← Chapters

Chapter 39

Vol. 4 Ch. 39

Chapter 39

Vol. 4 Ch. 39

ကျိုက်ကျိုက် ဒိုက်ထိုးနေစဉ်တွင် စုရှီသည် သူ့‌ရှေ့မှ “စစ်ပွဲတစ်ရာဗျူဟာ” ဟုခေါ်သော စာအုပ်ကို ရွေ့ပြီး ဒိုက်ထိုးလျက် ဖတ်နိုင်စေရန် ပထမစာမျက်နှာသို့ ဖွင့်လှန်ပေးလိုက်၏။

ဆိုင်မှ လဲလှယ်လာသည့် ရှေးခေတ်မှအရာများဟု သိသာနေသော စာအုပ်အများအပြားရှိပေသည်။ သို့သော် ဂိမ်းထဲမှ ယန်မင်းဆက်တွင် ထိုစာအုပ်များ မရှိချေ။ ကျိုက်ကျိုက်သည် ဤအရာများကို တစ်ခါမှ မမြင်ဖူးသောကြောင့် သူ့အတွက် ဤစာအုပ်များသည် အလွန်မွန်မြတ်ပေသည်။

သူသည် အလွန်အလေးအနက် ဖြစ်နေပြီး သင်ယူရန် စိတ်အားထက်သန်နေလေသည်။ မကြာမီ သူသည် စစ်ရေးအနုပညာ၏ အသေးစိတ် ရှင်းပြချက်ထဲသို့ ဈာန်ဝင်သွားလေ၏။ သူသည် မှတ်ဉာဏ်ကောင်းပြီး အရမ်းစာဖတ်မြန်လေသည်။ ဒိုက်အနည်းငယ်ထိုးပြီး စာမျက်နှာကို လှန်လိုက်လေသည်။

တစ်ချိန်တည်းမှာတင် စခရင်ပြင်ပမှ စုရှီသည် သူ(မ)ဖုန်းကို အားသွင်းရန် စားပွဲပေါ်သို့ တင်လိုက်‌၏။ သူ(မ)သည် မေးခွန်းစာရွက် ဖွင့်ဖြန့်လိုက်ပြီး အမြန် အိမ်စာလုပ်လေသည်။

စုရှီ၏အခန်းသည် တိတ်ဆိတ်နေ၏။ စုရှီအမေ နွားနို့ခွက်ပို့ရန် အခန်းထဲ ဝင်လာသည်နှင့် သူ(မ)ဖုန်းကို မေးခွန်စာရွက်ဖြင့် အလျင်အမြန် ဖုံးနေခြင်းမှအပ မည်သူမျှ နှောင့်ယှက်မည့်သူ မရှိချေ။

လုဟွမ်၏ သစ်သားအိမ်ဝင်းသည်လည်း တိတ်ဆိတ်နေ၏။ ပြင်ပမှ လေအေးများတိုက်နေသော အသံအနည်းငယ်ကိုသာ ကြားနိုင်၏။

သူတိူ့နှစ်ယောက်ကို စခရင်တစ်ခု ကခြားထားပြီး တူညီသည့် အရာကိုလုပ်နေလျက် တစ်ယောက်ကို တစ်ယောက် အဖော်ပြုပေးနေလေသည်။

စုရှီသည် နွားနို့ကို တစ်ငုံအပြည့်သောက်လိုက်ပြီး စခရင်ပေါ်မှ ကျိုက်ကျိုက်ကို မော့ကြည့်မိလိုက်၏။ ရုတ်တရက် သူ(မ)မထိန်းနိုင်ဘဲ ပြုံးမိလိုက်သည်။ ‘သူ(မ)ရဲ့ အာရုံစူးစိုက်မှုက သိပ်မကောင်းပေ။ သူ(မ)တစ်ယောက်တည်းသာ မေးခွန်းတွေဖြေနေရင် ပျင်းပြီး Weibo ပဲ ကြည့်ကြည့်မိနေမှာ’

‘ဒါပေမဲ့ ကျိုက်ကျိုက်က ရည်မှန်းချက်ကြီးပြီး စိတ်အတော်ရှည်တယ်။ သူတစ်ခုခုလုပ်ပြီဆိုရင် အာရုံစိုက်ပြီးတော့ စူးစိုက်မှုအပြည့်နဲ့ကို လုပ်တာ။ သူ(မ)ကို သူက မမြင်နိုင်တဲ့ တွန်းအားတစ်ခု ပေးနေသလိုပဲ။ ပြီးတော့ သူ(မ)အိမ်စာလုပ်တာကို အဖော်ပြုပေးမယ့်သူရှိနေတာက အထီးမကျန်ရတော့ဘူး။’

စခရင်ပေါ်မှ ကျိုက်ကျိုက်သည်လည်း နေရာလွတ်တစ်ခုကို အချိန်နှင့်အမျှ မော့ကြည့်နေပြီး သူ(မ)ရှိနေသေးသလားကို သေချာအောင်ပြုလုပ်ချင်သည့်ပုံပင်။

ကျိုက်ကျိုက်မေးသည်ကို မစောင့်ဘဲ စုရှီသည် သူ့ခေါင်းသေးသေးလေးကို ပွတ်သပ်ပေးလိုက်ပြီး သူ(မ)ရှိနေသေးသည်ဟု ဖော်ပြလိုက်၏။ ရလဒ်အနေဖြင့် သူ၏ မျက်နှာအမူအရာများသည် အေးချမ်းသွားသည်။ သူ၏နှုတ်ခမ်း‌စွန်းများ ကွေးတက်သွားပြီး စာဆက်ဖတ်ရန် ခေါင်းငုံ့လိုက်၏။

လုဟွမ်၏ သေးသွယ်သောလက်ထိပ်များသည် စာမျက်နှာပေါ်သို့ကျလာတာ နောက်တစ်မျက်နှာ လှန်လိုက်လေသည်။ သူ့စိတ်ကိုမထိန်းနိုင်ဘဲ သူ့ဘေးမှ ဝိညာဉ်‌မလေးအပေါ် စိတ်ရောက်နေမိ၏။ သူမျက်လုံးများကို မြှင့်လိုက်ပြီး တံစက်မြိတ်များအောက်မှ လေနှင့်ယိမ်း‌နေသော အဝါရောင်တောက်တောက် မီးအိမ်ကို ကြည့်လိုက်လေသည်။ မီးအိမ်မှမီးရောင်သည် စာမျက်နှာပေါ်တွင် သာမက သူ့ပေါ်ကိုပါ မြစ်သဖွယ်ကျရောက်နေ၏။

