← Chapters

Chapter 30

Vol. 3 Ch. 30

Chapter 30

Vol. 3 Ch. 30

စုရှီသည် မသိစိတ်အရ ကျိုက်ကျိုက် နောက်လိုက်ပြီး သူ အမဲလိုက်တာ ကြည့်ချင်သော်လည်း အပေါ်ညာဘက်ထောင့်ရှိ မြေပုံသေးသေးလေးအား သူ(မ)ကြည့်လိုက်သောအခါ တွေ့လိုက်ရသည်မှာ ဒုတိယမင်းသားရဲ့အစက်ငယ်လေးသည် အစက်များစွာဖြင့် ဝန်းရံထားသည်ကို တွေ့လိုက်ရလေသည်။ လုပ်ကြံမှုသည် စတင်နေပြီလော။ ယခုလောက်ထိ မြန်ရန်လိုတာလား။

စုရှီက လုပ်ကြံသူများသည် ဘယ်အချိန်စတင် လှုပ်ရှားကြမည်ကို မသိပေ။ သူ(မ)ကြောက်တာ သူ(မ)အပိုမစ်ရှင်များကို ကျရှုံးပါက ဇာတ်လမ်းဇာတ်ကွက် ပျက်စီးသွားမည်ကိုပင် ဖြစ်သည်။ ထို့ကြောင့် သူ(မ)သည် ကျိုက်ကျိုက် နောက်လိုက်မကြည့်နိုင်တော့ဘဲ စခရင်ကို ဒုတိယမင်းသားဘက်သို့ ပြောင်းလိုက်၏။

ဒီတစ်ကြိမ်တွင် ဒုတိယမင်းသားသည် အခြွေအရံပေါင်းများစွာဖြင့်ရှိနေပေသည်။ သူသည် သူ၏လေးကို ယုန်တစ်ကောင်အား ချိန်ရွယ်ခြင်းတွင် အာရုံစိုက်ထားနေသည်။ ယုန်လေးက အလွန်သတိရှိသည်။ လူအုပ်ကြီး၏လှုပ်ရှားမှုကို ကြားတဲ့အခါ လျှင်မြန်စွာပြေးသွားလေသည်။ ဒါကြောင့် ဒုတိယမင်းသားသည် သူ၏အစောင့်များနှင့်အတူ ယုန်နောက်သို့လိုက်လေ၏။ သူတို့သည် တောင်ခြေမှ တောင်နံရံရှိသစ်တောအထိ တစ်လျှောက်လုံးလိုက်လေသည်။

စုရှီသည် ချုံခိုတိုက်ခိုက်ဖို့ ချောင်းနေကြသည့် လုပ်ကြံသူများအဖွဲ့ကို ကြည့်လိုက်လေသည်။ သူတို့သည် တောင်ကြားနှစ်ဖက်လုံးမှ ဒုတိယမင်းသားဆီသို့ ဖြည်းဖြည်းချင်းချဥ်းကပ်လာနေလေသည်။ သို့သော်လည်း ချင်းရန်တောင်ပေါ်တွင် ဒုတိယမင်းသားနှင့်သူ၏လူများသာ ရှိသည်မဟုတ်ပေ။ တစ်ခြားမင်းသားများနှင့် သူတို့ရဲ့အခြွေအရံများလည်း ရှိနေပေသည်။ ချင်းရန်တောင်သည် အလွန်ကြီးမားသော်လည်း သေချာကြည့်ပါက သူတို့သည် တစ်ခြားသူများကို မြင်နိုင်ပေသည်။ ထို့ကြောင့် ထိုလုပ်ကြံသူများသည် ဂရုတစိုက် တဖြေးဖြေးလှုပ်ရှားရလေသည်။

စုရှီ၏ အာရုံကြောများသည် အစပိုင်းတွင် တင်းကျပ်နေခဲ့လေသည်။ မကြာမီမှာပင် သူ(မ)သည် ဘတ်စ်ကားထိုင်ခုံပေါ်သို့ လဲကျသွားလေ၏။

သူတို့လုပ်ကြံမှာလား၊ မကြံဘူးလား။ မြန်မြန်လုပ်စမ်းပါ! သူ(မ) လူတွေကိုကယ်ပြီးရင် ကျိုက်ကျိုက် အမဲလိုက်တာကို ပြန်သွားကြည့်ဖို့စောင့်နေတုန်းဖြစ်သည်။

ဘတ်စ်ကားဂိတ်သို့ ဘတ်စ်ကားရောက်တဲ့အခါ သူ(မ)သည် သူ(မ)၏လွယ်အိတ်ကို လွယ်၍ လက်တစ်ဖက်တွင် ဖုန်းကိုင်ထားပြီး နားကျပ်ကိုတပ်ထားဆဲဖြစ်သည်။ သူ(မ)သည် ချိုင်းထောက်ကို အားပြု၍ အိမ်သို့ တရွေ့ရွေ့ ပြန်လာလေသည်။ တစ်ချိန်တည်းမှာပင် ဖုန်းအားကြည့်၍ လုပ်ကြံသူများပေါ်လာမည့်အချိန်ကို စောင့်နေလေ၏။

လုပ်ကြံသူများသည် ဒုတိယမင်းသား သူတို့၏မြင်ကွင်းထဲသို့ ရှင်းလင်းစွာ ဝင်ရောက်မလာခင် လေးနာရီကြာအောင် စောင့်ဆိုင်းပြီးနောက် သူ့အားလုပ်ကြံရန် နေရာကောင်းကို တွေ့သွားလေသည်။

တောအလယ်ခေါင်ထဲတွင် ဖြစ်၏။ ပတ်ဝန်းကျင်သည် အလွန်တိတ်ဆိတ်နေပြီး လေတိုးသံများကိုသာ ကြားနေရလေသည်။

ဒုတိယမင်းသားနှင့် သူ၏အခြေအရံများသည် သူတို့၏သားကောင်အားလိုက်ရင်း ဒီနေရာသို့ ရောက်လာခြင်းပင် ဖြစ်သည်။

စုရှီသည် သူ(မ)၏ထိုင်ခုံရှေ့တွင် ထိုင်၍ ဖုန်းအားဘေးဘက်တွင် ချထားပြီး အိမ်စာလုပ်ရင်း လုပ်ကြံသူများပေါ်လာမည့်အချိန်ကို စောင့်နေလေသည်။ ရုတ်တရက် "ရွတ် ရွှတ် ရွှတ် "ဟူသော အသံများအား သူ(မ)ကြားလိုက်ရပြီး တစ်စုံတစ်ယောက်က အော်လိုက်လေသည်။ "လုပ်ကြံသူတွေ!"

