← Chapters

Chapter 55

Vol. 6 Ch. 55

Chapter 55

Vol. 6 Ch. 55

ယွင်ကျိုးမှာ မည်သည့်အချိန်၌ လုပ်ကြံသတ်ဖြတ်မည်ကို စုရှီမသိချေ။ သူ အိပ်နေချိန် ညဘက်ကြီးဖြစ်သွားမှာကို စိုးရိမ်နေ၏။ သူသာ ဂရုမစိုက်မိပါက မစ်ရှင်လည်း ပြီးမည်မဟုတ်ဘဲ ဧကရာဇ်လုပ်ကြံခံရပြီး အကုန်ပြီးသွားလိမ့်မည်။

သို့ကြောင့် ယွင်ကျိုးရှိ လမ်းကြားတွေကြား သွား၍ တစ်ယောက်ယောက်က ဧကရာဇ်ကို လုပ်ကြံဖို့ကြံနေတာကို သိခဲ့ရကြောင်း ကျိုက်ကျိုက်ကို ပြောပြကာ ဂရုစိုက်ဖို့လဲ မှာလိုက်သည်။

လုဟွမ်သည် သူမ၏ မျက်နှာတည်ကြီးဖြင့် နံရံတွေဖြတ်ပြီး သူများပြောတာကြားခဲ့တယ်ဆိုတဲ့ ပေါက်တတ်ကရ စကားတွေကို ရယ်ချင်ပေမဲ့ မရယ်မိအောင် အောင့်ကာ ခေါင်းညိမ့်ပြလိုက်သည်။

"အိုး ကျေးဇူးတင်တယ် ရှောင်ရှီ၊ ကိုယ်သတိထားပါ့မယ်"

ရက်အနည်းအကြာမှာတော့ ယွင်ကျိုးရှိ နန်းတော်သို့ ဧကရာဇ် ကြွလာပြီး နောက်မှ စစ်တပ်လည်း ပါလာသည်။ စစ်တပ်ကတော့ ခရီးကြောင့် ပင်ပန်းနေသဖြင့် မြို့ပြင်မှာ ယာယီတပ်စွဲထား၏။ ယန်တိုင်းပြည်ရဲ့ စည်းမျဉ်းတွေအရ စစ်တပ်ကို ဦးဆောင်‌တဲ့ အရာရှိတွေမှာ မြို့ထဲဝင်ပြီး ဧကရာဇ်ထံ အခစားဝင်ရပေလိမ့်မည်။

ထို့ကြောင့် ဧကရာဇ်နဲ့ တစ်ခြားအရာရှိတွေက စစ်သူကြီးကျန့်ယွမ်အတွက် နှုတ်ဆက်စားသောက်ပွဲ လုပ်ပေးကြသည်။

မတိုင်ခင်ကတော့ ပုန်ကန်မှုကို ချေမှုန်းဖို့အတွက် မြောက်ပိုင်းကို ဘယ်သူသွားသင့်လဲဆိုသည့် မပြီးနိုင်မစီးနိုင်ခဲ့တဲ့ အငြင်းအခုံတွေ ရှိခဲ့၏။

ဧကရာဇ်က အစကတော့ မင်းသားနှစ်ကို သွားစေချင်ခဲ့သည်။ မင်းသားနှစ်က နှိမ့်ချတတ်ပြီး ရိုးသားတဲ့အပြင် သူ့အမေက ဆင်းရဲတဲ့မိသားစုမှာ မွေးလာတာဖြစ်လို့ ရုံးတော်မှာလည်း အဆက်အသွယ် အများကြီးမရှိတာကြောင့် သူ့ကို စစ်အာဏာပေးဖို့က အသင့်တော်ဆုံးဖြစ်သည်။ စစ်သူကြီးကျန့်ယွမ်ရဲ့ စစ်အာဏာကို ပြန်ရယူဖို့လည်း အခွင့်အရေးရနိုင်ပြီး ရုံးတော်အတွင်း အခြေအနေကိုပါ ထိန်းနိုင်လိမ့်မည်။

မင်းသားငါးကတော့ ရုံးတော်မှာ ဂိုဏ်းဂဏအုပ်စုတွေဖွဲ့ရင် အမြဲထိပ်ဆုံးက ဖြစ်သည်။ ဧကရာဇ်က သူ့အမေကိုတော့ သဘောကျပေမဲ့ သူ့ကိုတော့ ဘဝင်မကျချေ။ သူက ရည်မှန်းချက်ကြီးပြီး လူအများကြားမှာလည်း နာမည်ကောင်းထွက်နေတာမလို့ အိမ်ရှေ့စံရဲ့နေရာကို ထိခိုက်လာနိုင်တာကြောင့် သူ့ကို စစ်အာဏာမပေးခဲ့တာပင်။

ဒါပေမဲ့ မင်းသားနှစ်က ငါးဆားနယ်ဖြစ်နေမယ်လို့ မထင်ထားခဲ့ချေ။ သူမြောက်ပိုင်းကို သွားရမယ်ဆိုတဲ့ သတင်းကြားတာနဲ့ နေမကောင်းဖြစ်သည်။ အရင်ဆုံး မြားဒဏ်ရာကြောင့် အိပ်ရာထဲ သုံးလလောက် လှဲနေခဲ့သေး၏။ စစ်သူကြီးကျန့်ယွမ် ရိက္ခာစုဆောင်းတဲ့ အချိန်တုန်းကလည်း အအေးမိတယ်ဆိုကာ အချိန်ဆွဲခဲ့ပြန်သည်။

ဧကရာဇ်က သူ့ကိုထောက်ပံ့ပေးချင်ပေမယ့် သူကိုယ်တိုင်ကိုယ်က သုံးစားမရတာပင်။

ဧကရာဇ်မှာတော့ စိတ်ရှုပ်နေရသည်။

ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ မြောက်ပိုင်းပုန်ကန်မှုကို ချေမှုန်းဖို့ စစ်သူကြီးကျန့်ယွမ်ကိုပဲ တာဝန်ပေးလိုက်ရ၏။

ဧကရာဇ်က စစ်သူကြီးကျန့်ယွမ်လို အပြင်လူကို စစ်အာဏာပေးလိုက်ရတာကို စိတ်မချပေ။ ဒါပေမယ့် ကံကောင်းတာက စစ်သူကြီးကျန့်ယွမ်မှာ သားသမီးမရှိသလို ဆက်ခံသူလည်း မရှိ‌တာကြောင့် ပုန်ကန်မယ်ဆိုရင်တောင် အင်အားရှိမည် မဟုတ်။

ဧကရာဇ်က ဤသို့နှယ် စီစဉ်ထားခဲ့ပေမယ့် စစ်သူကြီးကျန့်ယွမ်က မြင်းတပ်ဗိုလ်မှူးကို တစ်ခြားသူနဲ့မတူဘဲ ထူးထူးခြားခြား ဆက်ဆံနေတာကို မြင်လိုက်ရသည်။

ရုံးတော်မှာ အရပ်သားနှင့် စစ်တပ်အရာရှိပေါင်း ထောင်ကျော်ရှိပြီး အဆင့်သုံးနှင့်အထက် အရာရှိတွေမှာ ရာကျော်ရှိသည်။ ဧကရာဇ်က အရာရှိငယ်လေးတွေကို အထင်ကြီးတာမျိုးမရှိပေမယ့် ဒီဆယ့်ခြောက်နှစ်ပင် မကျော်သေးတဲ့ လူငယ်လေးကိုတော့ အထင်ကြီးမိသည်။

ဆောင်းငှက်တောင်အမဲလိုက်ပွဲမှာ တစ်ခါပဲတွေ့ဖူးပြီး စစတွေ့တည်းက တော်တော်အထင်ကြီးခဲ့၏။ ထိုအချိန်တုန်းက မိတ်ဆွေဟောင်းတစ်ယောက်လို ခံစားရခဲ့ပေမယ့် ဧကရာဇ်က အရက်နည်းနည်းမူးနေတာကြောင့် ဒီတိုင်းမူးနေလို့ အဲ့လိုထင်ခဲ့တယ်ပဲ ဟု တွေးကာ သိပ်အာရုံမထားဖြစ်ခဲ့။

