← Chapters

Chapter 22

Vol. 3 Ch. 22

Chapter 22

Vol. 3 Ch. 22

မင်းသားနင်းဖူအိမ်တော်က အချိန်တိုင်း စောင့်ကြည့်နေသောကြောင့် လုဟွမ်အနေဖြင့် သူ၏မျက်နှာကို ပြသရန် အဆင်မပြေပါ။ ထို့ကြောင့် သူသည် မျက်နှာကို ဖုံးအုပ်ထားကာ အနက်ရောင်ဝတ်ရုံကို ဆက်လက် ဝတ်ဆင်ထားသည်။

ထိုလူ ပို့ပေးသော အိတ်များ အပါအဝင် သူ့တွင် အဖျားပျောက်ဆေးအိတ် စုစုပေါင်း ၆၃ အိတ် ရှိသည်။

သူသည် အနည်းငယ်ကြိုးစားပြီး ဆေးအိတ် ၅၀ ကို အညီအမျှ အပိုင်း ၅ ပိုင်း ခွဲလိုက်သည်။ အပိုင်းတစ်ပိုင်းစီကို ကျိုပြီးနောက် ရေအိတ်ထဲသို့ လောင်းထည့်လိုက်သည်။

ထို့ကြောင့် ဆေးဖြင့်ပြည့်နေသော ရေအိတ် ၅ လုံး ရှိသည်။

ကျန်ရှိနေသော ဆေးအိတ် ၁၃ အိတ်ကိုမူ မကျိုဘဲ အမှုန့်ဖြစ်အောင် ကြိတ်ခြေပြီး ဆေးအိတ်များထဲသို့ ပြန်ထည့်လိုက်သည်။

ဤသို့ လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းမှာ သူ့တွင် စဉ်းစားတွေးထားသည်များ ရှိသည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူသည် ယုံအန်းဘုရားကျောင်းသို့ တိုက်ရိုက်မသွားဘဲ မနေ့က ချန်ကုန်းဝူကို ရှာဖွေရန် ဦးစွာသွားလေသည်။ ဤအချိန်တွင် ယုံအန်းဘုရားကျောင်းသည် ဆူဆူညံညံ ဖြစ်နေသည်။ သူပေါ်လာသည်နှင့် သူသည် ဝိုင်းရံ ခြင်းခံရမည်မှာ သေချာနေသည်။ ထိုအခါ သူထွက်ခွာရန် ခက်ခဲလိမ့်မည်။

ယုံအန်းဘုရားကျောင်းအနီးရှိ လူသူကင်းမဲ့သော လမ်းကြားတစ်ခုတွင်။

ရာသီဥတု အေးမြခြင်းကြောင့် လေနှင့်မိုးဒဏ်မှကာကွယ်ရန် နေရာမရှိပါ။

ချန်ကုန်းဝူသည် တစ်ဖန် ပြန်ပေါ်လာသော နတ်ဆေးဆရာလေးကို အံ့သြစွာ ကြည့်နေသည်။

သူ၏အအေးမိခြင်း လုံးဝ ပျောက်ကင်းသွားပြီးနောက် သူသည် မနက်စောစောတွင် စျေးသို့သွားပြီး အလုပ်ရှာရန် ကြိုးစားခဲ့သည်။ သို့သော် သူသည် ဖြူဖျော့နေပြီး ပိန်ပါးနေသောကြောင့် လက်ချည်းသက်သက် ပြန်လာရသည်။ ယုံအန်းဘုရားကျောင်းသို့ ပြန်လာစဉ် တစ်စုံတစ်ယောက်က သူ့ပခုံးကို ပုတ်ပြီး ဤနေရာသို့ ခေါ်လာခဲ့လေသည်။

သူ့အသက်ကို ကယ်တင်ခဲ့သော ကျေးဇူးရှင်နှင့် ပြန်လည်တွေ့ဆုံရလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပါ။

သူသည် မွေးရပ်မြေမှ မြို့တော်သို့ ထွက်လာခဲ့သည်။ သူ ငွေလိမ်လည်ခံရပြီး ပြင်းထန်စွာဖျားနာခဲ့သည်။ သူသည် ဤအေးမြသောဆောင်းရာသီတွင် မွေးရပ်မြေခြား၌ သေဆုံးလိမ့်မည်ဟု ထင်ခဲ့သည်။ သူသည် သေခြင်းတရား၏ တံခါးဝမှ ပြန်လည် ရောက်ရှိလာမည်ဟု မည်သူကမျှ မသိခဲ့ပါ။ ဤလူငယ်လေးလေးထံမှ ဆေးတစ်ခွက် သောက်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ကျန်းမာလာခဲ့သည်။ ဤအရာသည်လည်း သူ၏ဘဝအတွက် မျှော်လင့်ချက်ကို တစ်ဖန် ပြန်လည် မွေးဖွားစေခဲ့သည်။

ဤအကြောင်းကို တွေးမိသောအခါ ချန်ကုန်းဝူ၏ နှုတ်ခမ်းများ တုန်ယင်လာပြီး မျက်ရည်များ စီးကျလာသည်။ သူသည် "ဒုပ်" ခနဲ အသံဖြင့် သူ့ရှေ့မှ လူငယ်လေး၏ရှေ့တွင် ဒူးထောက်လိုက်ပြီး "သခင်လေးရဲ့ ကြီးမားသောကျေးဇူးကို ကျွန်တော် ပြန်ဆပ်ဖို့ နည်းလမ်းမရှိပါဘူး။ ကျွန်တော့်ကို သခင်လေး နောက်လိုက် ခွင့်ပြုပါ" ဟု ပြောလိုက်သည်။

