Chapter 24
Vol. 3 Ch. 24
ကိုယ်ရံတော်သုံးသည် ဆရာဒင်းထံ နတ်ဆေးဆရာက သခင်လေးဖြစ်နေကြောင်းကို ပြန်ပြောပြခဲ့သည်။
သားအဖနှစ်ယောက်လုံး အံဩတုန်လှုပ်သွားကြသည်။
သူတို့သည် သခင်လေးသုံးနှင့် ခင်မင်ရင်းနှီးမှု မရှိခဲ့ပေ။ အရင်က ပိုက်ဆံနည်းနည်း ရရန်အတွက်သာ သခင်လေးသုံးအတွက် စျေးတွင် ကြက်ဥရောင်းရာတွင် ကူညီခဲ့ဖူးသည်။
သို့သော် သူတို့နှစ်ဦး အခက်အခဲကြုံတွေ့နေချိန်တွင် ဆရာဒင်း၏ တပည့်နှစ်ဦးက သူ၏အိပ်ရာများကို ဖျက်စီးပြီး ခြိမ်းခြောက်မည်ဟု မထင်မှတ်ခဲ့ပေ။ ထို့အပြင် ကိုယ်ရံတော်'သုံး'၏ ကိုယ်ရံတော်သူငယ်ချင်းများသည် ကူညီရမည့်အစား ကြေးဒင်္ဂါးတစ်ပြားမျှ မပေးသည့်အပြင် လှောင်ပြောင်သရော် ခဲ့ကြသည်။
နောက်ဆုံးတွင် သခင်လေးသုံးကသာ တိတ်တဆိတ် ကူညီခဲ့လေသည်!
ထိုနေ့က ဆေးနှင့်အတူ ဆေးကျိုချက်နည်းကိုလည်း ထားခဲ့သည်။ ကိုယ်ရံတော်သုံး တွေ့ခဲ့သော လက်ရေးသည် သခင်လေးသုံး၏ လက်ရေးဖြစ်သည်။ သခင်လေးသုံးသည် သူတို့ကို ကူညီခဲ့ပြီး ဘာမှမပြောပြပေ!
"အဖျားပျောက်ဆေးသာ မရှိခဲ့ရင် ငါ ခုချိန်မှာ အခေါင်းထဲ ရောက်နေလောက်ပြီ" ဆရာဒင်းက သက်ပြင်းချလိုက်သည်။ "ကောင်းပါတယ် အခက်ခဲဆုံးအချိန်မှာ လူတစ်ယောက်ရဲ့ စိတ်နှလုံးကို မြင်ရတာပဲ! အိမ်တော်ထိန်းက ငါပြင်းပြင်းထန်ထန်ဖျားနေတဲ့အချိန်မှာ ခိုးမှုနဲ့ မဟုတ်မမှန် စွပ်စွဲခဲ့တယ်။ ပြီးတော့ ငါ့ကို ပစ္စည်းတွေ ထုပ်ပိုးပြီး ထွက်သွားဖို့ အတင်းအကြပ် မောင်းထုတ်ခဲ့တယ်! ဒါပေမဲ့ သခင်လေးသုံးက ငါတို့ကို ကယ်တင်ခဲ့တယ်"
"ငါ အရင်နှစ်ရက်လောက်က သွေးအန်ခဲ့ပေမယ့် အခုတော့ လုံးဝ ပြန်ကောင်းသွားပြီ"
"ဒါက အလွန်ကြီးမားတဲ့ ကျေးဇူးတစ်ခုပဲ!"
ကိုယ်ရံတော်သုံးသည် သူ၏ဆံပင်ကို စိတ်ပျက်လက်ပျက်ဆွဲလိုက်ပြီး အလွန် ရှက်နေလေသည်။ "ဒါကို မသိဘဲ သခင်လေးသုံးရဲ့ကြက်ကို သွားခိုးမိတယ်။ အို၊ ကျွန်တော် တကယ်ရှက်မိတယ်" ဟု ပြောလိုက်သည်။
ဆရာဒင်းက ခါးသီးစွာ ပြုံးလိုက်ပြီး "သခင်လေးသုံးက ငယ်သေးပေမဲ့ စိတ်ရင်းကောင်းပြီး ဒီအရာတွေကို ဂရုစိုက်မှာ မဟုတ်ပါဘူး။ သူရဲ့ကျေးဇူးက အရမ်းကြီးမားလွန်းတယ်။ ငါတို့ အနာဂတ်မှာ သူ့ကျေးဇူးကို သေချာပြန်ဆပ်ရမယ်!" ဟု ပြောလိုက်သည်။
ကိုယ်ရံတော်သုံးသည် အလျင်အမြန် ခေါင်းညိတ်လိုက်လေသည်။
