Chapter 57
Vol. 6 Ch. 57
သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ ရာချီအား ကယ်ဆယ်ပြီးနောက်တွင် ယန်တိုင်းပြည်၏ စစ်တပ်များသည် အောင်ပွဲ ဆင်နိုင်လိုက်ပြီး နောက်ဆုံးတွင် အိမ်နီးချင်းနိုင်ငံကို လက်နက်ချ စေခဲ့သည်။
အောင်ပွဲ သတင်းသည် အင်ပါယာအနှံ့ ပျံ့နှံ့သွားခဲ့၏။ ဧကရာဇ်သည် အပျော်လွန်ပြီး စစ်ကြောင်း ပြန်လာသည်နှင့်တစ်ပြိုင်နက် သူတို့အား ရာထူးတိုးပေးမည်ဟု ကြေညာလိုက်လေသည်။
မြောက်ပိုင်းဒေသတွင် တစ်နှစ်နီးပါးကြာအောင် စစ်ကြောင်းထိုးခဲ့ပြီး နောက်ဆုံးတွင် အောင်ပွဲအတွက် မျှော်လင့်ချက် အလင်းရောင် ခပ်မှိန်မှိန်လင်းလာလေခဲ့၏။
မြောက်ပိုင်းနယ်စပ်မြို့သည် စစ်ပွဲအတွင်း ကြုံတွေ့ခဲ့ရသော အခက်အခဲများမှ တဖြည်းဖြည်း ပြန်လည်ထူထောင်နေလေပြီ။ လူများ၏ မျက်နှာများသည် ယခင်ကလောက် ဖြူဖျော့ပြီး ချည့်နဲ့မနေတော့ချေ။ သူတို့ချစ်သောသူများ၏ ခန္ဓာများကို မြှုပ်နှံလိုက်ရပြီး သူတို့ဘဝကိုတော့ ရွေးချယ်စရာမရှိဘဲ ဆက်လက်ရှင်သန် နေထိုင်ရဦးပေမည်။
လုဟွမ်နှင့် စုရှီတို့၏ စခရင်နှစ်ခုလုံး၌ တစ်ပြိုင်နက် ပေါ်လာခဲ့သည်။ [အဓိကရုဏ်းကို နှိမ်နင်းပါ၊ စစ်တပ်ထောက်ပံ့မှုများ ပြုလုပ်ပြီး ရန်သူကို ဆုတ်ခွာရန် ဖိအားပေးပါ ဟူသော မစ်ရှင် ၁၂ ကို အောင်မြင်ခဲ့အတွက် ဂုဏ်ပြုပါတယ်။ ရွှေဒင်္ဂါးပြား ၂၀၀၀ နှင့် အမှတ် ၁၈မှတ်ကို သင့်အား ချီးမြှင့်ပါမည်။]
အခု သူ့မှာ စုစုပေါင်း ၁၄၅မှတ်ရှိလေပြီ။
ဤသတိပေးချက် ပျောက်မသွားခင် အင်တာဖေ့နှစ်ခုလုံးတွင် တစ်ချိန်တည်း၌ မစ်ရှင်အသစ်များ ပေါ်လာခဲ့သည်။ [ကျေးဇူးပြုပြီး မစ်ရှင် ၁၃ (အဆင့်မြင့်)ကို လက်ခံပါ။ ယုံအန်းဘုရားကျောင်းက နတ်ဆေးဆရာနဲ့ ရိက္ခာအတွက် ဒင်္ဂါး ၁၀၀၃ စုဆောင်းခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်သောကုန်သည်၏ နောက်ကွယ်မှာ ဘယ်သူရှိသလဲကို မြို့တော်တစ်ခုလုံးကို ကျေးဇူးပြုပြီး ပေးသိပါ။ ဆုငွေမှာ ရွှေဒင်္ဂါး ၁၅၀၀ နဲ့ ၁၂ မှတ် ဖြစ်ပါတယ်။]
[ကျေးဇူးပြုပြီး မစ်ရှင် ၁၄ (အဆင့်မြင့်)ကို လက်ခံပါ။ မင်းသားကိုးရဲ့ အထောက်အထားကို ပြန်လည်ရယူပြီး ဧကရာဇ်က သင့်ကို လက်ခံအောင်လုပ်ပါ။ ဆုငွေမှာ ရွှေဒင်္ဂါး ၂၅၀၀ နှင့် ၁၈ မှတ် ဖြစ်ပါတယ်။]
ဤမစ်ရှင်အစဉ်လိုက်များအပေါ် စုရှီ၏ နားလည်မှုသည် ယုံအန်းဘုရားကျောင်း အဖြစ်အပျက်သည် လူပြောများသော ဇာတ်လမ်း ဖြစ်လာခဲ့ပြီး ရှေ့တန်းသို့ ရိက္ခာများပို့ပေးသော ဝမ်စန်းချန် အကြောင်းလည်း ထိုအတိုင်း ဖြစ်သည်ဟုပင်။ သို့ရာတွင် ယန်တိုင်းပြည်မှ ပြည်သူများသည် ကျန့်ယွမ်စစ်တပ်မှ ရဲရင့်ပြီး အသိပညာကြွယ်ဝသော တစ်စုံတစ်ဦးက ယန်တိုင်းပြည်တစ်ခုလုံးကို သစ္စာရှိရှိ ကာကွယ်ပေးပြီး ဖန်းစီရင်စုနှင့် အခြားနေရာများ ဘေးဒုက္ခကင်းရေးအတွက် ရိက္ခာများ ပို့ပေးခဲ့သည်ဟုသာ သိထားကြသည်။ သို့သော် အံ့ဖွယ်နတ်ဆေးဆရာနှင့် လျှို့ဝှက် ဆန်းကြယ်ကုန်သည်မှာ မည်သူဖြစ်သည်ကို သူတို့မသိကြချေ။
