Chapter 19
Vol. 2 Ch. 19
သေချာပေါက် စုရှီ၏ ပထမဆုံးအပြုအမူသည် သူ(မ)အနေဖြင့် ငွေရောင်ကလစ်ကို ပို၍သဘောကျလေသည်။ မိန်းကလေးတိုင်းသည် ကြည့်ကောင်းသော ကျောက်မျက်ရတနာကို သဘောမကျဟူ၍မရှိပေ။! ပိုဆိုးသည်မှာ ငွေရောင်ကလစ်သည် ရှေင်းဟောင်းပစ္စည်းဖြစ်ပြီး သူ၏ဒီဇိုင်းသည် အထူးကောင်းမွန်လေသည်။ အဖြူရောင်နံ့သာစတိုင်သည် လုံးဝ ရှေးဟောင်းစတိုင်ပင်ဖြစ်သည်။ ယခုခေတ်ကာလအချိန်မှာပင် ထိုအရာသည် ရှေးဟောင်းဆန်နေပေသည်။
သူ(မ)အနေဖြင့် ဒါက ဂိမ်းဆိုသည်ကို တစ်ခဏတာမေ့သွားလေသည်။ သူ(မ)သည်ဆိုဖာပေါ်တွင် မတ်မတ်ထိုင်၍ လက်ချောင်းများကို ထိရန် ဆန့်ထုတ်လိုက်လေသည်။ သူ(မ)သည် ငွေရောင်ကလစ်ကို ထိကိုင်ချင်လေသည်။
သိသာစွာပင် ယခုလိုအသိစိတ်မဲ့သည့်အပြုအမူသည် အလွန်ပင်ရူးနှမ်းလေသည်။ ဂိမ်းထဲမှအရာအား သူ(မ) ဘယ်လိုယူနိုင်မှာလဲ!
စုရှီသည် စခရင်ကိုကိုင်၍ငြီးတွားနေသည်။
သူ(မ)အနေဖြင့် ဂိမ်းမူလဖန်တီးသူကို ငွေရောင်ကလစ်အား အလွန်လှပစွာဆွဲထားသဖြင့် အပြစ်တင်သင့်လား ဒါမှမဟုတ် မိန်းမငယ်လေး၏နှလုံးသားအား ဆွဲဆောင်သွားသည့် ကျိုက်ကျိုက်၏လက်ဆောင်ကို အပြစ်တင်သင့်လားပင် မသိတော့ချေ။
သူ(မ)လိုချင်သော်လည်း မရနိုင်ပေ။
သူ(မ) အရင်ကစစ်ကြည့်ပြီးပြီ။ ဂိမ်းမျက်နှာပြင်တွင် backpack စနစ်မရှိပေ။ ကျိုက်ကျိုက်၏ သီးနှံစိုက်ပျိုးရိတ်သိမ်းသည့် ကော်လံသာရှိသည်။ သို့ရာတွင် သိသာစွာပင် ဤလက်ဆောင်သည် စိုက်ပျိုးရေးနှင့်မဆိုင်ပေ။
သူ(မ)သည် ဤလက်ဆောင်အား တစ်ခြားဂိမ်းများကဲ့သို့ backpackထဲတွင် ထည့်ထားချင်သော်လည်း ထည့်၍မရပေ။
ဒါဆို သူ(မ) ထိုအရာကိုဘယ်လိုယူရမှာလဲ။
စုရှီသည် လက်ချောင်းများကိုသုံး၍ စားပွဲပေါ်မှကလစ်ကို ဟိုရွှေ့သည်ရွှေ့လုပ်နေလေသည်။ ထိုအရာမှထွက်လာသည့် ကြွပ်ဆတ်ဆတ်နှင့် သာယာနာပျော်ဖွယ်အသံများအား နားထောင်၍ သူ(မ)၏နှလုံးသားသည် တရွရွဖြစ်လာသော်လည်း သူ(မ)အနေဖြင့် ဘာမှလုပ်၍မရပေ။
သို့ရာတွင် သူ(မ) ထိုအရာကို ယူသွား၍မရလျှင်တောင်မှ ဒီတိုင်းထား၍ လျစ်လျူမရှုနိုင်ပေ။
မဟုတ်ပါက ကျိုက်ကျိုက် ပြန်လာသည့်အခါ၌ လက်ဆောင်အား ထိတောင်မထိထားသည်ကို တွေ့လိုက်ရပါက အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်သွားလောက်ပေမည်။ အရင်တစ်ခါကလိုပင် နေဝင်ချိန်ကို တစ်ယောက်ထဲ ဝမ်းနည်းစွာထိုင်ကြည့်နေလောက်ပေမည်။
စုရှီသည် သူ(မ)၏ပေါင်အားရိုက်လိုက်လေသည်။ "သိပြီ"
သူ(မ)သည် အနည်းငယ်တွန့်ဆုတ်နေသော်လည်း ဒီတစ်နည်းသာရှိလေသည်။
သူ(မ)သည် စခရင်အားဖိ၍ ကလစ်ကိုရွှေ့လိုက်လေသည်။ ငွေကလစ်သည် စားပွဲပေါ်မှ ကောက်ယူခြင်းခံလိုက်ရသည်။ ရုတ်တရက် ပြတင်းပေါက်မှ အလင်းရောင်များဝင်လာသကဲ့သို့ ဝင်းလက်သွားလေသည်။ ငွေရောင်သည် လရောင်ကဲ့သို့လင်းနေပြီး ပို၍ပင်လှနေလေသည်။
စုရှီသည် မူလက ငွေကလစ်ကိုသာ လိုချင်ခဲ့သော်လည်း သူ(မ)၏အကြည့်သည် စားပွဲပေါ်မှ ရှေးဟောင်းအမျိုးသားပတ်ခါးပတ်ပေါ်တွင်လည်း ရောက်သွားလေသည်။
လောဘဟူသည် လူသားတို့၏ ပင်ကိုယ်အရပေါ်လာသည့် လိုအင်ဆန္ဒပင်ဖြစ်လောက်ပေမည်။
