Chapter 37
Vol. 4 Ch. 37
စုရှီ အရင်တစ်ခေါက်က ကျိုက်ကျိုက် နှင့် ချန်ကုန်းဝူ နှစ်ယောက်သား ဘဏ်အပြင်မှာ လမ်းခွဲခဲ့တာကို မစဉ်းစားဘဲမနေနိုင်ချေ။ ကျိုက်ကျိုက် လမ်းမပေါ်တွင် တစ်ယောက်တည်း ဖြတ်သွားစဉ်က သူ့ပုံရိပ်သည် နေရောင်အောက်၌ ရှည်လျားစွာ ဆွဲငင်နေခဲ့သည်...
နင်းဖူမင်းသား၏ အရိပ်အောက်မှာ သူတစ်ယောက်တည်း ကြီးပြင်းလာခဲ့ရသည်။ ဘယ်သူမှ သူ့ကိုစကားမပြောခဲ့ကြသလို သူ့ဘေးတွင် ကစားဖော် တစ်ဦးတစ်ယောက်မျှလည်းမရှိခဲ့...
လူစည်ကားသည့်လမ်းမ၌ ရောက်နေစေကာမူ တခြားလူများ၏ စိတ်လှုပ်ရှားမှုကိုသာ ကြည့်ရှု့နိုင်သည်။ သူသည် အထီးကျန်နေပြီး အများနှင့် အရောမဝင်နိုင်ချေ။
သူ(မ)က ကျိုက်ကျိုက်၏ ကမ္ဘာငယ်လေးမဖြစ်နိုင်တောင် ကျိုက်ကျိုက်နဲ့စကားပြော၊ လက်လေးကိုင်ပြီး သူ့ခေါင်းလေးအား ပွတ်သပ်ပေးချင်ပေသည်။
အနာဂတ်တွင် သူနှင့်အတူ အသက်ဝင်လှသည့်မီးပုံးပွဲတော်ကို အတူသွားဖို့ အဖော် မလုပ်ပေးနိုင်ခဲ့တောင်မှ။ ... သူလမ်းလျှောက်နေရင်း တခြားမိသားစုသုံးဦး၏ ပျော်ရွှင်စွာ ပြန်လည်ဆုံစည်းမှုကို တွေ့တဲ့အခါ သူနှင့်အဖော်လိုက်ပေးသည့်လူကိုတော့ အနည်းဆုံး သူ သတိရ ကောင်းရနိုင်ပေလိမ့်မည်။
အနည်းဆုံးတော့ သူ့တွင် အချို့သော ပျော်ရွှင်စရာ အမှတ်တရများ ကျန်ရှိနေမည်ဖြစ်သည်။
တခြားလူတွေကို မနာလိုဖြစ်စရာမလိုသလို၊ သူတစ်ယောက်တည်း လမ်းမပေါ်မှာ ခံစားချက်မရှိသလို ခေါင်းငိုက်စိုက်ချပြီး လျှောက်သွားနေစရာလည်း မလိုပါဘူး။
အနာဂတ်မှာ သူဒီအကြောင်းတွေးမိရင် သူ့ဘဝတွင် ခါးသီးမှုများနှင့် ပြည့်နှက်နေတော့မည်မဟုတ်ပေ။
အဲဒီလို တွေးရင်း စုရှီ တုံ့ဆိုင်းမနေတော့ပေ။ သူ(မ) လျင်မြန်စွာ ကျိုက်ကျိုက်၏ ဘယ်လက်အကျီလက်စကို ဆွဲလိုက်ပြီး စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် : "အိုကေ! မီးပုံးပွဲတော်ကို သွားကြည့်ရအောင်!" ဟုပြောလိုက်သည်။
ဒီနေ့ကဘာဘဲဖြစ်ဖြစ် ပိတ်ရက်ဘဲလေ။
လုဟွမ်က လေထဲ၌ တဖျတ်ဖျတ်လွင့် နေသော သူ့ဘယ်အကျီကို ကြည့်ပြီး ဆွဲယူလုလုဆဲပင်။ ဝိညာဉ်များ၏ စိတ်အားထက်သန်သော တုံ့ပြန်မှုကို သူအနည်းငယ် အံ့ဩသွားသည်။ ဒါပေမဲ့ ဒီအကြောင်းကြောင့်ပင် သူစိတ်သက်သာရာရစွာ လှိုက်လှိုက်လှဲလှဲ သက်ပြင်းချလိုက်လေသည်။
အမှန်တကယ်တော့ သူသည် သူ(မ)က ဒါကို အလွန် ငြီးငွေ့ဖွယ်ကောင်းတယ် လို့တွေးပြီး သူနဲ့အတူ မလုပ်ချင်တော့မှာ ကြောက်နေခဲ့သည်။
သူ(မ) အရင်က သူ့ကို အများကြီးပေးဖူးပေမယ့် သူ(မ) မြင်လည်း မမြင်ရသလို၊ ကိုင်တွယ်ထိတွေ့၍လည်း မရခဲ့ပေ။
လုဟွမ် ဘယ်အရာများဖြင့် သူ(မ)ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မည်ဆိုတာကို မသိခဲ့ချေ။
အခု သူ(မ) ပျော်ရွှင်နေတာကို တွေရတဲ့အတွက် လုဟွမ်၏ နှလုံးသားသည် ပျော်ရွှင်မှုများနှင့် ဖုံးလွှမ်းနေလေသည်။
သူ့နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး သူ့မျက်ဝန်းများသည်လည်း စိတ်အားထက်သန်မှုကြောင့် တောက်ပလာခဲ့သည်။
