← Chapters

Chapter 32

Vol. 4 Ch. 32

Chapter 32

Vol. 4 Ch. 32

ခြံထဲတွင် လုဟွမ်တစ်ယောက် ‌ခေါင်းမော့ကာ မီးရှူးမီးပန်းတွေကို ကြာမြင့်စွာ ကြည့်ရှုနေရင်းမှ လည်ပင်းတွင် တင်းကျပ်လာ၏။

မီးရှူးမီးပန်းများသည် အရောင်စုံလွင်ပြီး တစ်ခုပြီးတစ်ခု အဆက်မပြတ် အချိန်ကြာမြင့်စွာ တောက်ပနေကြသည်။

မင်းသားနင်းဖူအိမ်တော်၏ ဈေးအပြင်တွင်ရှိနေတဲ့ လူများက အနည်းငယ်စိတ်ရှုပ်နေပုံပင်။ သူတို့အကုန် ဘာတွေဖြစ်နေလဲဆိုတာကို ကြည့်ဖို့ လမ်းမပေါ်ကို ပြေးထွက်လာကြသည်။ ဈေး၏ မလှမ်းမကမ်းနေရာ၌ ဆူညံသံများစွာ ထွက်ပေါ်လာခဲ့၏။ အလုပ်သမားတစ်ယောက်က "ကြည့်စမ်း! မီးရှူးမီးပန်းတွေကို ဘယ်သူ ဖောက်နေတာလဲ မသိဘူး" ဆို၍ အံ့ဩစွာအော်ဟစ်နေခဲ့သည်။

အဲဒီ ဆူညံသံ‌များသည် လုဟွမ်ကို သူ၏ ပျော်ရွှင်နေမှုမှ တဖြည်းဖြည်း ဆွဲယူလိုက်သည်။ သူ အိပ်မက်မှ နိုးထလာသည့်အတိုင်းပင်။ သူ ပတ်ချာလည်ကို မျက်စိကစားလိုက်သော်လည်း မှောင်မဲနေသည့် ညတစ်ညထပ် မပိုပေ။ ခြံဝန်းထဲမှာ လူတစ်ယောက်ပင် မရှိချေ။ သူတစ်ယောက်တည်းသာ ရှိနေသည်။ သူ့ခေါင်းပေါ်ကနေ စီးကျလာသည့် သွေးများပင် တဖြည်းဖြည်း ခြောက်သွေ့လာသည်။

သူကူကယ်ရာမရဘဲ သူ့၏ ခါးကို ကွေးညွှန့်ကာ ကျောက်တုံးတစ်ခဲကို ကောက်ယူလိုက်ပြီး ခြံဝန်းနံရံ မနီးမဝေးကို ပစ်ပေါက်လိုက်မိ၏။

မြေကြီးပေါ်‌ ကျောက်တုံးလှိမ့်သွားသံသာ ခဏတာ ကြားလိုက်ရ၏။

ပဲ့တင်သံပင် မဖြစ်ပေါ်ခဲ့ချေ။

သူ အလွန်အမင်းစိတ်လှုပ်ရှားကာ သူ့နှလုံးသားပင် တဖြည်းဖြည်း တင်းမာလာခဲ့သည်။

'ဈေးထဲမှာ တစ်ယောက်ယောက်က မီးရှူးမီးပန်းတွေကို ဖောက်လိုက်ပြီ… ဒါက အဲဒီလူ ပြန်မလာတာ ဖြစ်နိုင်တယ်'

ဒါပေမဲ့ အခုချိန် သူရှင်းရှင်းလင်းလင်း အလိုလိုသိနေတယ်။ အမြဲ အဲဒီလူလာရင် သူ့မှာ အဲဒီလို အလိုလိုသိစိတ် ရှိနေ၏။

...

သူရဲ့ဆဠမအာရုံက ဒီတစ်ခေါက် မှားနေတာများလား...။ သူ အဲလိုအရာတွေကို စိတ်ကူးယဉ်မိပြန်တာလား...။

လုဟွမ် ညကောင်းကင်ကို ငေးကြည့်နေခဲ့သည်။ လေ‌အေးအေးလေးက တဖြူးဖြူး တိုက်ခတ်နေလေသည်။ ပျော်ရွှင်မှုနောက်မှာ အေးစိမ့်နေတဲ့ ရေတစ်ပုံးက ခေါင်းပေါ်ကို လောင်းချလိုက်သကဲ့သို့ တစ်ယောက်တည်းအထီးကျန်နေ၏။

သူ ခြံဝန်းထဲ၌ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေခဲ့၏။ ရုတ်တရက် နည်းနည်း ရယ်စရာကောင်းတယ်လို့ သူခံစားလာရသည်။ သူက ပျော်ပျော်နေတတ်တဲ့ လူဆိုတာ သူသိသည်။ သို့သော် သူ လှည့်ပတ်ကြည့်ပြီး အိမ်ထဲသို့ မဝင်သေးချေ။ အဲအစား သူဝါးတောဆီသို့ ဖြေးညင်းစွာ လျှောက်သွားလေသည်။

