← Chapters

Chapter 49

Vol. 5 Ch. 49

Chapter 49

Vol. 5 Ch. 49

ကျိုက်ကျိုက်တစ်ယောက် စုရှီကို ပေးတွေ့ချင်တဲ့သူမှာ ယန်တိုင်းပြည်ရှိ နာမည်ကျော် တာအိုဆရာသခင်ပင်ဖြစ်သည်။ ထိုဆရာမှာ လွန်ခဲ့သောနှစ်ပေါင်းရာကျော်က ချန်ချွင်းဘုရားကျောင်းတွင် မွေးဖွားခဲ့တာဖြစ်သည်။ ပြောကြတာကတော့ သူက အသက်ရာကျော်လောက်ရှိပြီး တိုင်းပြည်များစွာမှ မင်းဧကရာဇ်များက ကိုးကွယ်ခဲ့ကြကာ လူဝင်စားဖို့ ဝိညာဉ်တွေကို ဆင့်ခေါ်ခဲ့တဲ့ ဒဏ္ဍာရီများစွာလည်း ရှိခဲ့ကြောင်း ဆိုကြ၏။

ထိုတာအိုဆရာသခင်မှာ လွန်ခဲ့တဲ့ဆယ်နှစ်လုံးလုံး များစွာသော တိုင်းပြည်တွေဆီ ခရီးသွားနေခဲ့ပြီး ဘယ်မှာမှရှာလို့မတွေ့ခဲ့ကြချေ။ ထို့ကြောင့် ကျိုက်ကျိုက်မှာ သူ့ကို စစ်သူကြီးမှတစ်ဆင့် လအနည်းငယ်လောက် လိုက်ရှာခဲ့ရလေသည်။

ကျိုက်ကျိုက်မှာ အရင်က နတ်ဘုရားတွေနဲ့ သရဲတစ္ဆေတွေကို အယုံအကြည်မရှိခဲ့ပေမယ့် စုရှီကို ဝိညာဥ်လို့ ယူဆပြီးတဲ့နောက်မှာတော့ သူ တာအိုဝါဒီကို ယုံကြည်လာခဲ့သည်။

တာအိုဆရာသခင်ရဲ့ ဇာတ်လမ်းတွေ မှန်လားမှားလား သူ မ‌သိသော်ငြား ယန်တိုင်းပြည်မှာရှိတဲ့ ဝိညာဉ်ဆင့်ခေါ်ခြင်း စာအုပ်တွေမှာတော့ သူနဲ့ သူ့နောက်များ အမှန်တကယ်ပင် စာတမ်းပြုစုခဲ့ခြင်းပင်။

သို့ဖြစ်၍ ဘယ်လိုပဲဖြစ်နေပါစေ သူ့ကို ရှာခြင်းက မျှော်လင့်ချက် အလင်းရောင်လေးကို လိုက်ရှာနေသလိုသာ။

တာအိုဆရာသခင်ဆီမှ ဘာမျှော်လင့်ချက်မှ မရလျှင် စုရှီကို ဒီကမ္ဘာထဲ ရောက်လာအောင် လုပ်ဖို့နည်းလမ်း မရှိတော့ချေ။

ထိုအချိန်မှာပင် ကျန့်ယွမ်စစ်သူကြီးရဲ့ လက်အောက်ငယ်သားတွေက ဆရာသခင်ကို ချန်ချွင်းဘုရားကျောင်းသို့ ပင့်ဆောင်သွားသည်။ သူတို့က ထိုင်စောင့်နေရုံသာရှိပြီး နာမည်ကျော် တာအိုဆရာသခင်ကို တွေ့ခွင့်ရတော့ပေမည်။

ကျိုက်ကျိုက်တစ်ယောက် ကမူးရှူးထိုးနှင့် မြင်းပြင်ထားဖို့ အမိန့်ပေးကာ ချန်ချွင်းဘုရားကျောင်းကို ချက်ချင်သွားဖို့ ဟန်ပြင်နေသည်ကို စခရင်အပြင်ကနေ စုရှီက ကြည့်နေ၏။ စုရှီမှာ မျှော်လင့်ချက်အပြည့်နှင့် စိတ်လည်း ရှုပ်နေကာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေသည်။

ဒီည မအားလို့ ချန်ချွင်းဘုရားကျောင်းကို သူနဲ့ အတူမလိုက်နိုင်ဘူးလို့ ဆင်ခြေ ပေးလိုက်ရမည်လား။ ထို့ပြင် သူ ရက်ပိုင်းလောက် လိုင်းမတက်ဘဲ နေလိုက်လျှင် တာအိုဆရာသခင်နဲ့လည်း လွတ်သွားမည် မဟုတ်လော။

စုရှီ စိတ်ထဲ ဒီအကြံပေါ်လာတာနဲ့ကို တန်းငြင်းမိတော့သည်။ မဖြစ်ဘူး၊ မဖြစ်ဘူး၊ မဖြစ်ဘူး ဒါက ကျိုက်ကျိုက်အတွက် အရမ်းလွန်ပြီး တာဝန်မဲ့ရာကျသည်။

အဲဒီအပြင် ဒီတစ်ခေါက် တာအိုဆရာသခင်နဲ့ သူတို့ မတွေ့လိုက်ရဘူးဆိုရင်တောင် ကျိုက်ကျိုက်တစ်ယောက် သူ့ကို တာအိုဆရာသခင်နဲ့ နောက်တစ်ကြိမ်တွေ့ပေးဖို့ နည်းလမ်း ရှာလိမ့်မည်။

ဒါက ခဏလောက် ရှောင်ချင်ရှောင်လို့ရပေမယ့် တစ်သက်လုံးတော့ ရှောင်လို့မရနိုင်ချေ။

အနှေးနဲ့အမြန်ဆိုသလို ကျိုက်ကျိုက်က သူတို့နှစ်ယောက်ဟာ ကမ္ဘာချင်မတူကြဘူးဆိုတာ သိသွားလိမ့်မည်။ သူတို့အတူတူ အသက်ကြီးသည်အထိ စုရှီ သူ့နားနေလို့ရသည့်တိုင် သူ့ရှေ့မှာတော့ ထပ်ပေါ်လာလို့ရတော့မှာ မဟုတ်ပေ။ သို့ဖြစ်ရာ ဒီတစ်ညတော့ သူ့ကို ခွင့်ပြုလိုက်‌သင့်ပေသည်။ သူ ဝမ်းနည်းနေမှာဆိုပေမယ့်လည်း သူ့မှာ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိသေးကြောင်း စုရှီ သိသည်။ အခုဆို သူသည် မိတ်ဆွေအပေါင်းအသင်းတွေ ဆရာတွေ မိတ်ဖက်ဆွေဖော်တွေ ရှိလာပြီဆိုတော့ သူအဆင်ပြေမှာပါလို့ စုရှီတွေးမိသည်။

စုရှီ စိတ်‌ရှုပ်နေပြီး တော်တော်ကြာ တွေဝေနေပြီးနောက်မှာ သူနဲ့အတူလိုက်မည့် သဘောဖြင့် ကျိုက်ကျိုက်ရဲ့ ဘယ်လက်ကို ဆွဲလိုက်သည်။

သို့ပေမယ့် ထိုအချိန်တွင် စခရင်ပေါ်မှာ စာတစ်စောင်ကျလာသည်။ ကြည့်ရတာ သူတော့ ချန်ချွင်းဘုရားကျောင်းကို သွားပြီး မစ်ရှင်အသစ် လုပ်ရတော့မည့်ပုံပင်။

[ကျေးဇူးပြုပြီး မစ်ရှစ်၁၀ကို လက်ခံပေးပါ(အလယ်အလတ်အဆင့်)။ အဓိကဇာတ်ကောင်အတွက် တော်ဝင်ရုံးတော်ရှိ အဆင့်နှစ် သို့မဟုတ် အဓိကဇာတ်ကောင်ထက် ရာထူးမြင့်သည့် ဩဇာရှိတဲ့ အရာရှိကို ရှာပါ။ သူ့ကို အဓိကဇာတ်ကောင် ထီးနန်းရယူဖို့အတွက် နောက်ကနေ ကူညီခိုင်းပါ]

ကျိုက်ကျိုက် ဒီမစ်ရှင်ကိုလုပ်မယ်လို့ စုရှီတော့ မထင်ပေ။ တော်ဝင်ရုံးတော်မှာ ကျိုက်ကျိုက်ကို သဘောကျတဲ့ ရာထူးမြင့်အရာရှိ အနည်းငယ်သာရှိပြီး ကျိုက်ကျိုက်က မင်းသားဆိုတာကိုလည်း မသိကြချေ။ သူတို့ ဘယ်လောက်ပဲ ကျိုက်ကျိုက်ကို သဘောကျပါစေအုန်းတော့ ဘယ်သူကမှ မင်းသားနင်းဖူရဲ့ တရားမဝင်သားကို ထီးနန်းပေးဖို့အတွက် ထောက်ခံပေးကြမည် မဟုတ်။ သို့ပါက ယင်းမှာ ထီးနန်းသိမ်းဖို့ ဇာတ်ကွက်တစ်ခု ဖြစ်လာလိမ့်မည်။

