← Chapters

Chapter 40

Vol. 4 Ch. 40

Chapter 40

Vol. 4 Ch. 40

Chapter 40

သခင်မကြီးသည် လုဟွမ် နှင့်ပတ်သတ်၍ ဘယ်သောအခါမှ မေးမြန်းခြင်း တစ်စုံတစ်ရာမရှိသော်လည်း လုဟွမ် တော်ဝင်ကျောင်းတော်အား ဝင်ရောက်ပြီး မင်းသားငါး၏ အတန်းဖော်ဖြစ်လာသောအခါ သခင်မကြီးသည် လုဟွမ်အကြောင်း အလေးအနက် စိတ်အားထက်သန်စွာ ညနေခင်းတိုင်း မေးမြန်းနေလေသည်။

ပုံမှန်အားဖြင့် သူ(မ)သည် လုဟွမ်နှင့် မင်းသားများ၏ ဆက်ဆံရေးအကြောင်း မေးမြန်းတတ်သည်။

နင်းဖူမင်းသား၏ဂုဏ်သတင်းသည် အချိန်အတော်တန်ကြာ ကျဆင်းနေခဲ့၏။ ဒီနှစ်ပိုင်း၌ တော်ဝင်ခုံရုံးတွင် အသိမိတ်ဆွေ တစ်စုံတစ်ယောက်မျှပင် မရှိခဲ့ပေ။ မြို့တော်ရှိ အရာရှိများ အပြန်အလှန် မဆက်ဆံလိုသော နေရာတစ်ခု ဖြစ်လာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ နှစ်ပေါင်းများစွာ စွန့်ပစ်ခံခဲ့ရပြီး ဘယ်သူမှ ဂရုမစိုက်တော့ချေ။

မျိူးရိုးမြင့်မိသားစု၌ မွေးဖွားလာသော သခင်မကြီးအတွက် ထိုအရာအား သူ(မ) သည်းမခံနိုင်သည်မှာ ပုံမှန်ပင်!

ယခုချိန်၌ သူ(မ) လုဟွမ်ဆီမှာ မျှော်လင့်ချက် အရိပ်အယောင်များ တွေ့နေရပြီး သူ(မ)မြေးငယ်အား ဂရုစိုက်သော အဘွားအဖြစ် စတင်ပြုမူနေထိုင်နေ၏။

သူ(မ)သည် နင်းဖူမင်းသား၏ တိတ်ဆိတ်သော ကျင်းဥယျာဥ်ကိုပင် လုဟွမ် စာလေ့လာနိုင်ရန် အထူးဖွင့်လှစ်ပေးခဲ့သည်။

သခင်မနင်းနှင့် လုယီအန်း တို့သည် သခင်မကြီး၏ အတွေးများအား မြင်နေရသည်။ သူတို့၏ အတွင်းစိတ်တွင် ဒေါသထွက်‌နေကြပြီး မနာလိုကြသော်လည်း လုဟွမ်အား ဘာမှမလုပ်နိုင်ချေ။

သို့သော်ငြား နင်းဖူမင်းသားလောက် သခင်မကြီး၏ တန်ဖိုးထားခြင်းကို ခံရသည်မှာလည်း နင်းဖူမင်းသားအပြင် မရှိချေ။

ထိုနေ့၌ သခင်မနင်းသည် တံစက်မြိတ်အောက်မှ နေရင်း မိုးဖွဲဖွဲလေး စတင်ရွာလာသည်ကို တွေ့လိုက်ရသည်။ နွေဦးရာသီမှသည် မိုးဥတုသို့ ကူးပြောင်းသောအချိန်ကာကလပင်။ သူ(မ)ဘေးမှ အထိန်းတော်အား " ရက်အနည်းငယ်လောက်က အဖေ ယွင်ကျိုးမှာ နွေဦးနန်း‌ဆောင်ကို ကြီးကြပ်ဖို့ အမိန့်ရခဲ့တယ်၊ အခုကော သူပြန်လာပြီလား?"

"သခင်မ၊ ရှန်ကွမ်အမတ် မနေ့ကတင် ပြန်ရောက်ပါတယ်၊ သူပြန်ရောက်တာ နောက်ကျလို့ သခင်မကို သတင်းပေးဖို့ မလွှတ်လိုက်ရတာပါ၊ သူ ဧကရာဇ်ကို တွေ့ဆုံဖို့ ဒီနေ့နံနက်စောစောမှာ တော်ဝင်ခုံရုံးသို့ သွားခဲ့ပါတယ်၊ အခုလောက်ဆို သူ စာသင်ဖို့ တော်ဝင်ကျောင်းတော်ကို သွားနေလောက်ပါတယ်"

သခင်မနင်းပုံစံသည် တစ်ခုခုတွေးတောနေဟန်ပင်။ သူ(မ) မျက်နှာတွင် မာနများ ထင်ဟပ်လာသည်။ သူ(မ)လက်သည်းများသည် လက်ဝါးထဲသို့‌ စိုက်ဝင်နေကြပြီး "ငါ့အတွက် ရထားလုံးကို ပြင်ထားပေးကြစမ်း! ဒီည ငါ့အဖေရဲ့အိမ်တော်ကို ပြန်သွားမယ်" လို့ အေးစက်စွာပြောလိုက်၏။

စုရှီသည် တော်ဝင်ကျောင်းတော်တွင် အတန်းတက်ရန်နှင့် ကျိုက်ကျိုက်အား အဖော်ပြုရန် အတူလိုက်ပါခဲ့သည်။ အခြားသော မှင်ကျောက်များကို ရေးဆွဲပြီးနောက် မင်းသားငါးအား ပစ်မှတ်အဖြစ် ရွေးချယ်လိုက်သောအခါ ကျိုက်ကျိုက်၏ အဆင့်ကိုး စာသင်ဖော်သည် အတော်ပင် အနေအေးသောသူ ဖြစ်သည်။

ဒီလိုဖြင့် သူတို့သည် ဆယ်ရက်ကျော်အထိ အေးချမ်းသော နေ့ရက်များကို ဖြတ်သန်းနိုင်ခဲ့သည်!

ကျိုက်ကျိုက်သည် ထူးထူးခြားခြား လုံ့လဝီရိယရှိခဲ့သည်။ ကိုယ်ခံပညာ လေ့ကျင့်ခြင်းနှင့် ညနက်သည့်အထိ စာကျက်ခြင်းမှလွဲ၍ စာကျက်ရန် အချိန်အား ဂရုတစိုက် အသုံးချခဲ့သည်။ မနက်ငါးနာရီ နေမထွက်ခင်မှာ သူထပြီး မနေ့ည၌ မပြီးသေးတဲ့ စာအုပ်ကို ဆက်ဖတ်သည်။

နေထွက်ချိန်၌ သူသည် အလျင်အမြန် ပြင်ဆင်ခဲ့သည်။ ခြံအပြင်ဘက်ရှိ အစေခံများထံမှ မန်ထို အနည်းငယ်ကို ယူကာ လမ်းလျှောက်ရင်း စားသည်။ ထို့နောက် သူသည် တော်ဝင်ကျောင်းတော်သို့ အလျင်အမြန်ပြေးကာ အတန်းဆက်တက်သည်။

လွန်ခဲ့သည့် ဆယ်ရက်လောက်၌ ကြက်မတွန်ခင် မနက်တိုင်း သူအိပ်ရာထတာကို စုရှီ မသိခဲ့ပေ။

သူ(မ)အွန်လိုင်းပေါ်တက်တိုင်း သူ့စာအုပ်ကို နည်းနည်းလေးလှန်ပြီး ဖွင့်ထားတာကို တွေ့လိုက်ရပြီး ပိုများပြားတဲ့ မှတ်ချက်တွေလည်း အများကြီး ရှိနေခဲ့သည်။ သူ(မ) အရမ်းထူးဆန်းသလို ခံစားလိုက်ရသည်။

ကျိုက်ကျိုက် သေချာပေါက် မနေ့ညက စာအုပ်၏ သုံးပုံတစ်ပုံလောက်ကိုသာ ဖတ်ခဲ့တာ။ ဒီနေ့ကျတော့ အကုန်လုံးကို ဘယ်လိုလုပ် ဖတ်ပြီးသွားခဲ့တာလဲ?

'သူ အိပ်မက်ယောင်ပြီး လမ်းထလျှောက်တုန်းကများ ဖတ်လိုက်တာလား?'

ကျိုက်ကျိုက်သည် သူ(မ)အား မစိုးရိမ်စေချင်သောကြောင့် သူမကို မပြောပြခဲ့ပေ။ ဂိမ်းထဲမှာ မနက်အစောကြီးကို အံ့အားသင့်စရာကောင်းတဲ့ လုပ်ရှားမှုတစ်ခုဖြင့် စတင်နေတာကို လိုက်တဲ့အခါ စုရှီသည် ကျိုက်ကျိုက်ဟာ တကယ်ကို အလုပ်ကြိုးစားကြောင်း ရက်သတ္တပတ် မကုန်ခင်မှာတင် သိလိုက်ရသည်။

အဲဒါက သူ့လောင်မား၏ သိမ်ငယ်စိတ်ကို အရှက်ရစေခဲ့သည်!

