Chapter 45
Vol. 5 Ch. 45
ခရီးစဉ်တစ်လျှောက်လုံး၌ သူတို့နှစ်ယောက်ကြားရှိ လေထုသည် တင်းမာလျက်ရှိသည်။
သေချာတာပေါ့၊ တင်းမာမှုအား ခံစားရသည်မှာ စုရှီပင်။ ကျိုက်ကျိုက်သည် သူဒေါသမထွက်ပါ ဟုပြောသော်လည်း ခရီးစဉ်တစ်လျှောက်၌ သူသည် စကားတစ်လုံးမှမပြောခဲ့ချေ။ သူ့ခေါင်းအား ငုံ့ထားရင်း တိတ်ဆိတ်နေခဲ့သည်။ သူ ဘာတွေစဉ်းစားနေသည်အား မည်သူမျှမသိနိုင်ပေ။
စခရင်အပြင်ဘက်မှ စုရှီသည် ကူကယ်ရာမဲ့သလို ခံစားနေရလေသည်။ သူ(မ)သည် သူအခုထိဒေါသထွက်နေသည်ဟု ခံစားနေရသော်လည်း သူ(မ) စိတ်ထင်နေတာဖြစ်မှာပါဟုသာ ဖြေသိမ့်ခဲ့သည်။ ... ထို့အပြင် သူ့စိတ်ခံစားချက်ကိုဖော်ပြသော အဖြူရောင်ပူဖောင်း တစ်ခုပင်ရှိမနေချေ။ သူသည် သူ့အင်္ကျီလက်စကိုပင် မကြာခနဆိုသလို လှမ်းကြည့်နေရင်း သူ(မ)အား အလျင်အမြန် လိုက်လာခဲ့ပါဟု အရိပ်အယောင်ပြနေလေသည်။
စခရင်ပေါ်တွင် တဲအိမ်ထဲသို့ဝင်သွားသော ကျိုက်ကျိုက်သည် ဘောလုံးသေးသေးလေးနှင့်ပင် တူနေသည်။ ရှေ့ဆက်သွားသော လမ်းသည် အင်မတန်မှ ကျဉ်းမြောင်းလှပြီး သူ့နောက်ကျောပြင်သည် တစ်ယောက်တည်း အထီးကျန်နေပုံရသည်။ စုရှီ၏မျက်နှာသည် မဲမှောင်နေပြီး သူ့ခေါင်းပေါ်တွင် အမဲရောင် မေးခွန်းသင်္ကေတအနည်းငယ် ပေါ်လာလေသည်။
'သူ(မ) နားမလည်ချေ။ သူ(မ) ဘာများလုပ်မိလို့လဲ? ကျိုက်ကျိုက်၏ လက်ရှည်စကို ဆွဲပြီး လှပသော ကောင်မလေးတစ်ယောက်အား ကြည့်ခိုင်းတာလေးပဲလေ။'
'ကျိုက်ကျိုက် ကောင်မလေးတွေကို မကြိုက်ဘဲ အခုချိန် လက်ထပ်ဖို့ကိစ္စ မပြောချင်ဘူးဆိုရင်တောင် ခဏလောက်ကြည့်တာက ဘာဖြစ်သွားမှာမို့လဲ? မသိရင် သူ့အသားကြီး ပဲ့ပါသွားမှာ ကျနေတာပဲ။'
'ကောင်မလေးကသာ အသားပဲ့ပါသွားမှာ ပါနော်၊ ဟုတ်ပြီလား?'
'မဟုတ်ရင် သူရှက်နေတာများလား? ဒါပေမဲ့ အဲလိုပုံလည်း မဟုတ်ဘူး၊ ကျိုက်ကျိုက်က ရှက်သွေးတောင် မဖြာနေဘူး၊ ဒီလူသေးသေးလေးက ခေါင်းငုံ့ပြီး ဘာမှမပြောရင်တောင် သူ့အမူအရာအား စုရှီ ပြောနိုင်သည်။'
'အဲတာဆို သူ(မ) သူများကိစ္စတွေမှာ တအား ဝင်ပါစပ်စုတယ်လို့ သူထင်သွားတာလား?'
သူ(မ)ကျောင်းကနေ အိမ်ကို ပြန်လာတုန်းက သူ(မ)အမေနှင့် အောက်ထပ်မှအဒေါ်ကြီး ကခုန်ရင်း အတင်းတုပ်နေတာကို ကြားရသည့်အချိန်ကိုပင် စုရှီမှတ်မိသေးသည်။ သူ(မ)သည် ဟောက်ကျင်းချွမ်နှင့် သူ(မ)တို့အား စေ့စပ်စေချင်ပြီး ငယ်သူငယ်ချင်းတွေကနေ အနာဂတ်မှာ ခမည်းခမက်များဖြစ်လာမည့် အကြောင်းတွေပြောနေကြပေသည်။ စုရှီ စိတ်ရှုပ်ပြီး သူ(မ)အမေအား အဓိပ္ပာယ်မရှိတာများ ပြောနေသည့်အတွက် စိတ်ဆိုးခဲ့သည်။ ဒါက ဘယ်လိုဟာမျိုးလဲ?