သူ(မ)သည် ဘောပင်အား မြန်မြန်ချ၍ ဖုန်းအားကိုင်လိုက်ပြီး စခရင်ပေါ်တွင် ဒုတိယမင်းသားအား ကြည့်လိုက်လေသည်။

စခရင်ပေါ်တွင် လုံးဝပရမ်းပတာဖြစ်နေ၏။

အနက်ရောင်ဝတ်ထားပြီး မျက်နှာဖုံးတပ်ထားသော လုပ်ကြံသူတစ်ယောက် ထွက်လာလေသည်။ ဒုတိယမင်းသားအနားရှိအစောင့်သုံးယောက်မှာ မြားမှန်၍ သေနေပြီး ကျန်အစောင့်များသည် ဒုတိယမင်းသားအား ကာကွယ်ရန် ဝန်းရံထားကြလေသည်။

လုပ်ကြံသူများသည် တစ်ဖွဲ့လုံးကျွမ်းကျင်သူများဆိုသည်မှာ သိသာလှပေသည်။ သူတို့၏ ဓားရေးက အလွန်မြင့်ပြီး အစောင့်များနှင့် တိုက်ခိုက်နေလေသည်။

အစောင့်များသည် မြားဒဏ်ရာများ ရနေကြပြီး လုပ်ကြံသူတွေကို သိသိသာသာမယှဥ်နိုင်ကြပေ။ သူတို့သည် တိုက်ခိုက်ရင်း ဆုတ်ခွာနေကြလေသည်။

ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံနှင့် လူတစ်စုသည် သိပ်မဝေးသောနေရာမှ ပေါ်လာကြ၏။ သူတို့သည် မြေပြင်မှ ခုန်လိုက်ပြီးတော့ သူတို့၏လေးများအားဆွဲတင်၍ မြားများပစ်လွှတ်လိုက်ကြလေသည်။

ဒီလုပ်ကြံသူများသည် သေချာပြင်ဆင်ထားပြီး ဒုတိယမင်းသားထက် ပိုအင်အားသာသည်။ သူ၏ အစောင့်အများစုသည် မြားဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ကျန်အစောင့် အနည်းငယ်မှာလည်း ဆုတ်ခွာရင်းသာ ဒုတိယမင်းသားအား အနည်းငယ်သာလျှင် ကာကွယ်နိုင်ပေသည်။

မြားတစ်ချောင်းသည် အလွန်တိကျပြီး လျှင်မြန်စွာဆုတ်ခွာနေသော ဒုတိယမင်းသား၏နောက်ဘက်သို့ တိကျစွာ ဦးတည်နေလေသည်။

စုရှီသည် လျှင်မြန်စွာပင် အနီးနားရှိ သစ်ကိုင်းမှ ငှက်တစ်ကောင်အား ဆွဲယူ၍ မြားအား ကာလိုက်လေသည်။ ငှက်သည် အော်ဟစ်၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

ဒုတိယမင်းသားသည် သေခြင်းတရားမှ လွတ်မြောက်သွား၏။

စုရှီသည် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်လေသည်။

ကျန်ရှိနေသော အစောင့်အနည်းငယ်သည် ဒုတိယမင်းသားအားတွန်း၍ ပြောလိုက်လေသည်။ "မင်းသား၊ တဲသို့ မြန်မြန်ပြန်ပါတော့။ ဒီလူတွေကို ကျွန်တော်မျိုးတို့ တားလိုက်ပါမယ်!"

ဒီလူများသည် လုပ်ကြံသူများအား တားဆီးနေကြ၏။ ဒုတိယမင်းသားသည် တောင်ကုန်းမှ လှိမ့်ချ၍ ဆင်းသွားလေသည်။ သူသည် လမ်းဘေးတွင် ချည်ထားသောမြင်းအား စီးကာ လျှင်မြန်စွာပြေးလေသည်။

ဒုတိယမင်းသားလွတ်သွားတာကိုကြည့်၍ လုပ်ကြံသူများသည် အလွန်စိတ်ဆိုးပြီး အစောင့်များအား တိုက်ခိုက်ကြ၏။

စုရှီသည် အနည်းငယ် စိတ်ရှုပ်သွားလေသည်။ ဒုတိယမင်းသားက ဒဏ်ရာတစ်ချက်မှမရဘဲ ဘယ်လိုလုပ် လွတ်သွားရတာလဲ။ ပြီးတော့ သူ(မ)ဘက်ခြမ်းမှ အပိုမစ်ရှင်ပြီးဆုံးကြောင်း သတိပေးစာလည်း မရပေ။ တစ်ခြားလုပ်ကြံသူတွေရှိနေတာများလား။

သူ(မ) မြန်မြန်နောက်က လိုက်သွားသော်လည်း တွေ့လိုက်ရသည်မှာ ဒုတိယမင်းသားသည် လုပ်ကြံသူတစ်စုဆီမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် သူသည် တဲသို့မပြန်ပေ။ ထိုအစား သူသည် တဲနှင့် ဝေးသည့်စမ်းချောင်းဘေးတွင် ရပ်လိုက်လေ၏။

သူ ဘာလို့ရပ်လိုက်တာလဲ။

ဒုတိယမင်းသားက အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် လူသေးသေးလေးဖြစ်သည်။ သူသည် ရိုးရှင်းစွာ နေထိုင်သူဖြစ်သောကြောင့် ရိုးရှင်းသည့် ကျောက်စိမ်းပြားကိုသာ ဆွဲထားလေ့ရှိသည်။ သူတို့တောင်ခြေ မရောက်ခင်တုန်းက စုရှီသည် သူ့အား အာရုံမရခဲ့ပေ။

မင်းသားများကြားတွင် အိမ်ရှေ့စံမင်းသားက အနူးညံ့ဆုံး၊ တတိယမင်းသားသည် ဟိတ်ဟန်အများဆုံးနှင့် နှာဗူးအကျဆုံးဖြစ်ပြီး ငါးယောက်မြောက်မင်းသားက အကောက်ကျစ်ဆုံး ဆိုတာကို သူ(မ)သိ၏။

တစ်ခြားသူတွေနှင့်ယှဥ်ပါက ဒုတိယမင်းသားသည် လုံးဝထင်ရှားသည့်သူ မဟုတ်ပေ။ သူသည် ရိုးရှင်းစွာ နေတတ်သောကြောင့် မည်သည့်အခါသမယတွင်မျှ မျက်စိမဖမ်းစားနိုင်ပေ။

အဲဒီအချိန်တွင် သူ၏မြင်းပေါ်မှဆင်းလာသော ဒုတိယမင်းသားသည် လုပ်ကြံသူများဆီမှ လုယူလာခဲ့သော မြားတစ်ချောင်းကို ကိုင်ထားလေသည်။ သူ၏ခေါင်းကိုငုံ့၍ တစ်ချက်ကြည့်လိုက်ပြီးနောက် မြားတွင် အဆိပ်ရှိ၊ မရှိ အတည်ပြုလိုက်၏။ အတည်ပြုပြီးနောက် သူ ရုတ်တရက်----

ရုတ်တရက် တွေဝေနေခြင်းမရှိဘဲ သူ့ကိုယ်သူ ရင်ဘတ်ပေါ်သို့ ထိုးချလိုက်၏...!

ချက်ချင်းပင် သွေးများဖြာထွက်လာလေသည်!

ဒဏ်ရာက အလွန်နက်လေသည်!

ဒုတိယမင်းသားသည် မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

စခရင်အပြင်ဘက်ရှိစုရှီသည် မှင်သက်သွားသည်!