ရယ်စရာတော့ ကောင်းတယ်။ ဒါက သူသာ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာ မဟုတ်ဘူးဆိုရင် အဲဒီလူပြန်လာလိမ့်မယ်လို့ သူထင်ခဲ့တာ...။

အဲဒီလူက သူကိုမတွေ့ချင်ဘူး။ အဲဒါကြောင့် သူဝါးတောထဲသွားပြီး ပုန်းနေမယ်။ အဲဒီလူကို စာပြန်ဖို့ အချိန်ပေးပြီးမှ ပြန်ထွက်လာမယ်။

သို့သော်ငြား.. လုဟွမ်တစ်ယောက် လမ်းကို ဖြေးဖြေးသာ လျှောက်နေပြီး ခေါင်းကို ညိတ်လိုက်၏။ သူ့ခြေဖျားလက်ဖျားများက အေးစက်နေသည်။

သူ့ခြေဖဝါး အောက်က ကျောက်တုံးကို စိုက်ကြည့်နေခဲ့သည်။ 'တကယ်လို့ အဲဒီလူသာ မလာခဲ့ရင်၊ ငါတစ်ညလုံး ဒီဝါးတောထဲ စောင့်နေခဲ့ရင်တောင် အဲဒီလူက ဘာပြန်စာမှ ထားခဲ့မှာမဟုတ်ဘူး' လို့ သူထင်ခဲ့တာ။

မီးပန်းဖောက်ပြီးတာတောင် ကျိုက်ကျိုက် မပျော်သေးပေ သူ့အတွေးများကို စုရှီ မခန့်မှန်းနိုင်တော့ဘူး။ သူ့မျက်နှာက ထပ်ပြီး မည်းမှောင်နေပြီ။ ကျိုက်ကျိုက် အိမ်မပြန်သေးဘဲ အဲအစား ခဏလောက် တိတ်ဆိတ်နေပြီးနောက် သူ ဝါးတောသို့ လျှောက်သွားလေသည်။ သူ ဘာလုပ်နေတာလဲ။

စုရှီ သူ့အတွေးများကို မခန့်မှန်းနိုင်တော့ဘူး။ သူ ဝါးတော အဆုံးထိ လျှောက်သွားနေတာကိုသာ သူ(မ) မြင်နေရသည်။ သူ ထင်းရူးဝင်းမှ ထွက်သွားတော့မဲ့အတိုင်း မရပ်တန့်ခဲ့ပေ။

သူ နေရာတစ်ခုကို ရှာတွေ့ပြီး လေးကန်စွာ ထိုင်ချလိုက်သည်။ ပြီးတော့ သူတံခါးနားမှာ ထိုင်၍ ခေါင်းကို ဖြေးညှင်းစွာ ညိတ်လိုက်ပြီး မျက်လုံးသေများဖြင့် မှိန်းမောနေခဲ့သည်။

ကျောက်တုံးပေါ်မှာ ထိုင်နေတဲ့သေးသေးလေးပုံရိပ်က ဗလာဖြစ်နေတဲ့ခံစားချက်၊ အထီးကျန်မှုများနှင့် ပြည့်နှက်နေလေသည်။

'ဘာတွေ ဖြစ်နေတာလဲ'

'ဘာလို့ ညလယ်ခေါင်ကြီး ဝါးတောထဲကို သွားတာလဲ'

စုရှီတစ်ယောက် နားမလည်ဖြစ်နေတဲ့အချိန်တွင် ကျိုက်ကျိုက်၏ မရပ်မနားလုပ်ဆောင်ချက်‌က သူ(မ)အား စိတ်ရှုပ်စေသည်။ သို့သော် သူ(မ) ခုနတင် ပစ်လွှတ်လိုက်တဲ့ မီးရှူးမီးပန်းများက ကျိုက်ကျိုက်အား သူ(မ) ပြန်ရောက်နေတာကို သတိပေးနိုင်ပုံ မပေါ်ချေ။

ကျိုက်ကျိုက် အိမ်မှာ မရှိတာကို အခွင့်ကောင်းယူပြီး သူ(မ) အမြဲတမ်းရှိနေကြောင်း မက်ဆေ့ ချန်ခဲ့လို့ရတာပဲ။

အဲဒီလိုတွေးလိုက်ပြီး ကျိုက်ကျိုက် ဘာတွေးနေလဲဆိုတာ စုရှီ ဂရုမစိုက် အားတော့ပေ။ သူ(မ) လျင်မြန်စွာ အခန်းပြောင်းလိုက်သည်။

.............