စုရှီတစ်ယောက် ကျိုက်ကျိုက် ဘာကြောင့် ဒီလောက် အလုပ်ကြိုးစားနေရမှန်း မသိပေမယ့် ကျိုက်ကျိုက်ဟာ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ကိုယ်အလေးချိန် အများကြီး ကျသွားတယ်လို့ ခံစားရသည်။ သူသည် ပိန်လှီနေသော ကလေး‌လေးဖြစ်လာခဲ့သည်။

အဲဒီညက ကျိုက်ကျိုက်ကို ခဏလောက်ရပ်ပြီး အနားယူခိုင်းဖို့ သူ(မ) မနေနိုင်တော့ဘဲ မေးလိုက်သည်။ စာလုပ်တာကို ရပ်ပြီး မြို့ပြင်သို့ မြင်းစီးဖို့ သူ(မ)ပြောလိုက်သည်။

လုဟွမ်သည် သူ့မျက်ခုံးမွှေးကြားမှ လေတိုက်ခတ်မှု တစ်ခုကို ခံစားလိုက်ရပြီး၊ သူ(မ)သည် သူ၏ မျက်ခုံးနှစ်ခုကြားရှိ ကျင်းမင်အာရုံကြောအမှတ်ကို နှိပ်နယ်ပေး နေသလို ခံစားလိုက်ရသည်။ အဲဒါကြောင့် သူ့စာအုပ်ကို ကိုင်မထားနိုင်တော့ဘဲ ချလိုက်ကာ နားရွက်များ နီရဲလာသည်။

ယခင်ကတည်းက လုဟွမ်သည် အသိပညာများကို အသည်းလှိုက်အူလှိုက် လေ့လာဆည်းပူးနေခဲ့သည်။ နင်းဖူမင်းသားအိမ်တော်တွင် နေထိုင်နေရသော သူ၏ပူပင်စရာကိစ္စများကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ချင် နေသည်။

ယခုမူ သူသည် အစာစားခြင်းနှင့် အိပ်စက်ခြင်းကို မေ့လျော့ကာ အမြန်ဆုံး သန်မာလာစေရန် အာရုံစိုက်လာခဲ့သည်။ သူက သူ(မ)အတွက် သင့်လျော်သော ခန္ဓာကိုယ်ကို ရှာဖွေရန် စွမ်းရည်နှင့် နည်းလမ်းများ ရှိတာကြောင့် တစ်နေ့တွင် သူ(မ)သည် ဤကဲ့သို့ လွင့်မျှောနေရန် မလိုတော့ပေ။

ထို့အပြင် မြို့တော်သည် နက်နဲပြီး လျှို့ဝှက်တိုက်ခိုက်မှုများနှင့် ပြည့်နှက်နေသည်။ သူ့ကိုယ်သူ ကာကွယ်ဖို့ လုံလောက်တဲ့ စွမ်းရည်ရှိမှသာ အနာဂတ်တွင် သူ(မ) အား ကာကွယ်နိုင်ပေမည်။

မနက်ပိုင်းတွင် သူဖတ်သည့် စာအုပ်များအကြောင်း သူ(မ)ကို မပြောရသည့်အကြောင်းရင်းက အဲဒီစာအုပ်အားလုံးဟာ ဝိညာဉ်ပူးကပ်ခြင်း နည်းလမ်းများအကြောင်း ရေးထားသည့် စာအုပ်များ ဖြစ်နေလို့ပင်။

နည်းလမ်းကို သူမတွေ့ခင် လုဟွမ်သည် သူ(မ)ကို မပြောပြချင်ခဲ့‌ပေ။ နည်းလမ်းကို ရှာတွေ့ပြီးသည်နှင့် သူ(မ)အား အံ့အားသင့်စေလိုသည်။

သေချာပေါက် ဂိမ်းထဲမှလူများသည် အခု‌လောက် အများကြီးတွေးထားပြီးသားမှန်း စုရှီ မသိခဲ့ပေ။ သူ(မ)အိမ်စာလုပ်နေစဉ်အတွင်း စစ်သူကြီးကျန့်ယွမ်၏ အကူအညီနှင့် ထောက်ခံမှုကို ရယူရန် သတ္တမမြောက် မစ်ရှင်ကို မည်သို့ပြီးမြောက်အောင်လုပ်ရမည်ကို တွေးနေသည်။

သူ(မ)သည် နောက်ထပ် အောင်မြင်မှု ရမှတ်များကို ရှာတွေ့နိုင်မလား မျှော်လင့်ပြီး ကျိုက်ကျိုက် လေ့ကျင့်မှုတွေ လုပ်နေတုန်း အခွင့်ကောင်းယူကာ နန်းတွင်းအပြင်ဘက် လမ်းများတစ်လျှောက် သွားကြည့်လိုက်သည်။

ထိုအချိန်၌ အစိုးရပြန်တမ်းဘုတ်ပြားအနီး ကာတွန်းဇာတ်ကောင်တစ်စုကို ရုတ်တရက်တွေ့လိုက်ရသည်။ သူတို့သည် အစိုးရပြန်တမ်းဘုတ်ပြားတွင် တင်ထားသော စကားလုံးများအား ဆွေးနွေးနေကြ၏။

စုရှီသည် ဂိမ်းကစားတာရဲ့ အားသာချက်ကို အသုံးပြုပြီး အစိုးရပြန်တမ်းဘုတ်ပြားပေါ်၌ စခရင်အား ချဲ့ကားလိုက်သည်။ သူ(မ)သည် အစိုးရပြန်တမ်းဘုတ်ပြား၌ တင်ထားသည့်အရာအား ချက်ချင်းပင် မြင်လိုက်ရသည်။

မြောက်ဘက်တွင် မကြာသေးမီက ဆီးနှင်းဒဏ်နှင့် မိုးခေါင်မှုကြောင့် အိမ်နီးချင်းနိုင်ငံများသည် သူတို့နိုင်ငံအား အလိုအတ္တကြီးစွာ မျက်စောင်းထိုးနေကြသည်။ ယန်မင်းဆက်တွင် စစ်သားအလုံအလောက်မရှိသောကြောင့် စစ်သူကြီးကျန့်ယွမ်စံအိမ်သည် စစ်သားစုဆောင်းရန် အမိန့်ပေးခဲ့သည်။ စစ်သားစုဆောင်းခြင်းသည် အိမ်နီးချင်းနိုင်ငံများအတွက် သတိပေးချက်တစ်ခု ဖြစ်သော်လည်း ပုန်ကန်မှုကို နှိမ်နင်းရန် ပြင်ဆင်မှုတစ်ခုလည်းဖြစ်သည်။

ဤစစ်သားများသည် စစ်တပ်ထဲသို့ ဝင်လိုက်သည်နှင့် သူတို့သည် စစ်သားငယ်များသာ ဖြစ်ကြပြီး စစ်သူကြီး ကျန့်ယွမ် နှင့် ထိတွေ့ဆက်သွယ်ခွင့်မရှိပေ။

ကျိုက်ကျိုက်သည် အရင်ကလို နင်းဖူမင်းသား၏ တရားမဝင်သား မဟုတ်တော့ပေ။ ယခုအခါ သူသည် အနည်းဆုံး မင်းသားငါး၏ အဆင့်ကိုး စာသင်ဖော်ဖြစ်နေပြီ။ ဒီလမ်းကြောင်းမှ တစ်ဆင့် စစ်တပ်ထဲဝင်ဖို့ သေချာပေါက် မလိုအပ်ပေ။

သို့သော် စုရှီသည် ကာတွန်းဇတ်ကောင်လေးများ အစိုးရပြန်တမ်းဘုတ်ပြားကို အရေးမစိုက်သည်ကို အခွင့်ကောင်းယူကာ ကြေငြာစာစောင်အား တစ်စဆီ စုတ်ဖြဲလိုက်သည်။

သူ(မ)သည် မြင်ကွင်းအား ကျိုက်ကျိုက်၏အခန်းသို့ ပြောင်းလိုက်ပြီး သူ့စားပွဲပေါ်ရှိ အစိုးရပြန်တမ်းစာရွက်အား သူမြင်စေရန် ကမန်းကတန်းတင်လိုက်လေသည်။

ကျိုက်ကျိုက် စာရေးနေတာကိုရပ်၍ ထိုအရာကို ဖျတ်ခနဲ ကြည့်လိုက်သည်။ "ငါ မနေ့က ကျောင်းဆင်းတော့ စစ်သူကြီးကျန့်ယွမ်ရဲ့စံအိမ်မှာ စစ်သားစုဆောင်းနေတဲ့ သတင်းကိုကြားခဲ့တယ်။ မကြာသေးခင်က မြောက်ပိုင်းဒေသမှာ ဘေးအန္တရာယ်တွေ အများကြီးဖြစ်ခဲ့တယ်လေ ။ ကိုယ့်ကိုကိုယ် နာမည်ရချင်ရင်တော့ ငါသေချာပေါက်သွားသင့်တယ်။ ဒါက တော်ဝင်တရားရုံးမှာ ကိုယ့်ကိုယ်ကို အမြန်ဆုံး ထူထောင်ဖို့ နည်းလမ်းပဲ။ ဒါပေမဲ့ တပ်ထဲဝင်ဖို့ စစ်သားစုဆောင်းတဲ့ နည်းလမ်းက အကူညီဖြစ်မယ် မထင်ဘူး။ ဒါက တအား ကွေ့ဝိုက်လွန်းတယ်"

စုရှီလည်း သူ့လိုပဲ တူညီစွာ တွေးတောနေလေသည်။

စုရှီတစ်ယောက် ခေါင်းကိုက်နေသည်။ သတ္တမမြောက် မစ်ရှင်ကို ဘယ်ကနေ စတင်ရမလဲ အခုထိ သူ(မ)မသိသေးပေ။

