဲ။ သူ့ပုံစံက ဘယ်လိုလဲ။ သူ ဘာအဝတ်အစားတွေဝတ်လဲ။ သူ ဘာကြိုက်လဲ။

ဒါမှမဟုတ် ထိုသူသည် သူ့ဆန္ဒဖြင့် ရောက်လာပြီး ရက်အနည်းငယ် အကြာတွင် မီးခိုငွေ့ကဲ့သို့ အလျင်အမြန် ပျောက်ကွယ်သွားမည်ကို သူကြောက်တာလည်း ဖြစ်နိုင်ပေသည်။

ထိုသူသည် တစ်ရက်တွင် ရုတ်တရက် ပျောက်ကွယ်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘဲ ထိုသူမလာတော့ဘူး ဆိုတာကို သိသည့်အချိန်ထိ သူစောင့်ရုံသာရှိလေသည်။

ထို့နောက် သူ...

လုဟွမ်၏လက်ချောင်းများက ကွေးသွားသည်။

သူသည် မီးစာအသစ် ထည့်ပြီးချထားသော တံစက်မြိတ်အောက်က ယုန်မီးအိမ်အား ကြည့်လိုက်လေသည်။ သူ၏ မျက်လုံးများသည် ဖယောင်းတိုင် မီးအောက်တွင် မဲမှောင်ပြီး လက်နေလေသည်။ နောက်ကွယ်တွင် ဖုန်းကွယ်ထားသော ခံစားချက်များရှိနေလေသည်။

စုရှီသည် မစ်ရှင်အသေးတွင် ဆရာဒင်းအား မြေပုံပေါ်၌တွေ့လေသည်။ (ဇာတ်ကောင်က ဆရာဒင်းအား သုံးခွင့်ပြုသည်။)

ဘေးတံခါးမှ ချောင်းသည် စတုတ္ထကိုယ်လုပ်တော်နှင့်တစ်ခြားကိုယ်လုပ်တော်များ၏ခြံဝင်းနဲ့ မျက်နှာချင်းဆိုင်ဖြစ်သည်။ အလယ်တွင်နံရံအနည်းငယ်နှင့် ဥယျာဥ်ရှိလေသည်။ ညာဘက်သည် အစေခံများနေထိုင်ရာဖြစ်သည်။ ကံကောင်းစွာဖြင့် အရင်တစ်ခေါက်က သော့ဖွင့်လိုက်သောကြောင့် အခုအခါတွင် စုရှီသည် တခါထဲ နှိပ်လိုက်ရုံပင်ဖြစ်သည်။

ဒီနေရာသည် စားဖိုမှူး တချို့နေသောအခန်း ဖြစ်သည်။ ဆရာဒင်းတစ်ယောက်သာ နံရံကပ်အိပ်စင်၌ လဲနေလေသည်။

သူသည် မွဲခြောက်ခြောက်ပုံစံနဲ့ ပိန်ပါးပါးလူတစ်ယောက်သာ ဖြစ်လေသည်။ သူသည် အိပ်ရာပေါ်တွင် လဲလျောင်းနေလေသည်။ သူ့အသားအရေသည် လုံးဝမကောင်းပေ။

သူ့ဘေးတွင် ဆေးတစ်ပန်းကန် ရှိလေသည်။ မြေပြင်ပေါ်တွင် ဆေးနှင့်စွပ်ပြုတ်ပန်းကန်တို့ ပြန့်ကျဲနေလေသည်။

စုရှီသည် သူ့ကိုထိလိုက်လေသည်။

အင်တာဖေ့စ်တွင် စာချက်ချင်းပေါ်လာလေသည်။

"ဇာတ်ကောင်။ ဆရာဒင်း။

လက်ရှိအခြေအနေ။ HP ဘားတန်း- ၂၀%, ခံနိုင်ရည်ဘားတန်း ၅။ လက်ရှိတွင် တိုက်ဖွိုက်အဖျားရောဂါ ခံစားနေရလေသည်။ ရှေးအခါက ဆေးဝါးကုသမှုမတိုးတက်သေးသောကြောင့် တိုက်ဖွိုက်အဖျား တစ်ခါဝင်သည်နှင့် ဆိုးဝါးလေသည်။ သူ့ကိုကယ်ရန် ဆေးမရှိပေ။ သူသည် သေဖို့တွက်သာ စောင့်နေရတော့မည်"