.......................ကျိုက်ကျိုက်ကို မစွန့်လွှတ်ရဘူးလား။

မဟုတ်ရင် သူ(မ) သူ့အကြိုက်ကိုပဲ အလိုလိုက်ပြီး သူကြိုက်တာ တစ်ခုခုပေးသင့်လား။

စုရှီ အိပ်ရာပေါ်မှာ လှဲလျောင်းရင်း သူ(မ)ဆံပင်များကို ဆွဲနေခဲ့သည်။ သူ(မ) မူကြိုဆရာမတစ်ယောက် ကလေးအား ချော့သိပ်ရတဲ့ အခက်အခဲလို နက်နက်နဲနဲ ခံစားနေရသည်။

'ဒါဆို ကျိုက်ကျိုက် ဘာလိုချင်တာလဲ'

'ဘယ်အရာက သူ့ကိုပျော်ရွှင်အောင် လုပ်နိုင်မလဲ'

ပြောရရင် စုရှီတစ်ယောက် ကျိုက်ကျိုက် ဘာကိုနှစ်သက်လဲ မသိပေ။ သူက တစ်ခါမှ သူ့၏ စိတ်ဝင်စားမှုကို သိသာအောင် မဖော်ပြဘူးပေ။ - ထပ်ပြောရရင် သူ့ဘက်ကနေ သူ(မ)ကို တောင်းဆိုဖူးတာ ပထမဆုံးအနေနဲ့ တစ်ကြိမ်သာ ရှိခဲ့ဖူးလေသည်။

စုရှီ အဲဒါကို မမေ့နိုင်သေးပေ။ မွေးရပ်မြေအား သတိရစေမည့် စပါယ်ရှယ် ဟင်းလျာက ဘယ်လိုဖြစ်မလဲ သူ(မ) ဆက်တိုက်တွေးတောနေခဲ့သော်လည်း သူ(မ) ထူးခြားတဲ့ ဟင်းလျာကို မစဉ်းစားနိုင်ခဲ့ပေ။ နောက်ပြီးတော့ ၂၁ရာစု မှာသာ ရှိသည့် ဟင်းလျာတွေအား ဆိုင်တွေမှာ ဝယ်ယူလို့မရနိုင်သေးပေ။

ဒါပေမဲ့ ဒီညတော့ ကျိုက်ကျိုက်၏ ဆန္ဒကို ဖြည့်ဆည်းပေးရမည့် အချိန်ဖြစ်သည်။

စုရှီ ဆိုင်ကိုဖွင့်လိုက်ပြီး ဂရုတစိုက်နဲ့ မီနူးမှတဆင့် ရှာဖွေလိုက်၏။ ဆိုင်တွင် ဟင်းလျာအမြောက်အမြား ရှိပေမယ့် အဲဒီထဲက ပင်လုံးကြိုင်ငါးကကတစ် ဟင်းလျာက သူမအာရုံအား ဖမ်းစားနိုင်ခဲ့သည်။

စုရှီက ငါးစားရတာကို အရမ်းကြိုက်သည်။ ဟင်းလျာပုံထဲ၌ ပင်လုံးကြိုင် ပန်းပွင့်များကို ဖြူဖွေးသော ငါးဗိုက်သားပေါ်၌ ဖြူးထားလေသည်။ အဝါရောင်၊အဖြူရောင်များက ဟင်းလျာကို လတ်ဆတ်ပြီး အရသာရှိပုံ ထင်ဟပ်စေသည်။ ပြီးတော့ အခုဂိမ်းထဲတွင် ဆောင်းနှောင်းပိုင်းနှင့် နွေဦးအစပိုင်းဖြစ်သည်။ စက်တင်ဘာလတွင် ပင်လုံးကြိုင်ပန်းပွင့်များ မရှိသည်မှာ အသေအချာပင်။ အဲဒါကြောင့် အတော်လေး ထူးခြားတဲ့ဟင်းလျာပင်။

ပြီးတော့ အဲဒါက စုရှီ၏ မွေးရပ်မြေ ဟင်းလျာလို့လည်း မှတ်ယူနိုင်သည်။

စုရှီ လျင်မြန်စွာ အစားသောက်ဘူးကို ဝယ်လိုက်ပြီး ပင်လုံးကြိုင်ငါးကကတစ်ကို ထည့်လိုက်သည်။ ပြီးနောက် သူ(မ) ဘယ်ပြန်ဘာညာပြန် ကြည့်ရှုပြီး တခြားသော ဟင်းလျာများအား ရွေးချယ်ခဲ့သေးသည်။

လုဟွမ် ဝါးတောထဲက ကျောက်တုံးပေါ် ထိုင်နေပြီး စိတ်ရှုပ်ထွေးနေရှုံသာမက ကြောက်ရွံ၍ တစ်ပြိုင်နက်တည်း စိတ်ပျက်မှုကိုပါ ခံစားနေရသည်။ မီးရှူးမီးပန်းတွေ ဖောက်လွှတ်နေသည့် ညကောင်းကင်ပြင်ကြီးကို သူကြည့်နေခဲ့သည်။ အခုတော့ ဗလာနတ္တိဖြစ်နေသည့် ညတစ်ညသာ ကျန်ခဲ့တော့သည်။ သူ ထင်ယောင်ထင်မှား ဖြစ်နေတယ်ဆိုတာ သေချာသလောက်ပင်ဖြစ်နေပြီ။ အဲဒီလူက မီးရှူးမီးပန်းတွေကြောင့် ပြန်လာလိမ့်မယ် ဆိုပြီးတော့ သူသေချာပေါက် တွေးနေခဲ့တာ ။