ကျိုက်ကျိုက်က ဆက်၍ "ဒါပေမဲ့ အရင်ရက်တွေက စစ်တပ်ရေးရာဝန်ကြီးငှာနမှာ လက်ထောက် အကြံပေးရာထူး လစ်လပ်‌သွားပြီလို့ ငါကြားခဲ့တယ်၊ ဒီရာထူးက အဆင့်ငါး ရာထူးပဲ ပြီးတော့ အလွန်သင့်တော်တယ်။ ဒါပေမဲ့လည်း စစ်သူကြီးကျန့်ယွမ်နဲ့ စစ်တပ်ရေးရာဝန်ကြီးဌာနက နင်းဖူမင်းသားဆီမှာ အထင်ကြီးစရာအချက်မရှိလို့ ဘယ်သူမှက သူ့ကို မထောက်ခံပေးရင် သူ့အတွက် စစ်တပ်ရေးရာဝန်ကြီးဌာနကို ဝင်ဖို့ အရမ်းခက်ခဲသွားမှာ"

စုရှီ မထင်ထားခဲ့သည်မှာ ကျိုက်ကျိုက်တစ်ယောက် တော်ဝင်ကျောင်းတော်အား ဝင်ခဲ့သည့် နောက်ဆယ်ရက်လုံးလုံး ဘာမှမလုပ်ခဲ့တာကိုပင်။ သူသည် တော်ဝင်ကျောင်းတော်ရှိ အမွေဆက်ခံသူများမှတဆင့် တော်ဝင်ခုံရုံးအရာရှိများကြား ဆက်ဆံရေးကို ယေဘူယျ နားလည်ထားပြီးဖြစ်သည်။

သူ(မ)သည် သူ့အား မချီးကျူးဘဲ မနေနိုင်ချေ။ ' သူသည် အပူပင်ကင်းလွန်းလှသည်။ ဘာကြောင့် သူက သူ(မ)အကူအညီအား လိုအပ်ဦးမည်နည်း?'

"မင်းစိတ်ပူစရာမလိုပါဘူး။ ငါ့မှာ နည်းလမ်းရှိပြီးသား" ဟု လုဟွမ် ကောင်းကင်ကိုကြည့်ပြီး ကင်းလွတ်နေသော တစ်နေရာအား ကြည့်ကာ ဖျော့တော့သော အပြုံးဖြင့် ပြောလိုက်သည်။ "မင်းအဖော်လိုက်ပေးဖို့ပဲလိုတယ်"

'အဖော်လိုက်ပေးပါ' ဟူသော စကားလုံးသည် နွေးထွေးပြီး ချစ်ခင်စရာကောင်းလွန်းသည်ကို သူသဘောပေါက်လိုက်သလိုပင် လူငယ်၏ နားရွက်များသည် ရုတ်တရက်နီရဲလာပြီး သူ့အသံမှာ ရုတ်တရက် ရပ်သွားခဲ့သည်။

သူက စကားလုံးအား ပြောင်းလဲပြီး "ငါ့အနားမှာ နေပေးပါ" ဟု ပြောလိုက်လေသည်။

စုရှီ သူ့မှာ ဘာနည်းလမ်းရှိနေလဲ မသိခဲ့သော်ငြား ယုံအန်း ဘုရားကျောင်းမှာ မတော်တဆဖြစ်ပွားစဉ်၌ သူ(မ)က အကူအညီ အနည်းငယ်သာ လုပ်ပေးခဲ့ရသည်။ အဓိကအရာများကိုတော့ ကျိုက်ကျိုက် ကိုယ်တိုင်သာ လုပ်ဆောင်သွားခြင်း ဖြစ်သည်။

ထိုမျှလောက်ထိ စုရှီသည် ကျိုက်ကျိုက်အား အမြဲ ယုံကြည်ပေးသည်။

ကျိုက်ကျိုက်၏ ယုံကြည်မှုရှိသော အသွင်အပြင်ကို သူ(မ) မြင်လိုက်သည့်အခါ လောင်မား၏ မာနသည် အလိုလို ထောင်လွှားလာလေသည်။ သူ(မ)၏ နှလုံးသားသည် စစ်ပွဲအတွင်း မောင်းခတ်သံများဖြင့် ရုတ်ခြည်း လောင်ကျွမ်းလာသည်။

ကျိုက်ကျိုက် မြန်မြန်လုပ်ပြီး မင်းရဲ့စီးပွားရေးကို စတော့!

မြို့တော်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်မှာ ရက်ပိုင်းလောက်ရှိတော့မည်။ လယ်ကွင်းထဲရှိ ဖန်လုံအိမ် အကျိုးသက်ရောက်မှုသည် စတင်ခဲ့လေပြီ။ အဲဒီတွင် စိုက်ထားသော သီးနှံပင်များသည် လျင်မြန်စွာပင် စတင် ပေါက်ရောက်လာကြ၏။

စုရှီသည် အင်တာဖေ့စ်ကို ရံဖန်ရံခါပြောင်းကာ မြေဆီလွှာကို လှည့်ပတ်ရန် ကူညီခဲ့သည်။ သူ(မ)သည် ၁၀၀% ထိရောက်သော ဓာတ်မြေသြဇာများနှင့် စွန့်ပစ်ရန် အခြားအရာများကို လဲလှယ်ပေးသည်။

ဖန်လုံအိမ်များရှိ ကောက်ပဲသီးနှံများသည် အခြားလယ်ယာများထက် ပိုမိုမြန်ဆန်စွာ ကြီးထွား လာတာကြောင့် လုပ်သက်ကြာရှည်နေပြီဖြစ်သည့် ချန်ကုန်းဝူသည် အံ့အားသင့်နေခဲ့သည်။ ထို့ကြောင့် လုဟွမ်အား ပိုက်ဆံအနည်းငယ်လောက် တောင်းဖို့ကလွဲလို့ ရွေးစရာလမ်းမရှိတော့ဘဲ အလုပ်သမားဦးရေကို ဆယ့်သုံးယောက်မှ နှစ်ဆယ့်ခြောက်‌ယောက်အထိ တိုးမြှင့်ခဲ့ရသည်။

လယ်ယာမြေ လည်ပတ်မှု ကောင်းမွန်နေလေသည်။ လုဟွမ်တွင်မူ မိုးသည်းထန်စွာ ရွာနေသောကြောင့် အမဲလိုက်ထွက်ရန်နှင့် မြင်းစီးရန် အပြင်ထွက်၍ မရနိုင်ပေ။ တော်ဝင်ကျောင်းတော်တွင် သင်ကြားသည့် ဘာသာရပ်များကိုလည်း ပြုပြင်ပြောင်းလဲခဲ့သည်။ ယနေ့တွင် တရားရုံးကျင့်ဝတ်များကို သင်ကြားပို့ချပေးခဲ့သည်။

အတန်းသည် အင်မတန်မှ ပျင်းစရာကောင်းလှသည်။ သိုသိုသိပ်သိပ်‌နေတတ်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သော မင်းသားနှစ်နှင့် အတန်းတက်ရန်မှအပ ရွေးချယ်စရာမရှိသော မျိုးရိုးမြင့်သခင်လေးများမှလွဲ၍ အခြားအပျော်အပါးမက်ပြီး ရက်စက်ကြမ်းကြုတ်သော မင်းသားသုံးနှင့် မာနကြီးသော မင်းသားငါးတို့သည် ဤအတန်းအား အမြဲလိုလို ပျက်ကွက်ကြသည်။

မင်းသားငါး မလာသော်ငြားလည်း မင်းသားငါး၏စာလေ့လာဖော်အနေဖြင့် ကျိုက်ကျိုက်သည် အတန်းတက်ရောက်ရန် လိုအပ်ပေသည်။ သူသည် အိမ်စာများကို မှတ်သားပြီး အချိန်ရောက်သောအခါ မင်းသားငါးအား ပေးရသည်။

အတန်းသို့ လာရသော မှူးမတ်များနှင့် အရာရှိများ၏ သားများသည် အတန်းတွင် ကျယ်လောင်စွာ အိပ်နေကြသည်။ ဘယ်လိုကိစ္စပင် ဖြစ်စေကာမူ နင်းဖူမင်းသား၏ သား လုဟွမ်တွင် အမြဲလိုလို မှတ်စုများရှိသည်။

ဤကာလအတွင်းတွင်၊ တော်ဝင်ကျောင်းတော်မှ ပညာရှင်များအားလုံးသည် မင်းသားငါး၏ စာသင်ဖော်ကို အလွန်နှစ်သက်ကြသည်။ သူ၏ လုံ့လဝီရိယနဲ့ ဉာဏ်ပညာကြောင့် မည်သည့်မေးခွန်းမဆို ချောမွေ့စွာ ဖြေဆိုနိုင်သည်။

သို့သော် ယနေ့အခြေအနေမှာ အနည်းငယ် ကွဲပြားနေပုံရသည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော စာသင်သားအချို့သည် စင်ပေါ်မှ ပြင်းထန်သော ပုတ်ခတ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ ကျင့်ဝတ်တွေကို သင်ကြားနေတဲ့ ရှန်ကွမ် အမတ် သည် မျက်နှာပျက်စွာနှင့် "လုဟွမ်၊ ဒီကနေ ထွက်သွားစမ်း!"