စနစ်သတိပေးချက် ရောက်ရှိလာလေသည်။ "အပိုမစ်ရှင် ကျရှုံးသွားပါပြီ။ အပိုမစ်ရှင်ကို ပုံမှန် ပြီးအောင်လုပ်ပေးပါ"

"ဒုတိယမင်းသားသာ အမှန်တကယ် ဒဏ်ရာရသွားရင် နှစ်ဝက်လောက်ကနေ သုံးလလောက်အထိ အိပ်ယာက မထနိုင်တော့ဘူး။ အဲဒါဆိုရင် သူစာလေ့လာဖော်အသစ် မလိုတော့ဘူး။ အဓိကဇာတ်ကောင် တော်ဝင်ကျောင်းတော်ကို ဝင်ရောက်မဲ့အစီအစဥ်လည်း လုံးဝပျက်သွားမယ် ဒါမှမဟုတ် ငါတို့ တစ်ခြားနည်းလမ်းရှာရတော့မှာပဲ"

"ဒါပေမဲ့ နောက်တနည်း ရှာဖို့ဆိုတာကလည်း ကွေ့ပတ်သွားရတော့မှာ။ အပိုမစ်ရှင်တွေအများကြီးလည်း ရှိလောက်မှာပါ။ ပိုခက်ခဲသွားရုံပဲ"

စုရှီသည် ဘာလုပ်ရမှန်းမသိဖြစ်သွားလေသည်။

ဒုတိယမင်းသားကို ပစ်လိုက်သော မြားအား ကာလိုက်တာတောင် ဂိမ်းက သူ(မ)အား အပိုမစ်ရှင် ပြီးမြောက်ကြောင်း သတိပေးစာမပို့ခြင်းကို အံ့အားနေ၏!

ဒုတိယမင်းသားသည် နှိမ့်ချစွာ နေပုံပေါက်သော်လည်း အမှန်တကယ်တွင် သူသည် အားနည်း ယောင်ဆောင်နေခြင်းပင်ဖြစ်၏!

တစ်ယောက်ယောက်က သူ့အား လုပ်ကြံမည်ကို သိထားပြီးသားဖြစ်သောကြောင့် သူ၏အစောင့်များနှင့် တောထဲသို့ တမင်သက်သက် သားကောင်နောက်သို့ လိုက်သွားတာ ဖြစ်နိုင်လောက်လား။ ဒါပေမဲ့ လုပ်ကြံမှု မအောင်မြင်မည်ကို ဘယ်သူသိမလဲ၊ ထို့ကြောင့် သူ့ကိုယ်သူ မြားနှင့်ထိုးလိုက်တာလား။

အစောင့်အနည်းငယ် သေဆုံးသွားရင်တောင် ဒီဆောင်းငှက်တောင်ပေါ်ရှိ လုပ်ကြံမှုသည် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာအတွက် မဖြေရှင်းဘဲ ချန်ထားကြပေလိမ့်မည်။

သို့သော် သူ့လိုမင်းသားတစ်ပါး ဒဏ်ရာရလာပါက ပထမဆုံးအနေနဲ့ ဧကရာဇ်သည် ချက်ချင်း စစ်ဆေးပေလိမ့်မည်။ ဒုတိယအနေနဲ့ လက်ရှိနှင်းမုန်တိုင်းကြောင့် ပြည်သူအများစု မကျေမနပ်ဖြစ်နေကြ၏။ ဒီသဘာဝဘေးအန္တရာယ်ကို ဖြေရှင်းဖို့ ဝေးလံလှသောမြောက်ပိုင်းကို စေလွှတ်ရန် ဧကရာဇ်သည် လူရွေးချယ်နေလေသည်။ သူသာ အမှန်တကယ် ဒဏ်ရာရနေပါက ဧကရာဇ်သည် သူ့အား သေချာပေါက်သွားခိုင်းမည် မဟုတ်ပေ။ သူမသွားပါက တစ်ခြားမင်းသားများ သွားရမှာဖြစ်ပြီး မြို့ထဲတွင် အပြောင်းအလဲများ ရှိလာပေလိမ့်မည်။

ဒုတိယအကြိမ် လုပ်ကြံမှုက သူကိုယ်တိုင်စီစဥ်ထားသည်ဟု စုရှီ သံသယဖြစ်နေ၏။

သို့သော် ဇာတ်လမ်းတွင် ထိုအကြောင်းကို မဖော်ပြထားသောကြောင့် သူ(မ)၏ခန့်မှန်းချက် မှန်မမှန် မသိပေ။

ဒီဇာတ်လမ်းဟာ စုရှီ မျှော်လင့်ထားတာထက် ပိုနေပေသည်။ ထို့ကြောင့် သူ(မ) အနည်းငယ် စိတ်ရှုပ်သွားလေသည်။

သို့သော် အခုအရေးအကြီးဆုံးမှာ ထိုအရာကို ပြန်ပြင်ဆင်ဖို့ပင်ဖြစ်သည်။

သို့သော် ဒုတိယမင်းသားသည် ဒဏ်ရာရနေပြီဖြစ်ပြီး ဂိမ်းတွင်လည်း နောက်သို့ ပြန်ရစ်လို့ရသည့် အရာမပါပေ။ သူ့ဒဏ်ရာကို လဝက်အတွင်း ပျောက်စေမည့်နည်းကိုသာ ရှာရပေတော့မည်။ ရက်အနည်းငယ်အတွင်း ပြန်ကောင်းလာပါက အကောင်းဆုံးပဲ။ ဒီလိုဆိုရင် အဓိကမစ်ရှင်ကို လုပ်ဆောင်ရန် ကြန့်ကြာနေတော့မည် မဟုတ်ပေ။

ထို့သို့စဥ်းစားရင်း စုရှီသည် ဈေးဆိုင်အား ဖွင့်လိုက်ပြီး မေ့ဆေးမှုန့်ပုလင်းအား ဝယ်လိုက်၏။

စုရှီသည် မေ့ဆေးမှုန့်အား သစ်ရွက်တစ်ရွက်ထဲသို့ ထည့်လိုက်ပြီး လေထဲသို့ ဖြည်းဖြည်းချင်း ဖြန်းလိုက်လေသည်။

ဒုတိယမင်းသားသည် သွေးထွက်လွန်နေပြီး တဲဆီသို့ တုန်တုန်ယင်ယင် သွားနေ၏။ သူ့တွင် အသိစိတ်ရှိ နေသေးသည်။ နာရီဝက်နီးပါးလောက် လမ်းလျှောက်လိုက်ပါက သူသည် အိမ်ရှေ့စံ၏တဲကို မြင်ရပေမည်။ ဒါဆို သူလုံခြုံသွားပြီ။

အဲဒီအချိန်တွင် သူသည် သူ့နားရှိအခြွေအရံအားလုံးအသတ်ခံရပြီး သူသာလျှင် ဒဏ်ရာများဖြင့် လွတ်မြောက်လာသည့်ဇာတ်ကွက်ကို ဖန်တီးလို့ရသွားပြီလေ။

သို့သော် တစ်စုံတစ်ယောက်က သူ့ပေါ်သို့မေ့ဆေးမှုန်းများဖြန်း၍ ချက်ချင်းလဲကျသွားမည်ဟု မည်သူထင်ပါ မည်နည်း။

"....."