သေချာပေါက် ဒီကိစ္စပင်ဖြစ်သည်။ တိုက်ဖွိုက်အဖျားသည် ရှေးခေတ်က အလွန်ဆိုးဝါးလေသည်။ အမွေခံမင်းသားများ၏ ဇနီးများသာ ပြန်ကောင်းနိုင်ပြီး သူတို့သည် တော်ဝင်သမားတော်ကို ပင့်နိုင်လေသည်။

သို့သော်လည်း ဆရာဒင်း၏ အဝတ်များသည် စုတ်ပြတ်နေပြီး သူသောက်သောဆေးများသည် ကျန်းဟူသမားတော်မှဆိုသည်မှာ သိသာလှပေသည်။ ဖြစ်နိုင်တာက မင်းသားနင်းဖူအိမ်တော်မှ သူစုဆောင်းထားသော စုငွေများကို သမားတော်ပင့်ရန် သုံးနေပုံရလေသည်။

ရုတ်တရက် စားဖိုဆောင်မှ အစေခံနှစ်ယောက် အပြင်မှ ဝင်လာလေသည်။ သူတို့သည် ဆရာဒင်း အိပ်ယာပေါ်တွင် လဲနေသည်ကိုမြင်ရသောအခါ ဆူငေါက်လေသည်။ "ဘာလို့ အခုထိ မထွက်သွားသေးတာလဲ။ အိမ်တော်ထိန်းက မင်းကို အထုပ်ပြင်ပြီး ထွက်သွားဖို့ ပြောထားတာမလား!"

ဆရာဒင်းသည် အလွန်ပိန်သောကြောင့် သူ၏သွေးကြောများပင်ပေါ်နေလေသည်။ သူသည် အားနည်းစွာ ပြောလေသည်။ "အိမ်တော်ထိန်းဆီကနေ ငါဘာပစ္စည်းမှ မခိုးထားဘူး။ ငါနှုတ်ထွက်ပြီး မွေးရပ်မြေကို ပြန်သွားရရင်တောင် မသွားခင် အပြစ်ကင်းကြောင်း ရှင်းရှင်းလင်းလင်းဖြစ်ချင်တယ်!"

"ဘာအပြစ်ကင်းတာလဲ။ မြန်မြန်ထွက်သွားစမ်း။ မင်းရဲ့ရောဂါတွေ ငါတို့ဆီ ကူးကုန်ရင် ဘယ်လိုလုပ်မလဲ။ ငါတို ဂရုစိုက်ပေးရမယ့် လူကြီးတွေရော၊ လူငယ်တွေရောရှိတယ်" အစေခံနှစ်ယောက်သည် ရှေ့တက်လာပြီး ရုတ်တရက် ဆရာဒင်း၏ လက်မောင်းများနှင့် ခြေထောက်ကို ဆွဲလိုက်လေသည်။ အားဖြင့်ဆွဲ၍ သူတို့သည် သူ့အား အမှန်တကယ်ပင် အခန်းထဲမှဆွဲထုတ်လိုက်လေသည်။

ဆရာဒင်းသည် နှင်းထဲသို့ကျသွားပြီး ဆိုးရွားစွာ ချောင်းဆိုးလေသည်။ သူသည် ခွေးသေကဲ့သို့ဖြစ်နေပြီး မထနိုင်ပေ။

ဒီပြကွက်သည် စုရှီ၏ရှေ့တွင် လျင်မြန်စွာပြသနေသော နောက်ခံမိတ်ဆက်ဖြစ်လေသည်။ စုရှီသည် မှင်သက်နေပြီး အဖိုးအိုအားထရန် ကူညီဖို့အချိန်ပင်မရှိချေ။

ဘေးတံခါးမှ တစ်စုံတစ်ယောက်ဝင်လာပြီး ဆရာဒင်းအား လျင်မြန်စွာထရန် ကူညီလိုက်သည်။ သူသည် ထိုသူနှစ်ယောက်အား မခံမရပ်နိုင်သောပုံစံဖြင့် စိုက်ကြည့်လိုက်သည်။ "မင်းတို့ ဝဋ်လည်မှာ မကြောက်ဘူးလား။ အရင်က မင်းတို့ အလုပ်သင်ဘဝတုန်းက ငါ့မွေးစားအဖေက မင်းတို့ကို စောင့်ရှောက်ခဲ့တယ်။ အခု မင်းတို့က တကယ်ကျေးဇူးကန်းတဲ့ကောင်တွေဘဲ!"