ထိုလူမှာ ကျိုက်ကျိုက် ဖြစ်ကြောင်း လှည့်ကွက်အချို့ သုံးလိုက်လျှင် သူတို့သည် ကျိုက်ကျိုက်ကို သေချာပေါက် ကျေးဇူးတင်ကြမှာ ဖြစ်သည်။
ဤနည်းဖြင့် ကျိုက်ကျိုက်၏ မင်းသားကိုး အထောက်အထား ပြန်လည်ရယူခြင်းသည် နည်းလမ်းကျပြီး ဧကရာဇ်မိသားစု၏ ဂုဏ်သတင်းအတွက်လည်း အထောက်အကူ ဖြစ်စေလိမ့်မည်။
‘ဒါပေမယ့် မေးစရာတစ်ခုက ကျိုက်ကျိုက် အလိုရှိတာ ဒါလား။ အရင်က ကျိုက်ကျိုက်နဲ့ စကားပြောထားတာအရဆိုရင် မင်းသားတွေကြား ပြဿနာမှာ သူက ဝင်မပါချင်တဲ့ ပုံပေါ်တယ်။’
‘ပြီးတော့ သူက မင်းသားကိုး ပြန်ဖြစ်သွားတာနဲ့ ဂိမ်းရဲ့ နောက်ဆုံးမစ်ရှင်ကိုလုပ်ဖို့ အကြာကြီးလိုတော့မှာ မဟုတ်ဘူး။’
‘အကုန်ပြီးနောက်မှာ ကျိုက်ကျိုက် မစ်ရှင် တစ်ခုပြီးတစ်ခု လုပ်ပြီးတာနဲ့ ပြည်သူတွေ၊ စစ်တပ်နဲ့ အရာရှိတွေက ကျိုက်ကျိုက်အတွက် လမ်းကို ဂိမ်းက တဖြည်းဖြည်း ဖောက်သွားပေးမှာပဲ။’
‘ဧကရာဇ်အတွက်ကတော့ ကျိုက်ကျိုက်က ကိုယ်လုပ်တော်ချင်ရဲ့သား ဆိုတာ သူသိနေသရွေ့ ကျိုက်ကျိုက်ကို သူက အဟန့်အတားဖြစ်မှာ မဟုတ်ဘူး’
‘ပြီးတော့ ယန်မင်းဆက်မှာ အကြီးဆုံးသားက အိမ်ရှေ့စံဖြစ်ဖို့လိုတယ် ဆိုတဲ့ စည်းမျဉ်းမရှိဘူး။ ဧကရာဇ် အိမ်ရှေ့စံကို ပြောင်းချင်တယ်ဆိုရင် အများကလက်ခံတဲ့ သဘောထားကို ချပြပြီးရင် အောင်မြင်အောင်လုပ်ဖို့ မစ်ရှင်များများစားစား ကျန်တော့မှာမဟုတ်ဘူး။’
စုရှီသည် မထင်မှတ်ဘဲ မှိုင်တွေသော ခံစားချက်ကို ခံစားနေရလေသည်။ ‘ဂိမ်းဆော့တဲ့ အချိန်တိုင်းမှာ အသက်တောင်ဝဝ မရှုခဲ့ပဲ ဒီအဆင့်ကို အမြန်ဆုံး ပြီးချင်နေခဲ့တာပင်။ ဒါပေမယ့် အခု နောက်ဆုံးအဆင့် ရောက်လာတော့ ဒီဂိမ်းနဲ့ ခွဲဖို့ အင်တင်တင် ဖြစ်နေတယ်။ တီဗွီစီးရီးတစ်ခုကို ကြည့်နေရပြီး အစပိုင်းမှာ မြန်မြန်ပြီးဖို့ စိတ်လှုပ်ရှားနေခဲ့ပေမယ့် နောက်ပိုင်းဇာတ်ရှိန်က သူ့ကို ဆွဲခေါ်သွားပြီးတော့ အပိုင်းနည်းနည်းပဲ ကျန်တဲ့အချိန်မှာ ဇာတ်လမ်း ပြီးဆုံးသွားမှာကို ကြောက်နေသလိုမျိုး တော်တော်ကို လမ်းပျောက်သလို ခံစားနေရတယ်’
‘ပြီးတော့ ကျိုက်ကျိုက်က အခုတလော အရွယ်ရောက်လာပြီ။ အားလုံးကို ပြီးပြည့်စုံအောင် ကိုယ်တွယ်ဖြေရှင်းလာနိုင်ပြီးတော့ သူ့ရဲ့ အကူအညီကို မလိုတော့ဘူး။’
သူ ရုတ်တရက် ဂိမ်းရဲ့ အဆုံးသတ်ကို အမြန်ဆုံး မမြင်ချင်တော့ပေ။ အဲဒါထက် နင်းဖူအိမ်တော်ရဲ့ သစ်သားအိမ်လေးကနေ ပြန်စပြီးတဲ့နောက် ကျိုက်ကျိုက်ဘဝရဲ့ တစ်နှစ်ခွဲတာကာလမှာ နောက်တစ်ခေါက်ထပ်ပြီး သူ့ဘေးကနေ အဖော်ပြုပေးချင်လာ၏။