စုရှီသည် ယခု သူ(မ)အမေခြေရာကို နင်းပြီး သူများကိစ္စများ၌ ဝင်ပါနေသလိုပင် ချက်ချင်း ခံစားလိုက်ရလေသည်။ ကိုယ်တိုင်တောင် မလိုလားတဲ့ အရာမျိုးကို တခြားသူအပေါ် သွားမလုပ်သင့်ဘူးလေ။ ထိုနိယာမအား သူ(မ) ဆရာမများသည် နှစ်ပေါင်းများစွာ သင်ကြားပေးခဲ့သည်။ အဲတာကို သူ(မ) ဘယ်လိုတောင် နားမလည်ခဲ့တာလဲ?
အခုချိန်မှာ ဒီဟာကို မပြောဘဲ အခုကိစ္စကို နောင်မဖြစ်ရအောင် သင်ခန်းစာယူရမယ်လို့ သူ(မ)ကိုယ်သူ(မ) တွေးလိုက်သည်။
ကျိုက်ကျိုက်သည် ယောကျာ်းများထဲမှ နဂါးဖြစ်သည်။ အနာဂတ်မှာ သူ ဇနီးမယားမရှိမှာကို ကြောက်နေရဦးမှာလား?
သူ(မ)ကိုယ်သူ(မ) ပြန်မြင်ယောင်မိသော်လည်း စုရှီသည် အနည်းငယ် ဝမ်းနည်းပူဆွေးနေသေးသည်။
သူ့အမေနှင့် အန်တီဟောက်သည် ဟောက်ကျင်းချွမ်နှင့်သူ(မ)တို့ဟာ ကလေးဘဝတည်းက တအားချစ်ခင်သည့်အကြောင်း ပြောတဲ့အခါတိုင်း သူ(မ)အမေ ဘယ်လိုခံစားခဲ့ရလဲဆိုတာ သူ(မ) နားလည်လာပါပြီ။ သူ(မ) သူ(မ)အမေအား လှည့်ပင်မကြည့်ဘဲ " သမီးအတွက် အိမ်ထောင်ဖက် ရှာပေးဖို့ မလုပ်နဲ့၊ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ သမီးက စာလေ့လာပြီး အသက်သုံးဆယ် မရောက်မချင်း အိမ်ထောင်ပြုမှာမဟုတ်ဘူး" လို့ပြောခဲ့သည်။
သူ(မ) ယခုခံစားနေရသည့်အတိုင်းပင် "ငါ့ကလေးတွေ ကြီးလာရင် သူတို့မှာလည်း သူတို့ ကိုယ်ပိုင်အတွေးတွေနဲ့ ငါ့ဘာဆက်လုပ်ရမှာလဲ?" ဟူ၍ စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် ခံစားချက်အနည်းငယ်ရနေ၏။
စုရှီ ထိုကိစ္စအား ထပ်ပြီး အစ မဖော်တော့တဲ့အထိ လုဟွမ်သည် သူ(မ)၏ နှုတ်ခမ်းအား ပိတ်ပင်ထားသည်။ သူ(မ) မျက်နှာသည် သွေးရောင် ဖျော့တော့ကာ ဖြူဆွတ်နေပြီး သူ(မ)၏ နှလုံးသားသည်လည်း မတည်ငြိမ်နိုင်တော့ချေ။
ထိုမတိုင်ခင်က သူ(မ)အား မမေးသင့်သည့် ကိုယ်ရေးကိုယ်တာကိစ္စအား သိချင်ခဲ့သည့် ဆန္ဒများ သူ့နှလုံးသားထဲတွင် တဖွားဖွား ပေါ်ပေါက်လာသော်ငြား သူထိုအရာအား သိပ်မတွေးတောခဲ့ပေ။ မဟုတ်လည်း သူ့နှလုံးသားထဲထိ အတွေးများ ဝင်လာစေကာမူ ဒါကို ထိန်းချုပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီး နက်နက်နဲနဲမတွေးမိအောင် နေထိုင်ခဲ့သည်။
နောက်ဆုံးမှာ သူ(မ)သည် သူ့ဘေးနား၌ ကိုယ်ယောင်ပြနိုင်ပြီး ဒီလို စိန်ခေါ်မှုများ ကြမ်းတမ်းခက်ခဲ၍ ဗွက်အိုင်နေသည့် လမ်းမပေါ် သူ့အား အဖော်ပြုပေးနိုင်လိမ့်မည်။ သူဘယ်လောက်ပဲ အထင်မှားနေစေကာမူ သူ(မ)ဘယ်တော့ မပျောက်ကွယ် မထွက်သွားဘဲ အမြဲတမ်း အနားမှာ ရှိနေပါစေဟု သူ ဆုတောင်းနေခဲ့သည်။ တစ်နေ့မှာ သူ(မ) နေထိုင်ဖို့ သင့်တော်တဲ့ ခန္ဓာကိုယ်အား ရှာဖွေပေးနိုင်ဖို့လည်း သူမျှော်လင့်နေသေးသည်။
ထိုအရာ အားလုံးသည် အလွန်အကြူး မျှော်လင့်ချက်များပင် ဖြစ်နေသည်။
သို့သော် သူ(မ) သူ့အား တခြားမိန်းမတစ်ယောက်အား ကြည့်စေပြီး သူ့အတွက် အိမ်ထောင်ဖက် ရှာပေးရသည်အား စိတ်လှုပ်ရှားနေသည်ကို မြင်ရခြင်းသည် သူ့နှလုံးသားထဲမှာ ဆူးက အပေါ်သို့လည်း မထုတ်နိုင် အောက်သို့လည်းမကျနိုင်ဖြင့် ပိတ်မိနေသကဲ့သို့ ခံစားနေရသည်။
သူ့ဖိနပ်များအား ငုံ့ကြည့်လိုက်ပြီး စဥ်းစားနေခဲ့သည်။
'သူ(မ)က ဘာလို့ သူ့ကို တခြားသူနဲ့ တွဲပေးရတာကို တအားပျော်နေရတာလဲ? သူ(မ)မှာ သူ့အတွက် ကိုယ်ချင်းစာစိတ်နဲ့ သနားစိတ်ပဲ ရှိလို့လား?'