ထိုသူသည် ကျိုက်ကျိုက်အတွက် ကြက်ဥရောင်းပေးသည့် ကိုယ်ရံတော်သုံးဖြစ်လေသည်။

ဒီနှစ်ယောက်သည် မွေးစားသားနှင့်မွေးစားအဖေတို့ဖြစ်နေပေသည်။

ဆရာဒင်းသည် ချောင်းဆိုး၍ ခေါင်းအား ခါလိုက်လေသည်။ "ဒုက္ခမရှာနဲ့။ ငါ့ကို မင်းနေရာဆီ အရင်ခေါ်သွားပေး"

ကိုယ်ရံတော်သုံးသည် အလွန်သန်မာပြီး ရိုးသားလေသည်။ သူ၏ကြွက်သားများကို အဝတ်များမှ တစ်ဆင့်မြင်နိုင်သည်။

သို့သော် ဒီလူငယ်လေးသည် သူ၏အဖေချောင်း ဆိုးသထက်ဆိုး၍ သွေးပါလာသည်ကို တွေ့လိုက်သောအခါ စိတ်ပူပန်လာပြီး စတင်၍ငိုလေသည်။ သူသည် မျက်ရည်အားသုတ်၍ ပြောလိုက်သည်။ "ကောင်းပြီ။ အဖေ။ စိတ်မပူပါနဲ့။ ကျွန်တော် နည်းလမ်းရှာပြီး ကုပေးမယ်။ အရင်သမားတော်က အဆင်မပြေဘူး။ နောက်သမားတော်တစ်ယောက်ပြောင်းကြတာပေါ့"

ဆရာဒင်းသည် ခါးသီးစွာပြုံးလေသည်။ "ဟင်း။ ဒါပေမဲ့ ငါတို့မင်းသားနင်းဖူအိမ်တော်မှာအလုပ်လုပ်ပြီး နှစ်ပေါင်းများစွာစုခဲ့တဲ့ ပိုက်ဆံတွေ ကုန်သွားပြီလေ။ ငါတို့မှာ ဘယ်လိုလုပ် ကုဖို့ပိုက်ဆံရှိတော့မှာလဲ"

ကိုယ်ရံတော်သုံးသည် ဆရာဒင်းအား တစ်ခြား ခြံဝင်းသို့သွားရန် ကူပေးလေသည်။ သူသည် ခဏလောက် မျက်မှောင်ကြုပ်၍ရု တ်တရက်ပြောလိုက်သည်။ "ကျွန်တော်တို့ ဘာလို့ တတိယသခင်လေးကိုသွားရှာပြီး နည်းလမ်း မစဥ်းစားကြရမှာလဲ"

"အဖေ၊ ဒီနေ့တတိယသခင်လေး ရောင်းဖို့ ဆွဲလာတဲ့ကြက်ဥတွေက အနှစ်က နှစ်ဥတောင်ဆိုတာ အဖေသိလား! အဲဒါကြောင့် စျေးက ပုံမှန်စျေးထက်တောင်မြင့်သေးတယ်!"

"အနှစ်နှစ်ဥပါတဲ့ကြက်ဥ!"

အနှစ်နှစ်ဥပါသောကြက်ဥများသည် ကြွယ်ဝချမ်းသာခြင်းကို ဆိုလိုပေသည်။ မြို့တော်တွင် အနှစ်နှစ်ဥပါသောကြက်ဥများသည် တော်ဝင်မိသားစုသာ စားသုံး၍ ပုံမှန်ကြက်ဥထက် စျေးကြီးလေသည်။

ဆရာဒင်းသည် ကိုယ်ရံတော်သုံး၏စကားများကိုကြားသောအခါ အလွန်ရှော့ရသွားလေသည်။

သူသည် မြို့တော်မှ ခြံထွက်ပစ္စည်းများ အားလုံးကို သူ့လက်ဖမိုးကဲ့သို့ သိလေသည်။ ထို့ကြောင့် သူ့အနေဖြင့် ပိုပြီး မယုံနိုင်ဖြစ်လေသည်။