စုရှီသည် မသိစိတ်၏စေ့ဆော်မှုအရ ယင်းကို ဆွဲဆန့်ချင်ပြီး နောက်ဆုံးမစ်ရှင်အချို့ကို နှေးကွေးစွာ ပြီးမြောက်ရန်နှင့် ကျိုက်ကျိုက်သည်လည်း နောက်မှ အောင်ပွဲနှင့်အတူ မြို့တော်သို့ပြန်ရောက်ရန် မျှော်လင့်မိ၏။
စုစုပေါင်းအမှတ် ၁၄၅မှတ် ဖြစ်သွားသည်ကို လုဟွမ်မြင်သောအခါ သူ့နှလုံးသားသည် မျှော်လင့်ချက်နှင့် ပြည့်သွားလေ၏။ သူသည် ခရီးအရှည်ကြီးသွားခဲ့ရပြီး သူမကို တွေ့နိုင်မည့်နေ့သည် သူနှင့် လက်တစ်လှမ်းအကွာတွင် ရှိနေသည့်အတိုင်ပင်။ ထို့ကြောင့် သူသည် အိပ်လည်းမအိပ် အနားလည်းမယူချေ။ ယန်တိုင်းပြည်တစ်ခုလုံး၏ မြေမျက်နှာသွင်ပြင်၊ ယခင်နှစ်၏ အခွန်များ၊ စစ်တပ်နှင့် တိုင်းပြည်တစ်ခုကို အစိုးရခြင်းနှင့်ပတ်သက်၍ အခြားသင်ယူရန် စည်းမျဉ်းများကို လေ့လာလျက် နေ့ဘက်နှင့်ညဘက်ကို ဖြတ်သန်းခဲ့သည်။
သူ ဤအရာကို ပိုလုပ်လေလေ ကမ္ဘာမြေကို အုပ်ချုပ်မည့် ဉာဏ်ပညာရှိ အုပ်ချုပ်သူတစ်ယောက်နှင့် ပိုတူလာလေလေ ဖြစ်ရာ စခရင်က သူ့ကိုပေးသောအမှတ် ပိုများလေလေဖြစ်၏။
ထို့ကြောင့် မြောက်ပိုင်းစစ်ပွဲတွင် စစ်တပ်များကို နှစ်ဝက်လောက် သူ ဦးဆောင်နေရသော်လည်း စစ်တပ်အင်အားများနှင့် တိုင်ပြည်ကို အုပ်ချုပ်ခြင်းအတွက် စနစ်က ပေးသော စုစုပေါင်းအမှတ်သည် တဖြည်းဖြည်းနှင့် ၇မှတ်တိုးလာခြင်းပင်။
စုရှီ လိုင်းတက်သောအခါ အကြောင်းတစ်ခုခုကြောင့် ၁၄၅မှတ်သည် ၁၅၂မှတ်သို့ ရုတ်တရက် တိုးသွားသည်ကို တွေ့လိုက်ရ၏။ သူမစိတ်ထဲတွင် မကျေမချမ်း ဖြစ်သွားသည်။
‘ဒီဂိမ်းစုတ်က ဘာဖြစ်နေတာလဲ။ နောက်ပိုင်းအဆင့်တွေမှာ လိမ်လည်ပြီးတော့ ကစားသမားတွေကို အမှတ်တွေ အော်တို ပိုပေးနေတာလား။’
လုဟွမ်သည် သူ့အထောက်အထားကို ပြန်ယူရန် မတွေးကြည့်ဖူးချေ။ မင်းသားကိုးဖြစ်စေ နင်းဖူမင်းသား၏ တရားမဝင်သားဖြစ်စေ သူ့အတွက်တော့ သူတို့သည် အပြင်လူများသာပင်။ သူ တကယ် ဂရုစိုက်သောသူသည် သူ့အထောက်အထားနှင့် ပတ်သက်၍ ဂရုမစိုက်ချေ။
ထို့ကြောင့် ချန်ချွင်းဘုရားကျောင်းတွင် သူရှိစဉ်က ကျောက်စိမ်းဆွဲပြားကို သူ သိမ်းလိုက်ခြင်းဖြစ်၏။ ယွင်ကျိုးတွင် လုပ်ကြံသတ်ဖြတ်ခြင်းကို သူ တားဆီးချိန်၌ သူတော်စင်မက သူ့အတိတ်အကြောင်း ပြောခဲ့သော်လည်း ကျောက်စိမ်းပြားကို ဧကရာဇ်ထံ သူမအပ်နှံခဲ့ချေ။
သို့သော် မစ်ရှင် ၁၄ နှင့် ၁၅ အရ သူ့အထောက်အထားကို ပြန်လည်ရယူရန် လိုကြောင်း သူ မြင်လိုက်လေသည်။ အမှတ် ၂၀၀ သို့ မြန်မြန်ရောက်ရန်အတွက် ယင်းကိုလုပ်ရန် သူ ဆုံးဖြတ်လိုက်၏။ အချိန်ကျသောအခါ မင်းသားနေရာကို အလွယ်တကူယူနိုင်ပြီး အလွယ်တကူလည်း စွန့်လွှတ် နိုင်ပေသည်။