သူ့တွင် အတွေ့အကြုံများစွာ မရှိသော်လည်း ဤလူငယ်လေးတွင် ထူးခြားသော အမူအကျင့်ရှိကြောင်း သူမြင်နိုင်သည်။ သူသည် ချမ်းသာသော မိသားစုကြီးတစ်ခုမှ လူငယ်လေး မဟုတ်လျှင် ပုန်းကွယ်နေသော ပညာရှင်တစ်ဦး၏ တပည့်ဖြစ်ရမည်။

သူသည် မိမိ၏အသက်ကို ကယ်တင်ပေးခဲ့သည်။ မြို့တော်တွင် ဆက်လက်လှည့်လည်နေမည့်အစား ဤလူငယ်လေး၏ နောက်သို့ လိုက်လျှင် ပိုကောင်းမည်။ ဤသို့ဖြင့် သူသည် ခိုလှုံစရာနေရာတစ်ခု တွေ့နိုင်ပါသေးသည်။

လုဟွမ်သည် ထိုပုဂ္ဂိုလ်ကို တစ်ခဏ သေချာစွာ အကဲခတ် ကြည့်လိုက်သည်။ ဤပုဂ္ဂိုလ်သည် ပိန်လှီပြီး အားနည်းကာ သတိထားတတ်သော စိတ်နေသဘောထား ရှိသည်။ သို့သော် သူ၏လက်ချောင်းများသည် အသားမာများဖြင့် ပြည့်နှက်နေသည်။ သူသည် ညည်းညူခြင်းမရှိဘဲ ကြိုးစားလုပ်ကိုင်ပြီး ရိုးသားသောသူ ဖြစ်နိုင်သည်။

သူက "မင်း ဘာအလုပ်မှာ ကျွမ်းကျင်လဲ" ဟု မေးလိုက်သည်။

ချန်ကုန်းဝူသည် ငြင်းပယ်ခံရမည်ကို အကြောက်ဆုံးဖြစ်သောကြောင့် အမြန်ပြန်ပြောလိုက်လေသည်၊ "ကျေးဇူးရှင်၊ ကျွန်တော်တို့မိသားစုက သစ်ခုတ်သမားမျိုးရိုးပါ။ ဒါပေမဲ့ အဲဒါအပြင် လယ်ယာလုပ်ငန်း၊ ထင်းခုတ်၊ အဝတ်ချုပ်၊ ဟင်းချက်တာတွေအားလုံး ကျွန်တော်လုပ်တတ်ပါတယ်!"

လုဟွမ်က "ငါ့အတွက် ဒါကို အရင်လုပ်ပေးပါ" ဟု ပြောလိုက်လေသည်။

ချန်ကုန်းဝူ အနေဖြင့် အသုံးမဝင်ဘဲ ဖြစ်နေမည်ကို အကြောက်ဆုံး ဖြစ်သည်။ ထို့ကြောင့် သူ၏ကျေးဇူးရှင်လေးက သူ့ကို အလုပ်ပေးလိုသည်ကို ကြားရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်၊ "ကျွန်တော် ဘာလုပ်ရမလဲပြောပါ၊ ကျေးဇူးရှင်။ ကျွန်တော် နွားတစ်ကောင်လို၊ မြင်းတစ်ကောင်လို အလုပ်လုပ်ပါ့မယ်!"

လုဟွမ်က သူ့ကို ရေအိတ် ၅ လုံးနှင့် နောက်ထပ် ဆေးထုပ် ၁၃ ထုပ် ပေးလိုက်သည်။ သူက "ဒီရေအိတ် ငါးလုံးကို ကျုံးကန်ဖိန် နေ့စဉ် ဝေပေးသော ဆန်ပြုတ်ထဲသို့ ထည့်လိုက်။ ပြီးတော့ ယုံအန်းဘုရားကျောင်းမှာ ဘေးဒုက္ခရောက်နေတဲ့သူ အားလုံး သေချာသောက်နိုင်အောင် လုပ်ပါ။ ငါးရက်ကြာပြီးရင် လူတွေ ပြန်ကောင်းလာလိမ့်မယ်" ဟု ပြောလိုက်သည်။

"ပြီးတော့ ဒီဆေးထုပ် ၁၃ ထုပ်ကို မင်းသားနင်းဖူ အိမ်တော်ကလွဲပြီး မြို့တော်ရဲ့အဆင့်မြင့်အရာရှိတွေနဲ့ မှူးမတ်တွေဆီကို တစ်ထုပ်ကို ငွေစ ၁၀ တုံးနဲ့ ရောင်းလိုက်ပါ။ ၁၂ ထုပ်ကို ရောင်းချပြီးရင် နောက်ဆုံးတစ်ထုပ်ကို သိမ်းထားပါ။ မမေ့နဲ့။ ကျုံးကန်ဖိန် မင်းကို လာရှာတဲ့အထိ စောင့်နေ။"

ချန်ကုန်းဝူသည် ခိုင်းသမျှ လုပ်ပေးလိုသော်လည်း သူ၏စိတ်သည် အနည်းငယ် ရှုပ်ထွေးနေသည်။ သူက သတိထားပြီး မေးလိုက်လေသည်၊ "... ဒါပေမဲ့၊ ဘာလို့လဲ"

လုဟွမ်က တည်ငြိမ်စွာ ပြောသည်၊ "လူ့သဘာဝက လောဘကြီးတယ်။ မင်းလက်ထဲမှာ ဆေးရှိတာကို သိရင် ဓားပြတိုက်ခံရမှာ သေချာတယ်။ တချို့လူတွေက တစ်ခွက်မက ဆေးအားလုံးကို သူတို့အတွက် လိုချင်ကြတယ်။ ဒါကြောင့် မင်း ဆေးကို ဆန်ပြုတ်ထဲ ထည့်ဖို့ပဲ လိုတယ်။ ဘုရားကျောင်းမှာရှိတဲ့ လူတိုင်း သောက်ပြီးရင် သူတို့ရဲ့ အခြေအနေက သဘာဝအတိုင်း ပြန်ကောင်းလာလိမ့်မယ်။ ကျုံးကန်ဖိန်နှင့် ပတ်သက်ပြီးတော့ ထပ်မမေးနဲ့။ ပြောတဲ့အတိုင်းသာ လုပ်ပါ"