စခရင် အပြင်ဘက်ကနေ အိမ်စာလုပ်နေသော စုရှီပင် ထိတ်လန့်သွားခဲ့သည်။ 'ဘာဖြစ်သွားတာလဲ?'

သူ(မ) ကျိုက်ကျိုက်၏ အင်္ကျီလက်စကို ဆွဲလိုက်လေသည်။

လုဟွမ် သူ၏ အကျီလက်စကို စောင်းကြည့်ရင်း 'ဒါ အဆင်ပြေပါတယ်' ဆိုသည့် အရိပ်အယောင်ပြလိုက်လေသည်။

သူ့မျက်လုံးအား ပင့်တင်ရင်း စင်ပေါ်ရှိ ရှန်ကွမ်အမတ်အား ကြည့်လိုက်သည်။ မဟူရာလို နက်မှောင်နေတဲ့သူ့မျက်လုံးများသည် အနည်းငယ် အေးစက်သယောင်ဖြစ်နေသော်ငြား သူ့မျက်နှာတွင် ခံစားချက်မရှိသည့်ပုံပေါက်နေသည်။ သူသည် တစ်စုံတစ်ရာ ငြင်းဆန်ခြင်းမရှိဘဲ ကွမ်ရဲခန်းမထဲက တိုက်ရိုက်ထွက်လာခဲ့၏။

အပြင်ဘက်တွင် မိုးသည်းနေတုန်းပဲ!

စာသင်သားများသည် ဘာဖြစ်နေလဲ ဆိုတာ မသိကြချေ။ သူတို့ထဲမှ အိပ်ငိုက်မနေသော တစ်ယောက်သည် သူ့ဘေးမှလူကို တီးတိုးပြောနေသည်။ "လုဟွမ်က ရှန်ကွမ် အမတ်ကို ဗလာပုရပိုက်လိပ်ကို ပေးခဲ့လို့ သူဒေါသထွက်ပြီး မိုးရေထဲမှာ ရပ်နေဖို့ အပြစ်ပေးခဲ့တာ"

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" မင်းကောငါကော ဗလာပုရပိုက်လိပ်ကို ပေးခဲ့တာပဲ၊ လုဟွမ်ကတော့ ဗလာပုရပိုက်ကြီး မပေးလောက်ဘူး၊၊ သူသာဖြေခဲ့ရင် အဲပုရပိုက်က ပြီးပြည့်စုံနေမှာပဲ"

နောက်တစ်ယောက်က ထူးဆန်းစွာ ရေရွတ်နေသည်။ "ငါတို့နဲ့ တော်ဝင်ကျောင်းတော်ကို လာတက်တဲ့ စာသင်သားနှစ်ယောက်ထဲက တစ်ယောက်က သာမန်ပါပဲ။ နောက်တစ်ယောက်ကတော့ တကယ်တုံးအတယ်။ သူတို့ရဲ့ တတိယညီက တရားမဝင်သားဆိုပေမယ့် တခြားလူတွေထက် ညဏ်ပိုကောင်းတာတော့ အမှန်ပဲ။ နင်းဖူမင်းသားရဲ့ ညဏ်ရည်တွေကို ဒီ‌တရားမဝင်သားကပဲ အားလုံးကို အမွေဆက်ခံထားတာ ဖြစ်ရမယ်!"

စာသင်သားတစ်ယောက်သည် သဘောပေါက်မြန်ခဲ့သည်။ သူ့ဦးနှောက်ကို ပိုမြန်မြန်အလုပ်လုပ်စေပြီး လည်ပင်းကို ဆန့်တန်းကာ တခြားမှူးမတ်နှစ်ယောက်အား တီးတိုးပြောလိုက်သည်။ "မင်းမသိဘူးလား ဒါပေမဲ့ ရှန်ကွမ် အမတ်က နင်းမင်းသားကြင်ယာတော်ရဲ့ ဖခင် ——"

"အို" ကျန်စာသင်သားနှစ်ယောက်သည် သဘောပေါက်သွားကြသည်။

ဒါဆို ဒါက မိသားစုပြဿနာပေါ့။

ရှန်ကွမ်အမတ်က လုဟွမ် ဒီ‌နေ့ဝင်လာတည်းက စိုက်ကြည့်နေတာ အံ့ဩစရာမရှိတော့ပါဘူး။ သူ့အကြည့်များသည် လုဟွမ်အား အရှင်လတ်လတ် အရေနွှာချင်နေပုံပင်။

စာသင်သားများသည် မကြာသေးမီက လုဟွမ်၏ အိမ်စာများကို ပျော်ရွှင်စွာ ကူးယူခဲ့ကြသော်လည်း ဤကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မပြောနိုင်ခဲ့ကြပေ။ လုဟွမ်အား ကောင်းကောင်းပြန်မဝင်စားဘဲ ကိုယ်လုပ်တော်သားဖြစ်လာဖို့ ဘယ်သူကပြောတာလဲ။

ဟူးး၊ အပြင်ကို လှမ်းကြည့်လိုက်တော့ လုဟွမ်တစ်ယောက်တည်း မတ်တပ်ရပ်နေတာကို တွေ့လိုက်ရတယ်။ အရင်က ညီအစ်ကိုလို့ ခေါ်ခဲ့ဖူးသည့် စာသင်သားနှစ်ယောက်သည် သူ့အား ယခုလိုပုံမျိူးဖြင့် မကြည့်နိုင်ကြချေ။

ကွမ်ရဲခန်းမ အပြင်ဘက် တံစက်မြိတ်များသည် အလွန်ကျဉ်းမြောင်းသည်။ ဘယ်လောက်ပဲ တစ်ယောက်တည်းပင်ရှိစေကာမူ ခန္ဓာတစ်ကိုယ်လုံးရဲ့တစ်ဝက်ကတော့ စိုစွတ်နေလိမ့်မည်။

သို့သော် ဤအချိန်တွင် လုဟွမ် ခန္ဓာကိုယ်ပေါ်တွင် မိုးတစ်စက်မျှ မကျခဲ့ပေ။

သူခေါင်းကို မော့ကြည့်လိုက်သည့်အခါ သူ့ခေါင်းထက်မှာ ထူးထူးခြားခြား သစ်ရွက်ကြီးတစ်ရွက် ပေါ်လာတာကို တွေ့လိုက်ရသည်။ အဲဒါဟာ ထီးလို တံစက်မြိတ်မှာ ချိတ်ဆွဲထားပြီး သူ့ခေါင်းပေါ်က မိုးရေစက်များအား သူ့ဆီမရောက်အောင် ပိတ်ဆို့ပေးထားသည်။

မိုးရေစက်များသည် သစ်ရွက်ကြီးပေါ်မှ စီးဆင်းကာ ပုလဲများ ပြုတ်ကျသကဲ့သို့ပင်။

လုဟွမ်သည် သူ့နှလုံးသားထဲတွင် တည်ငြိမ်နွေးထွေးမှုကို ခံစားလိုက်ရသည်။

သစ်ရွက်ကြီးကိုယူ၍ လေထဲသို့ တိုးညှင်းသောအသံဖြင့် ရှင်းပြလိုက်သည် "လွန်ခဲ့တဲ့ နှစ်ရက်က နင်းမင်းသားကြင်ယာတော်က သူ(မ)မိဘအိမ်ဆီ ပြန်သွားတယ်။ ဒီ ရှန်ကွမ် အမတ် က သူ(မ)အဖေလေ။ သစ်ရွက်ကို မကိုင်ထားနဲ့၊ မင်းလက်တွေ နာနေလိမ့်မယ်၊ မိုးမမိစေနဲ့ အထဲဝင်လာခဲ့"

သခင်မနင်းက လုဟွမ်သည် သခင်မကြီး၏ တန်ဖိုးထားခြင်းခံရသောကြောင့် အံကြိတ်ကာ လက်တုံ့ပြန်ရန် အခွင့်အရေးကို သူ(မ)ရှာချင်ခဲ့သည်။ လုဟွမ်နှင့် ရင်ဆိုင်ရန် လောလောဆယ် နည်းလမ်းရှာမတွေ့တာကြောင့် သူ(မ)အဖေကို မေးခဲ့တာပါ။

စုရှီသည် ကျိုက်ကျိုက်၏ဘယ်ဘက်လက်ကို ဆုပ်ကိုင်ထားပြီး "အို၊ သိပါတယ် ၊ ငါလည်း အခု သစ်ရွက်အောက်မှာ ထိုင်နေတယ်" လို့ ညွှန်ပြနေ၏။

ဒါပေမဲ့ သူ(မ) နည်းနည်း စိတ်ဓာတ်ကျသွားသည်။ 'ကျိုက်ကျိုက်က အရမ်းနာခံတတ်တယ်။ လူတွေက ဘာကြောင့် သူ့ကို အနိုင်ကျင့်ဖို့ နည်းလမ်းတွေ အမြဲတွေးနေတာလဲ။ ဒီနေ့ အိမ်စာလုပ်ရင်း အွန်လိုင်းမတက်ခဲ့ရင် ကျိုက်ကျိုက် မိုးမိမှာ ကျိန်းသေပေါက်ပင်။

သူ(မ)သည် အနည်းငယ် စိတ်ဆင်းရဲနေသည်။ သို့သော် ရွာသွန်း‌နေသော မိုးစက်များကိုကြည့်ပြီး တံစက်မြိတ်အောက်မှ ကျိုက်ကျိုက်ခေါင်းကို အနည်းငယ်မော့ကြည့်သောအခါ သူသည် စိတ်ထိခိုက်နေပုံမပေါ်ချေ။ အဲဒီအစား သူသည် စိတ်သက်သာရာရနေပြီး အေးချမ်း နေသည့်ဟန်ပင်။