သူ သူ(မ)ကို ဖွက်ထားသလိုမျိူး သူ(မ)မလုပ်ဘူး။ ဒါပေမဲ့ သူ့ကို ပိုင်စိုးချင်တဲ့စိတ် တစ်ခုတစ်လေတောင် မရှိဘူးလား?'
'တစ်နေ့ သူ့ရင်ထဲ၌ သူသတိကြီးစွာ ဖုံးကွယ်ထားသည့် မရိုးသားသော စိတ်များအား သူ(မ) သိရှိသွားရင် သူ့ကို သူ(မ) ဘယ်လိုဆက်ဆံမှာလဲ? သူ(မ) ထွက်သွားမှာလား မဟုတ်ရင် ... '
လုဟွမ် ထိုအကြောင်းအား စဥ်းစားမိချိန်မှာပင် မျက်ခွံများလေးလံလာသည်။ သူ အသက်ရှူ ကြပ်လာသည့်အထိပင်။
တင်းကြပ်စွာ ဆုပ်ကိုင်ခံထားရသည့် သူ့ဘယ်ဘက်လက်စရှည်အား ငုံ့ကြည့်လိုက်သည့်အခါ လည်ချောင်းများပင် ခြောက်ကပ်လာသည်။ သူ့စိတ်အားရှင်းလင်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူသည် သူ(မ) အတွက် ခန္ဓာကိုယ်တစ်ခု ရှာပေးပြီး သူ(မ) ပျောက်ကွယ်မသွားစေရန် သေချာအောင်လုပ်ရမည်။ သူ့အတွေးများအား သူကိုယ်တိုင် မထုတ်ဖော်နိုင်တော့ချေ။
ထိုသို့ပင် သူတို့နှစ်ဦးသည် စခန်းကို မတူညီသော အတွေးကိုယ်စီဖြင့် ရောက်လာကြသည်။
မြို့တော် အပြင်ဘက်ရှိ စခန်းသည် လွန်ခဲ့သည့်ရက်များတွင် နေရာအနှံ့အပြားမှ စုဆောင်းထားသည့် စစ်သားများဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့ကို ဒီနေရာ၌ စခန်းချထားပြီး အစီအစဥ်များ ရေးဆွဲရန် စစ်သူကြီးရဲ့အိမ်တော်နှင့် စစ်တပ်ရေးရာဝန်ကြီးဌာန၏ အမိန့်အား စောင့်စားနေကြသည်။ ရလဒ်အနေနှင့် ထိုစစ်သားများကို သေချာလေ့ကျင့် မပေးရသေးပေ။ အဲအစား သူတို့သည် နည်းနည်း ရှုပ်ထွေးနေကြသည်။ တဲများသည်လည်း ရှုပ်ပွနေပြီး အပြင်ဘက်တွင် ယခုထိတိုင် မလောင်ကျွမ်းသေးသော ထင်းမီးပုံ၏ အကြွင်းအကျန်များ ရှိနေသေးသည်။
လုဟွမ် သူ့ကိုယ်သူ ဘယ်သူဘယ်ဝါမှန်း ထုတ်ဖော်လိုက်သည်။ ထိုလူများသည် သူ့ဘေးတွင် အတူရှိနေသည်ကို အတည်ပြုပြီးနောက် သူသည် မြားပစ်ကွင်းဆီသို့ လက်ထောက်ဝန်ကြီးနဲ့ လိုက်သွားလေသည်။
သူတို့သည် ဒီနေရာတွင် ကင်းလှည့်ဖို့ ရှိနေသည်ဆိုသော်ငြား အဲလောက် မရိုးရှင်းမှန်း လုဟွမ်သိသည်။
စစ်တပ်ရေးရာဝန်ကြီး၏ သမီးသည် ဒီလို မြို့ပြင်၌ ပေါ်လာခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ချေ။ စစ်တပ်ရေးရာ ဝန်ကြီးသည် သူမနောက်လိုက်ကာ ဒီနေရာအား လာမည်ကို သူစိုးရွံ့နေခဲ့သည်။ ဒါဆိုရင် သူ့ရည်ရွယ်ချက်က ဘာလဲ?