ချန်ကုန်းဝူသည် ထပ်မမေးရဲသောကြောင့် အလျင်စလိုပင် ကျေးဇူးတင်စွာ သဘောတူလိုက်သည်။

အခွင့်အရေးရလို့ သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်ပါ။ သူဟာ တခါမှ စာမသင်ဖူးတဲ့ လူအတစ်ယောက်ပါ။ ဒီကျေးဇူးရှင်လေးက သူ့ကို ဒီလောက်အရေးကြီးတဲ့ တာဝန်ပေးပြီး ရှင်းပြပေးခဲ့သည်။ သူ နားမလည်သော်လည်း စိတ်ထဲမှာ ကျေးဇူးတင်မိသည်။ သူဒီတာဝန်ကို ကောင်းကောင်းပြီးအောင် လုပ်မယ်လို့ ကတိပြုခဲ့သည်!

လုဟွမ်က ဒီကိစ္စကို ချန်ကုန်းဝူ လက်ထဲအပ်ပြီးတဲ့နောက် မင်းသားနင်းဖူအိမ်တော်ကို ခေတ္တပြန်သွားခဲ့သည်။

လုဝမ်ရှို့ရဲ့ ရောဂါကြာလာတာကြောင့် မင်းသားနင်းဖူအိမ်တော်မှာ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။

မကြာသေးခင်က သခင်မနင်းက အတွင်းရေးကိစ္စတွေကို ဂရုမစိုက် နိုင်တော့ဘူး။ အရာရာကို လုယီအန်းနဲ့ အိမ်တော်ထိန်းလက်ထဲ အပ်ထားခဲ့သည်။ ဒီလူနှစ်ယောက်ထဲက တစ်ယောက်က သာမန်ဖြစ်ပြီး တစ်ယောက်က အရည်အချင်းမရှိဘူး။ ဒါကြောင့် မင်းသားနင်းဖူအိမ်တော်ရဲ့ အဝင်အထွက် စီမံခန့်ခွဲမှုတွေက ပိုပြီး လျော့ရဲလာသည်။

ဒါတင်မကသေးဘူး၊ အိမ်တော်ထဲက အစောင့်တွေအများစုကို ယုံအန်းဘုရားကျောင်းမှာ ပေါ်လာတဲ့ နတ်ဆေးဆရာလေးကို စုံစမ်းဖို့ စေလွှတ်လိုက်သည်။ အိမ်တော်ဟာ ရုတ်တရက် ပိုပြီး အစောင့်များ နည်းသွားလေသည်။

လုဟွမ်က ဒါတွေ အားလုံးကို မြင်နေပေမယ့် ဘာမှမလုပ်ဘူး။ ပုံမှန်အတိုင်း ကြက်တွေကို အစာကျွေးသည်၊ ဖရုံသီးကိုလည်း ပုံမှန်ကြီးထွားအောင်လုပ်သည်၊ အဲဒီလူဆီကို စာလည်း ရေးသည်။

စုရှီက သစ်သား ယုန်ငယ်ကို ယူသွားပြီးတဲ့နောက် အဲဒီလူဟာ သူပေးတဲ့ လက်ဆောင်တွေကို ကြိုက်နှစ်သက်ပုံ ရတယ်လို့ သူခံစားမိသည်။ ဒါကြောင့် စုရှီက ဂိမ်းကို ဖွင့်လိုက်တိုင်း သူ့အခန်းထဲက စားပွဲပေါ်မှာ အမျိုးမျိုးသော ထူးဆန်းပြီး အသက်ဝင်နေတဲ့ သစ်သားအရုပ်တွေ ပေါ်လာလေသည်။

တစ်ခုချင်းစီ တိုင်းဟာ လောင်မားရဲ့ နှလုံးသားကို အရည်ပျော်စေလောက်သည်။

ဒါတင်မကဘူး၊ သူ "ကောက်ရတဲ့" ပစ္စည်းတွေ အားလုံးဟာ စျေးပေါတဲ့ အရုပ်တွေချည်းပဲ။

စုရှီက စိတ်ထဲမှာ "ကျိုက်ကျိုက် ၊ မင်းတကယ် ပစ္စည်းကောက်တတ်တာပဲ"ဟု ရေရွတ်လိုက်သည်။ ဒါပေမဲ့ သူ(မ)သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လက်ခံနေဆဲဖြစ်သည်။

သူ(မ)ဟာ စျေးဝယ်စင်တာကနေ သစ်သားသေတ္တာကြီးတစ်လုံး အထူးဝယ်ပြီး အဲဒီလက်ဆောင်တွေအားလုံးကို ထည့်ထားသည်။ ပြီးတော့ ရတနာမြှုပ်သလို သစ်သားသေတ္တာကို မြေမြှုပ်ထားသည်။

အချိန်တွေ တစ်ဖြေးဖြေးကုန် ဆုံးကာ ငါးရက်ကြာတဲ့အခါမှာတော့ ယုံအန်းဘုရားကျောင်းမှာ ကိစ္စကြီးတစ်ခု ဖြစ်ခဲ့သည်။

ကြာရှည်စွာ နာမကျန်းဖြစ်နေပြီး မျက်နှာဖြူဖတ်နေတဲ့ လူနာတွေဟာ တစ်ယောက်ပြီးတစ်ယောက် ပြန်ကောင်းလာကြသည်!