လုဟွမ်သည် လွန်ခဲ့သော ဆယ့်ငါးနှစ်အတွင်း အကြိမ်ရေ မရေမတွက်နိုင်အောင် စိုစွတ်နေခဲ့သော်လည်း သူသည် အမှုမဲ့အမှတ်မဲ့ဖြင့်သာ နေရင်း လှောင်ရယ်နေခဲ့သည်။ ဒီနေ့မိုးသည် သူ့အား ပျော်ရွှင်စေခဲ့၏။

ဝိညာဉ်မလေးသည် သူ့အနားတွင် ရှိနေသည်ဟု သူခံစားမိသော်လည်း သူအနိုင်ကျင့်ခံရပြီး သူ့လက်ကို မကိုင်ထားတာကြောင့် စိတ်ဓာတ်ကျနေပုံရသည်။ “စိတ်မပူပါနဲ့။ ငါ့မှာ နည်းလမ်းရှိတယ်။ ငါပြန်ရောက်ရင် မင်းကိုပြောပြမယ်။" ဟု သူ လေသံလေးဖြင့် ပြောလိုက်လေသည်။

စခရင်အပြင်ဘက်ရှိ စုရှီသည် အင်တာဖေ့စ်ကို ကွမ်ရဲခန်းမ၏ အတွင်းဘက်သို့ ပြောင်းလိုက်သည်။ အမတ်အိုကြီး ရှန်ကွမ်သည် စင်မြင့်ပေါ်၌ ကျင့်ဝတ်သိက္ခာကို လေးနက်စွာ ပြောဆိုနေသေးသည်ကို မြင်လိုက်ရသဖြင့် သူ(မ)၏ဝမ်းတွင် ဒေါသများဖြင့် ပြည့်သွားသလို ခံစားလိုက်ရသည်။ ကျိုက်ကျိုက်မှာ ဘယ်လိုနည်းပဲရှိရှိ သူ(မ)သည် ဒီအဘိုးကြီးကို သင်ခန်းစာတစ်ခု အရင်သင်ပေးရမယ်။

ရှန်ကွမ် အမတ် သည် အကြောင်းအရာ၏ နောက်အပိုင်းကို သင်ကြားတော့မည့်အချိန်တွင် သူ၏ မျက်ခုံးများ ရုတ်တရက် လှုပ်သွားလေသည်။ သူ့ခေါင်းထိပ်တွင် တစ်ခုခုတကျွိကျွိမြည်နေသလို ခံစားလိုက်ရသည်။

သူသည် မသိစိတ်၏နှိုးဆော်မှုကြောင့် ခေါင်းကိုမော့လိုက်သည့်အခါ သူ့တပည့်များသည် ကိုယ်များ ကျုံ့သွားကြသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဦးခေါင်းပေါ်ရှိ ကြွေပြားများ ပြိုကျလုနီး ဖြစ်နေသည်အား သူမသိခဲ့ချေ။ အတိုချုံးပြောရလျှင် သူ့ခေါင်းပေါ်ရှိထုတ်တန်းက ကြွေပြား၏အလေးချိန်ကို ခံနိုင်ရည်မရှိသည်မှာ တိုက်ဆိုက်မှုသာ ဖြစ်ချေသည်။

"ဘုန်းး --- "အသက်မပါသော ကြွေပြားများသည် ရုတ်တရက် ပြုတ်ကျလာသည်။ သူသည် သေလုမတတ် ကြောက်နေခဲ့၏။ အော်ဟစ်ပြီး ဘေးနားကို ရှောင်သွားပေမယ့် ခလုတ်တိုက်မိပြီး အချိန်မှီ မရှောင်နိုင်ခဲ့ချေ။ သူ့ခေါင်းတွင် အာလူးဗူးသီးများဖြင့် ပြည့်နှက်နေ၏။

ကြွေပြားများ ပြုတ်ကျပြီးနောက် အပြင်ဘက်မှ မိုးသည် အတွင်းသို့ ပြင်းထန်စွာ စီးဆင်းလာခဲ့သည်။ တခဏအတွင်းမှာပင် သူ့ကိုယ်ပေါ်ရှိ ဖုန်မှုန့်များ မိုး‌ရေနှင့် မျောပါသွားပြီး သူ့တစ်ကိုယ်လုံး ရွှဲနစ်သွားသည် ။

ထိုရိုက်ခတ်မှုကြောင့် သူ မူးလဲလုမတတ် ဖြစ်သွားသည်။

ဤတစ်ကြိမ်တွင်၊ ကွမ်ရဲခန်းမရှိ ငိုက်မျဉ်းနေသော စာသင်သားများသည် မအိပ်နိုင်တော့ချေ။ သူတို့ရှေ့မှ မြင်ကွင်းအား ကြောင်စီစီဖြင့် စိုက်ကြည့်နေကြသည်။

တစ်စုံတစ်ယောက်က "တော်ဝင် သမားတော်ကြီးကို အမြန်ခေါ်ကြပါ၊ ရှန်ကွမ် အမတ်မူးလဲသွားပြီ!" ဟု အလောတကြီးအော်လိုက်လေသည်။

ကွမ်ရဲခန်းမသည် ပရမ်းပတာ ဖြစ်နေသည်။ လုဟွမ်သည် အပြင်၌ ရပ်နေဆဲပင်။ သူအထဲသို့ မဝင်ရင်တောင် ဘာဖြစ်သွားလဲ ဆိုတာ သိ‌နေသည်။ သူ့ရယ်မောခြင်းကို ထိန်းထားရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း မထိန်းထား နိုင်လုနီးပါးပင်။ သူ့မျက်လုံးများသည် တောက်ပနေသည်။

သူသည် ဤအခက်အခဲများကို အချိန်အတော်ကြာ ကြုံ‌တွေ့ခဲ့ရပြီး အရှက်ကွဲသည်ဟု မခံစားရပေ။ အဲဒါအစား အနာဂတ်ပြဿနာများကို ဖယ်ရှားရန် အခြားနည်းလမ်းများကို သူစဉ်းစားခဲ့သည်။

ဒါပေမဲ့ သူ(မ) ကြည့်ရတာ အချိန်တိုင်း သူ့အတွက် အထူးဝမ်းနည်းနေပုံရသည်။ အထူးသဖြင့် သူ(မ)သည် သူ့အစားဒေါသထွက်ပြီး ချက်ချင်းလက်စားချေပေးခဲ့သည်။

ယခုတော့ သူစဉ်းစားကြည့်ရာ နင်းဖူမင်းသား၏ ကျွန်နှစ်ယောက်က မီးဖိုချောင်တွင် သရဲခြောက်သည်ဟု ပြောကြသည်။ ထို့ပြင် လုဝမ်ရှို့သည် သခင်မကြီးအား စမ်းချောင်းထဲသို့ လျှို့ဝှက်စွာ တွန်းချခဲ့သည်။ သူ(မ)သည်သာလျှင် ထိုလူများအား သူ့အတွက် သင်ခန်းစာ ပေးခဲ့သူဖြစ်နိုင်သည်။

လုဟွမ်သည် သူ့နှလုံးသားထဲတွင် နွေးထွေးမှုအား ခံစားလိုက်ရသည်။ သူ မနေနိုင်တော့ဘဲ "မင်းက ငါ့ဘယ်ဘက်မှာလား ညာဘက်မှာလား" လို့ အသံတိုးတိုးလေးနဲ့ မေးလိုက်သည်။

စုရှီသည် ကျိုက်ကျိုက်အား အနိုင်ကျင့်သော အဘိုးကြီးအား ပညာပေးပြီးနောက်တွင် စခရင်ကို ကွမ်ရဲခန်းမအပြင်ဘက်သို့ ပြောင်းလိုက်သည်။ ကျိုက်ကျိုက် သူ(မ)အား ထိုသို့မေးတာမြင်တော့ ကျိုက်ကျိုက်၏ ဘယ်လက်အား ဆွဲလိုက်သည်။

ထို့နောက် ကျိုက်ကျိုက်သည် သူ၏ ညာလက်မှ အရွက်ကြီးကို ဘယ်ဘက်သို့ ပြောင်းကာ ဘယ်ဘက်သို့ ဆွဲလိုက်သည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက် ထီးအောက်မှာ တကယ်ရပ်နေပုံပင်။

သူ(မ) : ".."