လုဟွမ် သူ၏မျက်ဝန်းနက်များကို မြှင့်ကာ မြားပစ်ကွင်းနှင့်မနီးမလှမ်း၌ရှိသော ပွဲကြည့်စင်မြင့်၏ တစ်နေရာအား လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ထင်ရှားသော ပွဲကြည့်စင်မြင့် ရှိနေသော်လည်း ဘယ်သူက နောက်ကွယ်မှာ ရှိနေသည်ကို သူမသိချေ။
လက်ထောက်ဝန်ကြီးသည် သူ့အား မြားပစ်ကွင်း၌ ခဏစောင့်နေရန် ပြောခဲ့သည်။ ထို့နောက် သူသည် စစ်သားတစ်ယောက်နှင့် လိုက်သွားလေသည်။ ခဏအကြာတွင် သူပြန်ရောက်လာခဲ့၏။ သူ့နောက်တွင် အမဲရောင် ဝတ်စုံဝတ်ထားသည့် စစ်တပ်ခေါင်းဆောင်နှင့်တူသော လူလေးယောက်ပါလာခဲ့သည်။
သူတို့ထဲမှ သုံးယောက်သည် သူတို့၏ ကျောပေါ်၌ မြားကျည်တောက်အား သယ်ဆောင်ထားပြီး လေးနှင့်မြားကို ကိုင်ထားကြသည်။ သူတို့သည် ကျွမ်းကျင်မှု အဆင့်တစ်နေရာရာတွင် ရှိနိုင်သည်။ လုဟွမ်သည် အရင်က သူတို့အား တစ်ခါမျှ မမြင်ဖူးပေ။ သို့သော် သူတို့အား ကြည့်လိုက်သောအခါ သူတို့၏အနက်ရောင်ဝတ်ရုံများကို ကျားသစ်၊ ဝက်ဝံ၊ ဝံပုလွေ ပုံစံများဖြင့် ချုပ်လုပ် ဝတ်ဆင်ထားသည်ကို မြင်ခဲ့သည်။ စစ်တပ်တွင် သူတို့သည် အဆင့်သုံး တပ်မှူး ၊ ဝေဝူ စစ်တပ်မှ အဆင့်လေး နှင့် အစောင့်တပ်မှ အဆင့်ခြောက် စစ်တပ်အရာရှိများ ဖြစ်နိုင်ပေသည်။
အခြားသူတစ်ဦးမှာလည်း အပြင်းအထန် လေ့ကျင့်ထားပုံရပြီး တိုက်ပွဲတွင် ကျွမ်းကျင်သူလည်း ဖြစ်နိုင်သည်။ သူသည် အဆင့်လေး တပ်မှူးတစ်ဦးဖြစ်နိုင်သည်။
ကျန့်ယွမ်စစ်တပ်၌ သူတို့သည် အရေးပါအရာရောက်၍ စစ်တပ်၏ ကျောထောက် နောက်ခံများ ဖြစ်ကြသည်။ ဒီနေ့ သူတို့သည် ဒီနေရာသို့ စေလွှတ်ခြင်းခံရသည်။ လုဟွမ် သူ့မျက်လုံးများအား ထင်ယောင်ထင်မှားဖြစ်နေသည်ဟုသာ ထင်ခဲ့သည်။ စစ်တပ်ရေးရာဝန်ကြီးဌာနနှင့် ကျန့်ယွမ်စစ်သူကြီးသည် သူ့အား အထင်ကြီးလွန်းပေ၏။
ထိုလူလေးယောက်သည် လုဟွမ်အား စေ့စေ့ကြည့်ပြီး မြားပစ်ကွင်း၌ တန်းစီနေကြသည်။ စစ်ရေးဝန်ကြီးက ပြုံးပြပြီး လုဟွမ်ကို "ဝန်ကြီးရဲ့အကြံပေးအရာရှိက ငယ်ရွယ်တဲ့ ဉာဏ်ကြီးရှင်လို့ ကြားထားတယ်။ လွန်ခဲ့တဲ့ တစ်လတုန်းက ဆောင်းဦးတောင်မှာရှိတဲ့ နှင်းဝံပုလွေကို ဖမ်းမိပြီး ဧကရာဇ်ဆီကနေ ဆုရခဲ့တာဘဲ။ ဒီစစ်သားလေးယောက်က သင့်ဆီက အကြံဉာဏ်တွ မေးချင်လို့တဲ့။ ဝန်ကြီးရဲ့အကြံပေးအရာရှိက မြင်းစီး၊ မြားရေးနဲ့ လှံပစ်နည်းတွေမှာ ယှဥ်ပြိုင်ဝံ့လား?"