အဲဒီနောက် စစ်သူကြီးယွင်နဲ့ စစ်သူကြီးကျန့်ယွမ်က ခဏခဏ သူ့ကို အကြံပြုပေးနေတော့ ဧကရာဇ်ရဲ့ အာရုံကို ဆွဲဆောင်လာခဲ့တော့သည်။ ဧကရာဇ်ကလည်း သူတို့ ဘာလို့ အဲ့လောက်ထိ အကြံပြုပေးနေရလဲဆိုတာ သံသယဝင်လာခဲ့၏။ သူတို့နှစ်ယောက်လုံးဟာ သူတို့လူတွေကိုပဲ ရုံးတော်မှာ နေရာချထားချင်ကြသည်။ ဧကရာဇ်ကလည်း ထိုလူငယ်လေးကို အထင်ကြီးစရာကောင်းတာကိုတော့ အမဲလိုက်ပွဲမှာ တွေ့ဖူး၍ တော်ကြောင်းကိုတော့ လက်သင့်ခံမိသည်။ ပြီးတော့ သူက အဆင့်လေး အဆင့်ငါးအရာရှိ လောက်သာ ရှိဦးမည်။

သို့သော်ငြား ဒီနေ့ယွင်ကျိုးက ပွဲမှာတော့ ဧကရာဇ်က သိပ်မသောက်ထား၍ အသိစိတ် ရှိနေပြီး နေရောင်အောက်မှာ ဒီလူငယ်ကို တွေ့လိုက်ရာ ခဏတာ မှင်သက်နေသည်။ ဒီလူငယ်လေးရဲ့ ရုပ်ရည်မှာ တစ်ယောက်သောသူနှင့် တူနေသလိုမျိုး ခံစားနေရကာ မျက်နှာပေါက်က သိပ်အတူကြီး မဟုတ်ပေမယ့် ထိုတစ်ယောက်သောသူနှင့် နေ့ရောညပါ အတူရှိနေခဲ့တဲ့ ဧကရာဇ်မှာတော့ အဲဒီမျက်နှာအမူအရာတွေကို မှတ်မိနိုင်သည်။

သို့ပေမယ့် ဧကရာဇ်က သူ အထင်မှားနေတယ်ဆိုပြီး ချက်ချင်း ရယ်မိလိုက်၏။ ဒီကမ္ဘာမှာ ဘယ်သူကများ မျက်လုံးနှစ်လုံးနဲ့ နှာခေါင်းမပါဘဲ မွေးလာတာမလို့လဲ။ နည်းနည်းတူနေတော့ရော ဘာများထူးဆန်းလို့လဲ။

ဒီလူငယ်လေးက နင်းဖူမင်းသားရဲ့ တရားမဝင်သားပင်။ သူ ထိုမိန်းကလေးကို ယွင်ကျိုးမှာ တွေ့တွေ့ချင်း နန်းတော်ထဲ ခေါ်ဆောင်ခဲ့ပြီး ကိုယ်လုပ်တော်အဖြစ် ထားခဲ့ကာ သူမဟာ နန်းတော်ထဲမှာပဲ နေခဲ့ရပြီး ငယ်ငယ်ကနေ မသေဆုံးခင်အထိ နန်းတော်ကြီးထဲ ချောက်ကျနေတာခဲ့တာမလို့ နင်းဖူမင်းသားရဲ့ မျက်နှာကိုတောင် မြင်ဖူးမှာမဟုတ်ပေ။

သူ အမှတ်မှားနေတာလား။

ဤသို့ဖြင့် ပွဲခန်းမထဲမှာ လူငယ်လေးကို လှမ်းလှမ်းမကြည့်ဘဲနဲ့လည်း မနေနိုင်ချေ။

အဲလိုနဲ့ စစ်သူကြီးကျန့်ယွမ်က မြေခွေးအိုကြီးပဲဆိုတာ သိလိုက်ရသည်။ သူ ဘာမှတော့ မပြောပေမယ့် စစ်သူကြီးကျန့်ယွမ်ရဲ့ အမိန့်အရ ဒီလူငယ်လေးကို လေးစားသမှုတော့ ပြုကြသည်။

ဤသည်မှာ မြင်းတပ်ဗိုလ်မှူးအဖြစ် ရာထူးတိုးခဲ့ရတဲ့ ထိုလူငယ်လေးက စစ်တပ်ထဲမှာ ရာထူးမြင့်ကြောင်း ပြနေ၏။

စစ်သူကြီးကျန့်ယွမ်က ဆက်ခံသူကို သတိထားပြီး ရှာနေတာဖြစ်တာကြောင့် ဒါကကောင်းတဲ့ကိစ္စတော့မဟုတ်။

ဧကရာဇ်ရဲ့ သတိပေးချက်ခေါင်းလောင်းကြီးမှာ စိတ်ထဲတွင် ကျယ်ကျယ်လောင်လောင် မြည်နေလျက် စစ်သူကြီးကျန့်ယွမ်နဲ့ လူငယ်လေးကို ငြိမ်ငြိမ်လေး ကြည့်နေလိုက်သည်။

လုဟွမ်က ဧကရာဇ်ရဲ့ အကြည့်တွေကို ရိပ်မိနေတာကြောင့် ဧကရာဇ်ရဲ့အတွေးတွေ အားလုံးကို ဖတ်နိုင်နေပေမဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ခေါင်းငုံ့သောက်နေပြီး လူအုပ်ကြီးထဲ ဝင်ရောဖို့ လုပ်တော့၏။

အရက်ခွက်မြှောက်ဂုဏ်ပြုနေတဲ့အချိန်မှာ သူ့အကြည့်တွေက ဧကရာဇ်ရဲ့ မျက်နှာဆီ ရောက်မှန်း မသိရောက်သွားတော့သည်။

တာအိုသူတော်စင်ပြောတဲ့ နောက်ခံမျိုးရိုးအကြောင်း မသိခင်အထိ လက်ရှိဧကရာဇ်နဲ့ အမျိုးတော်စပ်နေမယ်လို့ သူ မထင်ထားခဲ့ပေ။ သိပြီးနောက်မှာလည်း မယုံနိုင်သေးဘဲ သူတော်စင် လုပ်ကြံပြောနေတယ်လို့ပဲ ထင်ခဲ့ပေမယ့် သူ့ရုပ်ရည်က ဧကရာဇ်နဲ့ ဆင်နေတာကိုတော့ ဝန်ခံရလိမ့်မည်။

လုဟွမ်ရဲ့ မျက်လုံးတွေမှေးလာပြီး မျက်ခုံး‌တို့ဟာလည်း တွန့်ကျိုးကုန်သည်။

ပွဲက မနက်ကနေ ညအထိကြာပြီး အရာရှိတွေမှာလည်း အသေမူးအောင် သောက်နေကြကာ စစ်သူကြီးကျန့်ယွမ်လည်း ဆက်သောက်နေသေးသည်။ လုဟွမ်လည်း နည်းနည်းသောက်ထားပေမယ့် မမူးသေးပေ။

မစ်ရှင် ၁၁ က ပွဲမှာ လုပ်ကြံသူရှိလာလိမ့်မယ် ပြော၍ ဒီညဖြစ်လောက်မည်။

ကြိုကာကွယ်လို့ရအောင် နန်းတော်ကို အသိပေးမယ်ဆိုရင် သံသယတွေကတော့ မလွဲမသွေဖြစ်လာကြမှာ စိုးတာကြောင့် လုဟွမ် ဘာမှမပြောခဲ့။ သူ့ရဲ့မျက်လုံးနက်တွေက ရှေ့က ဝိုင်ခွက်ကိုသာ ကြည့်နေပြီး လုပ်ကြံမှုဖြစ်မှာကို ငြိမ်သက်စွာစောင့်နေလိုက်၏။