ယွင်ကျိုးမှာ လုပ်ကြံခံရချိန်တုန်းက ဧကရာဇ်က သူ့ရဲ့အထောက်အထားကို သံသယဝင်နေပြီလို့ လုဟွမ် ခံစားမိ၏။ သို့ပါက လွန်ခဲ့တဲ့နှစ်ဝက်ထဲမှာ သူက တစ်ခုခု ရှာတွေ့သင့်နေပြီ။ ဒါပေမယ့် သူ မလှုပ်ရှားသေးတဲ့ အကြောင်းအရင်းက သူ့အထောက်အထားကို အတည်ပြုဖို့ ကျန့်ယွမ်စစ်တပ်ရဲ့ ပထမဆုံး တပ်ရင်းပြန်လာမှာကို သူစောင့်နေတာကြောင့် ဖြစ်နိုင်သည်။ အတည်ပြုဖို့အတွက် သူ့သွေးကို ဖောက်ဖို့လည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် သူ့အထောက်အထားကို အတည်ပြုဖို့ သူ့ဆီမှာ ကျောက်စိမ်းဆွဲပြားလိုမျိုး တစ်ခုခုကို ရှာချင်တာလည်း ဖြစ်နိုင်သည်။
လုဟွမ်သည် ယင်းအကြောင်း တွေးလိုက်ပြီး ယခုအချိန်တွင် ဘာမှမလုပ်သေးချေ။ သူသည် စာတစ်စောင်ရေးပြီး ချန်ကုန်းဝူဆီသို့ ပို့ရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်၏။
စာထဲတွင် ဘာမှမပါသည့်အပြင် လက်မှတ်တောင် မပါဝင်ချေ။ လယ်ယာ၏ လတ်တလော တိုးတက်မှုအကြောင်း သူမေးထားခြင်းဖြစ်သည်။
ဤအရာလုပ်ပြီးနောက် လုဟွမ်သည် ယခုအချိန်တွင် ယင်းကို စိတ်ထဲမထားဘဲ အခြေအနေ တိုးတက်လာရန် တိတ်တဆိတ် စောင့်ဆိုင်းနေလေသည်။
လုဟွမ်သည် အသေးအဖွဲ ဒဏ်ရာတွေနှင့် နေသားကျနေသောကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ပြင် စျေးဆိုင်မှ လဲလှယ်လာသော ကျင်းချွမ်လိမ်ဆေးတွင် အံ့ဖွယ်အစွမ်းများရှိသဖြင့် သူ့ဒဏ်ရာများ အမြန်သက်သာလာသည်။
စုရှီ လိုင်းတက်လာချိန်တိုင်း ကျိုက်ကျိုက်သည် စစ်တပ်ထဲတွင် ပို၍ ပို၍လူကြိုက်များလာသည်ကို တွေ့ရလေသည်။ ယွင်ရှိုးဖန်အပြင် စစ်တပ်ကိစ္စများနှင့်ပတ်သက်၍ တိုင်ပင်လို့ရသော အခြားမိတ်ဆွေများလည်း တဖြည်းဖြည်း ရလာခဲ့၏။ တစ်ဖက်တွင် သူမ အလွန် ဝမ်းမြောက်နေသည်။ သို့သော် အခြားတစ်ဖက်တွင် ဂိမ်း၏နောက်ပိုင်းအဆင့်များတွင် ကျိုက်ကျိုက်သည် သူမ၏ အကူအညီ မလိုတော့သည်ကို အနည်းငယ် ဝမ်းနည်းမိလေသည်။
သို့သော် ပြဿနာမှာ သူမ ဖြစ်သည်ဟု ခံစားမိ၏။ သူမ၏ အမေတစ်ယောက်လို တွေးပုံမျိုးကို သူမ ပြင်သင့်ပေသည်။
စုရှီ၏ နောက်ဆုံးစာမေးပွဲများ နီးကပ်လာသဖြင့် ယခုအချိန်တွင် သူသည် စာကိုသာ အာရုံစိုက်ထားရသည်။
ဤစာသင်နှစ်တွင် လပတ်စာမေးပွဲ၏ ပထမနှစ်ရက်နှင့်တစ်ဝက်ကလွဲ၍ ကျိုက်ကျိုက်ကို ကြိုတင်မပြောဘဲ သူမ ရုတ်တရက် ပျောက်သွားခဲ့သည်။ သူမ ထပ်ပေါ်မလာတော့ဘူးဟု ကျိုက်ကျိုက်က ထင်တတ်သောကြောင့် စာမေးပွဲတိုင်းအတွက် ကျိုက်ကျိုက်ကို ကြိုတင် ပြောပြထားသည်။ ဤအခေါက်သည် ချွင်းချက် မဟုတ်ချေ။
သို့သော် သူမကို ထူးထူးဆန်းဆန်းဖြစ်စေသော အရာတစ်ခုမှာ အရင်က သူမ ထွက်သွားတော့မည်ဟု ပြောချိန်တိုင်း ကျိုက်ကျိုက်မျက်နှာတွင် အနည်းငယ် စိတ်ပျက်မှုနှင့် စိုးရိမ်မှုအမှုအရာကို ပြလေ့ရှိသည်။ ပြီးနောက် သူမကို ဘာလုပ်မှာလဲဟု သူ ဆက်တိုက်မေးတတ်သည်။
သို့သော် ယခုအကြိမ်တွင် သူမ ပြောသောအခါ ကျိုက်ကျိုက်မျက်နှာတွင် သူမကို ရက်အနည်းငယ် မတွေ့ရ၍ စိတ်ပျက်မှုကို ပြသော်လည်း လတ်တလောအတွင်း သူမဘာလုပ်မည်လဲကို သူမမေးချေ။
စုရှီ : ?
