← Chapters

Chapter 29

Vol. 3 Ch. 29

Chapter 29

Vol. 3 Ch. 29

လုဟွမ် က လူတိုင်းကို အမှန်တကယ်အံ့သြစေခဲ့သည်။ အထူးသဖြင့် သခင်မကြီးကိုပေါ့။ နတ်ဆေးဆရာကို ဖိတ်ခေါ်ဖို့ သူ(မ) စေလွှတ်ခဲ့တဲ့ သူတွေအားလုံး လက်ချည်းသက်သက် ပြန်လာခဲ့ကြသည်။ သူတို့တောင် နတ်ဆေးဆရာရဲ့ နေရပ်လိပ်စာကို ရှာမတွေ့ခဲ့ပေ။ လုဟွမ် က ဘယ်လိုလုပ်ပြီး သူ့ကို ဖိတ်ခေါ်နိုင်ခဲ့တာလဲ!

လုဟွမ် ရဲ့ စွမ်းရည်က ထူးခြားပြီး သူ(မ)ရဲ့ မြေးနှစ်ယောက်ထက် ပိုတော်သည်လို့ ထင်ထားပေမယ့်၊ သူ့လုပ်ရပ်တွေက ဒီလောက်အံ့သြစရာကောင်းမယ်လို့ မထင်မိခဲ့ဘူး။

ဒါက သူ(မ)ကို တကယ်ပျော်ရွှင်စေခဲ့သည်!

နတ်ဆေးဆရာက ဆေးယူလာပေးတဲ့အတွက် သခင်မကြီးက ဆေးကို မြင်တာနဲ့ အိမ်ကသမားတော်ကို ချက်ချင်းဆေးကျိုခိုင်းလိုက်သည်။ ပြီးတော့ နတ်ဆေးဆရာ ညွှန်ကြားထားတဲ့အတိုင်း ဆေးရည်ကို သောက်ပြီး ဆေးဖတ်တွေကို ဒူးခေါင်းပေါ်တင်ထားလိုက်သည်။ ရလဒ်က မျှော်လင့်ထားတဲ့အတိုင်းပဲ တကယ်ထိရောက်လေသည်!

အဲဒီညမှာ သူ(မ)ခန္ဓာကိုယ်ထဲက အအေးဓာတ်နဲ့ စိုထိုင်းမှုတွေက တဖြေးဖြေးထွက်သွား၏။ နွေးထွေးတဲ့ခံစားချက်က ဒူးခေါင်းကနေစပြီး အကြောကြီးတွေနဲ့ အရိုးတွေတလျှောက် စီးဆင်းသွားလို့ တအားသက်တောင့် သက်သာ ဖြစ်သွားလေသည်!

သခင်မကြီးက နှစ်ပေါင်းများစွာ ရောဂါဒဏ်ကို ခံစားခဲ့ရသည်။ မိုးရွာချိန်တိုင်း ဒါမှမဟုတ် နှင်းကျချိန်တိုင်း သူ(မ)ရဲ့ဒူးခေါင်းတွေက အရိုးထဲထိ နာကျင်တတ်၏။ အခုမှ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် နာကျင်မှုသက်သာသွားသည်။ သူ(မ) ဝမ်းသာလွန်းလို့ ငိုလုနီးပါးဖြစ်လာသည်!

လုဟွမ် ပြောတဲ့အတိုင်းဆိုရင် သူက နတ်ဆေးဆရာကို မတော်တဆတွေ့ခဲ့တာဖြစ်ပြီး နောက်တခါ ထပ်မတွေ့နိုင်လောက်တော့ဘူး။ ဒါပေမဲ့ သခင်မကြီးက ဒီကလေးအပေါ် လေးစားမှုအသစ်တစ်ခု ရှိလာလေသည်။

သူက မတော်တဆနဲ့ နတ်ဆေးဆရာကို တွေ့ခဲ့သော်လည်း၊ လုယီအန်း က အသုံးမကျဘဲ လမ်းမှာ မြင်းပေါ်ကနေ ပြုတ်ကျသွားသည်။

သခင်မကြီးက ဒီအသက်အရွယ်ထိ နေလာခဲ့ပြီး ရောဂါဖြစ်မှာကို အရမ်းကြောက်သည်။

နောက်ဆုံးတခေါက် လုဟွမ် က သူ(မ)ကို ကယ်တင်ခဲ့တုန်းကတည်းက သူ့အပေါ် သဘောကျခဲ့လေသည်။ ဒီတခါတော့ ဒီကလေးရဲ့စွမ်းရည်ကို ပိုပြီးအသိအမှတ်ပြုမိ၏။ အရင်တုန်းကထက် သူ့ကို ပိုပြီးသဘောကျလာသည်။

သူ(မ)က ချက်ချင်းပဲ သူ(မ)ရဲ့စုငွေထဲကနေ ငွေတုံး ၁၀၀ ထုတ်ပြီး လုဟွမ် ကို ဆုချီးမြှင့်လိုက်သည်။ ပြီးတော့ လုဟွမ် ကို တခြားလိုအပ်တာရှိရင် သူ(မ)ရဲ့ကိုယ်ပိုင်အစေခံကို ပြောဖို့လည်း မှာလိုက်သည်။

အဲဒီအချိန်မှာ စုရှီ က ကျောင်းဆင်းနေပြီးဖြစ်၍ သူ(မ)က ဘတ်စ်ကားပေါ်ရောက်သောအခါ ဖုန်းဖွင့်ပြီး နားကြပ်တပ်ထားလိုက်သည်။ သူ(မ)အိတ်ထဲ ငွေကျနေသံကိုသာ ကြားရသည်။ အပေါ်ညာဘက်ထောင့်က ငွေပမာဏက နောက်ထပ် ငွေတုံး ၁၀၀ တိုးသွားလေသည်။