လုပ်ကြံသူရဲ့ အထောက်အထားကို ခန့်မှန်းဖို့က လွယ်လှသည်။

အရင်တခေါက် ဆောင်းငှက်တောင်အမဲလိုက်ပွဲက လုပ်ကြံသူတွေမှာ လုပ်ရဲကိုင်ရဲတဲ့ လူတွေ မဟုတ်ပေမယ့် ဒီတစ်ခေါက်မှာတော့ တော်တော်အန္တရာယ်များတဲ့လူတွေ ဖြစ်လိမ့်မည်။

ယွင်ကျိုးပြည်က တစ်နှစ်ပတ်လုံး နှင်းတွေနဲ့ဖုံးလွှမ်းနေပြီး မြောက်ပိုင်းနဲ့နီးသည်။ အခုမြောက်ပိုင်းက လူတွေဟာ တိုက်ပွဲတွေပဲ ဖြစ်နေတာကြောင့် အလုပ်လုပ်ဖို့ မဖြစ်နိုင်တဲ့အပြင် ဧကရာဇ်က ဒီကိုလာဖို့ကို အချိန်ယူခဲ့ရ၏။ သူက တော်ဝင်မျိုးနွယ်တွေကို လေးစားသမှုပြဖို့ လာခဲ့ပေမယ့် မြောက်ပိုင်းသူပုန်တပ်တွေရဲ့ အမြင်မှာတော့ ဧကရာဇ်မှာ မထင်ရင် မထင်သလိုလုပ်တတ်ပြီး ကြမ်းတမ်းလှပေသည်။ အဲတာကြောင့် သူတို့ ဒီတိုင်းငြိမ်မနေဘဲ မြောက်ပိုင်းနန်းတော်က မြို့တော်လိုမျိုး အစောင့်အကျပ်မထူတာကို အခွင့်ကောင်းယူကာ ဧကရာဇ်ကို တစ်ခါတည်းနဲ့ ဖြုတ်ချချင်ကြသည်။

ပြဿနာကတော့ သူ့ကို ဘယ်လို ကယ်ထုတ်ရမလဲဆိုတာပါပဲ။

လုဟွမ်တစ်ယောက် စစ်သူကြီးကျန့်ယွမ်နှင့်တကွ တစ်ခြားသောအရာရှိတွေနောက် လိုက်သွားတုန်းက ဒီနန်းတော်ရဲ့မြေပုံကို အကြမ်းဖျဉ်း မှတ်ထားခဲ့သည်။

ဧကရာဇ်က အလင်းထဲမှာရှိနေပြီး လုပ်ကြံသူတွေကတော့ အမှောင်ထဲကနေ လာမှာဖြစ်လို့ သူတို့ ဘာမှမလုပ်ခင် ဖမ်းနိုင်ဖို့က မဖြစ်နိုင်သလောက်ပါပင်။

အဲတာကြောင့် သူတို့လှုပ်ရှားလာမှာကိုသာ စောင့်ဖို့ရှိတော့၏။

လုဟွမ်က စိတ်ထဲမှာ အစီအစဉ်တွေဆွဲနေသည်။ သူသာ အစောင့်အကျပ်များတဲ့ နန်းတော်ထဲက ဧကရာဇ်ကို လုပ်ကြံချင်တယ်ဆို ဘာများလုပ်မလဲ။ နန်းတော်ကို တည့်တိုးကြီးဝိုင်းပြီး အစောင့်တွေကို သတ်ကာ ဧကရာဇ်နားရောက်ဖို့ကတော့ မဖြစ်နိုင်ပေ။ တော်ဝင်အစောင့်တွေက လုပ်ကြံသူတွေကို မနိုင်ဘူးဆိုရင်တောင် ယွင်ကျိုးအပြင်မှာက ကျန့်ယွမ်ရဲ့တပ်တွေ ရှိနေသေးတာမလို့ အချက်ပြမီးတစ်ချက်ဖောက်လိုက်တာနဲ့ ဝင်လာပြီး လုပ်ကြံသူတွေကို ဝိုင်းလာကြလိမ့်မည်။ တစ်ခုတည်းသော နည်းလမ်း‌ကတော့ ကျွမ်းကျင်သူတွေက ရုပ်ဖျက်ကာ နန်းတော်ထဲ ခိုးဝင်၍ အာရုံလွှဲပြီး ကမောက်ကမ ဖြစ်နေတဲ့အချိန်၌ ဧကရာဇ်ရဲ့ခေါင်းကို ယူဖို့သာရှိတော့၏။

ထိုသို့သာဆို ကျားမြီးဆွဲသလိုမျိုး ရုတ်တရက် အဖြစ်အပျက်ကြီးတခု ဖြစ်လာလိမ့်မည်။

ထင်တဲ့အတိုင်းပင် ညသန်းခေါင်ကြီး အရာရှိတွေ ဝိုင်သုံးအိုးလောက် သောက်ပြီးတဲ့အချိန် ချင်းလန်ရုံးတော်ဆိုတဲ့ နန်းတော်ထဲက နေရာတစ်ခု ရုတ်တရက် မီးထလောင်၏။ အရာရှိတွေအားလုံး အထိတ်တလန့် ထလိုက်ကြပေမဲ့ အထိတ်လန့်ဆုံးကတော့ ဧကရာဇ်ဖြစ်ပြီး ချက်ချင်းပင် ဒေါသတကြီးနဲ့ တော်ဝင်အစောင့်တွေကို အော်တော့သည်။

"ဘာလုပ်နေကြတာလဲ။ မီးသွားငြိမ်းကြလေ။ ချင်းလန်ရုံးတော်မှာ အပျက်အစီးရှိလို့ကတော့ မင်းတို့တွေ အပြစ်ပေးခံရမယ်မှတ်"

တော်ဝင်သက်တော်စောင့်ခေါင်းဆောင်မှာ ချင်းလန်ရုံးတော်ထဲက ပန်းချီကားတွေဟာ တောင်ဝင်မျိုးနွယ်တွေရဲ့ ပုံတူပန်းချီတွေ ဖြစ်တာမလို့ ပြန်မယူနိုင်ရင် မီးထဲပါသွားပြီး သူတို့ခေါင်းတွေလည်း အဖြတ်ခံရမယ်ဆိုတာ သိသည်။ အဲတာကြောင့် ထိတ်လန့်တကြားဖြင့် လူတွေကို ဦးဆောင်ကာ မီးငြိမ်းဖို့လုပ်ကြတော့၏။

မြင်ကွင်းဟာ ရုတ်ချည်းဆိုသလို အုတ်အော်သောင်းနင်း ဖြစ်သွားသည်။

ဧကရာဇ်က ချင်းလန်ရုံးတော်ကို အမြန်သွားပြီး နောက်ကနေ စစ်သူကြီးကျန့်ယွမ်နဲ့ တစ်ခြားသူတွေလည်း လိုက်လာကြသည်။ ဒီအချိန်ဟာ လုပ်ကြံသူတွေ အခွင့်ကောင်းယူပြီး လှုပ်ရှားဖို့အတွက် အချိန်ကောင်း ဖြစ်တယ်လို့ လုဟွမ် ထင်လိုက်သည်။

ထင်တဲ့အတိုင်းပင် ခဏကြာတော့ မြင်ကွင်းက ရုတ်တရက်ပြောင်းလဲသွား၏။ ယွင်ကျိုးပြည်နယ်ရဲ့ မြို့စားဖြစ်သူဟာ မျက်နှာပေါ်က အရေပြားကို ဆွဲခွာလိုက်ပြီး ဧကရာဇ်ရဲ့ သက်တော်စောင့်တချို့နဲ့အတူ ဧကရာဇ်အနား ချဉ်းကပ်လာလေသည်။ သူက ခါးကြားမှ အပ်နှင့် အပ်ချည်ကို ဆွဲထုတ်လိုက်၏။ အပ်နဲ့အပ်ချည်ဆိုသည်မှာ သာမန်ဖြစ်ပေမဲ့ သေချာလေ့ကျင့်ထားတဲ့သူတွေ ကိုင်ထားပြီး အရှိန်မြန်မြန်ဖြင့် ရောက်လာပါက ရွံ့စေးဖြတ်သလို အသားတွေ ပြတ်ထွက်သွားနိုင်ပြီး ဓားချွန်တစ်လက်ထက်တော့ နိမ့်မနေပေ။ ဓားတွေကို ပွဲထဲမှာ ကိုင်ဆောင်ခွင့် မပေးထားတာကြောင့် ဒီလက်နက်တစ်ခုတည်းသာ သုံးလို့ရသည်။