သူ နေရာလွတ်တစ်ခုကို အရောင်လဲ့သော မျက်လုံးများဖြင့် ကြည့်ရင်း " ထုပ်ပိုးပြီး သွားရအောင်" လို့ ပြောလိုက်သည်။
ထုပ်ပိုးတယ်ဆိုတာကလည်း သာမန်အဝတ်အစားကို ပြောင်းလဲဝတ်ဆင်တာကို ဆိုလိုတာပါ။ နောက်ဆုံးမှာတော့ လမ်းမပေါ်မှာ အဝတ်ကြမ်းများအား ဝတ်ထားသည့်လူအုပ်ကြီးဖြင့် ပြည့်နှက်နေလေသည်။ တကယ်လို့ သူတို့သာ အကောင်းစားရွှေချည်မျှင်ယက်ထည်နှင့် ကျောက်စိမ်းသားမွှေးကုတ်အကျီသာ ဝတ်သွားခဲ့ရင် တအားထင်ပေါ်နေပေလိမ့်မည်။
သခင်မကြီးအား ကုသရန် နတ်ဆေးဆရာကို သူပင့်ခေါ်ပြီးသည့်နောက်ပိုင်းတွင် မင်းသားနင်းဖူအိမ်တော်၌ ကျိုက်ကျိုက်၏ရက်များ ပို၍အဆင်ပြေချောမွေ့လာခဲ့သည်။
သူ့ပစ္စည်းများကို လဲလှယ်ပြီးတော့ အဝတ်များအားလည်း ဖာထေးပြီးနှင့်ပြီ။ သို့သော်လည်း သရဲဝိညာဉ်များနှင့် နတ်ဘုရားများက အဝတ်ဟောင်းအချို့ကို မရေမရာ ခေါက်ထားပြီး ဂရုတစိုက် သေတ္တာထဲတွင် သိမ်းဆည်းထား၍ ပြန်လည်ပြုပြင်ထားသည်။ တကယ်တမ်း သူ့အတွက် အဖိုးတန် ရတနာတချို့ကို သိမ်းဆည်းထားသလိုပဲ။
သူ အိမ်ထဲကို ပြန်ဝင်သွားခဲ့ပြီး သာမန်မီးခိုးရောင်ရှိ အဝတ်ဟောင်းဖြင့် ပြန်ထွက်လာခဲ့လေသည်။
သူ အဲဒါကို ယူလိုက်သော်လည်း အဝတ်လဲဖို့ သူ အဝတ်အစားတွေကို မချွတ်ပစ်လိုက်ပေ။ အဲဒီအစား သူ အဝတ်အစားများအား ကိုင်ရင် "မင်းအခန်းထဲမှာ ရှိသေးလား " ဟု မေးလိုက်သည်။
အပြင်ဘက်၌ ညဏ်ကြီးရှင် ကျိုက်ကျိုက် တစ်ယောက် ဗီရိုရှေ့မှာ ချီတုံချီချဖြင့် ရပ်နေတာကို စုရှီကြည့်လိုက်သည်။
သူ(မ) မျက်နှာတစ်ခုလုံး ရှက်ရွံ့မှုကြောင့် ပူနွေးနွေးဖြစ်လာလေသည်။ စုရှီ ရီမောလိုက်၏။ "ဘာလဲ။ ငါက မင်းရဲ့နူးညံ့တဲ့လက်သွယ်သွယ် ခြေသွယ်သွယ်လေးတွေနဲ့ မင်းရဲ့ နွားနို့လို ဖြူဖက်နုအက်နေတဲ့ ခန္ဓာကိုယ်ကို စိတ်ဝင်စားမယ်လို့ ထင်နေတာလား?"
ဟာသလုပ်နေသော်လည်း စုရှီအခုထိ တံခါးဘေးတွင်ရှိနေပြီး သူထွက်သွားပြီးတော့ သူ့ကို မကြည့်မိအောင် မျှော်လင့်နေသည်။
အခန်းထဲတွင် လုဟွမ်တစ်ယောက် ဝိညာဥ်မလေး ထွက်သွားပြီဆိုတာကို သေချာနေသည်။ သူ(မ)က အမြဲတမ်းကတိတည်သည်။ သူ(မ) မကြည့်ဘူးလို့ပြောခဲ့ရင် တကယ်လည်း သူ(မ) ချောင်းကြည့်မည် မဟုတ်ပေ။ သူ့နားနှစ်ဖက်သည် ရှက်ရွံမှုကြောင့် ရဲနေရာမှ တဖြည်းဖြည်း ဖျော့လာပြီး သူ လျင်မြန်စွာ အဝတ်လဲလိုက်သည်။
စုရှီ၏ခြံဝန်းထဲမှ ဈေးထဲသို့ မျက်နှာပြင်ပြောင်းလဲဖို့သာ အားကိုးနိုင်သည်။
လမ်းလယ်ခေါင်တွင် သူ(မ)နဲ့ကျိုက်ကျိုက် လမ်းလျှောက်ဖို့ မဖြစ်နိုင်ပေ။
ဒါကြောင့် လုဟွမ် မင်းသားနင်းဖူ၏ ဘေးတံခါးမှနေ ကျဉ်းမြောင်းသော လမ်းကြားကို ဖြတ်၍ မီးပုံးပွဲတော်၏ လူစည်ကားသော လမ်းဘေးဈေးဆီသို့ ဖြတ်လမ်းအတိုင်း လျှောက်လာခဲ့၏။
ရံဖန်ရံခါ သူ့ဘေးကိုကြည့်ရင်း အနည်းငယ်ထူးဆန်းနေသလို ခံစားရသည်။ 'ဝိညာဥ် က မထွက်သွားသလိုပဲ ဘာလို့ချက်ချင်းငြိမ်သွားရတာလဲ?'
