← Chapters

Chapter 31

Vol. 4 Ch. 31

Chapter 31

Vol. 4 Ch. 31

ဒီလုပ်ကြံမှုကြောင့်အမဲလိုက်ပွဲက ပရမ်းပတာတွေဖြစ်ကုန်လေသည်။

မင်းသားမင်းသမီးများသည် အစောင့်များအား သတိကြီးကြီးထား၍ တဲအနီးတစ်ဝိုက်ကင်းလှည့်ရန် အမိန့်ပေးလိုက်လေသည်။ နောက်တစ်စက္ကန့်အတွင်းမှာပင် လုပ်ကြံသူများ တောင်ပေါ်မှ ခုန်ဆင်းလာမည်ကို တော်ဝင်မိန်းမငယ်လေးများသည် အလွန်ကြောက်ရွံ့နေကြ၏။

တော်ဝင်မိန်းမပျိုလေးအချို့ဆိုလျှင် ထိုသို့ကြောက်ရွံ့သည်ကို အခွင့်အရေးအဖြစ်အသုံးချပြီး အိမ်ရှေ့စံမင်းသား၏ ရင်ခွင်ထဲသို့ ဝင်ကြလေသည်။ သူတို့သည် အိမ်ရှေ့စံမိဖုရားကို ဖယ်ရှားပြီး အိမ်ရှေ့စံမိဖုရားအသစ် ဖြစ်ချင်ကြသူများဖြစ်သည်။

အိမ်ရှေ့စံမင်းသားသည် သူ့ရှေ့သို့လဲကျလာသော မိန်းမပျိုလေးသုံးယောက်အား ဖမ်းလိုက်လေသည်။ သူ အရမ်းအကူအညီမဲ့သွားပြီး မင်းသားငါးအား လူတွေကို ရေတွက်၍ တော်ဝင်အစောင့်များအား ပြန်လည်စီမံရန် အကူအညီတောင်းလိုက်လေသည်။

မင်းသားသုံးသည် မိန်းမလိုက်စားသူဖြစ်ပြီး ယုံကြည်၍မရပေ။ ဒုတိယမင်းသားသည် တိတ်တိတ်ဆိတ်ဆိတ်နှင့် ပုံမှန်သာနေသူ ဖြစ်သော်လည်း ပြင်းထန်တဲ့ဒဏ်ရာများကြောင့် အိပ်ယာထဲတွင် လဲနေရလေသည်။ မင်းသားများအကြားတွင် မင်းသားငါးသည်သာ လုပ်နိုင်စွမ်း ရှိတော့သည်။

သူ၏အစ်ကိုအကြီးဆုံးသည် သာမန်မျှသာဖြစ်၍ ယခုကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အခါတွင် သေချာပေါက်စိတ်လှုပ်ရှားပြီး ပူပန်နေလိမ့်မည်ဆိုတာကို မင်းသားငါးက သိသည်။ ဒါကြောင့် သူက ပြုံး၍ အိမ်ရှေ့စံမင်းသားအတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်လေသည်။ "အစ်ကိုကြီး တစ်နေကုန် ဒီလောက်အလုပ်တွေများနေတာလေ ခေါင်းကိုက်တာက ပုံမှန်ပါပဲ။ နတ်ဘုရားတွေတောင် ဒီလောက်အလုပ်မလုပ်နိုင်ဘူး။ ဘာလို့ ခဏလောက် မနားတာလဲ ညီငါး အစ်ကိုကြီးအတွက် လုပ်လိုက်မယ်လေ"

အိမ်ရှေ့စံမင်းသားသည် စိတ်သက်သာရာ ရသွားလေသည်။ "ဒါဆို ညီငါးကိုပဲ ဒုက္ခပေးရတော့မယ်"

မင်းသားငါးက တဲထဲမှထွက်လာပြီး သူ၏မျက်နှာပေါ်ရှိအပြုံးဟာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ သူ မြန်မြန်လှုပ်ရှားလိုက်ပြီး မလိုအပ်ဘဲ လူတွေကြောက်ရွံ့အောင် ပြဿနာကို ဇာချဲ့ပြောဆိုသူများသည် အရေးယူခံရမည်ဟု အမိန့်ပေးလိုက်လေသည်။ တော်ဝင်အစောင့်များကိုလည်း သုံးဖွဲ့ခွဲလိုက်သည်။ တစ်ဖွဲ့က တောင်ပေါ်သို့သွား၍ လုပ်ကြံသူများအားခြေရာခံရန်၊ တစ်ဖွဲ့သည် ကြောက်ရွံ့နေသော တော်ဝင်မိန်းမပျိုလေးများကို သူတို့၏အဆောင်ဆီသို့ လိုက်ပါပို့ဆောင်ပေးရန်နှင့် နောက်ဆုံးအဖွဲ့က စောင့်ရှောက်ဖို့ နေခဲ့ကြရန်ဖြစ်သည်။ ပြီးတော့ လူအနည်းငယ်အား နန်းတော်သို့ ယခုပြဿနာအား အစီရင်ခံရန် စေလွှတ်လိုက်ပြီး ပရမ်းအတာအခြေအနေကို ထိန်းသိမ်းရန် စီမံခဲ့လေသည်။

ချက်ချင်းပင် သူက အစေခံတစ်ယောက်အား ခေါ်၍ မေးလိုက်လေသည်။ "ဒီနေ့နှင်းဝံပုလွေကို အမဲလိုက်ခဲ့တဲ့သခင်လေးက ဘယ်မိသားစုကလဲ"

အစေခံက ပြန်ဖြေလိုက်လေသည်။ "အရှင်မင်းသား၊ မင်းသားနင်းဖူရဲ့တတိယမြောက်သားပါ"

မင်းသားငါးသည် မီးပုံဘေးမှ အမွေခံသခင်လေးများ အဖွဲ့အားကြည့်လိုက်ပြီး ချက်ချင်းပင် သူ၏အကြည့်သည် အနီနှင့်အနက်ရောင် အမဲလိုက်ဝတ်စုံဝတ်ထားသော လူငယ်လေးဆီသို့ ကျရောက်သွားလေသည်။

တစ်ခြားအကြောင်းပြချက်မရှိပေ။ လူငယ်လေး၏ စိတ်နေစိတ်ထားသည် ရိုးသားကြိုးစားပြီး လူအုပ်ထဲတွင် ထင်းထွက်နေသည်။

သူ၏အနီးနားရှိလူများသည် ရုတ်ရုတ်သဲသဲဖြစ်နေကြပြီး သူတစ်ယောက်တည်းသာ လူအုပ်ထဲတွင် မျက်ခုံးတစ်ချက်မျှပင် မလှုပ်ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေလေသည်။

သူသည် သာမန်အမွေခံများနှင့်မတူပေ။ သူသည် တော်ဝင်မိသားစုဝင်တစ်ယောက်နှင့် တူနေလေသည်။

မင်းသားငါးသည် ထိုလူငယ်လေးအား အချိန်အကြာကြီးကြည့်နေလေသည်။

မင်းသားငါးသည် လျှောက်လာပြီး လုဟွမ်ကို ပြုံးပြလိုက်၏။ "ဂုဏ်ပြုပါတယ်၊ သူရဲကောင်းလေး။ ငါမှတ်မိတဲ့ အတိုင်းဆိုရင် မင်းသားနင်းဖူရဲ့ တတိယမြောက်သားက ဆယ့်လေးနှစ်ပဲ ရှိသေးတာပါ။ အခုဆို သူက ဆယ်ငါးနှစ်ပဲရှိသေးတာ"

လုဟွမ်သည် သူ၏လက်ထဲမှ မီးအိမ်အား တစ်ခြားသူဆီသို့ ပေးလိုက်ကာ သူ၏မျက်လုံးတစ်ချက်ပင့်ပြီး ပြောလိုက်လေသည်။ "အရှင်မင်းသား၊ ကျွန်တော့်ကို မြှောက်ပြောနေတာပဲ"

မင်းသားငါးကို သူမြင်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်ပေ။ အရင်တစ်ခါက သူ ယုံအန်းဘုရားကျောင်း၏ အံ့ဖွယ်သမားတော်အနေနဲ့ အခွန်ဌာနဝန်ကြီးနှင့်တွေ့ဆုံရန် သွားရောက်စဥ်က ကျုံးကန်ဖိန်၏ အိမ်တော်ထဲရှိ မြင်းဇောင်းထဲတွင် မင်းသားငါး၏မြင်းကို တွေ့ခဲ့တာကြောင့် နောက်ကွယ်တွင် မင်းသားငါးရှိမည်ကို ခန့်မှန်းမိခဲ့လေသည်။

ဒုတိယမင်းသားကို ကြံရွယ်သည့်ယခုလုပ်ကြံမှုသည် ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေပုံပဲ။ တောပုန်းဓားပြတွေ၏ လက်ချက်လား ဒါမှမဟုတ် သူပုန်တွေ၏ လက်ချက်လား သူမသိပေ။ ဒါပေမဲ့ နှစ်ခုလုံးဖြစ်နိုင်တယ်လို့ လုဟွမ်ခန့်မှန်းမိသည်။ အဲဒါထက် မင်းသားငါး ဒါမှမဟုတ် ဒုတိယမင်းသားကိုယ်တိုင်လည်း ဖြစ်နိုင်၏။

သေချာပေါက် လုဟွမ်ခန့်မှန်းမိတာက မင်းသားငါးသည် မင်းသားများထဲတွင် အငယ်ဆုံးဖြစ်ပြီး သူ့ထက် အနည်းငယ်သာကြီးပြီး ရိုးအပုံပေါ်သော်လည်း သူက အမှန်တကယ်တွင် အကြံသမားဖြစ်လေသည်။ သူ မတွေးသင့်တာက လုပ်ကြံမှုသာကျရှုံးသွားရင် ပထမဆုံးစွပ်စွဲခံရမှာက သူပဲလေ။ ဒါကြောင့် သူ့မှာ တစ်ခြားအကြံအစည်တွေ ရှိလိမ့်မယ်။ ဒုတိယမင်းသားက စုံစမ်းစစ်ဆေးမှုကို သူ့ကို ဦးဆောင်ခိုင်းတဲ့အခါ သူ့ကိုစွပ်စွဲကြောင်း သက်သေပြပြီး ဒုတိယမင်းသားက သူရဲ့ညီအား ချောက်ချနေတာလို့ ဧကရာဇ်ယုံကြည်လာအောင် ပြုလုပ်ပေလိမ့်မည်။