စစ်သူကြီးကျန့်ယွမ်အပါအဝင် ဘေးနားကအရာရှိတွေမှာ ဒီလိုဖြစ်မယ်လို့ မထင်ထားကြတာမလို့ မျက်ဆံအိမ်တွေ ကျုံ့သွားကြပြီး စစ်ကူခေါ်ကြတော့၏။

"ဧကရာဇ်ကို ကာကွယ်ကြ"

သူတို့သာ သတိမထားမိရင် ဧကရာဇ်က တစ်ခုခုဖြစ်သွားနိုင်သည်။

ကံကောင်းတာက လုဟွမ်က ကြိုအသင့်ပြင်ထားပြီးဖြစ်ပြီး ထုပ်တန်းတွေ မီးလောင်ပြီးတဲ့နောက် ကျနေသည့် မီးစွဲနေတဲ့ သစ်သားချောင်းတွေကို ကောက်ကာ ပစ်လိုက်၏။

အလွန်ပါးလွှာတဲ့ ချည်မျှင်လေးက ဧကရာဇ်ရဲ့ ဆံပင်ကို မထိခင်မှာပင် မီးတုတ်ကြောင့် ပြာကျသွားသည်။

စုရှီတစ်ယောက် ကျောင်းကနေအိမ်ကို အမြန်ပြန်လာ၏။ မစ်ရှင်၁၁ မပြီးမှာကို သူ မကြောက်ဘဲ ဧကရာဇ်ကို ကယ်ရင်းနဲ့ ကျိုက်ကျိုက် ထိခိုက်သွားမှာကို ကြောက်နေခဲ့သည်။ သို့ပေမယ့် သူ လိုင်းပေါ်ရောက်တာနဲ့ တပြိုင်နက် စခရင်ပေါ်တွင် စာတစ်ခုကျလာသည်။ [မစ်ရှင်၁၁ကို အောင်မြင်တဲ့အတွက် ဂုဏ်ပြုပါတယ်-ဧကရာဇ်ကို လုပ်ကြံခံရမှုမှ ကယ်တင်ပါ။ မစ်ရှင် ရလဒ် ရွှေဒင်္ဂါး ၁၀၀၀ နဲ့ ၁၅ မှတ်ပါ]

ဒီလောက်မြန်မြန် ပြီးသွားတာလား။ ကျိုက်ကျိုက်က အရမ်းမိုက်တာပဲ။ စုရှီကတော့ ကျေနပ်အံ့ဩနေ၏။ အမှတ်က အရင်တစ်ခေါက်၁၀၂မှတ်ရှိပြီး အခုတော့ချက်ချင်းကြီး၁၂၇မှတ် ဖြစ်သွားပြီပင်။

ဘာဖြစ်သွားတာလဲ။ စုရှီ ရုတ်တရက် မှင်သက်သွားသည်။ အသစ်ပြီးသွားတဲ့ မစ်ရှင်တွေက အမှတ်တွေအပြင် နောက်ထပ်ဆယ်မှတ်က ဘယ်က ရောက်လာတာလဲ။ တကယ်လို့ ကျိုက်ကျိုက်က စာအုပ်တွေမှာ မှတ်ချက်တွေ အများကြီးရေးပြီး ဒိုက်ထိုးတာ ခဏခဏလုပ်နေတယ်ဆိုရင်တောင် အပို၁၀မှတ်ရဖို့က မဖြစ်နိုင်ပေ။

စုရှီ ခေါင်းထဲမှာ မေးခွန်းတွေ အပြည့်ဖြစ်သွားတော့၏။ စနစ်က မစ်ရှင်တစ်ခုခုကို သူ့အလိုလို ပြီးအောင်လုပ်ပြီး အပို၁၀မှတ်ပေးတယ်လို့ ထင်နေသည်။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အမှတ်တွေ မြန်မြန်တိုးလေလေ စုရှီက ပိုပျော်လေလေပဲဖြစ်သည်။ ဂိမ်းသဘောသဘာဝအရ အမှတ်၂၀၀ပြည့်ရင် လက်ဆောင်အထုပ်ကြီးရမှာ မလို့ပင်။

ကျိုက်ကျိုက်ကို နန်းတော်ထဲမှာတွေ့တော့ လုပ်ကြံသူတွေက အဖမ်းခံထားရပြီဖြစ်ပြီး ဧကရာဇ်ကိုယ်တိုင် စစ်မေးနေ၏။ ကျိုက်ကျိုက်၊ စစ်သူကြီးကျန့်ယွမ်နဲ့ တခြားသူတွေမှာတော့ တစ်ဖက်တစ်ချက်စီ ရပ်နေကြသည်။

စုရှီက ကျိုက်ကျိုက်ဟာ ဧကရာဇ်ကို ရဲရင့်စွာ ကယ်တင်ခဲ့ပြီး ဧကရာဇ် သူ့ကို အမြင်ပိုကြည်လာအောင် လုပ်မယ်လို့ တွေးခဲ့မိသည်။ ဒါပေမယ့် ကျိုက်ကျိုက်က ကျောက်စိမ်းပြားကို ဧကရာဇ်မြင်အောင်ထုတ်ပြပြီး သူ့ဂုဏ်ပုဒ်ကို ပြန်ရယူချင်တဲ့ပုံ ပေါ်မနေချေ။

ကြည့်ရတာ တာအိုသူတော်စင်ရဲ့ စကားတွေကို မှန်မမှန် သံသယဝင်နေပုံရ၏။

ဒါပေမယ့် စခရင်ရှေ့က စုရှီမှာတော့ တာအိုသူတော်စင်ရဲ့ စကားတွေ မမှားနိုင်ဘူးဆိုတာ သိသည်။

ကျိုက်ကျိုက်က မင်းသားကိုးဆိုတဲ့ဂုဏ်ပုဒ်ကို ပြန်မယူသေးတာမလို့ စုရှီမှာလည်း တုံ့ဆိုင်းနေမိသည်။ ကျောက်စိမ်းပြားကို အတင်းဆွဲထုတ်ပြီး ဧကရာဇ်မြင်အောင်လုပ်ကာ ကျိုက်ကျိုက်ကို ကူညီပေးရမလား မသိပေ။

အရင်ကလိုဆိုသာဆို စုရှီက ဂိမ်းရဲ့အဆုံးသတ်ပန်းတိုင်ထိ ရောက်အောင် လုပ်ပြီး ဂိမ်းရဲ့ဇာတ်ဆောင်ကို ထီးနန်းရအောင်လို့ သေချာပေါက် လုပ်မည်ဖြစ်ပေမယ့် ကျိုက်ကျိုက်က ထီးနန်းလုအရှုပ်တော်ပုံမှာ မပါချင်ကြောင်း သိလိုက်ရသည်။

ဒါက စုရှီကို အကျပ်အတည်းထဲ ရောက်စေတာပင်။

ပန်းတိုင်က အရေးကြီးပေမယ့် ကျိုက်ကျိုက်ရဲ့ ဆန္ဒကိုလဲ မလွန်ဆန်ချင်ပေ။

သူ စခရင်ပေါ်က ကျိုက်ကျိုက်ကိုရော ဧကရာဇ်ကိုပါ အကြာကြီးကြည့်နေမိသည်။ နောက်ဆုံးတော့လည်း ဧကရာဇ်မြင်အောင်လို့ ကျိုက်ကျိုက်ရဲ့ ကျောက်စိမ်းပြားကို အတင်းဆွဲထုတ်လိုစိတ် မရှိတော့။

ဒါပေမယ့် စုရှီကတော့ သွေးသားရင်းချာတွေဟာ အချင်းချင်း ထူးဆန်းနေလိမ့်မယ်လို့တော့ မထင်မိ။ ကျောက်စိမ်းပြားကို သက်သေအဖြစ် မပြသည့်တိုင် လုဟွမ် ဒီနေ့ ကယ်တင်လိုက်ခြင်းက ဧကရာဇ်ကို အသက်ရှူချောင်စေသည်။ ထိုအချိန်တုန်းက သူ့လည်ပင်းကို ဖြတ်မဲ့ကြိုးကို ကြောက်လို့မဟုတ်ဘဲ လုဟွမ်၌ ရင်းနှီးတဲ့ပုံရိပ်ကို တွေ့လိုက်ရတာကြောင့်ပင်။

