← Chapters

Chapter 36

Vol. 4 Ch. 36

Chapter 36

Vol. 4 Ch. 36

လုဟွမ်က သူ့ခံစားချက်ကို ထုတ်မပြသော်လည်း သူ့ဘေးနားမှာ ဝိညာဉ်ကို တွေ့ရဖို့ တစ်နေ့လုံး မျှော်လင့်နေခဲ့လေ၏။

ယခုတွင် သူ(မ) နောက်ဆုံးတော့ရောက်လာခဲ့ပြီး သူ့အပြင် မည်သူမျှမသိချေ။

သူဟာ မည်သူနှင့်မျှ မမျှဝေချင်တဲ့ လျှို့ဝှက်ပျော်ရွှင်မှုတစ်ခုကို သိမ်းထားဟန် ရှိသည်။ သူ့နှုတ်ခမ်းများသည် မထိန်းချုပ်နိုင်ဘဲ အနည်းငယ်ကွေးတက်သွားသည်။

သူရုတ်တရက် တစ်စုံတစ်ခုကို တွေးမိပြီး နောက်မှ အစေခံများကို ကြည့်လိုက်လေသည်။ အပြာရောင်ကျောက်တုံးလမ်းဟာ အလွန်ကျဉ်းမြောင်းပြီး သစ်တော်ပင်၏ အကိုင်းအခက်များသည် နှစ်ဖက်နှစ်ချက်စလုံးကို ဖြန့်ကားနေ၏။

လူတစ်ယောက်သာ ဖြတ်သွား၍ရပေ၏။ သူ(မ) သူ့နောက်က လိုက်လာလျှင် ဒီအစေခံများကို ဖြတ်သွားရမှာ သေချာလေသည်။

လုဟွမ်၏ နှလုံးသားထဲတွင် ပိုင်ဆိုင်လိုစိတ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာလေသည်။

ရုတ်တရက် သူသည် သူ(မ) လမ်းလျှောက်နိုင်စေရန် သူ့နောက်မှ အစေခံများကို ခြေလှမ်းကျဲကြီးများဖြင့် အကွာအဝေးတစ်ခု ခြားလိုက်လေ၏။

သူ့နောက်မှ အစေခံများ "...?"

သခင်လေးသုံး ဘာကြောင့် ရုတ်တရက်မြန်မြန်လျှောက်သွားတာလဲ။

သူ့နောက်မှ အစေခံများသည် သူ့ကိုဘယ်လို မျက်နှာလုပ်ရမလဲဆိုတာ စဉ်းစားနေကြလေသည်။ အခု သူတို့ကို ရုတ်တရက် ခွာလျှောက်သွားတော့ သူတို့လမ်းလျှောက်တာနှေး၍ မကျေနပ်တာဟု ထင်နေကြလေ၏။ သူတို့စိတ်ပူကာ နှဖူးပေါ်တွင် ချွေးစေးများကျလာပြီး အမြန်ပြေးလိုက်ကြသည်။

လုဟွမ် "..."

စခရင် ပြင်ပတွင် စုရှီက ကျိုက်ကျိုက်ဟာ သူ့လက်ဖဝါးထဲမှ သစ်တော်ပန်းပွင့်ဖတ်များကို ပျော်ရွှင်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ရုတ်တရက် သူ့ခြေတံတိုလေးများနှင့် မြန်မြန်လျှောက်သွားနေတာကို တွေ့လိုက်ရလေသည်။ ရုတ်ချည်း သူ့နောက်မှ အစေခံများနှင့် ပြိုင်ပွဲ‌ဝင်နေလေ၏။ သူ့တွင် OCD ရောဂါရှိသလို သူ့နောက်မှ အစေခံများနှင့် အကွာအဝေးကို အတင်းထိန်းထားဖို့ ကြိုးစားနေ၏!

သူ့နောက်မှ အစေခံများ လိုက်လာကြတာကို တွေ့လိုက်သောအခါ သူ့မျက်နှာကို ရှုံ့မဲ့လိုက်ပြီး စိတ်မကျေနပ်စွာ နောက်မှအစေခံတွေ လုံးဝခွာသွားတဲ့အထိ ပိုမြန်မြန်လျှောက်လိုက်သည်။

...???

စုရှီ အံ့အားသင့်သွားသည်။

လုဟွမ်က မိန်အန်းယွမ်ကို ပထမဆုံးလာတာ မဟုတ်ပေမယ့် ဒီတစ်ကြိမ်တွင်တော့ အစေခံအားလုံးထဲတွင် ရိုသေလေးစားဆုံးသောသူ ဖြစ်၏။