သို့သော် သူဈေးကို လျှောက်သွားသည့်အခါ လေပြေအေးအေးလေးက ချက်ချင်းပင် သူ့ဘေးတွင် တိုက်ခတ်လာခဲ့သည်။ လေပြေညှင်းလေးသည် သူ၏ လက်ချောင်းများကို ကျီစယ်နေသောအခါမှ သူစိတ်သက်သာရာရသွားသည်။ 'သူ(မ) သူ့ဘေးတွင် ရှိနေဆဲပင်'
ရှည်လျားသောလမ်းသည် အမှန်တကယ်ပင် အသက်ဝင်နေသည်။ နှစ်ဘက်စလုံး၌ မီးပုံးများ၊ ပုံဖော်သကြားရုပ်များ၊ လက်ရေးလှ၊ ပန်းချီကားများ ရောင်းချသည့် ဆိုင်များဖြင့် ပြည့်နေပေသည်။ မနီးမဝေးမှာ လက်ထပ်ဖို့ မင်္ဂလာဘောလုံးကို လူတစ်ယောက်က ပစ်နေသေးသည်။
မြို့တော်၏ အပြင်ဘက်မြို့မှ လူအများအပြားသည် အတော်လေး ဆင်းရဲကြသော်လည်း အတွင်းမြို့သည် ယေဘုယျအားဖြင့် အထက်အရာရှိများနှင့် မှူးမတ်များ နေထိုင်ရာ နေရာဖြစ်သောကြောင့် နှိုင်းဆမရအောင် စည်ကားနေသည်။ ဒီနေ့ညက မီးပုံးပွဲတော်ဖြစ်တာကြောင့် အထူးသဖြင့် လမ်းတစ်ဖက်တစ်ချက်စီတွင် မီးပုံးများစွာ တွဲလောင်းချထားပြီး ပဟေဠိပုစ္ဆာများကို မှန်းဆနေသူများလည်း ရှိနေပေသည်။
ဖန်သားပြင်မှ တစ်ဆင့် အရာအားလုံးသည် စုရှီ၏ မျက်လုံးများရှေ့တွင် ကြီးကျယ်ခမ်းနားသော အခြားကမ္ဘာတစ်ခုကဲ့သို့ အသေးစိတ်ကျပြီး လက်တွေ့ဆန်လွန်းသည်။
စုရှီ နက်နက်နဲနဲ ဖမ်းစားခံလိုက်ရသည်။
သူ(မ)သည် ဖန်သားပြင်ကို ချဲ့ကားကာ ဆိုင်များမှ ရောင်းချနေသည့် လှပသော အနီရောင်သေတ္တာအချို့ကို ဂရုတစိုက်ကြည့်လိုက်လေသည်။ သူ(မ) အံ့ဩသွားပြီး မျက်လုံးများ ပြူးကျယ်လာသည်။
'ဒီအရောင်တွေ အားလုံးက နှုတ်ခမ်းနီနဲ့ အတူတူပဲ မဟုတ်လား! အိုးမိုင်ဂေါ့ ဘယ်ဘက် အောက်ခြေမှာရှိတဲ့ သန္တာရောင်က အရမ်းလှတာဘဲ!'
သို့သော် ကျိုက်ကျိုက် မလှုပ်ရှားသော်ကြောင့် စုရှီ ဖန်သားပြင်အား ပြောင်းရွေ့လို့မရပေ။ သူ(မ)က ကျိုက်ကျိုက်ကို သူ(မ) မြင်ကွင်းထဲမှ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေခဲ့သည်။
ဒါကြောင့် သူ(မ) ကျိုက်ကျိုက်လက်ကို ဆွဲကာ သူမသွားလိုသော ဈေးဆိုင်ဆီသို့ ခေါ်သွားခဲ့သည်။
လုဟွမ်သည် သူ့ပတ်ဝန်းကျင်တွင် လူများစွာ ရှိနေတာကို မြင်လိုက်ရပြီး သူ့ကိုယ်သူ နေရာပေးရန်အတွက် သူ့လက်နှစ်ဖက်ကို အနည်းငယ်ချဲ့ကားရုံမှလွဲ မတတ်နိုင်တော့ချေ။ "ဟိုနေရာကို သွားကြည့်ချင်လား" လို့ သူ့ဘေးကို မေးဟန်ပြုလိုက်သော်လည်း သူဘေးနားက ဝိညာဉ် အင်မတန် စိတ်လှုပ်ရှားနေသည်ဟု သူထင်လိုက်သည်။ သူ(မ)က သူ့လက်ကောက်ဝတ်ကို တိုက်ရိုက် ဆွဲခေါ်သွားလေသည်။
များမကြာမှီတွင် သူ(မ)သည် သူ့အား ပါးနီ ရောင်းသောဆိုင်ရှေ့သို့ ခေါ်ဆောင်သွားသည်။
လုဟွမ်သည် ပုံစံအမျိုးမျိုးရှိသော သံသေတ္တာငယ်များကို ငုံ့ကြည့်လိုက်သည်။ အဲဒါတွေသည် အနီရောင်များဖြင့် ပြည့်နှက်နေသည်။ အနည်းငယ် ရယ်စရာကောင်းတယ်လို့ သူထင်လိုက်မိသည်။
သူမအပါအဝင် ကမ္ဘာပေါ်ရှိ အမျိူးသမီးအများစုသည် ဒီလိုအရာများအား သဘောကျကြတာပဲ။
စုရှီသည် ဆိုင်ပိုင်ရှင်မှ ကျိုက်ကျိုက်အား "သခင်လေး ၊ အိမ်က အမကြီးအတွက်လား၊ မဟုတ်ရင် အကြီးအကဲတွေအတွက်လား။ ဒါမှမဟုတ် မင်းရဲ့ချစ်သူ အတွက်လား? ရွေးချယ်စရာတွေ အများကြီးရှိတယ်" လို့ပြောနေသည်ကို ဖန်သားပြင်မှ တစ်ဆင့်တွေ့မြင်နေရသည်။
ကျိုက်ကျိုက် သံသေတ္တာများကို ငုံကြည့်လိုက်သော်လည်း တစ်ခုနဲ့တစ်ခု ဘာကွာခြားလဲ သူမသိဘဲ ခေါင်းချွေးများပင် ပြန်လာခဲ့သည်။
စုရှီ ဖန်သားအပြင်မှတစ်ဆင့် ကြည့်နေရင်း ' ငါ ကျိုက်ကျိုက်ကို အဲလောက်ယောကျာ်းဆန်မယ် မထင်ထားခဲ့ဘူး၊ ငါ့ဟာငါ ရွေးတာဘဲ ကောင်းမယ်' လို့တွေးလိုက်သည်။
ပထမဦးစွာ ၊ သူ(မ) လက်ချောင်းများဖြင့် ဘယ်ဘက်အောက်ခြေရှိ သန္တာရောင်သေတ္တာကို ရွေးရန် ထိတွေ့နေခဲ့သည်။
အဲဒါအားလုံးက လက်ရာမြောက်ပြီး ဘယ်တစ်ခုကို လက်လွှတ်ရမယ်ဆိုတာ သူ(မ) မဆုံးဖြတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် တခြားတစ်ခုကို မတတ်နိုင်တော့ဘဲ ရွေးလိုက်၏။
'ဒါမဲ့ လောင်မားက ကျိုက်ကျိုက် ပိုက်ဆံများကြီးကို သုံးနေတာလား?'