ယုတ္တိ‌ရှိရှိပြောရရင် ကျိုက်ကျိုက် သူ့အထောက်အထားများ ပြန်ရပြီးမှသာ ဒီမစ်ရှင်ကို စသင့်သည်။

စုရှီတွေးနေတုန်း စခရင်တွင် သတိပေးစာပေါ်လာလေသည်။

[သတိပေးစာ: ဤမစ်ရှင်က အဓိကမစ်ရှင်၉ နှင့် သက်ဆိုင်ပါတယ်။ အဓိကမစ်ရှင်၉ရဲ့ အပိုမစ်ရှင်ခွဲ ဖြစ်ပါတယ်။ ဆုကြေးကတော့ ၈မှတ်ပါ]

စုရှီ ချက်ချင်နားလည်လိုက်သည်က ချန်ချွင်းဘုရားကျောင်းမှ သူတော်စင်ကိုရှာပြီး ကျိုက်ကျိုက်ကို သူ မင်းသားဆိုတဲ့အကြောင်း ပေးသိလိုက်မယ်ဆိုရင် သူကလည်း အဆင့်နှစ်နဲ့အထက်ရှိတဲ့ အရာရှိကို ရှာကာ ကျိုက်ကျိုက်က မင်းသားကိုးဆိုတာကို ပေးသိရပေလိမ့်မည်။

အဲဒီနောက်မှာ မစ်ရှင်က ပေါ်လာလေ၏။ ဆိုလိုတာက ချန်ချွင်းဘုရားကျောင်းကို သွားမယ်ဆိုရင် မစ်ရှင်၉နဲ့ မစ်ရှစ်၁၀နှစ်ခုလုံး လုပ်ရမယ် မလား။

ကျိုက်ကျိုက် သူ့ကို မမြင်နိုင်တာမလို့ စုရှီမှာ ဝမ်းနည်းနေပေမယ့်လည်း မစ်ရှင်ကို ရလိုက်သည်နှင့် ချက်ချင်ပင် စိတ်လှုပ်ရှားလာသည်။

ထိုအချိန် ကျိုက်ကျိုက်မှာ ချန်ချွင်းဘုရားကျောင်းသို့ ဒုန်းစိုင်းသွားနေကာ တစ်ခါတလေ ဘေးကိုကြည့်ကြည့်ပြီး မျက်လုံးတွေမှာလည်း ဝင်းလက်နေလျက် စုရှီကို သူ့နောက်က‌နေအမြန် လိုက်စေသည်။ စုရှီက သူ့လက်ကိုဆွဲကာ စိတ်‌သက်သာစေပြီး နောက်မှာပါ‌ကြောင်းကို ပြ၏။ သို့သော် တကယ်က အင်တာဖေ့စ်ကို တစ်ခြားတစ်နေရာသို့ တိတ်တိတ်လေး ပြောင်းထားပြီးပြီပင်။

တော်ဝင်ရုံးတော်တွင် အဆင့်နှစ် ဒါမှမဟုတ် အဆင့်နှစ်ထက်မြင့်သည့် အရာရှိ အများအပြားရှိသည်။ သို့သော်လည်း လက်ရှိမှာတော့ မစ်ရှင်၁၀ကို ဖြည့်ပေးနိုင်မဲ့အရာရှိက သုံးယောက်သာရှိပြီး ကျိုက်ကျိုက်ဘယ်သူဆိုတာ သိသွားတာနဲ့ ကျိုက်ကျိုက် ထီးနန်းရဖို့အတွက် သူတို့ ကူညီကြလိမ့်မည်။

သူတို့တွေကတော့ စစ်သူကြီးယွင်၊ စစ်သူကြီးကျန့်ယွမ်နဲ့ စစ်တပ်ရေးရာဝန်ကြီးသာ။

ထိုလူသုံးယောက်ရဲ့ ရာထူးမှာ အဆင့်နှစ်၊ အဆင့်တစ်နှင့် အဆင့်နှစ်ဖြစ်ပြီး ကျေနပ်လောက်စရာပင်။

စုရှီ ပထမဆုံး စစ်သူကြီးကျန့်ယွမ်ရဲ့ အိမ်တော်ကို ဖွင့်ကြည့်လိုက်တော့ အဓိကလူ မရှိနေဘဲ အိမ်က လင်းထိန်နေကာ အရာရှိ တော်တော်များများ မူးနေကြသည်။ သိပ်မပျော်တတ်တဲ့ စစ်သူကြီးကျန့်ယွမ်တောင် မူးနေပုံရကာ အရက်မူးသမားသိုင်းတောင် ကစားပြနေသေး၏။ ဤအခြေအနေဖြင့် သူ့ကို ချန်ချွင်းဘုရားကျောင်းကို ပို့ဖို့ မဖြစ်နိုင်တော့တာကြောင့် လက်လျှော့လိုက်ဖို့ကလွဲပြီး မရှိပေ။

စစ်သူကြီးကျန့်ယွမ်ဆီ ပြောင်းလိုက်တော့ စခရင်တစ်ခုပေါ်လာသည်။

"မစ်ရှင်၈ ၁/၂ကို အောင်မြင်တဲ့အတွက် ဂုဏ်ပြုပါတယ်: 'စစ်သူကြီးကျန့်ယွမ်ရဲ့ ယုံကြည်မှုကို ရယူပြီး မြောက်ပိုင်းဒေသပုန်ကန်မှုမှာ စစ်ရေးပံ့ပိုးမှုများ ပြုလုပ်ပါ' မစ်ရှင်ရဲ့ ပထမအပိုင်းကို ပြီးမြောက်သွားပါပြီ။ ရမှတ်၏ တဝက်ကို ရရှိပါတယ် +၆"

ကြည့်ရတာ လနည်းနည်းကြာပြီးနောက် စစ်သူကြီးကျန့်ယွမ်က ကျိုက်ကျိုက်ကို သဘောကျ ယုံကြည်လာဟန် တူသည်။

စစ်သူကြီးကျန့်ယွမ်က ကျိုက်ကျိုက်ကို အတွေ့အကြုံရစေဖို့ မြောက်ပိုင်းဒေသကို ခေါ်သွားဖို့ ဆုံးဖြတ်ထားလေသည်။

စုရှီက ခဏလောက်တော့ ပျော်ရမလား စိုးရိမ်ရမလား မသိအောင် ဖြစ်နေရ၏။ မစ်ရှင်တစ်ဝက်အောင်မြင်ပြီး အမှတ်တွေတိုးလာတာကိုတော့ ပျော်ရပြီး ကျိုက်ကျိုက်လည်း အဆင့်လေးသို့ တက်သွားသည်။ စုရှီ စိုးရိမ်တာက ကျိုက်ကျိုက်သာ မြောက်ပိုင်းဒေသပုန်ကန်မှုကို ချေမှုန်းဖို့သွားမယ်ဆိုရင် မစ်ရှစ်ရဲ့ခက်ခဲမှုကလည်း တိုးလာပြီး ကျိုက်ကျိုက်လည်း မလွဲမသွေကို ဒဏ်ရာရလိမ့်မည်။

သို့သော်ငြား ဒီလောက်ကြီးထိ တွေးထားလို့လည်း အသုံးမဝင်ချေ။ သူ့အနေနဲ့ အရင်ဆုံး လက်ရှိမစ်ရှင်ကို ပြီးအောင်လုပ်ရလေမည်။

နောက်တစ်ယောက်က စစ်သူကြီးယွင်ဖြစ်တာမလို့ စုရှီ အင်တာဖေ့စ်ကို စစ်သူကြီးယွင်ရဲ့အိမ်ကို ပြောင်းလိုက်တော့ သူလည်း မရှိနေ။

သူ ဒီညအားပုံမရဘဲ တော်ဝင်နန်းတော်မှာ ဧကရာဇ်နဲ့ တွေ့နေတာဖြစ်မည်။

စုရှီမှာ စိတ်ပူပန်နေလျက် သူတို့သုံးယောက်တခုခု ဖြစ်သွားပြီး မစ်ရှစ် မပြီးမှာကို ကြောက်နေ၏။ ကံကောင်းချင်တော့ စစ်တပ်ရေးရာဝန်ကြီးမှာ တည်တည်ငြိမ်ငြိမ်ထိုင်နေလျက် အမူးပြေနေပုံရကာ ဘေးက တစ်ခြားအရာရှိတွေကို အရက်လျှော့သောက်ဖို့ ပြောနေသည်။