အထူးသဖြင့် လုဝမ်ရှို့ခေါ်လာသော အစေခံတွေပင်။ သူတို့က နီရဲနေတဲ့နံရံတွေနဲ့ စိမ်းပြာရောင်ခေါင်မိုးရှိတဲ့ မိန်းခန်းမရှေ့ ရပ်နေကြသည်။ သူ့ကိုမြင်သောအခါ တစ်ကိုယ်လုံးတုန်ရီကာ မြေကြီးထဲတွင် ခေါင်းများ မြှုပ်ထားချင်ဟန်ဖြင့် ခေါင်းငုံ့သွားကြလေ၏။ အတိတ်ကဖြစ်ခဲ့သော အရာများအတွက် သူလက်‌စားချေမည်ကို ကြောက်နေကြသောပုံ‌ပင်။

လုယီအန်းနှင့် လုဝမ်ရှို့ ညီအစ်ကိုနှစ်ယောက်တွင်တော့ တစ်ယောက်က သူ့ခြေထောက်အကျိုးကို သစ်သားချောင်းဖြင့် ချည်ထားပြီး တစ်ယောက်က အအေးဒဏ်ကြောင့် ဝမ်းလျှောနေ၏။ ထိုမြင်ကွင်းကို မြင်သောအခါ သူတို့၏စိတ်ခံစားချက်များ အလွန်ရှုပ်ထွေးသွားသည်။

သခင်မကြီးသည် ဂုဏ်ပြုခန်းမတွင် ထိုင်နေလေသည်။

သခင်မကြီးရှေ့တွင်တော့ သခင်မနင်းနှင့် လုယီအန်းတို့သည် သူတို့၏တည်ငြိမ်မှုကို မနည်းထိန်းထားနေရသည်။

သို့သော် လုဝမ်ရှို့သည် သူ့စိတ်ထဲမှ မနာလိုမှုကို ထိန်းမထားနိုင်ချေ! သူ့မျက်နှာပေါ်မှ ခံစားချက်သည် အလွန်ဆိုးရွားနေသည်။ လုဟွမ်အခန်းထဲကိုဝင်လာချိန်မှ ထိုင်ချလိုက်သည့်အချိန်ထိ အံကြိတ်ကာ စိုက်ကြည့်‌လေသည်။

သူ့အရည်အချင်းတွေက ဘယ်တုန်းကမှ မပြည့်စုံခဲ့ဘူး။ သူ ဒီမျိုးမစစ်ကောင်ကို ရှုံးတာပြဿနာမရှိ‌ပေမယ့် သူ့အစ်ကိုကြီးကပါ ဘာလို့ရှုံးရတာလဲ!

‘သခင်မကြီးရဲ့ရောဂါကိုကုဖို့ နတ်ဆေးဆရာကိုတောင် ရှာ‌တွေ့နိုင်ခဲ့တယ်။ အဲဒီအချိန်ကစပြီး သခင်မကြီးက သူ့ကိုခွဲခြားဆက်ဆံခဲ့တာ!’

‘ဒါတင်မကသေးဘူး ဒီအခွင့်အရေးကို အသုံးချပြီးတော့ အုပ်စုလိုက်အမဲလိုက်ပွဲမှာ ပထမဆုရခဲ့သေးတယ်! အဲဒီနှင်းဝံပုလွေကလည်း အအေးမိနေလို့ သူက‌ကြွက်သေကို ဝင်တိုးမိတဲ့ ကြောင်လေးဖြစ်သွားတာ ဖြစ်မယ်။ သူနဲ့အစ်ကိုကြီးသာ သွားဖြစ်ရင် သူ့အတွက်ဘာဝေစုကျန်မှာလဲ’

‘ဒီမျိုးမစစ်ကောင်ရဲ့ကံက အရမ်းကောင်းတာပဲ။ ကောင်းကင်ဘုံကတောင် သူ့ကိုကူညီပေးနေသလိုပဲ။ အချိန်တစ်ခဏအတွင်းမှာတင် မျိုးမစစ်ကောင်ကနေ နင်းဖူမင်းသားတောင် လျစ်လျူမရှုနိုင်အောင် ဖြစ်သွားတယ်!’

လုဝမ်ရှို့၏ မျက်နှာသည် မနာလိုမှုများဖြင့် ပြည့်နှက်နေလေသည်။ လုဟွမ်သည် သူ့ကိုလုံးဝ အေးစက်စွာ လျစ်လျူရှုကာ မမြင်ချင်ယောင်ဆောင်လိုက်သည်။ သူထိုင်ချလိုက်သောအခါ သူ့ဘေးကိုတမင်ကြည့်ပြီး စားပွဲဝိုင်းတွင် အခြားသူများနှင့် အနည်းငယ်ဝေးသော နေရာတွင် ထိုင်ချလိုက်၏။

သူ့အစေခံများက ပစ္စည်းတစ်ခုကို တင်ပြလိုက်သည်။

"သခင်မကြီး ဒါက အဖွဲ့လိုက်အမဲလိုက်ပွဲက ရခဲ့တဲ့ ဝံပုလွေရဲ့သွားပါ။ သခင်မကြီးကို‌ ပေးတာပါ။ ဒီနေ့က နွေဦးရာသီရဲ့ အစ‌ဆိုတော့ ဒါက နတ်ဆိုးဝိညာဉ်တွေကို တားဆီးပေးနိုင်မယ်ထင်လို့ပါ"