သူလဲမကျခင် ဒုတိယမင်းသားဟာ အံ့သြသွားပေသည်။

ဒုတိယမင်းသားလဲကျသွားပြီးနောက် စုရှီ မြေပုံကို ကြည့်လိုက်၏။ ဘယ်သူမှမရှိဘူးဆိုတာကို အတည်ပြုပြီးနောက် ဈေးဆိုင်မှ ကျင်းချွမ်လိမ်းဆေးတန်းကို ဖွင့်လိုက်လေသည်။

အထိရောက်ဆုံး ကျင်းချွမ်လိမ်းဆေးတွင်ပြထားသည်မှာ လိမ်းဆေးသည် သာမန်မြားဒဏ်ရာကို သုံးရက်အတွင်း သက်သာစေ၍ ထိရောက်မှုက ၁၀၀ရာခိုင်နှုန်းဖြစ်သည်။

သို့သော် ဒုတိယမင်းသားက သူ့ကိုယ်သူ မညှာတာပေ။ ဒဏ်ရာ အလွန်နက်သဖြင့် စုရှီကြောက် ၁၀ရက်ကနေ လဝက်လောက်ထိကြာနေပြီး ကျိုက်ကျိုက်၏ အရေးကြီးကိစ္စများကြန့်ကြာစေမည်ကို စုရှီကြောက်နေ၏။ ထို့ကြောင့် သူ(မ)သည် ဆိုင်မှ ကျင်းချွမ်လိမ်းဆေး သုံးပုလင်းဝယ်လာပြီး သူ့ရင်ဘတ်ပေါ်ရှိဒဏ်ရာပေါ်သို့ အကုန်လုံးလောင်းချ၍ လိမ်းပေးလိုက်ပေသည်။

ဒီလိုဆိုရင်တော့ သက်သာနိုင်ပေသည်။

ထို့နောက် စုရှီသည် ဒုတိယမင်းသားအား တဲဆီသို့ ဆွဲခေါ်သွားလေသည်။ သို့သော် သူ(မ)သည် သူ့အား ကောင်းကင်ပေါ်မှ ပစ်ချ၍မရနိုင်သကဲ့သို့ တောင်ခြေမှတဲအတွင်းသို့ လွှင့်ပစ်၍ လည်းမရပေ။ ထို့ကြောင့် သူ(မ)သည် တဲမှ နှစ်ရာမီတာခန့်ဝေးသော နှင်းများ ဖုံးလွှမ်းနေသည့် မြေကြီးပေါ်တွင် ဒုတိယမင်းသားအား ပစ်ချထားခဲ့လိုက်၏။

သို့သော် မပြီးသေးပေ။ စုရှီသည် တဲထဲတွင် စားသောက်ပျော်ပါးနေကြသော အစောင့်များ သိရှိစေရန် တမင်သက်သက် သားရဲတိရိစ္ဆာန်ကဲ့သို့ ဆူညံသံများ လုပ်လိုက်လေသည်။

ဒါပေမဲ့ ဘယ်သူကသိမှာလဲ။ ထိုမူးနေသော အစောင့်များသည် သူ(မ)သစ်ပင်များကို ဝင်တိုက်တောင်မှ လုံးဝကြားမည် မဟုတ်ပေ။

သူ(မ)သည် စခရင်ကို ရိုက်နေရုံကလွဲပြီး မတတ်နိုင်ပေ။

ဒုတိယမင်းသားအနီးရှိသစ်ပင်များသည် လှုပ်ခါနေပြီး သစ်ရွက်များလည်း ကြွေနေပေသည်။ အစောင့်များ အဲဒါကိုကြားမှ မြန်မြန်ထရပ်ပြီး ဓားများဆွဲ၍ ရောက်လာကြ၏။

သို့သော် ဒီအချိန်တွင် ကောင်းကင်ကြီးသည် လုံးဝမဲမှောင်နေပေသည်။ အစောင့်များသည် အနီးအနား ပတ်ဝန်းကျင်သို့ရောက်လာကြပြီး လိုက်ပတ်စစ်ဆေးပြီးနောက် ပုံမှန်မဟုတ်တာ ဘာမှမတွေ့သည့်အခါ ပြုံးပြီး ပြန်သွားကြလေသည်။ သူတို့ထဲမှတစ်ယောက်ဆိုလျှင် မြေပြင်ပေါ်တွင် လဲနေသော ဒုတိယမင်းသားဆီ တည့်တည့်လျှောက်လာပြီး ကျော်ပင်သွားလေသည်။

စုရှီ "..."

ဒုတိယမင်းသားသည် အနက်ရောင်ဝတ်စုံအား ဝတ်ထား၍ သေချာပေါက် ထင်ပေါ်မနေပေ။ သို့သော် လူတစ်ယောက်လုံး လဲနေတာကို ဘယ်လိုလုပ်သတိမထားမိရတာလဲ။ ကောင်းကင်ကြီးကပဲ အရမ်းမှောင်နေလို့လား ဒါမှမဟုတ် ဒီအစောင့်တွေကဘဲ မျက်စိကန်းနေတာလား။

စုရှီသည် သစ်ပင်ကို ထပ်ရိုက်ရုံကလွဲပြီး ရွေးစရာမရှိတော့ပေ။ ပြီးတော့ ဒုတိယမင်းသားဘေးရှိ မီးအိမ်အား ပစ်လိုက်လေသည်။

အသေးစိတ်လုပ်ရန် သူ(မ)အတွက် မလွယ်ကူပေ။ ကျိုက်ကျိုက်ကို ပေးတုန်းကကဲ့သို့ တစ်ခုခုသံသယဝင်သွားမည်ကို သူ(မ)စိုးရိမ်သောကြောင့် စတိုးဆိုင်မှ သာမန်အကျဆုံးမီးအိမ်ကိုသာ ဝယ်ခဲ့လိုက်သည်။ ကောက်ရိုးမျှင်များဖြင့် ပြုလုပ်ထားပြီး မုဆိုးများ သုံးနေကြပုံစံမျိုး ဖြစ်၏။

ဆောင်းငှက်တောင်ပေါ်တွင် တစ်နှစ်ပတ်လုံး စခန်းချနေထိုင်သည့်အစောင့်များရှိပြီး အဲဒီတိရိစ္ဆာန်များကို မုဆိုးများက တောင်ပေါ်တွင် မွေးမြူထားကြလေသည်။ ထို့ကြောင့် ဒုတိယမင်းသားအား တစ်ယောက်ယောက်က တွေ့၍ကယ်တင်ပြီး ဒီနေရာသို့ပို့ပေးခြင်းသည် သာမန်သာဖြစ်သည်။

အဲဒါအပြင် ဆောင်းငှက်တောင်သည် အလွန်မြင့်မားပြီး မတ်စောက်၏။ ဒီနေရာတွင် စခန်းချနေသည့် အစောင့်များရှိသော်လည်း ကြီးမားလှသောတောင်ကြီးပေါ်တွင် စည်းခြားထားရန် မဖြစ်နိုင်ရှိချေ။ တောင်ပေါ်သို့ မတော်တဆ ဝင်ရောက်လာသည့် သာမန်လူများအတွက်တော့ မထူးဆန်းချေ။

ထိုအစောင့်များ တဲသို့ ပြန်ရောက်လာသောအခါ မီးရောင်ကို တွေ့လိုက်သောကြောင့် စစ်ဆေးရန် ပြန်လာခဲ့ကြ၏။ ဒုတိယမင်းသား မြေပြင်ပေါ်တွင် လဲနေသည်ကို ထိုအခါမှသာ တွေ့သွားလေသည်။ သူတို့သည် ချက်ချင်းထိတ်လန့်သွားပြီး ဒုတိယမင်းသားကို ထရန် လျှင်မြန်စွာ ကူညီပေးလိုက်လေသည်။ "ဒုတိယမင်းသား သတိထားပါဦး၊ သတိထားပါဦး "

"အရှင်မင်းသား၊ ဒုတိယမင်းသားက လုပ်ကြံသူတွေကြောင့် ဒဏ်ရာရနေပါတယ်" လို့ တစ်စုံတစ်ယောက်သည် ဖြူဖျော့ဖျော့မျက်နှာဖြင့် အိမ်ရှေ့စံအား တင်ပြလိုက်လေသည်။