သူ့ကို စခရင်သေးသေးလေးမှ စကားပြောနေရင်း အိတ်ကို ထုတ်ပိုးနေသော စုရှီအား စခရင်မျက်နှာပြင်မှတဆင့် လုဟွမ် တွေ့လိုက်ရ၏။ ယခင်တစ်ခေါက်ကဲ့သို့ သူမ ကမ္ဘာတွင် စာမေးပွဲသွားဖြေတော့မည်ဟု သူ သိလိုက်လေသည်။ သူမ၏ကမ္ဘာတွင် စာမေးပွဲသည် မကြာခဏ ရှိလေသည်။ ထို့ကြောင့် သူ့ကမ္ဘာတွင် သုံးလကြာတိုင်း သူမ စာမေးပွဲ ဖြေရလေသည်။
ယခင်က သူမ ရုတ်တရက် ရှစ်ရက်အကြာလောက် ပျောက်သွားချိန်တိုင်း သူမ ဘာလုပ်နေသလဲ လုဟွမ် မသိချေ။ ထို့ကြောင့် မေးခွန်းများစွာကို မနေနိုင်ဘဲ သူ မေးလေ့ရှိသည်။ “မင်းဘာသွားလုပ်မှာလဲ။” “မင်းဘယ်တော့ပြန်လာမှာလဲ။” “မင်းစောစော ပြန်လာလို့ မရဘူးလား။” သူ ဆက်တိုက်မေးလေသည်။ သို့သော် ယခုတွင် သူမ ဘာသွားလုပ်မလဲ လုဟွမ်သိပြီး ဖြစ်သဖြင့် သူ စိတ်သက်သာရာ ရလေသည်။ သူမ ရုတ်တရက် ပျောက်သွားမည် မဟုတ်ကြောင်း သိသောကြောင့် ပင်ကိုအားဖြင့် သူ ထပ်မေးစရာမလိုတော့ချေ။
သို့သော် ကျိုက်ကျိုက်၏ မေးခြင်းကို မခံရသောကြောင့် စုရှီသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်မိ၏။
သူမသည် မနေနိုင်ဘဲ အလေးပေးထပ်ပြောပြန်သည်။
“ရှစ်ရက်ကျော်ကျော်လောက် ငါမလာဖြစ်ဘူး”
ကျိုက်ကျိုက်သည် စစ်တပ်ဆိုင်ရာပညာများကို ပြန်လေ့လာနေပြီး သူ့မှင်တံ၏ ထိပ်သည် ရပ်တန့် သွားလေသည်။ သူ့မျက်နှာပေါ်တွင် စိတ်ပျက်မှု အနည်းငယ်ရှိသော်လည်း သူ ဘာမှမပြောချေ။
“ဟုတ်ပြီ။ မင်းပြန်လာမှာ ကိုယ်စောင့်မယ်လေ။”
‘နေပါဦး’ စုရှီသည် ယုံရခက်နေလေပြီ။ စခရင်ထဲကို သူမ ပြေးဝင်သွားပြီး ကျိုက်ကျိုက်ရဲ့ ပခုံးတွေကို လှုပ်ခါလိုက်ချင်၏။ ‘ သူ့မိဘတွေ သူ့ကို လာကြိုမှာ မစောင့်နိုင်တော့ဘဲနဲ့ ဘယ်သွားမှာလဲ တခြားအရာတွေလုပ်ဖို့ ဘာလို့သူ့ကို ထားခဲ့တာလဲဆိုပြီး ဆက်တိုက်မေးတတ်တဲ့ မူကြိုကလေးလေးလို မလုပ်တာလဲ။ ကျိုက်ကျိုက်ရဲ့’
ကျိုက်ကျိုက်သည် ထပ်မမေးတော့ချေ။ သူမအား အနီးကပ်စောင့်ကြည့်တတ်သည်ကို ရယ်မောလေ့ရှိသော လောင်မားမား စုရှီသည် ကြောင်အနေလေ၏။
ထပ်မံပြီး သူမ လမ်းပျောက်မှုကို ခံစားနေရလေသည်။ မျှော်လင့်ထားသည့်အတိုင်း သူမ၏ ကျိုက်ကျိုက်သည် ကလေးလေး မဟုတ်တော့ချေ။
‘ကြည့်ပါလား သူမ ကိုတောင် မမှီခိုတော့ဘူးလေ။’