သို့သော် သူ့နှလုံးသားတစ်ခုလုံး ပြိုလဲသွားတဲ့ တစ်ခဏ ဆောက်တည်ရာမရဘဲ မျှော်လင့်ချက်တွေလည်း တဖြည်းဖြည်း ပျောက်ကွယ်လာလေသည်။

'အဲဒီလူ ပြန်လာတာ တကယ်မဖြစ်နိုင်တော့ဘူးလား'

လုဟွမ်၏စိတ်ထဲတွင် ရှုပ်ပွနေပြီး သူ့အတွေးများက ရိုင်းစိုင်းလာသည်။

အဲဒီအချိန်မှာဘဲ တံခါးနားကနေ လုပ်ရှားမှုတချို့ကို သူကြားလိုက်ရသည်။

ဝါးတောက တံခါးနဲ့အဆထောင်ချီ ဝေးလံနေပြီး ပတ်ပတ်လည်က အပ်ကျသံပင်ကြားနိုင်တဲ့အထိ တိတ်ဆိတ်နေသည်။ လုဟွမ် စိတ်အားထက်သန်စွာ မျက်ခြေမပြတ် အသံကိုနားစွင့်နေခဲ့ပြီး ချက်ချင်းပင် ပေါ့ပါးတဲ့လုပ်ရှားမှုကို သူကြားလိုက်ရသည်။

_ _ 'ခြံဝန်းထဲက ‌သစ်ကိုင်းခြောက်တွေ ကြွေကျတာများ ဖြစ်နိုင်လား'

ဘာပဲဖြစ်ဖြစ် ၊ လုဟွမ် ချက်ချင်းပင် ရပ်လိုက်သည်။ သူနောက်ကျ စိတ်ပျက်ရမည်ဆိုရင်တောင် ဂရုမစိုက်တော့ပါ။ သူ့၏ အသက်မဲ့နေသည့် နှလုံးပင် လျင်မြန်စွာ ခုန်ပေါက်လာခဲ့သည်။ သူတံခါးဆီသို့ မပြေးရုံတမယ် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလိုက်၏။ သူပြေးနေတာကြောင့် လေအေးများ တိုးဝှေ့နေပြီး သူ့အဝတ်များက လွင့်မြောနေသည်။

သူ အိမ်ထဲသို့ အပြေးအလွှား ပြန်သွားလိုက်သည်။ သူ၏ နက်မှောင်တဲ့ ဆံရှည်များပင် လေကြောင့် ရှုပ်ပွနေခဲ့သည်။ အိမ်ထဲမှာ ဘယ်သူမှမရှိတာကို တွေ့လိုက်ရသည်။ အရာအားလုံးရှင်းလင်းနေသည်။ သူ့နှလုံးသားတွင် တောက်လောင်နေသော ခါးသီးမှုနဲ့ စိတ်ပျက်မှုကို မြိုသိပ်ကာ စားပွဲကို တည်ငြိမ်စွာ ကြည့်ရန် ကြိုးစားလိုက်သည်။

စားပွဲပေါ်၌....

ရှစ်ရက်ကြာမြင့်ပြီးနောက် ၊စားပွဲပေါ်၌ တခြားအရာတွေအများကြီး ရှိနေတယ်။

လုဟွမ်၏ နှလုံးက အရိုင်းဆန်စွာ ‌ခုန်ပေါက်နေခဲ့ပြီး သူ့မျက်လုံးများကိုပင် မယုံနိုင်ချေ။

'အဲဒီလူ ပြန်လာတယ်...'

'အဲဒီလူ ပြန်လာတာလား'

' အဲဒီလူ ပြန်လာပြီ!!! '

သူထင်ခဲ့တာ အဲဒီလူ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ၊ ဒါပေမဲ့ မီးရှူးမီးပန်းတွေအပေါ် သူ့အထင်နဲ့ တက်တက်စင်လွဲမှားခဲ့သည်။

'အဲဒီလူကပဲ ‌အဲဒါတွေ ဖောက်လွှတ်ခဲ့တာပေါ့။ '

သူသိခဲ့နေတယ်။ သူ့မှာ ရှင်းလင်းပြတ်သားစွာ တိတိကျကျ သိနိုင်တဲ့ ဆဠမအာရုံက သူ ပြန်လာလိမ့်မယ်လို့ အသိပေးနေခဲ့တာလေ!