စုရှီ လုံးဝ စိတ်သက်သာရာ ရသွားလေသည်။ ထိုမှသာလျှင် အပိုမစ်ရှင် ပြီးမြောက်ကြောင်း သတိပေးစာသည် နောက်ဆုံးတွင် စခရင်ပေါ်၌ ပေါ်လာလေသည်။ "အပိုမစ်ရှင်ကို ပြီးမြောက်တဲ့အတွက် ဂုဏ်ယူပါတယ်။ ရွှေဒင်္ဂါး +၂၀၊ ရမှတ် +၂"

အပိုမစ်ရှင် ပြီးသွားပြီဆိုတာက ဒုတိယမင်းသား၏ဒဏ်ရာသည် သူ(မ)၏ကျင်းချွမ်ဆေးအာနိသင်ကြောင့် ကြီးကြီးမားမား ဖြစ်တော့မည် မဟုတ်ပေ။ အနည်းဆုံးတော့ နောက်ပိုင်းဇာတ်ကွက်ကို အကျိုးသက်ရောက်မည် မဟုတ်တော့ပေ။

ဘာအန္တရယ်မှ ကျရောက်မှုမရှိဘဲ အပိုမစ်ရှင် ပြီးဆုံးသွားပြီးနောက် စုရှီသည် စခရင်ကို ကျိုက်ကျိုက်ဘက်သို့ ပြောင်းလိုက်လေသည်။

စခရင်ပြောင်းသွားသောအခါတွင် မက်မွန်ပင်အောက်မှ ဇာတ်ကွက်ကို မြင်ပြီး စုရှီ အသက်ရှူ ရပ်မတတ် ဖြစ်သွားလေသည်။

ကောင်းကင်ကြီးက လုံးဝမှောင်မဲနေပြီး ဘေးပတ်ပတ်လည်သည် တိတ်ဆိတ်နေ၏။ လေတိုက်ခြင်းကြောင့် မက်မွန်ပွင့်လေးများသည် နှင်းပွင့်များကဲ့သို့ ကြွေကျနေလေသည်။

ကျိုက်ကျိုက်သည် သစ်ပင်အောက်တွင် သူ၏ဒူးခေါင်းအား ပိုက်ပြီး ထိုင်နေသဖြင့် သေးသေးလေး ဖြစ်နေပြီး အမူအရာမဲ့နေလေသည်။

သူစောင့်နေတာ အတော်ကြာနေပြီထင်တယ်။ သူ၏ပခုံးများကို အဖြူရောင်ဖြင့် ဖုံးအုပ်ထားပြီး သူ့ရဲ့မျက်လုံးထဲမှ မျှော်လင့်စောင့်စားမှုက လေအေးများဖြင့် ကွယ်ပျောက်နေပြီဖြစ်သည်။

သူသည် အနီနှင့်အနက်ရောင်ဝတ်ရုံကို ဝတ်ထားပြီး ဘာသွေးစွန်းကွက်မှ ရှိမနေပေ။ သို့သော်လည်း သူ့ဝတ်ရုံ၏အရောင်သည် မဲနက်၍ ညစ်ပတ်နေလေသည်။ သူ၏လည်ပင်းနှင့် မျက်နှာတွင်သာ သွေးတစ်ချို့တွေ့ရပြီး သူ၏ဆံပင်ရှည်များသည်လည်း အနည်းငယ်ရှုပ်ထွေးနေလေသည်။ သူ၏ညာဘက်လက်ရှိ မြားကျည်တောက်ထဲတွင် မြားခုနစ်ချောင်းကျန်နေပြီး သူ၏ဘယ်ဘက်လက်တွင် အဖြူရောင်ဝံပုလွေခေါင်းကို ကိုင်ထားလေသည်။ ရက်စက်ကြမ်းကြုပ်ပြီး ကြောက်စရာကောင်းသည့် ပုံစံပေါက်နေသော်လည်း သေချာပေါက် ရဲစွမ်းသတ္တိနဲ့လည်း ပြည့်စုံနေ၏။

အနီးအနားရှိ ဂူဝင်ပေါက်တွင် ရှုပ်ထွေးသော အမှတ်အသားများရှိနေသည်။

လေအေးများက တိုက်ခတ်နေပြီး သူ၏ဝတ်ရုံကို ဖရိုဖရဲဖြစ်သွားစေသော်လည်း သူခံစားမိပုံမပေါ်ပေ။ သူက အဲဒီနေရာတွင် စောင့်နေတုန်းပဲ။

သူစောင့်နေတာ ဘယ်လောက်ကြာပြီလဲ။

သူ(မ)ကို တွေ့ရန် တောင်းဆိုစဥ်က သူသည် စိုးရိမ်ပူပန်မှု၊ မျှော်လင့်ချက်များနှင့် ပြည့်နေတာကို သူ(မ)သိသော်လည်း သူ(မ) ဘာမှမတတ်နိုင်ပေ။ နောက်ဆုံး ဒီရလဒ် တစ်ခုတည်းက...

သို့သော်လည်း ကျိုက်ကျိုက်သည် ဝံပုလွေဘုရင်အား သတ်ပြီး မြန်မြန်သစ်ပင်၌ သွားစောင့်နေသော်လည်း ဘယ်သူမှ ပေါ်မလာပေ။ သူ၏မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုများသည် တဖြည်းဖြည်း လျော့လာလေသည်။ အဆုံးတွင် သူ(မ) လုံးဝမလာတော့ဘူး ဆိုတာကို သူလက်ခံ လိုက်လေသည်။ သူ လုံးဝ စိတ်ငြိမ်သွားသောအခါ...

ဒီမြင်ကွင်းကို သူ(မ)မြင်လိုက်ရသောအခါ သူ(မ)၏နှလုံးသားထဲတွင် မသက်မသာ ခံစားနေရလေသည်။

ဒီဂိမ်းက သာမန်ဂိမ်းတွေထက် ကျော်လွန်နေလေသည်။ စုရှီသည် စနစ်အတိုင်းသွားသော်လည်း သူ(မ)သည် ဂိမ်းထဲက ဇာတ်ကောင်တိုင်းကို အရင်အတိုင်းပင် မှတ်ယူထား၏။ သူတို့သည် အလွန်ဉာဏ်ကောင်းပြီး အစစ်အမှန်ဆန်သောဇာတ်ကောင်များလို့ သူ(မ)ထင်ထားခဲ့သည်။

ယခုတွင်မူ သူ(မ)ရှေ့မှ ဇာတ်ကောင်အားကြည့်၍ ကျိုက်ကျိုက်သည် တစ်ခြားနေရာ၊ တစ်ခြားနယ်ပယ်မှ အသွေးအသားနှင့်လူတစ်ယောက်ဟု စုရှီခံစားမိ၏။ သူ(မ)အဲဒါကို တွေးလေလေ၊ သူနှင့် မတွေ့ရသည်ကို သူ(မ)အပြစ်ရှိစိတ် ပိုခံစားရလေလေဖြစ်သည်။

သူသည် သူ(မ)ကို လေအေးအေးထဲတွင် သွေးများအေးခဲလုမတတ် စောင့်နေလေသည်။ သူသည် အစကမျှော်နေသော်လည်း တဖြည်းဖြည်းပူပန်ရာမှတစ်ဆင့် နောက်ဆုံးတွင် စိတ်ပျက်ခြင်းသို့ ပြောင်းလာလေသည်။

သူ(မ) သူ့ကို မစောင့်ခိုင်းသင့်ပေ။ ဒီလိုဖြစ်လာမယ်မှန်း သူ(မ)သိခဲ့ပါက မြေပုံချန်ထားပြီး သူ(မ)မလာနိုင်ဘူးဆိုတာကို ပြောခဲ့ပေမည်...