သခင်မကြီးသည် ချက်ချင်းပင် ပြုံးလိုက်သည်။ သူ(မ)သည် ဘရိုကိတ် သေတ္တာထဲမှ ဝံပုလွေသွားကို ယူကာ ဂရုတစိုက် စစ်ဆေးကြည့်လိုက်၏။ "မဆိုးပါဘူး။ ဟွမ်အာက စဉ်းစားတတ်တယ်"

သခင်မကြီးသည် အာဏာကို အလွန်တန်ဖိုးထားတတ်သည်။ အရင်က သူ(မ)သည် ကျန့်ယွမ်တပ်ကို ကျော်ဖြတ်ကာ ဒုတိယမင်းသားနှင့် ဆက်သွယ်နိုင်ရန် သူ(မ)၏ မြေးနှစ်ယောက်အား ဒုတိယမင်းသားဘေးသို့ ပို့ဆောင်ခဲ့သည်။

လုဟွမ်မှ သူ(မ)ကိုပေးသော ဝံပုလွေသွားသည် ဆောင်းငှက်တောင်အမဲလိုက်ပွဲ၏ ဆုတံဆိပ်တစ်ခုလိုပင်။ ဒါက အခြားရွှေငွေ လက်ဝတ်ရတနာများထက် သူ(မ)ကို ပိုပျော်ရွှင်စေသည်မှာ သေချာ၏။ ထို့ပြင် သူ(မ)၏ တရားမဝင်မြေးသည် ဆောင်းငှက်တောင်အမဲလိုက်ပွဲတွင် ထူးချွန်သော အရည်အချင်းများ ပြသခဲ့ကြောင်းကိုလည်း သတိရစေနိုင်သည်။ ဒါက လုဟွမ်အား ထောက်ပံ့ရန် သူ(မ)၏ဆန္ဒကို ပိုခိုင်မာစေလေသည်။

စုရှီသည် စခရင် ပြင်ပမှ ကြည့်နေရင်း ကျိုက်ကျိုက်၏ အတွေးများနှင့် အစီအစဉ်များသည် ပိုမိုနက်နဲကြောင်း သိရှိလိုက်ရသည်။ ဒါဟာ မျှော်လင့်ထားသည့်အတိုင်းပင်။ နင်းဖူမင်းသား၏ ပတ်ဝန်းကျင်လိုမျိုးတွင် ကြီးပြင်းလာရတာက သူ့လက်ထဲတွင် လှည့်စားနည်း နည်းနည်းပါးပါး မရှိဘူးဆိုရင် ဟိုးအရင်ကတည်းက သခင်မနင်း သတ်တာကို ခံခဲ့ရလောက်လေပြီ။

သို့သော် ကျောက်စိမ်းမှထုလုပ်ထားသော ဆန်မုန့်လုံးဖြူဖြူလေးလို ထိုင်နေသော ကျိုက်ကျိုက်၏ ရိုးရှင်းသောပုံသည် သူ(မ)အား အမြဲ မေ့လျော့စေသည်။

စုရှီ မထိန်းနိုင်ဘဲ ပြုံးမိလိုက်သည်။ သူ(မ)မျက်နှာကိုကိုင်ပြီး ဆက်ကြည့်နေလိုက်သည်။ သို့သော် ဒီအချိန်တွင် တစ်ခုခုမှားနေတာကို သတိထားမိလိုက်သည်။

ဒီလူတွေအားလုံးက စားတော့စားနေကြပေမယ့် ဘာလို့ ကျိုက်ကျိုက်ရှေ့က ကြက်ဥပေါင်းကို မထိကြတာပါလိမ့်။ သခင်မကြီးက ကြက်ဥပေါင်းရဲ့ ညှီနံ့ကို မကြိုက်တာကြောင့် ဘယ်တော့မှမစားဘူး။ ဒါပေမဲ့ သခင်မနင်းနဲ့ လုယီအန်းတို့ကလည်း မစားဘူး။ ဒါက ထူးဆန်းတယ်။

စုရှီသည် မနေနိုင်စွာဖြင့် ကြက်ဥပေါင်းထဲတွင် ဝမ်းနှုတ်ဆေးတစ်ခုခု ရောထားသလားလို့ သံသယဝင်လာမိသည်။ သခင်မနင်းနှင့် လုယီအန်း၏ အမူအရာများတွင် မည်သည့်အရာမျှ ပြသမနေချေ။ သခင်မကြီးရှေ့တွင် ကျိုက်ကျိုက်နှင့်တောင် စကားစမြည်ပြောလိုက်ကြသေးသည်။ ဒါပေမဲ့ လုဝမ်ရှို့၊ ဒီငတုံးကတော့ သူ့၏အမူအရာကို ဖုံးကွယ်မထားနိုင်ချေ။ သူသည် ကျိုက်ကျိုက်ကို ထူးဆန်းသော ခံစားချက်များနှင့် တစ်ခါတစ်ရံ စိုက်ကြည့်နေတတ်၏။

စုရှီ၏ သံသယများ ချက်ချင်းပင် သေချာသွားလေပြီ။ ‘လုဝမ်ရှို့ကတော့ သေချင်နေပြန်ပြီ!’