ဒီကာလအတွင်း စိုက်ခင်းအတွက် သစ်အမျိုးမျိုးဝယ်ပြီး အစေခံတွေငှားတာက ငွေတုံး ၂၀ လောက်ကုန်သွားသည်။ ဒါပေမဲ့ အခု ဝင်ငွေရှိလာတော့ လက်ကျန်ငွေက ရုတ်တရက် တိုးလာပြီး ၂၅၀ ဖြစ်သွား၏။ စုရှီ က ငွေမြင်တော့ တအားပျော်သွားလေသည်။ သခင်မကြီးက ကျိုက်ကျိုက် ကို ဘာဆုပေးမလဲဆိုတာ စောင့်ကြည့်နေ၏။

ဒါပေမဲ့ သခင်မကြီးက ဆေးလိမ်းပြီးတဲ့နောက် နည်းနည်းမောသွားလို့ အရင်အိပ်ပျော်သွားသည်။ ကျိုက်ကျိုက် ကို နောက်တနေ့ ပြန်လာခဲ့ဖို့ ပြောလိုက်လေသည်။

အခုအချိန်မှာ သခင်မကြီးရဲ့ ကျိုက်ကျိုက် အပေါ် ထားတဲ့အမူအရာက သိသိသာသာ ပိုပြီးနူးညံ့လာသည်။ မြေးကို အလိုလိုက်တဲ့ သာမန်အဖွားတစ်ယောက်လိုပဲ ဖြစ်နေ၏။

ဒါပေမဲ့ ကျိုက်ကျိုက် က ဂရုမစိုက်ဘဲ လှည့်ထွက်သွားသည်။

စုရှီ က '... ငါ့ကလေးက စိတ်ထား တော်တော်ခက်တာပဲ' လို့ တွေးမိသည်။

မိန်အန်းယွမ်မှာ ပျော်ရွှင်မှုတွေ လွှမ်းနေချိန်မှာ လုယီအန်း ရဲ့ခြံဝင်းထဲမှာတော့ ရုန်းရင်းဆန်ခတ် ဖြစ်နေပေသည်။

ညသန်းခေါင်အလယ်မှာ နန်းတွင်းသမားတော်ကို ခေါ်ယူ၍ ကုသရသည်။ သူ့ညာခြေထောက်က ကျိုးသွားပေမယ့် မသန်စွမ်း ဖြစ်လောက်အောင် မဆိုးသေးဘူး၊ လအနည်းငယ် အနားယူပြီးရင် ပြန်ကောင်းသွားပေမည်။ ဒါပေမဲ့ ဆောင်းငှက်တောင် အမဲလိုက်ပွဲမှာတော့ ပါဝင်နိုင်တော့မှာ မဟုတ်ပေ။

သခင်မနင်းရဲ့ သားနှစ်ယောက်စလုံး အိပ်ရာပေါ်မှာ လဲလျက်သား ဖြစ်နေ၍ ဒေါသထွက်လွန်းလို့ လက်ချောင်းတွေတောင် သွေးထွက်နေလေပြီ။

နန်းတွင်းသမားတော် ထွက်သွားပြီးနောက် သူ(မ)က လှည့်ပြီး အထိန်းတော် အေ ရဲ့ပါးကို ရိုက်လိုက်လေသည်။ "မင်းဘာလုပ်လိုက်တာလဲ။ ငါ အဲဒီမျိုးမစစ်ကောင်ရဲ့ မြင်းကို ထိခိုက်အောင်လုပ်ဖို့ သေသေချာချာ ပြောထားတာ။ ငါ့သားက မြင်းပေါ်က ဘယ်လိုလုပ်ပြုတ်ကျပြီး ဒဏ်ရာရသွားရတာလဲ!" လို့ ပြင်းပြင်းထန်ထန် ပြောလိုက်၏။

အထိန်းတော် အေ က ချက်ချင်း ဒူးထောက်ချပြီး ငိုယိုကာ "ကျွန်မ... ကျွန်မလည်း မသိပါဘူး။ အကြီးဆုံး သခင်လေးက ရုတ်တရက် အကြံရလာပြီးတော့ သူ့ကိုယ်ရံတော်ကို သခင်လေးသုံးရဲ့မြင်းကို စီးခိုင်းတာလို့ ကြားခဲ့ပါတယ်။ ဒါပေမဲ့ သခင်လေးရဲ့မြင်းက ဘယ်လိုလုပ်... "

သခင်မနင်းက "လုဟွမ် မြင်းစာကျွေးတဲ့နေရာကို အဲ့ဒီနေ့က သွားခဲ့လား" လို့မေးလိုက်လေသည်။

"မသွားပါဘူး၊ လုံးဝမသွားပါဘူး!" အထိန်းတော် အေ က "ကျွန်မတို့ လူတွေ စောင့်ခိုင်းထားပါတယ်" လို့ပြောလိုက်ပါသည်။

ဒါပေမဲ့ လုဟွမ် က မြင်းစာကျွေးတဲ့နေရာ မသွားခဲ့ဘူးဆိုရင် လုယီအန်း ရဲ့မြင်းကို ဘာဖြစ်နိုင်မှာလဲ။ မြင်းစာထဲ ထည့်ထားတဲ့ဆေးကို လုယီအန်း ရဲ့မြင်းက စားမိပြီး ဒီလိုဖြစ်ရတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းသားနင်းဖူ အိမ်တော် ထဲမှာ အဲဒီတရားမဝင်သားကို ကူညီတဲ့သူ ရှိနေတာလား!