ကျိုက်ကျိုက်သည် အချိန်အကြာကြီးခေါင်းမာစွာဖြင့် စောင့်နေမည်မှန်း သူ(မ)မထင်ခဲ့ပေ။

ထို့အပြင် ဂိမ်းဇာတ်ကောင်တစ်ယောက် ရပ်စောင့်နေသည်ကို သူ(မ) အခုလိုမျိုး ခါးသီးစွာ ခံစားနေရမည်မှန်း မမျှော်လင့်ထားခဲ့ပေ။

စခရင်အပြင်ဘက်တွင် စုရှီက တိတ်ဆိတ်နေပြီး စခရင်အထဲတွင် ကျိုက်ကျိုက်သည် တိတ်ဆိတ်နေလေ၏။

အမဲလိုက်အဖွဲ့ တဲသို့ ပြန်မလာခင်ထိ မိနစ်သုံးဆယ် ရှိနေပြီဖြစ်သည်။ ဒုတိယမင်းသား တောင်ခြေတွင် လုပ်ကြံခံရမှုကြောင့် စစ်သည်များ ချီတက်လာနေကြပြီးဖြစ်သည်။

ထိုလူများသည် တစ်ယောက်ပြီး တစ်ယောက်ပြန်လာကြလေသည်။

ဒီနေရာသည် ဝေးလံပြီး ဝံပုလွေဂူနှင့် နီးလေသည်။ လူအများက ဒီနေရာကို မရောက်လာသောကြောင့် သေလောက်အောင် တိတ်ဆိတ်နေဆဲပင်ဖြစ်သည်။

ကျိုက်ကျိုက်သည် ဘယ်သူမှ တောင်ပေါ်သို့ မလာသည်ကိုတွေ့ပါက မစောင့်နေတော့ဘဲ တောင်အောက်သို့ ဆင်းလာမည်ဟု စုရှီထင်ခဲ့လေသည်။

တောင်ခြေမှတဲသည် လုံးဝ ရှုပ်ယှက်ခတ်နေပြီ ဖြစ်သည်။ အကူအညီတောင်းသံများလည်း ကျယ်လောင်စွာ ကြားနေရပေသည်။

သို့သော် သူသည် လုံးဝမလှုပ်ဘဲ စောင့်နေမည်ဟု မည်သူထင်ပါမည်နည်း။

မီးတိုင်များက လုံးဝလောင်ကျွမ်းနေပြီး ကောင်းကင်ကြီး လုံးဝမဲမှောင်နေသည်ထိ သူစောင့်နေမည်မှန်း မထင်ခဲ့ပေ။ ထိုသူ မလာနိုင်တော့တာကို သူသတိပြုမိသွားလေသည်။ သူ၏မျက်လုံးထဲမှ မီးတောင်ငယ်လေးသည် နောက်ဆုံးတွင် "ပေါ့" ဆိုသည့်အသံနှင့်အတူ လုံးဝပျောက်သွားလေသည်။ သစ်ပင်ကို လက်ထောက်၍ ဖြည်းဖြည်းချင်း သူထရပ်လိုက်လေသည်။

သူ ခဏလောက် မတ်တပ်ရပ်လိုက်ပြီး အဆုံးမရှိသော ကောင်းကင်ကြီးကို ခဏလောက် ကြည့်နေလိုက်လေသည်။ ထို့နောက် သူသည် ဝံပုလွေခေါင်းကို ကောက်ကိုင်၍ မြင်းဇက်ကြိုးကို ဖြည်ရန် လျှောက်လာလေ၏။ သူသည် မြင်းကို တောင်အောက်သို့ ဆွဲလာလေသည်။

စုရှီသည် အေးစက်စက်ညတွင် လမ်းလျှောက်နေသော ကျိုက်ကျိုက်ပုံ လေးအား ကြည့်လိုက်လေသည်။ လောင်မား၏နှလုံးသားသည် အပေါက်များဖြင့် ပြည့်နေလေသည်။ သူသာ သရဲဟု ထင်ပြီး မကြောက်တတ်ဘူးဆိုပါက သူ့ကို ပြန်ဆွဲခေါ်သွားပြီး သူ(မ) တကယ်လာခဲ့ကြောင်း ပြောပြချင်ပေသည်။

လုဟွမ်သည် မြင်းအားဆွဲ၍ ဝံပုလွေအား တောင်အောက်သို့ သယ်သွားလေသည်။ သူက မျက်လွှာချ၍ နှုတ်ခမ်းအားတင်းတင်းစေ့ပြီး ဘာအမူအရာမှမရှိပေ။

ထိုလူသည် အဆုံးထိပေါ်မလာခဲ့ပေ။

ထိုလူသည် အဆုံးထိပေါ်မလာခဲ့ပေ။ တကယ်တမ်းတော့ သူ့မျှော်လင့်ချက်သာဖြစ်၏။ အစပိုင်းတွင် ထိုလူသည် သူ့အားရှောင်နေခဲ့ပြီး ပစ္စည်းများသာ ပေးခဲ့လေသည်။ ထိုသူသည် သူဘယ်သူဆိုတာကို မသိစေချင်သည်မှာ ရှင်းလင်းနေပေသည်။

တွေ့ဆုံရန် သူ၏တောင်းဆိုချက်သည် ဖိအားပေးသကဲ့သို့ပင်ဖြစ်နေ၏။

အချင်းချင်းဆက်ဆံပြီးနောက် သူထင်သည်မှာ ထိုသူသည် သူဝမ်းနည်းသည်ကို မမြင်ချင်ပေ။ သူ၏ဆန္ဒသေးသေးလေးကို ဖြည့်ပေးလိုစိတ်ရှိမယ်လို့ထင်ခဲ့လေသည်။ သို့သော် ယနေ့တွင်မူ နေ့မှညအထိ ထိုလူသည် လုံးဝပေါ်မလာခဲ့ပေ။

ကြည့်ရတာ သူသည် သူ့ကိုယ်သူ အထင်ကြီးလွန်းလှပေသည်။

လုဟွမ်သည် ဒီနေ့မတိုင်ခင် ကတည်းက ဒီချိန်းဆိုမှုကို မျှော်လင့်နေခဲ့သော်လည်း ယခုတွင် ထိုလူသည် ပေါ်မလာပေ။ သူ့ကို ရေခဲရေနှင့်ပက်လိုက်သကဲ့သို့ ဘာမှမခံစားရတော့ပေ။ အနည်းငယ်တော့ စိတ်ပျက်သွားပေမယ့် အရမ်းကြီးဝမ်းမနည်းပေ။