လုဝမ်ရှို့သည် သူ့ကို စခရင် ပြင်ပမှ တစ်‌‌ယောက်ယောက် စိုက်ကြည့်နေသည်ကို မသိချေ။ သူက လုဟွမ်ကို စိုက်ကြည့်ကာ ထမင်းစားနေလေသည်။

‘သခင်မကြီးက လုဟွမ်ကို အိမ်ဝင်းဆုချပြီးတဲ့နောက်မှာ သူပထမဆုံးလုပ်တာက ကြက်တွေကို မွေးမြူတာလို့ သူကြားမိတယ်။ ဘယ်လောက်ရယ်စရာကောင်းလဲ။ နင်းဖူမင်းသား၏ မျက်နှာကို အရှက်ရစေတယ်။ ဒါပေမဲ့ ဒီမျိုးမစစ်ကောင်က တကယ်ပဲ ကြက်သားစားရတာကို ကြိုက်တာလား’

လုဝမ်ရှို့သည် အလွန်ရိုးစင်းသည်။ ထို့ကြောင့် သူ့ဝိုင်နှင့် သူ့ရှေ့က ကြက်ဥပေါင်းထဲ ဝမ်းနှုတ်ဆေး ထည့်လိုက်ခြင်းပင်။

‘ဟေ့ ကြက်ဥပေါင်းကို မစားဘူးဆိုရင်တောင် သူ့ရှေ့က ဝိုင်ကို မထိတာတော့ မဖြစ်နိုင်ဘူးမလား’

လုဝမ်ရှို့သည် အဖျားသက်သာလာပြီးနောက် ဘာကြောင့်တစ်လခွဲလောက် ဝမ်းလျှောနေရလဲ မသိချေ။ သူ့စအို ထွက်ကျလာလု နီးပါးဖြစ်ခဲ့ရပြီး သူ့တစ်ကိုယ်လုံးလည်း ဖျားနေတဲ့သရဲတစ်ကောင်လို ပိန်လှီနေသည်။ သူ့စိတ်ထဲတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်နေ၏။ နတ်ဆေးဆရာ၏ဆေးက တစ်ခုခုမှားနေတယ်ဟု ထင်မိသော်လည်း သူ့အမေကို မပြောရဲပေ။ အဲဒါကြောင့် သခင်မကြီးအတွက် နတ်ဆေးဆရာ ရှာလာပေးတဲ့ လုဟွမ်ကို အပြစ်တင်လိုက်သည်။

ဘာပဲဖြစ်ဖြစ် လုဟွမ်ကို သူခံစားခဲ့ရသလို ပြန်ခံစားစေရမယ်!

လုဝမ်ရှို့သည် သခင်မကြီးက လုဟွမ်ကို တန်ဖိုးထားတာသိတယ်။ ဒါပေမဲ့ ဘာဖြစ်လဲ။ သူက ပွက်ပွက်ဆူနေတဲ့ရေကို မကြောက်တဲ့ ဝက်သေတစ်ကောင်လိုပဲ။ လုဟွမ်ကို လှည့်စားခဲ့ပေမယ့် မသတ်ခဲ့ဘူး။ ဒါက ဝမ်းနှုတ်ဆေးသာသာပဲ။ သခင်မကြီးက သူ့ကိုနံရံကို မျက်နှာမူခိုင်းပြီး နောက်သုံးလ ခြောက်လလောက် သူ့လုပ်ရပ်ကို ပြန်သုံးသပ်ခိုင်းတာလောက်ပဲ‌ရှိမှာ။ သူ(မ)မြေးကို သေအောင်တော့ ပစ်မထားလောက်ပါဘူး!

လုဝမ်ရှို့ ဒီလိုတွေးနေရင်း အနည်းငယ် စိတ်ပူကာ လုဟွမ်ကို စိုက်ကြည့်နေသည်။ သူဘာလို့ မစားတာလဲ!

စခရင် ပြင်ပတွင် စုရှီသည် လုဝမ်ရှို့အား မှင်တက်နေမိသည်။ လုဝမ်ရှို့၏ တုံးအသောအကြည့်များနှင့် သူ(မ)နေသားကျနေလေပြီ။

သူ(မ) ကျိုက်ကျိုက်ကို ကြည့်လိုက်သော်လည်း အစကတည်းက အဆုံးအထိ သူ့ရှေ့မှ ကြက်ဥပေါင်းကို မထိတာကို တွေ့လိုက်ရသည်။ သူ့၏ အနက်ရောင်မျက်တောင်များကိုပင် မပင့်တင်ဘဲ လုဝမ်ရှို့ကို လုံးဝ လျစ်လျူရှုနေ၏။