အရာအားလုံးတိတ်ဆိတ်နေလေသည်။

သူ၏ မျက်လုံးထဲတွင် အေးချမ်းဖွယ် အပြုံးတစ်ခု မနေနိုင်ဘဲ ဖြစ်ပေါ်လာလေသည်။

‘သူ(မ) အဲမှာရှိနေသေးတယ်။’

‘ညဘက် သစ်သားအိမ်လေးထဲမှာ လေအေးတွေ တိုက်နေတုန်း သူစာဖတ်နေတာကို တစ်ယောက်ယောက်က အဖော်ပြုပေးတာ ပထမဆုံးပဲ'

‘အခန်းထဲမှာ သူ(မ)ဘာလုပ်နေလဲ မသိနိုင်ပေမယ့် အိပ်ယာပေါ်မှာ ငိုက်ချင်လည်း ငိုက်နေနိုင်တယ်။ ဒါမှမဟုတ် တွေဝေနေနိုင်တယ်။ ဒါမှမဟုတ် စာအုပ်တစ်အုပ်ကို ဖွင့်ပြီးတော့ ဝိညာဉ်တွေအကြောင်းနဲ့ နတ်ဘုရားတွေအကြောင်း ဖတ်နေတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူ(မ) တည်ရှိနေတာနဲ့တင် သူ့ကို သက်တောင့်သက်သာ ဖြစ်နေပြီ။’

‘သူ့နှလုံးသားထဲက နေရာလွတ်ကို အရမ်းအေးမနေတော့အောင် မျှော်လင့်ချက်မရှိတော့ဘဲနဲ့ စိတ်ပျက်စရာ ကောင်းမနေတော့အောင် အေးချမ်းမှုနဲ့ နွေးထွေးမှုတွေနဲ့ ပြည့်နှက်နေအောင် လုပ်ပေးနိုင်တဲ့လူ သူ့ဘေးမှာရှိလာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးပေ။’

ထိုအချိန်တွင် လေထုသည် ထုထဲပြီး နွေးထွေးနေ‌တာကြောင့် လူများ၏ နှလုံးသားထဲတွင် အတိတ်ကိုလွမ်းဆွတ်ပြီး ချက်ချင်းပင် အချိန်ရပ်တန့်ထားချင်‌စိတ် ဖြစ်ပေါ်လာစေ၏။

ပြီးနောက် အခြားညများတွင်လည်း သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အဖော်ပြုပေးကာ သူတို့နှင့် သက်ဆိုင်ရာ စာလေ့လာခြင်းကို ပြုလုပ်ကြလေသည်။

စုရှီသည် သူ(မ)၏ အိမ်စာကို လုပ်နေလေ၏။ စခရင်ပေါ်မှ ကျိုက်ကျိုက်သည် သူ(မ)က သူ့ကို ဘာလုပ်စေချင်သည်ဆိုတာ နားလည်ပုံပေါ်၏။ သူသည် ဒိုက်ထိုးခြင်း၊ ရေပုံးများ မခြင်း၊ ပစ်မှတ်ကို ချိန်ပြီး မြားပစ်ခြင်းနှင့် ဓားရေးကျင့်ခြင်းများကို စတင်ပြုလုပ်လာလေသည်။ တစ်ချိန်တည်းမှာပင် သူ(မ)ပေးသော စာအုပ်များကိုလည်း ဖတ်နေလေ၏။

သူ့တွင် ခရေစေ့တွင်းကျ မှတ်နိုင်သော မှတ်ဉာဏ်ရှိပြီး မှတ်စိတစ်မှိတ်အတွင်းတွင် စာ၁၀ ကြောင်းလောက် ဖတ်နိုင်၏။ သူသည် အမြန်စာဖတ်နိုင်သည်။ စုရှီသည် ဆိုင်မှ သူ့အတွက် စာအုပ်အများအပြားကို ရွေးချယ်စရာမရှိဘဲ လဲလှယ်ရ၏။

ပိုအရေးကြီးသော စာအုပ်များကို ဖတ်ပြီးသည့်နောက်တွင် နောက်ထပ်စာအုပ်များမှာ ဆောက်လုပ်ရေး လုပ်ငန်းစဉ်များ၊ လယ်ယာစိုက်ပျိုးခြင်းနှင့် ရေထိန်းသိမ်းခြင်း၊ အရာရှိများ၏ တာဝန်ယူမှုများနှင့် ပျက်ကွက်မှုများကို စစ်ဆေးခြင်းနှင့် တရားရေးစီရင်ခြင်း အစရှိသည်တို့ ဖတ်ရပေမည်။ အဲဒါတွေသည် စစ်ရေးရာဝန်ကြီးဌာနနှင့် သံရုံးဌာနမှ အသိပညာများနှင့် သက်ဆိုင်ပေသည်။

ထို့အပြင် ဆိုင်တွင် စာအုပ်အမျိုးမျိုး ရှိသေးသည်။ ယန်မင်းဆက်တွင် မရှိသော စာအုပ်များလည်းရှိ၏။ ခရီးသွားမှတ်တမ်းနှင့် အခြားမင်းဆက်များ၏ ဓလေ့ထုံးတမ်းများလည်း ပါဝင်လေသည်။

‘ကျိုက်ကျိုက် စာအမြန်ဖတ်နေတာကို ကြည့်ပြီး ဒီစာအုပ်တွေကို သူ့အတွက် စုရှီဝယ်ပေးဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး။ ဒါတွေကို သူက အတော်စိတ်ဝင်တစားနဲ့ဖတ်ပြီး သရုပ်ပြပုံနဲ့စာအုပ်တွေကိုပါ စဖတ်တော့တာပဲ။’

‘မြေအောက်ကမ္ဘာက သရုပ်ပြစာအုပ်ကို စိတ်ဝင်စားနေပြီး စုရှီနေထိုင်တဲ့ ကမ္ဘာအကြောင်းကို သူစိတ်ဝင်စားနေတဲ့ပုံပင်’