သူ(မ)သည် ခါးပတ်အားကိုင်လိုက်လေသည်။
ထို့နောက် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရတနာအားကောက်ယူလိုက်ပြီး အင်တာဖေ့စ်ကို ဝါးတောအပြင်ဘက်မှ သစ်သားအိမ်သို့ ပြောင်းလိုက်လေသည်။
သူ(မ)သည် အရင်ဆုံးလက်ဆောင်နှစ်ခုလုံးအား မြေမြှပ်မည့်နေရာကို ရှာပြီးသားဖြစ်လေသည်။
ဒီနည်းလမ်းသည်း ကျိုက်ကျိုက်အနေဖြင့် လက်ဆောင်တစ်ခုသာဖြစ်သည်။ သူ(မ)အနေဖြင့်လည်း လက်ခံပြီးသားဖြစ်လေသည်။
ဆိုင်မှပစ္စည်းများအားပြန်ရွေးပြီးနောက် စုရှီသည် တူးဆွသည့်ပစ္စည်းများနှင့်ထည့်သည့်ပစ္စည်းများကို ဝယ်လိုက်လေသည်။ သူ(မ)သည် သေတ္တာနှစ်လုံးအားသေချာစွာထည့်၍ မြေကြီးဖြင့်ဖုံးလိုက်လေသည်။
အနည်းငယ်သနားစရာကောင်းသော်လည်း အခုလုပ်နိုင်တာက ထိုအရာသာရှိသည်။
စုရှီသည် သူ(မ)ခုနက မြုပ်ခဲ့သည့်လက်ဆောင်အား ကြည့်လိုက်လေသည်။ သူ(မ)သည် သူ(မ)အနားတစ်ဝိုက်က ဝါးအနည်းငယ်အားမှတ်မိနေပြီး ကျိုက်ကျိုက် မင်းသားနင်းဖူအိမ်တော်မှ ထွက်သွားပြီး မြေပုံပြောင်းသွားသည့်အခါတွင်မှ ကိုယ်တိုင်တူးရန် စီစဥ်ထားလေသည်။ ထို့နောက် ထိုအရာကိုတစ်ပါတည်းယူသွားပေမည်။
စုရှီသည် ရုတ်တရက် ရလိုက်သည့် လက်ဆောင်ကြောင့် စိတ်လှုပ်ရှားသွားပြီး ဖုန်းကို လက်ထဲကပင် မချနိုင်တော့ပေ။ သူ(မ)သည် အင်တာဖေ့စ်အားအိမ်ဘက်သို့ရွှေ့လိုက်ပြီး ကျိုက်ကျိုက် လိုအပ်သည့်လေးအား လုပ်ပေးနိုင်မည့်နည်းလမ်းကို စဥ်းစားနေလေသည်။
ပုံမှန်အားဖြင့် အရာအားလုံးသည် စတိုးဆိုင်တွင်ရှိလေသည်။ စျေးကြီးတာမှ စျေးပေါတာအထိ ဆိုင်တွင် လခြမ်းသဏ္ဍာန်ဝံပုလွေရိုးမြားများ၊ သံမဏိကျောရိုးမြားများ၊ ဖီးနစ်ငှက်မွှေးမြားများ၊ သစ်မွှေးမြားများ၊ သစ်မွှေးဝါးမြားများ၊ သစ်သားနှင့်လုပ်ထားသောရေမြားများ၊ အမဲလိုက်မြားများ၊ သာမန်လေးနှင့်မြားများ၊ ကျိုးပဲ့နေသောလေးနှင့်မြားများ စသဖြင့်ရှိလေသည်။
ပုံတွေအများကြီးအားစျေးနှင့်တင်ထားပြီး စျေးအကြီးဆုံးတစ်ခုသည်သာလျှင် ခြွင်းချက်အနေဖြင့် သန်မာပြီး ချွန်ထက်နေပေသည်!
ထီမပေါက်ခဲ့သည့် အရင်က စုရှီသာဆိုပါက သူ(မ)ကပ်စေးနှဲလျှင်တောင် သာမန်လေးကိုသာ ဝယ်ရန် တတ်နိုင်လေသည်။
ယခုတွင်မူ စုရှီသည် ကျိုက်ကျိုက်အားအကောင်းဆုံး၊ စျေးအကြီးဆုံးဆိုသောအရာများသာ ပေးချင်ပေသည်။ ထို့ကြောင့် သူ(မ)၏လက်ချောင်းများသည် ရွှေဒင်္ဂါး၂၀၀၀ကျော်ကျသည့် စျေးအကြီးဆုံးဖြစ်သော လခြမ်းသဏ္ဍာန် ဝံပုလွေရိုးမြားပေါ်သို့ တုံ့ဆိုင်းခြင်းမရှိဘဲ ရွှေ့သွားလေသည်။
သို့ရာတွင် သူ(မ)ထိလိုက်သည့်အချိန်မှာပင် အောက်တွင် တော်ဝင်မိသားစုသာ အသုံးပြုသော မက်ဆေ့ချ်တစ်ခု ပေါ်လာလေသည်။
ဖြစ်နိုင်သည်မှာ တော်ဝင်တံဆိပ်သည် လေးအပေါ်တွင် ရိုက်နှိပ်ထားသည်။
မင်းသားများ အသုံးပြုနိုင်သော အကောင်းဆုံးလေးသည် ဖီးနစ်ငှက်မွှေး ပုံစံမြားများသာ ဖြစ်သည်။
ကျိုက်ကျိုက်အား မလိုအပ်ဘဲဒုက္ခမရောက်စေရန် စုရှီသည် သူ(မ)ရွေးချယ်ထားတာတွေထဲမှ အကောင်းဆုံး ဖီးနစ်ဌက်မွှေး ပုံစံမြားကိုသာ ဝယ်ယူခဲ့သည်!