သေချာပေါက် အချိန်ရောက်လာတဲ့အခါ ဂိမ်းနိုင်သောလူနှင့် လုဟွမ်နဲ့ ဘာမှလုပ်ရန်မရှိပေ။

မြို့တော်တွင် မင်းသားတွေကြားရှိ ရှုပ်ထွေးမှုက မငြိမ်မသက်ဖြစ်နေပြီး အခြေအနေသည် အလွန်အန္တရာယ်ရှိပေသည်။ ဒီလိုကိစ္စများတွင် ပါဝင်ရန် သူ့မှာ ရည်ရွယ်ချက် မရှိပေ။ ဒါပေမဲ့ ထိုသူက---

သူ စိတ်ရှိသလိုဝင်ထွက်သွားလာနေသော ထိုသူသည် အတွက်အချက်တွင် အလွန်တော်ပေ၏။ သူ ဒီနေ့ ဘာလို့ ဒုတိယမင်းသားကို ကယ်လိုက်တာလဲ။

သူက ... ဒုတိယမင်းသားဘက်ကလား။

သို့မဟုတ် သူက အင်အားကြီးအုပ်စုက မဟုတ်ဘဲ ဒုတိယမင်းသားကို သနားလို့ ကယ်လိုက်တာလား။

သူသာ ဒုတိယမင်းသားဘက်ကဆိုရင် ဒုတိယမင်းသား နန်းတက်ရန် ကူညီပေးနေတာပဲ။ ဒီရက်ပိုင်း သူ့ကို ကူညီပေးနေတာက သူ့ကို လေ့ကျင့်ပေးနေတာလား၊ မြို့တော်မှာ သူ့ကို စီးပွားရေးနှင့်ပတ်သက်၍ ခြေကုပ်ယူစေပြီး ဒုတိယမင်းသားအား ကူညီပေးနေတာပဲလား။

ဟုတ်တယ်။ ထိုလူက သူ့အား နတ်ဆေးဆရာဘွဲ့ရရန် လမ်းဖောက်ပေးတာက အကြောင်းပြချက်မရှိဘဲ မဖြစ်နိုင်ပေ။

ဒါပေမဲ့ ဒီကိစ္စပဲဆိုရင် ထိုသူလုပ်ပေးခဲ့တဲ့ မွေးနေ့ခေါက်ဆွဲ၊ သူ့အားဂရုစိုက်စောင့်ရှောက်ပေးတာတွေက လုံးဝ ရည်ရွယ်ချက်မရှိဘဲ မဖြစ်နိုင်ပေ။

ဒါမှမဟုတ် ဒီနေ့ဒုတိယမင်းသားကို ကယ်လိုက်တာက ကြိုတင်စီစဥ်ထားတာ မဟုတ်ဘဲ ဒီတိုင်း ရုတ်တရက်လား။ ဒုတိယမင်းသား မြေပေါ်တွင် ဒဏ်ရာရ၍ လဲကျနေတာကိုမြင်လို့ သနားပြီး ကယ်တင်လိုက်တာပဲ။

ဒါပေမဲ့လည်း ဒုတိယမင်းသားရဲ့ ရင်ဘတ်ပေါ်က အနာပေါ်တွင် လိမ်းပေးထားသော ဆေးသည် အလွန်ပင်ကောင်းမွန်နေလေသည်။

ထိုအကြောင်းကို လုဟွမ်တွေးလိုက်မိတဲ့အခါ သူ၏နှလုံးသားထဲတွင် ဆူးနှင့်ထိုးခံရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏မျက်လုံးတွင် အလင်းရောင်လေးဖြတ်ပြေးသွားလေသည်။ 'ဒီတိုင်း ပုံမှန်ကယ်လိုက်တာပဲလား။ ဘာလို့ကျင်းချွမ်ဆေးတွေ ဒီလောက်တောင်လိမ်းပေးရတာလဲ။ သူ့လက်နဲ့ကိုယ်တိုင် လိမ်းပေးတာလား။ ဒါမှမဟုတ် တစ်ခြားတစ်ခုခုနဲ့ လိမ်းပေးခဲ့တာလား။ ဒုတိယမင်းသားရဲ့ဝတ်ရုံကိုတောင်ဖြည်ပြီး သူ့ရဲ့အသားပေါ်ထိ လိမ်းပေးထားတာလား။'

ဒုတိယမင်းသား သွေးထွက်လွန်ပြီး သေမှာစိုးလို့ အစောင့်တွေ မြင်အောင် မီးအိမ်ထားခဲ့တာလား။

ဒါက ပုံမှန်ကယ်တင်တာမျိုး မဟုတ်ဘူးဆိုတာ ရှင်းနေတာပဲလေ! ဒါက ဂရုစိုက်မှုနှင့်ပတ်သက်မှုကို ပြနေတာပဲ! အဲဒါက သူအဖျားကြီးတဲ့ ညတုန်းက သူ့အား ဂရုစိုက်ပြီး ကူညီပေးတာထက်တော့ မနည်းပေ။

ဒါဆို အဲဒါပြီးတော့ရော တစ်ခြားသူတွေကိုလည်း အဲလိုပဲလား။

ဒါဆို ထိုသူသည် သူတစ်ယောက်ထဲကိုပဲ ကြည့်တာမဟုတ်ဘူးလား။

သူက ထူးခြားတာမဟုတ်ဘဲ သူတို့တွေထဲက တစ်ယောက်လား။

လုဟွမ်သည် ထိုသူ၏ရည်ရွယ်ချက်ကို မသိပေ။ ဒါပေမဲ့ ဒုတိယမင်းသားအား ဘာကြောင့်ပဲ ကယ်တင်ပါစေ သူ၏ခေါင်းပေါ်သို့ ရေအေးနှင့်လောင်းချခံလိုက်ရပြီး သူ့ဆီမှ အရေးကြီးတာတစ်ခုခု လုယူခံလိုက်ရသကဲ့သို့ ခံစားရသည်။ သူ အနည်းငယ် အသက်ရှူမဝဖြစ်လာပြီး ပူပန်မှုနှင့် မနာလိုမှု တို့ကိုပါ ခံစားလိုက်ရလေသည်။

လုဟွမ်၏ စိတ်ပျက်အားငယ်နေသော အမူအရာအား မင်းသားငါးသည် အကြိမ်အနည်းငယ်လောက် ကြည့်လိုက်မိလေသည်။ အခုလေးတင်ပင် ထိုလူငယ်လေးအား ကြည့်ပြီး ထိုသူသည် ခန့်ညားပြီး အေးစက်လှသော သူ၏ဖခမည်းတော်နှင့် ဆင်တယ်လို့ မင်းသားငါး ခံစားလိုက်ရသည်။

ဒါပေမဲ့ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

မင်းသားငါးသည် တဲအိမ်က အလွန်မှောင်နေတာကြောင့် သူအမြင်မှားနေတာလို့သာ ထင်လိုက်လေသည်။ သူ ပြုံးပြီး ပြောလိုက်၏။ "လုပ်ကြံမှုကိစ္စက ပြီးသွားပြီဆိုတော့ ဆယ်ရက်နေရင် ဆောင်းငှက်တောင် အမဲလိုက်ပွဲအတွက် မင်းကို ဖခမည်းတော်က ဆုချီးမြှင့်မှာပါ။ ဒါပေမဲ့ အဲဒါမတိုင်ခင် မင်းဘာဆုလိုချင်လဲဆိုတာ သေချာစဥ်းစားထား"

သူပြောပြီးသည့်နောက်တွင် တစ်ခြားမင်းသားများအား ဂုဏ်ပြုစကားပြောရန် လှည့်ထွက်သွားလေသည်။

အမဲလိုက်ပွဲပြီးသွားသည့်နောက်တွင် မင်းသားနင်းဖူအိမ်တော်မှ လူတစ်ယောက်သည် လုဟွမ် ပထမရသည့်အကြောင်း သတင်းကောင်းတင်ပြရန် ထွက်သွားလေသည်။ မင်းသားနင်းဖူအိမ်တော် တစ်ခုလုံး မှင်သက်သွားကြလေသည်။ လုဟွမ်က ဆောင်းငှက်တောင်အမဲလိုက်ပွဲတွင် သားကောင်အား သတ်နိုင်ပြီး ပထမရမယ်လို့ သူတို့လုံးဝမထင်ထားပေ!

နှင်းဝံပုလွေကို အမဲလိုက်တာက လွယ်တဲ့အလုပ်တော့မဟုတ်ပေ။ သို့သော်လည်း သခင်လေးသုံးသည် အခုမှ ဆယ့်လေးနှစ်သာရှိသေးပြီး အလွန်ငယ်သေးသည်။ အရင်က မင်းသားနင်းဖူအဖွဲ့မှ လူတိုင်းဟာ သူက အကြီးဆုံးသခင်လေးနှင့် ဒုတိယသခင်လေးတို့ထက် များစွာသန်မာတာကို သိကြပေသည်။ သူ ခြင်းတစ်ခုကိုမလိုက်တဲ့အခါက အတိုင်းအဆမရှိသော သူ၏ခွန်အားကိုတွေ့ခဲ့ရပြီး စစ်ဆေးရေးအရာရှိ လာ၍ စစ်ဆေးတဲ့အချိန်မှာလည်း သူက မိုင်ပေါင်းများစွာမှ မိုးမခရွက်ကိုပင် ထိအောင်ပစ်နိုင်လေသည်။ ဒါပေမဲ့လည်း တစ်ခြားယှဥ်စရာလူနှင့် အမဲလိုက်ရန် အခွင့်အရေးမရှိတာကြောင့် သူက နှင်းဝံပုလွေ၏ခေါင်းကို ဖြတ်နိုင်တယ်ဆိုတာကို သူတို့မသိကြပေ!