ဧကရာဇ်က လုပ်ကြံသူတွေကို စစ်မေးနေတဲ့အခါတွင် စိတ်နဲ့လူနဲ့မကပ်ဖြစ်နေကာ သူ့အကြည့်တွေက လုဟွမ်ဆီမှာပဲ ကျရောက်လို့နေသည်။

ဆုချီးမြင့်ဖို့တောင် မေ့နေသည်အထိ သူ့မျက်နှာထားမှာ သိပ်မကောင်းလှဘဲ သူ့လူတွေကို လုပ်ကြံသူတွေအား တရားရုံးတော်ဆီ ခေါ်ဆောင်သွားဖို့ လက်ပြလိုက်ပြီး အားလုံးကို နှင်ထုတ်လိုက်သည်။

လုဟွမ်၊ စစ်သူကြီးကျန့်ယွမ်နှင့် တစ်ခြားသူတွေမှာတော့ နန်းတော်ကနေ ထွက်ပြီး မြို့ပြင်စခန်းချရာဆီသို့ ပြန်လာခဲ့ကြသည်။ ဒါပေမယ့် မပြန်ခင် မြို့ပြင်တစ်နေရာကို သူ အရင်သွားလိုက်သည်။ ချန်ချွင်းဘုရားကျောင်းက ထွက်လာအပြီးမှာ သေချာစုံစမ်းဖို့ လူတွေလွှတ်လိုက်တော့ ကိုယ်လုပ်တော်ချင်းဟာ ယွင်ကျိုးမှာ မွေးခဲ့ကြောင်း သိလိုက်ရ၏။ ဧကရာဇ်က သူ့ကို တော်ဝင်ဂူဗိမာန်မှာပဲ သင်္ဂြိုလ်ခဲ့ပြီး အရမ်းသတိရတာကြောင့် အမှတ်တရကျောက်တိုင်ပါ တည်ထားပေးခဲ့သည်။

ကျောက်တိုင်ကိုလည်း တင်းကြပ်စွာ အစောင့်အကျပ်ချထားပြီး လုဟွမ်မှာတော့ ဘယ်သူမှ သတိမထားမိဘဲ ခိုးဝင်နိုင်ဖို့အတွက် သူ၏ အရမ်းတော်တဲ့ သိုင်းပညာတွေကို အသုံးချခဲ့ရသည်။

ညဘက်မှာ အလွန်အေး၏။ ယွင်ကျိုးမှာ မြောက်ပိုင်းနှင့် နီးတာကြောင့် ရာသီဥတုက အတော်အေးလှပြီး နှင်းခဲလွှာလေးတွေတောင် မြေပြင်ပေါ်မှာ ထူနေပြီဖြစ်သည်။ မကြာသေးမီက လူလာသွားပုံရပြီး အမျိုးသမီးကြိုက် လက်ဝတ်ရတနာသေတ္တာတစ်ခု ရှိနေသည်။ ဧကရာဇ်က သူမကို စွဲလမ်းနေတယ်လို့ ထင်ရ‌ပေမဲ့ ပတ်ဝန်းကျင်မှာတော့ အေးစက်ပြီး ဝမ်းနည်းစရာကောင်းနေသည့်အပြင် အထီးကျန်ဆန်လှ၏။

လုဟွမ် မျက်လွှာချပြီး ကျောက်တိုင်ကို အမည်မဖော်နိုင်သည့် မျက်နှာထားမျိုးဖြင့် ကြည့်နေမိသည်။

စုရှီ သူ့လက်ကို တို့လိုက်တော့မှ အသိစိတ်ပြန်ကပ်လာပြီး မျက်နှာထားမှာလည်း ပျော့ပျောင်းသွားတော့၏။

"မင်းရောက်နေတာပဲ"

ကျိုက်ကျိုက်မှာ ဘယ်လိုပဲ သူတော်စင်ရဲ့ စကားတွေကို မယုံပါစေအုန်းတော့ သူ့မွေးမိခင်ဖြစ်တဲ့ ကိုယ်လုပ်တော်ချင်းရဲ့ အဖြစ်အပျက်ကိုတော့ ရင်ထဲ ထိလိမ့်မည်လို့ စုရှီ တွေးမိသည်။ သို့သော် သူ၏ မွေးမိခင်အပေါ် ဘာထင်မြင်ချက်မှ မရှိချေ။ ကိုယ်လုပ်တော်ချင်း မပြောနှင့် နင်းဖူမင်းသားရဲ့ ချစ်ရပါသော ကိုယ်လုပ်တော်ကိုတောင် ဘယ်လိုပုံစံလဲ သူမသိချေ။ သူသည် နင်းဖူမင်းသားအိမ်တော်၌ ‌ကြီးပျင်းခဲ့ရုံလေးသာ။ သူက အဆင့်အတန်းရှိပေမယ့် တကယ်တမ်းကျတော့ မိဘမဲ့တစ်ယောက်ထက် ပိုဆိုးနေသည်။

စုရှီစိတ်ထဲ သနားနေပြီး နူးညံ့သည့် အသံဖြင့်မေးလိုက်သည်။

"ရှင်ဘာတွေ စဉ်းစားနေတာလဲ"

ကျိုက်ကျိုက်က ကျောက်တိုင်ကို ကြည့်လျက်ပြော၏။

"သူက လူကောင်းတစ်ယောက် ဖြစ်ခဲ့လိမ့်မယ်လို့ ကိုယ်တွေးနေတာ။ ကံမကောင်းတာက ဧကရာဇ်က အကြင်နာတရားမရှိဘူး။ ကိုယ် သူ့မျက်နှာကိုတောင် တစ်ခါမှမမြင်ဖူးဘူး။ ကိုယ်ကြားတာတော့ နန်းတော်ထဲက သူ့ပုံတူပန်းချီတွေအကုန် မီးလောင်သွားပြီတဲ့"

ကိုယ်လုပ်တော်ချင်း သေဆုံးပြီးတဲ့နောက်မှာ ဧကရာဇ်က အချိန်အတော်ကြာ စိတ်လွတ်နေခဲ့ပြီး ကိုယ်လုပ်တော်ချင်း နေထိုင်ရာကို မီးရှို့ခဲ့သည်။

ဒါပေမယ့် မီးရှို့ပြီးတဲ့နောက်မှာတော့ စိတ်နဲ့လူနဲ့မကပ်ကာ အပြင်းအထန် နာကျင်ခဲ့ရလေသည်။ ထို့နောက် သူ့ကြောင့်နဲ့ပဲ ယွင်ကျိုးမှာ ယာယီနန်းတော် တည်ဆောက်ခဲ့၏။ ဧကရာဇ်ရဲ့ ရှုပ်ထွေးပွေလီလှတဲ့ ခံစားချက်တွေကိုတော့ တကယ်ကို နားလည်နိုင်စရာမရှိပေ။

စုရှီလည်း သက်ပြင်းချရုံမှတပါး မရှိတော့။ ခဏလောက် စဉ်းစားနေပြီးတော့ ပြောလိုက်သည်။

"ဝမ်းမနည်းပါနဲ့ အနည်းဆုံးတော့ ကျွန်မ ရှင်နဲ့ အတူရှိပါသေးတယ်"

လုဟွမ်က ညကောင်းကင်ယံမှာ ပေါ်လာတဲ့ စာကြောင်းတွေကို ကြည့်ပြီး တွန့်ကျိုးနေတဲ့မျက်ခုံးတွေမှာလည်း ပြေလျော့သွားကာ ပြောလာသည်။

"အင်း"