သားအဖနှစ်ဦးတို့သည် သခင်လေးသုံးမှာ မြို့တော်တွင် ကျော်ကြားနေသော နတ်ဆေးဆရာဖြစ်နေကြောင်းကို သူတို့၏ကယ်တင်ရှင်ဖြစ်ကြောင်း သိရှိရသည်ထက် ပို၍ အံ့သြသွားကြသည်။
သို့သော် အံ့သြပြီးနောက် သူတို့က ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရသည်။
နောက်ဆုံး တစ်ခေါက်က ချောင်းထဲမှ ရေသယ်ခြင်းဖြစ်စေ၊ နန်းတော်စစ်ဆေးရေးမှူး၏ မြင်းစီးလေး ပစ်စမ်းသပ်မှုဖြစ်စေ၊ သခင်လေးသုံးသည် မင်းသားနင်းဖူအိမ်တော်၏ တခြား သခင်လေးနှစ်ဦးထက် အလွန်သာလွန် ကောင်းမွန်ခဲ့သည်။
သခင်လေးသုံးသည် စာပေကျမ်းဂန်များကို ကျွမ်းကျင်ပြီး ဆေးကျမ်းကြီးများကို အလွတ်ရသည်။ ရောဂါများကို ပျောက်ကင်းစေနိုင်သည့် ဆေးညွှန်း ရေးသားနိုင်ခြင်းသည် အထူးအဆန်းမဟုတ်ပေ။
သို့သော် ယခုအခါ သခင်လေးသုံးသည် ငယ်ရွယ်သော နတ်ဆေးဆရာဖြစ်ကြောင်း မည်သူမျှ မသိစေလိုကြောင်း အထူး ညွှန်ကြားထားသောကြောင့် ရိုးသားသော သူတို့သည် သတင်းကို ဖြန့်ဝေမည် မဟုတ်ပေ။
သို့သော် သားအဖနှစ်ဦး အနည်းငယ် စိတ်လှုပ်ရှားနေကြပေသည်။
နောက်ဆုံးတွင် ဆရာဒင်းသည် လယ်ယာလုပ်ငန်းတွင် ကျွမ်းကျင်သော်လည်း နှစ်ပေါင်းများစွာ အိမ်တော်တွင် သူ၏ကျွမ်းကျင်မှုကို အသုံးမပြုနိုင်ခဲ့ဘဲ အိမ်တော်ထိန်း၏ နှိပ်စက်ညှဉ်းပန်းမှုကို နေရာတိုင်းတွင် ခံခဲ့ရသည်။ ကိုယ်ရံတော်သုံးမှာမူ လက်ရုံးရည်သာရှိပြီး ဉာဏ်မကောင်းသဖြင့် မင်းသားနင်းဖူအိမ်တော်၏ ဘေးတံခါးကိုသာ စောင့်ရှောက်ရပြီး လစာနည်းနည်းလေးဖြင့် အသက်မွေး နေရသည်။
သို့သော် သခင်လေးသုံးသည် အလွန်ဉာဏ်ကောင်းသည်။ သူသည် အနာဂတ်တွင် သေချာပေါက် အောင်မြင်ပြီး လူသားတို့အကြား နဂါးနှင့် ဖီးနစ်ငှက်ကဲ့သို့ ဖြစ်လာလေမည်။ သားအဖနှစ်ဦးတို့သည် သခင်လေးသုံး နောက်သို့ လိုက်ပါက စားဝတ်နေရေးအတွက် စိုးရိမ်ရန် မလိုတော့ပေ။
ဤအတွေးဖြင့် သားအဖနှစ်ဦးတို့သည် နောက်တစ်နေ့တွင် လုဟွမ်ကို သွားရှာကြလေသည်။
စုရှီ အွန်လိုင်း တက်လာသောအခါ ကိုယ်ရံတော်သုံးနှင့် ဆရာဒင်းတို့သည် ကျိုက်ကျိုက်ကို ရှာဖွေနေကြောင်း တွေ့လိုက်ရသည်။ သူ(မ)သည် အခြားတာဝန်တစ်ခုကို ပြီးဆုံးအောင် ဆောင်ရွက်ခဲ့ကြောင်း သိလိုက်ရလေသည်။
အင်တာဖေ့စ်တွင် မျှော်လင့်ထားသည့်အတိုင်း အသိပေးချက်တစ်ခု ပေါ်လာသည် - [အခြားတာဝန် ၂ ပြီးဆုံးခြင်း အတွက် ဂုဏ်ယူပါတယ်! ရွှေဒင်္ဂါး ဆုကြေး + ၃၀၊ အမှတ်ဆုကြေး + ၂!]