သို့သော်လည်း သခင်မကြီးသည် ကျန့်ယွမ်ဗိုလ်ချုပ်အိမ်တော်မှ မွေးဖွားလာခဲ့လေသည်။ ကျန့်ယွမ်ဗိုလ်ချုပ်သည် ငယ်စဥ်က နယ်စပ်ခံတပ်တွင် တိုက်ခိုက်သူဖြစ်ပြီး အလွန်ရဲရင့်၍ တိုက်ရည်ခိုက်ရည်ကောင်းလှ၏။ သခင်လေးသုံးက ကျန့်ယွမ်ဗိုလ်ချုပ်၏သွေးကို အမွေဆက်ခံရရှိခြင်းပေလော။

သခင်မကြီးလည်း ထိုကဲ့သို့ပင် တွေးလေ၏။ အရင်က သူ၏မြေးသုံးယောက်လုံးသည် ကျန့်ယွမ်ဗိုလ်ချုပ်အိမ်တော်၏ သိုင်းစွမ်းရည်ကို မဆက်ခံနိုင်ဟု ခံစားမိလေသည်။ ဒါပေမဲ့ အခုတော့ သူ(မ)သည် အပျော်လွန်နေပြီး သူ(မ)ကိုယ်သူ(မ)မထိန်းနိုင်ပေ။

သူ(မ) အရင်က လုဟွမ်ကို ဆောင်းငှက်တောင်အမဲလိုက်ပွဲကို ပို့လိုက်တာက ဒုတိယမင်းသားနှင့် ချိတ်မိစေရန်ဖြစ်သည်။ ဒါပေမဲ့ ဒီနေ့ တော်ဝင်အစောင့်များ၏ တင်ပြချက်အရ လုဟွမ်သည် ဆောင်းငှက်တောင် အမဲလိုက်ပွဲတစ်လျှောက်လုံးတွင် ဒုတိယသခင်လေးနှင့် စကားမပြောခဲ့ပေ။ သူ(မ)သည် အလွန်ပင်စိတ်အနှောင့်အယှက်ဖြစ်ပြီး သူ(မ)၏ကိုယ်လုပ်တော်ဖွားမြေးအား အလွန်ထက်မြက်ပြီး တော်ဝင်တရားရုံးတော်နှင့် ဘယ်လိုမိတ်ဖွဲ့ရမည်ကို နားမလည်တာကြောင့် အပြစ်တင်နေခဲ့၏။

ဒါပေမဲ့ သူ(မ) လုံးဝမထင်ထားတာက ဒီကိုယ်လုပ်တော်ဖွားမြေးသည် သူ(မ)မျှော်လင့်ထားတာထက် ပိုတော်နေမယ့်လို့ သူ(မ)မမျှော်လင့်ထားပေ။ သူက တစ်ခါတည်းပထမနေရာရသွားပြီ!

ဒီနည်းလမ်းက ဒုတိယမင်းသားနှင့် မိတ်ဆွေဖြစ်သွားရုံမက ဆုချီးမြှင့်တဲ့နေ့တွင် ဧကရာဇ်၏နှစ်သက်မှုကိုပင် ရနိုင်ပေသည်!

သခင်မကြီးသည် အလွန်ပျော်နေလေသည်။ သူ(မ)သည် ကြွားဝါပြီး တစ်ခြားအိမ်တော်များ၏ အာရုံကို ဆွဲဆောင်၍မရသည့်အပြင် သူ(မ)၏ အဆစ်ရောင်ရောဂါကြောင့် လမ်းလျှောက်၍ပင်မရသော်လည်း သူ(မ)၏ ကိုယ်လုပ်တော်ဖွားမြေးလေးအတွက် စားကောင်းသောက်ဖွယ်များ ပြင်ဆင်ကျင်းပပေးခဲ့၏။ ထိုသို့အပြင် သူ(မ)သည် ချက်ချင်းပင် သူ(မ)၏ အထိန်းတော်အား လုဟွမ်ဆီသို့ အဝတ်အစားများကို ဆုအနေနဲ့ချီးမြှင့်ပြီး သူ(မ)၏ အသိအမှတ်ပြုမှုကို ဖော်ပြလေသည်။

အိပ်ယာပေါ်တွင်လဲလျောင်းနေသော သခင်မနင်း၊ လုယီအန်းနှင့် လုဝမ်ရှို့တို့သည် စိတ်ဆိုး ဒေါသထွက် နေကြလေသည်။

သို့သော် ဒါဟာ ခြုံကြည့်လိုက်ပါက တစ်ခြားကိစ္စပင်။

လုဟွမ်သည် ခြံဝင်းထဲမှ မြင်းစောင်းသို့ သွားလိုက်ပြီး သစ်သားတိုင်တွင် ချည်လိုက်လေသည်။ သူသည် စိတ်ညစ်နေတာကြောင့် မြင်းများအား အစာကျွေးပြီးသည်နှင့် အခန်းသို့ ပြန်သွားလေသည်။

အရင်ညက ထုံးစံအတိုင်း သူသည် စားပွဲအောက်ခြေက သစ်သားသေတ္တာထဲတွင် သစ်သားပန်းပုရုပ်ထုအသစ်နှင့် စာတစ်စောင် ချန်ထားခဲ့လေသည်။ သို့ရာတွင် ထိုသူသည် ဒီနေ့ ချင်းရန်တောင်သို့ သွားပြီး ဒုတိယမင်းသားကိုပင် အစွမ်းကုန်ကယ်တင်ခဲ့လေသည်။ သူသည် သူ့ကို အကြောင်းကြားရန် သစ်တော်ပင်သို့ပင် မလာခဲ့ပေ။ 'ပုံမှန်အတိုင်းဆိုလျှင် သူသည် သူ၏သစ်သားပန်းပုရုပ်ထုနှင့် စာကိုကြည့်ရန်ပင် အချိန်မရှိဘူး မဟုတ်ဘူးလား။ '

ဒါက သူ့အတွေးသာဖြစ်သော်လည်း စားပွဲအောက်ခြေကို ခေတ္တမျှ စိုက်ကြည့်လိုက်လေသည်။ သူ နှုတ်ခမ်း တင်းတင်းစေ့ထားပြီး သစ်သားဘူးလေးကို ဆွဲယူလိုက်လေ၏။

သို့သော် အဲဒါဟာ အမှန်တကယ် မထိထားတာကို တွေ့လိုက်ရ၏။

သူ့နှလုံးသားတစ်ခုလုံး အညစ်ခံရသလို လုဟွမ် ခံစားလိုက်ရသည်။ အကြောင်းအရင်းမရှိဘဲ သဝန်တိုခြင်းနှင့် စိတ်ပူပန်ခြင်းက သူ့နှလုံးသားကို ရစ်ပတ်ထားလေသည်...

သူထိုသို့မဖြစ်သင့်မှန်း သူသိသည်။ သူ အရမ်းကြီးလောဘမကြီးသင့်ပေ။ သူ ထိုလူကိုတွေ့ချင်သည်။ ထိုသူ၏ရုပ်ရည်၊ အသံတို့ကို သိချင်ပေသည်။ သူသာလျှင် ထိုသူကိုမြင်နိုင်၊ ထိတွေ့နိုင်၊ ပိုင်ဆိုင်နိုင်သောသူတစ်ဦးတည်းသာ ဖြစ်ချင်သည်။ ထိုသူသည် သူတစ်ဦးတည်းကိုသာ ဂရုစိုက်ပေးသည်ကို လိုချင်လေသည်။ ဒီကမ္ဘာတွင် သူ့လောက် လောဘကြီးသည့်လူ ဘယ်သူရှိသနည်း။ သူက အလွန်လောဘကြီးပြီး စိတ်ပျက်စရာပင် ကောင်းလှချေသည်!

...သို့ရာတွင် သူသည် ဒီတိုင်း သူ၏ပိုင်ဆိုင်လိုစိတ် ပြင်းပြသည့် အတွေးများကို မထိန်းချုပ်နိုင်ပေ။ သူသည် အလွန်ဝမ်းနည်းနေသလို့ ခံစားရလေသည်။

သူတစ်ယောက်ထဲ မဟုတ်တော့သလိုပင် ဖြစ်လေသည်။

လုဟွမ်သည် တစ်နေ့လုံး အေးစက်နေလေသည်။ ဒီတစ်ချိန်တွင် သူ၏အသားအရည်သည် လုံးဝအေးနေလေသည်။

သူသည် ဗလာဖြစ်နေသော စားပွဲအားကြည့်ပြီး ခဏလောက် တိတ်ဆိတ်နေလေသည်။ ဒီနေ့ ဘယ်လို စာမျိုးထားခဲ့ရမလဲ သူမသိတော့ပေ။

'သူ ဘာလို့မလာတာလဲ မေးလိုက်ရမလား။ အဲအကြောင်း မေးဖို့လိုလို့လား။ မေးလိုက်ရင် ထိုသူ စိတ်အနှောင့်အယှက်များ ဖြစ်သွားမလား။'

'အဲကိစ္စကို မေးလိုက်ရမလား။ ဒါမှမဟုတ် ဘာမှမဖြစ်ချင်ယောင်ဆောင်ပြီး တစ်ခြားတစ်ခုကို ကျော်သွားလိုက်ရမလား။'

လုဟွမ်သည် အာရုံစူးစိုက်နိုင်ရန် အကောင်းဆုံးကြိုးစားနေလေသည်။ သူသည် စားပွဲပေါ်မှာ စက္ကူအား ဖြန့်လိုက်ပြီး မှင်အားထုတ်၍ စာရွက်ပေါ်တွင် ရေးလိုက်လေသည်။

"မင်း ဒီနေ့ မလာတဲ့ပုံပဲနော်။ ဒါပေမဲ့ ရပါတယ်။ ငါ သိပ်အကြာကြီး မစောင့်လိုက်ပါဘူး။ ကိစ္စတစ်ခုပေါ်လာလို့ ငါအရေးပေါ်သွားလိုက်ရတာ။ တောင်းပန်ပါတယ်။"

သူရေးပြီးနောက် လုဟွမ် စာကိုကြည့်၍ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်လေသည်။ သူ မကျေနပ်ပေ။ သူ အနည်းငယ် စိတ်ဆိုးနေသည်။ စာရွက်အားလုံးချေ ပြီးနောက် မီးရှို့လိုက်လေသည်။

ဒီနေ့ ဘာရေးရမလဲဆိုတာ သူမသိပေ။ သူ မေးစရာတွေ အများကြီးရှိပေမယ့် ထိုသူဖြေမည် မဟုတ်တာကိုလည်း သူသိနေပေသည်...