နောက်နေ့မှာတော့ ‌ကျန့်ယွမ်ရဲ့စစ်တပ်က ခရီးဆက်ခဲ့သည်။ အဲဒီညက ယွင်ကျိုးရဲ့ ယာယီနန်းတော်ထဲမှာ ဧကရာဇ် မအိပ်ခဲ့ရပေ။ သူက လူတွေကို တိတ်တဆိတ် ခေါ်ပြီး အမိန့်ပေး၏။

"ကိုယ်လုပ်တော်ချင်းရဲ့ ကိစ္စကို လျို့ဝှက်ပြီး စုံစမ်း။ သူ ကိုယ်ဝန်ပျက်ကျခဲ့တယ်လို့ ပြောခဲ့တဲ့ တော်ဝင်သမားတော်ကို ရှာပြီး နောက်တစ်ခေါက် သေချာ ထပ်မေးခဲ့"

မြောက်ပိုင်းနယ်စပ်မှာ နှင်းတွေ ဝေ့သီနေပြီး အခြေအနေကတော့ စိုးရိမ်‌စရာပင်။ စစ်သူကြီးကျန့်ယွမ်တို့ စစ်တပ်ရောက်လာချိန်မှာ နယ်စပ်တွင် အိမ်နီးချင်းနိုင်ငံမှ သူလျှိုတွေကို ဖမ်းမိခဲ့သည်။

အိမ်နီးချင်းနိုင်ငံက တပ်ဖွဲ့တွေကို မြို့ထဲ တိတ်တဆိတ်လွှတ်ထားပြီဖြစ်ပြီး စစ်ပွဲမီးတောက်က အချိန်မရွေး ထလောင်နိုင်လေသည်။

မြောက်ပိုင်းနယ်စပ်ကို မရောက်ခင်ကပင် လုဟွမ်မှာ အတော်လေးအလုပ်ရှုပ်နေရပြီး ရောက်ပြီးသွားတော့ ပိုတောင် အလုပ်ရှုပ်နေရသည်။

ပထမနှစ်ရက်မှာ စုရှီ စခရင်ပေါ်ကနေ မြောက်ပိုင်းနယ်စပ်လမ်းဘေးရှိ ဆာလောင်ငတ်မွတ်နေတဲ့ လူတွေကို တွေ့လိုက်ရပြီး အလောင်းတွေဟာလည်ူ တောင်လိုပုံနေသည်။ ဒီနေရာဟာ အရင်က အိုးအိမ်တွေနှင့် စားသောက်ဆိုင်တွေ ဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ အစုလိုက်အပြုံလိုက် သင်္ချိုင်းကြီးဖြစ်နေလေပြီ။ ကပ်ဘေးတွေနှင့် အဓိကရုဏ်းတွေမှာ နှစ်အဆက်ဆက် ပိုမို‌ဆိုးရွားလာခဲ့ပြီး ဒီနေရာကို ငရဲသဖွယ် ဖြစ်စေ၏။

အော့နှလုံးနာစရာ မြင်ကွင်းပင်။

ငါးရက်မြောက်နေ့မှာတော့ အိမ်နီးချင်းနိုင်ငံမှ သူလျှိုတွေက အရပ်သားနှစ်ယောက်ကို သတ်ခဲ့ပြီး ယန်တိုင်းပြည်စစ်တပ်က ဖမ်းမိခဲ့ကာ စစ်သူကြီးကျန့်ယွမ်မှာတော့ ဒေါသထွက်နေသည်။ အဲတာကြောင့် အရင်နေ့တွေက ဖမ်းမိခဲ့တဲ့ အိမ်နီးချင်းနိုင်ငံမှ မင်းသားတစ်ပါးကို မြို့ရိုးပေါ်တွင် ချိတ်ဆွဲပြီး အေးခဲသေသွားအောင် ထားခဲ့သည်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပေးဆပ်ရမယ်ဆိုကာ ယန်တိုင်းပြည်ဘက် လုံးဝနောက်မဆုတ်ဘူးဆိုတာကို ညွှန်ပြနေတာပင်။

ယင်းမှာ စနက်တံဖြုတ်လိုက်သလို ဖြစ်ကာ စစ်ပွဲပဋိပက္ခမှာလည်း စတင်ဖြစ်ပွား‌ခဲ့သည်။

စုရှီနဲ့ လုဟွမ် နှစ်ယောက်လုံးမှာတော့ မစ်ရှင်၁၂ကို တပြိုင်တည်း ရလိုက်ကြသည်။ [ပုန်ကုန်မှုကို ချေမှုန်းပါ၊ စစ်ရေးအရာမှာ ပံ့ပိုးပြီး ရန်သူတွေကို ပြန်ဆုတ်ခိုင်းပါ။ ဆုကြေးကတော့ ရွှေပြား၂၀၀၀နဲ့ ၁၈မှတ်ဖြစ်ပါတယ်]

ဒီလို နယ်စပ်ရှိ ငရဲတမျှ မြို့ကြီးနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ မစ်ရှင်တွေဆီလည်း အာရုံမရောက်နိုင်ကြတော့။

ဒီလိုသွေးချောင်းစီးတဲ့ မြင်ကွင်းမျိုးကို ပထမဆုံးမြင်လိုက်ရတာမလို့ စုရှီရဲ့ မျက်ခွံတွေမှာ လှုပ်ခါနေလျက်။

ဤသည်မှာ အလောင်းတွေ မြေပေါ်မှာကျနေတဲ့ ရှေးခေတ်ဒရာမာကားတွေနဲ့ ကွာလှပြီး စစ်သားတွေနဲ့ အရပ်သားတွေရဲ့ ပုပ်သိုးနေတဲ့ အလောင်းတွေက နေရာတိုင်းမှာ ပြန့်ကျဲနေသည်။ မြောက်ပိုင်းနယ်စပ်က ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား အေးနေပါစေ အလောင်းတွေကြားမှာ ဝဲနေ တက်နေတဲ့ ယင်ကောင်တွေ လောက်တွေက ရှိနေ၏။

အရပ်သားတွေမှာ နာကျင်မှုနဲ့အတူ စုဝေးနေကြပြီး အဝေးတစ်နေရာမှာ စစ်ပွဲ‌မီးတောက်များက တဟုန်းဟုန်းတောက်လောင်နေကာ ယန်တိုင်းပြည်ရဲ့ အလံမှာ လွင့်ထူနေလျက်ပင်။

စုရှီမှာ ပိုက်ဆံမရှိလို့သာ ဒီလိုလူသေတွေကို ကြည့်နေရပြီး အန်မိတော့မလိုတောင် ဖြစ်ရ၏။

စုရှီ သူ့မွေးနေ့မှာလည်း လုဟွမ်နဲ့ အချိန်ဖြုန်းလို့ မရတော့ပေ။ လုဟွမ်မှာ သံချပ်ကာဝတ်စုံ လဲလိုက်ပြီဖြစ်ပြီး တပ်ဖွဲ့ကို ဦးဆောင်ကာ မြောက်ပိုင်းနယ်စပ်သို့ ရှေ့တန်းကနေ သွားနေသည်။ စစ်ပွဲ‌မီးတောက်မှာလဲ ပြင်းထန်နေလျက် သူဟာ မြင်းပေါ်မှာပဲ အချိန်ကုန်နေရတာကြောင့် စုရှီနဲ့ စကားပြောဖို့ အချိန်မရှိပေ။

သူ စုရှီကို ဒီအချိန်ကာလမှာတော့ သူ့ရဲ့ စခရင်ပြားကြီးကို ဖွင့်မကြည့်စေချင်‌။ လုဟွမ်ဘက်မှာ သွေးချောင်းစီးနေတဲ့ မြင်ကွင်းတွေကို သူ မြင်ချင်မှာလည်းမဟုတ်။

ဒါပေမယ့် စုရှီကတော့ နေ့တိုင်း အသည်းတယားယားဖြစ်နေကာ သူ ခက်ခက်ခဲခဲ ပျိုးထောင်ခဲ့ရတဲ့ကလေးက စစ်ပွဲထဲမှာ ဒဏ်ရာရသွားမှာကို ကြောက်နေတာမလို့ အရင်က‌ထက်တောင် ဖုန်းကို ခဏခဏ ဖွင့်ကြည့်နေတတ်၏။