နောက်ထပ် သတင်းစကားနှစ်ခု ပေါ်လာသည်။
[ကိုယ်ရံတော်သုံးနှင့် ဆရာဒင်းတို့သည် အသင်းထဲသို့ အောင်မြင်စွာ ဝင်ရောက်လာပြီး ဖြစ်ပါသည်။]
[လက်ရှိ ပါရမီရှင် လက်အောက်ငယ်သားများ - ချန်ကုန်းဝူ၊ ဆရာဒင်း၊ ကိုယ်ရံတော်သုံး။]
စုရှီသည် ညာဘက်ထိပ်ပိုင်းရှိ စွမ်းရည်ဘားတန်းတွင် ကျိုက်ကျိုက်၏နောက်တွင် လူသုံးဦး တန်းစီနေသည်ကို တွေ့ရသည်။ ချန်ကုန်းဝူသည် ပိန်ပိန်ပါးပါးဖြစ်ပြီး ကြိုးစားသည်။ ဆရာ ဒင်း သည် အတွေ့အကြုံရှိပြီး ကိုယ်ရံတော်သုံးတွင် ဝမ်းဗိုက်ကြွက်သားခြောက်ခုရှိသည်။ သူသည် ရိုးရှင်းပြီး စိတ်ကောင်းရှိရုံသာမက အလွန်သန်မာသည်။
ဤညီအစ်ကိုသုံးဦးစလုံးတွင် ကိုယ်ပိုင်အားသာချက်များရှိပြီး အသင်းငယ်တစ်ခုကို ကောင်းကောင်း ဖွဲ့စည်းထားနိုင်သည်။
သူ(မ)သည် အနည်းငယ် ပျော်ရွှင်ပြီး ဤလူသုံးဦး၏ အသက်မွေးဝမ်းကျောင်း စီမံကိန်းကို မည်သို့ စီမံခန့်ခွဲရမည်ကို စဉ်းစားနေလေသည်။ ထို့နောက် ကျိုက်ကျိုက်သည် ဝတ်ရုံကို ဝတ်ဆင်ပြီး ကိုယ်ရံတော် သုံး နှင့် ဆရာ ဒင်း တို့အား မြို့ပြင်ရှိ အိမ်သို့ ခေါ်ဆောင်သွားသည်။
မစ်ရှင်အသေးစား ပြီးဆုံးပြီးနောက် စုရှီတွင် စုစုပေါင်း အမှတ် ၂၅ မှတ် ရှိပြီး နောက်ထပ်အပိုင်း နှစ်ပိုင်းကို ဖွင့်နိုင်သည်။ ထို့ကြောင့် သူ(မ)သည် ကျိုက်ကျိုက်၏အမည်ဖြင့် မြို့ပြင်ရှိ အိမ်နှင့် စိုက်ခင်းကို ဖွင့်ပေးရန် စနစ်ကို တောင်းဆိုလိုက်၏။
သူ(မ)သည် အင်တာဖေ့စ်ကို ကျိုက်ကျိုက်၏ မြို့ပြင်ရှိ အိမ်သို့ ပြောင်းလိုက်သည်။
မနေ့က စုရှီသည် အိပ်ငိုက်နေသဖြင့် ကျိုက်ကျိုက်၏ အိမ်သစ်ကို သေချာကြည့်ရန် မေ့သွားခဲ့သည်။ ဤအချိန်တွင် သူ(မ)သည် အင်တာဖေ့စ်ကို ဆွဲပြီး ပတ်ပတ်လည်ကြည့်လိုက်သည်။ သူ(မ)သည် ကိုယ်ပိုင် အိမ်သစ်တစ်လုံး ဝယ်လိုက်သလိုမျိုး အလွန်စိတ်လှုပ်ရှားနေသည်။
ကျုံးကန်ဖိန်သည် မြို့တော်တွင် ပုဂ္ဂိုလ်ထူး မဟုတ်သော်လည်း သူသည် အချမ်းသာဆုံး ကုန်သည်များထဲမှ တစ်ဦးဖြစ်သည်။ သဘာဝအားဖြင့် သူ၏ကယ်တင်ရှင်အား ပြန်ပေးဆပ်ရန် ဝန်လေးနေမည် မဟုတ်ပေ။
မြို့အပြင်ဘက်မှာ ရှိသော်လည်း အိမ်ဝင်းတစ်ခုလုံးက အလွန်လှပပြီး ထူးခြားလှသည်။ မြင့်မြတ်တဲ့ အဆောင်တော်တွေ၊ ကွေ့ကောက်နေတဲ့စင်္ကြံတွေ၊ နံရံတွေနဲ့ ကျောက်ဆောင်တွေပါရှိသည်။ အကျဉ်းချုပ်ပြောရရင် မင်းသားနင်းဖူအိမ်တော်၏သားကြီး လုယီအန်းရဲ့အိမ်ဝင်းထက်တောင် ပိုပြီးခမ်းနားနေသည်။
စုရှီက စိတ်လှုပ်ရှားစွာနဲ့ မြို့တော်အပြင်ဘက်က ကျိုက်ကျိုက် လယ်ယာကိုသွားကြည့်လိုက်သည်။
ငါးဧကသာရှိသော်လည်း အရမ်းကျယ်ဝန်းပုံပေါ်ပါသည်။ တောင်ခြေပေါ်မှာရှိတာကြောင့် အဆုံးကို မမြင်နိုင်လောက်အောင် ကျယ်ဝန်းပါ၏။
မြေပြင်ပေါ်မှာ နူးညံ့ဖြူဖွေးတဲ့ နှင်းတွေဖုံးလွှမ်းနေပြီး နွေဦးရာသီ ရောက်လာရင် အရမ်းကောင်းတဲ့ မြေတစ်ကွက်ဖြစ်လာမှာ သေချာသည်။
သူ(မ) လယ်ယာတစ်ခုလုံးကို ကြည့်ပြီးတဲ့နောက် အိမ်ကို ပြန်လာပြီး ကျိုက်ကျိုက် မပေါ်လာခင်အထိ ဆက်၍ လျှောက်ကြည့်နေပြန်၏။