မကြာမီမှာပင် လှပစွာ ပုံဖော်ထားသော ဆောင်းဦး လခြမ်းသဏ္ဍာန်ပတ်နေသော ဖီးနစ်ငှက်မွေးမြားသည် စားပွဲပေါ်တွင်ရောက်လာလေသည်။
စုရှီသည် မစ်ရှင်အသေးစားကို တွေးပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ဆိုင်မှ အနီရောင်ပိုးစအား ယူလိုက်ပြီး လေးပေါ်တွင်ချည်လိုက်လေသည်။
ဒီမစ်ရှင်အသေးစားသည် အပိုလုပ်ဆောင်ခိုင်းချက် တစ်ခုဖြစ်သည်။ ဂိမ်းအား ချိန်ညှိရာတွင် အသုံးပြု၍ ရနိုင်ပေသည်။ အလွန်ရိုးရှင်းလွယ်ကူသော်လည်း စခရင်ကနေတစ်ဆင့် လေးအားချည်နှောင်ရာတွင် အနည်းငယ်တော့ အားစိုက်ရပေသည်။ စုရှီသည် လေးကိုချည်နှောင်ရာတွင် နေ့တစ်ပိုင်းလောက် အချိန်ယူရလေသည်။
သူ(မ)နောက်ဆုံးချည်ပြီးသည့်အချိန်တွင် စနစ်မှ တာဝန်ကိုပြီးဆုံးသွားသည့်အတွက် ဆုချသည့် မက်ဆေ့ချ်ရောက်လာလေသည်။
"ပထမဆုံး မစ်ရှင်အသေးစားပြီးဆုံးသွားပါပြီ။ ဆုများ : ရွှေဒင်္ဂါး +၅၀ ၊ +၂ မှတ် "
စနစ်က မေးလိုက်သည်။ " လက်ရှိအမှတ်က ၁၇မှတ်ရှိပြီ။ သော့ဖွင့်ဖို့အပိုင်းတစ်ပိုင်းကိုရွေးလို့ရပါပြီ။ ဘယ်အပိုင်းကို သော့ဖွင့်ချင်လဲ"
အပိုင်းတစ်ခုကိုသော့ဖွင့်ချိန်တိုင်း စုရှီက ဂိမ်းထဲရှိဇာတ်လမ်းအသေးစိတ်သည် အလွန်လှပသိမ်မွေ့သောကြောင့် အနည်းငယ်စိတ်လှုပ်ရှားလေသည်။ အပြာရောင်ကျောက်လမ်းများ၊ ကော်ရစ်ဒါများ၊ တံစက်မြိတ်များအားလုံးသည် အလွန်လှပလေသည်။
မြေပုံတွင်အပိုင်းသစ်တစ်ပိုင်းပေါ်လာချိန်တိုင်း အဲဒါသည် သူ(မ)အနေဖြင့် ယန်ခေတ်ကြီးတစ်ခုလုံးကို ဒါမှမဟုတ် ရှေးမြို့တော်ကြီးတစ်ခုလုံးကို တစ်ဆင့်ချင်း ရှာဖွေတူးဖော်နေသကဲ့သို့ပင်ဖြစ်လေသည်။
အဲဒါသည် ဝတ္ထုကဲ့သို့ခံစားချက်ရလေသည်။
စုရှီသည် ပြောလိုက်သည်: "ကျိုက်ကျိုက် ဘယ်မှာလဲဆိုတာအရင်ကြည့်ရအောင်"
မြေပုံတွင် ပေါ်လာလေသည်။ မင်းသားနင်းဖူအိမ်တော်အပြင်ဘက်ရှိမြို့တော်သည် အလွန်ကြီးလှပေသည်။ မြို့တော်ကို လေးပိုင်းပိုင်း ထားလေသည်။ နန်းတော်၊ အပြင်မြို့တော်၊ အတွင်းမြို့တော်နှင့် ကျုံးတို့ဖြစ်လေသည်။ စုရှီသည် ယခုအချိန်တွင် အဓိကမြို့ပိုင်းအား မကြည့်တော့ပေ။ အဲဒါသည် အတွင်းပိုင်းလက်စွပ်လမ်း၊ ပထမနှင့် ဒုတိယတို့သည် တတိယအတွင်းပိုင်းလမ်းနှင့်ဆင်တူလေသည်။
ကျုံးအနီးတွင် ဘုရားကျောင်းနှင့် တူသည့် အဆောက်အဦး တစ်ခုရှိလေသည်။ ကျိုက်ကျိုက်၏ အလင်းရောင်သည် တောက်ပနေလေသည်။
"အဲ့ဒါဘယ်နေရာမှာပါလိမ့်" စုရှီသည် အံ့သြသွားလေသည်။ ကျိုက်ကျိုက် အခုလောက် အဝေးကြီးပြေးသည်ကို မြင်ရသည်မှာ ပထမအကြိမ်သာ ဖြစ်လေသည်။
စနစ်က ရှင်းပြလေသည်။ "မြို့တော်မှ ယုံအန်းဘုရားကျောင်းပါ၊ မယ်တော်မိဖုရားကြီး တစ်ခါလာပြီး အမွှေးနံ့သာတွေ အများကြီးသုံးပြီး ပူဇော်ဆုတောင်းခဲ့သေးတယ်။ ဒါပေမယ့်လည်း ဒီနှစ်ဆောင်းရာသီတွင် နှင်းမုန်တိုင်း ကျရောက်ခဲ့တာပါပဲ။"
လအနည်းငယ်လောက် နှင်းသည်းထန်စွာ ကျလေသည်။ မြို့တော်အပြင်ဘက်တွင် မိုင်ပေါင်းများစွာမှလာရောက်သော ဆာလောင်နေသည့်လူများ၊ အိုးအိမ်ဆုံးရှုံးထားသည့် ဒုက္ခသည်များရှိလေသည်။ မြို့တော်တွင်လည်း အအေးဒဏ်ကြောင့် ရောဂါကူးစက်နေသည့် လူများရှိလေသည်။ သူတို့ကို ကုသရန် ဆေးမရှိပေ။
ထို့ကြောင့် သူတို့သည် ယုံအန်းဘုရားကျောင်းတွင်စုရုံး၍ ရာထူးမြင့်အရာရှိကြီးများအားတွေ့ဆုံပြီး ဖြေရှင်းချက်ရရန် စောင့်နေကြလေသည်"