စုရှီ သူ့ကိုချက်ချင်း လက်မထောင်ပြလိုက်သည်။ တကယ်ကို သူ(မ)ရဲ့ ဉာဏ်ကောင်းတဲ့ ကျိုက်ကျိုက်ပဲ။

သို့သော် လုဝမ်ရှို့သည် လက်မလျှော့ချေ။ ရုတ်တရက် ထရပ်လိုက်ပြီး သူ့ရှေ့က ဝိုင်ခွက်ကို ကိုင်ကာ ကျိုက်ကျိုက်ကို ပြောလိုက်သည်။

"ညီလေးသုံး အရင်က စမ်းချောင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စအတွက် ငါသတိမဲ့သွားခဲ့တယ်။ ဒီတစ်ခေါက် အအေးမိပြီး သေလုနီးပါး ဖြစ်ပြီးတဲ့နောက်မှာ ငါပိုသတိရှိလာခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ထဲမထားဖို့ ငါမျှော်လင့်ပါတယ်"

သူ့လုပ်ရပ်တွေက ရုတ်တရက်ဖြစ်လို့ စုရှီ၏ပထမဆုံးတုံ့ပြန်မှုသည် ကျိုက်ကျိုက်၏ ဝိုင်ထဲတွင် ဆေးတစ်ခုခုပါနေတာ ဖြစ်မယ်။ သူ(မ) ရုတ်တရက်တင်းမာသွားပြီး ကျိုက်ကျိုက်ကို ကြည့်လိုက်၏။

ကျိုက်ကျိုက်သည် သူ၏ မျက်လုံးများကို အနည်းငယ်ချထားပြီး မည်သည့်အမူအရာမျှ မျက်နှာတွင် ပေါ်မနေချေ။ လုဝမ်ရှို့ပြောတာကို ကြားပြီးနောက် အပေါ်သို့မော့ကြည့်ပြီး သူ့ကို တစ်ချက်ကြည့်လိုက်လေသည်။

စုရှီသည် သူ(မ)ဘာသာ တွေးလိုက်သည်။ ‘ကျိုက်ကျိုက်က အရမ်းဉာဏ်ကောင်းတာပဲ။ သူလည်း သတိထားမိမှာပါ။ ငါသူ့ကို စိတ်ပူဖို့မလိုပါဘူး’

သို့သော် နောက်တွင် သူ(မ)က ကျိုက်ကျိုက် ထရပ်လိုက်ပြီး သူ့ရှေ့က ဝိုင်ခွက်ကို လှမ်းယူရန် ပြင်နေတာကို တွေ့လိုက်ရသည်။ လုဝမ်ရှို့နှင့်အတူ တစ်ကျိုက်တည်း သောက်ဖို့ ပြင်နေသလိုပင်။

စုရှီ "!"

နေဦး ကျိုက်ကျိုက်က ဝိုင်ခွက်ထဲမှာ အဆိပ်တစ်ခုခုပါတာကို သတိမထားမိဘူးလား!

စုရှီသည် ဝိုင်ထဲ ဘာပါမှန်းမသိသော်လည်း တစ်ခုခုထူးဆန်းနေမှန်းသိသည်။ ‘မဟုတ်ရင် လုဝမ်ရှို့က ဘာကြောင့်ဒီလောက် စိတ်ပူနေတဲ့ပုံပေါ်နေမှာလဲ’

သူ(မ)သည် ကျိုက်ကျိုက်က ဖန်ခွက်ကိုယူပြီး သူ့နှုတ်ခမ်းနားတေ့လိုက်တာကို ‌ကြည့်နေမိသည်။ သူ(မ)ချက်ချင်း စိတ်ပူလာကာ မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ချေ။ သူမ၏ အင်တာဖေ့စ် အား မိန်းခန်းမ၏ အပြင်ဘက်ကို ပြောင်းလိုက်ပြီး တံစက်မြိတ်ပေါ်သို့ သူ(မ)၏ လက်ဖြင့် ရိုက်ချလိုက်လေသည်။

တဖြောက်ဖြောက်မြည်သံများစွာဖြင့် သခင်မကြီး၏ မိန်းခန်းမ အပြင်ဘက်မှ တံစက်မြိတ်များအားလုံး ကွဲကြေကုန်၏။ အသံအလွန်ကျယ်သောကြောင့် သခင်မကြီးနှင့် လုဝမ်ရှို့တို့ အားလုံး ကြောက်လန့်ပြီး သတိမဲ့စွာ ကြည့်လိုက်ကြလေသည်။

ထိုအချိန်တွင် စုရှီသည် ကျိုက်ကျိုက်၏လက်ကို ဆိတ်ပြီး ဝိုင်ခွက်ကို ယူလိုက်လေပြီ။ ထို့နောက် သူ့လက်ထဲက ဝိုင်ခွက်နှင့် လုဝမ်ရှို့ရှေ့ရှိ ခွက်နှင့် အလျင်အမြန်လဲလိုက်၏။