ချန်ကုန်းဝူက ကျိုက်ကျိုက် လာမယ့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်နေခဲ့သည်။ ကျိုက်ကျိုက်ကို မြင်တဲ့အခါ အရမ်းပျော်သွားပြီး အဝေးကနေ နှုတ်ဆက်ဖို့ပြေးသွားသည်။
ထို့နောက် စုရှီက အင်တာဖေ့စ်တွင် စာများ ဆက်တိုက်ပေါ်လာတာကို တွေ့လိုက်ရသည် -
"ချန်ကုန်းဝူက သင့်ဇာတ်ကောင်အတွက် လက်ဖက်ရည်တစ်ခွက်ကို စိတ်အားထက်သန်စွာ ဖျော်ပေးနေပါသည်"
"ကိုယ်ရံတော်သုံးက ပြေးသွားပြီး ခုံတစ်လုံးယူလာကာ ဆိုင်းဘုတ်တစ်ခု ဝယ်လာပြီး သင့်ဇာတ်ကောင်ကို ဒီအိမ်ရဲ့နာမည်ကို ရေးထိုးခိုင်းနေပါသည်"
"ဆရာဒင်းက အသက်ကြီးပြီမို့ အလုပ်အများကြီး မလုပ်နိုင်ပေမယ့် တံမြက်စည်းတစ်ချောင်းရှာပြီး အိမ်ဝင်းကို သန့်ရှင်းရေး စလုပ်နေပါသည်"
အရင်က ကျိုက်ကျိုက်က တစ်ယောက်တည်းပဲ။ မင်းသားနင်းဖူရဲ့တတိယမြောက်သားဖြစ်သော်လည်း ကိုယ်လုပ်တော်ရဲ့သားဖြစ်တာကြောင့် သခင်မနင်းရဲ့ နှိပ်စက်မှုကို ခံခဲ့ရသည်။ထို့ကြောင့် အရာအားလုံးကို သူကိုယ်တိုင်လုပ်ခဲ့ရပြီး အစေခံတွေကို အမိန့်ပေးခိုင်းစေတာ ရှားပါးလေသည်။
အခုတော့ ဒီအိမ်နဲ့ ဒီလယ်ယာတင် မဟုတ်တော့ဘူး။ ဒီရိုးသားတဲ့ လူသုံးယောက်ကိုလည်း သူပိုင်ဆိုင်ခဲ့ရလေသည်။
ဂိမ်းကစားတဲ့အခါ သူတို့ရဲ့ကလေးတွေကို ပိုပြီးမကောင်းစေချင်တာ ဘယ်သူရှိမှာလဲ။ ဒါကြောင့် စုရှီက ဒီမြင်ကွင်းကိုမြင်တဲ့အခါ နှာခေါင်းရှုံ့ပြီး သူ(မ)အနေနဲ့ ကျိုက်ကျိုက်ကို ပထမခြေလှမ်းလှမ်းဖို့ ကူညီပေးနိုင်ခဲ့သည်ကို ကျေနပ်စွာတွေးနေမိသည်။
သို့သော် ကျိုက်ကျိုက်က ဒီအရာတွေကို ဂရုစိုက်တဲ့သူမဟုတ်ပါ။ သူက သူ့လူသုံးယောက်ကို အဓိပ္ပါယ်မရှိတဲ့အရာတွေ မခိုင်းဘဲ ပိုအရေးကြီးတဲ့အရာတွေလုပ်ဖို့ ညွှန်ကြားလိုက်လေသည်။
ဒီလူတွေက ကျေးရွာမှာမွေးဖွားသော်လည်း သူတို့မှာ ကျွမ်းကျင်မှုမရှိဘူးဟု မဆိုလိုပေ။
ချန်ကုန်းဝူရဲ့စရိုက်က အားနည်းပေမယ့် သူက အသေးစိတ်ပြီး သေချာလုပ်တတ်သူဖြစ်သည်။
လွန်ခဲ့တဲ့နှစ်ရက်က လုဟွမ်က ထင်ရှူးဝင်းထဲက ထိုလူဆောက်ထားတဲ့ အအေးဒဏ်ခံ ဆောင်းခို အမိုးအကာရဲ့ဖွဲ့စည်းပုံကို တစ်ခုချင်းစီဖြုတ်ချပြီး စာရွက်ပေါ်မှာ စုတ်တံနဲ့ရေးဆွဲခဲ့သည်။ ထို့နောက် သူက အသေးစိတ် ပုံကြမ်းတစ်ခုထုတ်ပြီး ချန်ကုန်းဝူကို ကူးခိုင်းထားလိုက်၏။ အဲဒီနေ့ကစပြီး လယ်ယာထဲမှာ အအေးဒဏ်ခံ အမိုးအကာအသစ်တွေကို သစ်သားနဲ့ဆောက်ဖို့ မှာကြားထားလိုက်သည်။
ကိုယ်ရံတော်သုံးက ရိုးသားပေမယ့် အလုပ်ကြိုးစားပြီး ခိုင်းတာတွေ ကောင်းကောင်း လုပ်တတ်လေသည်။
လုဟွမ်က ကြမ်းတမ်းပြီး လေးလံတဲ့အလုပ်တွေအားလုံးကို သူ့ကို လုပ်ခိုင်းလိုက်ပြီး တစ်ချိန်တည်းမှာပဲ ပိုသက်သာတဲ့ သစ်သားနဲ့ကြိုးတွေဝယ်ဖို့ ပိုက်ဆံပေးလိုက်သည်။ ထို့အပြင် အိမ်နဲ့လယ်ယာရဲ့ လုံခြုံရေးအတွက်လည်း သူ့ကို တာဝန်ပေးလိုက်လေသည်။
ဆရာဒင်းက အသက်ကြီးပြီး လေးလံတဲ့ အလုပ်တွေ မလုပ်နိုင်တော့ပေမယ့် လယ်ယာစိုက်ပျိုးရေးနဲ့ အခြားကိစ္စတွေမှာ သူ့မှာ အတွေ့အကြုံရှိသည်။