သနားစရာ ကျိုက်ကျိုက်လေး ၊ သူ့လောင်မားက ထီးအောက်တွင် ရှိမနေခဲ့ချေ။

ကျိုက်ကျိုက်သည် ဘယ်ဘက်သို့ ကြည့်လိုက်သည်။ သူသည် ဘယ်သူမှ မရှိသည်ကို စိုက်ကြည့်နေသကဲ့သို့ပင်။

အကြောင်းတစ်ခုခုကြောင့် သူ အရမ်းနီးကပ်နေသလို ခံစားလိုက်ရသောအခါ သူ့နားများ တဖြည်းဖြည်း နီလာလေသည်။

ထို့ကြောင့် သူ တည်တည်တံ့တံ့ဖြင့် ခြေဖဝါးလေးများကို ညာဘက်သို့ တိတ်တဆိတ် ရွှေ့လိုက်သည်။ ထို့နောက် ခေါင်းကို မော့ကာ ရင်ဘတ်ကို တောင့်၍ သူ့ဘေးဘက်ရှုထောင့်အား ပိုကြည့်ကောင်းစေရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။

စုရှီ "…"

ဒီနည်းနဲ့ ကျိုက်ကျိုက်ဟာ မိုးရေထဲမှာ သူ့လက်ရှည်စကို မတော်တဆ ထိစိုစွတ်သွားပေမယ့် သူဂရုမစိုက်ပါဘူး။

စုရှီ အနည်းငယ် စိုးရိမ်သွားသည်။ အစောပိုင်း သူတို့ အမေး‌အဖြေလုပ်တုန်းက သူ(မ)ဟာ ကျိုက်ကျိုက်ကို အမှတ်တမဲ့ လှည့်စားပြီး သူ့ဘေးနားတွင် ဝိညာဉ်ကဲ့သို့ အဖော်ပြုပေးနေတာလို့ ထင်စေခဲ့သည်။

ပထမတော့ စုရှီသည် သိပ်ပြီးမစဉ်းစားခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူ(မ)သည် သူ့ဘေးတွင် အမြဲရှိနေခဲ့သည်။ စခရင်အတွင်းရော အပြင်မှာပါ သူ(မ) ဝိညာဉ်တစ်ကောင်ကဲ့သို့ မခြားနားချေ။

သို့သော် မကြာသေးမှီက စုရှီသည် ကျိုက်ကျိုက် " နတ်ဘုရားများ စောင့်ရှောက်စေရန် ဆုတောင်းခြင်း" စာအုပ်များအား စတင်လှန်‌လှော်နေသည်ကို သူ(မ) မသိမသာ သတိထားမိခဲ့သည်။ ကြည့်ရတာ သူက သူ(မ)အတွက် ခန္ဓာကိုယ်ရှာပေးချင်နေပုံပင်။

စုရှီ ဒါကို မြင်တော့ သူ(မ) အံ့သြသွားသည်။

သူ့နှလုံးသားထဲမှာ မျှော်လင့်ချက်များဖြင့် အခုတွင် သူပျော်နေပြီး တစ်နေ့ သူမသည် သူ့ရှေ့၌ ပေါ်လာလိမ့်မည်ဟု သူတွေးနေသည်။

'ဒါပေမဲ့ ဒါကမဖြစ်နိုင်ဘူးဆိုတာ သူသိတဲ့နေ့ရောက်ရင် သူ့ဆန္ဒတွေ အကုန်လုံး ကြေကွဲသွားမလား?

စုရှီသည် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း အဲဒါကို မစဉ်းစားမိရန် ကြိုးစားလိုက်သည်။ လောလောဆယ်၌ ပိုအရေးကြီးတာ လုပ်ရဦးမယ်။

ရှန်ကွမ် အမတ်နှင့် နင်းမင်းသားကြင်ယာတော်တို့သည် အကြံတူအလိုပါများပင်။ သူတို့သည် ဒီတစ်ခါ လွယ်လွယ်နဲ့ လွှတ်ထားမှာကို သူ(မ)ကြောက်သည်။ စစ်သူကြီးကျန့်ယွမ်၏ အသိအမှတ်ပြုမှုကို ရရှိရန် ကျိုက်ကျိုက်၏ သတ္တမမြောက်မစ်ရှင်မှာ အခုထိ မပြေလည်သေးပေ။ ကိုင်တွယ်ဖြေရှင်းစရာအများကြီး ရှိနေသေးပေသည်။

ကျိုက်ကျိုက် ကျောင်းပြီးအောင်စောင့်၍ ဆီစိမ်စက္ကူထီးနဲ့ ခြံဝင်းကို ပြန်လာခဲ့တယ်။ သူ(မ)သည် စားပွဲပေါ်ရှိ စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်ကျောက်တို့ကို အမြန်ဖြန့်လိုက်သည်။ ထို့နောက် သူ(မ)သည် တော်ဝင်ကျောင်းတော်တွင် နည်းလမ်းရှိတယ်ဟုပြောခဲ့တာကို ကျိုက်ကျိုက်၏အင်္ကျီလက်အားဆွဲကာ သူ ဘာကို ဆိုလိုသည်ကို မေးဟန်ပြုလိုက်သည်။ သူသည် သူမကို အမြန်ပြောလိုက်၏။

လုဟွမ်သည် "ရှန်ကွမ်" "လျှိုကျိုး" နှင့် "ယွင်ကျိုး" ဟု စာရွက်ပေါ်တွင် ရေးလိုက်သည်။ သူ့ဘေးဘက်ကို ပြောလိုက်၏ "ရှန်ကွမ်အမတ် တော်ဝင်ကျောင်းတော်မှာ သူ့ရာထူးကို ရတဲ့အချိန်တုန်းက ဘာလုပ်ခဲ့လဲ မင်းသိလား?"

စုရှီ မသိပါ။ သူ(မ) စနစ်ကို ဖွင့်ပြီး စစ်ဆေးဖို့လုပ်ခဲ့ပေမယ့် ကျိုက်ကျိုက်က ဆက်၍ပြောလိုက်လေသည်။ "သူက အလုပ်သမားဝန်ကြီးဌာနရဲ့မူလခေါင်းဆောင်ပဲ၊ လွန်ခဲ့တဲ့သုံးလက ဧကရာဇ်က ယွင်ကျိုးမှာရှိတဲ့ နှင်းကို ကြည့်ချင်လို့ သူ့ကို ယွင်ကျိုးက နန်းတော်ဆောက်လုပ်ရေးကို ကြီးကြပ်ဖို့ စေလွှတ်ခဲ့တယ်"

"ယွင်ကျိုးက တစ်နှစ်ပတ်လုံး နှင်းတွေနဲ့ ဖုံးလွှမ်းနေတာ၊ အဲတော့ တော်ဝင်နန်းဆောင်ကို ဆောက်လုပ်ဖို့ သုံးလထပ် ပိုမကြာဘူး ပြီးတော့ သူမြို့တော်ကို ပြန်ရောက်တဲ့အခါ ယွင်ကျိုးရဲ့ နယ်ထွက်ပစ္စည်းအချို့ကို သခင်မနင်းအတွက် နင်းမင်းသားအိမ်တော်သို့ အထူးပေးပို့ခဲ့တယ်"

စုရှီ တွေဝေသွားသည်။ သူ(မ) အချိတ်အဆက်ကို မသိသော်လည်း စခရင်ပေါ်ရှိ ကျိုက်ကျိုက်၏ ရှင်းပြချက်ကို ဆက်နားထောင်နေခဲ့သည်။

ကျိုက်ကျိုက်၏ စကားပြောစာတန်းက ဆက်လက် ပြောဆိုနေသည်။ " တကယ့်ကိစ္စကြီးက သူတော်ဝင်နန်းဆောင်ကို တည်ဆောက်ခဲ့တာပဲ။ တော်ဝင်ခုံရုံးမှာ သူက ဆုချီးမြှင့်ခံရမယ် ပြီးတော့ အနာဂတ်အတွက် အလားအလာရှိမယ်။ သူသာ လက်ဝတ်လက်စားတွေ ကျောက်သံပတ္တမြားတွေနဲ့သာ ပြန်လာခဲ့ရင် သခင်မနင်းမိသားစုထုံးစံနဲ့ ကိုက်ညီပြီးသားလေ။ ဒါမဲ့သူက ယွင်ကျိုးရဲ့ နယ်ထွက်ပစ္စည်းအချို့ကိုသာ ဘူးနဲ့ပေးပို့ခဲ့တယ်"

စုရှီ သဘောပေါက်သွားခဲ့သည်။ အဲဒီမှာ သံသယကောင်းစရာ တစ်ခုခုဖြစ်နေတာပဲ။

ကျိုက်ကျိုက်သည် နိဂုံးချုပ်ပြီး ပြောလိုက်လေသည် "အကြောင်းပြချက်က တစ်ခုပဲရှိတော့တယ်။ သူက ယွင်ကျိုးရဲ့ တော်ဝင်နန်းတော်စီမံကိန်းကနေ ပိုက်ဆံတစ်ချို့ကို အလွဲသုံးစားလုပ်ခဲ့တာဖြစ်မယ်။ အဲဒါကြောင့် သူက ကိန်းကြီးခန်းကြီးမလုပ်ချင်ဘူး။ သူ ဘယ်လောက်အလွဲသုံးစားလုပ်လဲဆိုတာ ငါတို့ မသိပေမယ့်၊ ရှန်ကွမ် အမတ်က လုံးဝ မရိုးသားဘူး"

သို့သော်ငြား စုရှီ အတွေးတွင်၊ ဒီလိုထင်ကြေးရှိရင်တောင် ဒါကိုအသုံးပြုပီး ရှန်ကွမ် အမတ်ကို တော်ဝင်ခုံရုံးမှာ ဆက်မရှိအောင် သူတို့ဘယ်လိုလုပ်ရမှာလဲ။