လုဟွမ် အဖြေပြန်မပေးခင် စခရင်အပြင်ဘက်မှ စုရှီသည် ကြက်သေသေနေခဲ့သည်။ 'ဒါ အနိုင်ကျင့် လွန်းရာမရောက်ဘူးလား'
ထိုလူကြီးလေးယောက်သည် စခရင် အပြင်ဘက်တောင် ထိုးထွက်တော့မည်။ သူတို့သည် ကလေးတစ်ယောက်အား လက်သီးတစ်ချက်နဲ့ ထိုးနိုင်သည့်ပုံစံပင်။ ထိုသူများထဲမှ သုံးယောက်သည် ကျိုက်ကျိုက်လောက် အရပ်မရှည်သော်ငြား လူကောင်ချင်းယှဥ်လျှင် ကျိုက်ကျိုက်မှာ အလွန်သေးငယ်ပိန်ပါးလွန်းသည်! 'အသက်သုံးဆယ်ကျော် လူကြီးတွေက ကလေးတစ်ယောက်နဲ့ စစ်ရေး ယှဥ်ချင်တယ်တဲ့လား။ သူတို့မှာ အရှက်ရော ရှိသေးရဲ့လား'
စခရင်အပြင်ဘက်မှ စုရှီတစ်ယောက် ကျိုက်ကျိုက်အား ကူညီနိုင်သည်ကိုသိသော်လည်း၊ လက်ထောက်ဝန်ကြီးက သူတို့ ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတာ မပြောသေးပေ။ ဒါကြောင့် အနည်းငယ် စိုးရိမ်ပူပန်နေခြင်းမှလွဲ၍ မတတ်နိုင်ချေ။ သူ(မ) ကျိုက်ကျိုက်၏ လက်ချောင်းများအား မသိမသာ ချိတ်လိုက်လေသည်။
စစ်တန်းလျားသို့ ယနေ့ခရီးစဉ်မှာ ကျိုက်ကျိုက်၏ ဟုန်မန်စားသောက်ပွဲအား စမ်းသပ်ရန်ဖြစ်သည်။
လုဟွမ်သည် သူ့လက်ကို သူ(မ)ဖမ်းဆုပ်ထားတယ်လို့ ခံစားရသည်။ သူ(မ)သည် သူ့အတွက် ကြောက်လန့်ပြီး စိုးရိမ်နေပုံရတယ်။ အခုမှပဲ စစ်တန်းလျားအပြင်ဘက်တွင် သူ့နှလုံးထဲက စိုးရိမ်မှောင်မိုက်မှုများ နည်းနည်းသက်သာသွားသည်။
လုဟွမ် သရော်ပြုံးပြုံးကာ ထိုလူလေးယောက်အား "ကျေးဇူးပြုပြီး" ဟု ပြောလိုက်လေသည်။
စခရင်အပြင်မှစုရှီသည် သူ(မ)ခြေထောက်များကို ကန်လိုက်လေသည်။ 'သွားပြီ၊ ဒီပြိုင်ပွဲကို ရှောင်ဖို့ နည်းလမ်း မရှိတော့ဘူး'
သူနဲ့အတူ မြင်းစီးမြားပစ် ယှဉ်ပြိုင်ချင်သည့် လူသုံးယောက်သည် သူတို့၏ ပစ္စည်းများအား စစ်သားများကို ယူလာခိုင်းလိုက်သည်။ စစ်သားများသည် သူတို့၏ မြင်းများကို ယူလာပြီး အရည်အသွေးမြင့် ဖီးနစ်အမွေးဖြင့် လုပ်ထားသော လေးကို သယ်ဆောင်လာခဲ့ကြသည်။ မြားများပင်လျှင် နှိုင်းယှဉ်၍ မရနိုင်အောင် ထက်မြက်ကြသည်။
သို့သော်လည်း၊ စခရင်နောက်ကွယ်ရှိ လူများသည် သူ့အတွက် ထိုကဲ့သို့ စဉ်းစားဆင်ခြင်မှုများရှိလိမ့်မည် ဟု လုဟွမ် မမျှော်မှန်းထားခဲ့ပေ။ ထို့ကြောင့် မြင်းကိုပဲ ယူလာခဲ့မိပြီး လေးနှင့်မြားအပြင် ဓားတစ်ချောင်းတောင် မယူလာမိခဲ့ချေ။
လက်ထောက်ဝန်ကြီးက ပြုံးပြပြီး "ကိစ္စမရှိဘူး။ ငါ ပြင်ဆင်ထားပြီးပါပြီ။" ဟု ပြောပြီးနောက် လက်ခုပ်တီးလိုက်လေသည်။ သိပ်မကြာခင်မှာပဲ စစ်သားနှစ်ယောက်က မြားသုံးချောင်းနဲ့ ဓားရှည်ကို ယူလာခဲ့၏။
စုရှီနှင့်ကျိုက်ကျိုက်သည် မြားသုံးချောင်းနှင့် ဓားရှည်ကို ကြည့်ရှုပြီးနောက် ရုတ်တရက် မသိမသာ တိတ်ဆိတ်သွားကြသည်။ "..."
'ဒီအဓိပ္ပာယ်က တအားယှဥ်ပြိုင်လိုစိတ် ပြင်းနေတာမဟုတ်ဘူးလား?'