သူ(မ) စကားအများကြီးပြောရန် ဝန်လေးနေခဲ့သည်။ ဆိုင်ရဲ့ညာဘက်အပေါ်ထောင့်မှာ ချိတ်ထားတဲ့ သစ်သားဆိုင်းဘုတ်ကို သူ(မ)ကြည့်လိုက်တော့ မြင်လိုက်တာက...
'ပါးနီတစ်ဘူးအတွက် ငွေစနှစ်တုံး?!!!'
'ဓားပြတိုက်နေတာလားဟ!?'
စုရှီ ချက်ချင်းပင် မဝယ်တော့ဖို့ ဆုံးဖြတ်လိုက်သည်။ သူ(မ)လည်း လိုအပ်တာမှမဟုတ်တာ။ သူ(မ) ကျိုက်ကျိုက်၏ အင်္ကျီလက်စကို ဆွဲကာ ထွက်သွားချင်ခဲ့သည်။
ဆိုင်ရှင်၏မျက်လုံးထဲ၌ ထူးဆန်းသော မြင်ကွင်းကို မြင်နေရသည်။ ပထမဆုံး သူသည် သူ၏ဆိုင်ရှိ အနီရောင်သေတ္တာအချို့ကို လေတိုက်၍ လွင့်နေတာကို နားမလည်နိုင်စွာ သူတွေ့လိုက်ရသည်။ 'ဒီည လေက ဘယ်နားက တိုက်နေတာလဲ။ '
ကောင်းကင်ကို မော့ကြည့်ရုံမှတပါး သူ မတတ်နိုင်ချေ။ ထို့နောက် သူ့ရှေ့ရှိ ချောမောသော သခင်လေး၏ အကျီလက်များသည် လေတိုက်၍ လွင့်သွားတာကို သူ မြင်လိုက်ရသည်။
'ဒါ ၊ ဒါ ၊ဒါ ?'
စျေးဆိုင်ပိုင်ရှင်သည် သူဝိညာဉ် မြင်နေရတယ်လို့ သံသယမ၀င်ခင်မှာ သခင်လေးဆီမှ "စုစုပေါင်း ဆယ့်နှစ်မျိူးရှိတာလား? တစ်ဘူးစီယူမယ်" ဟု ပြောသံကြားလိုက်ရသည်။
ဆိုင်ပိုင်ရှင်သည် ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာခဲ့သည်။ ' ဝယ်သူအကြီးစားပဲ!'
သခင်လေး စိတ်ပြောင်းသွားမည်ကို သူစိုးရွံ့သဖြင့် သူသည် အနီရောင် သေတ္တာဆယ့်နှစ်ပုံးစီကို လျှပ်တပြက် အရှိန်ဖြင့် ထုပ်ပိုးလိုက်သည်။ သူသည် သူတို့ကို အထည်အိတ်ဖြင့်ထုပ်ပြီး သခင်လေးထံ ပေးလိုက်လေသည်။
စုရှီ ဖန်သားပြင်မှ ကြည့်၍ ကြက်သေသေနေသည်။ သူ(မ) ပိုက်ဆံဘယ်လောက်တောင် ကုန်တော့မည်ကို နှာမြောတသသဖြင့် ရေတွက်နေသည်။ ' နေဦး၊ ငွေစ နှစ်ဆယ့်လေးတုံး! ကျိုက်ကျိုက် လက်မဖွာပါနဲ့! ဆင်းရဲတွင်းက ထွက်ဖို့ မလွယ်ဘူး!'
သူ(မ) ကျိုက်ကျိုက်က တလဲ့လဲ့ တောက်ပနေသည့် ငွေတုံးများကို ဆိုင်ရှင်ဆီသို့ ပေးလိုက်သည်ကို တွေ့လိုက်ရ၏။ သူ(မ) နှလုံးသား နာကျင်မှုကြောင့် အဆမတန်ကိုက်ခဲလာပြီး သွေးရှင်ရှင် ထွက်တော့မလို ခံစားလိုက်ရသည်။ သို့သော် နောက်ကျသွားလေပြီ။ ငွေတုံး များအား ပေးချေပေး ပြီးနှင့်ပြီ။
စုရှီ ကျိုက်ကျိုက်၏အကျီလက်များကို ပို၍တင်းကျပ်နေအောင် ဆွဲထားလိုက်သည်။
ကျိုက်ကျိုက် အထည်အိတ်ကို သယ်ကာ ရှေ့ဆက်သွားသည်။ လမ်းဘေးနှစ်ဖက်လုံး၌ သက်ဝင်လှပသည့် ဖယောင်းတိုင်မီးရောင်သည် သူ့မျက်နှာပေါ်သို့ ရောင်ပြန်ဟပ်နေပြီး အဝါရောင်မီးရောင်ဖြင့် ဖုံးလွှမ်းထားသည်။
လေက သူ့အကျီလက်တွေအား တင်းကျပ်နေအောင် ဆွဲထားတာကို မြင်သောအခါ "စိတ် မကောင်းမဖြစ်ပါနဲ့ ငါဝယ်ပေးချင်လို့ပါ" ဟု တီးတိုးပြောလိုက်သည်။
"မင်းကြိုက်တယ်ဆိုရင် လက်လွှတ်မခံသင့်ဘူးလေ"
"မင်းမသုံးနိုင်ရင်တောင် ဒါတွေက လှတယ်လေ ၊ ပြီးတော့ မင်းအသက်ရှင်..."