သူမသည် သဘောမကျစွာဖြင့် ဖုန်းကို ပိတ်လိုက်ပြီး လွယ်အိတ်နှင့် ဘောပင်အိတ်ကို ထုတ်ပိုးကာ စာမေးပွဲသွားဖြေရန် စီစဉ်လိုက်၏။ ဤနောက်ဆုံး စာမေးပွဲသည် လေးရက်ကြာမြင့်လေသည်။ ယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်များကို စစ်ဆေးရုံတင်မကဘဲ အနုပညာ၊ ဂီတ၊ အားကစားနှင့် အစရှိသည်များကိုပါ စစ်ဆေးလေသည်။ အထူးသဖြင့် ကိုယ်ခန္ဓာပိုင်းလေ့လာမှုများပင်။ သူမသည် မီတာ ၈၀၀ ပြေးခဲ့ရသေးသည်။ ယင်းအကြောင်း တွေးရုံနှင့်ပင် စုရှီစိတ်အခြေအနေ ဆိုးရွားလာသည်။ အိတ်ကို ယူပြီး ကျောင်းမသွားခင် သူ့ကိုယ်သူ အားပေးစကားပြောလိုက်လေသည်။
လုဟွမ် မော့ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် လေးဘီးတပ်ယာဉ်ကို စီးပြီး သူမ ကျောင်းကို ရောက်နေပြီ ဖြစ်ကြောင်း သူမြင်နိုင်၏။ သူမသည် ကျောင်းထဲဝင်ပြီး သူမရှေ့ရှိ အဖြူရောင်စာအုပ်ကို ဖွင့်လှန်နေသည်။
သူမ စာမေးပွဲဖြေနေသည်နှင့်တစ်ပြိုင်နက် သူမ၏ ဘောပင်ထိပ်သည် ဝှေ့ရမ်းနေ၏။
လုဟွမ်သည် စာရွက်လွတ်တစ်တစ်ရွက်ယူပြီး လွန်ခဲ့သော ခြောက်လတွင် သူမ ဘေးနေပြီး သင်ယူခဲ့သော စကားလုံးများကို စမ်းဖြေကြည့်လေသည်။
စုရှီသည် နားကြပ်တပ်ထားသောကြောင့် သူမ ဘာပြောနေသလဲ လုဟွမ်မကြားနိုင်ချေ။ ယင်းကို သူ ကျော်ဖြေလိုက်လေသည်။ ကွက်လပ်ဖြည့်နှင့် စာပိုဒ် ဖတ်ဖြေရသော မေးခွန်းဆီသို့ သူမ လှန်လိုက်သောအခါ စခရင်ကို ကျွမ်းကျင်စွာ ချဲ့လိုက်ပြီး သူမနှင့်အတူ သူလိုက်ဖြေလေသည်။
အကုန်ပြီးနောက် သူမ၏ဖတ်စာအုပ်မှ သူလေ့လာခဲ့ရသော စကားလုံးများသည် အကန့်အသတ် ရှိပေသည်။ ထို့ပြင် နှစ်ဝက်သည် အလွန်တိုတောင်း၏။ စာရွက်တွင် ရေးဖြေသော သူ့အလျင်သည် သူမထက် အနည်းငယ် နှေးလေသည်။ သို့သော် သူသည် စာမေးပွဲခန်းထဲမှ လူတော်တော်များများထက် လျင်မြန်၏။
နောက်ပိုင်း ပထဝီနှင့် သမိုင်းဘာသာများတွင်လည်း သူသည် ဟိုစပ်စပ်ဒီစပ်စပ် ဖြေလေသည်။ သူမ မင်းဆက်၏ သမိုင်းကြောင်းကို နားလည်ရသည်မှာလည်း ကောင်းလေသည်။
လွန်ခဲ့သော ခြောက်လတွင် လုဟွမ်သည် တော်တော်များများ သင်ယူခဲ့ရ၏။ တစ်ခါတစ်ရံ စုရှီ အိပ်မောကျနေချိန်တွင် သူသည် စခရင် ကို မိန်းလမ်းမဆီသို့ ပြောင်းပြီး လေးဘီးတပ်ယာဉ်ထဲမှ လူများ ကဒ်ကိုဆွဲပြီး အချက်ပေးသံဖြင့် ထိုယာဉ်ပေါ် မည်သို့မည်ပုံ တက်စီးကြကြောင်း စတင်လေ့လာလေသည်။
သယ်ယူပို့ဆောင်ရေး၊ လူ့သဘောသဘာဝ၊ ဆေးဝါးနှင့် အခြားနယ်ပယ်များအကြောင်းကို သူအပြည့်အဝ နားမလည်သေးသော်လည်း သူသည် လုံးဝ နလပိန်းတုံးဖြစ်မနေချေ။
သူမ မင်းဆက်တွင် သူသာ တစ်ရက်နေရလျှင် မိန်းလမ်းမပေါ်တွင် ထိန်းသိမ်းခံရပြီး ရဲစခန်းသို့ ပို့ခံရနိုင်သည်။
လုဟွမ်သည် အဖြေများ အပြည့်နှင့် စာမေးပွဲစာရွက်ကို လဲလိုက်ပြီး စုရှီနှင့်အတူ မေးခွန်းများဆက်ဖြေလေ၏။