သခင်မနင်းက စိတ်ပူလွန်းလို့ ဒေါသထွက်လာလေသည်။ အစေခံတွေကို "မြန်မြန်၊ ဒီနေ့ မြင်းစာကျွေးတဲ့နေရာ သွားခဲ့တဲ့သူ အားလုံးကို ခေါ်လာခဲ့စမ်း။ အားလုံးကို သေအောင်ရိုက်ပစ်!" လို့ပြောလိုက်သည်။

လုဟွမ် ကို ကူညီခဲ့တဲ့သူတွေဟာ ဒီလူတွေထဲမှာပဲ ရှိရမယ်!

မင်းသားနင်းဖူ အိမ်တော်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် သခင်မနင်းရဲ့ သားနှစ်ယောက်ဖြစ်တဲ့ လုယီအန်း နဲ့ လုဝမ်ရှို့ တို့ ရှုံးနိမ့်ပြီး ပြန်လာခဲ့ရသည်။ ညီအစ်ကိုနှစ်ယောက်စလုံး အိပ်ရာပေါ်မှာ နာကျင်လွန်းလို့ အော်နေကြသည်။ ဆောင်းငှက်တောင် အမဲလိုက်ပွဲကို သွားချင်ရင်တောင် မသွားနိုင်တော့ပေ။ လုဟွမ် တစ်ယောက်တည်းသာ မင်းသားနင်းအိမ်တော်ရဲ့ကိုယ်စား သွားနိုင်တော့သည်။

သခင်မနင်းအနေနဲ့ လုဟွမ် ကို တိုက်ခိုက်ချင်ရင်လည်း အခုဆို ပိုခက်ခဲသွားလေပြီ။ ဘာကြောင့်လဲဆိုတော့ ဒီအဖြစ်အပျက် နောက်ပိုင်း သခင်မကြီးက လုဟွမ် ကို ပိုအရေးပေးလာလေသည်။

လုယီအန်း နဲ့ လုဝမ်ရှို့ တို့ အသုံးမကျတာကို သူ(မ) မြင်သွားပုံရပြီး တရားမဝင်သား တစ်ယောက်ကို စတင် အာရုံစိုက် လာတော့သည်။

လုဟွမ် က တရားမဝင်သား ဖြစ်နေပေမယ့် ယန် မင်းဆက်မှာ မိသားစုစီးပွားရေးကို ဆက်ခံနိုင်တဲ့ တရားမဝင်သားတွေ မရှိတာ မဟုတ်ဘူး။ သားအရင်းတွေက အရည်အချင်း မပြည့်မီရင် သူတို့လက်ထဲ မိသားစုစီးပွားရေးကို အပ်မယ့်အစား၊ အရည်အချင်းရှိတဲ့သူကို ပေးလိုက်တာက ပိုကောင်းပေသည်။

ဒါအပြင် မင်းသားနင်းဖူ အိမ်တော် ကို ဘယ်သူဆက်ခံမလဲဆိုတာ မဆုံးဖြတ်နိုင်သေးရင်တောင် သူ(မ)ရဲ့တရားမဝင်မြေး ဟာ တကယ့်ပါရမီရှင် တစ်ယောက်ပဲ။ သူ့ကို ပျိုးထောင်ဖို့ ကြိုးစားတာ ပြဿနာမရှိနိုင်ပေ။

သခင်မကြီးက တခြားအစီအစဉ်တွေ လျှို့ဝှက်လုပ်ဆောင်ပြီးနောက်၊ ဆောင်းငှက်တောင် အမဲလိုက်ပွဲ မနက်မှာ သူ(မ)နဲ့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့တဲ့ ကိုယ်ရံတော်လေးယောက်နဲ့ အစေခံလေးယောက်ကို ရွေးချယ်ပြီး သူ(မ)ရဲ့ အစေခံအထိန်းတော်မှ တစ်ဆင့် လုဟွမ် ရဲ့ခြံဝင်းကို ပို့လိုက်လေသည်။

အစေခံအထိန်းတော်ရဲ့ အပြုအမူကလည်း အရင်ကထက် ပိုပြီးနူးညံ့လာလေသည်။ "တတိယ သခင်လေး၊ ဒီလူတွေက ခုကစပြီး သခင်လေး နောက်လိုက်မယ့် သူတွေပါ။ သခင်လေးက သူတို့ရဲ့သခင်ပါ။ ပိုသန့်ရှင်းပြီး ပိုကောင်းတဲ့ခြံဝင်းကို ပြောင်းချင်ရင် ဆောင်းငှက်တောင် အမဲလိုက်ပွဲပြီးရင် သခင်မကြီးက လူလွှတ်ပြီး ပြောင်းပေးမယ်လို့ ပြောပါတယ်" လို့ နူးညံ့စွာ ပြောလိုက်ပါသည်။

ပြီးတော့ ကောင်းတဲ့လေးနဲ့မြားတွေ၊ ဇိမ်ခံအဝတ်အစားတွေကိုလည်း ပို့ပေးလိုက်ပါသည်။ နောက်ဆုံးမှာ လုဟွမ် က ဒီနေ့ တခြားမင်းသားတွေနဲ့အတူ အမဲလိုက်ထွက်မှာမို့ မင်းသားနင်းဖူ အိမ်တော် ရဲ့ဂုဏ်သိက္ခာကို ကိုယ်စားပြုပေသည်။ ဒါကြောင့် တခြားသူတွေရှေ့မှာ အရှက်ရစေလို့ မဖြစ်ဘူး...