သူပဲ။

စုရှီမှာ စစ်တပ်ရေးရာဝန်ကြီးကို ချန်ချွင်းဘုရားကျောင်းသို့ အမြန်ဆုံးရောက်သွားစေရန် နည်းလမ်းကို စဉ်းစားရတော့၏။

ကျိုက်ကျိုက်တစ်ယောက် မြို့တော်ဂိတ်တံခါးကို အရှိန်ဖြင့်သွားနေတာ မြင်တော့ စုရှီ လန့်သွားမိသည်။ ကျိုက်ကျိုက် အရမ်းစိတ်ပူနေတာမဟုတ်ဘူးလား။ ချန်ချွင်းဘုရားကျောင်း ဇာတ်ကွက်က ပြီးတော့မယ်ဆိုပေမယ့်လည်း စစ်တပ်ရေးရာဝန်ကြီးကို အဲဒီကိုရောက်ဖို့ ဘာမှ မလုပ်ရသေးပေ။

နေပါဦး ငါသိပြီ။ စုရှီက ကျိုက်ကျိုက်၏ မောင်းမဆောင်မှာရှိတဲ့ စစ်တပ်ရေးရာဝန်ကြီးရဲ့ သမီး သခင်မလေးဟန်ယွဲ့ကို ရုတ်တရက် တွေးမိလိုက်သည်။ သခင်မလေး ဟန်ယွဲ့ဆိုတဲ့ နာမည်ပေါ်နေတာကို သူအခုမှ စဉ်းစားမိတော့၏။ တကယ်တော့ သူက အသုံးချလို့ရတဲ့ သော့ချက်တစ်ခုသာပင်။

စုရှီက အင်တာဖေ့စ်ကို စစ်တပ်ရေးရာဝန်ကြီးရဲ့အိမ်တော်သို့ ပြောင်းလိုက်တော့သည်။

ထိုအချိန် ဉာဉ့်နက်နေပြီဖြစ်တာကြောင့် သခင်မလေးဟန်ယွဲ့မှာ အိပ်ဆောင်‌ထဲတွင် အိပ်ပျော်နေပြီဖြစ်သည်။

စုရှီ ရွေးချယ်စရာ မရှိတော့ဘဲ ဈေးဆိုင်ကနေ အိပ်ငွေ့ချအမှုန့်ကို ဝယ်ကာ တစ်ခန်းလုံးဖြူးလိုက်ပြီး သခင်‌မလေးဟန်ယွဲ့ကို စောင်ထဲထည့် ကြက်ဥလိပ်လို လိပ်လိုက်ပြီး လက်မ လက်ညှိုးနှင့် ညှပ်ကာ မလိုက်သည်။

ထို့နောက် ပြတင်းပေါက်ကို ဖွင့်လိုက်တော့ "ကလန်း"ဆိုတဲ့ အသံကျယ်ကြီးထွက်လာ၏။

ငိုက်နေတဲ့ အစေခံမလေးတွေ သတိဝင်လာတော့ အခန်းက လွတ်နေပြီး ပြတင်းပေါက်မှာလည်း ကျယ်ကျယ် ပွင့်နေလျက်။

အစေခံမလေးမှာ အာခေါင်ခြစ်အော်တော့သည်။

"လုပ်ကြံသူရှိတယ်၊ သခင်မလေး ပြန်ပေးဆွဲခံလိုက်ရပြီ!"

နောက်အစေခံမလေးက ခြံဝင်းထဲ ပြေးသွားကာ အစောင့်ကို ပြော၏။

"သခင်ကြီး ဘယ်မှာလဲ၊ မြန်မြန် စစ်သူကြီးအိမ်တော်ကို သွားပြီး သခင်မလေးကို လုပ်ကြံသူက ဖမ်းသွားပြီလို့ သွားပြော!"

စားပွဲပေါ်မှာတော့ စုရှီ ချန်ထားခဲ့တဲ့ ပုံတစ်ပုံက လေတိုက်လို့ လွှင့်နေလျက် ထိုပုံဟာ ချန်ချွင်းဘုရားကျောင်းရဲ့ ပုံသာဖြစ်ပြီး ပင်အပ်ကိုထုတ်ကာ အပေါ်မှာစိုက်ပြီး ထောက်ထားလိုက်သည်။

စစ်တပ်ရေးရာဝန်ကြီးမှာ ဉာဏ်ကောင်းတာကြောင့် ဒီအဓိပ္ပာယ်ဟာ သူတစ်ယောက်တည်းလာရမည် မဟုတ်ရင် ဓားစာခံကို သတ်ပစ်မည်ဟု ပြောတာဖြစ်ကြောင်း နားလည်၏။

လုပ်စရာရှိတာလုပ်ပြီးတဲ့နောက်မှာတော့ ချန်ချွင်းဘုရားကျောင်းကို သူ မရောက်မချင် အင်တာဖေ့စ်ကို စုရှီ ဖြေးဖြေးချင် ပြောင်းနေလိုက်သည်။ သူတော်စင်တွေနေတဲ့အခန်းက လွတ်နေတာတွေ့‌တာကြောင့် စစ်တပ်ရေးရာဝန်ကြီးရဲ့သမီး ဟန်ယွဲ့ကို ထိုအခန်းထဲထားကာ ခုထိမနိုး‌သေးတာမလို့ အိပ်ရာပေါ်တင်ပေးပြီး စောင်ခြုံပေးထားလိုက်သည်။

တိတ်တိတ်လေးလုပ်နေတာအပြင် ချန်ချွင်းဘုရားကျောင်းက တော်တော်ကြီးတာမလို့ ဘယ်သူမှ သတိမထားမိကြပေ။

စုရှီ စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိသည်။ နောက်လုပ်ရမှာက ကျိုက်ကျိုက်နဲ့ စစ်တပ်ရေးရာဝန်ကြီး ရောက်လာမှာကို ထိုင်စောင့်နေရုံသာ။

ချန်ချွင်းဘုရားကျောင်းက မြို့တော်နှင့် မိုင်အနည်းငယ်အကွာရှိ တောင်ပေါ်မှာ ရှိသည်။ ဆောင်းဦးညလေညှင်းမှာ ခြောက်ကပ်ကပ်တိုက်နေလျက် တောင်တစ်ခုလုံး ပင်လုံးကြိုင်ပန်းရနံ့တွေနှင့် သင်းပျံ့နေကာ တောင်ထိပ်ပေါ်က မှိန်ပြပြအလင်းရောင်တွေကိုလည်း အဝေးကနေ မြင်နေရပြီး ထိုအလင်းရောင်တွေမှာ ချန်ချွင်းဘုရားကျောင်းကြီးကပင်။ ထိုအလင်းရောင်တွေဟာ တောင်တက်လမ်းမကြီးရှိ ခြေနင်းကျောက်ပြားတွေပေါ် မှိန်ပြပြသာလင်းနေပြီး ဘေးပတ်ဝန်းကျင်မှာ အေးစိမ့်ကာ စိတ်မကြည်လင်စရာပင်။

ကျိုက်ကျိုက်က သူနဲ့အတူ တော်ဝင်သက်တော်စောင့်ကို ခေါ်လာပြီး မြင်းနှစ်ကောင် တောင်ခြေရင်းကို ရောက်သည့်အခါမှာတော့ ဆက်သွားလို့ မရတော့ပေ။ ကျိုက်ကျိုက်လည်း မြင်းပေါ်မှဆင်းလိုက်ပြီး တော်ဝင်သက်တော်စောင့်မှာတော့ မြင်းနှစ်ကောင်ကို တောင်ခြေရင်းက သစ်ပင်မှာ ကြိုးနဲ့ချည်နေသည်။

ကျောက်ပြားတွေဆီ တက်သွားတော့ သူ့ဝတ်ရုံရှည်ကြီးဟာ ကျောက်ပြားတွေပေါ်ရှိ သစ်ရွက်ဝါတွေကို တိုက်လှဲသွားလျက်။

သူ့မျက်လုံးတွေမှာ လန့်စရာကောင်းလောက်အောင် တောက်ပနေ၏။

ထိုညတွင် စခရင်အပြင်ကနေ ကြည့်နေသော စုရှီသာလျှင် ကျိုက်ကျိုက် လဘယ်လောက်ကြာကြာ ကြိုးစားနေရင်တောင် နောက်ဆုံးဘာရလဒ်မှ ထူးမလာမှာကို ကြိုသိနေသည်။