ယခုသည် ဆောင်းရာသီဖြစ်သောကြောင့် ရာသီဥတုသည် အေးလှ၍ မြေပြင်သည် ခဲနေပေသည်။ ခြံထဲမှ ကြက်များ အားလုံးသည် သေရင်သေ၊ မသေရင် ဖျားနေသည်ပင် ဖြစ်သည်။ မြို့တော်မှ ကြက်ဥ အနည်းငယ်သည် တော်ဝင်မျိုးနွယ်များ နေထိုင်သည့်နေရာသို့ ပို့လေသည်။ ပြောကြတာက ကြက်ဥဥနှုန်းမှာ ကျဆင်းနေသဖြင့် ဝယ်ရန်ပင်ခက်ခဲလှပေသည်။

ဒီအတွက်ကြောင့် စျေးနှုန်းသည် ကြေးစခြောက်ပြားမှ ရှစ်ပြားသို့ ဖြေးဖြေးချင်းမြင့်သွားလေသည်။

သို့သော်လည်း တတိယသခင်လေးသည် ကြက်အနည်းငယ်သာဝယ်၍ သူ၏ခြံဝင်းထဲတွင် ပုံမှန်အတိုင်း မွေးထားလေသည်။ သူသည် ရက်အနည်းငယ်အတွင်း ဥ-၁၉၀ ရအောင် ဘယ်လိုလုပ်လိုက်တာလဲ!

ထိုအရာသည် အလွန်ပင်ဆန်းကြယ်လှပေသည်။

ထို့အပြင် သူ၏သားပြောတာက ထိုကြက်ဥများသည် အနှစ်နှစ်ထပ်ဖြစ်လေသည်!

"ကျွန်တော် အဲ့ဒီကြက်ဥတွေကို ငွေစသုံးတုံးနှင့် ကြေးပြား၈၀ ရခဲ့တာ"

ကိုယ်ရံတော်သုံးသည် ခါးသီးစွာ ပြောလေသည်။ "ကျွန်တော့်ဘဝမှာ ငွေစတွေ အဲ့လောက် အများကြီး မမြင်ဖူးဘူး! အဖေ ၊ ကျွန်တော်တို့ ကြက်မွေးရင် ကျွန်တော်တို့လည်း ကြက်ဥတွေအများကြီးရမှာပဲ။ ဆေးဝယ်ဖို့ ပိုက်ဆံမလောက်မှာကို ကျွန်တော်တို့ ဘာလို့ စိတ်ပူဖို့လိုမှာလဲ "

အဖေနှင့်သားတို့သည် ကိုယ်ရံတော်သုံး၏ နေထိုင်ရာသို့ ပြန်ရင်း သက်ပျင်းချလိုက်လေသည်။

စုရှီသည် သနားစရာလူများကို ကြည့်၍ သက်ပျင်းချလိုက်လေသည်။

သို့သော်လည်း သူ(မ)သည် ကိုယ်ရံတော်၏ အဖေပြင်းထန်စွာ ချောင်းဆိုးနေသည်ကို မြင်သောအခါ ရုတ်တရက် တွေးလိုက်သည်မှာ မစ်ရှင်ကို ပြီးအောင်လုပ်သည်ထက် ဒီလူနှစ်ယောက်၏ နှလုံးသားကို ကျိုက်ကျိုက်အတွက် အနိုင်ရအောင် လုပ်ပေးရမည်။

သူ(မ)သည် စျေးဆိုင်အား ဖွင့်ကြည့်၍ ကိုယ်ရံတော်နေသည့်နေရာတွင် ပစ္စည်းများ အိတ်လိုက် ချန်ထားခဲ့လေသည်။

သူ(မ)သည် ကျိုက်ကျိုက် ချန်ထားခဲ့သော မှတ်စုမှ လက်ရေးအား အတုခိုး၍ ရေးလိုက်လေသည်။

သားအဖနှစ်ယောက် အိမ်သို့ ရောက်သောအခါ ကိုယ်ရံတော်သုံးသည် သူ၏အဖေထိုင်ရန် အလျင်အမြန်ကူပေးပြီး စားပွဲပေါ်မှ တိုက်ဖွိုက်ပျောက် ဆေးအထုပ်အချို့တွေ့သောအခါ သူ့အတွက် ရေထည့်ပေးလိုက်လေသည်။