သူ(မ) နှလုံးသားတွင် သံသယများရှိနေသည်ကို ခန့်မှန်းမိသည့် ကျိုက်ကျိုက်က ဆက်လက်၍ " ဒါက သေချာပေါက် ငါ့လက်နဲ့ ကိုယ်တွယ်ဖြေရှင်းလို့ မရဘူး၊ တကယ်လို့ မင်းသားငါးကိုသာ ငါ သတင်းပေးလိုက်ရင် သူက သေချာပေါက် ဧကရာဇ်ကို စစ်ဆေးပေးဖို့ သတင်းပို့မှာပဲ၊ ငါသာ မင်းသားနှစ်ကို ပြောလိုက်ရင် သူ့အမူအကျင့်ကြောင့် ဒီကိစ္စက လပေါင်းချီ ကြာရှည်နေလိမ့်မယ်၊ ဒီနည်းလမ်းဟာ စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ၊ လူတွေက သေချာပေါက် ငါက ရှန်ကွမ် မိသားစုကို သံသယဝင်အောင်လုပ်တဲ့သူလို့ သိကုန်မှာပဲ၊ ငါတို့အနေနဲ့ အလှည့်အပြောင်းလုပ်နိုင်ဖို့ တခြားလူရဲ့လက်ကို ငှားရမယ်။ မြန်ဆန်ရမယ် ရက်စက်ပြီး တိကျတဲ့လူ တစ်ဦးဦးပေါ့"

စုရှီအတွေး‌တွင် ကျိုက်ကျိုက်သည် မင်းသားများနှင့် ရက်အနည်းငယ်သာ ပြောဆိုဆက်ဆံဖူးသော်လည်း မင်းသားတစ်ယောက်ချင်းစီ၏ စိတ်နေစိတ်ထားကို ရှင်းရှင်းလင်းလင်း နားလည်နေပြီ။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျိုက်ကျိုက်မှာ ဘာမှလုပ်စရာမရှိတော့ဘူး။ တစ်ယောက်ယောက်က ဒီကိစ္စအား ဖော်ထုတ်မှရတော့မည်။

ကျိုက်ကျိုက်သည် “လျှိုကျိုး” ဟူသောစာလုံးကို စာရွက်ပေါ်တွင် ညွှန်ပြပြီး ဖြေးညှင်းစွာ ပြုံးလိုက်သည်။

"လျှိုကျိုးက ယွင်ကျိုးနဲ့ အရမ်းနီးတယ်၊ လွန်ခဲ့တဲ့ရက်ပိုင်းက စစ်သူကြီးယွင်ကို လျှိုကျိုး ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးချလိုက်တယ်။ တကယ်လို့ သူက ဒီကိစ္စကို သံသယဝင်ခဲ့ရင် သူ သေချာပေါက်စစ်ဆေးပြီး ယွင်ကျိုးကို သွားမှာပဲ။ သူ အဲကိုသွားဖို့ နှစ်ရက်လောက်ပဲကြာမှာ နောက် သုံးလေးရက်အတွင်း အဖြစ်မှန်ကို သိရမှာပဲ"

"ဘာပဲဖြစ်ဖြစ် စစ်သူကြီးယွင်က အကြောင်းမရှိဘဲ ယွင်ကျိုးကို သွားမှာ မဟုတ်ဘူး၊ ငါတို့ သူ့ဆီကို သတင်းပို့ရင်တောင် သူ့ရဲ့ သံသယဖြစ်တတ်တဲ့ အကျင့်စရိုက်ကြောင့် သူယုံမှာမဟုတ်ပြန်ဘူး။ အဲဒါကြောင့် သူယွင်ကျိုးကို သွားအောင် ငါတို့ နည်းလမ်းရှာဖို့ လိုသေးတယ်"

"သူ့ ထက်စာရင် သူ့အငယ်ဆုံးသား ယွင်ရှိုးဖန်က သိပ်မထက်မြက်ဘူး၊ ငါတို့သာ ယွင်ရှိုးဖန်ကို ဆွဲဆောင်ပြီး ယွမ်ကျိူးကို သွားဖို့ စာရေးလိုက်ရင် စစ်သူကြီးယွင်က သူ့သား ယွင်ကျိုးကို ရောက်နေတာ သိသွားမယ်။ သူ သေချာပေါက် သူ့သားကို သွားကြိုဖို့ အဲဒီကို သွားလိမ့်မယ်။"

"အဲအချိန်မှာ ငါတို့က နန်းဆောင်ကို အနည်းငယ် ပျက်စီးအောင် လုပ်ထားရင် ဒီကိစ္စကို သူ့ဟာသူ ဖော်ထုတ်နိုင်မှာပဲ"

"သူသာ ဒီကိစ္စကို ရှာတွေ့သွားရင် ဒီအကျိုးကျေးဇူးမှုနဲ့ သူ့ရဲ့ရာထူးကို ပြန်ရယူဖို့အတွက် သေချာပေါက် ဒီကိစ္စကို တင်ပြဖို့ မြို့တော်ကို အပြေးအလွှား ပြန်လာမှာပဲ။ ဒါက ချွင်းချက်မရှိဘူး။ စစ်သူကြီးယွင်ကလည်း သူ့ရာထူးကို ပြန်ရပြီး ရှန်ကွမ်အမတ်လည်း ရာထူးကနေ ရပ်စဲခံရမယ်"

စစ်သူကြီးယွင် ရာထူးပြန်ရတဲ့အခါ အဲဒါကနေ ယွင်ရှိုးဖန်ကို ငါတို့ယွင်ကျိုးကို စာနဲ့‌လိမ်ခေါ်ပြီး သူ့ကိုဆင့်ခေါ်တာကို သူစဉ်းစားလိမ့်မယ်။ ဒါပေမဲ့ သူက ငါတို့ ဆီကနေ အမြတ်ရပြီးနေပြီလေ အဲဒါကြောင့် ဒါကိုလုပ်တာ ငါတို့ မှန်းသိရင်တောင် သူဘာမှလုပ်မှာမဟုတ်ဘူး"

စုရှီ နားထောင်နေစဉ် သူ(မ)၏ မျက်လုံးများ တောက်ပလာသည်။ သို့သော် ကျိုက်ကျိုက်၏ စစ်သူကြီးယွင် ရွေးချယ်မှုသည် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်တည်းကို ပစ်ရန်မဟုတ်သေးကြောင်း သူ(မ)သိသည်!

တခြားအကြောင်းရင်းများလည်း ရှိဦးမည်!

ထင်တဲ့ အတိုင်းပင် သူ(မ) ကျိုက်ကျိုက် ပြောတာကို ကြားလိုက်ရသည်။ "ထပ်ပြောရရင် စစ်သူကြီးယွင်က စစ်တပ်ရေးရာခုံရုံး ရဲ့ အဆင့်တစ် အရာရှိဖြစ်ပြီး စစ်တပ်ရေးရာဝန်ကြီးဌာနကို တာဝန်ယူထားတယ်။ စစ်တပ်ရေးရာဝန်ကြီးဌာနရဲ့ လစ်လပ်နေတဲ့ ဝန်ကြီးရဲ့အကြံပေးရာထူးအဖြစ် ငါ့ကို ခန့်အပ်ဖို့ အကြောင်းပြချက်ရာချီ တွေ့နိုင်တယ်။ အဲအချိန်မှာပဲ သူက ပြန်လည်ရာထူးခန့်အပ်ခံရမယ် ငါတို့လည်း လိုချင်တဲ့အရာကိုလည်း ရမယ်။ နှစ်ဖက်စလုံး အကျိူးရှိတယ် မဟုတ်ဘူးလား?"

ဒီနည်းနဲ့သာဆိုလျှင် စုရှီ၏ ကျိုက်ကျိုက်ကို စစ်သူကြီးကျန့်ယွမ်နှင့် ရင်းနှီးစေရန် သတ္တမမြောက်မစ်ရှင်ကို အောင်မြင်နိုင်သည့်လမ်းစပင်!

သူ(မ)သည် စခရင်အပြင်မှ ကျိုက်ကျိုက်ကို လက်ခုပ်တီးအားပေးလိုက်ချင်သည်!

ကျိုက်ကျိုက်၏ အစီအစဥ်သည် သူ(မ)ထင်ထားတာထက် အများကြီး ပိုပြည့်စုံလှသည်။

ဤအခိုက်အတန့်တွင် စုရှီသည် ကြီးကြီးမားမားနှင့် ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ရမည့်အတွက် အနည်းငယ် စိတ်လှုပ်ရှားနေပါသည်။

အရင်က လယ်နှင့် အိမ်ကို ရတဲ့အခါ ဟမ်စတားတစ်ကောင်ကဲ့သို့ ကျေနပ်မှု ခံစားမှုမျိုးသာ ခံစားခဲ့ရသည်။ သို့သော် အခုတော့ သူ(မ)သည် ဂိမ်းကစားတာရဲ့ စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ သူ(မ)အောင်မြင်ပြီးသည်နှင့် စစ်သူကြီးယွင်သည် ကျိုက်ကျိုက်၏ သူငယ်ချင်းစာရင်းတွင် ပါဝင်လာပေမည်။

နောင်တွင် ကျိုက်ကျိုက်သည် မင်းသားတစ်ဦးအဖြစ် ရာထူးပြန်လည်ရရှိလာတဲ့အခါ စစ်သူကြီးယွင်သည် ကျိုက်ကျိုက်၏နောက်တွင် ရပ်တည်နေပေလိမ့်မည်။

သူ(မ)၏နှလုံးသည် ဒရမ်တစ်ခုလို ကဆုန်ပေါက်နေလေသည်။ ကျိုက်ကျိုက်နှင့် တန်ပြန်အစီအမံများကို ဆွေးနွေးပြီးနောက်၊ အမှန်တကယ်မှာ အများစုသည် ကျိုက်ကျိုက်၏ သုံးသပ်ချက်များဖြစ်သည်။ သူ(မ)သာ ခဏခဏ နားထောင်ပြီးနောက် မှတ်စုများ မှတ်ထားလိုက်သည်။