စုရှီရဲ့ နှလုံးသားထဲ စူးခနဲဖြစ်သွားပေမယ့် ကျိုက်ကျိုက်က တောင်ပေါ်ကို မမောမပန်းတက်ကာ ချန်ချွင်းဘုရားကျောင်းကို ရောက်သွားတာကို ဆက်ကြည့်နေလိုက်သည်။

တာအိုဆရာသခင်မှာတော့ မရောက်သေး။

သို့သော်လည်း ဒီအကြောင်းကိုသိတဲ့ တာအိုဘုန်းတော်ကြီးနှစ်ပါးကတော့ ချန်ချွင်းဘုရားကျောင်းထဲမှာ ရှိသည်။ စစ်သူကြီးကျန့်ယွမ်ပို့လိုက်တဲ့ လက်အောက်ငယ်သားတွေက သူတို့ကို သတင်းပေးလိုက်ခြင်းသာ။ ထို့ကြောင့် သူတို့က မအိပ်သေးဘဲ ချန်ချွင်းဘုရားကျောင်းရဲ့ ဝင်ပေါက်မှာ ကြိုဆိုဖို့ စောင့်နေလေ၏။

မြူတွေစိုင်းနေတဲ့အချိန် သူတို့ဝင်ပေါက်နား ရောက်လာတာကို မြင်တော့ ချက်ချင်ပဲ ဦးညွှတ်လိုက်ကြသည်။

စခရင်အပြင်ကနေ ကြည့်နေတဲ့စုရှီမှာ အံ့ဩသွားရပြီး အသိပြန်ဝင်ဖို့တောင် ခဏကြာသွားသည်။ အခုဆို ကျိုက်ကျိုက်က တော်ဝင်ရုံးတော်မှာ အရာရှိဖြစ်သွားပြီမလို့ ဒီတာအိုဘုန်းတော်ကြီးတွေက ဦးညွတ်ရတာပင်။

သူတို့ပျိုးထောင်ခဲ့တဲ့ကလေးက ရုတ်တရက် အာဏာရှိသွားတော့ သူတို့အတွက် တုံ့ပြန်ဖို့က ခက်ခဲလှသည်။

"ဗိုလ်မှူး၊ ဘေးခန်းဆောင်မှာ ခဏလောက်နားနေလှည့်ပါအုန်း။ တာအိုဆရာသခင်ရောက်လာရင် ကိုယ်တော်တို့ သူ့ကို တစ်ယောက်ယောက်နဲ့ ခေါ်ခိုင်းလိုက်ပါ့မယ်"

တာအိုဘုန်းတော်ကြီးတစ်ပါးက ပြောသည်။

လုဟွမ်မှာ စိတ်ပူပန်နေပြီး ကျင့်ဝတ်‌တွေကိုတောင် ဂရုမစိုက်အားဘဲ ခေါင်းညိတ်ကာ ဘေးခန်းဆောင်ဆီ မြန်မြန်သွားလိုက်သည်။ ခြေလှမ်းနည်းနည်းလောက် လှမ်းပြီးတဲ့အခါမှာတော့ ခေါင်းလှည့်လာပြီး နောက်က တာအို‌ဘုန်းတော်ကြီးနှစ်ပါးနှင့် သက်တော်စောင့်ကို ပြောလိုက်လေသည်။

"ကျွန်တော့်နောက် လိုက်လာစရာမလိုပါဘူး"

သူတို့သာ လိုက်လာရင် သူ့ဝိညာဥ်လေးနဲ့ စကားပြောလို့ရမည်မဟုတ်။

လုဟွမ်က ဘေးခန်းဆောင်ဆီ တစ်ယောက်တည်းသွားလိုက်၏။

လက်ရှိမှာတော့ စုရှီက အင်တာဖေ့စ်ကို ချန်ချွင်းဘုရားကျောင်းဆီ ပြောင်းတော့ ကျိုက်ကျိုက်ရဲ့ မျိုးရိုးနောက်ခံကို ဖော်ထုတ်ပေးမည့် အရံဇာတ်ကောင်ကို ရှာလို့မတွေ့ချေ။ သို့သော် ထိုအချိန်မှာပင် စခရင်ရဲ့ ညာဘက် အပေါ်ဘက်ထောင့်နားမှာ စကားပြောစာတန်းတွေ ပေါ်လာ၏။

စုရှီ စိတ်လှုပ်ရှားသွားပြီး စခရင်ကို ဆွဲကြည့်လိုက်တော့ အနောက်ဘက်ခြံဝင်းတွင် လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ကြမ်းပြင်ကို တံမြည်စည်းလှည်းနေတဲ့ သက်လတ်ပိုင်းအရွယ် သူတော်စင်မကို တံမြက်စည်းကိုင်လျက် ဆူပူနေတဲ့ အဘွားကြီးတစ်ယောက်ပင်။

ဆက်ပေါ်လာနေတဲ့ စာတန်းတွေကတော့-

"နန်းတော်မှာ အစေခံလုပ်ဖူးတာနဲ့ပဲ အားလုံးထက်သာတယ်ဆိုပြီး ရေသာခိုဖို့တော့ လာမကြံနဲ့နော်။ ဒီမှာ နင့်ဒူးခေါင်းနာတာနဲ့ လာအကြောင်းမပြနဲ့။ ကြမ်းပြင်ကို တံမြည်စည်းသေချာ မလှည်းဘူးဆိုရင် ငါနင့်ကို နှင်ထုတ်ပစ်မှာ! ချန်ချွင်းဘုရားကျောင်းက နင် အလကားလာစားလို့ရတဲ့ နေရာမဟုတ်ဘူး"

"အသစ်ခန့်ထားတဲ့ ဗိုလ်မှူး ဒီညလာမယ်ဆိုတာ သိတယ်မလား။ အဲ့တာကိုတောင် နင်က သူနဲ့သွားတွေ့‌ချင်သေးတယ်ဆိုတော့ ဘာတွေစိတ်ကူးယဉ်နေတာလဲ။ အရာရှိတွေနဲ့ အထက်တန်းလွှာတွေဆီက မျက်နှာသာရအောင် လုပ်နေတာလား"

စာတန်းထဲမှာတော့ အကြောင်းအရာကစုံနေသည်။ ဒီသူတော်စင်က နန်းတော်ထဲမှာ အစေခံလုပ်ခဲ့ဖူးပြီး ကျိုက်ကျိုက်ကို တွေ့‌ချင်နေတာဆိုတော့ မစ်ရှစ်၉မှာပါတဲ့ သူတော်စင်က သူ ဖြစ်ပုံရသည်။

စုရှီ ဘေးခန်းဆောင်ကို သွားကာ ကျိုက်ကျိုက်လက်ကို ဆွဲပြီး သူနဲ့လိုက်လာခိုင်းလိုက်သည်။

မြန်မြန်၊ မြန်မြန်၊ မြန်မြန်လေး။

ကျိုက်ကျိုက်မှာတော့ တာအိုဆရာသခင်ကို စောင့်နေကာ စိတ်ပူပန်ပြီး ဂနာမငြိမ်ဖြစ်နေလျက် ဘေးခန်းဆောင်ထဲ ပတ်လျှောက်နေလေသည်။ သူ့လက်ဆွဲခံရတော့ ဇဝေဇဝါဖြင့် မေး၏။

"မင်းငါ့ကို ဘယ်ခေါ်သွားမလို့လဲ"

ကံကောင်းချင်တော့ တာအိုဆရာသခင်က ရောက်မလာသေးပေ။ စုရှီတွေးလိုက်မိသည်က သူသာရောက်လာလျှင် ကျိုက်ကျိုက်က သူတော်စင်ဆီသွားတော့မှာ မဟုတ်တာကြောင့် ဒီအခွင့်အရေးကို ရအောင်ယူပြီး ကျိုက်ကျိုက်ကို ဆွဲခေါ်သွားရမည်။

ဒါကြောင့် စုရှီ သူ့ကို အားကြိုးမာန်တက်နှင့်ကို ဆွဲခေါ်တော့၏။

လုဟွမ်ရဲ့ ဝတ်ရုံမှာလည်း စုရှီကြောင့် ပြဲလုမတတ်ဖြစ်နေပြီး သူ မနေနိုင်တော့ဘဲ ရယ်ကာ ပြောလိုက်သည်။

"ဟုတ်ပြီ။ ငါမင်းနဲ့လိုက်ပါ့မယ်။ မပူပါနဲ့"