စုရှီသည် ဇာတ်ကြောင်းအသစ်ရရန် ဖွင့်သင့်သည်ဟုခံစားရလေသည်။ သူ(မ)ချက်ချင်းပြောလိုက်သည်မှာ "ယုံအန်းဘုရားကျောင်းကိုသော့ဖွင့်ပေး"
လုဟွမ်သည် ယနေ့စျေးသွားလေသည်။ သူမူလက စီစဉ်ထားသည်မှာ ငွေရောင်ကလစ်နှင့်ခါးပတ်ကိုဝယ်ပြီးနောက် ကျန်သည့်ပိုက်ဆံများကို သစ်သားနှင့် ငှက်မွှေးဝယ်ရန်ဖြစ်လေသည်။ သို့ရာတွင် ဒီပစ္စည်းများသည် သာမန်စျေးထဲတွင် ရှာမတွေ့နိုင်ပေ။ ထို့ကြောင့် သူသည် မြို့ထဲမှ ထွက်ပြီး မြို့ပြင်မှတောင်တွေဆီသို့သွားလေသည်။
သို့ရာတွင် သူမျှော်လင့်မထားသည်မှာ လမ်းတစ်လျှောက်တွင် သူတွေ့သမျှလူတိုင်းသည် အအေးဒဏ်ကြောင့် ရောဂါခံစားနေရပြီး သမားတော်မပြနိုင်ပေ။ သေနေကြသည့်သူများရှိသလို သေဖို့ထိုင်စောင့်နေကြသည့်သူများလည်းရှိနေပေသည်။
သမားတော်တွေ ဘယ်မှာလဲ။
သူသိသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်က သူအအေးမိ ရောဂါခံစားရစဥ်က မြို့ထဲတွင်လည်း အအေးဒဏ်ကြောင့် ဖရိုဖရဲဖြစ်နေလေသည်။ အဲဒါက ပုလိပ်ရောဂါကဲ့သို့ ပျံ့နှံ့နေပြီး အဲဒါကြောင့်ပင် မင်းသားနင်းဖူအိမ်တော်ရှိ အစေခံဆယ်ယောက်ကျော်သည် အလုပ်ထုတ်ခံရပြီး နှင်ထုတ်ခံရသည်။
ပုံမှန်အားဖြင့် မြို့တော်ရှိသမားတော်များသည် အဆင့်မြင့်အရာရှိကြီးများနှင့် တော်ဝင်မိသားစုများအား ကုသရန် လျင်မြန်စွာ ဖိတ်ကြားလေသည်။
သာမန်လူများမှာမူ သူတို့တွင် စုဆောင်းထားငွေရှိပါက သမားတော်တစ်ယောက်ကို ပင့်၍ ကုသနိုင်လေသည်။ သို့ရာတွင် သူတို့ဆင်းရဲပါက သေဖို့သာ ထိုင်စောင့်ရန်တတ်နိုင်လေသည်။
ဒီလူများသည် သေဖို့ထိုင်စောင့်ရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူတို့သည် ဖြေရှင်းချက်တောင်းရန် ယုံအန်းဘုရားကျောင်းတွင် စုဝေးနေလေသည်။
မြို့ပြင်လမ်းတစ်လျှောက်တွင် လူများသည် အအေးဒဏ်ကြောင့် ချောင်းတဟွတ်ဟွတ်ဆိုးနေလေသည်။ သူတို့၏ဆိုင်အပြင်တွင် အခန်းငယ်လေးများ ဆောက်လုပ်ထားသည့် ကြင်နာတတ်သော သမားတော်များ လည်းရှိပေသည်။ လူအုပ်ကြီးသည် အကူအညီတောင်းရန် စောင့်နေကြလေသည်။ အလွန် ထိတ်လန့်ဖွယ် မြင်ကွင်းပင်ဖြစ်လေသည်။
သူရှေ့သို့ဆက်လျှောက်လေလေ မျက်မှောင်ကြုပ်လေလေဖြစ်သည်။
စုရှီသည် ယုံအန်းဘုရားကျောင်းမြေပုံ အသစ်စက်စက်ကို ဖွင့်လိုက်လေသည်။ သူ(မ)ပထမဆုံး တွေ့လိုက်သည်မှာ လူအုပ်ကြီးထဲမှ ကျိုက်ကျိုက်ပင်ဖြစ်လေသည်။
သူ(မ)အနေဖြင့် ကျိုက်ကျိုက် အပြင်သွားသည့်အခါတွ င်ဝတ်သည့်ဝတ်စုံကို ယခုမှသာ ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။ သူသည် တိရိစ္ဆာန်သားရေနှင့်လုပ်ထားသည့် ဝတ်ရုံရှည်ကို ဝတ်ထားလေသည်။ မင်းသားနင်းဖူအိမ်တော်မှ သူများ သူ့အား မမှတ်မိစေရန် သူသည် အနက်ရောင်ခြုံထည်ရှည်ကို ခေါင်းမှ ခြုံထားလေသည်။
နို့ဘောလုံးလေးသည် လူအုပ်ထဲတွင် ရောနှောနေပြီး သူ၏လက်ကို နောက်ပစ်၍ လျှောက်နေသည်။ သူ၏မျက်နှာသည် အေးစက်မာကျောနေသော်လည်း ခါတိုင်းထက်စာလျှင်တော့ နူးညံ့နေလေသည်။
စုရှီသည် အဲဒါကိုမြင်သောအခါ ရယ်ချင်နေသော်လည်း ယုံအန်းဘုရားကျောင်းမြေပေါ်တွင် လှဲနေသည့် လူများကို မြင်လိုက်ရသောအခါ ရုတ်တရက်လန့်သွားလေသည်။
မြေပြင်တစ်ခုလုံးပေါ်တွင် လူအများကြီးပင် ဖြစ်လေသည်!
အအေးဒဏ်ကြောင့်ရောဂါခံစားနေရပြီး မကုသနိုင်သည့်လူများဖြစ်သည်။ နောက်စက္ကန့်ပိုင်းတွင် သေတော့မည့်သူများကဲ့သို့ သူတို့သည် ထောင့်တစ်နေရာတွင် နာမကျန်းစွာလှဲနေလေသည်!