မင်းသားနင်းဖူအိမ်တော်မှအစေခံတွေရဲ့ အပြုအမူက သခင်မကြီးကြောင့် ပြောင်းလဲသွားလေသည်။ သူတို့ အလုပ်လုပ်ရင်း တီးတိုးပြောနေကြ၏။ သခင်မကြီးက တတိယသခင်လေးကို ပိုပိုပြီး အရေးပေးလာတာကို မြင်တော့ တချို့က မတုန်လှုပ်ဘဲ မနေနိုင်ကြတော့ပေ။

ဘာလုပ်ရမလဲ။ တချို့က သခင်လေးသုံးကို အရင်က ဒုက္ခပေးခဲ့ဖူးသည်။

သခင်လေးသုံးကို သိပ်မရက်စက်ခဲ့တဲ့ ကောင်းတဲ့သူတွေကတော့ တိတ်တိတ်လေး ဝမ်းသာနေကြ၏။

ကံကောင်းတာက အရင်က သူ့ကို အထင်မသေးခဲ့လို့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် မင်းသားနင်းဖူ အိမ်တော် ရဲ့ကမ္ဘာက တကယ်ပဲ ပြောင်းလဲသွားလေသည်။

စုရှီ က ဒီလိုအခြေအနေကို မြင်ရတော့ အရမ်းပျော်သွားသည်။ အထူးသဖြင့် အဓိကမစ်ရှင် ၁ ရဲ့ ကျန်တဲ့တစ်ဝက် (သခင်မကြီးရဲ့သဘောကျမှုကို ရယူရန်) ပြီးဆုံးသွားတာကို ကြားရတော့ ပိုပျော်သွားသည်။ သူ(မ) ရွှေဒင်္ဂါး +၂၅ နဲ့ အမှတ် +၃ ရခဲ့သည်။ သူ(မ)ရဲ့နှလုံးသားက ပိုမြန်လာသည်။ အခု သူ(မ)ရဲ့အမှတ်က ၃၀ ရှိနေပြီ အမှတ် ၁၀၀ နဲ့ မဝေးတော့ပေ!

သူ(မ)က မကြာခင်သွားမယ့် ဆောင်းငှက်တောင်ကို ကြည့်ခွင့်ရဖို့ အသစ်ရတဲ့အမှတ်တွေကို အရင်သုံးလိုက်ကာ တံခါးဖွင့်လိုက်လေသည်။

ဒါအပြင် ကျိုက်ကျိုက် ရဲ့ရိတ်သိမ်းကော်လံမှာ အများကြီးရှိနေပြီးဖြစ်သည်။

အင်အားကြီးတဲ့ ကိုယ်ရံတော်လေးယောက်နဲ့ အစေခံလေးယောက်လည်း ကျိုက်ကျိုက် ရဲ့ [ပါရမီရှင်လက်အောက်ငယ်သားများ] ကော်လံမှာ ပေါ်လာလေသည်။ ဒါပေမဲ့ ချန်ကုန်းဝူ တို့လို ရုပ်ပုံတွေ လင်းနေတာမျိုး မဟုတ်ဘဲ ဒီလူတွေရဲ့ရုပ်ပုံတွေက တစ်ဝက်တည်းပဲ လင်းနေသည်။

စုရှီ က ဒါဟာ ဒီလူတွေက ကျိုက်ကျိုက် ရဲ့အမိန့်ကိုပဲ နာခံရမှာ ဖြစ်မယ်လို့ ထင်သည်။ သူတို့က ကျိုက်ကျိုက် ရဲ့ လက်အောက်ငယ်သားတွေ အစစ်အမှန် မဖြစ်သေးပေ၊ မင်းသားနင်းဖူ အိမ်တော် ရဲ့ လက်အောက်ငယ်သားတွေဖြစ်နေသေးသည်။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်မှာ ကျိုက်ကျိုက် က ကိုယ်ရံတော်တွေ၊ နောက်လိုက်တွေရှိတဲ့ သခင်လေးတစ်ယောက် ဖြစ်လာမှာပါ။

စုရှီ က စိတ်လှုပ်ရှားလွန်းလို့ ညဘက်မှာ ဂိမ်းနည်းနည်း ထပ်ဆော့နေမိသည်။ ကျိုက်ကျိုက် ရဲ့ လက်ရှိပိုင်ဆိုင်မှုအားလုံးကို စစ်ဆေးနေသည်။

ဒါပေမဲ့ ကျိုက်ကျိုက် က ဒါတွေကို သိပ်ဂရုစိုက်ပုံမရဘူး။ သူ့ရဲ့ငြိမ်းချမ်းတဲ့ ထင်ရှူးဝင်းကို လူတွေလာတာတောင် မကြိုက်ဘူး။ ဒီလူရှစ်ယောက်ကို ခြံဝင်းတံခါးပြင်မှာ အစောင့်အနေနဲ့ခိုင်းပြီး မင်းသားနင်းဖူ အိမ်တော် ရဲ့ တခြားလက်အောက်ငယ်သားတွေကို မဝင်ခိုင်းဘူး။ လူရှစ်ယောက်က ဝေခွဲမရဖြစ်နေကြ၏။

လုဟွမ် က သူ့စိတ်ထဲ တွေးနေမိသည် ... ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူက ခြံဝင်းတံခါးကနေ မဝင်လာဘူးဘဲ။

စုရှီ က မနေ့ညက အနီနဲ့အမည်းရောင် အမဲလိုက်ဝတ်စုံတစ်စုံ ပို့ပေးခဲ့သည်။ လက်အိတ်တွေကို ချည်ထားပြီး ခါးမှာ နှင်းဝံပုလွေရဲ့ အဖြူရောင်သားမွှေးတစ်စုံ တပ်ထားသည်။ ကျိုက်ကျိုက် က ဒီဝတ်စုံနဲ့ အရမ်းသန်မာ ခန့်ညားနေမယ်လို့ သူ(မ) ခံစားမိသည်။

အခုတော့ ကျိုက်ကျိုက် က သခင်မကြီးပို့ပေးတဲ့ အကောင်းစားအဝတ်အစားတွေကို လုံးဝဂရုမစိုက်ဘဲ အခန်းတံခါးပိတ်ပြီး သူ(မ)ပို့ပေးတဲ့ အဝတ်အစားတွေကို စဝတ်နေတာ မြင်လိုက်ရသည်။

အဝတ်အစားလဲ ပြီးသွားတော့ စုရှီ က စခရင်ပေါ်မှ ကျိုက်ကျိုက်ကို ကြည့်ပြီး နှလုံးခုန်နှုန်းမြန်သွားသည်။

...!