လုဟွမ် သူ့ကိုယ်သူ သကြားလုံး ပျောက်သွားတဲ့ကလေးငယ်က သူ့ရဲ့အဖိုးတန် သကြားလုံး ပြန်ရှာတွေ့လိုက်တာနဲ့ တူတယ်လို့ ခံစားလိုက်ရသည်။ သူ့ဘဝမှာ တစ်ခါမှ ဒီလိုမပျော်ရွှင်ခဲ့ရဖူးပေ။

မှောင်မိုက်သောည၌ မီးပြတိုက်တစ်ခု ထွန်းညှိထားလိုက်လို့ နက်မှောင် မြင်သာလာသကဲ့သို့ တခဏအတွင်း သူ့၏မှောင်မိုက်နေသော မျက်လုံးများ တောက်ပလာသည်။

သူ့နှလုံးက လည်ချောင်းကနေ ခုန်ထွက်လာတော့မလို ကဆုန်ပေါက်နေသည်။ သူ့မျက်နှာဟာလည်း ချက်ချင်း သွေးရောင်လွှမ်းလာ၏။ စားပွဲဆီသို့ အလျင်မြန်လျှောက်သွားရင်း သူမျက်လုံးတွေပင် ရဲတွန့်နေလေသည်။

စုရှီ အပြင်ကနေ ကျိုက်ကျိုက်၏ ဖုံးဖိမရအောင် ပျော်ရွှင်နေမှုနှင့် စိတ်လှုပ်ရှားနေမှုကို တွေ့လိုက်ရသည်။ သူ(မ) သက်ပြင်းချလိုက်၏။

အိမ်နဲ့နီးပေမယ့် သူတို့အချင်းချင်း ပြန်မတွေ့ရတာ အချိန်အတော်ကြာမြင့်ခဲ့ပြီမို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လုဟွမ်တစ်ယောက် ဒီနေ့ ပေးပို့လာတဲ့ အရာတွေကို သူ့လက်ထဲမှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး လက်မလွှတ်ချင်ဘူးဖြစ်နေလေသည်။ အဲဒါတွေ သူ့ဘေးနားတွင်သာ ရှိနေသော်လည်း သူ ဖွင့်မကြည့်ရဲပေ။

ဒီနေ့ ပစ္စည်းတွေ ပို့ပြီးရင် အဲဒီလူက အကြာကြီး ပျောက်သွားမှာကို သူကြောက်နေခဲ့သည်။

စားပွဲပေါ်မှာ သစ်သားဘူး သုံးဘူး ရှိသည်။

လုဟွမ် သူ့နှလုံးသားခုန်သံကို ထိန်းချုပ်မြိုသိပ်ပြီး သူ့ကိုယ်သူ့ဖြေသိမ့်ကာ ပထမဆုံးဘူးကို ဖွင့်ကြည့်လိုက်သည်။

အထဲတွင် မီးရှူးမီးပန်းများဖြင့် ပြည့်နှက်နေ၏။

မီးရှူးမီးပန်း ပုံသဏ္ဍာန်တွေက အင်မတန်မှ ထူးခြားသည်။ အဲဒါတွေက လမ်းပေါ်မှာ အလွယ်တကူ ဝယ်ယူလို့ရသည့် မီးရှူးမီးပန်းများနှင့် မတူချေ။

လုဟွမ် အလွန်အမင်း ပျော်ရွှင်နေသည်။ သူသေချာကိုင်ဖို့ အစွမ်းကုန် ကြိုးစားနေသော်လည်း သူ ဒီညတွင် သေချာမကိုင်ထားနိုင်ပေ။ ဘာဘဲဖြစ်ဖြစ် သူ့ဘေးမှာ ဘယ်သူမှ မရှိသည့်အတွက် အဲဒါကို ဖွက်ထားစရာမလိုပေ။ နောက်ဆုံးတွင် သူမထိန်းနိုင်ဘဲ အဲဒါတွေပေါ် လက်ရောက်သွားသည်။

ဒုတိယဘူး...

လုဟွမ် ပထမတစ်ဘူးကို ဖွင့်တုန်းက ထက်ပင် ပိုမိုနှေးကွေးစွာ ဖွင့်လိုက်သည်။ သူအနည်းငယ် ဝန်လေးနေလို့ ဖြစ်ပါလိမ့်မည်။

ညင်သာစွာ ဖွင့်ပြီးနောက် အစေ့တွေ ထည့်ထားတဲ့ အိတ်တစ်အိတ်ကို သူတွေ့လိုက်ရသည်။ အဲဒါတွေဆီက ရနံ့သင်းသင်းလေး ထွက်ပေါ်လာခဲ့သည်။ အဲဒါက သစ်တော်ပင်အစေ့တွေလို့ ထင်တယ်။

'အဲဒီလူ ဘာကိုဆိုလိုတာလဲ။'

'လွန်ခဲ့တဲ့ ရှစ်ရက်လုံးလုံး ချိန်းဆိုတာကို မလာခဲ့တာက သစ်တော်ပင် မရှိလို့လား။ သူ့ကို သစ်တော်ပင်တစ်ပင် စိုက်စေချင်တာလား။'

လုဟွမ် အဲဒီလူရဲ့ ရည်ရွယ်ချက်ကို နားမလည်သော်လည်း သူနှလုံးသားထဲထိ လှိုက်လှိုက်လှဲလှဲ ပျော်နေမိသည်။ အဲဒါက သူ အဖိုးတန်တဲ့အရာ တစ်ခုခုကို ထိတွေ့လိုက်ရသလိုပင်။ သူ့မျက်လုံးတွေက မီးတောင်ကျောက်လိုပင် ‌နက်မှောင် တောက်ပနေသည်။