မျက်နှာတစ်ခုလုံးတွင် အရေပြားများတွန့်နေသည့်လူကြီးများ၊ အနှီးဖြင့် ထုပ်ထားသည့် ကလေးငယ်များနှင့် မိခင်များ၊ ထိုကဲ့သို့ ဖျားနာနေကြသည့် လူငယ်များ ရှိလေသည်။ သူတို့အားလုံးသည် အဖျားကြီးပြီး အားနည်းနေကြ၍ အအေးဒဏ်ကို လုံးဝခံစားနေရလေသည်။
ဂိမ်းမျက်နှာပြင်မှ ထိုသူများသည် ကာတွန်းရုပ်ပုံများသာဖြစ်သော်လည်း စုရှီသည် အလွန်ထိတ်လန့်နေပြီး သူတို့ကိုမကြည့်ရက်ပေ!
ဒါဆို ရှေးခေတ်တုန်းက အအေးကြောင့်ဖြစ်တဲ့ ပုလိပ်ရောဂါက ဒီလောက်ကြောက်ဖို့ ကောင်းတာလား!
အဲဒါသည် ရိုးရှင်းသည့် ကပ်ဘေးဒုက္ခဖြစ်သည်။ ဒီဆောင်းဦးတွင် လူဘယ်လောက်သေမည်မှန်း သူ(မ)မသိပေ!
သမားတော်တွေသည် သူတို့အားကုသရန် အကောင်းဆုံးကြိုးစားသော်လည်း သူတို့၏ ကုသစွမ်းရည်သည် အကန့်အသတ်ရှိလေသည်။ သူတို့သည် အနည်းငယ်ဖျားသောသူများကိုသာ ဆေးဝါးအနည်းငယ်နှင့် ဆေးအညွန်းလောက်ပေး၍ ကုသနိုင်ပေသည်။ ရက်အနည်းငယ်ကြာသည့်အထိ အဖျားကျမသွားဘဲ ဖြူဖတ်ဖြူရော် ဖြစ်နေသည့်သူများကိုမူ သမားတော်များသည် လက်လျှော့လိုက်ပေသည်။
စုရှီ ဘယ်တော့မှမတွေးခဲ့သည်မှာ ဒီအဖျားရောဂါသည် ယခုခေတ်ကာလတွင် သာမန်မျှဖြစ်သော်လည်း ဂိမ်းထဲမှ ရှေးခေတ်ကာလတွင်မူ လူအများကြီး သေလိမ့်မည်ဟူ၍ပင် ဖြစ်လေသည်။
ထိုနေ့က သူ(မ)သည် ဆေးဝါးတစ်ဒါဇင်အား ဝယ်ယူခဲ့ပြီး ကျိုက်ကျိုက်သည် တစ်ကျိုက်သောက်ရုံဖြင့် မြန်မြန်သက်သာသွားခဲ့လေသည်!
ထို့ကြောင့် ဆေးဆိုင်မှ သူ(မ) ဝယ်ယူခဲ့သော ဆေးများသည် ဒီမှလူအားလုံးကို ကယ်တင်နိုင်သည်ဟု မဆိုလိုပေဘူးလော!
စုရှီ၏စိတ်ထဲ၌ ထိုအတွေးဝင်လာချိန်တွင် လုဟွမ်သည် မြေပြင်ပေါ်တွင် နာကျင်စွာ လဲလျောင်းနေသူများကို ကြည့်နေလေသည်။ သူသည် မျက်မှောင်ကြုပ်ပြီး စုရှီနဲ့အတွေးတူလေသည်။
သူသည် ထိုနေ့က အပြင်းအထန်ဖျားနေသော်လည်း တစ်ညတည်းနှင့်ပင် အပြည့်အဝ ပြန်ကောင်း လုနီးနီးပင်ဖြစ်လေသည်။ ထိုလူသူ့အား ပေးသောဆေးသည် အမှန်တကယ်ပင် အကျိုးသက်ရောက်တာလား။
ထိုလူကို ကြည့်ရသည်မှာ အမြဲတမ်းထူးဆန်းသော အရာများရှိလေသည်။ သူအရင်က ဘယ်တော့မှ မမြင်ဖူးသည့် အအေးကာစောင်ပင် ရှိလေသည်။
ဆေးထဲတွင် ဘာတွေပါသည်ကို သူမသိပါ။ သူသာ ဆေးထဲရှိ ပါဝင်ပစ္စည်းများကို ပိုင်းခြားနိုင်ပါက သူသည် ဒီအမျိုးသမီးများနှင့်ကလေးများကို ကယ်တင်ရန်ဆေးပင်များကို ရှာနိုင်ပေမည်။
ငြိမ်းချမ်းမှုကို ဖုန်းကွယ်ရန်အလို့ငှာ မြို့ထဲမှအရာရှိများသည် နန်းတော်မှ လူများသိရှိသွားမည်ကို ကြောက်သောကြောင့် သူတို့သည် မြို့ပြင်မှ ပုလိပ်ရောဂါ ကူးစက်ခံရသူများကို စတင် မောင်းထုတ်လေသည်။
လူများသည် ခါးသီးစွာခံစားနေရသောကြောင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တမ်းတနေကြလေသည်။
သို့ရာတွင် မြို့ထဲရှိအရာရှိများသည် တီးမှုတ်ကခုန်ကြရင်း ပျော်ပွဲရွှင်ပွဲများဆင်နွှဲကြလေသည်။
လုဟွမ်သည် လှည့်ပတ်ကြည့်ပြီး သူ၏အကြည့်သည် အအေးဒဏ်ကြောင့် လက်များနီရဲနေပြီး သေလုမြောပါး ခံစားနေရသည့် ရှစ်နှစ်အရွယ်ကလေးဆီသို့ ရောက်သွားလေသည်။