ဒီသတင်းဟာ မီးလောင်ရာ လေပင့်သလို မြို့တော်တစ်ဝက်နီးပါးမှာ ပျံ့နှံ့သွားလေသည်။

သုံးရက်မြောက်နေ့လောက်ကတည်းက ရောဂါပြင်းထန်တဲ့ လူနာတချို့က ထမင်းရည်မှာ ဆေးခါး အရသာရှိနေတာကို တွေ့ရှိခဲ့သည်။ သူတို့က ထမင်းရည် သိုးသွားပြီလို့တောင် ထင်မိသည်။

အဲဒီအချိန်မှာ ချန်ကုန်းဝူက မတတ်သာတော့ဘဲ ထွက်လာပြီး ရှင်းပြရသည်။ အဲဒီနေ့က နတ်ဆေးဆရာလေးက သူ့ကို ဆေးရေ အိတ်ငါးလုံးပေးခဲ့ပြီး နေ့တိုင်း ထမင်းရည်ထဲကို ရေအိတ်တစ်လုံး ထည့်ခိုင်းသည်။ ငါးရက်ပြည့်အောင် သောက်ရင် ပျောက်ကင်းမယ်ဟု ပြောလိုက်သည်။

ဒါဟာ ဝတ္ထုတွေထဲမှာပဲ ပေါ်လာတတ်တဲ့ ဒဏ္ဍာရီတွေလို ဖြစ်နေသည်။ လူတိုင်းက ချန်ကုန်းဝူရဲ့ ရောဂါဟာ တစ်ညလောက်နဲ့ ပျောက်သွားတာကို ကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့ကြတာ မဟုတ်ရင်တော့ ယုံကြမှာ မဟုတ်ဘူး။

ဒါပေမဲ့ အခု ချန်ကုန်းဝူက သူတို့ မျက်စိရှေ့မှာ သက်သေအဖြစ် အသက်ရှင်နေတော့ ရောဂါကုချင်လွန်းနေတဲ့ ဒီလူတွေက ဘယ်လိုမှ မယုံဘဲ နေလို့ရမလဲ။

ဒါကြောင့် ချန်ကုန်းဝူရဲ့ စကားဆုံးတာနဲ့ တစ်ပြိုင်နက် ယုံအန်းဘုရားကျောင်းတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားလေသည်။ ထမင်းရည်ကျဲကို လုယက်နေကြသည်!

လူနင်းမိပြီး သေကုန် မတတ်တောင် ဖြစ်ခဲ့သည်။

အပြင်က အရာရှိကြီးတွေနဲ့ မှူးမတ်တွေကြားတဲ့အခါ သူတို့လည်း အလျင်စလို ပြေးလာကြပြီး သူတို့ အစေခံတွေကို ထမင်းရည် လုခိုင်းသည်။

ချန်ကုန်းဝူက ကျေးဇူးရှင်လေးရဲ့ ကိစ္စကို ရှုပ်ထွေးသွားမှာ ကြောက်သည်။ ဒါပေမဲ့ ကံကောင်းတာက ပထမသုံးရက်မှာ ယုံအန်းဘုရားကျောင်းက လူတိုင်းဟာ ထမင်းရည် သောက်ပြီးသွားပြီ။ နောက်ဆုံးနှစ်ရက်မှာ ထမင်းရည်မသောက်ရတဲ့သူတွေရှိပေမယ့် ပြန်ကောင်းလာတဲ့ လက္ခဏာတွေ ပေါ်လာသည်။

ထမင်းရည်ကို လုပြီး ဆယ့်နှစ်ပန်းကန်လောက် သောက်လိုက်တဲ့ လူတွေဆိုရင် အဲဒီနေ့ညမှာပဲ ပြန်ကောင်းလာလေသည်။ အအေးမိပြီး ချွေးထွက်တာတို့၊ ခေါင်းလေးပြီး ခြေထောက်အားနည်းနေတာတို့ နည်းနည်းမှ မခံစားရတော့ဘူး။

ယုံအန်းဘုရားကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းတဲ့အဖြစ်အပျက်ဟာ ရုတ်တရက် လမ်းတွေပေါ်မှာ ပြောဆိုနေကြတဲ့ အကြောင်းအရာ ဖြစ်သွားသည်။

ဒါပေမဲ့ ငါးရက်စာ ထမင်းရည်သောက်ပြီးနောက် ပြန်ကောင်းသွားတဲ့သူတွေဟာ သာမန်ပြည်သူတွေ ချည်းပဲ။ တစ်ဖက်မှာတော့ ဖျားနာနေတဲ့ အရာရှိကြီးတွေနဲ့ မှူးမတ်တွေရဲ့ မိသားစုတွေက နောက်ကျသွားသည်။ သူတို့ရောဂါကို ကုသပေးမယ့် အံ့ဩဖွယ်ဆေးနဲ့ လွဲနေတုန်းပဲ!

ဒါကြောင့် မင်းသားနင်းဖူအိမ်တော် အပါအဝင် အရာရှိကြီးတွေနဲ့ မှူးမတ်တွေက ချန်ကုန်းဝူကို ချက်ချင်းဆွဲခေါ်ပြီး မေးမြန်းကြသည်။ ရောဂါကို ကုသပေးနိုင်တဲ့ လူငယ်လေးက ဘယ်သူလဲ။

ချန်ကုန်းဝူဟာ ကြောက်လန့်နေတဲ့ ကြက်ကလေးလို အရာရှိကြီးတွေနဲ့ မှူးမတ်တွေက ဖိတ်ခေါ်တာကို ခံရပြီး ကြောက်ရွံ့တုန်လှုပ်နေသည်။ တောင်မြောက်ပင် ခွဲခြားမရတော့ပေ။