ကျိုက်ကျိုက်မှာ ဘေးခန်းဆောင်ကနေ အနောက်ဘက်ခြံဝင်းသို့ ရောက်သွားတော့သည်။ သူရောက်သွားတာနဲ့ အထက်စီးလေသံဖြင့် ဆူပူနေတဲ့ သူတော်စင်အဘွားအိုကြီးမှာ ချက်ချင်ပါးစပ်ပိတ်သွားတော့သည်။ တစ်ခြား သူတော်စင်မှာတော့ မျက်နှာမှာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်နေလျက် သူ့မှာပြောစရာစကားပေါင်း သောင်းခြောက်ထောင်ရှိနေသလို ပါးစပ်ဟ လိုက်ပေမယ့် စကားတစ်ခွန်းမှ မပြောဘဲ မျက်လုံးတွေမှာလည်း တဖြည်းဖြည်းနီရဲလာသည်။

ထိုသူတော်စင်က သူ့ကို တစ်ခုခုပြောချင်နေတယ် ဆိုတာကို လုဟွမ်လည်း သိသည်။ ကြည့်ရတာ ဝိညာဥ်လေးကို သူ့ကို ဒီသူတော်စင်ပြောတာ နားထောင်ခိုင်းဖို့ ဒီအထိ ခေါ်လာတာများလား။

သူက သူတော်စင်အဘွားအိုကြီးကို ပြောလိုက်သည်။

"တာအိုသူတော်စင် ဟွေ့ကျင်း ကျွန်တော်သူနဲ့ နှစ်ယောက်တည်း စကားပြောလို့ရမလား"

ဟွေ့ကျင်းက ရှက်ရှက်နှင့် ထွက်သွားတော့သည်။

အနောက်ဘက်ခြံဝင်းတွင် ကျိုက်ကျိုက်နှင့် သူတော်စင်အမျိုးသမီးကြီးတို့သာ ရှိ၏။

ကျိုက်ကျိုက်က သူတော်စင်မကြီးကို ကြည့်ပြီးပြောလိုက်သည်။

"ကျွန်တော့်ကို ပြောစရာရှိတယ်မလား။ ခပ်ပြတ်ပြတ်ပဲ ပြောပေးပါ၊ ကျွန်တော့်မှာ အရေးကြီးတွေ့ရမဲ့သူ ရှိနေလို့"

သူတော်စင်က သူ့ကို ထိုကိစ္စအကြောင်း ပြောပြဖို့အတွက် ဒါက တစ်ခုတည်းသော အခွင့်အရေးမှန်းသိသည်။ ဒီညမှာသာ မပြောရင် နောက်ကျ ပြောလို့ရမည် မဟုတ်တာကြောင့် အကြောင်းစုံကို စပြောပြတော့သည်။

စုရှီရဲ့ စခရင်မှာ ကျိုက်ကျိုက်ရဲ့ ဘဝအကြောင်း ဇာတ်လမ်းတစ်ခုလုံး ပေါ်လာကာ သူတော်စင်မကြီး ပြောပြနေတဲ့ ကျိုက်ကျိုက်ရဲ့ ဘဝဇာတ်ကြောင်းပင်။

[နန်းတော်ထဲမှာ မပြောအပ်တဲ့ တားမြစ်ချက်တစ်ခုရှိတယ်ဆိုတာကို နန်းတွင်းထဲက မိန်းမစိုးတွေ၊ အစောင့်တွေ၊ နန်းတွင်းအစေခံတွေအပြင် မင်းညီမင်းသားတွေတောင်မှ သိကြသည်။ အဲတာကတော့ ဧကရာဇ်ရဲ့ ရှေ့ကို မရောက်ခင် ကိုယ်လုပ်တော်ချင်ရဲ့ ဗိုက်ထဲမှာပဲ သေသွားခဲ့တဲ့ မင်းသားကိုး အကြောင်းကို မပြောဖို့ပါဘဲ။ ဧကရာဇ်မှာ ယွင်ကျိုးတရားသူကြီးရဲ့ သမီးဖြစ်တဲ့ အနှစ်သက်ရဆုံး ကိုယ်လုပ်တော်တစ်ယောက် ရှိခဲ့သည်။ ဧကရာဇ်က သူ့ကို မြင်မြင်ချင် ချင်ခင်စုံမက်သွားခဲ့ပြီး နန်းတော်ထဲ ခေါ်ဆောင်ခဲ့တယ်လေ။ အဲဒီအချိန်ကနေစပြီး ဧကရာဇ်က သူ့ကိုပဲ ရင်မှာနှစ်နှစ်ကာကာ ချစ်မြတ်နိုးခဲ့ပြီး တစ်ခြားကိုယ်လုပ်တော်တွေကို လှည့်မကြည့်လေတော့]

[အဲတာနဲ့ပဲ ကိုယ်လုပ်တော် ချင်မှာ ရန်သူတွေ မရေမတွက်နိုင်လောက်အောင် များခဲ့ရသည်။ သူ့ရဲ့ မိခင်ဘက်က မိသားစုက အင်အားသိပ်မကြီးတာကြောင့် ကိုယ်လုပ်တော်ချင်ကို ကာကွယ်မပေးနိုင်ခဲ့။ နန်းတော်ထဲမှာဆိုလည်း ဧကရာဇ်မင်းရဲ့ နှစ်သက်မှုကိုပဲ ယုံကြည်အားကိုးနေခဲ့ရတာ။ ဒါပေမယ့် ဧကရာဇ်ဖြစ်နေရင်တောင် သူ အချစ်ဆုံးလူကို သူ မကာကွယ်နိုင်ခဲ့ချေ။ ကိုယ်လုပ်တော်ချင်က ရှစ်လထက်ကြာအောင် ကိုယ်ဝန်ကို လွယ်ထားခဲ့ရပြီး မတော်တဆလား တိုက်ဆိုင်မှုလားတော့မသိပေမဲ့ ကိုယ်လုပ်တော်ချင်က ရေကန်ထဲပြုတ်ကျသွားခဲ့ရသည်။ ကယ်ဆယ်ပြီးနောက်မှာတော့ သူကော ကလေးပါ သေဆုံးသွားခဲ့ရ၏]

[ထိုအဖြစ်အပျက်ကြောင့် အရမ်းကိုမှ နာကျင်ခဲ့ရလို့ ဧကရာဇ်က သူပါ နတ်ရွာစံသွားပါစေ လို့တောင် ဆုတောင်းခဲ့သည်။ သူက ကိုယ်လုပ်တော်ချင်ရဲ့ ရုပ်အလောင်းကို သုံးရက်လုံးလုံး ဖက်ထားပြီးမှ တော်ဝင်ဂူဗိဗာန်မှာ သင်္ဂြိုလ်ပေးခဲ့၏။ အရင်ကဆိုရင် ကိုယ်လုပ်တော်ချင် ဗိုက်ထဲကနေ မင်းသားကိုးလေး မွေး‌လာမှာကို အရိပ်တကြည့်ကြည့်နဲ့ မျှော်လင့်နေခဲ့ရတာ ဖြစ်သည်။ ဒီကိစ္စဖြစ်သွားပြီးတဲ့နောက်မှာ ဘယ်သူကမှ ဧကရာဇ်ရှေ့၌ မင်းသားကိုး အကြောင်း မပြောရဲ ကြတော့။ ပြောတာနဲ့ ဧကရာဇ်က တစ်မိသားစုလုံးကိုပါ သတ်ပစ်မှာဖြစ်သည်။ ကိုယ်လုပ်တော်ချင်ရဲ့ မိသားစုမှာကလည်း ယွင်ကျိုးတရားသူကြီး တစ်ယောက်ထဲ ကျန်ခဲ့တာမလို့ ဒီကိစ္စကိုလည်း သူ ကြားရော မျှော်လင့်ချက်မရှိတော့ဘဲ အိမ်မှာ ကြိုးဆွဲချ‌သတ်သေသွားခဲ့၏။ အဲဒါနဲ့ပဲ ကိုယ်လုပ်တော်ချင်ရဲ့ မိသားစုသွေးရင်းသွေးခြာတွေ ပြတ်တောက်သွားခဲ့သည်]

[ဒါပေမယ့် ဘယ်သူမှမသိလိုက်တာက ကိုယ်လုပ်တော်ချင်ဟာ ရေကန်ထဲ မပြုတ်ကျခင်တည်းက မိုးသည်းတဲ့ညကြီးမှာ ကလေးကို အချိန်မတိုင်ခင် မွေးခဲ့တယ်ဆိုတာပင်။ နန်းတော်ကြီးထဲမှာ အန္တရာယ်ရှိမှန်း ကိုယ်လုပ်တော်ချင်က သိသည်၊ ကလေးကိုလည်း ကာကွယ်နိုင်စွမ်းမရှိ၍ ကလေးလေးကလည်း ဘေးကင်းကင်းနဲ့ ကြီးပြင်းလာမှာမဟုတ်ပေ။ ဒါကြောင့် သူ အရင်က ကူ‌ညီပေးခဲ့ဖူးတဲ့ နန်းတွင်းအစေခံကို အကူအညီတောင်းပြီး သန်းခေါင်ယံအချိန်မှာ ကလေးကို ခေါ်ထုတ်သွားစေခဲ့သည်]