သူ၏မျက်လုံးများသည် တစ်ခဏလောက် ရပ်သွားပြီး တခြားသို့ ပြောင်းကြည့်လိုက်လေသည်။
ထိုအချိန်မှာပင် စုရှီ၏အင်တာဖေ့စ်တွင် မစ်ရှင်တစ်ခုပေါ်လာလေသည်။
(ဆောင်ရွက်ချက်၊ အဓိကမစ်ရှင်၄ကိုလက်ခံပါ။ ဂိမ်းဇာတ်ကောင်၏အဖျားရောဂါပျောက်ဆေး ဖန်တီးသည့်နေရာတွင်ကူညီပေးပါ။ မြို့တော်တွင် အမည်မသိ နတ်ဆေးဆရာ ဖြစ်လာပြီး လူထောင်ပေါင်းများစွာ၏ နှလုံးသားအားရယူ၍ အအေးမိပျောက်ဆေးနှင့် ၁၀ရက်အတွင်း ငွေစ၅၀တုံး ရယူပါ။)
(မစ်ရှင် ဆု: ရွှေဒင်္ဂါး ၅၀၀၊ ၆မှတ်နှင့် ခက်ခဲသောအဆင့်: ကြယ်ပွင့်၈ခု)
နေဦး ငွေစ ငါးဆယ်လား။
စုရှီသည် အစပိုင်းတွင် လန့်သွားသော်လည်း ဆုဆိုသော စကားလုံးအား မြင်လိုက်ရသောအခါတွင် သူ(မ)၏ယှဥ်ပြိုင်လို စိတ်သည် ချက်ချင်းမြင့်တက်သွားလေပြီ။
သို့သော်လည်း ဒီမစ်ရှင်မရှိဘူးဆိုလျှင်တောင် ကျိုက်ကျိုက်သည် နေရာတွင် မတ်တပ်ရပ်နေပြီး သနားစရာကလေးငယ်လေးအား အဝေးမှရပ်ကြည့်နေသည်ကို သူ(မ) မြင်လေသည်။ ကျိုက်ကျိုက်သည် ထိုကဲ့သို့လုပ်ဖို့ စိတ်ပြင်ဆင်ပြီးသည်ကို သူ(မ)ခံစားရလေသည်။
ကျိုက်ကျိုက်ဘာတွေစဥ်းစားနေလဲဆိုသည်ကိုသူ(မ)မသိပါ။
သို့သော်လည်း သူ(မ)သည် ကျိုက်ကျိုက်၏ဘီရိုထဲမှ ကျိုက်ကျိုက်ဖတ်နေသောစာအုပ်အများစုကို တွေ့ဖူးလေသည်။ သူ အဖတ်အများဆုံးသော တစ်အုပ်မှာ ရှင်းလင်းသော မြစ်၏ငြိမ်ချမ်းသော ကမ္ဘာကြီးနှင့် ငြိမ်းချမ်းသောပင်လယ်နှင့် လာဘ်လာဘရာသီများပင် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် မင်းသားနင်းဖူအိမ်တော်တွင် သခင်မနင်းသည် လုဝမ်ရှို့၏ အခန်းရှေ့တွင် ခေါက်တုံ့ခေါက် ပြန်လျှောက်၍ သူ(မ)၏လက်များကိုချိတ်၍ ဆုတောင်းနေသည်။ သူ(မ)သည် စိတ်ပူလွန်းလှသဖြင့် ရူးမတတ်ပင်ဖြစ်လေသည်။
ယခင်က လုဝမ်ရှို့သည် ချောင်းထဲပြုတ်ကျရာမှ အအေးမိပြီး ဖျားသွားလေသည်။ သူ(မ)သည် သာမန်ဖျားသည် ထင်ပြီး သမားတော်အား ပင့်၍သာ ဆေးညွှန်းအတိုင်း ဆေးတိုက်ခိုင်းလေသည်။
သို့ရာတွင် သူ(မ)မျှော်လင့်မထားသည်မှာ ယခုကဲ့သို့အချိန်အများကြီးကြာနေသော်လည်း အဖျားသည် မပျောက်သေးပေ!
ထို့အပြင် လွန်ခဲ့သောသုံးရက်ခန့်ကစ၍ လုဝမ်ရှို့၏အခြေအနေသည် လုံးဝဆိုးရွားသွားလေသည်။ သူသည် အိပ်ယာထဲမှပင် မထနိုင်ချေ။ သူ၏အဖျားသည် တက်လာပြီး သူ့တွင် အသိစိတ် မရှိတော့ပေ။
နန်းတော်မှ တော်ဝင်သမားတော် ရောက်လာပြီး ခေါင်းခါကာ ပြောလိုက်သည်။ "ဒုတိယသခင်လေးရဲ့ ခန္ဓာကိုယ်က အစကတည်းက အားနည်းနေပြီ။ ရေခဲကန်ထဲပြုတ်ကျသွားပြီး သူအအေးမိတော့ အခြေအနေပိုဆိုးလာတာ။ ကျွန်တော်တို့ လုပ်နိုင်တာဘာမှမရှိတော့ဘူး။ ကောင်းတဲ့အရာ ဖြစ်လာဖြစ်ဖို့ပဲ မျှော်လင့်ရတော့မယ်"
ဒီစကားလုံးများသည် မရေရာသော်လည်း ဆိုလိုသည်မှာ ယခုအခြေအနေကိုကုသရန် နည်းမရှိတော့ပေ။ တော်ဝင်သမားတော်တောင် ဘာမျှမလုပ်နိုင်ပါက ပိုကောင်းတဲ့ သမားတော်ကို သူတို့ ဘယ်က သွားရှာရမှာလဲ!