စုရှီ ဆွံ့အသွားလေသည်။

ဝတ်ရုံခြုံပြီး စိုက်ပျိုးရေးခြံထဲမှ ဖန်လုံအိမ်နှင့် ကောက်ပဲသီးနှံများကို သွားကြည့်မည့်အစား ကျိုက်ကျိုက်သည် ဤရက်ပိုင်းအတွင်း တံခါးများ ပိတ်ပြီးသာ စာလေ့လာနေခဲ့၏။ သူသည် စားရန် အိပ်ရန်နှင့် ဓားရေးလေ့ကျင့်ရန်ကိုပင် မေ့လျော့နေခဲ့လေသည်။

ရလဒ်အနေဖြင့် သူ အမြန်တိုးတက်လာခဲ့၏။

‘စုရှီရဲ့ အမေ့နှလုံးသားလေးက အတော် သက်သာရာရသွားပြီ။ သူ(မ)ကလေး စာလေ့လာပြီးတော့ မမောမပန်းဘဲ တိုးတက်လာတာကို ကြည့်ရတာလောက် ဘာက ပိုစိတ်ကျေနပ်နိုင်မှာလဲ။’

သို့သော် ကျိုက်ကျိုက်သည် အလွန်ကြိုးစားလုပ်နေသော်လည်း စနစ်၏ စွမ်းရည်နှင့် သက်လုံအမှတ်များ တိုးမလာသေးချေ။

စနစ်က ပြောလိုက်၏။

“တစ်မှတ်ကို မတွက်ချက်ခင်မှာ ဒိုက်ထိုးခြင်း၊ သံတုံးမခြင်း၊ ဓားရေးကျင့်ခြင်းနှင့် ပိုင်စိုက်လေ့ကျင့်ခြင်းတို့ကို တစ်ခုချင်းစီ အကြိမ်တစ်သောင်း လုပ်ရမှာပါ။”

[T/N : ပိုင်စိုက်( Pile Dirver)လေ့ကျင့်ခန်းဆိုတာ မြင်းထိုင်သလို ထိုင်ပြီး အလေးကို လက်နှစ်ဖက်နဲ့ ကိုင်ထားပြီး အလေးကို ခြေထောက်ကြားကိုရွေ့၊ ပြီးရင် အလေးကို ခေါင်းအပေါ်အထိ လက်မြှောက်ပြီးတင်၊ ပြီးရင် ဒူးဆန့် ပြီးရင် ဒူးကွေးပြီး အလေးကို ပြန်ချ ရတဲ့လေ့ကျင့်ခန်းပါ။]

စုရှီ ဆွံ့အသွားလေသည်။

‘ပိုင်စိုက်လေ့ကျင့်ခန်းကို အကြိမ်တစ်သောင်းကို မောင်းရင် ပိုင်ရိုက်တဲ့စက်ပဲ လုပ်နိုင်မှာပေါ့။ ငါ့ကလေးကို ခက်ခဲအောင် လုပ်နေတာလို့ပဲ ထင်တယ်။’

သို့သော် ဤနေရာတွက် အမှတ်မြှင့်ရန် ခက်ခဲသဖြင့် စုရှီအလျင်မလိုချေ။ အဆုံးမှာတော့ သူ(မ) အမှတ်အတွက် ကျိုက်ကျိုက်ကို ဤအရာများလုပ်ခိုင်းခြင်း မဟုတ်ပေ။ သူ့ကို မြောက်ပိုင်းဒေသများမှ အနာဂတ် မစ်ရှင်များတွင် ဒဏ်ရာရခြင်းကို ရှောင်ရှားစေချင်ခြင်းကြောင့်သာ ဖြစ်၏။

ကျိုက်ကျိုက်သည် သူ့ကိုယ်ပိုင် အစီအစဉ်များ ရှိသည့်ပုံပင်။ စုရှီ၏မစ်ရှင်အကြောင်း သူမသိသော်လည်း အလုပ်ကြိုးစားခြင်းဖြင့် ကြီးမားသောအရာများရယူနိုင်သည်ကို နားလည်သူဖြစ်လေသည်။

ဂိမ်းထဲတွင် ဤအတိုင်းပင် ၁၀ရက် ကုန်ဆုံးသွားပြီ။

၁၀ရက်ပြီးနောက် တော်ဝင်ကျောင်းတော်၏ နွေဦးစာသင်နှစ် စတင်လေပြီ။

တော်ဝင်ကျောင်းတော်တွင် ပညာရှင် ၇ဦးရှိ၏။ အဓိကနည်းပြ မှလွဲလျှင် ကျန်၆ဦးသည် ရိုးရာဓလေ့၊ ဂီတ၊ လေးအတတ်၊ တော်ဝင်ထုံးတမ်းအစဉ်အလာများ၊ လက်ရေးလှနှင့် သင်္ချာတို့ကို အသီးသီး သင်ကြားလေသည်။

တော်ဝင်ကျောင်းတော်သည် ယန်မင်းဆက်တစ်ခုလုံးတွင် အသိပညာအကြွယ်ဝဆုံး နေရာဖြစ်လေသည်။ သို့သော် မည်သည့် အဓိကနည်းပြ ပညာရှင်များပင် ဖြစ်ပါစေ သူတို့ မြင်ဖူးသမျှ ကြားဖူးသမျှ အရာအားလုံးသည် ယန်မင်းဆက်သမိုင်းနှင့် အခြားနိုင်ငံများမှသာ ဖြစ်ပေ၏။

သို့သော် ဆိုင်မှ စုရှီ လဲလှယ်ခဲ့သော ရှေးခေတ်စာအုပ်များသည် ထိုပညာရှင်များ မမြင်ဖူးသောအရာများ ဖြစ်၏။

၁၀နှစ်ကျော်အရွယ်မျှ ရှိသေးသော လုဟွမ်သည် တော်ဝင်ကျောင်းတော်ကို အရမ်းတက်ရောက်ချင်သည်။ သို့သော် စာအုပ်အများအပြားဖတ်ပြီးသော ၁၅နှစ်အရွယ်လုဟွမ်အတွက် တော်ဝင်ကျောင်းတော်တွင် သင်သောအရာများသည် မပြောပလောက်ပေ။