သူသည် အံ့သြသွားလေသည်။

ဘေးတွင် ဆေးအညွှန်းအား အသေးစိတ်ရေးထားသည့် မှတ်စုတော့ရှိပြီး လက်မှတ်တော့မပါပေ။

လက်ရေးမှာမူ ကိုယ်ရံတော်သုံးသည် အရင်က စာအုပ်အနည်းငယ် ဖတ်ဖူးခဲ့သည်။ သူခံစားရသည်မှာ ဒီလက်ရေးသည် အလွန် ဝင့်ထည်လှပေသည်။ တစ်ချက် ကြည့်လိုက်ရုံနဲ့တင် ရာထူးကြီးကြီးမှ လူတစ်ယောက် ရေးထားသည်ဟု သူပြောနိုင်ပေသည်။ သာမန်အစေခံ ရေးထားသည်တော့ လုံးဝမဖြစ်နိုင်ပေ။

ကိုယ်ရံတော်သုံးသည် မှင်သက်သွားလေသည်။ ဒီဆေးများသည် ငွေစတစ်ဝက်လောက် ကျသည်။ ဘယ်သူက ဒီလောက် စိတ်သဘောထားကောင်း တာလဲ။ သူ့အဖေ၏ဆေးကုသမှုအတွက် ဆေးဝယ်ရန် ပိုက်ဆံမလောက်သောကြောင့် သူသည် အလွန်စိတ်ပူနေခဲ့လေသည်။ အခုမူ တစ်စုံတစ်ယောက်သည် ဆေးပို့လာလေသည်။ သူ၏အဖေကို ကုသနိုင်တော့မှာလား။

သူသည် ပျော်ရွှင်စွာ မျက်ရည်များကျလာပြီး ပြောလိုက်လေသည်။ "အဖေ၊ ကြည့်၊ ဒါကို သဘောကောင်းတဲ့ လူတစ်ယောက်က ပို့လိုက်တာမလား"

"ဒါလား" ကိုယ်ရံတော်လေးသည် ဆေးအိတ်အား ဖွင့်၍ အနံ့ခံကြည့်လိုက်လေသည်။ တိုက်ဖွိုက်ရောဂါအတွက်ဆေး ဖြစ်သည်။ သူသည် မှင်သက်သွားပြီး တုန်တုန်ရီရီဖြင့် " ငါတို့သားအဖက အရမ်းဆင်းရဲပြီး မှီခိုစရာ ဘယ်သူမှမရှိဘူး။ ဘယ်သူက ငါတို့ကို ကူညီတာလဲ"

စုရှီသည် လုပ်ဆောင်ပြီးသောအခါ ဆေးစစ်ချက်တန်းစီသည့် အလှည့်မရောက်ခင် ကျိုက်ကျိုက် ဘက်အခြမ်းအား ကြည့်ရန်အချိန်ပင်မရှိတော့ချေ။

သူနာပြုသည် သူ(မ)အား အတင်းတိုက်တွန်းနေသဖြင့် ဖုန်းအား မြန်မြန်ချ၍ သွားစစ်ဆေးလေသည်။

လုဟွမ်၏ဘက်တွင် နောက်ရက်အနည်းငယ်တွင် ဥသောကြက်ဥများသည် အရင်ကထက်များလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

ကိုယ်ရံတော်သုံးအား သူ ကြက်ဥရောင်းခိုင်းတုန်းက သူသည် ငွေစသုံးတုံးနှင့် ကြေးပြားရှစ်ဆယ် ရခဲ့လေသည်။ သူသည် ငွေစသုံးတုံးသာ အိတ်ထဲထည့်၍ ကြေးပြားရှစ်ဆယ်ကို ကိုယ်ရံတော်သုံးအား ပေးခဲ့လေသည်။ အားလုံးပြီးသောအခါ သူသာ အလုပ်ကြိုးစားသည့် သူတစ်ယောက်ယောက် ရခဲ့ပါက သူ၏အကျိုးအမြတ်တစ်ချို့အား ပေးမည် ဖြစ်သည်။