ဒါကြောင့် လုဟွမ်က သူ့ကို အိမ်ရဲ့အိမ်တော်ထိန်းရာထူးပေးပြီး အချိန်ရတဲ့အခါ ဈေးကွက်ထဲသွား၍ လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်းက သီးနှံတိုင်းရဲ့ စျေးနှုန်းအတက်အကျကို တွက်ချက်ခိုင်းထားသည်။ ပြီးနောက် သူက စာရွက်ပေါ်မှာ မှတ်တမ်းတင်ပြီး လုဟွမ်ကို ပြန်တင်ပြပေးရမည်။
ဒီလို တာဝန်ပေးအပ်မှုက အရာအားလုံး ရှင်းလင်းသွားလေသည်။
စုရှီက အင်တာဖေ့စ်ပေါ်မှာ ကျိုက်ကျိုက်ရဲ့ ညွှန်ကြားချက်တွေ ဆက်တိုက်ပေါ်လာတာကိုမြင်တော့ ပါးစပ်အဟောင်းသားဖြင့် စိတ်ဝင်စားစွာဖတ်နေလေသည်။
ချန်ကုန်းဝူက သူ့ကျေးဇူးရှင်ရဲ့အတွေးတွေကို သိပ်နားမလည်ပါဘူး။ ငွေရှာချင်ရင် ကျုံးကန်ဖိန်ဆီက တောင်းလို့မရဘူးလား။ ဘာလို့ အိမ်တစ်လုံးနဲ့ လယ်ယာတစ်ကွက်ကနေ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းစရမှာလဲ။
ဒါပေမဲ့ စုရှီက နားလည်နိုင်ပါသည်။ သူများအသက်ကယ်ခဲ့တာကို အကြောင်းပြပြီး တခြားသူတွေကို ခြိမ်းခြောက်ပြီး ငွေတောင်းနေတာမျိုး မဖြစ်သင့်ပေ။
ဒါမျိုးက အဆုံးသတ်တစ်ခု ရှိနေမှာပဲလေ။
မြို့တော်မှာ အချမ်းသာဆုံးလူ ဒါမှမဟုတ် ယန်မြို့တော်တစ်ခုလုံးမှာ အချမ်းသာဆုံးဖြစ်လာမှသာ နိုင်ငံတစ်ခုနဲ့ယှဉ်နိုင်တဲ့ ချမ်းသာကြွယ်ဝမှုမျိုးရမှာဖြစ်ပြီး အကြီးမားဆုံး အောင်မြင်မှုအသီးအပွင့်ကို ခံစားရမည်!
စုရှီက အဲဒီအဆင့်ကို တွေးမိတဲ့အခါ အရမ်းစိတ်လှုပ်ရှားသွားသည်။ သူ(မ)စိတ်ထဲမှာ စစ်ဗုံသံတွေ ပြင်းထန်စွာ မြည်ဟီးနေသည်!
... ဒါပေမဲ့ ဒါက အစပဲ ရှိသေးတယ်။
လူသုံးယောက်က မြန်မြန်ဆန်ဆန် လူခွဲသွားပြီး တာဝန်ကိုယ်စီနဲ့ အလုပ်ရှုပ်နေကြသည်။
ကိုယ်ရံတော်သုံးက မင်းသားနင်းဖူအိမ်တော်ရဲ့ ကိုယ်ရံတော် ဖြစ်နေသေးတာကြောင့် လုဟွမ်နဲ့အတူ မင်းသားနင်းဖူအိမ်တော်ဆီ ပြန်လိုက်သွားခဲ့သည်။
အဲဒီအချိန်မှာ လုဝမ်ရှို့ရဲ့အိမ်ဝင်းထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြလေသည်။ အစေခံတွေနဲ့ အလုပ်သမားတွေရဲ့ ငိုယိုသံတွေ၊ သခင်မနင်းရဲ့ လက်ဖက်ရည်ခွက် ခွဲသံနဲ့ ခွက်တွေပစ်ပေါက်သံတွေကို ကြားနေရသည်။
နန်းတွင်းသမားတော်က သူ့ဆေးသေတ္တာနဲ့ ထွက်သွားပြီး ခေါင်းခါလိုက်လေသည်။ ကြည့်ရတာ ... နာရေးအတွက် ပြင်ဆင်ရတော့မယ့်ပုံပဲ။
နန်းတွင်းသမားတော်က သက်ပြင်းချပြီး လုဟွမ်ဘေးမှ ဖြတ်လျှောက်သွားသည်။
စုရှီက ဒီမြင်ကွင်းကို မြင်တော့ အရမ်းပျော်သွားလေသည်။ လုဝမ်ရှို့ကို ဘယ်သူက ဆိုးညစ်တာတွေ အများကြီး လုပ်ခိုင်းလို့လဲ။
'မကောင်းမှု အများကြီး ကျူးလွန်သူတွေက နောက်ဆုံးတော့ ပျက်စီးရမှာပဲ' ဆိုတာ ဒါကိုပြောတာပဲ ဖြစ်မည်။
ဒါပေမဲ့ လုဝမ်ရှို့ကို ဒီလိုပဲ သေခွင့်ပေးလိုက်ရတာ နှမြောစရာ ဖြစ်နေသည်။ သူ့ကို နှိပ်စက်ပြီး ရေပုံးတစ်ရာ ထမ်းခိုင်းတာမျိုး ပြန်ခံစားစေချင်သေးသည်။
သူ(မ)ဒီလိုတွေးနေတုန်း စနစ်ကနေ ရုတ်တရက် မက်ဆေ့ချ်တစ်ခုပေါ်လာသည်၊ "လုဝမ်ရှို့ အခု မသေရဘူး"
စုရှီ : "ဘာလို့လဲ?"