သခင်မကြီး၊ လုဝမ်ရှို့နှင့် အခြားသူများ သတိပြန်ဝင်လာသောအခါ သခင်မကြီးသည် အိမ်ဝင်း၏ နံရံများယိုယွင်းပြီး ပြိုကျသွားသလား စစ်ဆေးရန် အစေခံများကို အမိန့်ပေးလိုက်လေသည်။ လုဝမ်ရှို့က လုဟွမ်အား ဆက်တိုက်စိုက်ကြည့်ကာ ဝိုင်ခွက်ကိုသောက်ရန် ဖိအားပေးနေသည်။

လုဟွမ်က ခေါင်းမော့လိုက်ပြီး သူ့လက်ထဲမှ ဝိုင်ခွက်အား ကုန်အောင် သောက်လိုက်လေသည်။ ထို့နောက် သူ့အား မော့ကြည့်၍ ပြောလိုက်သည်။

"ကျေးဇူးပြုပြီး"

လုဝမ်ရှို့၏နှလုံးသည် သူ့ရင်ဘတ်ထဲမှ ထွက်ကျလု နီးပါးဖြစ်သွားသည်။ လုဟွမ်၏ဝိုင်ခွက် ကုန်သွားတာကို မြင်လိုက်သောအခါ ချက်ချင်းပင် ပျော်ရွှင်သွားပြီး သူ့လက်ထဲမှ ဝိုင်ခွက်ကို အလျင်အမြန်‌ သောက်လိုက်၏။

သို့သော် သူသောက်လို့ ပြီးချိန်တွင် လုဟွမ်က သူ့နှုတ်ခမ်းများအား နူးညံ့စွာ ကွေးညွှတ်ပြီး သူ့ဘေးကို တစ်ချက်ကြည့်လိုက်တာကို တွေ့လိုက်ရသည်။ သူ ဘာကို ကြည့်နေလဲ မသိပေမယ့် သူ့မျက်လုံးထဲတွင် သူအလွန်ပျော်ရွှင်နေသလို နူးညံ့သော အရိပ်‌အယောင်များလည်း တွေ့နေရ၏။

လုဝမ်ရှို့ ဆွံ့အသွားသည်။

‘F***k ဒါက ဝမ်းနှုတ်ဆေးတစ်ခွက်လေးပဲကို။ ဘာအကြောင်းနဲ့ ပျော်စရာရှိလို့လဲ! မင်းပြန်သွားရင် ငါမင်းကို သေအောင်လုပ်ပစ်မယ်!’

လုဝမ်ရှို့က ဝမ်းသာနေ၏။ သူ ဒီရက်ပိုင်းမှာ လုဟွမ် သူ့ကိုယ်သူ ရယ်စရာဖြစ်အောင် လုပ်မှာကို စောင့်နေခဲ့တာ။ မနက်ဖြန် သူနဲ့သခင်မကြီးနဲ့ နန်းတော်မှာ ဂုဏ်ပြုထမင်းစားပွဲ သွားတက်မယ်လို့ သူကြားထားတယ်။ သူဘယ်လိုသွားနိုင်မလဲ ကြည့်ကြသေးတာပေါ့!

သခင်မ၏ အိမ်ချက်ထမင်းဝိုင်းသည် လုဝမ်ရှို့၏ ပျော်ရွှင်ဖွယ် စိတ်ကူးအိပ်မက်ထဲတွင် လျင်မြန်စွာ ပြီးဆုံးသွား၏။ ထမင်းစားပြီးနောက်တွင် သခင်မကြီးသည် လုဟွမ်ကို စာလေ့လာရန် ခေါ်သွားပြီး အကြံဉာဏ်တစ်ချို့ ပေးခဲ့လေသည်။ ပြီးတော့ သူ(မ)သည် သူ့ကို ပစ္စည်းတစ်ချို့ ဆုချလိုက်၏။ ထို့နောက်တွင်မှ လုဟွမ်သည် မိန်အန်းယွမ်မှ ထွက်သွားတော့သည်။

လုဟွမ် ထွက်သွားပြီးနောက် လုဝမ်ရှို့သည် ချေးစားမိသလို အမူအရာဖြင့် အိမ်ပြင်မှ အိမ်သာထဲသို့ ပြေးဝင်သွားသည်။

ဘာလို့လဲ။ သူဝမ်းလျှောတာ လွန်ခဲ့တဲ့ရက်ပိုင်းက ပျောက်သွားပြီမဟုတ်ဘူးလား။ ဒီနေ့မှ ဘာလို့ ပြန်ဖြစ်တာလဲ!