သူ့အား အမှန်တကယ်ပင် စမ်းသပ်ချင်တယ်ဆိုလျှင် သူ့ကို ဘာလို့ မြားသုံးစင်းပေးတာလဲ။ ၎င်းတို့ထဲမှ တစ်စင်းသာ ပြည့်စုံသည့် အခြေအနေမှာ ရှိသည်။ တစ်စင်းမှာ မြားအမြီးပျောက်နေပြီး နောက်တစ်စင်းမှာတော့ အရမ်းလေးလှသည်။ မြားအလေးချိန်ကြောင့် မီတာငါးဆယ်ပင်မရောက်ခင် မြေပေါ်ကျသွားမှာအား သူစိုးရိမ်နေသည်။
ဓားရှည်မှာလည်း ဓားရှည်လို့ခေါ်မယ့်အစား အဖုံးမပါတဲ့ တုတ်ချောင်းလေးလို့ ခေါ်တာက ပိုကောင်းမှာပဲ။
စခရင်အပြင်ဘက်မှာ စုရှီသည် အနည်းငယ် စိုးရိမ်နေသည်။ 'အဲဒီပုံနဲ့ ဘယ်လိုယှဉ်ပြိုင်နိုင်မှာလဲ?'
ထိုအချိန်အတောအတွင်း စစ်တပ်အရာရှိ လေးဦးသည် ကျိုက်ကျိုက်အား စေ့စေ့ကြည့်နေကြသည်။ သူတို့အနက် အဆင့်လေး စစ်တပ်အရာရှိ က "မြို့တော်မှာရှိတဲ့ အမွေခံအများစုဟာ အကြမ်းမခံတဲ့ အရေပြားနဲ့ နူးညံ့သိမ်မွေ့တဲ့ အသားရည်တွေရှိကြတာ။ ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်ဖို့ မဝံ့တာက ပုံမှန်ပါပဲ။ ဒါပေမဲ့ သူတို့က နူးနူးညံ့ညံ့လေး ကြီးပြင်းလာကြပြီး ဘုရင့်အရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ဖို့ စစ်တပ်သို့ မလာသင့်ဘူး။ တော်ဝင်တရားရုံးကို သွားပြီး အသုံးမဝင်တဲ့ အရပ်သား အရာရှိပဲဖြစ်သင့်တာ! " လို့ ခက်ထန်စွာ ပြောလိုက်သည်။
ဤစစ်ရေးဝန်ကြီးဌာနက အကြံပေးအရာရှိသည် ကျွမ်းကျင်စစ်သည်များကို အလွန် မထီမဲ့မြင်ဖြစ်နေပုံရသည်။
ထိုမြားများအား ကျန့်ယွမ်စစ်သူကြီးမှ စီစဉ်ပေးထားခြင်းဖြစ်သည်။ စစ်တပ်ရေးရာဝန်ကြီးသည် သူတို့၏ကိစ္စရပ်များအား တမင်တကာ ခက်ခဲစေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ နင်းဖူမင်းသားအား သိပ်မကြိုက်သည့် ကျန့်ယွမ်စစ်သူကြီးနှင့် ပတ်သက်သည့် ကောလဟာလများသည် အခြေအမြစ်မရှိဟု ထင်ခဲ့သည်။
မြားသုံးစင်းရဲ့ အသွင်အပြင်ကို မြင်တဲ့အခါ ခေါင်းကိုက်သလိုပင် သူနည်းနည်းခံစားရသည်။ သူ ပါးစပ်ဖွင့်လိုက်ပြီး ကိစ္စရပ်များ ချောမွေ့အောင် ပြုလုပ်ဖို့ စီစဉ်နေသည်။ လုဟွမ်ဟာ ဒီအခက်အခဲကို ကျော်လွှားနိုင်ရင် သူ့အရည်အချင်းက အောက်မကျဘူးဆိုတာ ပြသနိုင်မည် ဖြစ်သလို။ ဒီနေ့ ဒီမှာ မျက်နှာပျက်ခဲ့မယ်ဆိုရင် သူ့အရှက်ဂုဏ်သိက္ခာကို ထိန်းနိုင်မှာ မဟုတ်ပေ။
သို့သော် လုဟွမ် နည်းလမ်းအား ရှာမတွေ့သေးခင် သူ့ဘေး၌ရှိသောသူသည် မြားသုံးစင်းနှင့် ဓားကို ကိုင်ထားပြီ ဖြစ်သည်။
လုဟွမ်သည် ထိုသူလေးယောက်အား စူးရှစွာ စိုက်ကြည့်လိုက်သည်။ "ကျွန်တော်တို့ ဘယ်လို ယှဉ်ပြိုင်မှာလဲ" ဟု ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။