ကျိုက်ကျိုက်ကျောင်းတက်ရမည့် ပထမဆုံးနေ့တွင် သခင်မကြီးသည် များပြားသောအရာများ ပို့လိုက်လေ၏။ စုရှီသည် သူ့ကျောင်းလွယ်အိတ်အတွက် ဆိုင်မှ အိတ်ခိုင်ခိုင်တစ်လုံး လဲလှယ်ခဲ့သည်။

သခင်မကြီးသည် ကျိုက်ကျိုက်‌ ကျောင်းတက်ရမည့် ပထမဆုံးနေ့ကို မြင်သောအခါ ကျိုက်ကျိုက်ထက်ပင် ပိုစိတ်လှုပ်ရှားနေ၏။ သူ(မ) ထိုနေ့တွင် အိမ်စောစောပြန်ကာ သူ့ကိုကျောင်းပို့ရန် အာရုံစိုက်ထားလိုက်သည်။ သူ့ကို စာရေးစုတ်တံများ၊ စာရွက်များနှင့် မှင်တုံးကိုပင် သူ(မ)ပေးလိုက်သေး၏။ ကျိုက်ကျိုက်၏ စားပွဲပေါ်တွင် သူ(မ)ရက်ရက်ရောရော တင်ထားလိုက်လေသည်။

မနက်စောစောတွင် နေထွက်လာလေပြီ။ စားပွဲပေါ်မှအရာများကို လုဟွမ်မြင်သောအခါ နေရောင်ခြည်နွေးနွေးတစ်ခု သူ့မျက်နှာပေါ်ကျရောက်လာသလိုပင်။

သူ မလိုလောက်ဘူးဟု ထင်သော်လည်း သူ့အိတ်ထဲသို့ တစ်ခုချင်းစီကို ထည့်သွားသေး၏။ အရမ်းလေးသော်လည်း ဂရုမစိုက်ချေ။ ဒါတွေအားလုံးက သူ(မ)၏ ရည်ရွယ်ချက်ကောင်းများသာ ဖြစ်လေသည်။

‘သူ နင်းဖူမင်းသားရဲ့ အိမ်တော်မှာတုန်းကဆိုရင် တစ်နေကုန် ရေသယ်ရပြီး လေးလံတဲ့အလုပ်တွေပဲ လုပ်ခဲ့ရတာ။ သူဂရုမစိုက်မိရင် ရိုက်ခံရပြီး အမှုဆင်ခံရတယ်။ တစ်နေ့တော့ ဒီနွံထဲကနေ ရုန်းထွက်ဖို့ သူ့ကိုယ်ပိုင်အင်အားကို မှီခိုပြီး တော်ဝင်ကျောင်းတော်မှာတက်မယ်လို့ သူတွေးခဲ့တယ်။

‘ဒါပေမဲ့ အဲဒီအချိန်တုန်းက သူနှလုံးသားဟာ အရိုးထဲထိ အေးခဲမှုတွေပြည့်နေပြီး အမုန်းတရားတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။ သူ နင်းဖူမင်းသားရဲ့တံခါးဝက ထွက်သွားရင်တောင် သူ့နှလုံးသားက ပျော်ရွှင်မှုကို ခံစားနိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ သူဟာ အထီးကျန်ရင်း အထီးကျန်နေဦးမှာပဲ’

‘သူ့အတွက် ဝိုင်ကို နွှေးပေးမယ့်သူလည်း ရှိမှာ မဟုတ်ဘူး။ သူ့အတွက် ပျော်ရွှင်ပေးမယ့်သူလည်း ရှိမှာမဟုတ်ဘူး’

‘အဲအချိန်တုန်းက တစ်နေ့မှာ တစ်ယောက်ယောက်က သူ့ဘေးမှာနေပြီးတော့ …

သူ စာလေ့လာတာနဲ့ စာရေးတာကို ညတိုင်း အဖော်ပြုပေးမယ်၊ မိုးသံတရှဲရှဲကို နားထောင်ပေးမယ်၊ နင်းဖူမင်းသားအိမ်တော်ကနေ တော်ဝင်ကျောင်းတော်နဲ့ မြို့တော်သို့ အဖော်ပြုပေးမယ်၊ အဲနောက်က လိုက်လာမယ့် အကျိုးဆက်တွေကို ရင်ဆိုင်ပေးမယ်လို့ သူမထင်ခဲ့ဘူး။’

‘သူငယ်ငယ်ကတည်းက အကြာကြီးဆုတောင်းခဲ့ရတဲ့ တော်ဝင်ကျောင်းတော်ကိုတက်ဖို့ ဆုတောင်းကို ဖြည့်စည်းပေးပြီး အဖော်ပြုပေးခဲ့တယ်။ သူ့အတွက် စိတ်လှုပ်ရှားပေးပြီး ပျော်ရွင်ပေးတယ်။ သူ့အတွက် စုတ်တံ‌တွေ၊ မှင်၊ စာရွက်၊ မှင်တုံးနဲ့ စာအုပ်တွေထည့်ဖို့ အိတ်ကိုပါ ကြိုပြင်ထားပေးသေးတယ်။ သူ့ထက်တောင် သူ(မ)ကပိုပျော်ပြီး ပိုစိတ်လှုပ်ရှားနေသေးတယ်။’

လုဟွမ်၏နှလုံးသားသည် သက်ဆိုင်သည့်နေရာတစ်ခု ရှိနေပုံပေါ်၏။

သူသည် အခန်းထဲမှ နေရာလွတ်တစ်ခုကို ကြည့်လိုက်သည်။ သူ့မျက်လုံးများ စိုစွတ်နေပြီး အသံတိုးနှင့် ပြောလိုက်၏။

“ငါ့အတွက် ဒါတွေအကုန်လုံးလုပ်ပေးလို့ ကျေးဇူးတင်ပါတယ်။”

စခရင်ပြင်ပတွင် စုရှီသည် အခုလေးတင် ညစာစားပြီး၍ ကျိုက်ကျိုက် နံနက်ခင်းတွင် ထပြီး ကျောင်းသွားရန်အတွက် စောင့်နေလေ၏။