သို့သော် လုဝမ်ရှို့သည် လုဟွမ်ကလည်း သူနာကျင်သလို နာကျင်နေလောက်မည်လို့ စဉ်းစားမိလိုက်ပြီး သူ့သွားများကို အလွန်မကြိတ်ခဲ့ပေ။

ပုံမှန်အတိုင်းပင် လုဟွမ်သည် အပြာရောင် ကျောက်တုံးလမ်းတစ်လျှောက် လျှောက်သွားပြီး သစ်တော်ပွင့်ဖတ်များနှင့် နှင်းပုံများမှ ပြန်လာခဲ့၏။ ထို့နောက် သူက သူ့လက်များကို ဝှေ့ယမ်းလိုက်ပြီး အစေခံများကို ထွက်သွားရန် အချက်ပြလိုက်သည်။ ပြီးနောက် သူ့လက်များကို ကျောနောက်ပစ်ကာ ခြံဝင်းသို့ တစ်ယောက်တည်း လျှောက်သွားလေ၏။ ခြေလှမ်းများသည် မြန်လည်းမမြန် နှေးလည်းမနှေးဘဲ တစ်ယောက်ယောက်နဲ့ အေးအေးလူလူ လမ်းလျှောက်နေသလိုပင်။

အရင်က ကျိုက်ကျိုက်သည် ဝါးတောကို ဖြတ်ပြီး ခြံဝင်းသို့ ပြန်လာတိုင်း ခြေလှမ်းကျဲကြီးများနှင့် မြန်မြန်လျှောက်ရင်လျှောက် သို့မဟုတ် သူ့စိတ်ထဲတွင် တစ်ခုခုရှိနေတတ်သည်။ သူ့မျက်နှာပေါ်တွင် ဒီလိုအေးဆေးပြီး ပျော်ရွှင်သောအမူအရာ တစ်ခါမှ မပြဘူးချေ။ စုရှီသည် စခရင် ပြင်ပမှ ကြည့်နေလျက် သူ့စိတ်အခြေအနေ ပိုကောင်းမွန်လာပုံရှိလေသည်။

ခြံဝင်းထဲ ရောက်တဲ့အခါ လုဟွမ်သည် သူ့ဘေးနားသို့ နူးညံ့စွာ မေးလိုက်လေသည်။ "မင်းဒီမှာ ရှိသေးလား"

စုရှီသည် သူ့‌ကျောနောက်မှ သူ့လက်ကလေးများကို ဆွဲလိုက်သည်။ လုဟွမ်က သူ့လက်ချောင်းထိပ်များကို လေများရစ်ပတ်သွားတာကို ခံစားမိပြီး ထုံသွားသည်။ သူ ချက်ချင်း ရှက်သွားပြီး သူ့လက်များကို လွှတ်လိုက်လေသည်။

"ဒီနေ့က နွေဦးရာသီ စတဲ့နေ့ဆိုတာ သိလား" စခရင် ပေါ်တွင် ကျိုက်ကျိုက်သည် အိမ်ဝင်းပေါ်မှ ညနေကောင်းကင်ကို မော့ကြည့်နေ၏။

စုရှီသည် သူ့မြင်ကွင်းလမ်းကြောင်းကို လိုက်ကြည့်ကာ ညနေကောင်းကင်ကို ကြည့်လိုက်လေသည်။

မနေ့ညက ယန်မင်းဆက်၏ နောက်ဆုံး နှင်းများ ကျခြင်းပင်။ ဒီနေ့ နေမထွက်သော်လည်း ညနေဘက်တွင် ကြယ်အနည်းငယ်ရှိပြီး ကောင်းကင်တွင် လင်းလက်နေကြသည်။

ကျိုက်ကျိုက်သည် သူ့လက်ကလေးများကို ဆွဲဆန့်ကာ ကြယ်အချို့အား ညွှန်ပြလိုက်လေ၏။ သူ လေးနက်စွာ ရှင်းပြနေ၏။ "နွေဦးရာသီရဲ့ အစမှာ အရာအားလုံးက အသစ်ပြန်ဖြစ်တာလေ။ ကမ္ဘာကြီးကလည်း ပြန်လည်သစ်လွင်လာပြီးတော့ ခုနှစ်စင်ကြယ်ရဲ့ လက်တံကလည်း ယင်ဘက်ကို ပြန်ရောက်လာတယ်။ ကောင်းကင်က ခုနှစ်ဆင့်ကြယ်ကို ကြည့်လိုက်။ ဇွန်းနဲ့မတူဘူးလား။ အဲဒါက ဇွန်းအကြီးကြီးလေ။ ဒီနေ့ ဇွန်းက ယင်လမ်းကြောင်းဘက်ကို ညွှန်ပြနေတာ"

စုရှီသည် နားမလည်သော်လည်း လုဟွမ်၏ ဆန်မုန့်လုံးလို မျက်နှာလေးက ချစ်ဖို့ကောင်းတယ်လို့ ခံစားရသည်။ သူ(မ)သည် သစ်ရွက်တစ်ရွက်ကို လိပ်လိုက်ပြီး သူ့ရှေ့တွင် ပျံပြလိုက်သည်။ သစ်ရွက်၏ထိပ်သည် ခေါင်းငုံ့လိုက် ထောင်လိုက်လုပ်နေပြီး သူ(မ)နားလည်တယ်လို့ ပြောနေလေ၏။