သူ၏နှလုံးသားသည် တစ်ခါမျှယခုကဲ့သို့ မရှုပ်ထွေးဖူးပေ။ သူ တံစက်မြိတ်အောက်မှ ယုန်မီးအိမ်ကို လှမ်းကြည့်လိုက်လေသည်။ ဒါပေမဲ့ ထိုသူ ဒုတိယမင်းသားကို ကယ်ခဲ့စဥ်က ချန်ထားခဲ့သည့် ကောက်ရိုးမီးအိမ်ကို ချက်ချင်း သူသတိရသွားလေသည်။ လုဟွမ်၏မျက်ခွံများသည် တုန်သွားလေသည်။ သူ၏သဝန်တိုမှုကို မထိန်းချုပ်နိုင်ပေ။ သူ မျက်လုံးကို မှိတ်ပြီး စုတ်တံကို ချ၍ သူ၏မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ သွေးများကို ဆေးကြောလိုက်လေသည်။ ပြီးနောက် သူ စောစော အိပ်ယာဝင်သွားလေသည်။

စုရှီသည် မြန်မြန်ညစာစား၍ ပန်းကန်ဆေးပြီးသော်လည်း သူ(မ)၏အမေသည် သူ(မ)အား မီးဖိုထဲသို့ ပြန်ခေါ်သွားလေသည်။ သူ(မ)၏မျက်နှာသည် ခါးသီးမှုးများဖြင့် ပြည့်နှက်နေ၏။ "အမေ! သမီး ဘာလို့ပန်းကန်တွေ ထပ်ဆေးနေရတာလဲ။ သမီး ဆေးရုံမှာပဲ နေတော့မယ်"

"အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့" သူ(မ)အမေသည် ခက်ထန်သောမျက်နှာဖြင့် ချက်ချင်း ဆူငေါက်လိုက်လေသည်။ "မြန်မြန် ပန်းကန်ပြီးအောင်ဆေး။ ခဏနေ အခန်းပြန်ပြီး စာသွားကျက်။ မနက်ဖြန် စာမေးပွဲဖြေရမှာမလား"

စုရှီသည် မီးဖိုချောင်ထဲတွင်သာ ကျန်ခဲ့လေသည်။ သူ(မ)သည် ဆယ်မိနစ်လောက် ပန်းကန်အမြန်ဆေးလေသည်။ ပြီးနောက် သူ(မ)သည် အခန်းမြန်မြန်ပြန်၍ ဖုန်းဖွင့်လိုက်လေသည်။

ကျိုက်ကျိုက် အခုလောက်ဆို အိပ်နေလောက်ပြီ။

အသေအချာပင် သူ(မ)လိုင်းပေါ်တက်သည့်အခါတွင် အိပ်ယာပေါ်ရှိ ဂွမ်းစောင်ထဲ၌ တောင်ကဲ့သို့ မို့မို့လေး ဖြစ်နေလေသည်။ စုရှီသည် ကျုက်ကျိုက် ဒီနေ့ စောင့်နေခဲ့ရသည့်အတွက် အပြစ်ရှိသကဲ့သို့ ခံစားရလေသည်။ သူ့ကို ဘယ်လိုပြန်လုပ်ပေးရမလဲ စဥ်းစားနေလေသည်။

သို့ရာတွင် အရင်ဆုံး သူ ဘာစာချန်ထားခဲ့သလဲဆိုတာကို သိချင်လေသည်။ သူ(မ) ဒီနေ့ ဘာလို့မလာလဲဆိုပြီး သူ ဖြေရှင်းချက်လိုချင်လိုပေလိမ့်မည်။ ဒါပေမဲ့ ကျိုက်ကျိုက်၏ပုံစံအရဆို သူစိတ်ဆိုးရင်တောင်မှ ယခုကဲ့သို့ စာမျိုးချန်ထားခဲ့ပေလိမ့်မည်။ "အိုး ၊ ငါ ရောက်မလာခဲ့ဘူး၊ အဆင်ပြေပါတယ်၊ ဘယ်လိုဘဲဖြစ်ဖြစ် ငါလည်းမသွားခဲ့ဘူး။" အမြဲတမ်း ကျိုက်ကျိုက်သည် တစ်ခြားတစ်ခုကိုသာ ပြောလေ့ရှိသည်။

ဒီလိုတွေးပြီး စုရှီသည် ကိုယ့်ဘာသာ သဘောကျသွားလေသည်။ သူ(မ)သည် စားပွဲအောက်ခြေကို ဖြည်းဖြည်းချင်းရွှေ့လိုက်လေသည်။

သို့ရာတွင် သူ(မ) ချက်ချင်းမှင်သက်သွားလေသည်။ သူ(မ)၏မျက်လုံးတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နေ၏။

'မဖြစ်နိုင်လိုက်တာ။'

'စားပွဲခြေထောက်မှာ ဘာစာမှမရှိဘူးလား။'

'ကျိုက်ကျိုက် ဒီနေ့ ဘာစာမှ မရေးခဲ့ဘူးလား။'

သေစမ်း! ဒါဟာ သူ(မ)အတွက် သူစာမချန်ခဲ့သည့် ပထမဆုံးအကြိမ်ပဲ။ သူ(မ) ဒီနေ့ ပေါ်မလာလို့များ သူ စိတ်ကောက်သွားတာလား။ သူ အရမ်းတွေကလေးဆန်နေတာ မဟုတ်ဘူးလား။

သူ(မ) သစ်သားအိပ်ယာအားကြည့်၍ ငိုရမလား၊ ရယ်ရမလားပင် မသိတော့ချေ။ ကျိုက်ကျိုက်သည် နံရံကို မျက်နှာမူ၍ အိပ်နေလေသည်။ သူသည် လက်တစ်ဖက်ကို ခေါင်းအုံးထားပြီး ကျန်လက်တစ်ဖက်ကို မျက်ခွံပေါ်တင်ထားလေသည်။ သူ့ကြည့်ရတာ အိပ်မပျော်ဖြစ်နေပုံပင်။ သူသည် မျက်မှောင်ကြုတ်ထားပြီး ကြည့်ရသည်မှာ သူ့စိတ်ထဲတွင် တွေးစရာ အလွန်များနေပုံပေါ်နေသည်။

စုရှီ မျက်နှာပြင်အား ချဲ့ကြည့်လိုက်သောအခါ ကျိုက်ကျိုက်၏ လည်ပင်းတွင် ဒဏ်ရာရထားသည်ကို တွေ့လိုက်ရလေသည်။ သူ၏လည်ပင်းဖြူဖြူပေါ်တွင် ဒဏ်ရာများသည် အလွန်သိသာနေ၏။ ဒီနေ့ အမဲလိုက်တုန်းက သူရခဲ့တဲ့ဒဏ်ရာ ဖြစ်ပေလိမ့်မည်။ သူ(မ)သတိမထားမိသည်မှာ နေ့လည်တုန်းက ထိုဒဏ်ရာသည် သွေးများဖြင့် ဖုံးနေတာကြောင့် ဖြစ်ပေလိမ့်မည်။

သူ(မ)၏အပြစ်ရှိစိတ်သည် ၂၀လောက် တိုးသွားပေသည်။

စုရှီသည် တစ်ခုခုလုပ်ပေးချင်ခဲ့သည်။ အရင်ဆုံး သူ၏လည်ပင်းရှိ အနာအား ဆေးလိမ်းပေးချင်၏။ ပြီးနောက် သူ(မ)သည် "ခွင့်လွှတ်မှုကို တောင်းခံခြင်း" ဟူသော ပုံကို ထား၍ တောင်းပန်ချင်ခဲ့သည်။ ဒီအကြောင်းကို ကျိုက်ကျိုက် သိမယ်လို့ သူ(မ)မထင်ပေ။ ဒါမှမဟုတ် သူ(မ)သည် စတိုးဆိုင်မှ တစ်ခြားပစ္စည်းများအား ဝယ်ပြီး ကျိုက်ကျိုက်အား ပျော်ရွှင်အောင် လုပ်ပေးရမလား။ သို့သော် သူ(မ)အိပ်ယာပေါ်တွင် ထိုင်ပြီး စတိုးဆိုင်အား ဖွင့်တော့မည့်အချိန်တွင် တံခါးသည် ရုတ်တရက် ပွင့်လာလေသည်။

စုရှီ၏အမေသည် မေးလိုက်လေသည်။ "ရှီရှီ၊ ဘာလို့ အခုထက်ထိ စာမလုပ်သေးတာလဲ"

စုရှီသည် အလွန်လန့်သွားပြီး သူ(မ)ဖုန်း မြေကြီးပေါ်သို့ ကျသွားလေသည်။ သူ(မ) မြန်မြန်ကောက်လိုက်၏။ ဒါပေမဲ့ သူ(မ)ကောက်နေစဥ်မှာပင် အမေစုသည် ချက်ချင်း လုယူသွားလေသည်။ အမေစုက ပြောလိုက်လေသည်။ "သမီး ဆေးရုံမှာ နေ့တိုင်းဂိမ်းဆော့တာက ရတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် သမီးက ဖျားနေလို့ အနားယူနေတာလေ။ ဒါပေမဲ့ သမီး အခုကျောင်းပြန်တက်နေပြီဆိုတော့ နေ့တိုင်းဂိမ်းမဆော့နဲ့။ ပြီးတော့ မနက်ဖြန် စာမေးပွဲလည်းရှိတယ်။ သင်ခန်းစာတွေ ပြန်လေ့ကျင့်ပြီးပြီလား။"

စုရှီက ဖုန်းအားပြန်လုရာတွင် အမေစုသည် ဖုန်းကိုင်ထားသော လက်အား အပေါ်မြှောက်လိုက်ပြီး ပြောလိုက်လေသည်။ "အခု ဖုန်းလာလုနေတာလား။ သမီး ဂိမ်းစွဲနေတာလား!"