စုရှီအတွက် ဤနှစ်ရက်တွင် အနည်းငယ် ထူးဆန်းနေလေသည်။ ယခင်က ငါးစွပ်ပြုတ် အဖြစ်အပျက်နှင့် လှေကားပေါ်က သူမ ပြုတ်ကျလုနီးပါး ဖြစ်သော အဖြစ်အပျက်များသည် ဂိမ်းကြောင့် သူမ ကံကောင်းလာခဲ့သည်ဟုသာ တွေးမိလေသည်။ သို့သော် ဤနှစ်ရက်တွင် တစ်ခုခု ထူးဆန်း နေလေသည်။
ပထမ စာမေးပွဲနှစ်ခုကို သူမ ဖြေပြီး ညနေပိုင်း ကိုယ်ပိုင်စာလေ့လာသောအတန်းတွင် သူမ ရောက်နေလေသည်။ ညဘက်တွင် အတန်းသင်ရန် ဆရာမဝင်လာလေသည်။ သူမသည် အချိန်အတော်ကြာလောက် ငေးငိုင်နေသဖြင့် ဆရာမဘာပြောသလဲ မကြားလိုက်ကာ မေးခွန်းတစ်ပုဒ်ဖြေရန် ခေါ်ခံရ၏။ ဆရာမ ဘာပြောလိုက်သလဲနှင့် သူမ ဖြေရမည့်အဖြေကို စဉ်းစားနေချိန်တွင် လေပြင်းတိုက်ခတ်လာလေသည်။ ယင်းသည် ပြတင်းပေါက်မှ ဝင်လာပုံပေါ်ပြီး သူမရှေ့ရှိ စာအုပ်တွင် သူမကို ဆရာမက မေးသော စာမျက်နှာသို့ လှန်သွားလေသည်။
သူမ ပိတ်လိုက်ပြီး မဖြေခင်တွင် အချိန်အတော်ကြာလောက် ကြောင်အနေလေသည်။
သူမ၏အတန်းဖော်များနှင့် စားပွဲခုံမသော အချိန်တွင်လည်း ဘာကြောင့်လဲမသိကာ အထူးသဖြင့် သူ မသော စားပွဲများခုံများသည် ပေါ့နေလေသည်။ တစ်စုံတစ်ယောက်က မ ပေးနေသလိုပင်။
ရလဒ်အဖြစ် စာမေးပွဲ စားပွဲခုံကို မူလနေရာသို့ သူမနှင့်ကုချင် မ ရွေ့သောအခါ ကုချင်သည် ပင်ပန်းလွန်းသဖြင့် အမောဆို့နေပြီး သူမသည် စားပွဲခုံ၏ အလေးချိန်ကို လုံးဝ မခံစားမိလိုက်ချေ။
ထိုအရာတင်မကဘဲ လေးရက်မြောက်နေ့ မီတာ ၈၀၀ ပြေးသောအခါ သူမနောက်မှ လေသည် တွန်းအားတစ်ခုရှိနေသကဲ့သို့ သူမကို တွန်းပေးနေဟန် ခံစားရ၏။ ရလဒ်အဖြစ် ပထမတစ်ကြိမ်က သူမ နာကျင်ခဲ့ရသော မီတာ ၈၀၀ ပြေးခြင်းကို အလွယ်တကူ ပြီးမြောက်သွားလေသည်။
အဆုံးသတ်မျဉ်းကို စုရှီရောက်ပြီး သူမလက်ကောက်ဝတ်မှ နာရီကို ချွတ်လိုက်သောအခါ ယင်းသည် မဖြစ်နိုင်ဘူးဟု သူမ ခံစားမိလိုက်လေသည်။
အချိန်အတော်ကြာသောအခါ ကုချင်းသည် သူမဘေးသို့ ပြေးလာပြီး မောဟိုက်နေကာ အံ့ဩမှုဖြင့် ပြောလိုက်လေသည်။
“ဒီတစ်ခေါက် တော်သားပဲ စုရှီ။ ဘယ်လိုလုပ်ပြီး အလွယ်လေး ပြေးနိုင်တာလဲ”
စုရှီသည်လည်း ထိုအရာသည် အရမ်းကို မှော်ဆန်သည်ဟု ခံစားမိလိုက်၏။ သူမ မနေနိုင်ဘဲ နောက်အပတ်ဝက်လောက် ပြေးကြည့်လေသည်။ သို့သော် ဒီတစ်ခေါက်တွင်တော့ သူမ အလျင်အမြန် မောပန်းနေလေ၏။
‘ခုနက စိတ်အခြေအနေ ကောင်းနေလို့များလား။’
သူမ၏ အားကစားဝတ်စုံကို လဲရန် စာသင်ခန်းသို့အပြန်လမ်းတွင် ယင်းအကြောင်း တွေးလိုက်ပြီး တစ်ခုခုထူးဆန်းနေသည်ဟု ခံစားမိလေသည်။