ကျိုက်ကျိုက်သည် အိတ်ကို ကိုင်ထားပြီး ပျံသန်းနေသော ဖီးနစ်ငှက်များပါသည့် အတန်းနှစ် အဆင့်ကိုး ဝတ်ရုံဝတ်ထားသည်ကို သူ(မ)တွေ့လိုက်ရ၏။ သူ၏ ကြီးမားလုံးဝန်းသောမျက်နှာနှင့် နက်မှောင်သော မျက်လုံးများသည် အလွန်ချစ်စရာကောင်းနေလေသည်။ ‘သူ အခုထိ ဘာလို့ ကျောင်းမသွားသေးတာလဲ။ ဒီမှာ ဘာတွေပြောနေတာလဲ။’

သူ(မ)လက်လှမ်းလိုက်ပြီး ကျောင်းသွားရန် အချိန်ကျပြီးဟု ရည်ညွှန်းကာ သူ့ကို တွန်းလိုက်၏။ မဟုတ်လျှင် သူနောက်ကျတော့မည်။

လုဟွမ်သည် သူ(မ)၏ ရုတ်တရက်ပေါ်လာမှုကြောင့် အံ့ဩသွား၏။ သူ(မ)သည် အခုတလော ညဘက်တွင်ပဲ အမြဲပေါ်လာတတ်သည်။ မနက်စောစော ပေါ်လာတာကြောင့် သူအပျော်လွန်သွားလေသည်။

[ဒီနေ့အားလား] စခရင်ပေါ်မှ ကျိုက်ကျိုက်၏ ခေါင်းပေါ်တွင် စကားပြောစာတန်းတစ်ခု ပေါ်လာ၏။

စုရှီသည် သူ့၏ညာဘက်လက်ကို ဆွဲလိုက်၏။

လုဟွမ်သည် ချက်ချင်းနားလည်သွား၏။

‘သူ(မ) ဒီမနက်မအားဘူး။ ဒါပေမဲ့ သူပထမဆုံး ကျောင်းတက်ရမယ့်ရက်ကို မလွတ်‌သွားချင်လို့ သူ့ကို အဖော်ပြုပေးဖို့ လာခဲ့တာပဲ’

လုဟွမ် ခံစားသွားရ၏။ သူ့မျက်လုံးများသည် နက်မှောင်ပြီး တောက်ပနေလျက် နေရာလွတ်ကို ကြည့်နေလေသည်။

ကျောင်းမတက်ခင် ၂ရက်တွင် ရာသီဥတုသာယာသောကြောင့် မြားပစ်သင်ခဲ့သည်။ တော်ဝင်ကျောင်းတော်၏ မှင်ရေကန်ဘေးတွင် မင်းသားများနှင့် ဆက်ခံသူများ တန်းစီရပ်နေကြ၏။ ရေအိုင်ထဲတွင် ကူးနေကြသော ငါးများနှင့် ကောင်းကင်မှ ငှက်များကို ပစ်ရန် လေးအတတ်ပညာရှင်မှ သူတို့ကို ညွှန်ကြားပေးနေ၏။

လုဟွမ်သည် ဆောင်းငှက်တောင်တွင် အမြဲရေပန်းစားခဲ့သည့်အတွက် တော်ဝင်ကျောင်းတော်သို့ ဝင်ပြီးနောက်တွင် မင်းသားငါး၏ စာလုပ်ဖော် ဖြစ်လာပြီး ပြတ်သားမှုကို ရှောင်ရှားကာ အခြားမင်းသားများထက် ထိမှတ်နည်းအောင် သေချာလုပ်လေသည်။

သူသည် အခြားမင်းသားများထက် ထိမှတ်နည်းသော်လည်း ဆက်ခံသူများထက်တော့ ပိုအားကောင်း နေဆဲဖြစ်၏။

မင်းသားငါး၏ သဘာဝသည် ထိုက်တန်အောင်ကြိုးစားရန်နှင့် အချိန်မတန်ဘဲ အောင်မြင်ရန်ဖြစ်၏။ ထို့ကြောင့် သူ့ကို အလွန်ကျေနပ်သဘောကျလေသည်။ ကြက်ကိုတောင် ချုပ်ရန် အင်အားမရှိသော ယခင် စာဖတ်ဖော်ထက် ပိုသန်မာသည်ဟု ချက်ချင်းပင် ခံစားမိလိုက်၏။ ထို့ကြောင့် လုဟွမ်ကို ပစ္စည်းတစ်ချို့ ဆုချလိုက်လေသည်။

လုဟွမ်သည် ဆုများကို ဂရုမစိုက်ဟန်ဖြင့် လက်ခံလိုက်၏။

မင်းသားများနှင့် ဆက်ခံသူများ အပြင်သို့ထွက်သွားပြီးနောက်တွင် သူသည် မြေကြီးပေါ်မှ ပျံ့ကြဲနေသောမြားများကို ကောက်လိုက်ပြီး ရှေ့သို့နှစ်လှမ်းလျှောက်လိုက်၏။ မြားများကို ပုံမှန်ပစ်ခြင်းဖြင့် မှင်ရေကန်အလယ်မှ အဆောက်ဦးထဲရှိ ခြင်းထဲသို့ တိတိကျကျဝင်သွားလေသည်။

အိမ်ရှေ့မင်းသားသည် တော်ဝင်ကျောင်းတော်သို့ တက်ရောက်ရမည့်အရွယ် ကျော်လွန်သွားပြီဖြစ်၏။ သို့သော်လည်း သူကို သင်ကြားပေးသည့် အထူးနည်းပြရှိလေသည်။ ဒါကြောင့် တော်ဝင်ကျောင်းတော်တွင် အခြားမင်းသားအနည်းငယ်နှင့် မင်းသားအိမ်ရာနှင့် မှူးမတ်အိမ်ရာမှ ဆက်ခံသူများသာရှိလေသည်။

ဆက်ခံသူများနှင့် စာလုပ်ဖော်များသည် မင်းသားများကို တစ်‌ယောက်ပြီးတစ်ယောက် ကပ်ဖားကြသော်လည်း သူတို့ကြားတွင် ဖုံးကွယ်ထားသည်များ ရှိပေသည်။