အဲဒါအပြင် တစ်နေ့လုံးစောင့်ဖို့ သူ့ကိုယ်သူ ပြင်ဆင်ထား၏။

ထို့အပြင် အဲဒီလူမလာခဲ့သော်လည်း အဲဒီလူ သူ့နားမှ ထွက်သွားပြီဟု မဆိုလိုပေ။

ထိုလူ အဲဒီမှာရှိနေသ၍ ထိုသူကိုတွေ့ရခြင်း၊ မတွေ့ရခြင်းသည် ကိစ္စကြီးမဟုတ်ပေ။

ထိုသို့စဥ်းစားပြီးနောက် လုဟွမ်သည် အတတ်နိုင်ဆုံး စိတ်ငြိမ်အောင်ထားလိုက်ပြီး စိတ်ပျက်မှုကြောင့် သူ့နှုတ်ခမ်းထောင့်က အောက်သို့ညွတ်ကျနေလေသည်။ သူသည် တောင်ခြေရှိ တဲဆီသို့ လျှင်မြန်စွာ လျှောက်သွားလေသည်။

ဒီတစ်ကြိမ်တွင် တောင်ခြေရှိတဲသည် လုံးဝ ကမောက်ကမပင်ဖြစ်နေသည်။ အမဲလိုက်နေချိန်တွင် မင်းသားတစ်ပါး လုပ်ကြံခံရခြင်းသည် ကိစ္စကြီးပင်ဖြစ်၏။

စုရှီသည် လိုက်သွားပြီး အင်တာဖေ့စ်ကို ပြောင်းလိုက်လေသည်။ ကျိုက်ကျိုက် ဝံပုလွေဖြူကိုင်လာတာကို မြင်သောအခါ မင်းသားအားလုံးသည် ထိတ်လန့်ပြီး ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။

ကျိုက်ကျိုက်သည် အနီးအနားတွင် မည်သူမှမရှိသလို လူအုပ်ကြီးဆီသို့ လျှောက်လာလေသည်။ သူသည် ဝံပုလွေဖြူခေါင်းအား ကိုင်၍ မင်းသားနင်းဖူ၏ ကိုယ်ရံတော်ဆီသို့ လျှောက်လာပြီး ဆုအနေနဲ့ တင်ပြရန် ကိုယ်ရံတော်များအား မေးလိုက်လေသည်။ အနည်းဆုံး လူတဝက်လောက်က သူ၏ဆွဲဆောင်မှုကို ခံလိုက်ရ၏။

မင်းသားများက ကျိုက်ကျိုက်အား လာရောက်ဂုဏ်ပြုသောအခါတွင် စုရှီ ခံစားချက် ကောင်းလာလေသည်။

ကျိုက်ကျိုက်သည် အခုလေးတွင်မှ မက်မွန်ပင်ကြောင့် ခံစားချက်မကောင်းသော်လည်း ယခုတွင်မူ ခံစားချက် ပိုကောင်းလာလေသည်။ သူသည် အခုထိ အမူအရာမဲ့နေသော်လည်း သူ၏မျက်ခုံးမွှေးကြားရှိ နာကျင်မှုသည် အနည်းငယ် လျော့သွားလေပြီ။

ထိုမှသာလျှင် စုရှီသည် အနည်းငယ်စိတ်သက်သာရာရသွား၏။

သူ(မ)သည် ဂိမ်းကစားနေပေသည်။ သူ(မ)မသိလိုက်ခင်မှာပင် ခုနစ်နာရီထိုးသွားလေပြီ။ အခန်းအပြင်တွင် အိပ်ပျော်နေသော သူ(မ)အမေသည် တံခါးခေါက်လာလေသည်။ "ရှီရှီ အိမ်စာပြီးပြီလား။ ညစာလာစားတော့"

စုရှီသည် ရုတ်တရက် အချိန်အားကြည့်လိုက်ပြီးနောက် လေ့ကျင့်ခန်းစာအုပ်အား ကြည့်လိုက်လေသည်။ သေစမ်း ၊ မနက်ဖြန်စာမေးပွဲရှိတာကို သူ(မ)မေ့နေတာဘဲ!

စုရှီသည် ဖုန်းအားချလိုက်ပြီး ညစာထွက်စားလိုက်၏။

စုရှီလိုင်းပေါ်မှဆင်းသောအခါ တဲထဲတွင် မင်းသားများအားလုံးသည် ဒဏ်ရာရနေသော ဒုတိယမင်းသားထံတွင် စုဝေးနေကြသည်။ ဒုတိယမင်းသား၏ဒဏ်ရာသည် အလွန်နက်ပြီး သို့သော် အကြောင်းကြောင်းကြောင့် လူတစ်ယောက်သည် ဆေးလိမ်းထားပေးသဖြင့် သူသည် သတိမိနေရာမှ သတိရလာလေပြီ။

အိမ်ရှေ့စံသည် ယနေ့လုပ်ကြံမှုကို စစ်ဆေးရန် လူလွှတ်လိုက်လေသည်။ ဘယ်သူလုပ်သည်ဆိုတာကို သူသိချင်နေ၏။ သူ၏အစောင့်များသည် ပျာယာခတ်နေလေ၏။

မီးပုံကြီး၏ဘေး၊ ဒုတိယမင်းသား၏ဘေးတွင် မင်းသားငါးသည် ထိုင်နေလေသည်။ သူသည် ဒုတိယမင်းသားအား ပြောလိုက်လေသည်။ "အစ်ကိုနှစ်၊ ကျွန်တော်တော့ အစ်ကိုကြောင့် လန့်လို့သေတော့မှာပဲ။ အစ်ကိုအဆင်ပြေလို့ တော်သေးတယ်။ အစ်ကိုကို လုပ်ကြံတဲ့သူတွေရဲ့မျက်နှာကို မြင်လိုက်လား"

တတိယမင်းသားသည် တော်ဝင်သမားတော်၏ဘေးတွင် ရပ်နေပြီး အပိုမီးပုံးကို ကြည့်လိုက်ပြီး သူစနောက်လိုက်လေသည်။ "အကိုနှစ်၊ အစ်ကိုကို တစ်ယောက်ယောက်က ကယ်လိုက်တာပဲ။ ဘယ်မုဆိုး၊ ဘယ်ကိုယ်ရံတော်ရဲ့သမီးလေးလည်း မသိဘူး။ ဇာတ်လမ်းကောင်လေးတစ်ပုဒ် ဖြစ်လာတော့မှာလား"

ဒုတိယမင်းသားသည် သူ့ကိုယ်ရံတော်၏ အကူအညီဖြင့် ထထိုင်လိုက်၏။ သူက မျက်မှောင်ကြုပ်ပြီး အားနည်းစွာ ပြောလိုက်လေသည်။ "အဲဒါမိန်းကလေးဆိုတာ မင်းဘယ်လိုသိတာလဲ။ ဒီတောင်ပေါ်မှာ မိန်းကလေးတွေ အများကြီးမရှိဘူး။ ငါနိုးလာတုန်းက တစ်ယောက်ယောက်က တောင်ပေါ်ကနေ တဲအထိ ငါ့ကိုဆွဲလာတာ။ မိန်းကလေးတွေက အဲလောက် အားမရှိဘူး"

"ဟုတ်သားပဲ" မင်းသားသုံးသည် စိတ်ရှုပ်သွားလေသည်။

"မင်းသားတစ်ယောက်ယောက်ရဲ့အစေခံ ဒါမှမဟုတ် နောက်လိုက် ဖြစ်လောက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ(မ)က ငါ့ညီကို ကူညီခဲ့တာပဲ။ ငါ သူ(မ)ကို သေချာပေါက်ပြန်ဆပ်ရမှာပေါ့" အိမ်ရှေ့စံမင်းသားသည် လေးလေးနက်နက် အမိန့်ပေးလိုက်လေသည်။ "မင်းသားအားလုံးလာပြီး ဘယ်သူ့မီးအိမ်လဲဆိုတာ လာကြည့်ကြ"