ကိုယ်ရံတော်သုံးသည် သူ့အဖေ၏ဖျားနာမှုကြောင့် အရင်က စိတ်ဓာတ်ကျနေသော်လည်း အခုကြည့်ရသည်မှာ သူ့အဖေ၏ကျန်းမာရေး တိုးတက်လာပုံ ရပေသည်။ သူသည် ပို၍တက်ကြွလာပြီး တောက်တိုမည်ရ အလုပ်များကို ဖျတ်လတ်စွာလုပ်လေသည်။

နောက်ထပ် ရက်အနည်းငယ်ကြာပြီးနောက် သူသည် ပုံမှန်အတိုင်း ကြက်ဥဆက် ရောင်းလေသည်။ သူသည် မင်းသားအား ကူညီရန် အကြောင်းပြချက်အနေဖြင့် ဆောင်းရာသီအား အသုံးချလိုက်သည်။ အကြိမ်များစွာရောင်းပြီးနောက် လုဟွမ်၏လက်ထဲတွင် ငွေတုံးတစ်ဆယ် ရှိလာလေသည်။

ရက်အနည်းငယ်သာရှိသေးသည်။

သူသည် ငွေတုံးအား အိတ်ထဲထည့်၍ ငွေလုံလုံလောက်လောက် စုမိရန် ကြက်ဥများကို စောင့်နေလေသည်။ ထို့နောက် သူသည် မွေးမြူရေးခြံဌားရန် မင်းသားနင်းဖူအိမ်တော်သို့ သွားရန် ဖြစ်သည်။

တစ်ခြားထက် ဟင်းခတ်အပင်နှင့် တစ်ခြားသော သီးနှံများသည် လုဟွမ် ဂရုတစိုက် စိုက်ပျိုးသောကြောင့် စတင်၍ ကြီးထွားလာတော့မည့် အရိပ်အယောင်လည်းရှိနေသည်။ သူစိုက်ပျိုးသည့်ညတွင် ထိုသူသည် ခြံစည်ရိုး၌ တစ်ခြားအရာများ ထားခဲ့သေးလား မသိပါ။ သီးနှံများသည် သူထင်ထားတာထက် ပိုဖြစ်ထွန်းနေလေသည်။

ယခုရက်ပိုင်းတွင် သခင်မနင်း ဘက်ခြမ်းသည် အမဲလိုက်ပွဲနေ့ကို စောင့်နေသောကြောင့် ယာယီ ငြိမ်သက်နေသည်။

လုဟွမ်သည် သူ၏လက်ထဲမှ ငွေတုံးကိုရေတွက်နေသည်။ ပုံမှန်အားဖြင့် သူသည် ပစ္စည်းများ၊ ကိရိယာများ၊ မျိုးစေ့များဝယ်ပြီးနောက် ငွေစသုံးတုံးသာ ကျန်သည်။ ယခုမူ သူသည် ကြက်ဥရောင်းရုံဖြင့် ငွေစဆယ်တုံးရနေပြီ။ သူသည် မူလက ငွေစငါးတုံးကို သစ်သားနှင့် ဌက်မွှေးဝယ်ရန် စိတ်ကူးထားသော်လည်း အခု သူရုတ်တရက် စိတ်ပြောင်းသွားလေသည်။

သူသည် စျေးသို့သွား၍ တစ်ခြားအရာများကို ဝယ်လိုက်လေသည်။

စုရှီနှင့် အမေစုသည် လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများကို အတူတကွ လုပ်ဆောင်၍ ဆေးရုံအိပ်ယာပေါ်တွင် ပစ္စည်းများ ထုပ်ပိုး၍ အချိန်ကုန်သွားလေသည်။ သူ(မ)၏ချိုင်းထောက်နှင့် အဖေစု၏အကူအညီဖြင့် တက္ကစီပေါ်တက်ပြီးနောက် သူ(မ)သည် မြန်မြန်ပင် ဂိမ်းအင်တာဖေ့စ်အား ဖွင့်လိုက်လေသည်။

အရှေ့ခရီးသည် ခုံတွင်ထိုင်နေသောအမေစုသည် စုရှီ နေ့တိုင်းဂိမ်းဆော့သည်ကိုတွေ့လိုက်သောအခါ စိတ်တိုသွားလေသည်။ သူ(မ)သည် ဖုန်းအားအဝေးပို့လိုက်ပြီး " ရှီးရှီး၊ ကားထဲမှာတောင် ဘာလို့ ဂိမ်းဆော့နေရတာလဲ။ အဲဒါ သမီးမျက်လုံးကို ထိခိုက်တယ် ဆိုတာသိလား"