သစ်တော်စေ့များကို ယူပီး သူ့နှာသီး‌လေးဖြင့် ရှူရှိုက်လိုက်သည်။

‌နောက်ဆုံးတစ်ဘူးပဲ ကျန်တော့သည်။

လုဟွမ်ကြည့်ရတာ ကလေးငယ်လေးက သူ့အကြိုက်ဆုံးလက်ဆောင်ကို ဖွင့်ဖောက်နေတာနဲ့တူနေ၏။ နောက်ဆုံးဘူးကိုဖွင့်လိုက်သည့်အခါ အရင်ကထက်ပင် ဝန်လေးနေခဲ့သည်။

သူ ဘူးကိုအကြိမ်ပေါင်းများစွာ ကြည့်နေခဲ့‌ပြီး သူ့မျက်လုံးထောင့်စွန်းနဲ့ မျက်ခုံးတွေကနေတဆင့် ပျော်ရွှင်မှုကို မပြသမိစေရန် ထိန်းချုပ်နေခဲ့သည်။ သူစာရွက်နဲ့မှင်တံကို လျင်မြန်စွာ ဖြန့်ခင်းပြီး စုတ်တံကို မှင်အိုးထဲနှစ်ပြီး စက္ကူပေါ်တွင် စုတ်တံထိပ်ဖျားကို တင်လိုက်သည်။

လုဟွမ် သူ့မျက်နှာကို ဘယ်လက်ဖြင့် ပွတ်သပ်လိုက်ပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ကြိုးစားပြီးနောက် သူစာတိုတစ်စောင်ကို စရေးရန် ကြိုးစားလိုက်လေသည်။

သူ ရေးနေသော်လည်း သူ့နှုတ်ခမ်းစွန်းတွေက နားရွက်တပ်မချိတ်တမဲ့ ပြုံးနေခဲ့သည်။

စုရှီသည် သူ၏စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှု ထိန်းထားနိုင်ခြင်းမရှိသည်ကို ပထမဆုံးအကြိမ် တွေ့လိုက်ရခြင်းဖြစ်သည်။ အဒေါ်ကြီးတစ်ယောက်လို ပြုံး‌နေပြီး သူ့မျက်နှာထားကို ထိန်းထားရုံမှတစ်ပါး မတတ်နိုင်ပေ။

ထို့နောက် သူဘာရေးနေလဲဆိုတာကို တွေ့လိုက်ရသည်။

" ငါ မင်းကို မတွေ့ရတာ ရှစ်ရက်တောင်ရှိသွားပြီ။ မင်းခရီးရှည်သွားနေတယ်လို့တောင် ထင်ခဲ့တာ... စိတ်ရှည်ရှည်နဲ့ မင်းပြန်လာမှာကို စောင့်နေတယ် ငါအလျင်မလိုဘူး"

စုရှီ : ...

'မင်းပြောတာ မင်းခန့်မှန်းခဲ့တယ်။'

'မင်း‌စိတ်ရှည်ရှည်နဲ့ ငါ့ကိုစောင့်နေခဲ့တယ်။'

'မင်းအလျင်မလိုဘူးလို့ပြောတယ်။'

'ကျိုက်ကျိုက် မင်းအသိစိတ်ကို ထိန်းပြီး ‌ပြန်ပြောကြည့်စမ်းပါဦး။ ခုနလေးတင် တံခါးနားမှာ ထိုင်ငိုနေတဲ့ မျက်ရည်အိတ်က ဘယ်သူလဲ။'

သူရေးပြီးတဲ့နောက် ၊ မျက်ရည်အိတ်လေး ကြည့်ရတာ သူ့ရှင်းပြချက်တွေကို စိတ်ကျေနပ်မှုရသွားသလိုပဲ။ သူက စာရွက်ကို ခေါက်ပြီး ထုံးစံအတိုင်း စားပွဲခြေထောက်ပေါ်ရှိ သစ်သားသေတ္တာငယ်လေးထဲသို့ ထည့်လိုက်လေသည်။

သူ ရုတ်တရက် တစ်ခုခုကို တွေးမိပြီး လှည့်ကြည့်ကာ အလောသုံးဆယ် မြေကြီးပေါ်မှာ ရှုပ်ပွနေတဲ့ စာတိုတွေကို ကောက်ယူလိုက်သည်။ သူလက်မောင်းနဲ့ အကုန်လုံးကို သိမ်းကြုံးယူလိုက်ပြီး ဖယောင်းတိုင်မီးနဲ့ တစ်ရွက်ပြီးတစ်ရွက် မီးရှို့လိုက်တယ်။ သူ့မျက်နှာက ရှက်ရွံ့မှုကြောင့် အနည်းငယ်ရဲနေခဲ့သည်။ ... အဲဒီလူ သေချာပေါက် မမြင်ဘူး...