စုရှီ၏မျက်နှာသည် ဝမ်းနည်းမှုများဖြင့် ပြည့်သွားလေသည်။ "အမေ၊ ဆယ်မိနစ်ပဲ။ ဆယ်မိနစ်လောက်ပဲ ဖုန်းပေးသုံးပါနော်။"

"စာမေးပွဲပြီးမှပဲ ဆက်ပြောကြတာပေါ့။" အမေစုသည် သူ(မ)၏ဖုန်းအား ယူပြီး ထွက်သွားလေသည်။ "သမီးအတန်းထဲမှာ အဆင့်သုံးအတွင်းမဝင်ရင် ...မေ့လိုက်တော့၊ သမီး အခု အိမ်စာတွေ အများကြီးရှိလောက်မှာ။ အဆင့်တစ်ဆယ် အတွင်းမဝင်ရင် ဖုန်းကို လုံးဝသိမ်းလိုက်တော့မှာ"

စုရှီသည် လန့်သွားလေသည်။ "အမေ..."

အမေစုသည် တံခါးအားပိတ်လိုက်ပြီး ထွက်သွားလေသည်။ အပြင်ဘက်တွင် သူ(မ)သည် အဖေစုအား နို့တစ်ခွက်ယူလာရန် ညွှန်ကြားလိုက်လေသည်။

စုရှီသည် စိတ်ပူပန်စွာဖြင့် ခေါင်းကုတ်လိုက်လေသည်။ သို့ရာတွင် သူ(မ)သည် စားပွဲပေါ်မှ စာအုပ်နှင့် နံရံပေါ်က နာရီကို ကြည့်လိုက်သောအခါတွင် သူ(မ)သင်ခန်းစာများကို ပြန်လည်လေ့ကျင့်ရမည့် အချိန်ဖြစ်ကြောင်းကို သိသွားလေသည်။ ဒီလိုသာဖြစ်နေပါက အမေစု သူ(မ)ကို စိုးရိမ်နေသည်သာမက သူ(မ)ကိုယ်သူ(မ)လည်း အလွန်ဂိမ်းစွဲနေတာကြောင့် စိုးရိမ်နေသည်။ သူ(မ)ဟာ အမြဲတမ်းတိကျပြီး အတန်းထဲတွင်လည်း စာတော်သူဖြစ်သည်။ အခုတွင်မူ သူ(မ)သည် ဂိမ်းသာဆော့နေ၏။ သူ(မ)၏အဆင့်တွေကျသွားရင် သူ(မ)သည် မကြာခင် အထက်တန်းတတိယနှစ် ဖြစ်ပေတော့မည်။ ဖြစ်လာမည့်အကျိုးဆက်များသည် စိတ်ကူး၍ပင် မရနိုင်ပေ။

သို့သော် ယခုတွင်မူ သူ(မ)သည် ကျိုက်ကျိုက်အား အလွန်စိုးရိမ်နေ၏။

သို့သော်လည်း စာမေးပွဲသည် နှစ်ရက်နှင့်နေ့တစ်ပိုင်းပင်။ ကံကောင်းစွာဖြင့် ဂိမ်းထဲတွင် ခုနစ်ရက်၊ရှစ်ရက်သာရှိဦးမည်။ ဘာမတော်တဆမှုမှတော့ မဖြစ်လောက်သေးပေ။ အခုဆိုလျှင် လယ်တွေလည်း ချောချောမွေ့မွေ့ စိုက်ပျိုးပြီး ဆောင်းငှက်တောင်ရှိ အမဲလိုက်ပွဲလည်း ပြီးဆုံးသွားသည့်အပြင် ကျိုက်ကျိုက်လည်း ပထမရခဲ့လေသည်။ မင်းသားနင်းဖူအိမ်တော်တွင် သခင်မကြီးကြောင့် သခင်မနင်း၊ လုယီအန်းနှင့် လုဝမ်ရှို့တို့လည်း ဒုက္ခပေးရဲမည် မဟုတ်ပေ။ ဒါအပြင် ကျိုက်ကျိုက်သည် အလွန်ဉာဏ်ကောင်းလေသည်။ ထို့ကြောင့် သူ့ကို အရမ်းစိုးရိမ်နေစရာမလိုပေ။

'စာမေးပွဲပြီးမှပဲ သူ့ကိုသွားကြည့်လိုက်တာပေါ့။'

ထိုသို့တွေး၍ စုရှီသည် သူ(မ)ကိုယ်သူ(မ)စိတ်လျှော့ပြီး စာကြည့်စားပွဲတွင် ထိုင်ကာ ပြန်လည်လေ့ကျင့်ခန်းစာအုပ်ကို ဖွင့်လိုက်လေသည်။

ထိုနေ့ညက လုဟွမ်သည် ဟိုလှည့်၊ ဒီလှည့်နှင့် အိပ်မပျော်ပေ။ နောက်တစ်နေ့၌ ပြတင်းပေါက်အပြင်တွင် နှင်းများ ထူထည်စွာ ကျနေလေသည်။ ဒါဟာ ဆောင်းရာသီရဲ့ နောက်ဆုံးနှင်းပဲ။ ခြံဝင်းထဲရှိမြက်ပင်များသည် အနည်းငယ်ထွက်စပြုနေပြီး ဒါက နွေရာသီ၏လက္ခဏာပင်။

သူ့မျက်လုံးကိုဖွင့်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ရှုပ်ထွေးနေသောအမူအရာဖြင့် စားပွဲခုံပေါ်သို့ ကြည့်လိုက်လေသည်။

လွန်ခဲ့သောညက သူသည် ထိုလူအတွက် ဘာစာမှမချန်ခဲ့ပေ။ ဒါပေမဲ့ ထိုလူသည် တစ်ခုခုများ ချန်ထားခဲ့လေမလား သူမသိပေ။ ဒါမှမဟုတ် ဒုတိယမင်းသားနှင့်ပတ်သက်တာ တစ်ခုခုများပြောလေမလား။'

ထိုသူသည် သူဘာကြောင့်ပေါ်မလာတာကို ရှင်းပြလိမ့်မယ်လို့ လုဟွမ်မမျှော်လင့်ခဲ့ပေ။ ထို့အပြင် ထိုသူသည် သူပေါ်လာလိမ့်မည်ဟူ၍လည်း ကတိမပေးခဲ့ပေ။ သူသည် တစ်ရက်လုံး စောင့်နေခဲ့သော်လည်း ထိုသူသည် ပေါ်မလာခဲ့ပေ။ သူသည် ထိုသူကို အပြစ်မတင်နိုင်ပေ။ အရာအားလုံးကိုခက်ခဲစေသူမှာ သူသာဖြစ်ပေသည်။

တစ်ညလုံး စိတ်လျှော့ပြီးနောက် လုဟွမ်သိသွားသည်မှာ ထိုသူသည် ဆောင်းငှက်တောင်သို့ ရောက်လာပြီး ဒုတိယမင်းသားအားကယ်တင်၍ သူ့အားလာမတွေ့တာကို စိတ်ဆိုးနေခြင်းပင်။ ထိုသူသည် ဒုတိယမင်းသား၏ အနာအား ဆေးလိမ်းပေးပြီး သူ့အားပေးခဲ့သော မီးအိမ်ကဲ့သို့သော မီးအိမ်တစ်ခု ပေးခဲ့ခြင်းက သူ့ကိုစိတ်ဆိုးစေပြီး မနာလိုမှုကိုခံစားရစေသည်။ တကယ်ကို ဆိုးဝါးပေသည်။

တစ်ခြားစကားလုံးအနေဖြင့်ဆိုပါက ယခုရက်ပိုင်းတွင် သူသည် ထိုသူနှင့်စာဖြင့်အဆက်အသွယ်ရပြီး ထိုသူ၏ကြင်နာမှု၊ ဖေးမမှု၊ နူးညံ့မှုတို့ကို ရရှိခဲ့သည်။ ထိုအရာများသည် သူမွေးကတည်းက မရရှိခဲ့ဖူးသည့် အရာများပင်။ သူက ထိုသူသည် သူ့ဘက်တွင်ရှိသည်ဟု ထင်ယောင်ထင်မှားဖြစ်နေလေသည်။ သူသည်သာ လျစ်လျူရှုခံလိုက်ရလေသည်။

လုဟွမ်သည် သူ့ကိုယ်သူ စိတ်လျော့လိုက်လေသည်။ သူ့ကိုယ်သူ တွေးလိုက်သည်မှာ မနေ့ညက ထိုသူသည် တစ်ခုခု ချန်ထားခဲ့ပါက သူသည် တိုက်ရိုက်ပင် သူဘာလို့ ဒုတိယမင်းသားကို ကယ်တင်ခဲ့သလဲဆိုတာကို မေးလိုက်ပေလိမ့်မည်။ ပုံမှန်အတိုင်း ထိုသူက မဖြေဘူးဆိုလျှင် သူ ဖြေမည်မဟုတ်ပေ။ ထိုသူအနားမှာ ရှိနေသေးသရွေ့ ဒီအရာသည် ကိစ္စကြီးမဟုတ်ပေ။ သူ၏အတ္တကိုတော့ အနည်းငယ်ထိန်းချုပ်ရပေမည်။