စုရှီသည် အံ့သြသွားသော်လည်း သူ(မ)တွင် ရွှေးချယ်စရာမရှိပေ။ ဒါပေမဲ့ ကားပြင်ထွက်ပြီးနောက် ဂိမ်းထပ်ဆော့လေသည်။

ကားထဲမှထွက်ပြီးနောက် အဖေစုနှင့် အမေစုသည် ပစ္စည်းများသယ်၍ အဆောက်အအုံထဲသို့ ဝင်သွားလေသည်။ သူ(မ)၏ချိုင်းထောက်အကူအညီဖြင့် ဓာတ်လှေကားထဲသို့ဝင်ပြီး သူတို့နောက်လိုက်သွားလေသည်။

အရင်တစ်ခေါက်ထီပေါက်ပြီးနောက် အဖေစုနှင့် အမေစုသည် အိမ်အသစ်သို့ ပြောင်းရန် စီစဥ်ခဲ့ကြလေသည်။ ဒီကိစ္စကို အဓိက ခေါင်းစီးအနေဖြင့် ထားခဲ့ကြသည်။ စုရှီတွေးသည်မှာ သူ(မ)သည် အိမ်အသစ်တွင်နေနိုင်သည်မှာ ဂိမ်းကစားခြင်းမှရရှိသောကံကောင်းခြင်းကြောင့်ဖြစ်သည်ဆိုတာကို သူတို့သိပါက ဂိမ်းကစားသည်ကိုတားဦးမှာလားဟုပင်ဖြစ်သည်။

အိမ်ပြန် ရောက်ပြီးနောက် စုရှီသည် ဆေးရုံမှ ဆေးအနံ့များကို မခံစားရသောကြောင့် ပိုပြီး စိတ်သက်သာ သွားလေသည်။

သူ(မ)သည် ဆိုဖာပေါ်လှဲလိုက်ပြီး ဖုန်းအား ဖွင့်လိုက်လေသည်။

စခရင် ဖွင့်လိုက်သည်နှင့် ကျိုက်ကျိုက်၏ အခန်းသို့ တန်းသွားလိုက်လေသည်။ ဆေးရုံ၏ လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ရင်း သူ(မ)သည် ဂိမ်းထဲသို့ ခဏခဏဝင်သောကြောင့် ဒီရက်ပိုင်း ကျိုက်ကျိုက်၏ လှုပ်ရှားမှုများကို သိနေခဲ့လေသည်။

ညာဘက်ထောင့်ရှိ ကြက်ဥအရေအတွက်သည် တိုးလာပြီဖြစ်၍ ဆိုလိုသည်မှာ ကျိုက်ကျိုက်သည် အလွန် အလုပ်ကြိုးစားနေသည် ဟူ၍ ဖြစ်လေသည်။

ကိုယ်ရံတော်သုံးနှင့် ဆရာဒင်းတို့သည် သူတို့အား မည်သူက အကျိုးအမြတ်ရအောင် လုပ်ပေးနေသည်ကို သိဖို့ သိပ်ကို တုံးလွန်းပေသည်။ စုရှီသည် ဂိမ်းကိုဖွင့်၍ သူတို့အား သတိပေးရန် စီစဥ်လိုက်သည်။

ဒါ့အပြင် သူ(မ)သိသည်မှာ ကျိုက်ကျိုက်သည် လေးလုပ်ရန်နည်းလမ်းများ စဥ်းစားနေသည်။ သူ့အား တစ်ခုဝယ်ပေးရန် စီစဥ်ထားသည်။

ကျိုက်ကျိုက်သည် အခန်းထဲတွင် မရှိပေ။ ထို့ကြောင့် သူသည် အပြင်ထွက်သွားတာပဲ ဖြစ်ရမည်။

သို့သော်လည်း စုရှီသည် အင်တာဖေ့စ် ပြောင်းခါနီးတွင် အခန်းထဲမှ စားပွဲပေါ်တွင် နောက်ထပ် မှတ်စုတစ်ခုကို တွေ့လိုက်ရလေသည်။ စာရွက်၏ နောက်ကျောတွင် ရေးထားခြင်းဖြစ်သည်။