စုရှီ တကယ်လည်း မမြင်လိုက်ရပေ။ သူ(မ) စိုးရိမ်သောကရောက်နေခဲ့သည်။ သူ(မ) အခု လက်ဆောင်ကို ပြင်ဆင်ဖို့ အလုပ်များနေခဲ့ပြီး ကျိုက်ကျိုက် ဒီရက်တွေမှာ ရေးထားတဲ့စာကို အခုထိ မဖတ်ရသေးချေ။

ကံမကောင်းစွာနဲ့ သူ(မ) မြင်ခွင့်မရှိတော့ပေ။ အကုန်လုံး မီးရှို့ခံလိုက်ရပြီ။

သူ(မ):"..."

စာတိုတွေအကုန် မီးရှို့ပြီးနောက် လုဟွမ်တစ်ယောက် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့ကြည့်ရတာ တစ်ခုခု ပြောစရာရှိသည်ပုံအလား စာတစ်စောင် ထပ်ရေးပြန်သည်။

"ဘာပဲဖြစ်ဖြစ် ၊ ငါလည်း အနာဂတ်မှာ အချိန်ကြာကြီး ထွက်သွားရမယ်ဆိုရင် ၊ မင်းလုပ်နိုင်မလား..."

သူစာကို ရေးလို့မပြီးခင်၊ မသင့်လျော်ဘူးလို့ ခံစားလာရသည့်အတွက် စာရွက်ကို လုံးခြေလိုက်ပြီး မီးရှို့လိုက်ပြန်သည်။

လုဟွမ် စာရွက်အလွတ်ကို ကြည့်ရင်း အနည်းငယ် တုန်လှုပ်နေသည်။ အနာဂတ်တွင် ထိုလူက သဲလွန်စမရှိဘဲ ရုတ်တရက် ပျောက်ကွယ်သွားစေရန် သူ မလိုလားပေ။ အခုတစ်ကြိမ်တွင် တောင်းဆိုမှုတစ်စုံတစ်ရာ ပြုလုပ်ပါက တွေ့ဆုံရန် နောက်ဆုံးအကြိမ် တောင်းဆိုမှုအတိုင်း ဖြစ်သွားမည်ကို စိုးရိမ်နေလေသည်။ ဒါက အဲဒီလူ စိတ်မရှည်ဖြစ်သွားစေနိုင်သည်။

ဘာပဲဖြစ်ဖြစ် သူ ဒီအကြောင်းကို အနာဂတ်မှာ ပြောလို့ရတာပဲ။ ထိုလူက ဘယ်သူလဲဆိုတာ သဲလွန်စမရခင် ထိုလူကို ထာဝရ ပျောက်ကွယ်သွားခွင့် မပေးနိုင်ပေ။ အဲဒါကြောင့် သူရေးတဲ့ မှတ်စုတွေကို သတိထားရမည်။

အခု သေတ္တာတစ်ခုသာ ဖွင့်ဖို့ကျန်တော့သည်။

သူ ဝန်လေးနေသော်ငြားလည်း၊ သူ့မျက်လုံးစွန်းတွေက ရေးတေးတေး ပြုံးနေသေးသည်။ သူ့လက်တွေကို သေတ္တာအဖုံးမှာ ခေတ္တကိုင်ထားပြီးနောက် သူ ဖွင့်ကြည့်လိုက်သည်။

သူ ဖွင့်ပြီးတဲ့နောက် ဟင်းလျာရဲ့ ရနံ့က သူ့နှာခေါင်းထဲ တိုးဝင်လာပြီး ရေနွေးငွေ့တွေက အတွင်းထဲကနေ ထွက်လာသည်။

လှပသည့် ကြွေပန်းကန်ပြားပေါ်မှာ ငါးက နှင်းကဲ့သို့ ဖြူဖွေးအိစက်နေပြီး ကြက်သွန်မြိတ်တွေက နူးညံ့ပြီး အစိမ်းရောင်ဖြစ်နေသည်။ ပင်လုံးကြိုင်ပန်းပွင့်တွေဖြင့် အလှဆင်ထားပြီး ငန်းဝါရောင်က အလွန်တရာပင် ဆွဲဆောင်မှုရှိနေသည်။

လုဟွမ်၏ အမူရာ အေးခဲသွားသည်။

'ဒါက... ဟင်းပွဲ'

သူရုတ်တရက် တစ်စုံတစ်ခုကို မှတ်မိသွားသည်။ အဲဒီနေ့က သူ့မွေးရပ်မြေကနေ ဟင်းလျာ တစ်ခု တောင်းဆိုခဲ့တာသည်။ သူသေချာ‌ပေါက် ရေးပြီးတာနဲ့ အဲဒီစာကို ချက်ခြင်း မီးရှို့ခဲ့လိုက်သည်။

'အဲဒီလူ၊ သူဘယ်လို...'

'အဲဒီလူ တကယ်တော့...ဖြစ်နိုင်လား...'