သူသည် အတွင်းဝတ်များကို ဝတ်ပြီး စားပွဲဘေးသို့ လျှောက်သွားလေသည်။ သူ့ရင်ထဲတွင် မျှော်လင့်ချက်များရှိနေ၏။

သူသည် အာရုံစိုက်ပြီး စားပွဲအောက်ခြေမှ သေတ္တာငယ်လေးကို ဆွဲထုတ်လိုက်လေသည်။

ထိုသူ တစ်ခုခုချန်ထားခဲ့ပါက သူသည် ထိုသူပေါ်မလာသည်ကို ဂရုစိုက်တော့မည်မဟုတ်ပေ။

လုဟွမ်သည် သူ၏လက်ထဲတွင် သေတ္တာငယ်လေးကို ကိုင်ထားပြီး မဖွင့်ရဲပေ။ သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်နည်းနည်းနှင့် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နေလေသည်။ အချိန်အကြာကြီးရပ်နေပြီးနောက် မြန်လေကောင်းလေဟူ၍တွေးပြီး သူ၏လက်ထဲမှ သေတ္တာကို ဖွင့်လိုက်လေသည်။

သို့သော်လည်း သေတ္တာသည် အလွတ်သာဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

"..."

လုဟွမ်၏မျက်တောင်များသည် တုန်နေလေသည်။ တစ်ခဏလောက် သူ၏ လက်နှင့်ခြေများသည် အေးသွားလေသည်။ သူသည် သေတ္တာကို လှည့်လိုက်ပြီး စားပွဲကို ထပ်ကြည့်လိုက်လေသည်။ တစ်ခဏမျှ မှင်သက်သွားပြီးနောက် သူသည် လျှင်မြန်စွာပင် အခန်းပြင်သို့ လျှောက်သွားလိုက်လေသည်။

သို့ရာတွင် ခြံဝင်းသည် ဗလာပင်ဖြစ်နေသည်။ နှင်းများအောက်တွင် လုံးဝကို တိတ်ဆိတ်နေလေသည်။

နှင်းများသည် စွတ်စွတ်ဖြူနေပြီး အရင်ကကဲ့သို့ ခြံဝင်းထဲတွင် ဘာမှမရှိပေ။ ဒီကို တစ်ယောက်ယောက် ရောက်လာသည်ဟူသော လက္ခဏာလည်းမရှိပေ။ 'ထိုသူသည် မနေ့က ရောက်မလာသလိုဘဲ ပြီးတော့ မနေ့ညက ဘာစာမှ ချန်မထားခဲ့ဘူးလား။'

သူတို့နှစ်ယောက်အဆက်အသွယ်ပြတ်သွားသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

လုဟွမ်သည် ထိုနေရာတွင် အချိန်အကြာကြီးရပ်နေလေသည်။ သူ၏အဝတ်ပါးပါးပေါ်တွင် နှင်းများစိုရွှဲနေသည်ကိုပင် သူသတိမထားမိပေ။

သူ ရုတ်တရက် အလွန်တုန်လှုပ်သွား၏။

လွန်ခဲ့တဲ့ရက်အနည်းငယ်က ထိုသူသည် ညတိုင်း သူ၏စာများကို ယူသွားလေသည်။ သူတို့ ဘာစာမှ မချန်ထားခဲ့ဘူးဆိုလျှင်တောင်မှ သူတို့ ဒီကိုရောက်လာခဲ့သည်ဆိုသော ခြေရာများ ချန်ထားခဲ့၏။ သူတို့သည် ဘယ်တော့မှမရပ်တန့်ခဲ့ပေ။ ဒါပေမဲ့ မနေ့ညက....

'သူအရင်ဆုံး စာမချန်ခဲ့လို့များ ထိုသူစိတ်ဆိုးသွားတာလား။'

'မဟုတ်ဘူး ၊ အဲဒါ မဖြစ်နိုင်ပေ။' ထိုသူသည် စိတ်ဆိုးတတ်သည့်ပုံ မပေါ်ပေ။ ထိုသူသည် သူ့အတွက် အရာအများကြီးလုပ်ပေးခဲ့သည်။ သခင်မနင်းကိုပင် လက်စားချေခဲ့ပေသည်။ ဒီအရာတွေမှတစ်ဆင့် ထိုသူ၏အကျင့်စရိုက်ကို ခန့်မှန်းရန် သူသည် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း သူ၏ဒေါသကိုတော့ မမှန်းဆနိုင်ခဲ့ပေ။ 'ဒါဆို မနေ့ညက တစ်ခုခုဖြစ်လို့များ သူပေါ်မလာတာလား။'

လုဟွမ်၏နှလုံးသားသည် ခဲဆွဲခံထားရသကဲ့သို့ လေးလံနေပေသည်။ ဒီတစ်ကြိမ်တွင် သူ၏ဘာခံစားချက်မှ ဂရုမစိုက်နိုင်တော့ပေ။ သူသည် အခန်းသို့ မြန်မြန်ပြန်ပြီး စာရွက်ဖြန့်၍ စာတစ်စောင်အမြန်ရေးလိုက်၏။

တတိယနေ့တွင် သူ လုံးဝမအိပ်ခဲ့ပေ။ နေထွက်လာချိန်၌ သူသည် အိပ်ယာမှထပြီး ထိုသူ၏တုံ့ပြန်မှုကို စောင့်နေလေသည်။

ဒါပေမဲ့...

ဘာတုံ့ပြန်မှုမှ မရှိသေးပေ။

ဒုတိယနေ့ကလိုပင် ဘာမှချန်မထားခဲ့ပေ။ တစ်ယောက်ယောက် ဒီကိုရောက်လာသည်ဆိုသော လက္ခဏာလည်းမရှိပေ။

စတုတ္ထမြောက်နေ့...

ပဉ္စမမြောက်နေ့...

ရှစ်ရက်ပြည့်သွားလေပြီ။

လုဟွမ် စာများစွာရေးခဲ့လေသည်။ တစ်ချို့သည် လုံးချေခံထားရပြီး မီးရှို့ခံလိုက်ရလေသည်။ တစ်ချို့မှာမူ သေတ္တာငယ်ထဲတွင် ရှိနေပြီး ထိုသူ၏တုံ့ပြန်မှုကို စောင့်နေလေသည်။ သို့သော်လည်း ရှစ်ရက်ရှိသွားလေပြီ။ သူ သေတ္တာထဲတွင် ဘာပဲထည့်ထည့် ထိုအတိုင်းပင်။ သူကလွဲလို့ ဘယ်သူမှ မထိခဲ့ပေ။

ထိုသူသည် သူ၏ကမ္ဘာကြီးမှ လုံးဝ ပျောက်ကွယ်သွားသည့် အတိုင်းပင် ဖြစ်လေသည်။

လုဟွမ် ထိုနေ့တစ်ရက်လုံး အတွေးများနေခဲ့လေသည်။ ထိုသူသည် ဘာခြေရာမှမချန်ဘဲ ရုတ်တရက် ပျောက်သွားခဲ့သည်။ သူ ဘာနည်းလမ်းပဲသုံးပါစေ၊ သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ထိုသူ၏အကြောင်းကို ရှာမတွေ့နိုင်မည်ကိုပင် ပူပန်နေရခြင်းဖြစ်ပေသည်။ သို့သော် ယခုလိုနေ့မျိုး ဆောလျင်စွာ ရောက်လာလိမ့်မယ့်လို့ သူမထင်ပေ။ ထိုသူဘယ်သူလဲဆိုတာကို သူမသိသေးခင်မှာပင် ထိုသူသည် တိတ်ဆိတ်စွာပင် ပျောက်ကွယ်သွားသည်။

လုဟွမ်သည် ပထမနှစ်ရက်တွင် အပြင်ထွက်သေးသော်လည်း ရှစ်ရက်မြောက်နေ့တွင် သူသည် ခြံဝင်းထဲမှာ အစောင့်များနှင့် ရပ်နေလေသည်။ သူ တစ်ညလုံးမအိပ်ခဲ့ပေ။ သူသည် အခန်းရှေ့မှ လှေကားထစ်တွင် ထိုင်ပြီး သူ၏မျက်လုံးများသည် အနည်းငယ်နီနေလေသည်။ ထိုသူ ဘာလို့ ရုတ်တရက် ပျောက်သွားမှန်း သူမသိပေ။

သူ အစိုးရိမ်ဆုံးအရာသည် ဖြစ်လာပေသည်။

ထိုသူသည် ပျောက်ကွယ်သွားပေပြီ။

"မင်း ကျေနပ်ပြီလား။"လုဟွမ်သည် သူ့ဘာသာရေရွတ်လိုက်လေသည်။

သူတွေ့ဖို့တောင်းဆိုသည်မှာ စောသွားသောကြောင့် ထိုသူ့ကို ပင်ပန်းအောင် လုပ်သလို ဖြစ်သွားခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ ဒါကြောင့် ဘာသတင်းမှ မကြားဘဲ သူတို့ ရုတ်တရက် ပျောက်သွားတာဖြစ်မယ်။ ဒါမှမဟုတ် ထိုသူသည် သူ၏ပစ်မှတ်ကို ပြောင်းလိုက်ပြီး သူ့ဘက်တွင် မရှိတော့တာလည်း ဖြစ်နိုင်ပေသည်။ သူ့အစား သူတို့သည် ဒုတိယမင်းသားနှင့် တခြားလူများကို ကောင်းကောင်း ဆက်ဆံပေးလိမ့်မည်။ ထိုနေ့ညက သူ ဆောင်းငှက်တောင်မှ ပြန်လာတုန်းက သူစိတ်ဆိုးနေတာကြောင့် ဘာစာမှ ချန်မထားခဲ့ပေ။ ရလဒ်အနေနဲ့ သူသည် သူတို့၏ဆက်ဆံရေးကို အရင်ဆုံး ဖြတ်လိုက်သကဲ့သို့ ဖြစ်နေပေသည်။