သူ(မ) မှားသွားပြီ။ ဘယ်သူက နှင်းဖြူရောင် အဝတ်အစားတွေက ကျိုက်ကျိုက် နဲ့ အသင့်တော်ဆုံးလို့ ပြောတာလဲ။ ဒီဝတ်စုံမျိုးကမှ သူနဲ့ အရမ်းလိုက်ဖက်သည်။ ဝတ်လိုက်တော့ ချမ်းသာကြွယ်ဝမှု အပြည့်နဲ့ သခင်လေးတစ်ယောက်လို၊ စိတ်ဓာတ်မြင့်မြင့်နဲ့ ချစ်စရာကောင်းတဲ့ ပုံံစံ ဖြစ်သွားသည်။

စျေးဆိုင်ကနေ လဲလှယ်လိုက်တဲ့ အဝတ်အစားတွေက အရမ်းလှတယ်။

ကျိုက်ကျိုက်လည်း ဒီဝတ်စုံကို အရမ်းကျေနပ်ပုံရသည်။ သူ မြင်းစီးပြီး ဖီးနစ်ငှက်မွှေးလေးနဲ့မြားကို ယူကာ ဧကရာဇ်ကိုယ်ရံတော်တွေနဲ့အတူ ထွက်ခွာသွားလေသည်။

ဆောင်းငှက်တောင်က ဧကရာဇ်မိသားစုက ပိုင်ဆိုင်တဲ့ အမဲလိုက်တောင် တစ်ခုဖြစ်သည်။ သာမန်လူတွေ မဝင်ရဘူး။ အခုက ဆောင်းကုန်ခါနီးအချိန်။ ဆောင်းငှက်တောင်ထိပ်မှာ နှင်းတွေ ဖုံးလွှမ်းနေဆဲပဲ၊ ဒါပေမဲ့ တောင်ဘေးက မြူတွေဝေနေသည်။ နွေဦးရာသီလို နည်းနည်းဖြစ်နေသည်။ တောင်ခြေရင်းမှာ ရေခဲတွေ အရည်ပျော်နေသည်။ ဖြူဖွေးတဲ့နှင်းတွေနားမှာ သမင်တချို့က ခေါင်းထွက်ကြည့်ပြီး ခုန်ထွက်လာကြသည်...

စုရှီ က နည်းနည်း အိပ်ငိုက်နေပြီး မနက်ဖြန်တွင်လည်း စာမေးပွဲရှိသည်။ ဒါပေမဲ့ ဆောင်းငှက်တောင် ဇာတ်လမ်းမှာ ကျိုက်ကျိုက် အန္တရာယ်ရှိမှာ စိုးလို့ ဒီအဆင့်ကို အတင်းကြိုးစားပြီး ဆော့နေ၏။

သူ(မ)က ဆောင်းငှက်တောင်ရဲ့ မြင်ကွင်းကျယ်ကို ပြောင်းကြည့်လိုက်တော့ ကျိုက်ကျိုက် ပြောခဲ့တဲ့ သစ်တော်ပင်ကို ချက်ချင်းတွေ့လိုက်သည်။ အခုအချိန်မှာ အဲဒီအပင်တစ်ပင်တည်းသာ တောင်တစ်ခုလုံးမှာ ပွင့်နေသည်။ သန့်စင်ပြီး တောက်ပနေတဲ့ သစ်တော်ပွင့်ဖြူလေးတွေက လေညင်းနဲ့အတူ လွင့်ပျံနေသည်။

စုရှီ က နီးနီးကပ်ကပ် ကြည့်ဖို့ကြိုးစားနေတုန်း စခရင်ရဲ့ညာဘက်မှာ ရုတ်တရက် လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရသည်!

သူ(မ)က လှုပ်ရှားမှုနောက်ကို လိုက်ပြီး စခရင်ကို ဆွဲကြည့်လိုက်သည်။ နှင်းနဲ့မြက်တောတွေကြားမှာ ကိုယ်ပေါ်တွင် ကောက်ရိုးတွေ တင်ထားတဲ့ လူသတ်သမားအနည်းငယ်ကို မြင်လိုက်ရသည်။ သူတို့က အဲဒီမှာ ပုန်းနေကြသည်။ အဲဒီလူသတ်သမားတွေက လိုချင်တပ်မက်တဲ့ မျက်လုံးတွေနဲ့ အဝေးက ချိုင့်ဝှမ်းထဲက လမ်းသွယ်လေးကို စိုက်ကြည့်နေကြသည်။ သူတို့ရဲ့ပစ်မှတ် ဖြတ်သွားမှာကို စောင့်နေပုံပဲ။

ဘာတွေဖြစ်နေတာလဲ။ စုရှီ အံ့အားသင့်သွားသည်။

သူ(မ) ဇာတ်လမ်းက ဘယ်လို ဖြစ်ကုန်တာလဲ!