စနစ်က ပြောလိုက်သည်၊ "လုဝမ်ရှို့ အခုသေသွားရင် မင်းသားနင်းဖူက နာရေးအတွက် ပြင်ဆင်ရမှာ၊ အနည်းဆုံး ခုနစ်ရက်လောက်ကြာမယ်။ ဒီလိုဆိုရင် ဇာတ်ကောင်က ငါးရက်အတွင်း ကျင်းပမယ့် ဆောင်းငှက်တောင် အမဲလိုက်ပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ဘူး။ မစ်ရှင် ၃ ပြီးမြောက်ဖို့ မဖြစ်နိုင်တော့ဘူး"
အဲဒီလို ပြောပြီးနောက် မစ်ရှင်အသေးစား ၃ ပေါ်လာ၏၊ "နတ်ဆေးဆရာရဲ့နာမည်ကို သုံးပြီး လုဝမ်ရှို့ကို ကယ်တင်ပါ"
စုရှီ နားလည်သွားပြီ။ တနည်းအားဖြင့် ဒီအပိုင်းမှာ သူ(မ)က လုဝမ်ရှို့ကို ကယ်တင်ရမယ်၊ မဟုတ်ရင် မစ်ရှင်ကို ထိခိုက်စေမည်။
သူ(မ)က မြေအောက်ရထားပေါ်မှာ သူ(မ)ဖုန်းကို ကြည့်နေမိသည် ။
ဒါပေမဲ့ လုဝမ်ရှို့က ကျိုက်ကျိုက်အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။ သူ့ကို ကရုဏာထားပြီး ကယ်တင်တယ်လို့ပဲ သဘောထားလိုက်တော့မယ်။
ဒါပေမဲ့ ကျိုက်ကျိုက်က သူ့ကို ကယ်တင်ဖို့ စိတ်ကူးရှိပုံမရပေ။
ကျိုက်ကျိုက်ရဲ့မျက်နှာက အေးစက်နေပြီး လုဝမ်ရှို့ရဲ့အိမ်ကို ခပ်ပေါ့ပေါ့ပဲ ကြည့်လိုက်သည်။ သူ့ရဲ့မျက်နှာက လုံးဝအေးစက်ပြီး ဂရုမစိုက်သလို ဖြစ်နေ၏။ ထို့နောက် ရပ်ကြည့်မနေဘဲ ချက်ချင်း ထွက်သွားတော့သည်။
ကျိုက်ကျိုက်ရဲ့ ဟဲယန်ဟိုင်ချင်း( မြစ်ဝါမြစ်ရေကဲ့သို့ ကြည်လင် တည်ငြိမ်)ကဲသို့ ဖြစ်နေပြီး သူ့ရန်သူတွေ အပေါ်မှာတော့ သနားညှာတာ စိတ်မရှိဘူး!
ဒါဆို လုဝမ်ရှို့ကို ကယ်တင်ချင်အောင် ဘယ်လိုလုပ်ရမလဲ။
စုရှီ ဒွိဟဖြစ်နေလေပြီ။
နောက်ဆုံးတစ်ခေါက် စုရှီ ဈေးမှ ဆေးကျိုရန် ဖော်စပ်နည်းကို လဲလှယ်ခဲ့တုန်းက ကိုယ်ရံတော်သုံးနဲ့ ဆရာဒင်းအတွက် စာရွက်ချန်ထားခဲ့လေသည်။ လဲလှယ်တဲ့အခါ ဆေးညွှန်းရဲ့ သွင်ပြင်လက္ခဏာတွေကို ကျိုက်ကျိုက်ရဲ့လက်ရေးနဲ့တူအောင် ရေးပြီးမှသာ ထားခဲ့လိုက်သည်။
ဒါကြောင့် သူ(မ) မက်ဆေ့ချ် ချန်ထားခဲ့ နိုင်ခဲ့တာပါ။
ဒါပေမဲ့ ဒီလိုမျိုးလဲလှယ်တာအပြင် အခုလက်ရှိမှာ ကျိုက်ကျိုက်နဲ့ ဆက်သွယ်ဖို့ မှတ်စုရေးထားခဲ့လို့ရတဲ့ နည်းမရှိပေ။
နောက်ဆုံးအကြိမ်က ဆရာဒင်းကို ကယ်တုန်းကလို သူ(မ) ဆေးအိတ်တစ်အိတ် ထားခဲ့ရုံပဲပေါ့။
သို့သော် စုရှီက ထိုသို့မလုပ်လိုပေ။ သူ(မ)သည် လုဝမ်ရှို့ကို အခမဲ့ ကယ်တင်လိုခြင်းမရှိ။
ခဏစဉ်းစားပြီးနောက် စုရှီက အကြံတစ်ခု ရလာသည်။
ထိုညတွင် စုရှီသည် လုဝမ်ရှို့၏အခန်းထဲတွင် စက္ကူအိတ်တစ်အိတ် ထားခဲ့သည်။ သို့သော် စက္ကူအိတ်ထဲတွင် ဆေးမပါပေ။
ထို့အပြင် သူ(မ)သည် စနစ်မှ သခင်မနင်း၏ သုံးကြိမ်ကန်တော့နေဟန်နှင့် ကိုးကြိမ် ဦးညွတ်နေဟန် ပုံတူ၊ မြို့ပြင်မှသစ်တောပုံတူ တို့ကိုလည်း လဲလှယ်ထားခဲ့သည်။ သူ(မ)သည် ထိုပုံတို့ကို လုဝမ်ရှို့၏ အခန်းထဲတွင် ထားခဲ့လိုက်သည်။
နောက်တစ်နေ့တွင် မင်းသားနင်းအိမ်တော်တစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်၏!