ထိုသူထပ်ပေါ်မလာတော့ရင် သူဘယ်လိုလုပ်ရပါ့မလဲ။

လုဟွမ်သည် မနက်မှညထိ တစ်နေ့လုံး ဒီနေရာတွင် ထိုင်နေလေသည်။ သူသည် ခြံဝင်းပြင်ကို ကြည့်နေပြီး သူ၏မျက်နှာဟာ အမူအရာမဲ့နေ၏။ သူသည် တစ်နေရာတည်းကို ကြည့်မနေပေ။ သူ၏စိတ်ထဲတွင် ဗလာဖြစ်နေပြီး တစ်ယောက်ယောက်လာမည်ကို စောင့်နေလေသည်။ ကောင်းကင်ကြီး လုံးဝမှောင်သွားသောအခါ သူ ထရပ်လိုက်ပြီး ယုန်မီးအိမ်ကို မီးငြိမ်းလိုက်၏။ ပြီးနောက် သူလှည့်ပတ်ကြည့်ပြီး ထပ်ထိုင်လိုက်လေသည်။

သူသည် ထိုသူ ပထမဆုံးအကြိမ် ပေါ်လာသည့်အချိန်ကို တွေးနေလေသည်။ 'သူ့နောက်က သစ်သားတံခါးကို ပြန်ပြင်တုန်းက အချိန်ကလား ဒါမှမဟုတ် အဲထက် ပိုစောစောကလား။'

နောက်ပိုင်းတွင် ထိုသူသည် သူ့အား အရာအားလုံးပို့ပေးခဲ့လေသည်။ တစ်ခါက အထူးကောင်းမွန်သော ဘွတ်ဖိနပ်တစ်စုံပင်။ နောက်တစ်ခါတွင် မီးသွေးမီးဖိုဖြစ်သည်။ ပြီးနောက် အစားအသောက်ဖြစ်သည်။ သူ၏နှလုံးသားသည် ထိတ်လန့်မှုများဖြင့် ပြည့်နေ၏။ မင်းသားနင်းဖူအိမ်တော်မှ တစ်ယောက်ယောက် ထောင်ချောက်ဆင်ထားတာဟု သူသံသယဝင်ခဲ့လေသည်။ သို့သော်လည်း ထိုနေ့ညက သူ အပြင်းဖျားနေလေသည်။ သူသည် အလွန်မူးဝေနေပြီး ထိုသူ၏ကယ်တင်ခြင်းကို ခံခဲ့ရ၏။ သူ ထိတ်လန့်ပြီး သံသယဝင်ခဲ့၏။ သူ၏နှလုံးသားသည် လှိုင်းထန်နေခဲ့လေသည်။ မကြာမီပင် ထိုသူသည် သူ့အား သက်ရှည်ခေါက်ဆွဲ ပို့ပေးခဲ့သည်။ ထိုခေါက်ဆွဲသည် လုဟွမ် မွေးကတည်းက စားဖူးသမျှထဲမှာ အကောင်းဆုံးပဲ။ မကြာခင်မှာပင် သူသည် စာမှတစ်ဆင့် ထိုသူနဲ့ စတင်ဆက်သွယ်ခဲ့လေသည်။ ထိုသူသည် အမှန်တကယ်ပင် သူ့ကို စတင်တုံ့ပြန်လေသည်။ ဒါဟာ သူက တစ်ယောက်ယောက်ကို စကားပြောသည့် ပထမဆုံးအကြိမ်ပင်။

သို့ရာတွင် ယခုတွင်မူ ထိုသူသည် ထပ်မလာတော့ပေ။

လုဟွမ်၏မျက်လုံးများသည် အသက်မဲ့နေပြီး တံစက်မြိတ်အောက်ရှိ အလင်းရောင်သည် သူ၏မျက်လုံးတွေ ပေါ်သို့ မသက်ရောက် နိုင်တော့ပေ။ သူသည် မျက်လုံးတွေကို အောက်သို့နှိမ့်ချလိုက်ပြီး မြေပြင်ပေါ်သို့ ကြည့်လိုက်လေသည်။

'သူ ခြေလှမ်းမှားသွားတာလား။'

နှစ်ရက်နှင့်နေ့တစ်ပိုင်းအကြာတွင် စုရှီသည် စာမေးပွဲပြီးသွားလေပြီ။ နေ့လည်ပိုင်းတွင် သူ(မ)သည် အနုပညာတတ်ကျွမ်းမှုစာမေးပွဲကို ပြီးသွားလေသည်။ သူ(မ)သည် အဖြေစာရွက်ကို အမြန်ဖြည့်၍ စာရွက်ကို အမြန်အပ်လိုက်၏။ စုရှီသည် နှစ်ရက်လောက် သူ(မ) လိုင်းပေါ် မတက်လိုက်ရသည်ကို အလွန်စိတ်ပူနေလေ၏။ ဂိမ်းထဲတွင် ထူးထူးခြားခြား ဘာမှမဖြစ်မည်ကို သူ(မ)သိသော်လည်း သူ(မ)သည် အမြန်ပြန်ပြီး ကျိုက်ကျိုက်ကို တွေ့ချင်လှပေသည်။ ကံကောင်းစွာပင် သူ(မ)သည် စာမေးပွဲပြီးနောက် နေ့လည်ပိုင်းတွင် အနားရလေသည်။ သူ(မ)သည် အိမ်သို့ စောစောပြန်လာခဲ့၏။

သူ(မ)သည် အရင်က ဂိမ်းကို ဂိမ်းအနေဖြင့်သာ ဆော့လေသည်။ သို့ရာတွင် သူ(မ)သည် ဂိမ်းထဲမှ ဇာတ်ကောင်တွင် ကိုယ်ပိုင်ခံစားချက်များရှိနေသည်ကို ခံစားမိသောအခါ သူ(မ)မရှိသည့်အချိန်တွင် ကျိုက်ကျိုက်ဝမ်းနည်းနေမည်ကို စတင်စိတ်ပူလေသည်။

သေချာပေါက် စုရှီ အတွေးလွန်နေသည်လည်း ဖြစ်နိုင်ပေသည်။

တိုတိုပြောရရင် နေ့လည်က ကုချင်နှင့်တစ်ခြားသူတို့ သူ(မ)အား စျေးဝယ်ထွက်ဖို့ခေါ်သည်ကိုပင် ဂရုမစိုက်ခဲ့ပေ။ သူ(မ)သည် စားသောက်ဆိုင်တွင် မစားတော့ပေ။ ထိုအစား သူ(မ)သည် ဘတ်စ်ကားပေါ်သို့ တက်ပြီး အိမ်မြန်မြန်ပြန်လာခဲ့လေသည်။

သူ(မ)၏ဖုန်းသည် သူ(မ)၏မိဘအခန်းထဲတွင် ဖြစ်သည်။ စုရှီသည် သူခိုးကဲ့သို့ပင် ဖြစ်နေလေသည်။ သူ(မ)သည် မိဘများ၏ အခန်းတံခါးကို ဖွင့်ပြီး ဖုန်းကို ယူလိုက်လေသည်။

သူ(မ)၏အခန်းသို့ ပြန်ပြီး အားသွင်းလိုက်၏။

ပြီးနောက် စခရင်ကို ဖွင့်လိုက်လေသည်။

စုရှီ၏နှလုံးသည် ခုန်နေ၏။ ကျိုက်ကျိုက်အား မကြာခင်တွေ့ရတော့မှာမို့ ပျော်နေလေသည်။ သို့သော်လည်း သူ(မ)လိုင်းပေါ်တက်ပြီး မျက်နှာပြင်ကို အခန်းသို့ ပြောင်းလိုက်သည့်အခါတွင် သူ(မ)၏အပြုံးသည် ချက်ချင်း ရပ်တန့်သွားလေသည်။

'နေဦး၊ ဘာလို့ အခန်းထဲက ကြမ်းပြင်မှာ လုံးချေထားတဲ့စက္ကူတွေနဲ့ ပြည့်နေရတာလဲ။'

ဒီစာတွေသည် ကျိုက်ကျိုက် ဒီတစ်လော ရေးထားတာတွေပဲ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း သူသည် သူ(မ)ဆီမှ ဘာတုံ့ပြန်မှုမှ မရခဲ့ပေ။ ဒါဆို သူ တကယ်စာတွေ အများကြီး ရေးခဲ့တာလား။ ဒါဆို သူ ဒီတစ်ချိန်လုံး စောင့်နေခဲ့တာပေါ့။

သူ(မ)လိုင်းပေါ်မှာမရှိသည့် ရက်အတွင်း ဂိမ်းဇာတ်ကောင်သည် သူ(မ)အား စောင့်နေမည်ကို သူ(မ)မထင်ထားခဲ့ပေ။ သူ(မ)သည် ရုတ်တရက် ခါးသီးမှုကို ခံစားလိုက်ရလေသည်။ သူ(မ)သည် ဒီစာများကို ဂရုမစိုက်ဘဲ ကျိုက်ကျိုက်ကို ရှာရန် မျက်နှာပြင်ကို ခြံဝင်းထဲသို့ ပြောင်းလိုက်လေသည်။

မျက်နှာပြင်သည် ခြံဝင်းသို့ ပြောင်းသွားသည်နှင့် တံခါးရှေ့တွင် ကျိုက်ကျိုက်ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။ သူသည် သူ၏ခေါင်းကို အနည်းငယ်မော့ပြီး တံစက်မြိတ်အောက်က ယုန်မီးအိမ်ကို ကြည့်နေလေသည်။