သခင်မနင်းက မမျှော်လင့်ထားသည်မှာ ဆောင်းဦးအမဲလိုက်ပြိုင်ပွဲတွင် သူ(မ) ထိုတရားမဝင်သားအား ဘယ်လိုသတ်ရန် ကြံစည်နေစဥ်တွင် သူ(မ)၏သားသည် လွန်ခဲ့သော ရက်အနည်းငယ်က ကန်ထဲပြုတ်ကျ၍ အပြင်းအထန် သေလုမြောပါးဖျားနာနေခြင်းပင်ဖြစ်သည်။ သူ(မ)၏နှလုံးထဲတွင် အပ်နှင့်ထိုးခံရသကဲ့သို့ ဆိုးဝါးစွာ နာကျင်လှပြီး ခွေးခြေပေါ်တွင်ထိုင်လိုက်လေသည်။
သခင်မကြီးသည် အမြဲတမ်း ဓားရေးလေ့ကျင့်လေ့ရှိသည်။ သူ(မ)၏ခန္ဓာကိုယ်သည် ကြံခိုင်သန်မာလှပေသည်။ ထို့အပြင် ကယ်တင်ခံရပြီးနောက် သူ(မ)သည် ချက်ချင်း သူ(မ)ကိုယ်သူ(မ) နွေးစေရန်မီးလှုံလေသည်။ ဒါကြောင့် သူ(မ)သည်အဖျားမဝင်ခဲ့ပေ။
သို့ရာတွင် ထိုမျိုးမစစ်သည် မင်းသားနင်းဖူ အိမ်တော်တွင် သူ၏ကျန်းမာရေးကို စိုးရိမ်စရာမလိုဘဲ နေနိုင်တာလဲ။
သခင်မနင်းသည် ပူပန်ပြီး မုန်းတီးစိတ်ကိုခံစားနေရသော်လည်း လုဝမ်ရှို့အတွက်လည်း စိတ်မကောင်း ဖြစ်လေသည်။ သူ(မ)သည် အံကို တင်းတင်းကြိတ်ထားလိုက်သည်။
လုဟွမ်၏ သစ်သားနှင့် ငှက်မွှေးဝယ်ရန် အကြံအား ခဏရပ်လိုက်လေသည်။ ထိုအရာသည် အရေးမကြီးပေ။ သူသည် သာမန်လေးနဲ့မြားနှင့်လည်း နိုင်ရန် ယုံကြည်ချက် ရှိလေသည်။ သို့သော် ဒီသာမန်သူများ၏ အသက်များသည် အချိန်ဆွဲ၍မဖြစ်ပေ။
သူသည် ဆုံးဖြတ်ပြီးနောက် ချက်ချင်းသွားလိုက်သည်။ သူသည် မြို့တော်သို့ ချက်ချင်းပြန်လာပြီး ဆေးဆိုင်သို့ ဝင်လာလေသည်။
လုဟွမ်သည် ဆေးပင်အမျိုးအစား အားလုံးနှင့်ကျွမ်းဝင်လေသည်။
သူသည် ထိုနေ့က ထိုလူချန်ထားခဲ့သော ဆေးအိတ်အား ဖွင့်လိုက်ပြီးနောက် တွေ့လိုက်သည်မှာ ထိုထဲတွင် ဆေးမှုန့်များ ပြည့်မနေပေ။ အဲအစား ပြုတ်ရမည့် ဆေးအမျိုးအစားများသာ တွေ့ရလေသည်။ လုဟွမ်သည် အညွှန်းအား ကြည့်လိုက်ပြီး ပါဝင်ပစ္စည်းများကို မှတ်မိနေခဲ့လေသည်။
ထိုအချိန်တွင် ကြိုတင်ကာကွယ်သည့် အနေဖြင့် စတုတ္ထကိုယ်လုပ်တော်သို့ အဖျားပျောက်ဆေး အချို့ ပို့ပြီးနောက် သူသည် ဘီရိုထဲတွင် ဆေးတစ်အိတ် ကျန်ထားခဲ့လေသည်။
ယခုတွင် သူသည် ပါဝင်ပစ္စည်းများအား ဝယ်ယူပြီး အရင်ဆေးအိတ်နှင့် ပြန်နှိုင်းယဉ်ရန်ဖြစ်သည်။ သူသည် ထိုသူပို့လိုက်သော ဆေးအတွက် အညွှန်းကိုတွက်ရန် ပါဝင်ပစ္စည်းများပေါ်တွင်သာ မှီခိုအားထား နေရသည်။
သို့သော်လည်း ထိုသူသည် လူများအားကယ်တင်ရန် သူ၏ဆေးကို သုံးခွင့်ပြုဖို့ ဆန္ဒရှိမလားဆိုတာကို သူမသိပေ။
လုဟွမ်သည် ပါဝင်ပစ္စည်းများကို ဝယ်ပြီးနောက် သူ၏အိမ်သို့ လေးလံစွာပြန်လာလေသည်။
သူသည် ခြေလှမ်းကျယ်ကြီးဖြင့်ဝါးတောအားဖြတ်ပြီးနောက် သူတံခါးဖွင့်လိုက်သည့်အခါတွင် အနည်းငယ် တုံ့ဆိုင်း သွားလေသည်။
အရင်တစ်ခေါက်က သူသည် မှတ်စုချန်ထားသော်လည်း ထိုသူသည် သူ့အား မတုံ့ပြန်ခဲ့သောကြောင့် အနည်းငယ် စိတ်ပျက်သွားလေသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် သူသည် အရှုံးမပေးသေး သော်လည်း သူသည် ထိုသူဆီမှ တုံ့ပြန်မှုရရှိဖို့မျှော်လင့်နေသည်။
သို့သော်လည်း ဒီတစ်ကြိမ်တွင် ထိုသူက သူ့အား ဘာမှမတုံ့ပြန်လျှင်ရော ဘယ်လိုလုပ်မှာလဲ။
လုဟွမ်သည် ဆေးအိတ်အား ကိုင်၍ အံတင်းတင်းကြိတ် ထားလေသည်။ သူ့ရင်ထဲတွင် အကောင်းဆုံး ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။
သူသည် အမူအရာအား ချုပ်တည်း၍ လျှောက်လာသည်။
သူ့အတွေးများအား ထိန်းချုပ်လိုက်ပြီးနောက် သူသည် စားပွဲအား ထပ်ကြည့်လိုက်ပြီးနောက် ဒီတစ်ကြိမ်တွင်....
"… …."