... ဒါပေမဲ့ သူ့ကျေးဇူးရှင်ရဲ့ ဝိသေသလက္ခဏာကို သူဘယ်လိုလုပ် သိနိုင်မှာလဲ။

ဒါ့အပြင် အဲဒီလူငယ်လေးက သူ့ကျေးဇူးရှင်ပါ။ သူမျက်နှာဖုံးတပ်ထားသည်ဆိုတာ သူ့ရဲ့အကြောင်းကို တခြားသူတွေ မသိစေချင်လို့ပါ။ သူ့ကျေးဇူးရှင် အကြောင်း ဘယ်လိုလုပ် အရိပ်အမြွက် ပြောပြနိုင်မှာလဲ။

ဒါကြောင့် ချန်ကုန်းဝူက ဇာတ်လမ်းတစ်ခု ဖန်တီးလိုက်သည်။ သူ့လက်ထဲမှာ ဆေးအိတ်ဆယ့်နှစ်အိတ် ရှိသေးတယ်။ တစ်ယောက်ယောက်က ကောင်းကင်ကနေ ဆင်းလာပြီး သူ့ကို ပစ်ပေးသွားတာ။ သူက သာမန်ပြည်သူ တစ်ယောက်ပဲ၊ အဲဒီ နတ်ဆေးဆရာကို ဘယ်လိုလုပ် သိနိုင်မှာလဲ။

— — စဉ်းစားကြည့်ရင် သူက တကယ်ပဲ တုံးပုံရသည်။ အရာရှိကြီးတွေနဲ့ မှူးမတ်တွေက သူ့ဆီကနေ သတင်းအချက်အလက် ဘာမှရမှာ မဟုတ်ဘူး။

တစ်ခုတည်းသော နည်းလမ်းက ကျန်နေတဲ့ဆေးကို စျေးကြီးပေးပြီး ဝယ်ယူဖို့ပဲ။

ဒါပေမဲ့ ချန်ကုန်းဝူက လုဟွမ်ရဲ့ စကားကို မှတ်မိနေခဲ့သည်။ ဒါကြောင့် လောဘကြီးပြီး စျေးကြီးပေး ရောင်းချင်ပါပေ။ ထို့ကြောင့် စတုတ္ထနေ့မှာ သူဟာ ဆေးအိတ်ဆယ့်နှစ်အိတ်ကို ငွေကျပ်တစ်ရာ့နှစ်ဆယ်နဲ့ပဲ လဲလှယ်ခဲ့သည်... ဒါဟာ မြို့တော်က အရာရှိကြီးတွေနဲ့ မှူးမတ်တွေကို ပို၍ အံ့အားသွားသင့်စေသည်။ နတ်ဆေးဆရာက ပိုက်ဆံကိုလည်း မမက်မောပါလား။

နတ်ဆေးဆရာလေးအကြောင်း ဒဏ္ဍာရီဟာ မြို့တော်မှာ ပိုပြီး ကျော်ကြားလာသည်...

ထိုအချိန်မှာပင် မင်းသားနင်းဖူအိမ်တော်မှာ သခင်မနင်းက လုဝမ်ရှို့ရဲ့အခြေအနေ ပိုဆိုးလာတာကို မြင်ရသောအခါ ပိုစိုးရိမ်လာခဲ့သည်။

ယုံအန်းဘုရားကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ကြားပြီးနောက်၊ သူ(မ)က ချန်ကုန်းဝူကို ခေါ်လာဖို့ လူတွေကို အမြန်ဆုံး စေလွှတ်လိုက်သည်။

သို့သော် သူ့ကို ခေါ်လာတဲ့အခါ ချန်ကုန်းဝူမှာ ဆေးတစ်စုံတစ်ရာ ကျန်မနေတော့ပေ။

သူ(မ) စိတ်ရှုပ်ထွေးပြီး ဒေါသထွက်သွားသည်။ သူမရဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ ဂရုမစိုက်တော့ဘဲ သူ(မ)လက်အောက်က အစောင့်တွေကို ဒေါသတကြီး ဆူပူကြိမ်းမောင်းလေသည်၊ "ဘာဖြစ်တာလဲ။ ယုံအန်းဘုရားကျောင်းက အခြေအနေကို စောင့်ကြည့်နေဖို့ ငါ မပြောခဲ့ဘူးလား။ မင်းတို့ ဘာဖြစ်လို့ နောက်ကျနေတာလဲ။ တခြားသူတွေကို ဆေးအားလုံးကို ဝယ်ခွင့်ပေးလိုက်တာလဲ!"

အစောင့်တွေလည်း မတရားမှုကို ခံစားကြရသည်။

မြို့တော်မှာ မင်းသားနင်းဖူအိမ်တော်ပဲ ဖျားနေတာ မဟုတ်ဘူး။ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီးရဲ့အငယ်ဆုံးသမီးလည်း အဖျားကြီးနေပြီး ရက်အတော်ကြာ အိပ်ရာထဲက မထနိုင်ဘူး။

သူတို့က ချန်ကုန်းဝူကို ခေါ်လာဖို့ သွားတဲ့အချိန် မတိုင်ခင်ကတည်းက ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီးနဲ့ တခြားအရာရှိတွေက သူ့ကို ဖမ်းဆီးထားခဲ့သည်။

သူတို့က နောက်က လိုက်ပြီး တိုက်ခိုက်လို့ မရဘူးလေ၊ မဟုတ်ဘူးလား။

ဒါ့အပြင် တိုက်ခိုက်ခဲ့ရင်တောင် သူတို့ကို နိုင်မှာ မဟုတ်ဘူး။

သခင်မနင်းကလည်း ဒီအချက်ကို သဘောပေါက်သည်။ မင်းသားနင်းဖူက မင်းသားတစ်ပါး ဖြစ်ပေမယ့် သခင်မကြီး ကြောင့်သာ ဘွဲ့ထူးရထားတာ။ အခုတော့ မင်းသားနင်းဖူက ရုံးတော်ထဲမှာ ရာထူးတစ်ခုမှ မရှိတော့ဘူး။ မြို့တော်မှာ မင်းသားနင်းဖူဟာ ဆုတ်ယုတ်သွားပြီ။ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီးတောင် မင်းသားနင်းဖူကို အရေးမပေးတော့ဘူး။