ဒီတစ်ကြိမ်တွင် ဂိမ်းထဲမှာ မှောင်နေလေပြီ။ သူ့မျက်နှာပေါ်တွင် ကျနေသော ဖယောင်းတိုင်မီးသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေသည်။ ဘယ်သူမှ သူ၏အမူအယာကို မမြင်နိုင်ပေ။ သူ့တွင် ဘာအမူအယာမှ ရှိမနေပေ။ သို့သော် သူ၏ဆန်မုန့်လုံးလေးမျက်နှာပေါ်တွင် ဝမ်းနည်းယောင်ပေါ်နေပေသည်။ သူ၏မျက်လုံးများသည် အနည်းငယ်နီနေလေသည်။

ဘာ ဘာဖြစ်တာလဲ။

ကျိုက်ကျိုက်ဘာတွေးနေသည်ကို မသိသောစုရှီသည် စခရင်ကို အကျယ်ချဲ့၍ ကြည့်လိုက်လေသည်။ ပြီးနောက် ကျိုက်ကျိုက်၏ခေါင်းပေါ်တွင် အဖြူရောင် အတွေးပူဖောင်းလုံးလေး ပေါ်လာလေသည်။

ဒီအချိန်အတွင်း ပေါ်မလာသော စကားစုတို့သည် တစ်ခါတည်းပေါင်း၍ ပေါ်လာလေသည်။ စကားလုံးများသည် ကျစ်လျစ်ပြီး အောက်သို့ပင် ရောက်နေ၏။

"မင်းက ဒီတိုင်း ငါ့ကို အသုံးချသွားတာလား။"

ဒါဟာ ပထမဆုံးပေါ်လာသော မက်ဆေ့ချ်ပင်။ စုရှီ၏မျက်ခုံးများသည် တွန့်သွားပေသည်။ သူ(မ)သည် ငြင်းဆန်ချင်ခဲ့သည်။ ကျိုက်ကျိုက် ဘာတွေ ထပ်တွေးနေပြန်ပြီလဲ။ သို့သော်လည်း ချက်ချင်းပင် မက်ဆေ့ချ်များစွာ ပေါ်လာလေသည်။

စခရင်တွင် စာများ ပြည့်နေပေသည်။

"မင်း ထပ်မလာပြန်ဘူးလား။"

"ဆောရီး၊ ငါ မင်းကို အဲနေ့က တွေ့ဖို့ မတောင်းဆိုသင့်ဘူး၊ မင်းတော့ စိတ်ညစ်သွားမှာပဲ။"

"မင်းမတွေ့ချင်ဘူးဆိုလည်း တစ်လတစ်ခါလောက် ပေါ်လာပေးလည်းရပါတယ်။ ဒါပေမဲ့၊ မင်း..."

"မင်း ငါ့ကို အသုံးချတာပဲဖြစ်ဖြစ်၊ သနားလို့ပဲဖြစ်ဖြစ်၊ ငါ...ငါဂရုမစိုက်ဘူး။"

"ငါဝန်ခံတယ်။"

"ငါတောင်းပန်ပါတယ်၊ အဲဒီညက ငါစာမချန်ခဲ့ဖို့ မရည်ရွယ်ပါဘူး။ ငါက ဒီတိုင်း... ဒီတိုင်း သဝန်တိုလို့ပါ၊ ငါလောဘမကြီးသင့်ဘူး၊ မင်းဘယ်သူပဲဖြစ်ဖြစ်၊ ဘာလို့ပဲ ပေါ်လာပေါ်လာ၊ ထွက်လာပြီး စကားပြောပေးလို့ ရမလား။"

"ငါ အရမ်းအထီးကျန် နေလို့ပါ။"

ပြီးနောက် ထိုစကားလုံးလေးများသည် တစ်ခုချင်းစီပျောက်သွားပြီး နောက်ဆုံးစကားလုံးလေးလုံးသာ ကျန်ခဲ့လေသည်။ သူတို့သည် စခရင်ပေါ်တွင် တဖြည်းဖြည်းပေါ်လာပြီး စုရှီအား အသက်ရှူ ရပ်မတတ်ဖြစ်သွားစေလေသည်။

တံခါးရှေ့တွင် လူသေးသေးလေးသည် တစ်ယောက်ထဲ ထိုင်နေလေသည်။ အဝါရောင် ဖယောင်းတိုင်မီးကြောင့် ထင်ဟပ်နေသော သူ၏အရိပ်ကသာ သူ့ကို အဖော်ပြုနေလေသည်။ သူ၏ခြေထောက်နားတွင် ဘောလုံးတစ်လုံးလည်း ကျနေလေသည်။

သူသည် ဘာမှမပြောပေ။ ထိုစကားစုများသည် သူ၏ရင်ထဲက စကားလုံးများပင်။

သူသည် ယုန်မီးအိမ်အား အမူအယာမဲ့စွာ စိုက်ကြည့်နေသည်။ သူဘာတွေးနေလဲဆိုတာ ဘယ်သူမှမသိပေ။ ဒါပေမဲ့ သူ၏စိတ်ထဲတွင်တော့ ပြောနေလေသည်...

'သူသည် အရမ်းအထီးကျန်နေလေသည်။'

စုရှီသည် ကျိုက်ကျိုက်အား ကြည့်ပြီး အသက်ရှူရန်ပင် မေ့နေလေသည်။ ပြီးနောက် သူ(မ)မျက်လုံးများသည် မျက်ရည်ဝဲလာလေသည်။

သူ(မ)လိုင်းပေါ်မရှိချိန် ကျိုက်ကျိုက် ဘာတွေလုပ်နေမည်ဆိုသည်ကို သူ(မ)မတွေးခဲ့ဖူးပေ။ သူသည် လယ်စိုက်ရင်း သို့မဟုတ် တစ်ခုခုကို အစီအစဥ် ဆွဲနေလိမ့်မည်ဟု သူ(မ)ထင်ခဲ့သည်။ သို့သော် ဒီပြဿနာကိုတော့ သူ(မ)မတွေးဖူးပေ။ 'သူ(မ)လိုင်းပေါ်မရှိတာကြောင့် သူ့ကို သူ(မ)က မလိုချင်တော့ဘူးလို့ ကျိုက်ကျိုက်က ခံစားနေရတာလား။ သူလိုင်းပေါ်မတက်လို့ ကျိုက်ကျိုက်က သူ(မ)ကို လွမ်းနေတာလား။ သူ အရမ်းအထီးကျန်နေတာလား။'

သို့ရာတွင် ယခု သူ(မ)လိုင်းပေါ်မရှိချိန်တွင် လူသေးသေးလေးသည် အလွန်ဝမ်းနည်းနေတာကို သူ(မ)သိသွားလေပြီ။

စုရှီသည် ကျိုက်ကျိုက်အားကြည့်ပြီး သူ(မ)၏နှလုံးသားက ရုတ်တရက် တင်းကျပ်လာလေသည်။ ယခုကဲ့သို့ ပထမဆုံးအကြိမ် ဆန္ဒပြင်းပြခြင်းသည် ဂိမ်းဇာတ်ကောင်ကြောင့်သာ ဖြစ်ပေသည်။ ကျိုက်ကျိုက်ကို သူ(မ)အနောက်တွင် ရှိနေကြောင်း ပြောချင်သော်လည်း ဘာလုပ်ရမည်ကို မသိပေ။

ဒါကြောင့် သူ(မ)သည် ဆိုင်ကို ဖွင့်၍ ပတ်ကြည့်လေသည်။ သူ(မ)၏လက်ချောင်းများသည် ချက်ချင်းပင် မီးရှူးမီးပန်းများဆီသို့ ရောက်သွားလေသည်။

ပြီးနောက် နောက်တစက္ကန့်မှာပင် စခရင်ပေါ်တွင် မီးရှူးမီးပန်းဖောက်လေရာ စုရှီလန့်သွားလေသည်။

တံခါးရှေ့တွင် လုဟွမ်သည် အဆုံးမရှိသော ကောင်းကင်ကြီးကို ကြည့်နေလေသည်။ ရုတ်တရက် သူ သိပ်မဝေးသောနေရာမှ ပေါက်ကွဲသံကြားလေသည်။ မီးရှူးမီးပန်းများသည် ကောင်းကင်တွင် အရောင်မျိုးစုံဖြင့် ပေါ်လာလေသည်။ နက်နဲသောကြယ်စင်တန်းများကဲ့သို့ သူ၏ခြံဝင်းထဲသို့ ကျလာလေသည်။

ဒီလိုအရာမျိုးသည် သာမန်လူ မလုပ်နိုင်ပေ။ ဒီနေ့သည် ပွဲတော်နေ့လည်းမဟုတ်သလို စျေးထဲတွင်လည်း မီးရှူးမီးပန်းများ မရောင်းပေ။

သူ ခဏလောက်မှင်သက်နေပြီး ရင်တွေခုန်လာလေသည်။

သူ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီးနောက် ခြံထဲသို့ လျှောက်လာလိုက်လေသည်။ သူ ကောင်းကင်ကို မရေရာ၊မသေချာမှုများနှင့် မော့ကြည့်လိုက်၏။ ထိုသူပြန်လာပြီလား။

စုရှီသည် သူ၏မျက်နှာပေါ်မှ ပြောင်းလဲမှုကို တွေ့ပြီးနောက် ပို၍ပင် မျက်ရည်များဝဲလာလေသည်။

သူ(မ)သည် ဝမ်းနည်းစွာပင် လက်ချောင်းများအား ဝှေ့ယမ်းလိုက်လေသည်။ ခြံထဲတွင် လေပြေညှင်းလေးများကဖြတ်ပြေးသွားပြီး လုဟွမ်၏အဝတ်ပါးလေးအား နူးညံ့စွာ မတင်သွားလေသည်။ 'ကျိုက်ကျိုက်၊ ငါဒီမှာလေ။'

အမြဲတမ်းပဲ။

All Chapters