အင်တာဖေ့စ် ပေါ်မှာ မက်ဆေ့ချ်တစ်ခု အမြန်ပေါ်လာသည်။ "မစ်ရှင်အသေးစား ၄ ကို လက်ခံပါ - ဒုတိယမင်းသားကို လုပ်ကြံခံရတော့မယ်။ ကျေးဇူးပြု၍ ကူညီပါ။ ဆုကြေးအနေနဲ့ ရွှေဒင်္ဂါး ၂၀ နဲ့ အမှတ် ၂ မှတ် ရရှိမှာဖြစ်ပါတယ်"

ဒီလူသတ်သမားတွေက ဒုတိယမင်းသားကို စောင့်နေကြတာ ဖြစ်နေသည်။

စနစ်က ရှင်းပြလိုက်သည် - "ဒီလူသတ်သမားတွေကို ပဉ္စမမင်းသားက စေလွှတ်ခဲ့တာပဲ။ ဒီပဉ္စမမင်းသားက မင်းသားတွေထဲမှာ အကွက်ဆင်တတ်ဆုံးပဲ။ သူက အိမ်ရှေ့စံမင်းသားက အရည်အချင်းမပြည့်မီဘူး၊ တတိယမင်းသားကလည်း အရက်နှင့် မိန်းမတွေနဲ့ပဲ ပျော်ပါးနေတတ်သည်။ သူတို့နှစ်ယောက်စလုံးက သတိထားဖို့လိုတဲ့ ရန်သူတွေ မဟုတ်ဘူး။ ဒုတိယမင်းသားကတော့ ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်ပေမယ့် တကယ်တော့ သူ့ရဲ့စွမ်းအားကို ဖုံးကွယ်ထားသည်။ ဒါကြောင့် သူက ဒုတိယမင်းသားကို အရမ်းသတိထားနေလေသည်"

"အခုလည်း ဆီးနှင်းဒဏ်ကြောင့် အနီးအနားက သူပုန်တွေက ဓားပြတွေကို စုစည်းပြီး ပုန်ကန်ဖို့ ကြံနေကြတယ်။ ဒါကြောင့် ပဉ္စမမင်းသားက အားလုံးကို အကွက်ဆင်ပြီး 'ဓားပြ'တွေက လုပ်ကြံတာလို့ ဖန်တီးဖို့ ဆုံးဖြတ်လိုက်တယ်။ လုပ်ကြံမှု မအောင်မြင်ရင်တောင် ဘာမှမရဘဲ လက်ချည်းသက်သက် ပြန်ရအောင် လုပ်ထားသည်။ ဒါက ဧကရာဇ်ရှေ့မှာ သူ့ပုံရိပ်ကို ပျက်စီးစေမည် ဖြစ်သည်"

ပုံမှန်အားဖြင့် ဒီဂိမ်းက သူ(မ)ကို လုပ်ခိုင်းတဲ့ မစ်ရှင်အသေးစားတွေက အဓိကဇာတ်လမ်းနဲ့ ဆက်စပ်နေတာ များသည်။ သူ(မ) လုပ်ကိုလုပ်ရမယ်။ ဥပမာ ဆရာဒင်းကို ပျော့ပြောင်းအောင်လုပ်ရတာနဲ့ လုဝမ်ရှို့ ကို ကယ်တင်ရတာတွေလို။ အခုလည်း ဒီမစ်ရှင်အသေးစားက အဓိကဇာတ်လမ်းနဲ့ ဆက်စပ်နေလောက်သည်။

မှန်းထားတဲ့အတိုင်းပဲ၊ စနစ်က ပြောလိုက်လေသည် - "လက်ရှိ တော်ဝင်ကျောင်းတော်က မင်းသားတွေထဲမှာ ဒုတိယမင်းသားရဲ့ စာသင်ဖော်က မနှစ်က မြင်းပေါ်မှ ပြုတ်ကျပြီး သေဆုံးသွားတယ်။ စာသင်ဖော်အသစ် မရှိသေးဘူး။ ယန် မင်းဆက်ရဲ့ စည်းမျဉ်းအရ ကိုယ်လုပ်တော်ရဲ့သားတွေက စာသင်ဖော်အဖြစ်နဲ့ပဲ တော်ဝင်ကျောင်းတော်ထဲ ဝင်ခွင့်ရှိတာ။ ဒါကြောင့် ဒုတိယမင်းသား အခုအချိန်မှာ မသေရဘူး။ နောက်ပိုင်းတာဝန်မှာ သင်က ဇာတ်ကောင်ကို သူ့ရဲ့စာသင်ဖော် ဖြစ်အောင်ကူညီပေးပြီး အဲဒီရာထူးနဲ့ တော်ဝင်ကျောင်းတော် ဝင်နိုင်အောင် လုပ်နိုင်တယ်"

စုရှီ နားလည်သွားသည်။ အားလုံးက တော်ဝင်ကျောင်းတော်ထဲ ဝင်ဖို့နဲ့ နန်းတွင်းအငြင်းပွားမှုတွေထဲ တရားဝင်ပါဝင်နိုင်ဖို့အတွက်ပဲ။

မစ်ရှင်အသေးစားတွေက သာမန်အားဖြင့် ရိုးရှင်းတာများသည်။ ဒီလူသတ်သမားတွေ ကြောက်စရာကောင်းပေမယ့် ဒုတိယမင်းသားမှာ သက်တော်စောင့်တွေ ရှိနေသည်။ စုရှီ က နောက်ပိုင်းမှာ လက်တစ်ဖက် ကူညီရုံပဲလိုမယ်လို့ ထင်သည်။

ဒါကြောင့် သူ(မ) အများကြီး မစဉ်းစားတော့ဘဲ ကျိုက်ကျိုက် ဘက်ကို မြင်ကွင်း ပြောင်းလိုက်လေသည်။