ဒုတိယသခင်လေး လုဝမ်ရှို့၏အိမ်နှင့် ဝင်းပြင်အပြင်ဘက်တွင် အစောင့်များရှိသောကြောင့် ယင်ကောင်တစ်ကောင်ပင် ဝင်၍မရပေ။ မည်သူမှ အထဲသို့ဝင်၍ တစ်စုံတစ်ရာ ထားနိုင်မည်မဟုတ်ပါ။
ထို့အပြင် သခင်မနင်းသည် ဒုတိယသခင်လေး၏အခန်းထဲတွင် တစ်ညလုံး စောင့်ရှောက်နေသည်။ အများဆုံး ခဏတာမျှသာ အိပ်ငိုက်ခဲ့သည်။ ပုံတူနှစ်ပုံနှင့် ဆေးစက္ကူအိတ်တစ်အိတ် ဘယ်လိုလုပ် ဘာမှမရှိရာကနေ ပေါ်လာနိုင်မလဲ။
နတ်ဆေးဆရာ ဖြစ်နိုင်မလား။
ယခုအခါ မြို့တော်ရှိ နတ်ဆေးဆရာ အကြောင်းသတင်းများသည် မီးလောင်ရာ လေပင့်သလို ပျံ့နှံ့နေသောကြောင့် သခင်မနင်းသည် သဘာဝအလျောက် စဉ်းစားမိလိုက်သည်။
သူ(မ) ချက်ချင်းပျော်ရွှင်သွားသည်။ လုဝမ်ရှို့ကို ကယ်တင်နိုင်မည်ဟု ထင်လိုက်၏!
သို့သော် ဘာလို့ ဆေးအိတ်က ဗလာဖြစ်နေတာလဲ။ ပြီးတော့ ပုံတူတွေနဲ့ ပုံနှစ်ပုံက ဘာအဓိပ္ပာယ်လဲ —?
ဒီပုံနှစ်ပုံက ...
သူ(မ)ဖိတ်ခေါ်ထားသော ပညာရှိများက တစ်ပြိုင်နက်တည်း ခန့်မှန်းလိုက်ကြသည်၊ "ဒါတွေက ... ဒီပုံတွေက သုံးကြိမ်ကန်တော့ပြီး ကိုးကြိမ်ဦးညွတ်ရမယ်၊ ပြီးရင် သစ်တောထဲသွားပြီး ဆေးယူရမယ်လို့ ဆိုလိုတာပါ"
ထိုသို့ပြောပြီးနောက် ပညာရှိသည် နောက်ထပ်မပြောဝံ့တော့ဘဲ ပါးစပ်ပိတ်ထားလိုက်သည်။
သခင်မနင်း၏မျက်နှာ ချက်ချင်းဖြူဖတ်ဖြူရော်ဖြစ်သွားလေသည်၊ "မင်း ဘာတွေ လျှောက်ပြောနေတာလဲ! ငါက မင်းသားနင်းရဲ့ ဇနီးပဲ။ မင်းက ငါ့ကို သုံးကြိမ်ကန်တော့ခိုင်းပြီး ကိုးကြိမ်ဦးညွတ်ခိုင်းတယ်! သမားတော်အတုတစ်ယောက်ကိုလေ!"
သို့သော် လုဝမ်ရှို့သည် ခုတင်ပေါ်တွင် သွေးအန်နေသည်။ မနေ့က ရောက်လာသော နန်းတွင်းသမားတော်က အများဆုံး နောက်ထပ်တစ်ရက်သာ နေနိုင်ပြီး သေဆုံးနိုင်သည်ဟု ပြောခဲ့သည်။ နာရေးအတွက်လည်း တတ်နိုင်သမျှ မြန်မြန်ပြင်ဆင်ထားရန် သွယ်ဝိုက်၍ပင် အကြံပေးခဲ့လေသည်။
သခင်မနင်းသည် ဤအကြောင်းကို တွေးမိသောအခါ သူ(မ)၏မျက်နှာသည် အပြာရောင်မှ အဖြူရောင်သို့ ပြောင်းသွားပြီး သူ(မ)၏လက်သီးများကို ဆုပ်ထားလိုက်သည်။
လုဟွမ်သည်လည်း မနက်စောစောထ၍ ဤအကြောင်းကို ကြားခဲ့သည်။
ထိုသူက သူ့ဒေါသပြေအောင် ဒီလိုလုပ်လိုက်တာလား။
ချမ်းသာသော မိသားစုမှ ဆင်းသက်လာသော သခင်မနင်းအား သုံးကြိမ်ကန်တော့ခြင်း၊ ကိုးကြိမ်ဦးညွတ်စေခြင်းသည် သခင်မနင်းအား အရှက်တကွဲ အကျိုးနည်း ဖြစ်စေမည်။ အဲဒါသည် သူ(မ)အား မြို့တော်၏ရယ်စရာ ဖြစ်စေသည်။
လုဟွမ်သည် တစ်နေ့တွင် မင်းသားနင်းအိမ်တော်မှ ထွက်ခွာပြီး သူ့ကို အထင်သေးခဲ့သူများကို နင်းခြေပစ်နိုင်မည်ကိုလည်း သိသည်။
သို့သော် ယခုအချိန်တွင် သူသည် မြို့တော်တွင် ခြေကုပ်ရရှိရန်နှင့် ပိုမိုအင်အားကြီးမားလာရန်သာ လိုချင်သည်။ အချိန်တန်လျှင် စာရင်းရှင်းရန် ပြန်လာပေမည်။ သူသည် မင်းသားနင်းအိမ်တော်ရှိ အခြားသူများနှင့် အငြင်းပွားရန် စိတ်မရှိပါ။