[အဓိကဇာတ်ကောင်ရှေ့မှာ ရပ်နေတဲ့သူတော်စင်ကတော့ အဲဒီတုန်းက အစေခံပင်။ သူကိုယ်တိုင်လည်း ကလေးကို မပျိုးထောင်ခဲ့တဲ့အချက်က နန်းတော်ထဲက သူထွက်သွားပြီးပြီးချင် ကလေးရတယ်ဆိုရင် ကိုယ်လုပ်တော်ချင်ကို သတ်ခဲ့တဲ့သူတွေက မလွဲမသွေ သံသယဝင်နိုင်တာမလို့ ကလေးကို ဘေးကင်းတဲ့နေရာပို့ဖို့ သူ စဉ်းစားခဲ့ရသည်]

[အဲဒီအချိန် နင်းဖူမင်းသားရဲ့ ကိုယ်လုပ်တော်မှာ ကလေးမွေးနေတာဖြစ်ပြီး မွေးလာတဲ့ကလေးမှာ ကလေးအသေလေးဖြစ်နေတာမလို့ နင်းဖူမင်းသားက ကံဆိုးတယ်လို့ ယူဆပြီး သူ့ကိုနှင်ထုတ်မှာကို ကြောက်ပြီး ဘေးကလက်သည်ကို တောင်းပန်ကာ လူတွေကို လိမ်ဖို့အတွက် ကလေးတစ်ယောက် ရှာခိုင်းခဲ့သည်]

[အဲတာနဲ့ပဲ အဓိကဇာတ်ကောင်ဟာ သူတော်စင်မနဲ့ လက်သည်ကြားကနေ နင်းဖူမင်းသားဆီ ရောက်လာပြီး ကိုယ်လုပ်တော်ရဲ့ သားဖြစ်လာသည်။ ကိုယ်လုပ်တော်လည်း မွေးပြီးမကြာခင်မှာပဲ ဆောင်းတွင်းအအေးဒဏ်ကြောင့် သေဆုံးသွားခဲ့သည်။ ထိုလက်သည်မှာလည်း ကလေးလေး နည်းနည်းကြီးလာသည်အထိ ရုန်းကန်ပျိုးထောင်ပေးရင်း သေဆုံးသွားခဲ့သည်ပင်။ ဒါကြောင့် ဒီလောကကြီးထဲမှာ အမှန်ကိုသိတဲ့သူက အဓိကဇာတ်ကောင်ရှေ့ ရောက်နေတဲ့ နန်းတွင်းအစေခံဟောင်းဟာ ရှိတော့သည်]

ဇာတ်ကြောင်းပြောနေတုန်း စုရှီက ချန်ချွင်းဘုရား‌ကျောင်းရဲ့ ဝင်ပေါက်ကို ကြည့်နေသည်။ စစ်တပ်ရေးရာဝန်ကြီး ရောက်လာတော့ ဆူဆူညံညံအသံတွေပေးပြီး အနောက်ဘက်ခြံဝင်းထဲသို့ ဦးဆောင်ခေါ်သွားလိုက်၏။

သူတော်စင်က ဇာတ်ကြောင်းတွေ ပြောပြပြီးတဲ့နောက်မှာ သူ့မျက်လုံးတွေထဲမှာ မျက်ရည်တွေပြည့်နေပြီပင်။ သူ့အတွက်တော့ ကိုယ်လုပ်တော်ချင်က ကျေးဇူးရှင်ဖြစ်ပြီး သူ့ရဲ့သား မင်းသားကိုးကိုလည်း ကျေးဇူးရှင်လို့ သတ်မှတ်ထားသည်။

တကယ်တော့ သူက အသက်ကြီးပြီး သေသွားတဲ့ထိတိုင်အောင် ဒီကိစ္စကို မြိုသိပ်ထားဖို့ ကြံခဲ့ပေမယ့် အသစ်ခန့်ထားတဲ့ ဗိုလ်မှူးဟာ သူ နန်းတော်ထဲက ခေါ်ထုတ်ခဲ့တဲ့ ကလေးမှန်း သိသွားခဲ့၏။

ကိုယ်လုပ်တော်ချင်ကို ဘယ်သူသတ်လဲ သူ မသိပေမယ့် ဗိုလ်မှူးက နောင်ကျရင် ကိုယ်လုပ်တော်ချင်ရဲ့ သေဆုံးမှုနဲ့ ပတ်သက်နေမည့် သူကို ခစားနေရမှာ စိုးဝံ့တာကြောင့် သူ့ကို လိုက်ရှာပြီး အမှန်ကို ပြောပြတာပင်။

ကျိုက်ကျိုက်ရဲ့ နောက်ခံမျိုးရိုးကို စုရှီ အရင်တည်းက မှန်းထားပြီးခဲ့ပေမယ့် နန်းတွင်းအရှုပ်တော်ပုံကြီးထဲမှာ နန်းတွင်း ကိုယ်လုပ်တော်အနေနဲ့ အသက်ကြီးတဲ့ထိ ကောင်းကောင်းမွန်မွန် နေရမယ်ဆိုတာ မဖြစ်နိုင်ပေ။ သူ့စိတ်ကို ပြင်ဆင်ထားခဲ့ပေမယ့်လည်း သူတော်စင်ရဲ့မျက်နှာမှာ မျက်ရည်တွေနဲ့ ပြည့်နေတာကို မြင်တော့ စုရှီရဲ့ နှလုံးသားဟာလည်း ခပ်စူးစူး ဖြစ်သွားခဲ့သည်။

သို့ပေမယ့် ကျိုက်ကျိုက်ရဲ့ မျက်နှာမှာတော့ မယုံသင်္ကာ ဖြစ်နေသည့်ဟန်ပင်။ သူက ဝမ်းနည်းခြင်းကြီးစွာဖြင့် ငိုနေတဲ့ သူတော်စင်ကို အေးစက်စက်ဖြင့် မေးလိုက်သည်။

"ခင်ဗျား အခုလုပ်ကြံပြော‌လိုက်တဲ့ စကားတွေက သေဒဏ်မြောက်တယ်ဆိုတာ သိလား။ ခင်ဗျား စကားတွေအတွက် သက်သေပြစရာရှိလား"

စုရှီမှာ ပြောစရာစကားပျောက်ရှလျက်။

သူတော်စင်က ကျိုက်ကျိုက်ကို ပျိုးထောင်ပေးခဲ့တဲ့ လက်သည်ရဲ့ ရုပ်ရည်အသွင်အပြင်တွေကို အသေးစိတ်ပြောပြပြီး လက်သည်ထားခဲ့တဲ့ သက်သေပစ္စည်းတစ်ခုလည်း ရှိကြောင်းပြောပြသည်။

ကျိုက်ကျိုက်က လက်သည်ရဲ့ သက်သေပစ္စည်းကို ကြည့်လိုက်ပေမယ့် မယုံသေးပေ။

"ဒါနဲ့ ဘာမှသက်သေပြလို့မရဘူး။ လက်သည်ရဲ့ပစ္စည်းကို ပြပြီး ဇာတ်လမ်းတစ်ပုဒ်ထွင်နေတာပဲ ဖြစ်မယ်"

သူတော်စင်က သူ့ကို ဗိုလ်မှူး ယုံမှာမဟုတ်ဘူးလို့ ဘယ်တုန်းကမှ မထင်ခဲ့ချေ။ အဲဒီနောက်မှာတော့ ကျောက်စိမ်းပြားကို ထုတ်ပြီး ကျိုက်ကျိုက်ကို ပေးလိုက်ကာ ပြောသည်။

"ဒါလေးက ကိုယ်လုပ်တော်ချင် ယူသွားလေ့ရှိတဲ့ ပစ္စည်းလေးပဲ။ သူ့မိခင်အိမ်ကနေ ယူလာတာ။ နန်းတွင်းစားသောက်ပွဲ အခမ်းအနားမှာတုန်းက တက်ရောက်တဲ့ အရာရှိတွေနဲ့ ဧကရာဇ်မင်းကပဲ မြင်ဖူးလို့ သိတာ။ အရှင့်သားသာ အရှင်မင်းကြီးကို ပေးလိုက်မယ်ဆိုရင် အရှင့်သားရဲ့ ဂုဏ်ပုဒ်ကို ပြန်ရပါလိမ့်မယ်"

ကျိုက်ကျိုက်က ကျောက်စိမ်းပြားကို ကြည့်‌ကာ သူပြောနေတာ မှားလားမှန်လားဆိုတာကို စဉ်းစားကြည့်နေသည်။