အခုအချိန်မှာ မင်းသားတွေနဲ့ အမွေခံတွေအုပ်စုက ဆောင်းငှက်တောင်ခြေမှာ စုရုံးနေကြလေသည်။ မြင့်မားတဲ့ မြင်းတွေနောက်မှာ အစောင့်တွေနဲ့ အစေအပါးတွေအားလုံး ရှိနေ၏။ အမဲလိုက်ပွဲ မြင်ကွင်းက အရမ်းခမ်းနားလှပါသည်။

ကျိုက်ကျိုက် က ငယ်ရွယ်ပေမယ့် သူ့ရဲ့ဟန်ပန်က အံ့သြစရာကောင်းသည်။ သူက အနီနဲ့အမည်းရောင် အဝတ်အစားတွေ ဝတ်ဆင်ထားပြီး မြင့်မားတဲ့ မြင်းဖြူကို စီးထားသည်။ သူ့ကိုယ်ပေါ်မှာ အပိုအဆင်တန်ဆာတွေ မရှိပေမယ့် အမွေခံတချို့ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်နေဆဲပဲ။

ဒီတစ်ခါ အမဲလိုက်ပွဲကို အရာရှိကြီးတွေနဲ့ မင်းညီမင်းသားတွေရဲ့ သမီးငယ်တွေလည်း အများကြီး လာရောက်ကြသည်။ အပျိုစင် အများအပြားက ကျိုက်ကျိုက်ကို ခိုးမကြည့်ဘဲ မနေနိုင်ကြပေ။

ကျိုက်ကျိုက် က သူတို့ မမြင်ဖူးတဲ့ တတိယ သခင်လေးဖြစ်ပြီး အလွန်ဆွဲဆောင်မှုရှိလွန်းနေသည်။

သူတို့ကို ဒီလိုမြင်ရတော့ စုရှီ က ကျိုက်ကျိုက်ရဲ့မျက်နှာကို ပြောင်းဖို့ ငွေသုံးချင်စိတ် မထိန်းနိုင်လောက်အောင် ဖြစ်လာသည်။ ဒါပေမဲ့ ငွေသုံးပြီးနောက် ဒီရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ ဆန်မုန့်လုံးလေး ပုံစံကို ပြန်ပြောင်းလို့မရမှာ ကြောက်နေသည်။

အစက သူ(မ) သည်းခံနိုင်သေးသည်။ ဒါပေမဲ့ အခု စခရင်ပေါ်မှာ အပျိုစင်တွေ အများကြီးက သူမျက်နှာကို ကြည့်နေတာမြင်တော့ တော်တော်လေး မထိန်းနိုင်တော့ပေ။

စနစ်က: "ရွှေဒင်္ဂါး ၂၀"

စုရှီ သွားကြိတ်ပြီး: "သုံးမယ်!"

ရွှေဒင်္ဂါးတွေ နုတ်ယူလိုက်တဲ့ခဏမှာ စခရင်ပေါ်မှ ပုံရိပ်က ရုတ်တရက် အရမ်းကြည်လင်တဲ့ 24k အရည်အသွေးအဖြစ် ပြောင်းသွားလေသည်။ သူ(မ) နောက်ဆုံးတော့ ဆန်မုန့်လုံးလေး ကျိုက်ကျိုက် ရဲ့ အစစ်အမှန် မျက်နှာကို မြင်လိုက်ရလေ၏။

မြင့်မားတဲ့ မြင်းပေါ်က လူငယ်က နှင်းလိုဖြူစင်တဲ့ အသားအရေရှိပြီး သူ့မျက်နှာထားက အေးစက်နေသည်။ မျက်ခုံးတွေက ပန်းချီကားလို လှပပြီး ဆံပင်တွေက မှောင်နက်နေကာ အဝတ်အစားတွေက လေထဲမှာ လွင့်ပျံနေသည်။

လူတွေက တံတားပေါ်က မြင်းစီးနေသော သစ်လွင်တောက်ပနေတဲ့ လူငယ်ကို မကြည့်ဘဲ မနေနိုင်ကြပေ။

ဒါပေမဲ့ တောက်ပလွန်းတဲ့ အသွင်အပြင်အောက်မှာ နဂိုစိတ်ရင်းက မဟာတံတိုင်းကြီးပေါ်က နှင်းလို အေးစက်နေပြီး အရည်မပျော်ကျနိုင်ပေ။

လူငယ်ဆန်တဲ့စိတ်ဓာတ် မပျောက်သေးပေမယ့် မျက်ခုံးကြားက အေးစက်မှုနဲ့ ရင့်ကျက်မှုတွေက သိသိသာသာ ထင်ရှားနေသည်။

ဒါက -

စုရှီ မူးမေ့သတိလစ်မတတ် မျက်နှာ နီရဲသွားသည်။ ဒီဂိမ်းရဲ့ မူရင်းပန်းချီဆရာက လစာ တစ်သန်း ရသင့်သည် မဟုတ်လား။

ကျိုက်ကျိုက် ရဲ့ပုံပန်းသွင်ပြင်က သိပ်ကို ချောမောလွန်းတယ်!

ဒါပေမဲ့ စက္ကန့်အနည်းငယ်ထက် ပိုမကြည့်လိုက်ရခင်မှာ စခရင်ပေါ်က "ပေါက်" ဆိုတဲ့ အသံထွက်လာသည်။ မှုန်မှိုင်းတဲ့ တိမ်တိုက်တစ်ခုနောက်မှာ ချောမောတဲ့လူငယ်က ရုတ်တရက် ပြန်ကျုံ့သွားပြီး မြင်းပေါ်မှာ နူးညံ့စွာထိုင်ရင်း ရိုးရှင်းတဲ့ ဆန်မုန့်လုံးပုံလေး ဖြစ်သွားသည်။ သူ့ကျောက ဆန့်နေပြီး ဆန်မုန့်လုံးလို မျက်နှာနဲ့ မျက်နှာထားတစ်ခုမှမပါဘဲ တောင်ပေါ်ကို မော့ကြည့်နေသည်။

စနစ်က ပြောလိုက်သည် - "ရွှေဒင်္ဂါး ၂၀ က မူရင်းအနုပညာကို သုံးစက္ကန့်စာပဲ ကြည့်ခွင့်ရမယ်။ မူရင်းအနုပညာပုံစံကို ဆက်ပြောင်းချင်ရင် ကျေးဇူးပြု၍ ငွေဆက်သုံးပါ"

စုရှီ: ...