လုဟွမ် တစ်ခုခုပြောချင်နေသော်လည်း သူ့စကားများအား ရပ်တန့်ပြီး ရင်ထဲ၌သာ မြိုသိပ်ထားလိုက်သည်။
စုရှီတစ်ယောက် ကျိုက်ကျိုက်၏ ငွေတုံးများအပေါ် နောင်တရခဲ့သော်လည်း သူ(မ) ကျိုက်ကျိုက်မျက်နှာပေါ်မှ အပြုံးဖျော့ဖျော့ကို တွေ့နေရပြီး သူက သူ(မ)ထပ်ပျော်နေပုံရသောကြောင့် လွှတ်ထားလိုက်သည်။
မင်းသားနင်းဖူလို ခက်ခဲသည့်အခြေနေများဖြင့် ကျိုက်ကျိုက်က မွေးဖွားလာသော်လည်း ကောက်ကျစ်စွာ မကြီးပြင်းလာခဲ့ချေ။
သူက အမြဲ ကျေးဇူးဆပ်ခြင်းကို နားလည်တယ်။ သူ(မ) သူ့ကို အခုရော ဒီမတိုင်ခင်ကရော ပေးခဲ့သည်။ သူဘာမှမပြောရင်တောင် အရင်က သူ(မ) လုပ်ပေးခဲ့တာများအတွက် ပြန်လည် ပေးဆပ်ချင်ပုံရသည်။ သူ(မ)သာ သူ့ကို လုပ်ခွင့်မပေးလျှင် သူနေမထိ ထိုင်မသာ ဖြစ်နေပေမည်။
ကလေးတွေ အကုန်လုံးက အဲလိုပါဘဲ။ ရှောင်ရှီလေးလည်း သူတို့ကိုတအားချစ်သည်။
စုရှီ အဲလို တွေးလိုက်သည့်အခါ ကျိုက်ကျိုက် ငွေတုံးများ အပေါ်တွင် စိတ်မကောင်း မဖြစ်တော့ပေ။ သို့သော် နောင်တွင် သူ(မ) ပိုဂရုစိုက်ရန် စဉ်းစားထားသည်။ သူ(မ)၏ အရာဝတ္တုများ အပေါ် ရူးသွပ်ပုံကို ထပ်မဖော်ပြတော့ပေ။
လမ်းဘေးနှစ်ဖက်တွင်ရောင်းချနေသည့် သစ်သားရုပ်မြင်းများနှင့် စက္ကူဖြတ်ပိုင်း သေးသေးလေးများသည် အလွန်လက်ရာမြောက်ပြီး လူများဝယ်ချင်အောင် ဆွဲဆောင်နိုင်လွန်းသည်။ ဒါပေမဲ့ သူ(မ)ကလေး၏ နောင်ရေးအတွက် လောင်မားက ချွေတာရမယ်။
သို့သော် လုဟွမ်သည် သူ့နက်မှောင်သော မျက်တောင်များကို အနည်းငယ် စင်းချလိုက်ပြီး သူ၏ လက်ထဲတွင် အနီရောင် သေတ္တာ ဆယ့်နှစ်ဘူးကို ကြည့်လိုက်လေသည်။ သူသည် ပျော်ရွှင်နေသော်လည်း မတူညီသော ခံစားချက်များနှင့် ရောထွေးနေသည်။
သူ့ဘေးနားရှိ ဝိညာဉ်သည် ဒီအရာများကို အရမ်းသဘောကျတယ်။ ဒါတွေကို သူ(မ) သုံးလို့ရရင် ပိုတောင်ပျော်နေဦးမည်။
ဒါပေမဲ့ သူ(မ)တွင် ကိုယ်ပိုင်ခန္ဓာကိုယ်မရှိသလို တခြားသူတွေကလည်း သူ(မ)အား မမြင်ရပေ။ သူမ တစ်နေ့လုံး ဒီအတိုင်း လျှောက်သွားပြီး စကားလည်းမပြောနိုင်ပေ...
သူ(မ) သူ့အနားမှာရှိနေတာတောင် သူ(မ)နာမည် ဒါမှမဟုတ် သူ(မ)နေခဲ့တဲ့နေရာကိုတောင် မပြောနိုင်ဘူး။ သူမလည်း အထီးကျန်နေတာမဟုတ်လား?
သူ(မ)ကို သူမမြင်ရပါဘူး။ တခြား သရဲဝိညာဉ်တွေက သူ(မ)ကို အနိုင်ကျင့်ရင်… သူဟာ သူ(မ)အတွက် ဘာမှ အသုံးမဝင်နိုင်ပေ။
ထို့အပြင် သူ(မ)ကို ထိတွေ့လို့လည်းမရနိုင်ချေ။
လုဟွမ်သည် အပြာရောင်ကျောက်လမ်းပေါ်ရှိ သူ့အရိပ်ကို စိုက်ကြည့်နေသည်။ သူ့ဘေးတွင် လူအုပ်ကြီး ရှိနေသည်။ သို့သော် သူ(မ)မပါလျှင် သူ့တွင် ဝမ်းနည်းအထီးကျန်မှုများနှင့်သာ ပြည့်နှက်နေမည်။
စုရှီ ကျိုက်ကျိုက် ခေါင်းငုံ့ပြီး ဘာတွေတွေးနေလဲ မခန့်မှန်းနိုင်ချေ။ သူ(မ) သိတာက သူ လက်နောက်ပစ်ပြီး လမ်းလျှောက်နေတာကိုပဲ။ သူ့ကြည့်ရတာ ပျော်ရွှင်နေပုံ ပေါက်ပေမယ့် အခုကျ တစ်ခုခုကို နက်နက်နဲနဲတွေးတောနေပုံပဲ။ ' အဲတာ လင်မယားတွေက သူတို့ရဲ့ကလေးလေးတွေကို မီးပုံးတွေ ကြည့်လို့ရအောင် မြှောက်ချီနေတဲ့မြ င်ကွင်းကြောင့် သူ့တောင် နာမည်မသိတဲ့ အမေ့အကြောင်း တွေးနေတာ များလား.? ဒါကြောင့် သူ စိတ်ဒုက္ခရောက်နေပုံပဲ'
ကျိုက်ကျိုက်ကို အာရုံပြောင်းအောင် ဘယ်လိုလုပ်ရမလဲ တွေးတောနေ၏။ ဒါကြောင့် သူ(မ) လက်ချောင်းများဖြင့် ကျိုက်ကျိုက် နောက်ကျောကို တွန်းလိုက်လေသည်။