ဒီကလေး လုံးလုံးလျားလျား မကြောက်တာကို ထိုလူလေးယောက် အံ့သြနေကြသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး သူတို့ထဲက တစ်ယောက်သည် "ကျွန်တော်တို့ သုံးယောက် မြားပစ်စွမ်းရည်မှာ ခင်ဗျား နဲ့ ယှဉ်ပြိုင်ကြမယ်။ ကျွန်တော်တို့ မြင်းစီးပြီး ရွေ့လျားနေချိန်မှာ ပစ်ခတ်ဖို့ လိုတယ်။ ပစ်မှတ်ရဲ့အလယ်မှတ် ကို ထိတဲ့သူတိုင်း အောင်နိုင်တယ်။ ဒီတပ်မှူးက ငွေလှံကို သုံးပြီး ခင်ဗျားက ဓားရှည်ကို သုံးရမယ်။ ခင်ဗျားတို့နှစ်ယောက်ဟာ စစ်ရေးပညာ ယှဉ်ပြိုင်ရမယ်။ "
"လေးကြိမ်ပြိုင်ပြီး ခင်ဗျားနှစ်ခါလောက် အနိုင်ရမယ်ဆိုရင် ခင်ဗျားကို အနိုင်လို့ သတ်မှတ်မယ်။"
ထိုသို့ပြောပြီးနောက် ကျားသစ်ဝတ်ရုံဖြင့် တပ်မှူးသည် ဘေးဘက်သို့ လမ်းလျှောက်သွားပြီး စစ်သားလက်မှ လေးလံသောငွေလှံကို ကောက်ယူလိုက်သည်။ အံ့ဩစရာကောင်းတဲ့နည်းနဲ့ အကြိမ်အနည်းငယ် ဝေ့လွှဲလိုက်လေသည်။ သူ့ဘေးတွင်ရှိသော လက်ထောက်ဝန်ကြီးသည် လုဟွမ်ကိုယ်စား ချွေးသီးချွေးပေါက်များ သုတ်နေမိလေသည်။
"ကောင်းပြီ၊ ဒီလိုလုပ်ကြတာပေါ့ ။" လုဟွမ်သည် ခေါင်းညိတ်ပြီး သူ့၏မြင်းကို ဦးဆောင်သွားလိုက်သည်။
စုရှီဟာ စခရင်အပြင်ဘက်မှာ အနည်းငယ် စိုးရိမ်နေသည်။ ခဏတာ စဉ်းစားပြီး စတိုးဆိုင်ကနေ ပစ္စည်းတချို့ကို ဦးဆုံးဝယ်လိုက်သည်။
ပြင်ပထိခိုက်ဒဏ်ရာရမှုများအတွက် ဆေးဝါးများ၊ မြားနှင့် ဝှက်ထားသော လက်နက်များ အပါအဝင်ဖြစ်သည်။ လိုလိုမယ်မယ်ပင်။
ထိုအချိန်တွင် ၊ မြို့အပြင်ဘက်အား လှည်းဖြင့် ရောက်ရှိလာခဲ့သော၊ စစ်တပ်ရေးရာဝန်ကြီး၏ အငယ်ဆုံးသမီးသည် မြားပစ်ကွင်း အပြင်ဘက်တွင်ရောက်လာခဲ့သည်။ သူ(မ)ဝတ်ရုံအစွန်းနှင့် ဆီစက္ကူထီးကို ကိုင်ထားတဲ့ အစေခံမိန်းကလေးနှစ်ယောက်ဟာ သူ(မ)နောက် လိုက်လာကြသည်။ သူ(မ)သည် ပြိုင်ပွဲအား ကြည့်ရန်၊ အဝေးတစ်နေရာ၌ မြင့်မားသော စင်မြင့်ဆီသို့ လမ်းလျှောက်လာခဲ့သည်။
စုရှီသည် စစ်တပ်ရေးရာဝန်ကြီး၏ အငယ်ဆုံးသမီးကို ကြည့်လိုက်စဥ် သူ(မ)သည် သူ(မ)၏ နှုတ်ခမ်းအား ဖိကိုက်နေဆဲဖြစ်ပြီး ရှက်သွေးဖြာနေသည်ကို မြင်လိုက်ရသည်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ယှဉ်ပြိုင်မှုကို ကြည့်ဖို့ သူ(မ)စီစဉ်နေတာ သေချာသည်။
ဒီလောင်မား စုရှီဟာ ဒီချွေးမလေးအား ရုတ်တရက် မကျေနပ်တော့ပေ။
'ဘယ်အချိန်တောင် ရှိနေပြီလဲ။ သူ(မ)အဖေ စစ်တပ်ရေးရာဝန်ကြီးကို ဖျောင်းဖျဖို့ ဘာလို့ သူ(မ) သွားမရှာတာလဲ။ ကျိုက်ကျိုက်အတွက် လူလေးယောက်ကို တစ်ယောက်တည်း အနိုင်ယူဖို့ လွယ်နေတဲ့ ပုံပေါက်နေလား?'