ပြီးနောက် သူ(မ) ကျိုက်ကျိုက်ပြောတာကို ကြားလိုက်ရသည်။ "နွေဦးရာသီရဲ့ အစမှာ လူတွေက ဘုရားတွေကို ရှိခိုးကြပြီးတော့ သူတို့ရဲ့ ဘိုးဘွားတွေကိုလည်း ကန်တော့ကြပြီး နှစ်သစ်အတွက် ဆုတောင်းကြတယ်။ လမ်းတွေက အရမ်းစည်ကားနေမှာ"

ခဏရပ်တန့်ပြီးနောက် သူသည် မျက်နှာသေထားရန် တတ်နိုင်သမျှ ကြိုးစားပြီး တမင်ပြောလိုက်လေသည်။ ပေါ့ပါးစွာ ပြောလိုက်ပြီး "မင်းဒီည ဘာမှလုပ်စရာမရှိရင် ပိုကြာကြာနေလို့ရတယ်"

"မင်း စားလို့မရပေမယ့် ခေါက်ဆွဲလုပ်ရတာ အရမ်းပျော်ဖို့ကောင်းတာ။ ငါတို့ ခေါက်ဆွဲ အတူတူ လုပ်လို့ရတာပဲ။ မင်းမလုပ်ချင်ဘူးဆိုရင်လည်း ဈေးကို အတူတူသွားကြတာပေါ့။ ဒီည မီးအိမ်လှလှလေးတွေ အများကြီးရှိမှာ။ ဈေးမှာ လူများရင်လည်း မြင်းစီးပြီးတော့ မြို့ပြင်ကို သွားကြည့်ချင်လား။ ဆင်ခြေဖုံးဒေသမှာ နှင်းတွေမပျော်သေးဘူး။ နှင်းဖုံးနေတဲ့ မြက်ခင်းပြင်ကြီး ဖြစ်နေမှာ သေချာတယ်"

သူပြောပြီးတဲ့နောက်မှာ ကျိုက်ကျိုက်သည် သူ့ရဲ့ဆန်မုန့်လုံးလို မျက်နှာလေးကို ငုံ့ချလိုက်ပြီး သူ့လက်များကို နောက်ကျောဘက်တွင် ထားလိုက်ပြီး ဂရုမစိုက်ဟန်လုပ်နေ၏။

သို့သော် သူ့ခြေထောက်ထိပ်နှင့် မြေကြီးပေါ်မှ ကျောက်ခဲကို သတိလက်လွတ် ကန်နေလေသည်။

သူသည် သူ(မ)နှင့်အတူ တစ်ခုခု လုပ်ချင်သော်လည်း သူ(မ) ငြင်းမည်ကို ကြောက်နေသည့်ပုံပင်။

စခရင် ပြင်ပတွင် စုရှီ၏ မျက်လုံးများ လင်းလက်သွားလေသည်။ သေစမ်း၊ ကြားရတာ အကုန်လုံးက စိတ်ဝင်စားစရာတွေချည်းပဲ! သူတို့အတူတူ ဒီလောက်အရာတွေအများကြီး လုပ်လို့ရမယ်ဆိုတာ သိခဲ့ရင် ကျိုက်ကျိုက်ကို ကြောက်နေပြီး ပေါ်မလာတာမျိုး မလုပ်ခဲ့ရမှာ။ အရင်ကတည်းက ဝိညာဉ်ဟန်ဆောင်ပြီး ခုန်ထွက်လာသင့်တာ!

သို့သော် အဲဒီအချိန်က ကျိုက်ကျိုက်သည် သူ(မ)အား မယုံကြည်မည်ကို ကြောက်ခဲ့မိသည်။ ဝိညာဉ်အဖြစ် ခုန်ထွက်လာခဲ့ရင် သူနှင့် ရင်းနှီးဖို့ ပိုခက်‌သွားလောက်မည်။

သူ(မ)သည် ရွေးချယ်ရန် တွန့်ဆုတ်နေလေ၏။ စခရင် ပြင်ပတွင် သူ(မ)သည် ခေါင်းကိုကုတ်ကာ အချိန်ကြာစွာ ဘယ်အရာကို ‌ရွေးရမလဲမသိ ဖြစ်နေလေပြီ။

ပြီးတော့ သူ(မ)သည် ကျိုက်ကျိုက်ပြောတာကို ကြားလိုက်ရ၏။ "မင်းဆုံးဖြတ်လို့မရရင် ဒီနေ့ မီးအိမ်တွေကို သွားကြည့်လို့ရတယ်။ မနက်ဖြန်ကြရင် မြင်းစီးပြီး သဘက်ခါကြရင် ခေါက်ဆွဲလုပ်ဖို့ သွားလို့ရတယ်လေ"

သူသည် သူ့၏ဆန်မုန့်လုံးလို မျက်နှာကို ငုံ့ချထားဆဲပင်။ သူဘာမှမဖြစ်သလို ဟန်ဆောင်ရန် အကောင်းဆုံး ကြိုး‌စားသော်လည်း သူ့နားရွက်များသည် တိတ်တိတ်လေး အနီရောင်သန်းသွား၏။

All Chapters