မြို့တော်ရှိ အာဏာခွဲဝေမှုသည် အလွန်ရှုပ်ထွေး၏။ ဤစာလုပ်ဖော်များသည် လူငယ်များသာ ရှိသေးသော်လည်း သူတို့သည် အခြေအနေတစ်ခုအထိ ပါးနပ်နေကြပြီဖြစ်သည်။

နင်းဖူမင်းသားအိမ်တော်မှ ညီအစ်ကိုနှစ်ယောက်ဖြစ်သော လုယီအန်းနှင့် လုဝမ်ရှို့တို့သည် တော်ဝင်ကျောင်းတော်သို့ တက်ရောက်ရန် အရည်အချင်းပြည့်မှီသော်လည်း ညီအစ်ကိုနှစ်ယောက်သည် ကျောင်း၏ အနောက်ဘက်တွင်သာ ထိုင်နိုင်၏။ စာလုပ်ဖော်များ မဖြစ်နိုင်ဘဲ အခြားဆက်ခံသူများနှင့် ယှဉ်မပြိုင်နိုင်ချေ။ ထို့ကြောင့် အခြားမင်းသားများနှင့် ရင်းနှီးရန် အခွင့်အရေးမရှိပေ။

ယခု တစ်ယောက်သည် မသန်မစွမ်းဖြစ်နေပြီး အခြားတစ်ယောက်သည် ဖျားနာရာမှ နာလန်ထူနေဆဲဖြစ်၏။ နှစ်ယောက်လုံး ကျောင်းမလာနိုင်ချေ။ သူတို့သည် လုဟွမ်ကို မုန်းတီးကာ သွားများ ကြိတ်ပြီး နင်းဖူမင်းသားအိမ်တော်၏ အိပ်ယာတွင် လှဲနေဆဲဖြစ်သည်။

အစက လုဝမ်ရှို့သည် တော်ဝင်ကျောင်းတော်သို့ သွားရသည်ကို မကြိုက်ဆုံးဖြစ်၏။ သူသည် ယူချင်သလောက် ဆေးခွင့်ယူလို့ရလေသည်။ သို့သော် လုဟွမ်တော်ဝင်ကျောင်းတော်သို့ တက်နိုင်သည်ကို မြင်သောအခါ သူသည် စိတ်တိုလွန်းလို့ အိပ်ယာကို ထုရိုက်လေ၏။

ဒါပေါ့ ဒီအချိန်မှာ ထိုညီအစ်ကိုနှစ်ယောက်ကို လုဟွမ်အာရုံစိုက်စရာမလိုတော့ဘူး။

သူ့အိတ်ကို သန့်ရှင်းလိုက်ပြီး တော်ဝင်ကျောင်းတော်ဘက်သို့ လမ်းလျှောက်သွားလိုက်၏။ ရုတ်တရက် သူသည် ထောင့်ရှိ နာရီစင်မှ အသံကိုကြားလိုက်ရလေသည်။

သူသည် ထိတ်လန့်တုန်လှုပ်ကာ ကြည့်လိုက်၏။

စခရင်ပြင်ပတွင် စုရှီသည် ဖုန်းဖွင့်ထားပြီး သူ(မ)စားပွဲတွင် အိမ်စာလုပ်နေလေသည်။ ရုတ်ရုတ်သဲသဲဖြစ်သံကို ကြားလိုက်သောအခါ ကြည့်ရှုရန် သူ(မ)ခေါင်းထောင်လိုက်လေ၏။

ဆက်ခံသူတစ်ချို့က ကိုယ်ရံတော်များကို ဦးဆောင်နေသည်ကို သူတွေ့လိုက်ရ၏။ ၁၅နှစ် သို့မဟုတ် ၁၆နှစ်လောက်ရှိမည့် လူငယ်ကို ရိုက်နှက်နေကြသည်။

စခရင်ပေါ်တွင် လူငယ်သည်ဖြူပြီး ဝနေ၏။ သူ့အင်္ကျီများသည် ပြဲထွက်တော့မည့်အတိုင်းပင်။ သို့သော် အလွန်သူရဲသောကြောင်သည့်ပုံ ‌ပေါ်နေ၏။ သူ့ဆံပင်များ ရှုပ်ပွနေကာ နှာခေါင်းသည် ‌ညိုမဲစွဲနေပြီး မျက်နှာသည် ယောင်ကိုင်းနေလေသည်။ သူသည် ငိုယိုကာ သနားညှာတာရန် တောင်းပန်နေလေ၏။ သူ့ထက်အလွန်ပိန်သော လူများက သူ့ကိုဝန်းရံနေပြီး ထိုးကြိတ်ကာ သူ့ကိုတက်နင်းနေကြလေသည်။

‘ဘာတွေဖြစ်နေတာလဲ။ တော်ဝင်ကျောင်းတော်က အနိုင်ကျင့်တဲ့သူတွေလား။’

စုရှီ၏ စခရင်ပေါ်တွင် ဇာတ်ကောင်မိတ်ဆက်ခြင်းတစ်ခု အမြန်ပေါ်လာလေသည်။

အရိုက်ခံနေရသူသည် စစ်သူကြီးယွင်၏ အငယ်ဆုံးသား ဖြစ်နေလေသည်။ သူ့နာမည်မှာ ယွင်ရှိုးဖန်ဖြစ်၏။

[ယွင်ရှိုးဖန်။ ။ စစ်သူကြီးယွင်၏ အငယ်ဆုံးသား၊ လုပ်ဆောင်ချက်-မရှိ ။ ဉာဏ်ရည်-မရှိ။ သိုင်းပညာ-မရှိ။ နောက်ခံအသိုင်းအဝိုင်း-မရှိ]

[ယန်မင်းဆက်မှာ စစ်သူကြီးယွင်ဟာ စစ်ပညာကျောင်းတော်ရဲ့ အရပ်သားရာထူး နေရာမှာ တာဝန်ကျပါတယ်။ သူဟာ ပထမအဆင့် အရာရှိဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့၃လက စစ်သူကြီးယွင်ဟာ ပြစ်မှုကျူးလွန်ခဲ့တဲ့အတွက် ဧကရာဇ်က သူ့ကို ပြည်နယ်အုပ်ချုပ်‌ရေးမှူးအဖြစ် လျှိုကျိုးသို့ ပို့လိုက်ပါတယ်။ ဒီရာထူးဟာ ခေတ္တလစ်လပ်နေပါတယ်။ စစ်သူကြီးယွင်ရဲ့ မိသားစုဟာ မြို့ထဲမှာပဲရှိပါသေးတယ်။ သူ့ရဲ့သားနှစ်ယောက်ဟာ ရေနစ်နေတဲ့ခွေးတွေလိုဖြစ်ပြီး အနိုင်ကျင့်ခံနေရပါတယ်။]