လုဟွမ် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး အဲဒီလူရဲ့ ပုံသဏ္ဍာန်ကို အသေးစိတ်တောက်လျှောက် ပုံဖော်နေမိသည်။

သူ့ဆီ ပစ္စည်းတွေ လာပို့ဖို့ ညတိုင်း သဲလွန်စ မရှိဘဲ လာခဲ့တယ် ဆိုတဲ့ အချက်ကို ဘေးဖယ်ထားလိုက်ရင် ထိုသူသည် မှော်အစွမ်းတွေရှိပြီး စက်ယန္တရား တတ်မြောက်သည့်လူ ၊ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် အခြားသော အသေးစိတ်အချက်တွေ ရှိနေခဲ့သည်။

ဥပမာအားဖြင့် ဝက်သားနီဟင်းလျာက ချက်ချင်းပေါ်လာပြီး ချက်ချင်း ပြန်ပျောက်ကွယ်သွားခဲ့တာ၊ အဲဒီနေ့မှာလဲ နားမလည်နိုင်စွာ ပေါ့ပါးလာသည့် စမ်းချောင်းဘေးမှ ‌ရေပုံး၊ ပြီးတော့ အဲဒီစာလုံးတွေကိုလည်း အကြောင်းပြချက်တချို့ကြောင့် ချန်ထားလို့ မရဘူး။

ဒီအချက်များသည် တစ်ခုနဲ့တစ်ခု ဆက်စပ်နေသည်။ သူ့အရှေ့မှ ဟင်းပွဲကို ကြည့်ရင်း လုဟွမ် အသက်ရှူသံတွေ တဖြည်းဖြည်း မြန်ဆန်လာသည်။

သူဘယ်တော့မှ သဘာဝလွန် စွမ်းအားများနှင့် နတ်ဘုရားတွေကို မယုံကြည်ခဲ့ဘူး။ ထိုအရာများသည် လုပ်ကြံဇာတ်လမ်းသာသာ များဟုသာ သူထင်ခဲ့သည်။

'ဒါပေမဲ့ အဲဒီလူက ဖြစ်နိုင်တာ...၊ ဖြစ်နေမလား...'

စုရှီ ကျိုက်ကျိုက်တစ်ယောက် စားပွဲရှေ့မှာထိုင်နေပြီး အချိန်အကြာကြီး ကြောင်စီစီ ဖြစ်နေတာကို မြင်နေရသည်။ ပြီးတော့ သူ့မျက်နှာပေါ်မှာ သံသယ အချို့ရှိနေသည်။

သူ့ခေါင်းပေါ်ကနေ အဖြူရောင်အတွေး ပူဖောင်းကြီး ထွက်လာပြီး အပေါ်ကနေ မေးခွန်းသင်္ကေတ အကြီးကြီး ရှိနေသယောင်ပင်။

သူ့အတွင်းစိတ်ကနေ စကားပြောနေသည်။

'မင်းက... သရဲလား မဟုတ်ရင်...နတ်ဘုရားလား...။'

စုရှီ မျက်ခွံများတွန့်သွားသည်။ သူ အလွန်ကြောက်လန့်ပြီး အိပ်ရာပေါ်ကနေတောင် ပြုတ်ကျမလို ဖြစ်နေပြီ။

နေဦး ‌၊နေဦး ကျိုက်ကျိုက်က သူ(မ)ပုံစံကို သိဖို့အလွန်နီးစပ်နေပြီ။

'ဖာခ့်'. သူ(မ) အကြည့်တွေက ပန်းကန်ကို ကြည့်လိုက်ပြီး ဘယ်ဟာက ပြဿနာလဲဆိုတာ သတိထားမိ သွားသည်!

ကျိုက်ကျိုက် အဲနေ့က သူ(မ)အတွက် စာမချန်ခဲ့ပေမဲ့ သူ(မ)မြင်လိုက်သည်။ သူ သေချာပေါက် အဲတာကို သံသယ ဖြစ်နေလိမ့်မယ်!

'သူကြောက်နေတာတော့ မဟုတ်လောက်ပါဘူးနော်!'

ဒါပေမဲ့ ကျိုက်ကျိုက် မျက်နှာမှာ သံသယများဖြင့် ပြည့်နှက်နေသော်လည်း ကြောက်လန့်နေတာကို မတွေ့ရပေ။ အဲဒီအစား...

အဲဒီအစား သူ့မျက်လုံးထောင့်များ၌ ပျော်ရွှင်မှု အလင်းရောင် ဖျော့တော့စွာ ပေါ်လာလေသည်။

အဆုံးမရှိမှောင်မိုက်သော ညကောင်းကင်ကို မော့ကြည့်ကာ နှုတ်ခမ်းကို ဖိထားလိုက်သည်။ သူ့လက်ချောင်းများက အနည်းငယ် တင်းတင်းကျပ်ကျပ် ဖြစ်နေခဲ့သည်။

သူ့မျက်လုံးထဲမှ အလင်းရောင်မှိန်ဖျော့ဖျော့က ထိုလူသည် အခြားလူများ.. မမြင်နိုင်၊ မထိရနိုင်သော သူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။ သူသာလျှင် ထိ‌တွေ့‌နိုင်၊ ပိုင်ဆိုင်နိုင်သည့်...

All Chapters