လုဟွမ်နဲ့ စစ်သူကြီးကျန့်ယွမ်တို့က တဲကုပ်ထဲမှာ ပြဿနာတွေကို ဆွေးနွေးနေကြသည်။ လုဟွမ်က ဗျူဟာအများကြီး ချနိုင်တာကြောင့် အရင်လတွေမှာ ယန်တိုင်းပြည်ဘက်က ခဏခဏအနိုင်ရခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေဟာ မြို့တွေကို ဆုတ်ခွာ‌ခဲ့ရသည်။

ဒါပေမယ့် အခုတော့ ပြဿနာအသစ် တစ်ခုရှိနေပြီး အိမ်နီးချင်း‌နိုင်ငံတွေဟာ မဆုတ်ခွာခင် လူကြီးလူငယ်၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို ရာနဲ့ချီ ကြိုး‌နဲ့တုပ်ပြီးမှ ဟွေ့ယန်တောင်ရှိ ချောက်ကြီးဆီသို့ ဆုတ်ကာ စစ်သူကြီးကျန့်ယွမ်စစ်တပ်ကို ပြန်ဆုတ်ဖို့ ခြိမ်းခြောက်သည်။

ဒီတစ်ကြိမ် သူတို့သာ ဆက်မတိုက်ဘူးဆိုရင် အိမ်နီးချင်းနိုင်ငံတွေက ဒီအခွင့်အရေးကို အသုံးချပြီး ပြန်လည်ထူထောင်ကာ ဆက်လက်ကျူးကျော်လာကြလိမ့်မည်။

ဒါပေမယ့် သူတို့ဆက်တိုက်မယ်ဆိုရင်လည်း ရာနဲ့ချီတဲ့ လူကြီးလူငယ်၊ အမျိုးသမီးနဲ့ ကလေးတွေအားလုံး လူမြင်ကွင်းမှာ ခေါင်းဖြတ်ခံရပေလိမ့်မည်။ သူတို့တွေက ယန်တိုင်းပြည်ရဲ့ သာမန်ပြည်သူတွေ ဖြစ်ပြီး သူတို့ရဲ့မိသားစုတွေကိုတော့ စစ်တပ်က မြို့ကို ပြန်ပို့ပြီးပြီဖြစ်သည်။ တကယ်လို့ သူတို့သာ လူတစ်ရာကျော်ရဲ့ အသက်ကို စွန့်လွှတ်ပြီး စစ်သူကြီးကျန့်ယွမ်ရဲ့စစ်တပ်က အနိုင်ရရှိခဲ့တယ်ဆိုရင်တောင် အနာဂတ်မှာ ယန်တိုင်းပြည်ရှိလူတွေက ထောက်ခံပေးကြတော့မည်မဟုတ်ပေ။

အခုချိန်မှာတော့ နည်းလမ်းတစ်ခုပဲရှိပြီး အဲတာကတော့ တပ်ဖွဲ့တစ်ဖွဲ့ကို ဟွေ့ယန်တောင်ချောက်ဆီ တိတ်တဆိတ်ခိုးဝင်ခိုင်းကာ လူတစ်ရာကျော်ကို ကယ်ပြီး ရန်သူတွေကိုပါ တစ်ရှိန်ထိုးသုတ်သင်ဖို့ပင်။

တဲကုပ်ထဲတွင် လုဟွမ်တစ်ယောက် မြေမျက်နှာသွင်ပြင်မြေပုံကို ရင်လေးစွာဖြင့် စိုက်ကြည့်နေမိ၏။ ဖယောင်းတိုင်မီးဟာ အလင်းနဲ့အမှောင်အကြားတွင် သူ့မျက်နှာတစ်ခြမ်းမှာ အရိပ်တစ်ခုကို ပေါ်စေ၏။

မြောက်ပိုင်းကိုမလာခင်ထဲက စုရှီမှာ ချီတက်တိုက်ခိုက်ရတယ်ဆိုတာ အရမ်းခက်ခဲမှန်း သိတာကြောင့် ကျိုက်ကျိုက် သိုင်းပညာလေ့ကျင့်တဲ့အခါ အတူလိုက်ကြည့်ခဲ့သည်။ ဒါပေမယ့် ဒီလောက်အန္တရာယ်များလိမ့်မယ်လို့တော့ သူမထင်ထားခဲ့။

ဓားတွေနှင့် လှံတွေမှာ မျက်စိမပါပေ။ ကျိုက်ကျိုက်ရဲ့ သိုင်းပညာက အတော်ကောင်းပြီး ထိခိုက်ဒဏ်ရာကြီးကြီးမားမား မရဘူး‌ဆိုပေမယ့် သူ့အသားမှာတော့ နည်းနည်းခြစ်မိထားသည်။

သူ့ရဲ့ မျက်နှာဖြူဖြူလေးမှာ ရွှံ့နှင့် သွေးတွေ စွန်းပေနေပြီး စစ်ပွဲစဘင်ခရာဟာ ဘယ်အချိန်ထမှုတ်မလဲ မသိတာကြောင့်မလို့ ကုဖို့အချိန်လည်း မရပေ။ လွန်ခဲ့တဲ့ရက်က လက်မောင်းကို မြားနဲ့ခြစ်မိသွားတာကိုတောင် ပတ်တီးနဲ့သာ အလျင် ပတ်ခဲ့ရ၏။

နေ့တိုင်း သူ တဲကုပ်ကနေ ထွက်သွားတာကိုမြင်ရင် စုရှီရဲ့ နှလုံးတွေ အခုန်မြန်လာပြီး သူ တဲကုပ်ထဲမှာ ရှိနေတဲ့အချိန်မှ စိတ်နည်းနည်းငြိမ်တာဖြစ်သည်။ ဒီလိုဖြစ်မယ်မှန်းသာ သူသိခဲ့မယ်ဆိုရင် အဓိကမစ်ရှင်ကို တတ်နိုင်သမျှ ပြောင်းအောင်လုပ်ပြီး မြောက်ပိုင်းမစ်ရှင်ကို ဘာပဲဖြစ်ဖြစ် ရှောင်မှာဖြစ်၏။

စုရှီ သက်ပြင်းချရုံကလွဲလို့မရှိပေ။ စားပွဲမှာထိုင်ကာ ဘောပင်ကိုယူပြီး စာရွက်ပေါ်က မေးခွန်းကိုတောင် မဖတ်နိုင်တော့။

လုဟွမ် မြေမျက်နှာသွင်ပြင်မြေပုံကို မှတ်ပြီးနောက် လိုက်ကာကို ကြည့်လိုက်တော့ စိုးရိမ်နေတဲ့ သူမ မျက်နှာကို မြင်ပြီး သူ့အတွက် ပိုလို့တောင် စိတ်ပူလာ၏။ လွန်ခဲ့တဲ့ရက်တွေထဲကတိုင် ရှောင်ရှီ ကျောင်းကနေ ပြန်လာပြီးထဲက စာတစ်လုံးမှ မရေးရ‌သေးဘဲ လုဟွမ်ကိုပဲ စိတ်ပူစွာ ကြည့်နေတတ်သည်။ ဒီလိုသာဆို သူ စာမေးပွဲကျလိမ့်မည် မဟုတ်ပါလား။

ဒါပေမယ့် လုဟွမ်မှာ ထုတ်မပြောနိုင်ဘဲ စုရှီကို နွေးထွေးစွာ ပြောလိုက်သည်။

"မင်းစောစောနားသင့်တယ်။ ကိုယ်အဆင်ပြေမှာပါ။ ဒီတစ်ခေါက်မှာ လူတွေကို ကယ်ဖို့အတွက် လူတွေစုထားပါတယ်။ ကိုယ်က တပ်ဖွဲ့တွေကို ဦးဆောင်မှာမဟုတ်ဘူး"

စုရှီ မယုံပေ။ စစ်သူကြီးကျန့်ယွမ်က ကျိုက်ကျိုက်ကို တပ်ဖွဲ့ဦးဆောင်ခိုင်းမယ်ဆိုတာ စုရှီသိသည်။