ဒီအကြောင်းကို ပိုသိလေ သူ(မ)လည်း ပိုဒေါသထွက်လေပဲ။

အခုတော့ ခေါ်လာတဲ့ အလုပ်သမားမှာ ဆေးတစ်စုံတစ်ရာ မကျန်တော့သလို၊ တစ်ခါပဲ ပေါ်လာဖူးတဲ့ နတ်ဆေးဆရာကိုလည်း ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး။

ဝမ်ရှို့က ရောဂါကြောင့် ဘာမှမလုပ်နိုင်တဲ့အထိ သေလုနီးပါး ခံစားနေရသည်။

သခင်မနင်းက လုဝမ်ရှို့ရဲ့လက်ကို ကိုင်ပြီး လုဝမ်ရှို့ရဲ့ မဲနက်နေတဲ့မျက်နှာကို ကြည့်ရင်း သူ(မ)ရဲ့နှလုံးသားလည်း အတိုင်းမသိ နာကျနေရသည်။ သူ(မ) အလွန်စိုးရိမ်နေတာကြောင့် ခေါင်းပေါ်မှာ ဆံပင်ဖြူ အနည်းငယ် ပေါက်လာခဲ့သည်။

ဒီကိစ္စမှာ စိတ်အဆင်းရဲဆုံးသူက ကျုံးကန်ဖိန်လို့ ပြောလို့ရသည်။ သူ နားမလည်နိုင်ဘူး။ ဗုဒ္ဓဘုရားက သူ့ကို ရှင်းရှင်းလင်းလင်း ညွှန်ကြားခဲ့ပေမယ့် သူက ဘာကြောင့် မျက်တောင်တစ်ခတ်အတွင်းမှာ ဆေးကို ဆန်ပြုတ်ထဲ ထည့်ပြီး တခြားသူတွေကို ကူညီလိုက်ရတာလဲ။

လေးရက်မြောက်နေ့မှာ ဒီအကြောင်းကြားတဲ့အခါ သူက အပြင်းအထန်ဖျားနေတဲ့ သူ့ရဲ့အငယ်ဆုံးသားကို ဆန်ပြုတ်နဲ့ရေ အနည်းငယ် တိုက်ဖို့ အတင်းလုယူခဲ့သည်။ သို့သော် ဒီဆေးပမာဏ အနည်းငယ်က သူ့ရဲ့အငယ်ဆုံးသားကို သေမင်းတမန်ထံက ပြန်ခေါ်လာဖို့ မလုံလောက်သေးပေ။

သူ့ရဲ့အငယ်ဆုံးသားက အားနည်းပြီး ရောဂါခံစားနေရတုန်းပဲဆိုတာကို တွေ့ရတော့ သူ အရမ်းစိုးရိမ်သွားသည်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ ချန်ကုန်းဝူက တံခါးရှေ့ ရောက်လာလေသည်။

စုရှီ နောက်တစ်ခါ အွန်လိုင်းပြန်ဝင်လာတဲ့အခါ ကျိုက်ကျိုက်က ယုံအန်းဘုရားကျောင်းကနေ မိုင်ပေါင်းများစွာ ဝေးတဲ့နေရာက အဆောင်တစ်ခုမှာ ရှိနေတာကို တွေ့ရသည်။ ဒီဧရိယာက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး နောက်ဆုံးအကြိမ်က သော့ဖွင့်ထားပြီးသားဖြစ်တဲ့အတွက် စုရှီက အင်တာဖေ့စ်ကို ပြောင်းလဲခဲ့သည်။

အဆောင်ထဲမှာ ကျုံးကန်ဖိန်က မျက်ရည်ကျရင်း ဒူးထောက်ကာ ကျိုက်ကျိုက်ကို ကျေးဇူးတင်နေသည်။ ကျိုက်ကျိုက်က ဝတ်ရုံတစ်ထည် ဝတ်ဆင်ထားဆဲဖြစ်ပြီး သူ့ကို ထထိုင်ဖို့ ကူညီပေးသည်။

စုရှီလုပ်လိုက်တဲ့ ကွမ်ယင်ဘုရားရုပ်ထု လှုပ်ရှားမှုက အကျိုးသက်ရောက်မှုရှိသည်။ အခု ကျုံးကန်ဖိန်က သူ့ရှေ့မှာရှိတဲ့ လူငယ်လေးကို ဗုဒ္ဓဘုရားက ကမ္ဘာကို ကယ်တင်ဖို့ စေလွှတ်လိုက်တဲ့ ကလေးတစ်ယောက်လို ကြည့်နေသည်။

ပြီးတော့ သူက ဘယ်လိုကုသိုလ်ကံကြောင့် ဒီလိုဖြစ်ရတာလဲ။

မနေ့က ချန်ကုန်းဝူက သူ့ဆီ လာပြီး နတ်ဆေးဆရာက ယုံအန်းဘုရားကျောင်းမှာ ဖျားနာနေတဲ့သူတွေကို ဆန်ပြုတ် ဝေပေးခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ နောက်ဆုံးကျန်တဲ့ ဆေးအိတ်ကို သူ့အတွက် ထားခဲ့ကြောင်း ပြောပြခဲ့သည်။ အံ့အားသင့်သွားပြီးနောက် သူ အရမ်းပျော်သွားလို့ ငိုမိခဲ့သည်။ သူက ချန်ကုန်းဝူ ပေးလာတဲ့ဆေးကို အမြန်ဆုံးပြုတ်ပြီး သူ့သားအငယ်ဆုံးကို ဘာမှမတွေးဘဲ သောက်ခိုင်းလိုက်သည်။