မတရားတဲ့ ငွေတောင်:မှုကြီပဲ!

စုရှီ အမြန်တွက်ကြည့်လိုက်သည်။ ဒါဆိုရင် သုံးစက္ကန့်က ၂ဆင့် ကျမယ်။ တစ်နေ့ကို သုံးနာရီ ဂိမ်းဆော့ပြီး ကျိုက်ကျိုက် ရဲ့မူရင်းမျက်နှာကို ထိန်းထားဖို့ဆိုရင် ယွမ်ခုနစ်ရာ့နှစ်ဆယ် ကုန်မှာပဲ!

ဘိုင့်ဘိုင့်၊ ဘိုင့်ဘိုင့်။

စုရှီ စိတ်ဆိုးနေပေမယ့် စခရင်က ဆန်မုန့်လုံးလေး ကျိုက်ကျိုက် ဆီ ပြန်ပြောင်းသွားတော့ ဆက်လက်လက်ခံလိုက်ရသည်။ လက်မခံဘဲ ဘာတတ်နိုင်မှာလဲ။

အိမ်ရှေ့စံမင်းသားက စကားအနည်းငယ်ပြောပြီးတဲ့နောက် အုပ်စုလိုက်အမဲလိုက်ပွဲ စတင်လေသည်။ ဒီအုပ်စုလိုက်အမဲလိုက်ပွဲရဲ့ စည်းမျဉ်းတွေက အမွေခံတိုင်းမှာ မြားနှစ်ဆယ်စီရှိပြီး၊ မိုးမချုပ်ခင် အမဲအများဆုံးရတဲ့သူက တောင်ပေါ်ကဆင်းပြီး စခန်းမှာ စုရုံးရမည်။ အများဆုံးရတဲ့သူကို ဧကရာဇ်က ဆုချီးမြှင့်မည်။

ချက်ချင်းပဲ နန်းတော်သားတွေက ဗုံတွေစတင်တီးတော့လေသည်။

ဗုံသံကြားတာနဲ့ အမွေခံအားလုံးက လေးမှ မြားပစ်လွှတ်လိုက်သလို တစ်ချက်တည်း ထွက်သွားကြ၏။

လုဟွမ်လည်း မြင်းပေါ်က ခုန်ဆင်းကာ တစ်ခဏချင်းပဲ ပျောက်ကွယ်သွားသည်။

ဆောင်းငှက်တောင်မှာ သမင်၊ တောယုန်နဲ့ ဝံပုလွေတွေအပါအဝင် အမဲလိုက်စရာတွေ အများကြီးရှိသည်။ တောင်တစ်ခုလုံးမှာ နှင်းဝံပုလွေတစ်ကောင်ပဲရှိပြီး အလွန်ရက်စက်ကြမ်းကြုတ်သည်။ အဲဒါကို ဖမ်းမိရင် အနိုင်ရမှာဖြစ်ပြီး ဧကရာဇ်ထံက ဆုကို လက်ခံရရှိပေမည်။

နှင်းဝံပုလွေက သစ်တော်ပင်နားက ဂူတစ်ခုထဲမှာရှိသည်။ ဒါပေမဲ့ ဒီအမွေခံတွေက နှင်းဝံပုလွေနယ်မြေနားကို မသွားရဲကြပေ။ အုပ်စုလိုက်အမဲလိုက်ပွဲလာတာ အမဲမရရုံ တင်မက သေသွားမှာကို ကြောက်နေကြ၏။

ဒါပေမဲ့ လုဟွမ် က နှင်းဝံပုလွေရဲ့ နယ်မြေဆီ တန်းသွားလိုက်လေသည်။

သူ ဆောင်းငှက်တောင်က ပထမဆုံးသစ်တော်ပင်နားကို မြင်းနဲ့အပြင်းတက်သွားတော့ သူ့မျက်လုံးတွေက မှောင်မိုက်ပြီး တောက်ပနေသည်။ ဒီတစ်ခါတော့ ထိပ်ဆုံးရောက်ဖို့ စိတ်ပိုင်းဖြတ်ထားသည်။ တခြားထက် အဲဒီသူနဲ့တွေ့တဲ့အခါ နှင်းဝံပုလွေကို ယူသွားပြီး သူ့ကို ပေးမယ်။

အဲဒီသူက သူ့ကို လက်ဆောင်တွေ အများကြီးပေးခဲ့တာ။ အဲဒီညက သက်ရှည် ခေါက်ဆွဲအပါအဝင်ပဲ၊ သူ ဘယ်တော့မှ မမေ့ပါဘူး... ဒါပေမဲ့ သူ့က အလွန်ဆင်းရဲပြီး ပြန်ပေးဖို့ ဘာပေးရမှန်း မသိဘူး။

သစ်သားရုပ်ထုတွေက ရိုးရှင်းပြီး သေးနုပ်လွန်းသည်။ အဲဒီလူကို ကောင်းတဲ့လက်ဆောင်တစ်ခု ပေးနိုင်မယ်လို့ သူမျှော်လင့်မိ၏။

All Chapters