[ယွင်ရှိုးဖန်ဟာ ဇာတ်ဆောင်ရဲ့ သူငယ်ချင်းအဖြစ် ပြောင်းလဲနိုင်ပါတယ်။ သူ့ကို သွားကယ်မယ်ဆိုရင် အပိုမစ်ရှင်ကို အသက်သွင်းလိုက်မှာပါ။ စိတ်ကြိုက် အပိုမစ်ရှင်ကို လက်ခံလိုပါသလား။]

‘နေပါဦး ဒီယွင်ဝတုတ်မှာ ဘာမှမရှိဘူး။ သူ့ဉာဏ်ရည်နဲ့ သိုင်းပညာလည်း သုညတွေချည်းပဲ။ သူ(မ) သူ့ကိုကယ်ရင် ထိုဆက်ခံသူတွေကို ရန်စမိရုံကလွဲပြီး ဘာ‌ကောင်းကျိုးရမှာလဲ! ပြဿနာရှာသလိုဖြစ်မနေဘူးလား!’

‘ဒါပေမဲ့ ဒီဝတုတ်မှာ ရုတ်တရက် နာမည်ရှိပြီး သူငယ်ချင်းမရှိဘူး။’

ဤအရာသည် စုရှီကို သူဟာ အဓိကဇာတ်ကောင်ဖြစ်သည်ဟု ခံစားမိစေလိုက်၏။

‘လျှို့ဝှက်ပြီး ကယ်ရမလား။’

ဤအရာကိုတွေးလျက် သူ(မ)သည် ကျိုက်ကျိုက်၏ လက်ကိုတွန်းလိုက်၏။

ဝိညာဉ်မလေးက သူ့ဘေးမှာရှိပြီး ဤမြင်ကွင်းကို မြင်သွားကြောင်း လုဟွမ်သိလေသည်။ သူသည် အသံကိုတိုးကာ ပြောလိုက်၏။

“သူ့ကို ကယ်စေချင်တာလား”

စုရှီသည် သူ၏ ဘယ်လက်ကို ထိလိုက်၏။

လုဟွမ်သည် မငြင်းခဲ့ချေ။ ထိုအစား တော်ဝင်ကျောင်းတော်၏ ဝင်ပေါက်ဆီသို့ အမြန်လျှောက်သွားလိုက်လေသည်။ သူသည် မြေကြီးပေါ်မှ ကျောက်ခဲအနည်းငယ်ကို ကောက်ယူလိုက်ပြီး ပစ်လိုက်လေ၏။

နာရီစင်ထဲမှ ဆက်ခံသူနှစ်ယောက်၏ ကိုယ်ရံတော်များသည် နာကျင်၍ အော်ဟစ်ကာ ငိုနေကြလေသည်။ ‌ခဏအကြာတွင် သူတို့၏ခေါင်းများကို ဖုံးပြီး အပြင်ကို အမြန်ထွက်လာ၏။

သို့သော် လုဟွမ်သည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ကာ ပျောက်ကွယ်သွားပြီဖြစ်လေသည်။

ကောင်လေးကို ကယ်ပြီးနောက် လုဟွမ်သည် ဈေးဆိုင်သို့ လမ်းလျှောက်သွား၏။

ဒါပေါ့ သူလည်း ကောင်လေးက သနားစရာကောင်းတယ်လို့ တွေးမိတာပဲ။ ဝိညာဉ်မလေးက သူ့ကို မပြောခင်မှာ သူလည်း ကူညီချင်ခဲ့တယ်။ ဒါပေမဲ့ သူ့ဘေးက ဝိညာဉ်မလေးက အရင်ပြောလိုက်လို့ သူ့နှလုံးသားထဲမှာ ဖော်ပြမရတဲ့ မပျော်ရွှင်မှုတစ်ခုကို ခံစားမိလိုက်တယ်။

‘သူက အတော်အတ္တကြီးတာကို သိလိုက်ရတယ်။ သူ(မ)က သူ့ကိုကူညီခဲ့တယ်။ အဲတော့ သူ(မ)က ဘယ်သူ့ကိုမဆို ကူညီနိုင်တာပဲ။ သူ(မ)ကအရမ်းသဘောကောင်းလို့ ဒီလိုလုပ်တာ သဘာဝပဲလေ။’

‘ဒါပေမဲ့ သူ့နှလုံးသားထဲက ပိုင်ဆိုင်လိုစိတ်က သူ့ကို ယုတ္တိကင်းမဲ့သလို ခံစားရအောင် လုပ်နေ၏။ သူ(မ)ကို ဘယ်သူ့မှ မကြည့်စေချင်ဘူး။ တစ်ယောက်ယောက်ကို သူ(မ)ရဲ့ အကြည့်တစ်ချက် ဒါမှမဟုတ် ခံစားချက်တွေ ပေးတာလည်းမလိုချင်ဘူး။ သနားညှာတာမှု ဖြစ်နေရင်တောင်မှပဲ။’

‘ဒီလိုအတွေးတွေက အကျည်းတန်တယ်လို့လည်း လုဟွမ်ခံစားမိလိုက်တယ်။ သူ(မ)သူ့ကို မုန်းသွားမှာကြောက်လို့ တစ်ခုမှ မဖော်ထုတ်ရဲဘူး။’

သို့သော် သူ(မ)သည် သူနှင့် အတူထွက်လာပြီး သူ့နံဘေးတွင် ရစ်ပတ်နေ၏။ ဤအရာသည် သူ့နှလုံးသားထဲမှ ပိုင်ဆိုင်လိုစိတ်ကို ဖြေလျှော့သွားစေလေသည်။

သူသည် နင်းဖူမင်းသားဆီသို့ ဆက်လက်၍ လမ်းလျှောက်သွားလေသည်။

ယနေ့ လုဟွမ်သည် နောက်ကျမှ ပြန်လာသဖြင့် ကောင်းကင်သည် မှောင်နေပြီဖြစ်၏။ ဈေးထဲမှ ဆိုင်များပင် ဖွင့်နေလေပြီ။