သူ(မ)သည် ရုတ်တရက် စိတ်ပူသွားလေသည်။ "မဖြစ်နိုင်တာ၊ ကျိုက်ကျိုက်က နောက်ထပ်မက်ဆေ့ထပ် ပို့တာလား။ ဒီတစ်ကြိမ် သူ(မ)ပြန်မဖြေရင် ထပ်ပြီး သူစိတ်ညစ်ဦးမှာလား"

သို့ရာတွင် စုရှီသည် ဒီတစ်ကြိမ်တွင် သူဘာ ရေးထားသည်ကိုသာ ကြည့်ရန်တတ်နိုင်လေသည်။

"ငါ လက်ဆောင်တစ်ခု ရွေးထားတယ်။ မင်းကြိုက်ဖို့ မျှော်လင့်ပါတယ်။"

လက်ရေးသည် အဆုံးသတ်တွင် သူတစ်ခုခုအား စဥ်းစားနေသကဲ့သို့ ခဏလေး ရပ်သွားလေသည်။

'လက်ဆောင်၊ ဘာလက်ဆောင်ပါလိမ့်'

စုရှီ၏မျက်လုံးများသည် မြင့်တက်သွားသည်။ သူ(မ)သည် အလွန်စိတ်လှုပ်ရှားနေသည်။ ကျိုက်ကျိုက်က သူ့ရဲ့ပထမဆုံးဝင်ငွေကို သူ့လောင်မား(အမေအိုကြီး)အတွက် လက်ဆောင်ဝယ် ပေးတာလား။ ဆုရလိုက်သလို သူ(မ)ခံစားလိုက်ရသည်။ ဂိမ်းကစားနေ သကဲ့သို့ပင်ဖြစ်သည်။ သူ(မ)မစ်ရှင်တွေပြီးပါက ရွှေစနှင့်အမှတ်တွေသာ ဆုအဖြစ်ရနိုင်မည်ထင်ထားသော်လည်း ယခုလိုမျိုး လျှို့ဝှက်ရတနာကိုတော့ မျှော်လင့်မထားပေ!

ထို့အပြင် ကျိုက်ကျိုက်၏လက်ရေးသည် အလွန်လှပေသည်။ သူ(မ)သည် အလွန်စိတ်လှုပ်ရှားနေသည်။ ကျောင်းကကောင်လေးတွေဆီမှ မစ်တီးကိုပင် သူ(မ)မမျှော်လင့်တော့ပါ။

သူ(မ)၏တုန်နေသော လက်များအားထိန်း၍ စားပွဲအား လှန်လိုက်လေသည်။ သေချာပေါက် အထူးကောင်းမွန်သော ပန်းပုသေတ္တာနှစ်ခုအား မှင်၊ စာရွက်၊ မှင်သွေးကျောက်ဘေးတွင် တွေ့လိုက်လေသည်။

သေတ္တာတစ်ခုတွင် ပုလဲဖြင့်စီခြယ်ထားသော ခါးပတ်တစ်ခုရှိနေသည်။ ယောကျာ်းလေးသုံး ဖြစ်မယ်။

သေတ္တာနောက်တစ်ခုတွင် ငွေရောင်ဆံညပ်ရှိလေသည်။ အပြင်မှ ဝင်လာသော အလင်းရောင်အောက်တွင် ဆံညပ်သည် တောက်ပနေပြီး အလွန်လှနေသည်။ မိန်းကလေးသုံးပင် ဖြစ်ပေသည်။

'ဘုရားရေ၊ နှစ်ခုလုံးသိပ်လှတာပဲ!'

စုရှီသည် အလွန် စိတ်လှုပ်ရှားသောကြောင့် မျက်ရည်များ စီးကျလာလေသည်။ သူ(မ)သည် လက်ဆောင်နှစ်ခုလုံးအား လက်ချောင်းများဖြင့်ဖိ၍ ရွေးရခက်နေလေသည်! ဘာလို့ဒီလက်ဆောင်တွေကို ဂိမ်းအပြင်ကိုယူလို့မရတာလဲ။

မရဘူး၊ ယူလို့မရရင်တောင် ယူလို့ရမယ့်နည်းတစ်ခုကို ရှာရမယ်!

All Chapters