သို့သော် ထိုသူသည် သူ့ထက်ပင် ပိုမိုဒေါသထွက်နေပုံရပြီး ဤလူများကို ပိုမိုမုန်းတီးနေပုံရသည်။
တချို့အကြောင်းပြချက်ကြောင့် လုဟွမ်၏နှလုံးသားသည် ပေါ့ပါးသည်လည်းမဟုတ်၊ လေးလံသည်လည်း မဟုတ်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ဤနှစ်များအတွင်း မည်သူမျှ သူ့ဘက်တွင် မရပ်တည်ခဲ့ပေ။ သူသည် သွားကိုကြိတ်၍ မိမိဘာသာ ခံနိုင်ရည်ရှိရန် ကြာရှည်စွာ လေ့ကျင့်ခဲ့ရသည်။ သူသည် တစ်ကိုယ်တည်း နေနေကျဖြစ်ပြီး အေးစက်ခြင်းနဲ့ အကျွမ်းဝင်နေပြီ ဖြစ်ပေသည်။
တစ်နေ့တွင် တစ်စုံတစ်ယောက်က သူ့အတွက် သခင်မနင်းကို လက်စားချေလိမ့်မည်ဟု သူ မတွေးခဲ့ဘူးပေ။
တစ်စုံတစ်ယောက်က သူ့ဘက်တွင် ခိုင်မာစွာ ရပ်တည်လိမ့်မည်ဟုလည်း သူ မတွေးမိခဲ့ဘူးပါ။
ထိုကဲ့သို့သော လက်စားချေနည်းသည် ကလေးဆန်သလို ဖြစ်နေသော်လည်း...
နွေးထွေးမှု တစ်ခုက သူ၏နှလုံးသားထဲသို့ စီးဆင်းသွားသည်။ ထိုနွေးထွေးမှုသည် သူ၏အေးစက်နေသော မျက်ခုံးထိပ်မှတစ်ဆင့် စီးဆင်းသွားလေသည်။ ယခင်က ရေခဲကဲ့သို့ အေးစက်နေသော မျက်လုံးများသည် အနည်းငယ် အရည်ပျော်လာသည်။
လုဟွမ်သည် စားပွဲရှေ့တွင် လမ်းလျှောက်နေပြီး ထိုသူနှင့် ဆက်သွယ်ရန် အခြားနည်းလမ်းတစ်ခုကို စဉ်းစားမိသည်။
သူသည် နှုတ်ခမ်းကို ညင်သာစွာ စေ့ထားပြီး စိတ်အခြေအနေကောင်းနေသည်။ ပြီးနောက် စုတ်တံကို စက္ကူပေါ်တွင် ချထားလိုက်၏။
စုရှီသည် သူ၏သတင်းစကားကို စောင့်မျှော်နေသည်။
သူ(မ)သည် ကျိုက်ကျိုက် ရေးသားထားသော စာကို ဖတ်လိုက်သည်။
"မင်းက ငါ့ကို လုဝမ်ရှို့ကို ကယ်တင်စေချင်တာလား။ အဖြေက 'ဟုတ်တယ်' ဆိုရင် စုတ်တံကို မင်တံခွက်ရဲ့ ဘယ်ဘက်မှာ ထားနိုင်မလား။ အဖြေက 'မဟုတ်ဘူး' ဆိုရင် ညာဘက်မှာထား"
စုရှီ အံ့အားသင့်သွားလေသည်။ ဟော်၊ လူဆိုးလေး! ဒီလိုဆက်သွယ်နည်းကို သူ(မ) ဘာလို့ မတွေးမိတာလဲ။
သူ(မ) စာတိုပြန်လို့ မရသော်လည်း ဒါကိုတော့ လုပ်နိုင်သေးသည်!
ဂိမ်းထဲမှာ ကျိုက်ကျိုက်က အသက် ၁၄ နှစ်ပဲ မဟုတ်လား။ ဘာကြောင့် သူက ဒီလောက်တော်နေတာလဲ။
သူ(မ)သည် ကျိုက်ကျိုက်ကို နောက်တစ်ကြိမ် သေချာကြည့်လိုက်သည်။
ကျိုက်ကျိုက်သည် သေးငယ်ပြီး ချစ်စရာကောင်းနေသည်ကို တွေ့လိုက်ရသည်။ သူသည် အတွင်းခံ အဝတ်အစားများ ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ စားပွဲရှေ့တွင် ရပ်နေသည်။ သူ၏မည်းနက်သော မျက်ခုံးများ မြင့်တက်နေပြီး မသိမသာ ပြုံးနေဟန် ရှိသည်။
သူ၏ခေါင်းပေါ်ရှိ အဖြူရောင်ပူဖောင်းပုံတွင် စကားလုံးနှစ်လုံး ပေါ်လာလေသည်-" ကလေးဆန်တယ်"
စုရှီ- ...????
ဟေ့ ကလေးရေ၊ မင်း ဘယ်သူ့အကြောင်း ပြောနေတာလဲ။