စုရှီကတော့ စိတ်ပူနေလျက် ကျိုက်ကျိုက်အား ကျောက်စိမ်းပြားကို ယူစေချင်နေသည်။ ဒီဟာလေးက ကျိုက်ကျိုက်သည် မင်းသားကိုးဆိုတာကို သက်သေပြနိုင်တဲ့ ပစ္စည်းပင်။ ကျိုက်ကျိုက်ရယ်၊ အရှင့်သားဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်မရချင်ဘူးလား။

ကျိုက်ကျိုက်က ကျောက်စိမ်းပြားကို ယူကာ အိတ်ကပ်ထဲ ထည့်လိုက်ပြီး မျက်နှာတည်တည်ဖြင့်သာ ပြောသည်။

"ဒီကိစ္စကို စုံစမ်းလိုက်ပါ့မယ်။ ကျွန်တော် ခင်ဗျားကို အကြွေးတင်နေတယ်ဆိုရင် ပြန်ဆပ်မှာပါ။ ဒီညပြောခဲ့တဲ့ အကြောင်းအရာတွေကို ဘယ်သူမှမသိပါစေနဲ့"

သူတော်စင်က အလျင်အမြန် ခေါင်းညိတ်ပြသည်။

ထို အမှတ်တရ သက်သေပစ္စည်းကို ကျိုက်ကျိုက် ယူလိုက်တာနဲ့ အသိပေးစာတစ်ခု စုရှီရဲ့ စခရင်ပေါ် ကျလာသည်။

မစ်ရှင်၉ အောင်မြင်သွားပြီပင်။

[မစ်ရှင်ကိုးကို အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်: ချန်ချွင်းဘုရားကျောင်းရှိ သူတော်စင်ဆီကနေ အဓိကဇာတ်ကောင်ရဲ့ နောက်ခံမျိုးရိုးအကြောင်း သိအောင်လုပ်ပါ။ ဆုကြေးရမှတ်+၁၂]

စုရှီမှာတော့ သူတော်စင်ပြောပြတဲ့ အတိတ်က အကြောင်းတွေမှာ အာရုံရောက်နေဆဲဖြစ်ပြီး ညာဘက်အပေါ်ထောင့်က လက်ရှိအခြေအနေကို နှိပ်ကာ ကြည့်လိုက်တော့ အမှတ်က၉၀ ဖြစ်နေမှန်း သိလိုက်ရသည်။ ဇာတ်ကောင်မိတ်ဆက်မှာ မင်းသားကိုး ဆိုပြီး ကျိုက်ကျိုက်ရဲ့ ရုပ်ပုံ နောက်ဆုံးတော့ ပေါ်လာ၏။

စုရှီရဲ့စိတ်က တစ်ခြား‌တစ်နေရာသို့ ရောက်သွားတော့သည်။ ပရိုဖိုင်မျက်နှာပုံက မူလရုပ် ဖြစ်သွားသည်။ သူမသည် နှစ်ဝက်လောက် ကျိုက်ကျိုက်ရဲ့ မူလရုပ်ကို ကြည့်ဖို့ ပိုက်ဆံ မသုံးခဲ့ပေ။ အခုရုတ်တရက် မြင်လိုက်ရတော့ သူ ဘယ်လောက်ချောကြောင်း အံ့အားသင့် မိသွား၏။

ထိုအချိန် ထောင့်နားမှ ရပ်နေတဲ့ စစ်တပ်ရေးရာဝန်ကြီးမှာ အားလုံးကို မထင်မှတ်ဘဲ ကြားသွားပြီး တည်ငြိမ်နေ၏။

သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် နန်းတွင်းစားသောက်ပွဲ အခမ်းအနားမှာတုန်းက ကိုယ်လုပ်တော်ချင်ရဲ့ ကျောက်စိမ်းပြားကို မြင်ခဲ့သည့် အရာရှိတွေထဲက တစ်ယောက်ပင်။ ထိုကျောက်စိမ်းပြားဟာ ရှားပါးပြီး အောက်မှာကျနေတဲ့ ကျောက်စိမ်းဆွဲပြားလေး‌တွေမှာ ကိုယ်လုပ်တော်ချင် ကိုယ်တိုင် ထိုးထားတာမလို့ လုဟွမ်က သူတော်စင်ရဲ့စကားတွေကို မယုံသော်ငြား မထင်မှတ်ဘဲ ကြားလိုက်ရတဲ့သူကတော့ ၈၀%လောက်ကို ယုံသည်။

ကိုယ်လုပ်တော်ချင်ကို ရေကန်ထဲက ကယ်ပြီးတော့ နန်းတွင်းသမားတော်က သန္ဓေသားလေးဟာ သားအိမ်ထဲမှာပင် သေသွားကြောင်း ပြောခဲ့ပြီးနောက်မှာ မွေးရပ်မြေကို ပြန်သွားတာကို‌လည်း အံ့ဩစရာ မရှိတော့ချေ။ သူကလည်း ကိုယ်လုပ်တော်ချင်ရဲ့ ကလေးမွေးပြီးတယ်ဆိုတဲ့ အကြောင်းကို ကူပြီး လျို့ဝှက်ပေးခဲ့သည်သာ။

စစ်တပ်ရေးရာဝန်ကြီးနဲ့ စစ်သူကြီးကျန့်ယွမ်မှာ ရုံးတော်က မင်းသားတွေနဲ့ လုံးဝကြီး ဆန့်ကျင်ဘက်ဖြစ်နေ‌တာတော့ မဟုတ်ပေ။ သူတို့နှစ်ယောက်လုံးက ပြည်သူလူထုအတွက်သာ စဉ်းစားပေးပြီး ကိုယ်ကျိုးအတွက် ထည့်မစဉ်းကြချေ။ မင်းသားတွေထဲမှာမှ အိမ်ရှေ့စံမင်းသားဟာ သာမန်ဖြစ်လွန်းတယ်၊ မင်းသားသုံးက လိင်မှုကိစ္စရှုပ်ထွေးလွန်းတယ်၊ မင်းသားငါးက အောင်မြင်မှု အကြီးကြီးတွေရဖို့ကို လောဘကြီးလွန်းတယ်လို့ စစ်တပ်ရေးရာဝန်ကြီးက ထင်သည်။ ဘယ်သူကမှ ပညာရှိတဲ့ ဧကရာဇ် မဖြစ်နိုင်ပေ။ မင်းသားနှစ်ကသာ နှိမ့်ချတတ်ပြီး စိတ်ရင်းအမှန်နဲ့ သင်ကြားပေးတာတွေကို နားထောင်သည်။ သူ့ကိုသာ သေချာသင်ကြားပေးပါက နောင်ကျရင် တိုင်းပြည်နဲ့ ပြည်သူတွေကို အကျိုးပြုတဲ့ ဧကရာဇ်ကောင်း ဖြစ်လာလိမ့်မည်။

သို့တိုင် မြောက်ပိုင်းဒေသမှာ ဖြစ်ခဲ့တဲ့ ပုန်ကန်ထကြွမှုတွေမှာ မင်းသားနှစ်က တစ်ကိုယ်ကောင်းဆန်စွာ ပြုမူခဲ့သည်။ သာမန်ပြည်သူတွေ ဒုက္ခရောက်နေတာကို သိပေမယ့် သူ သွားတာနဲ့ မြို့ထဲက သူ့အာဏာ ပြောင်းလဲသွားမှာကို စိုးရိမ်တာကြောင့် တမင်တကာ ဖျားနာနေတယ်ဆိုပြီး မြောက်ပိုင်းကို မသွားခဲ့ပေ။ အဲဒီအချိန်တုန်းက ကာကွယ်ရေးစစ်သူကြီးမှာ မင်းသားနှစ်ကို အလွန်တရာမှ စိတ်ပျက်ခဲ့ရသည်။

အခုလို သူနဲ့စစ်သူကြီးကျန့်ယွမ် နှစ်ယောက်လုံး သဘောကျရတဲ့ ထူးချွန်ထက်မြက်သည့် ကောင်လေးက ငယ်ငယ်က‌ ဆုံးသွားခဲ့တဲ့ မင်းသားကိုး ဖြစ်နေတာဆိုတော့...