သူ(မ) စိတ်မသက်မသာ ဖြစ်နေလေသည်။ ကျိုက်ကျိုက်သည် ဤနေရာ၌ မမောနိုင်မပန်းနိုင် တိုက်ခိုက်နေစဉ်၊ စင်မြင့်ပေါ်ရှိ လူများသည် ပြိုင်ပွဲကို အပန်းဖြေစွာ ဇိမ်ပြေလက်ပြေ ကြည့်နေခဲ့ကြသည်။ ကျိုက်ကျိုက်အား မျောက်ကဲ့သို့ ကြည့်ခံနေရမည်ကို သူ(မ) မနှစ်မြို့ပေ။
'ထားလိုက်ပါ စစ်တပ်ရေးရာဝန်ကြီးသမီးသည် နာမည်မရှိတဲ့ မိန်းကလေးတစ်ယောက်ပဲ။ သူ(မ)သည် ကျိုက်ကျိုက်အတွက် သင့်တော်သော လက်တွဲဖော် မဟုတ်ကြောင်း ထင်ရှားလှသည်။'
အနာဂတ်တွင် ကျိုက်ကျိုက်အား စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပြီး နွေးထွေးစွာ ဆက်ဆံပေးမည့် သူတစ်ဦး အမှန်ပင် ရှိပါလိမ့်မည်။
ထိုသို့ စဉ်းစားကြည့်ပြီး သူ(မ)သည် ကျိုက်ကျိုက်နှင့် ဆန့်ကျင်ဘက်လူများကြား လာမည့် ယှဉ်ပြိုင်မှုအပေါ် အာရုံစိုက်နေလိုက်သည်။
လုဟွမ်သည်လည်း မြင့်မားသော စင်မြင့်ဆီသို့ လမ်းလျှောက်နေသော စစ်တပ်ရေးရာဝန်ကြီး၏သမီးကို သတိပြုမိသော်လည်း မတတ်နိုင်ခဲ့ပါချေ။ ဒါဟာ သူသည် သူ(မ)အား အရေးပေး ဂရုစိုက်ခြင်း မဟုတ်ပေ။ သို့သော် သူ့(မ)နောက်မှာ အမှုထမ်းအနည်းငယ် လိုက်လာကြသည်။ သူ(မ) လူအများ သတိထားမိ လောက်အောင် သိသိသာသာ လမ်းလျှောက်နေသည်။
သူ့တဖြည်းဖြည်းနှင့် သူ့ဘေးမှာရှိသည့် လေညှင်း ရပ်သွားပြီလို့ ခံစားလိုက်ရသည်။ သူ(မ) ဘာစဉ်းစားနေတယ်ဆိုတာ သူမသိချေ။
သူ(မ)သည် စစ်တပ်ရေးရာဝန်ကြီး၏သမီးကို ထပ်မံ အာရုံစိုက်နေပြီး မြားနတ်မောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ စဉ်းစားနေဆဲလော။
လုဟွမ်သည် မပျော်ရွှင်တော့ဘဲ သူ၏အမည်းရောင် မျက်ဝန်းမှတစ်ဆင့် ဝမ်းနည်းကြေကွဲဟန်များ ထင်ဟပ်လာသည်။
သူသည် သူ့နှုတ်ခမ်းအား တင်းတင်းစေ့လိုက်ပြီး ဘေးဘက်ကို လမ်းလျှောက်သွားလိုက်သည်။ စစ်သားလက်ထဲက မြားသုံးချောင်းသာ ထည့်ထားသည့် ခြင်းတောင်းကို ယူလိုက်သည်။ ခြင်းတောင်းအား မြင်းကျောဘက်မှာ တင်ပြီးနောက် ရှည်လျားသည့် လေးအား ကောက်ယူလိုက်သည်။ သူ့ဝတ်ရုံကို ဆွဲမကာ မြင်းကျောပေါ် ခုန်တက်လိုက်၏။ သူ့ရဲ့အကျီလက်စများသည် တဖျတ်ဖျတ်လွင့်နေကာ သူ့မျက်နှာသည် မည်းမှောင်နေသည်။
သူသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ပြီး သူ(မ)အပေါ် အလွန်အမင်း စိုးရိမ်ပူပင်နေသော ခံစားချက်များ မပြသခဲ့သော်လည်း၊ တစ်ရက်တွင် သူ(မ)သည် သူ့အတွက် အခြားအမျိုးသမီးတစ်ယောက်ကို ရွေးချယ်ပေးခဲ့လျှင် သူသည် ယခုကဲ့သို့ မနေနိုင်တော့မည်ကို စိုးရိမ်နေသည်။
သူ့ဘေးမှ လေသည် သူ့လက်ချောင်းများအား ရုတ်တရက် ဆွဲခါနေသည်။
စခရင်အပြင်ဘက်မှ ကြည့်နေသော စုရှီသည် "သတိထားပါ။ မင်းမှာ အရာရာအတွက် လောင်မား ရှိသေးတယ်" လို့ပြောချင်နေခဲ့သည်။
ဒါပေမဲ့ ကျိုက်ကျိုက်သည် သူ(မ) ဘာတွေးနေသည်ဆိုတာအား မသိခဲ့ချေ။ ရုတ်တရက် သူသည် အသံကို လျှော့ချလိုက်ပြီး "မင်းဘာကို ဆိုလိုတယ်ဆိုတာ ငါနားလည်တယ်၊ နောက်ထပ်မပြောနဲ့။ မိသားစုတစ်စုကို ထူထောင်မှာ မဟုတ်ပါဘူး။ တစ်ယောက်တည်းပဲ သေချင်တယ်။"ဟု သူ့ကိုယ် သူပြောနေသည်။
စခရင်အပြင်ဘက်မှ ကြည့်နေသော စုရှီ "...အာ... ???"