စုရှီ သက်ပြင်းချလိုက်၏။

"ကျွန်မသာ သိခဲ့ရင် ဒီလိုဆိုးဆိုးရွားရွား နေရာကြီးကို လာခဲ့မှာမဟုတ်ဘူး"

စုရှီက သွေးချောင်းစီးမြင်ကွင်းတွေကို မြင်ပြီးသွားပေမယ့် စနစ်က အလိုအလျောက် ကာတွန်းပုံတွေ ပြောင်းပေးလိုက်လို့လားမသိ သနားမိပေမယ့် စိတ်မအီမသာမဖြစ်တော့ပေ။ သူ ပိုဂရုစိုက်တာက တစ်နှစ်ခွဲလောက် အတူရှိနေခဲ့တဲ့ ကျိုက်ကျိုက်ကိုသာ ဖြစ်ပြီး စစ်ပွဲဖြစ်နေတာကြောင့် သူ့ရဲ့ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့ကိုတောင် မကျင်းပနိုင်ခဲ့ပေ။

ဒါပေမယ့် လုဟွမ်ကတော့ သွေးချောင်းစီးမြင်ကွင်းတွေကို မျက်မြင်ကိုယ်တွေ့ကြုံနေရတာကြောင့် စစ်ပွဲကို မြန်မြန်အဆုံးသတ်ပြီး မြောက်ပိုင်းပြည်သူတွေဆီ ငြိမ်းချမ်းရေးပြန်ပေးချင်သည်။ တကယ်ဆို သူက စုရှီထက်တောင် ပိုစိတ်ပူပန်နေရ၏။

လုဟွမ် ပြုံးလိုက်မိသည်။ သူက စုရှီဟာ သူနေတဲ့ တိုင်းပြည်ရဲ့ အခြေအနေကို နားမလည်တာကို အပြစ်မတင်ပေ။

သူတို့တွေက နှစ်ထောင်ချီလောက် ကွာဟနေတာမလို့ ယဉ်ကျေးမှု၊ ဘာသာစကား၊ အတွေးအခေါ် အရာအားလုံးက ကွဲပြားလှသည်။ စုရှီဘက်က အသိပညာနဲ့ ယဉ်ကျေးမှုတွေကို သိလိုက်ရပြီးနောက် သူ့တိုင်းပြည်ရှိ ယဉ်ကျေးမှုတွေမှာ သရုပ်ပျက်နေကြောင်း သိလိုက်ရသည်။ တိုင်းပြည်ဆိုလည်း စုရှီဘက်က ပိုငြိမ်းချမ်းပြီး စစ်ပွဲမှာလည်း တစ်ခါမှ မဖြစ်ဖူးသလောက်ပင်။ ဒါ့ကြောင့် စုရှီက သူတို့တိုင်းပြည်ရဲ့ ရှေးရိုးစွဲ ဆုတ်ယုတ်မှုတွေကိုလည်း နားလည်ဖို့ မလိုပါပေ။ စုရှီက သူ့တိုင်းပြည်ထဲကို ဝင်ခွင့်ပေးခဲ့ပြီးပြီပင်။

သူ စုရှီကို လိုက်ကာကနေ ဖြတ်ပြီး ထိတွေ့ချင်ပေမယ့် ကြောင်တောင်တောင်ကြီး ဖြစ်နေမှာစိုးတာကြောင့် ကတိပဲပေးလိုက်တော့သည်။

"ဒီစစ်ပွဲက သုံးလထက်မကြာဘူး ပြီးမှာပါ။ အဲအချိန်ကျရင် ကိုယ်တို့မြို့တော်ကို ပြန်ကြတာပေါ့။ အသစ်ဝယ်ထားတဲ့ အိမ်ရာကို ကိုယ်မပြရသေးဘူး"

စုရှီ ပျော်သလိုလိုတော့ရှိသွားသည်။

"အင်း"

လုဟွမ်က ထပ်ပြီးတိုက်တွန်းလိုက်၏။

"မြန်မြန်အိပ်တော့"

စုရှီက ကျိုက်ကျိုက်ကို စခရင်ကနေ ကြည့်နေမိသည်။ ဘာလို့မှန်းမသိ ကျိုက်ကျိုက်ရဲ့ မူရင်းလူပုံ ပြောင်းသွားတည်းက သူက ချောပေမယ့် စုရှီကို စကားပြောပုံက အဖေအိုကြီးတစ်ယောက်လိုပင်။ ဓမ္မတာနာကျင်ကိုက်ခဲချိန် ဆေးအပြေးဝယ်ပေးရတဲ့ အဖေအိုကြီးလိုဖြစ်သည်။

ခေါင်းခါကာ ဒီတိုင်း သူ့အတွေးသက်သက်ပဲလို့ တွေးနေမိ၏။

သို့သော်လည်း တော်တော်နောက်ကျနေပြီ ဖြစ်တာမလို့ သူ လိုင်းဆင်းရမည်ဖြစ်ကာ ကျိုက်ကျိုက်ကို ဂွတ်နိုက်ပြောပြီး လိုင်းဆင်းလိုက်တော့၏။

လုဟွမ်က စုရှီကို အိပ်ဖို့ပြောပေမယ့် တကယ်တော့ ဝန်လေးနေတာပင်။ ဒီရက်တွေထဲ တဲကုပ်ထဲမှာ သိပ်ကြာကြာမနေရ‌ဘဲ စစ်ချီလိုက် တိုက်လိုက် ခြုံခိုလိုက်လုပ်နေရတာကြောင့် သူနဲ့စကားပြောဖို့ အချိန်လည်း မရှိပေ။ ပြီးတော့ စစ်တပ်ထဲမှာ တပ်သားတွေ များလွန်းတာကြောင့် သီးသန့်နေရာမျိုးလည်း မရှိပေ။ ဒဏ်ရာရတော့လည်း ကိုယ့်ဘာကိုယ်ပဲ ဆေးထည့်ရပြီး စုရှီလဲ အရင်ကလို မကူညီနိုင်။

မြောက်ပိုင်းကနေ မြို့တော်ကို ဘယ်ချိန်ပြန်ရမလဲဆိုတာပဲ တွေးနေမိသည်။

တွေးနေတုန်း စခရင်ကို ထပ်ကြည့်ပြန်သည်။

ရှောင်းရှီတစ်ယောက် လိုက်ကာပေါ်က ပျောက်သွားတာကို မြင်တော့ ပူဖောင်းလေးတွေ သူ့ခေါင်းထက် ပေါ်လာသည်။

"ဟင်းး ဒီတိုင်းထားသွားတာပဲ။ ငါဒဏ်ရာရနေတာကို နှစ်စက္ကန့်လောက်လေးတောင် အတူနေပေးမသွားဘူး"

"ဟူး ငါ့မျက်နှာမနေ့က ထိသွားတာပဲ။ ရှောင်းရှီလာတော့ သတိတောင်မထားမိဘူး။ စိုးရိမ်ကြောင်း နည်းနည်းပဲ ပြောသွားတယ်။ ဟင်းးး… ဒီလိုမှန်းသာဆို ဒဏ်ရာကြီးကြီး ရအောင်လုပ်ပါတယ်"

"ဟူးးး မြို့တော်ကို ပြန်ချင်လိုက်တာ"

"ဟူးး.."

လုဟွမ် ရုတ်တရက် ကြက်သေသေသွားသည်။ ဒီပူဖောင်းတွေက…... သူ့ခေါင်းထဲမှာ အဲ့လောက်အတွေးများသွားတာလား။ သူ ဘာလို့မသိရတာလဲ။

သူခေါင်းကို အမြန်အုပ်လိုက်ပေမယ့် ပူဖောင်းလေးတွေ ပေါ်နေတုန်းဖြစ်သည်။ ကံကောင်းချင်တော့ စုရှီဘက်က စခရင်ဟာ ခဏကြာတော့ အနက်ရောင်ပြောင်းသွား၏။

စုရှီမှာတော့ ပူဖောင်း‌တွေကို ကြည့်ကာ စားပွဲကို တဖုံးဖုံးရိုက်ပြီး အူလှိုက်သဲလှိုက် ရယ်နေ၏။

လုဟွမ်၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။ "..."

All Chapters