ချက်ချင်ဆိုသလိုပင် အတွေးများစွာတို့က စစ်တပ်ရေးရာဝန်ကြီးရဲ့ ခေါင်းထဲဝင်လာတော့သည်။

ကျိုက်ကျိုက်က အနောက်ဘက်ခြံဝင်းကနေ ဘေးခန်းဆောင်သို့ ခပ်မြန်မြန် လျှောက်သွားလိုက်သည်။ စစ်တပ်ရေးရာဝန်ကြီးမှာလည်း သူ့သမီးကိုချီကာ တောင်ပေါ်ကနေ ဆင်းသွားတာကို စုရှီ မြင်လိုက်သည်။ စစ်တပ်ရေးရာဝန်ကြီး အကုန်ကြားသွားမှန်းသိတာမလို့ မစ်ရှစ်၉ကော ၁၀ကော ပြီးသွားပြီပင်။

မှန်တာပေါ့၊ စခရင်က ပေါ်လာ၏။

[မစ်ရှစ်၁၀ကို အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်: အဆင့်နှစ်နဲ့အထက်ရှိတဲ့ အရာရှိကို အဓိကဇာတ်ကောင်ဘက် ပါအောင်လုပ်ပါ။ မစ်ရှင်ရလဒ်+၈]

ညာဘက်အပေါ်ထောင့်က အမှတ်မှာ ၉၈သို့ ခုန်တက်သွားတော့သည်။

ကျိုက်ကျိုက်က လယ်ယာမြေကို တစ်နှစ်ကြာ ဦးစီးခဲ့ပြီး စပါးနှံပေါင်း တန်‌သုံးသောင်းရအောင် အားစိုက်ထုတ်ခဲ့တာကြောင့် စစ်တပ်ရေးရာဝန်ကြီးနှင့် စစ်သူကြီးကျန့်ယွမ်မှာ သူ့ကို သဘောကျခဲ့သည်။ ဒါကြောင့် သူက အဓိကမစ်ရှင်တွေကို တစ်ခုပြီးတစ်ခု မြန်မြန်ပြီးအောင် လုပ်နိုင်တာပင်။

ကျိုက်ကျိုက်သာ အမှတ်၁၀၀ရရင် သူနဲ့ဆက်သွယ်လို့ရသည့်အပြင် လက်ဆောင်ထုပ်ကြီးရှိတယ်လို့ စနစ်က ပြောထားတာကို စုရှီ သတိရမိသည်။ လက်ဆောင်ထုပ်ထဲမှာ ဘာပါမလဲ မသိတာကြောင့် သူ နည်းနည်းတော့ စိတ်လှုပ်ရှားမိ၏။ သူသာ အပိုမစ်ရှင်တွေကို မြန်မြန်ပြီးအောင်လုပ်နိုင်ရင် အမှတ်၁၀၀ပြည့်ပြီးတော့ နေရာအသစ် ဖွင့်နိုင်လိမ့်မည်။

ကျိုက်ကျိုက်က ဘေးခန်းဆောင်ထဲ ပြန်လာကာ ကျောက်စိမ်းပြားကို ထုတ်ပြီး သေချာကြည့်နေပြီး စုရှီကို အသံတိုးတိုးဖြင့် မေးသည်။

"မင်းရော သူတော်စင်မ‌ ပြောသွားတာကို ယုံလား"

သူ့မျက်နှာမှာ သံသယတွေနှင့်ပြည့်လျက်။

သူတော့ မယုံ၊ သူတော်စင်ပြောသွားတာတွေက မှန်းဆလို့တောင် မရ။

သူ့ဘေးက ဝိညာဥ်မလေးကိုတော့ ယုံသည်။ သူက လုဟွမ်ကို သိစေချင်လို့ အနောက်ဘက်ခြံဝင်းထဲကို ဆွဲခေါ်သွားခဲ့တာပင်။ ဒါဆိုရင် ဖြစ်နိုင်တာက...

စုရှီက သူ ယုံကြောင်းပြဖို့ သူ့လက်ကို ဆွဲလိုက်သည်။

ကျိုက်ကျိုက်က ပြုံးကာ ကျောက်စိမ်းပြားကို ပြန်ထည့်လိုက်ပြီး ခေါင်းခါလျက် ပြောသည်။

"ဒီသက်သေခံက လုပ်ကြံဖန်တီးထားတာ ဖြစ်နိုင်တယ်။ အခုလောလောဆယ် ယုံလို့မရသေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားဆိုတာ ပေါ်လာမှာပဲလေ"

ကျိုက်ကျိုက်က သူဟာ မင်းသားကိုးဖြစ်ကြောင်း သိသွားရင် ဝမ်းသာလိမ့်မယ်လို့ အစက စုရှီ ထင်ခဲ့မိသည်။ နင်းဖူမင်းသားရဲ့ ကိုယ်လုပ်တော်မွေးတဲ့ သားအဖြစ်ကနေ နန်းတော်ထဲက မင်းသားကိုး ဖြစ်ရတာက ပျော်သင့်တယ်မဟုတ်ပါလား။

အဲအပြင် ကျိုက်ကျိုက်က သူ့ရဲ့ မိခင်အရင်းနဲ့ ဖခင်အရင်း အကြောင်းကို သိသွားပြီပင်။

သို့သော်လည်း ကျိုက်ကျိုက်၏ မျက်နှာထားမှာတော့ ပြောင်းလဲသွားခြင်းမရှိ။

စုရှီလည်း မနေနိုင်တော့ဘဲ သူ့လက်ကို ဆွဲလိုက်သည်။

သူက လေထဲကိုကြည့်ကာ တွေးတောနေရင်းမှ စုရှီကို ပြောလာသည်။

"ငါ့အတွက်တော့ ငါ့ရဲ့မွေးမိဘတွေက ဘယ်သူလဲဆိုတာ သိချင်မိပေမယ့် သိသင့်ရဲ့လားတောင် မသိတော့ဘူး"

"အရာရှိ ဖြစ်ရတာ လူတွေအတွက် အကျိုးရှိတာ တစ်ခုခုလုပ်ပေးရတာက ငါ့ဆန္ဒပါ။ ဒါပေမယ့် တစ်ခြားအရာတွေကိုတော့ ငါမစဉ်းစားထားဘူး"

ကျိုက်ကျိုက်ရဲ့ မျက်လုံးနက်တွေမှာ ကြည်လင်လှသည်။

သူလေထဲကို ကြည့်ကာ တစ်ခုခုပြောချင်သလိုမျိုး ပါးစပ်ဟလိုက်ပေမယ့် ပြန်ပိတ်သွားပြန်သည်။ သူက သူစိတ်ကူးထဲက ပုံဖော်ထားတဲ့ စုရှီရဲ့ ပုံရိပ်ကိုသာ ငြိမ်ငြိမ်လေးကြည့်နေ၏။

သူက နန်းတော်အတွင်း အာဏာလုတိုက်ပွဲရဲ့ ဝဲကယက်ထဲ ဝင်ရောက်သွားသော်လည်း မင်းသားတစ်ပါး ဧကရာဇ်တစ်ပါး ဖြစ်ဖို့ စိတ်မကူးခဲ့ဖူးပေ။ တစ်နည်းပြောရမယ်ဆိုရင် သူမှာ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ချင်တဲ့ စိတ်ကူး စိတ်ဆန္ဒတွေ ရှိပေမဲ့လည်း ဒီစိတ်ကူးရည်မှန်းချက်တွေထဲမှာ အာဏာရဖို့အတွက် တိုက်ခိုက်ဖို့ဆိုတာ မပါခဲ့ပေ။

ကျိုက်ကျိုက်ရဲ့ အတွေးတွေက ကောင်းသလား ဆိုးသလား စုရှီ မသိပေ။

ဧကရာဇ်ဆိုသည်မှာ အမြင့်မှာ အထီးကျန်လှပြီး ကျိုက်ကျိုက်သည် ဧကရာဇ်တစ်ပါး မဖြစ်ချင်ပေမယ့်လည်း တစ်ခါတရံကျရင် လူတွေရဲ့ ကံကြမ္မာဆိုတာ မွေးကတည်းက သတ်မှတ်ထားပြီးသားပင်။

ကျိုက်ကျိုက် သူ့ကို ဒီလိုပြောတာ ပထမဆုံးပဲမလို့ နည်းနည်းတော့ ဇဝေဇဝါဖြစ်နေသည်။

သို့သော်လည်း စုရှီ ဘာမှ ဆက်မတွေးနိုင်ခင်မှာပင် တာအိုဘုန်းတော်ကြီးနှစ်ပါးရဲ့ အသံကို တစ်ဖက်ကနေ ကြားလိုက်ရသည်။

"ဗိုလ်မှူး တာအိုဆရာသခင်ရောက်ပါပြီ"

သူ သူရောက်နေပြီလား။

ကျိုက်ကျိုက်က စိတ်လှုပ်ရှားနေလျက် တံခါးဆီသွားပြီး ကြိုဆိုတော့သည်။

စုရှီရဲ့ နှလုံးသားမှာလည်း လည်ချောင်းထဲကပါ ခုန်‌ထွက်လုမတတ် မြန်ဆန်လာ၏။

All Chapters