ကျိုက်ကျိုက် သတိပြန်ကပ်ပြီး " မင်း တစ်ခုခု ဝယ်ချင်တာ ရှိလို့လား" လို့ ညှင်သာသွာ မေးလိုက်သည်။
စုရှီ သူ့လက်ကို ဆုပ်ကိုင်ထားပြီး ရှေ့ရှိအဆင်သင့်လုပ်ထားတဲ့ အထည်ဆိုင်တစ်ဆိုင်ကို ဆွဲခေါ်သွားသည်။
စုရှီတစ်ယောက် ကြားဖြတ်ပြီး မျက်စိကစားလိုက်သည်။ ဆိုင်၏ဒုတိယထပ်တွင် လူငယ် အဝတ်အစားများအပြင် ကျောက်စိမ်းဆံထိုးနှင့် ကျောက်စိမ်းသရဖူများ၊ ခါးပတ်များ၊ ကျောက်စိမ်းဆွဲသီး စသည်ဖြင့် စုံလင်လှသည်။
စုရှီ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ဒီဂိမ်းအပြင် သူမကစားခဲ့သည့် “နမ်နမ်နှင့်အံ့ဖွယ်ရာများ” ဂိမ်း တစ်ခုတည်းသာရှိသည်။ သို့သော် ကာတွန်းဇာတ်ကောင်ကို အဝတ်ဆင်ပေးတာက ကျိုက်ကျိုက်ကို အဝတ်ဆင်ပေးရတာလောက် ပျော်စရာမကောင်းချေ။
လုဟွမ် အနည်းငယ် စိတ်ရှုပ်သွားသည်။ သူ(မ) ဘာလို့ သူ့ကို ဒီအဆင်သင့်လုပ်ထားတဲ့ အထည်ဆိုင်ကို ခေါ်လာတာလည်း မသိပေ။
သူ ပတ်ပတ်လည်ကိုကြည့်ပြီး သူဌေးအား ငွေစတချို့ ပေးကာ အောက်ထပ်မှာ စောင့်နေစေသည်။
ပြီးနောက် သူလှည့်ကြည့်လိုက်သောအခါ အဖြူရောင် ရွှေချည်ယက်အင်္ကျီတစ်ထည်၊ လူငယ်ဝတ် ဆင်စွယ်ဖြူနှင့် ကျောက်စိမ်းဖြင့် စီထားသည့် ခါးပတ်၊ နီစွေးစွေးအရောင်ရှိသည့် ဆံထိုးတစ်ချောင်း၊ ဖြူဖျော့ဖျော့ သလင်းကျောက်စိမ်းတစ်ပိုင်း သူ့ရှေ့၌ လွင့်ပျံလာသည်။ ထိုအရာများသည် သူ့ရှေ့တွင် လွင့်ပျံလာကာ ပြင်းပြင်းထန်ထန် လှုပ်ခါနေလေသည်။
လုဟွမ် ဝိညာဉ်၏ အတွေးကို မှန်းဆမိပြီး "မင်းက ငါ့ကို အဲဒါတွေ လဲဝတ်စေချင်တာလား?"
ဖန်သားပြင်အပြင်ရှိ စုရှီသည် ထောက်ခံသည့်သဘောဖြင့် သူ့ဘယ်ဘက်လက်ကို အလျင်အမြန် ပုတ်လိုက်လေသည်။ 'ဟုတ်တယ် ညဏ်ကောင်းသားပဲ'
ထို့နောက် ကျိုက်ကျိုက်၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်ကို သူ(မ)မြင်လိုက်ရပြီး သူ(မ) ဘာကြောင့် သူ့ကို အဝတ်ဆင်ရတာတအား ပျော်ရွှင်နေသည်ကို သိလိုခြင်းဖြစ်နိုင်သည်။
ဒါပေမဲ့ အဲဒါက သူ(မ)ရဲ့ တောင်းဆိုမှုဖြစ်သောကြောင့် ကျိုက်ကျိုက် တွန့်ဆုတ်မနေခဲ့ပါဘူး။ သူသည် ပစ္စည်းများကို လေထဲမှယူလိုက်ပြီး အဝတ်လဲရန် ထောင့်ဆီသို့ လျှောက်သွားလိုက်သည်။
သူအဝတ်အစား မချွတ်ခင်မှာ သူ့နားရွက်များ ခါတိုင်းလိုပဲ အနည်းငယ်နီနေခဲ့တယ်။ သူက စုရှီအား "မင်းမျက်လုံးတွေ မှိတ်ထားပေးပါလား" လို့ တောင်းဆိုလိုက်သည်။
ဖန်သားအပြင်ဘက်ရှိ စုရှီတစ်ယောက် မျက်စောင်းထိုးလိုက်သည်။ 'ကျိုက်ကျိုက်က သူ(မ) သူ့ခန္ဓာကိုယ်ကို တပ်မက်နေတယ်လို့ ထင်နေတာလား။ အရိုးခြောက်လို ပိန်လှီနေတဲ့ပုံက ဘာများ တပ်မက်စရာကောင်းလို့လဲ'
ထို့အပြင် ရှေးခေတ်တွင် ထူထဲသည့် အဝတ်အစားများ ဝတ်ဆင်ကြသည်။ ကျိုက်ကျိုက်သည် သူ၏ အပြင်ဘက် ဝတ်ရုံကို ချွတ်ခဲ့လျှင်ပင် သူ့တွင် အတွင်းအဝတ်များ ရှိနေသေးသည် မဟုတ်ပါလော။
ကျိုက်ကျိုက် လျင်မြန်စွာ အဝတ်ဝတ်လိုက်သည်။ သူဝတ်ပြီးတာနှင့် အပြင်ဘက်သို့ ထွက်လာခဲ့သည်။ သူ့တစ်ကိုယ်လုံး တောင့်တင်းနေပြီး နေရာလွတ်ကို စိတ်မသက်မသာဖြင့် ကြည့်လိုက်သည်။ စုရှီ ဘာဆက်လုပ်မည် ဆိုသည်ကို သူလည်းမသေချာပေ။
စုရှီသည် သူ့လက်ကို ဖန်သားပြင်မှ ဆွဲကိုင်ကာ သူ့တံတောင်ဆစ်ကို ဆုပ်ကိုင်လိုက်ပြီး သူ့အတွက် ၀တ်ရုံချည်ကို လှုပ်ယမ်းလိုက်သည်။