ပြီးနောက် သူ(မ)နှင့် ကျိုက်ကျိုက် လူစုခွဲခဲ့ကြသည်။

သူမသည် တော်ဝင်နန်းဆောင်အပိုင်းကို သော့ဖွင့်၍ အရင်က စစ်သူကြီးယွင်ရေးခဲ့သော‌ စာကို ယူခဲ့သည်။ ကျိုက်ကျိုက်သည် စစ်သူကြီးယွင်၏ လက်ရေးမူကို အတုယူကာ ယွင်ရှိုးဖန်သို့ စာတစ်စောင်ရေးခဲ့ပြီး စစ်သူကြီးယွင်သည် သူ့အား တွေ့ချင်ပြီး ယွင်ကျိုးသို့ အမြန်ဆုံးသွားခိုင်းကြောင်း စာတွင် ဖော်ပြထားသည်။

ထို့နောက် ယွင်ရှိုးဖန် တော်ဝင်ကျောင်းတော်သို့ သွားသောအခါ ယွင်ရှိုးဖန်၏အိတ်ထဲသို့ စာကို သူ(မ) ထည့်လိုက်သည်။

ယခုတော့ စုရှီသည် လွန်ခဲ့သော ရက်အနည်းငယ်က ယွင်ရှိုးဖန်ကို ကယ်တင်ရန် အပိုမစ်ရှင် ဘာလို့လုပ်ရကြောင်း နားလည်လာခဲ့သည်။ ထိုအချိန်တွင် ကျိုက်ကျိုက် ရောက်လာခဲ့ပါက ယွင်ရှိုးဖန်ဆီမှ စစ်သူကြီးယွင် အကြောင်း အချက်အလက်အချို့ကို‌ သေချာပေါက် ရရှိလိမ့်မည်။

သို့သော် အလဲအလှယ်အနေဖြင့် ကျိုက်ကျိုက်သည် မင်းသားနှစ်ယောက်၏ မျက်မုန်းကျိူးခြင်း ခံခဲ့ရသည်။

သို့သော် ကျိုက်ကျိုက်သည် အလွန်ထက်မြက်ကြောင်း သိသာသည်။ ယွင်ရှိုးဖန်ထံမှ အချက်အလက် တစ်စုံတစ်ရာ မရခဲ့သော်ငြားလည်း ဂိမ်းက သူ့အတွက် ချမှတ်ထားတဲ့ နည်းလမ်းကို တွေးနေနိုင်သေးသည်။

ထိုအချိန်ကာလအတွင်း ကျိုက်ကျိုက်သည် ညဘက်တွင် စာကျက်ပြီး လေ့ကျင့်မှုူများပါ လုပ်နေခဲ့သည်။ ထို့ကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု အတွက် တစ်မှတ်ရခဲ့သည်။ ကိုယ်ခံပညာနှင့် စစ်ရေး နည်းဗျူဟာများတွင်လည်း အမှတ်တစ်မှတ် ရခဲ့သည်။ ဤအချက်နှစ်ချက်သည် စုရှီအား ရမှတ် ၄၀ စုဆောင်းနိုင်စေခဲ့၏။ သူ(မ)သည် ယွင်ကျိုးအား လော့ဖြည် နိုင်ခဲ့လေပြီ။

ကျိုက်ကျိုက်သည် ချန်ကုန်းဝူကို စစ်သူကြီးယွင် ယွင်ကျိုးသို့ ရောက်လာပြီး နှစ်ရက်အကြာတွင် ဆောက်လုပ်ပြီးစီသွားသောနန်းတော်၌ ပြဿနာ အနည်းအကြမ်း ဖန်တီးဖို့ လူတစ်ယောက်ကို တိုးတိုးတိတ်တိတ် ငှားခိုင်းထား၏။

သို့သော် စုရှီသည် စိုးရိမ်နေသေးသည်။ သူ(မ)သည် အထူးဇာတ်ဝင်ခန်းကို ယွင်ကျိုးအဖြစ် ပြောင်းလဲကာ ကူညီခဲ့သည်။

ပြီးနောက် …

စုရှီသည် သူ(မ)၏လက်များကို အားတက်သရော ပွတ်သပ်ကာ ရလဒ်များကို စောင့်မျှော်နေလေသည်။

နောက်ငါးရက် ကြာသောအခါ စုရှီ ကျောင်းပြီးသွားလေပြီ။ လုဟွမ်သည် တော်ဝင်ခုံရုံး၌ ကြီးကြီးမားမား ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသောအချိန်တွင် တော်ဝင်ကျောင်းတော်မှာ စာမေးပွဲ ဖြေဆိုနေခဲ့သည်။

စစ်သူကြီးယွင်သည် လျှိုကျိုးမှ အမြန် ပြန်ထွက်လာခဲ့သည်ဟုဆိုသည်။ ဧကရာဇ်နှင့် လျှို့ဝှက်စကားပြောဆိုပြီးနောက် ယွင်ကျိုး၏အုပ်ချုပ်သူ ရှန်ကွမ် အမတ်သည် အကျင့်ပျက်ခြစားပြီး ငွေအလွဲသုံးစားလုပ်ခဲ့ကြောင်း သူအစီရင်ခံခဲ့သည်။ ဧကရာဇ်သည် သေသေချာချာ စုံစမ်းကြည့်ရာ မှန်ကန်ကြောင်း တွေ့ရှိခဲ့လေသည်။

ဧကရာဇ်သည် အမျက်ဒေါသ တချောင်းချောင်းထွက်ခဲ့သည်။

တစ်ရက်တွင် စစ်သူကြီးယွင်သည် ကြီးကြီးမားမား အကျိုးဆောင်ခဲ့သဖြင့် ရာထူး ပြန်လည် ခန့်အပ် ခံရသည်။ ရှန်ကွမ်အမတ်သာ အကျဉ်းချခံခဲ့ရသည်။ သူ့သားနှစ်ယောက်သည်လည်း အမှုတွင် ညှိစွန်းပြီး ယွင်ကျိုးနယ်စပ်သို့ နယ်နှင်ခံခဲ့ရသည်။

ရှန်ကွမ်အမတ်၏ သမီးဖြစ်သူ နင်းမင်းသား၏ ကြင်ယာတော်သည် နှစ်ပေါင်းများစွာက လက်ထပ်ထားခဲ့‌တာကြောင့် ဧကရာဇ်က ခွင့်လွှတ်ခဲ့သည်။ သူ(မ)သည် လောလောဆယ် အပြစ်ပေးခံရခြင်း မရှိပေ။

ဒီသတင်းထွက်လာတဲ့အခါမှာတော့ တော်ဝင်ကျောင်းတော်မှာ စာမေးပွဲဖြေနေသော ကျောင်းသားများ တုန်လှုပ်ခြောက်ခြားပြီး အဲဒီအကြောင်းကို ပြောဆိုနေကြသည်။

ပြတင်းပေါက်အပြင်ဘက်တွင် မိုးသည်းစွာ ရွာနေသည်။ လုဟွမ်သည် စာမေးပွဲကို ဆက်လက် ဖြေဆိုနေတာကြောင့် အမူအရာ ပြောင်းလဲခြင်းမရှိပေ။

သို့သော်လည်း ကျောင်းပြီးသွားသော စုရှီသည် အလွန်ပျော်နေသဖြင့် ဘတ်စ်ကားပေါ်မှ ခုန်ဆင်းလု နီးပါးပင်။ အဓိကအစီစဉ်မှာ အောင်မြင်ခဲ့ပြီ! သူ(မ)၏ ပါဝင်ပတ်သက်မှု ခံစားချက်သည် အလွန်ပြင်းထန်နေ၏! သူ(မ)သည် ဖန်သားပြင်ကို အမြန်ဖွင့်ကာ ကျိုက်ကျိုက်၏ ကော်လာကို စိတ်အားထက်သန်စွာ ဆွဲလိုက်မိသည်။

လုဟွမ်သည် စာမေးပွဲကို ဖြေဆိုနေတုန်းမှာပဲ သူ့ကော်လာကို ရုတ်တရက် ဆွဲခံလိုက်ရသလို ခံစားလိုက်ရသည်။

သူ ကူကယ်ရာမဲ့ ပြုံးလိုက်သည်။

သူ စာမရေးနိုင်တော့‌ပေ။ သူ့မျက်လုံးများသည် မဟူရာကဲ့သို့ နက်မှောင်တောက်ပနေသည်။ ခေါင်းကို မော့ပြီး သူ့ဘေးနားမှ ‌မမြင်ရသောလူကို ကြည့်နေသကဲ့သို့ ပြတင်းပေါက်အလွတ်ကို ကြည့်နေခဲ့သည်။

အစီအစဉ်အတိုင်း အစစအရာရာ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်လို့ ပျော်နေပေမယ့် သူ့ဘေးနားကလူ ပျော်နေတာကို ခံစားရသောကြောင့် သူပိုပျော်နေသည်။

လမ်းသည် ရှည်လျားပြီး အဆုံးမရှိ အထီးကျန်ဆန်လှသည်။ လုဟွမ်သည် သူ့နှင့်အတူ လိုက်ပါလာမယ့် တောက်ပသော အလင်းရောင် ရှိနေမည်လို့ မထင်ခဲ့ပေ။

အခု…သူတွင် ရှိနေပြီ။

All Chapters