မင်းသားများသည် တစ်ယောက်ပြီးတစ်ယောက်လာကြလေသည်။

မီးအိမ်သည် လုံးဝ သာမန်ပဲဖြစ်၏။ ကောက်ရိုးများဖြင့် လုပ်ထားပြီး အထဲတွင် စျေးပေါသောဆီသာ ရှိလေသည်။ သူတို့ အိမ်တော်ရှိ အစေခံများပင် မည်သို့အသုံးပြုရမည်ကို မသိပေ။

သို့သော်လည်း မီးအိမ်၏လက်ကိုင်တွင် စာလုံးအနည်းငယ် ထွင်းထားသောကြိုးရှိလေသည်။ မင်းသားများသည် ဂရုတစိုက် ကြည့်ကြသော်လည်း သူတို့လုံးဝနားမလည်ပေ။

စာလုံးများသည် ကောက်ကောက် ကွေးကွေးတွေ ဖြစ်သည်။ အလွန်ထူးဆန်း၏။ နိုင်ငံခြားဘာသာစကားနှင့် တူသော်လည်း ဝါးဓားနှင့် ထွင်းထားတာနဲ့လည်း တူပေသည်။ ဘာအဓိပ္ပါယ်မှမရှိပေ။

ဒီစာကြောင်းသေးသေးလေးကို ဖတ်ရာတွင်"ဂိမ်းဆိုင်၏ဂိမ်း"

အဲ့ဒါ ဘာအဓိပ္ပါယ်လဲ။

မင်းသားများသည် အဲဒါကို ဘာမှန်းမသိကြပေ။ သူတို့သည် အဲဒါကို အဓိပ္ပါယ်မရှိသည့် စကားစုဟုသာ မှတ်ပြီး အာရုံလည်းမစိုက်ကြတော့ပေ။

သို့သော်လည်း လုဟွမ်၏လက်ထဲသို့ မီးအိမ်ရောက်လာသောအခါ သူ မီးအိမ်ကို ကြည့်လိုက်လေသည်။ သူ၏မျက်ခွံများက တုန်လှုပ်သွားလေသည်။

သူ၏အကြည့်များသည် မင်းသားနှစ် ရင်ဘတ်ပေါ်မှ ဆေးမှုန့်ဆီသို့ ရောက်သွားလေသည်။ အနည်းငယ် ရပ်ကြည့်ပြီးနောက် မီးအိမ်ဆီသို့ ထပ်ရောက်သွားလေသည်။ သူ၏မျက်နှာသည် သွေးမရှိတော့သကဲ့သို့ ဖြစ်သွားပြီး အရုပ်ဆိုးလာလေသည်။

အဓိပ္ပါယ်မရှိသော စကားလုံးများပါသည့် ဒီကြိုးသည် ထိုသူ သူ့ကိုပေးသော ယုန်မီးအိမ်တွင်လည်း ရှိလေသည်။

မနက်တိုင်း သူသည် တံစက်မြိတ်အောက်မှ ယုန်မီးအိမ်ကို ယူလေသည်။ ညနေတိုင်း သူသည် ဖယောင်းတိုင်ယူ၍ ထွန်းလေသည်။ နေ့တိုင်း သူသည် ယုန်မီးအိမ်ကို ကိုင်၍ ပျော်ရွှင်စွာကြည့်လေသည်။ မီးအိမ်၏လက်ကိုင်သည် သူအမြဲတမ်းပွတ်ကြည့်နေကြဖြစ်သည်။ သူ ဘယ်လိုလုပ်မသိဘဲနေမှာလဲ။

လက်ကိုင်ပေါ်မှ အမှတ်အသားဟု သူထင်ခဲ့တာ။

ဒီကောက်ရိုးမီးအိမ်တွင်လည်း အမှတ်အသားရှိမည်ဟု သူမထင်ခဲ့ပေ။

ဒါဆို ဒီမီးအိမ်က ထိုလူရဲ့...

မင်းသားနှစ်ကိုလည်း ထိုသူကယ်ခဲ့တာလား။

ဟုတ်တယ်။ ဒီဆေးမှုန့်သည် အလွန်အာနိသင်ရှိသည်။ ထိုသူသာ ထုတ်ယူနိုင်သည့်ဆေး ဖြစ်သည်။ သူ့အကြောင်းကို မပြောဘဲ မင်းသားနှစ်အား ကယ်တင်နိုင်ခြင်းသည် ထိုသူသာလျှင် လုပ်နိုင်ပေသည်။

လုဟွမ်သည် ထိုနေရာတွင်သာ ရပ်နေလေသည်။ သူသည် နှုတ်ခမ်းအား တင်းတင်းစေ့ထားပြီး ဘာမှမပြောပေ။ သူ၏အမူအရာသည် မဲမှောင်နေပြီး လုံးဝမလှုပ်ပေ။ သူ့လက်ထဲမှ မီးအိမ်ကိုသာ စိုက်ကြည့်နေ၏။

အရင်တစ်ခေါက်က ထိုသူသည် ဆရာဒင်းအား ကူညီခဲ့၏။ ဒီတစ်ခါတွင် ထိုသူသည် မင်းသားနှစ်အား ကယ်တင်ခဲ့လေသည်။ ထို့ကြောင့် သူနှင့်ဘာမျှလုပ်ရန်မလိုတော့ပေ။

ထိုသူက မင်းသားနှစ်ကို ဘာလို့ကူညီခဲ့တာလဲ။ သူ့မှာ တစ်ခြားအကြံရှိလို့လား။

ဒါသည် လုဟွမ်ကို စိတ်မပျက်စေပါ။ ဒါ့အပြင် သူသည် ထိုသူကိစ္စများကို ဝင်စွက်ဖက်ခွင့်မရှိပေ။

သူသည် ထိုလူကို ထူးဆန်းပြီး မသင့်တော်သော ပိုင်ဆိုင်လိုမှုကြောင့် အပြစ်တင်ပါက ရိုင်းရာကျပေမည်။ သို့သော် သူ၏စိတ်ထဲမှ စိတ်ပျက်မှုအား ဝန်မခံရဲပေ။

အဲဒီတခဏတွင် သူ့စိတ်ထဲ၌ မှောင်မဲနေ၏။ သူ၏စိတ်ထဲသို့ ဝင်လာသောအတွေးက "ဒါဆို အဲလူက ငါ့အပေါ်ပဲ ကောင်းတာ မဟုတ်ဘူးပေါ့" သူသည် ဘာကိုမှ မတွေးနိုင်တော့ပေ။ မီးအိမ်ကို ကိုင်ထားသော သူ၏လက်များသည် အေးသထက်အေးလာပေသည်။

ထိုသူ လုံးဝမလာဘူးဟု သူထင်ခဲ့သည်။

သို့သော် ထိုသူသည် ရောက်လာခဲ့လေသည်။ သူ့ကို လာတွေ့ရန်တော့ မဟုတ်ပေ။ သူ့ကို တွေ့ရမည့်အစား မင်းသားနှစ်ကို သွားကယ်ခဲ့၏။

လုဟွမ်၏မျက်ခွံများသည် တုန်သွားလေသည်။ သူ၏မျက်နှာသည် တဖြည်းဖြည်း အရောင်ဖျော့ လာလေသည်။

All Chapters