သူ(မ) အဲလို လုပ်နေသည့်ချိန်တွင် ကျိုက်ကျိုက် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေတာကို သတိထားမိသော်လည်း ကျိုက်ကျိုက်၏ မျက်နှာအမူရာကို မတွေ့လိုက်ရပါ။
လုဟွမ်သည် အသင့်လုပ်ထားသည့် အဝတ်စတိုးဆိုင်၏ ဒုတိယထပ် ပြတင်းပေါက်ကို တည့်တည့်စိုက်ကြည့်လိုက်သည်။ တံစက်မြိတ်အောက်က နှင်းတွေ အရည်ပျော်နေတာကို သူ တိတ်တဆိတ်စိုက်ကြည့်လိုက်သည်။ တံစက်မြိတ်အောက်သို့ စီးဆင်းနေသော နှင်းများသည် အရည်ပျော်ကျနေသည့် မိုးရေများကဲ့သို့ လွင့်မျောနေသည့် မီးပုံးထဲသို့ စီးကျနေသည်ကို သူ ကြည့်နေမိသည်။
သူသည် ဈေးအပြင်ဘက်ရှိ အသံများအားနားထောင်ကာ စိတ်ငြိမ်သက်စေရန် ဟန်ဆောင်နေသော်ငြား… လူငယ်လေးရဲ့ နှလုံးသားက ထိတ်လန့်တုန်လှုပ်နေခဲ့တာ ကြာနေပါပြီ။
ဒုတ်, ဒုတ်
ဘယ်သူမှ သူ့အတွက် အခုလိုမလုပ်ခဲ့ဖူးပေ။
ထိုညက သူအဖျားကြီးပြီး အပြင်းဖျားခဲ့သည်။ သူ သတိလစ်ပြီး မူးဝေနေတုန်းက သူ(မ)ပဲ ချွေးစိုနေသည့် အဝတ်အစားများကို လဲလှယ်ပေးခဲ့တာလား။
စုရှီက သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးနောက်၊ စုရှီတစ်ယောက် ဖန်သားပြင်မှ ကျိုက်ကျိုက်ကိုကြည့်ကာ နှလုံးသားထဲတွင် အော်ဟစ်နေရုံမှ တစ်ပါး မနေနိုင်တော့ပေ။ 'အား၊ အား၊ အား၊ ခန့်လိုက်တာကွာ!'
သူ(မ)သည် ဤအဝတ်အစားများအားလုံး ဝယ်ယူပြီး ကျိုက်ကျိုက်အား သူ(မ)အတွက် တစ်နေ့ တစ်ထည် မရိုးရလေအောင် ဝတ်ပြစေချင်သည်!
သူ(မ) ဘာကြောင့် “နမ်နမ်နှင့်အံ့ဖွယ်ရာများ” ဂိမ်းကို ကစားတော့မှာလဲ? သူ(မ) ကျိုက်ကျိုက်နှင့် ဖက်ရှင်ရှိူးပွဲ လုပ်ပြီး တစ်နေကုန် ကစားနိုင်တာကို!
စုရှီ သူ့အား မတူညီတဲ့အဝတ်အစားတွေ ဝတ်စေချင်တာကြောင့် အရင်က ဂိမ်းဇာတ်ကောင် အဝတ်အစားများကို ပေးခဲ့ဖူးသည်။ သို့သော် သူ(မ) ကိုယ်တိုင် ပြောင်းလဲပေးတာထက် သူကိုယ်သူ ပြောင်းလဲခိုင်းတာက ခံစားရပုံချင်းတော့ မတူပေ။
ထို့အပြင် ကျိုက်ကျိုက်သည် အလွန်နာခံတတ်သည်။ သူသည် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေပြီး သူ(မ) ပြုသမျှ နုနေရသည့် အရုပ်သာသာလို ရပ်မြဲရပ်နေခဲ့သည်။
အဝတ်အစားတွေလဲပြီးတာနဲ့ စုရှီသည် ကျိုက်ကျိုက်အား တစ်ပတ်လှည့်စေပြီး သူ(မ)လက်ကို သုံး၍ သူ့ရဲ့အနက်ရောင်ဆံပင်ကိုထိလိုက်သည်။ ရှေးခေတ်က ဒီလိုဆံပင်မျိူးကို ရေတံခွန်လို ရှည်လျားတဲ့ဆံပင်လို့ ခေါ်ကြ၏။
သူ(မ)သည် ကျိုက်ကျိုက် ဆံပင်စည်းရာတွင် အသုံးပြုသည့် အဝတ်ကြိုးအညိုကို ဖြုတ်ယူလိုက်ပြီး သူ(မ) ခုနတင် ရွေးချယ်ခဲ့သည့် အရည်အသွေးမြင့် ကျောက်စိမ်းဖြူရောင် မက်နိုလီးယားဆံညှပ်ဖြင့် သူ့ဆံပင်များကို စည်းနှောင်လိုက်သည်။
သူ တစ်ပတ်လှည့် ကြည့်လိုက်တော့ လူငယ်လေး၏ မျက်လုံးများက နက်မှောင်တောက်ပနေကြသည်။ သူသည် မြင့်မြတ်ပြီး ကမ္ဘာကြီးကို ချန်ထားခဲ့ရသော မသေမျိူးနွယ် ပုံပေါက်နေ၏။
စုရှီ၏သွေးများ ပွက်ပွက်ဆူလာလေပြီ။ သူ(မ)သည် ဖန်သားပြင်အပြင်ဘက်၌ ကျိုက်ကျိုက်၏ ဆံပင်ရှည်များကို သပ်သပ်ရပ်ရပ် ချည်နှောင်ပေးထားပြီး လောင်မားအို၏ နှလုံးသားသည် ပီတိများဖြင့် ပြည့်လျှံတော့မည်။
သူမသည် ဂိမ်း၏မစ်ရှင်အားပြီးမြောက်ရန် မလိုအပ်ရင် ယန်မင်းဆက် မပြောင်းမချင်း ကျိုက်ကျိုက် နှင့် ဈေးဝယ်ထွက်နိုင်သည်!