ပြီးတော့ သူနဲ့ သူ့ဇနီးက သူတို့အငယ်ဆုံးသားရဲ့ အိပ်ရာဘေးမှာ တစ်ညလုံး နေခဲ့သည်။ ရက်ပေါင်းများစွာ သတိလစ်နေခဲ့တဲ့ သူတို့ရဲ့ အငယ်ဆုံးသားက နောက်တစ်နေ့မနက် အမှန်တကယ် နိုးလာတာကို တွေ့လိုက်ရသည်။ သူက အနက်ရောင် မျက်လုံးကြီးတွေ ဖွင့်ပြီး သူတို့ကို ခေါ်လိုက်သည်၊ "အဖေ၊ အမေ၊ သားအရမ်း ဗိုက်ဆာတယ်"

ကျုံးကန်ဖိန် ချက်ချင်း မျက်ရည်ကျလာလေသည်။ သူက သူ့ရဲ့ ချစ်လှစွာသောသားကို ဖက်ပြီး ငိုကြွေးလိုက်သည်!

ဒါဟာ ဗုဒ္ဓဘုရားရဲ့ လက်ဆောင်မဟုတ်ရင် ဘာဖြစ်မလဲ။

စိတ်လှုပ်ရှားမှု ပြီးသွားတဲ့အခါ သူက ချန်ကုန်းဝူဆီသွားပြီး တောင်းပန်ခဲ့သည်။ ဗုဒ္ဓဘုရားက စေလွှတ်လိုက်တဲ့ နတ်ဆေးဆရာကို တွေ့ပြီး ကိုယ်တိုင် ကျေးဇူးတင်စကား ပြောချင်သည်။ သူက လျှို့ဝှက်ထားတဲ့ လူငယ်လေးက သူ့ကို မတွေ့ချင်ဘူးလို့ မူလက ထင်ထားခဲ့ပေမယ့် ဒီနေ့ အဆောင်ထဲမှာ သူ့ကို တွေ့ခွင့်ရမယ်လို့ မထင်ထားခဲ့ပါ။

ကျုံးကန်ဖိန် သူ့ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်သည်၊ "ကျေးဇူးရှင်၊ ကျွန်တော့်သားအတွက် ခင်ဗျားရဲ့ကြင်နာမှုကို ဘယ်တော့မှ မမေ့ပါဘူး။ ခင်ဗျားမှာ လိုအပ်တာရှိရင် ပြောပါ။ ကျွန်တော် ကျုံးကန်ဖိန်မှာ တခြားဘာမှ မရှိပေမယ့် စီးပွားရေးလုပ်လာတာ နှစ်တွေအများကြီးကြာပြီဆိုတော့ မြို့တော်မှာ အချမ်းသာဆုံး ကုန်သည်တွေထဲ ပါပါတယ်။ ခင်ဗျား ကျွန်တော့်ပိုင်ဆိုင်မှု တဝက်ကို တောင်းရင်တောင် မတွန့်ဆုတ်ဘဲ ပေးနိုင်ပါတယ်"

လုဟွမ်က ကျုံးကန်ဖိန်ကို ရွေးခဲ့တဲ့အကြောင်းရင်းက သူဟာ ဘေးဒဏ်ခံရသူတွေကို ကူညီနေလို့ပဲ။ ကောင်းချီးမင်္ဂလာ ဆုတောင်းဖို့ ဒီနည်းလမ်းကို စဉ်းစားနိုင်တာဆိုတော့ သူဟာ လူဆိုးတစ်ယောက် မဟုတ်တာ သိသာသည်။ ဒါ့အပြင် မြို့တော်မှာ နာမည်ကောင်းရှိသည်။ သူဟာ လက်ဗလာကနေ စတင်ခဲ့ပြီး ကြိုးစားပြီး ရဲရင့်သည်။ သူ့ကို ကူညီလိုက်တော့ သူက သေချာပေါက် ပြန်ကူညီပေးလိမ့်မည်။

"ဒါဆိုရင် ကျွန်တော် တခုခု တောင်းပါရစေ"ဟု လုဟွမ်က ပြောလိုက်သည်။

ကျုံးကန်ဖိန်က "ပြောပါ!" လို့ ပြောလိုက်သည်။

လုဟွမ်က ခဏလေး စဉ်းစားပြီး "ငွေတုံးငါးဆယ်၊ မြို့ပြင်က ဝင်းတစ်ခုနဲ့ လယ်တစ်ကွက်" လို့ ပြောလိုက်သည်။

ကျုံးကန်ဖိန် အံ့အားကာ မေးလိုက်သည် "ဒါပဲလား?"

ဒါဟာ သူ့ပိုင်ဆိုင်မှုတွေထဲမှာ အလွန်နည်းတဲ့ ပမာဏပဲ။ ဒါ့အပြင် ဒီလူငယ်လေးက ဘာလို့ မြို့တွင်းက ခြံဝင်းမတောင်းဘဲ မြို့ပြင်က ခြံဝင်းတောင်းတာလဲ။ မြို့တွင်းက ခြံဝင်းတစ်ခုဟာ ရွှေထောင်ချီပြီး တန်ဖိုးရှိသည်။ ဒါက ပိုပြီး...