လုဟွမ်သည် ထိုအရာကို မလုပ်ချင်သော်လည်း သူ၏မျက်လုံးများသည် ချက်ချင်း ပြူးကျယ်သွားလေသည်။
သူသည် ပြတင်းပေါက်တွင် ရပ်နေပြီး အပြင်ဘက်မှအလင်းရောင်သည် ထင်ဟပ်နေလေသည်။ သူ၏အေးစက်စက်မျက်နှာတွင် ပီတိဖြစ်သည့်အရိပ်လေးဖြတ်ပြေးသွားလေသည်။
ထိုအရာသည် ... ... ဆယ်လေးနှစ်အကြာမှ ဖြစ်ပေါ်လာသည့် လူငယ်လေးတစ်ယောက်၏ အမူအရာပင် ဖြစ်သည်။
သို့ရာတွင် သူ၏အမူအရာအား သူသည် သူ၏အပြုအမှုကိုသတိပြုမိသည့်နောက် သူ့၏အမူအရာအား ကြိုးစားထိန်းလိုက်ပြီး မျက်နှာတည်ပြောင်းသွားလေသည်။
သူသည် စားပွဲဆီသို့ လျှင်မြန်စွာ လျှောက်သွား၍ သူ၏မျက်လုံးများတွင် တလက်လက် မတောက်ပလာစေရန် ကြိုးစားထိန်းလိုက်လေသည်။
စားပွဲပေါ်တွင် လက်ဆောင်များသည် မရှိတော့လေပြီ။
နှစ်ခုလုံးယူသွားလေပြီ။
ထိုသူသည် နောက်ဆုံးတွင် တွေ့သွားပြီး တုံ့ပြန်လေပြီ။
ထိုသူသည် သူ၏အတွေးများအား သိနေပြီး သူဘယ်သူဆိုသည်ကို ပြောလိုသော ဆန္ဒမရှိသောကြောင့် လက်ဆောင်နှစ်ခုလုံးအား ယူသွားသည်လား မသိပေ။
သို့သော်လည်း လုဟွမ်၏ ခံစားချက်များသည် လှုပ်ရှားနေဆဲဖြစ်သည်။
အားလုံးပြီးနောက် ထိုသူဆီမှသာ သူသည်ပစ္စည်းများအားရရှိလေသည်။ အခုတော့ ဆိုလိုသည်မှာ သူသည် ထိုလူနှင့် ဆက်သွယ်နိုင် ပေသည်။
သူသည် နှုတ်ခမ်းများအား တင်းတင်းစေ့လိုက်လေသည်။
ယူသွားသော လက်ဆောင်များအပြင် စားပွဲပေါ်တွင် တစ်ခုထပ်ရှိသေးသည်။
သူ၏အကြည့်သည် ထူးဆန်းသောကြိုးထုံးနှင့် ချည်ထားသော ဖီးနစ်ငှက်မွှေးပုံစံလေးပေါ်သို့ ရောက်သွားပြီးနောက် အနည်းငယ်လန့်သွားလေသည်။ လေးသည် အလွန်ကောင်းလှပေသည်။ လေးသည် အဖိုးတန်သစ်သားဖြင့် လုပ်ထားပြီး မြားတိုလေးများသည် ဖီးနစ်ငှက်မွှေးဖြင့် လုပ်ထားလေသည်။ လေးသည် အပေါ်ပိုင်းကြီးပြီး အောက်ပိုင်းသေး၍ အလွန်ထက်သည်။ တရားဝင် အမွေခံများသာ သုံးနိုင်လေသည်။
ဖီးနစ်ငှက်မွှေးပုံလေး အပြင် အခြားမြားများသည် တော်ဝင်မိသားစုသာ လျှင် သုံးနိုင်လေသည်။
သူသည် ရိုးရိုးငှက်မွှေးသဏ္ဍာန်လေးသာ ဖြစ်ပြီး ထိုသူသည် သူအား အကောင်းဆုံးသော အရာအားပေးရန် ကြိုးစားခဲ့ပုံ ရလေသည်။
ဒါကို သတိပြုမိပြီးနောက် လုဟွမ်သည် လေးအား ကောက်ကိုင်၍ သူ၏နှလုံးသားသည် အနည်းငယ် တုန်သွားလေသည်။
စခရင်အပြင်ဘက်တွင် စုရှီသည် ဘုရားကျောင်းမှ လုဟွမ်၏အနောက်ကို လိုက်ခဲ့ရာမှ သူ(မ) ပေးသောလေးကို လုဟွမ်မြင်သည့်အခါတွင် ဖြစ်မည့်အမူအရာကိုစောင့်နေလေသည်။
သူ(မ)သည် ကျိုက်ကျိုက်အား အံ့သြသွားသော အမူအရာပြရန် စောင့်နေသော်လည်း မြင်လိုက်ရသည်မှာ
ကျိုက်ကျိုက်၏မျက်နှာသည် အေးတိအေးစက်ဖြင့် အမူအရာမဲ့နေပြီး ပျော်ရွှင်မှု၊ ဒေါသ မည်သည်ကိုမျှ မတွေ့ရပေ။
စုရှီ......
မဟုတ်သေးပါဘူး။ သူ့စိတ်ကူးထဲကလေးရတာတောင် မပျော်ဘူးလား။ ကျိုက်ကျိုက်၊ မင်းက အရမ်းကြီး လှုပ်လှုပ်ရှားရှား မရှိဘူးဆိုတာ ငါသိတယ်။ ငါ မင်းကို ကခုန်ပြီး ငါ့ကို ဖက်ဖို့ မတောင်းဆိုပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ပြုံးလေ!
သို့သော်လည်း စုရှီသည် ဘာပြီးမြောက်မှုမှမခံစားရသော်လည်း စခရင်ပေါ်တွင် ကျိုက်ကျိုက်၏ ခေါင်းပေါ်၌ ပူဖောင်းလေး ပေါ်လာလေသည်။
ပူဖောင်းထဲတွင် အသဲပုံသေးသေးလေးရှိနေသည်။
ပြီးတော့ သူသည် အလွန်ပျော်ရွှင်နေသဖြင့် သူ၏နှလုံးသည် ခုန်နေလေသည်။
စုရှီ...
စုရှီ၏နှလုံးသားသည် တုန်နေလေသည်။ သူ(မ)သည် ဖုန်းအားပစ်လိုက်ပြီး သူ(မ)ကိုယ်သူ(မ) ဆိုဖာပေါ်သို့ လဲချ၍ ခေါင်းအုံးဖြင့် သူ(မ)၏မျက်နှာပေါ်သို့ ကာထားလိုက်လေသည်။