သူ(မ) အပြုအမူတွေသည် ကျိုက်ကျိုက်၏ ခန္ဓာကိုယ်ပေါ်သို့ လေပြေညှင်းလေးသဖွယ် ကျရောက်နေ၏။
ဤလေပြည်သည် အပူချိန် သို့မဟုတ် ထိတွေ့မှုတစ်စုံတစ်ရာမရှိခဲ့ဘဲ လုဟွမ်၏ခေါင်းပေါ်သို့ကျလာပြီး အနည်းငယ် ရှုပ်ထွေးနေသော ဆံပင်များကို ညင်သာစွာစည်းလိုက်သောအခါ သူ့တစ်ကိုယ်လုံးသည် ကျောက်ပြားကဲ့သို့ တောင့်တင်းသွားသည်။ သူ မလှုပ်ရှားနိုင်တော့ဘဲ သူ့နှလုံးခုန်သံသည် လျင်မြန်လွန်းသောကြောင့် အသံပင်ကြားနိုင်သည်။
သူ့ပုခုံးပေါ်က အရေပြားသည် ဓာတ်လိုက်သလို ခံစားရကာ ထုံကျင်သည့် ခံစားချက်သည် သူ့ခြေလက်တွေထိ ရုတ်တရက် ပျံ့နှံ့သွားသည်။
လုဟွမ် ဘာဖြစ်နေလဲ သူကိုယ်တိုင်ပင်မသိတော့ပါ။
'..... ပြစ်မှားမိလို့လား?'
ဒီအတွေးသည် သူ့စိတ်ထဲ၌ ရုတ်တရက်ပေါ်လာ၏။ လုဟွမ်၏ မျက်ခွံများ ပြင်းပြင်းထန်ထန် လှုပ်ယမ်းသွားပြီး သူအနည်းငယ် သည်းမခံနိုင်တော့ဘူးလို့သာ ခံစားမိတော့သည်။
ရုတ်တရက် သတိမမူ နားမလည်နိုင်လောက်အောင် ကြီးထွားလာတဲ့ အရာတစ်ချို့ကြောင့် သူ့နှလုံးသားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်...။
ဝိညာဉ်များနှင့် နတ်ဘုရားများသည် ပေါက်ကွဲ မတပ်ကစုန်ပေါက်နေသည့် သူ၏ နားမလည်နိုင်သော နှလုံးခုန်သံကို ကြားသွားမည်ကို သူ အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။ သူ အလောတကြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။
သူ ပြတင်းပေါက်နားမှာ ရပ်နေပြီး မျက်နှာအား တိုက်ခတ်လာသည့် လေအေးကို ခံစားလိုက်သည်။ သူ၏ တုန်လှုပ်ချောက်ချားနေတဲ့ ခံစားချက်များသည် အနည်းငယ် ငြိမ်သက်သွားသည်။
ဤအေးသောလေသည် တစ္တေနှင့်နတ်ဘုရားတို့၏ အေးစက်သောလေနှင့် ကွဲပြားသည်။ ——သူခံစားနိုင်သည်။
စုရှီသည် မျက်နှာကြီးနီမြန်းကာ ပြတင်းပေါက်တွင် မျက်နှာမူရပ်နေသည့် ကျိုက်ကျိုက်အား တွေ့လိုက်ရ၏။ သူ့လက်သီးလေးတွေ ဆုပ်ထားပြီး နောက်ပြန်လှည့်မကြည့်ရဲဘူး။ ကျိုက်ကျိုက် ရှက်နေတာလို့ သူ(မ)ထင်လိုက်သည်။
သူ(မ) ရီနေရုံမှလွဲ၍ မတတ်နိုင်ပေ။ သူ(မ) ကျိုက်ကျိုက်လက်အား ဆွဲခေါ်ကာ ညဘက်ဈေးဝယ်ထွက်နိုင်သည့် နေရာများကိုကြည့်ရန် အဆင်သင့်လုပ်ထားသည့် အဝတ်စတိုးဆိုင် အပြင်ဘက်သို့ ဆွဲထုတ်သွားခဲ့သည်။
သို့သော် ထိုအချိန်တွင် လုဟွမ်သည် အနက်ရောင် ယင်းနဲ့ယန် ပေါင်းစပ် ဝတ်စုံဝတ်ထားသည့် ရှေးဖြစ်ဟောတစ်ဦး အောက်ထပ်သို့ ရုတ်တရက် ဆင်းလာတာကို တွေ့လိုက်ရသည်။ သူက ဆိုင်းဘုတ်ကို ဝှေ့ယမ်းကာ ကံကြမ္မာကို ပြောပြရန် ပြင်ဆင်နေသည်။
ဗေဒင်နဖူးစာတန်းပေါ်တွင် ရေးထားသော စကားလုံးအချို့ပါရှိသည်- ဗေဒင်ဟောခြင်း၊ ဘာသာရေးအခမ်းအနား၊ လူဝင်စားခြင်း၊ နတ်ဘုရားအား တောင်းဆိုခြင်း။
လုဟွမ်သည် ရုတ်တရက် အတွေးတစ်ခုပေါ်လာပြီး ပျော်ရွှင်မှုဖြင့် ဆန္ဒတစ်ခု သူ့မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။
ထိုအရာများ သူ့မျက်နှာပေါ် ထင်ဟပ်သည့်အခါ သူ့ကို အနည်းငယ်ရူးသွပ်နေသည့်လူ ပုံပေါက်စေသည်။
ဒီလို ဗေဒင်ဆရာက ဂုဏ်သတင်းကျော်ကြားလို့မဟုတ်ဘူး။ အဲဒီအစား၊ သူ ရုတ်တရက် စဉ်းစားလိုက်မိသည်၊ 'တကယ်ပဲ လူဝင်စားဖို့နည်းလမ်းရှိတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ သူ့ဘေးမှာ ရှိတဲ့ သူ(မ)မှာ ခန္ဓာကိုယ်ရှိမယ် ဆိုရင်ကော?'
အရင်တုန်းကတော့ ဒီသဘာဝလွန်အရာတွေကို လုံးဝမယုံခဲ့ပေ။ ယခုမူကား မျှော်လင့်ချက် အမှုန်အမွှား လောက်ပင်ရှိနေသရွေ့ သူကြိုးစားရမယ်!