တော်ဝင်ကျောင်းတော်မှ ပြန်လာသော ဆက်ခံသူနှစ်ယောက်သည် တစ်ယောက်ပခုံးပေါ် တစ်ယောက်လက်တင်ကာ ဆောင်ကြာမြိုင်ဆီသို့ လမ်းလျှောက်လာကြ၏။ သူ့ကိုသတိထားမိသောအခါ သူတို့သည် ချက်ချင်း ပြုံးပြပြီး နှုတ်ဆက်ကြလေသည်။

“လုဟွမ် မင်းက ပဉ္စမင်းသားရဲ့ စာလုပ်ဖော်မလား။ ငါတို့နဲ့အတူလိုက်မလား”

လုဟွမ်သည် တော်ဝင်ကျောင်းတော်မှ လူအချို့ကိုသိ၏။ သူတို့ကို သူငယ်ချင်းအဖြစ် သဘောမထားနိုင်သော်လည်း မြို့တော်ထဲမှ ဆက်ခံသူများနှင့် အရာရှိများနှင့် ဆွေကြီးမျိုးကြီးများ၏ သားစဉ်မြေးဆက်များနှင့် အကျွမ်းတဝင်ရှိလေသည်။

သူငြင်းမလို့ ပြင်နေတုန်းမှာပဲ ဝိညာဉ်မလေးက သူ့အင်္ကျီလက်ကို လာဆွဲတာကို ခံစားမိလိုက်တယ်!

လုဟွမ် “...”

စခရင်ပြင်ပတွင် စုရှီသည် ဘောပင်ကို ချလိုက်ပြီဖြစ်၏။ ဆောင်ကြာမြိုင်၏ “မတ်လမှ မီရှူးမီးပန်းများ” ဟူသော ဆိုင်းဘုတ်ကို မမှိတ်မသုန်စိုက်ကြည့်လျက် သူ(မ)မျက်လုံးများ အလွန်တောက်ပနေလေသည်။

‘အိုး စခရင်ထဲမှာတောင် ဘယ်လောက်လှပတာတွေရှိမလဲ စိတ်ကူးတောင်မယဉ်ကြည့်နိုင်ဘူး။ သူ(မ)ဝင်သွားလို့ရရင် မိနစ်အနည်းငယ်လောက်ဖြုန်းပြီး မူရင်းအနုပညာကို ကြည့်လို့ရလောက်မယ်။ မြင်ကွင်းပွဲတော်ပဲ!’

‘ဒါပေမဲ့ ကျိုက်ကျိုက်က ဘာလို့ဒီနေရာမှာ အမြစ်တွယ်နေပြီး အထဲကိုမဝင်သေးတာလဲ'

သူ(မ)သည် ကျိုက်ကျိုက်၏ အင်္ကျီလက် ဖြေလျော့လာသည်အထိ ဆွဲလိုက်၏။ သို့သော်လည်း မရွေ့သေးချေ။

‘သူက ၁၅နှစ်တောင်ရှိနေပြီလေ။ ရှေးခေတ်မှာ ဆောင်ကြာမြိုင်ထဲ ဝင်လို့ရပြီပဲ။ သူ ဘာမှ မလုပ်ရင်တောင် အထဲဝင်ပြီး အတွေ့အကြုံယူလို့မရဘူးလား'

စုရှီသည် သူ့ကိုဆွဲနေရုံ ကလွဲပြီး မတတ်နိုင်ချေ။

ကျိုက်ကျိုက်သည် သူ၏ ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး အင်္ကျီလက်ကို စိုက်ကြည့်နေ၏။ သူ့မျက်နှာအမူအရာများသည် အလွန်တည်ငြိမ်နေပြီး အသံတိုးတိုးနှင့် မေးလိုက်၏။

“မင်းအထဲဝင်ပြီး တစ်ချက်လောက် ကြည့်ချင်လို့လား”

စုရှီသည် သူ့ဘယ်လက်ကို ကမန်းကတန်း ဆွဲလိုက်လေသည်။ ‘မြန်မြန် လောင်မားကို အထဲခေါ်သွားပြီး အတွေ့အကြုံရအောင် လုပ်ပေးစမ်းပါ!’

သို့သော် ကျိုက်ကျိုက်သည် ပြုံးလိုက်ပြီး အလွန်ဆင်ခြင်နေလေ၏။ သူသည် နူးညံစွာ ပြောလိုက်လေသည်။

“ငါ ဝင်သွားဖို့ သိပ်အဆင်မပြေဘူး။ မင်းသွားချင်ရင် သွားလေ။ အပြင်မှာစောင့်နေမယ်။ အချိန်မီ ပြန်ထွက်လာလို့ရတယ်။ အမွှေးတိုင်တစ်တိုင်ထွန်းချိန်လောက်ပဲ ကြာမှာ”

စကားပြောစာတန်းပေါ်လာလေသည်။ စုရှီသည် သူ့အင်္ကျီလက်ကို လွှတ်ပြီး မည်သည့်အလှတရားများ ရှိနေသလဲ ကြည့်ရန်ဖြတ်ဝင်တော့မည်ဖြစ်၏။

သို့သော် ထိုအချိန်၌ အဖြူရောင်အတွေးပူဖောင်းများ အုပ်စုကြီးသည် ရေကြီးသကဲ့သို့ စခရင်ပေါ်တွင် ပြည့်နှက်နေလေ၏။

“မင်းလုပ်ရဲတယ်”

“မင်းလုပ်ရဲတယ်”

“မင်းလုပ်ရဲတယ်”

စုရှီ“...”

စခရင်တွင် ဤစကားလုံးများကြီးနှင့် ပြည့်နှက်နေလေသည်။ စုရှီသည် အလွန်ထိတ်လန့်ပြီး လက်များပင် တုန်ယင်နေလေ၏။ ဆောင်ကြာမြိုင်ထဲသို့ ဝင်ချင်သော သူ(မ)၏လိုအင်ဆန္ဒများ ချက်ချင်း ငြိမ်းသတ်သွားလေ၏။

All Chapters