ဒါပေမဲ့ သူက ဒီလူငယ်လေးက လျှို့ဝှက်ဆန်းကြယ်သည်လို့ ခံစားရပြီး ဗုဒ္ဓဘုရားနဲ့ပတ်သက်တာကြောင့် တစ်စုံတစ်ယောက်ကို မထိခိုက်မိအောင် သတိထားနေတာမို့ ထပ်မမေးရဲတော့ဘူး။ သူ ချက်ချင်း သဘောတူလိုက်ပြီး "ဒါက ဘာခက်လို့လဲ! ဒီနေ့ပဲ အားလုံးပြင်ဆင်ပြီး ခင်ဗျားကို လက်ဆောင်ပေးပါ့မယ်!" လို့ ပြောလိုက်သည်။

ကျိုက်ကျိုက်နဲ့ ကျုံးကန်ဖိန်ကြား စကားပြောဆိုမှုတွေက စုရှီရဲ့စခရင်ပေါ်မှာ ဆက်တိုက် ပေါ်လာနေသည်။ သူ(မ) အရမ်းစိတ်လှုပ်ရှားနေပြီး နှလုံးခုန်နှုန်းက ဆောင့်ဆောင့်ခုန်နေသည် -

မိုက်...မိုက်လိုက်တာ၊ ငွေတုံးငါးဆယ်။ အခုဆိုရင် ချန်ကုန်းဝူ ရောင်းခဲ့တဲ့ ဆေးနဲ့ပေါင်းလိုက်ရင် စုစုပေါင်း ငွေတုံးတစ်ရာ့ခုနစ်ဆယ် ဖြစ်သွားပြီလား!

သူ(မ)နဲ့ ကျိုက်ကျိုက်ဟာ ရုတ်တရက် ဒီလောက်တောင် ချမ်းသာသွားပြီလား!

ဒီတာဝန်ကို ဆယ်ရက်အတွင်း ပြီးစီးရမှာဖြစ်ပေမယ့် ကျိုက်ကျိုက်က ငါးရက်အတွင်းမှာပဲ အောင်မြင်စွာ ပြီးစီးသွားခဲ့သည်။ တာဝန်ပြီးဆုံးသွားပြီ။ အိတ်ထဲ ဒင်္ဂါးတွေ ကျလာသံနဲ့အတူ အင်တာဖေ့စ်က ပေါ်လာသည်။

[စတုတ္ထမြောက် အဓိကတာဝန်ကို အောင်မြင်စွာ ပြီးဆုံးသွားပါပြီ! ရွှေဒင်္ဂါး ဆုကြေး +၅၀၀၊ အမှတ် ဆုကြေး + ၆!]

ပြီးတော့ စုရှီက လက်ရှိအခြေအနေ ဘောက်စ်ကို ညာဘက်အပေါ်ထောင့်မှာ တွေ့လိုက်သည်။

[ဥစ္စာပစ္စည်းများ]: ငွေတုံး တစ်ရာ့ခုနစ်ဆယ်၊ ခြံဝင်း (မြို့ပြင်)၊ ငါးဟက်တာရှိ လယ်ကွက်၊ သီးနှံအချို့၊ ကြက်နဲ့ ကြက်ဥ အချို့။

[ပါရမီရှင် လက်အောက်ငယ်သားများ]: ချန်ကုန်းဝူ။

[သူရဲကောင်းများနှင့် မိတ်ဆွေဖြစ်မှု]: ကျုံးကန်ဖိန် (မြို့တော်၏ အချမ်းသာဆုံး စီးပွားရေးသမား အဆင့် 10)

[ကျော်ကြားမှု]: "အမည်မဖော်လိုသော လျှို့ဝှက်ဆန်းကြယ်သည့် နတ်ဆေးဆရာ" ဘွဲ့ထူးရရှိထားသည်။

ဒီအတိုင်းဆိုရင် ချန်ကုန်းဝူဟာ အခုကစပြီး ကျိုက်ကျိုက်ရဲ့ အမိန့်ကို လုံးဝနာခံသွားမယ်ပေါ့။

ဆိုလိုတာက သူက ဒီကောင်လေးကို လက်ခံလိုက်ပြီပေါ့။

စခရင်ပေါ်မှာ၊ ကျိုက်ကျိုက်က သူ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းကို လုပ်ဆောင်ပြီးခါစပုံပဲ။ ကျုံးကန်ဖိန်က သူ့ကို ပေးလိုက်တဲ့ ပိုင်ဆိုင်မှုတွေအကြောင်းကြားတဲ့အခါ သူ့စိတ်ခံစားမှုတွေ လုံးဝ မပြောင်းလဲသွားဘူး။

ဒါပေမဲ့ စခရင်အပြင်က စုရှီကတော့ အရမ်းစိတ်လှုပ်ရှားနေပြီး ဒဏ်ရာရထားတဲ့ ခြေထောက်ကို ခိုက်မိလုနီးပါး ထိမိလောက်အောင် ကုတင်ပေါ်မှာ လူးလှိမ့်နေလေသည်!

စုရှီမှာ ဟမ်စတာတစ်ကောင်လို ပစ္စည်းသိုလှောင်တဲ့ ဝါသနာရှိသည်။ သူ(မ)ဟာ ကျိုက်ကျိုက် လက်ရှိပိုင်ဆိုင်နေတဲ့ ပစ္စည်းတွေကို ထပ်ခါထပ်ခါ ရေတွက်နေမိသည်။ သူမဟာ လက်ရှိပိုင်ဆိုင်နေတဲ့ ကြက်၂၆ကောင်နဲ့ ကြက်ဥ၄၉၂လုံးကိုတောင် ရှင်းရှင်းလင်းလင်း ရေတွက်နေသည်။ ဒီပစ္စည်းတွေကို ရေတွက်ပြီးတဲ့အခါ တဖြည်းဖြည်း ချမ်းသာလာတာကို တွေ့ရတော့ ကျေနပ်မှုခံစားရသည်။

ဒါဟာ ဂိမ်းကစားခြင်းရဲ့ အဓိပ္ပာယ်ပဲ!

- - ကျိုက်ကျိုက်က အခက်အခဲတွေကြားကနေ တက်လှမ်းပြီး ပိုကောင်းလာတာကို ကြည့်နေရသည်! သူပိုင်ဆိုင်တဲ့ ကမ္ဘာလေးကလည်း ပိုပြီး ချမ်းသာလာသည်!

All Chapters