သူမသည် ဂိမ်း၏ မှော်ဆန်မှုကို ခံစားဖူးသူဖြစ်လေသည်။ ဂိမ်းထဲမှလူများနှင့် သူမ ဆက်သွယ်မှုပြုလာသောအခါ ဂိမ်းထဲတွင် သူမသည် လေပြင်းတစ်ခုလိုပင်။ ရေပုံးကို သူမ မ လိုက်သောအခါ ထိုရေပုံးသည် မယုံနိုင်ဖွယ်ကောင်းစွာ ပေါ့ပါးလာသည်ကို ကျိုက်ကျိုက်ခံစားမိလေသည်။ သူ ခုနက ခံစားမိသကဲ့သို့ပင်။
စုရှီသည် သူမစိတ်ထဲတွင် ပေါ်လာသော အတွေးတစ်ခုကြောင့် အလျင်အမြန် ထိတ်လန့်သွားလေသည်။
‘သူ့လိုပဲ ဂိမ်းအတူတူဆော့နေတဲ့ သူတွေ ရှိသေးတာ များလား။’
ယင်းအကြောင်း သူမ တွေးလိုက်သောအခါ သူမ ရာသီလာချိန် ကိုက်ခဲတုန်းက အိပ်ရာဘေးစားပွဲခုံမှာ ရုတ်တရက်ပေါ်လာတဲ့ ချင်းပြုတ်ရည်ခွက်က သူမရဲ့ ဂရုမစိုက်တတ်တဲ့ မိဘတွေ ထည့်ထားပေးတာ မဖြစ်နိုင်ဘူးလို့ ခံစားမိလိုက်သည်။
‘သေစမ်း ’
သူမ တစ်စုံတစ်ခုကို တွေးမိလိုက်ပြီးနောက်
‘အခုတလော ကျိုက်ကျိုက်ရဲ့ ထူးထူးဆန်းဆန်း အပြုအမူတွေနဲ့ ဆက်စပ်နေတာပဲ’
သူ့စိတ်ထဲမှ ခန့်မှန်းမှုသည် ပိုမိုခိုင်လုံလာလေသည်။
‘အခြားတစ်ဖက်ကနေ ကျိုက်ကျိုက်က သူ့ကို မြင်နိုင်ပြီး ထိတွေ့နိုင်နေတာများလား’
'အဲဒါကြောင့် သူမ ရှစ်ရက်လောက် ထွက်သွားမှာကို ဘာမှမမေးတာ ဖြစ်မယ်။ အဲဒါကြောင့် ဟိုနေ့က သူမ ရေချိုးပြီး လိုင်းတက်တော့ ကျိုက်ကျိုက်က သူမကို ကြည့်ဖို့ ခေါင်းတောင်မဖော်ဘဲ ဘာမှ မပြောရဲတာ ဖြစ်မယ်။ သူ့ရဲ့ နားတွေကလည်း သွေးတွေ ထွက်နေသလို နီရဲပြီးတော့ စားပွဲပေါ်မှာလည်း “ ကျင့်ဝတ်နဲ့ မညီသော အရာများကြောင့် မယိုင်နဲ့စေနဲ့” ဆိုပြီး ထူးထူးဆန်းဆန်း ရေးထားတာတွေ ရှိနေတာလေ။’
ယင်းအကြောင်း စုရှီ ပိုတွေးလေလေ သူမ၏ အသက်ရှူနှုန်းများ မြန်လာလေလေဖြစ်ပြီး သူမ၏ မျက်နှာ ပိုနီရဲလာလေလေဖြစ်သည်။
‘အဲဒါဆို ဆိုဖာတွေထိုင်ပြီး အာလူးကြော်စားနေတာတွေ၊ ခေါင်းမလျှော်ချင်လို့ ရက်ပေါင်းများစွာ ကျောင်းကို ဦးထုတ်ဆောင်းသွားတာတွေနဲ့ ညဘက် အိပ်နေရင်း စကားပြောတာတွေပါ သူမြင်သွားတဲ့ သဘောပေါ့’
စုရှီသည် ရူးတော့မည့် အတိုင်းပင်။
သူမ၏ မျက်နှာနှင့် နားရွက်များသည် နီရဲနေပြီး ယင်းအကြောင်းကို သူမ ပိုတွေးလေလေ ရှက်ရွံ့မှုကို ပိုခံစားရလေလေပင်။ သို့သော် ဤအရာသည် သူ၏ ခန့်မှန်းမှုသာ ရှိသေး၍ ကျိုက်ကျိုက်နှင့် အတည်ပြု ရဦးပေမည်။
သို့သော် သူမ၏ စိတ်ထဲတွင် ဤအတွေးပျံ့နှံ့သွားပြီးနောက် သူ့စိတ်ထဲမှ စိတ်ပျက်မှုသည် အနည်းငယ် ပျောက်ကွယ်သွားလေ၏။ သူ့ကို ကျိုက်ကျိုက် မလိုအပ်တော့ဘူးဟု တွေးမိခဲ့သော်လည်း ကျိုက်ကျိုက်သည် လျှို့ဝှက်စွာ သူမကို ချင်းနှင့်သကြားညို ကြိုပေးနေခဲ့ပြီး မီတာ ၈၀၀ ပြေးခြင်း၌ ပြီးဆုံးအောင် အဖော်ပြုပေးနေခဲ့၏။
စုရှီ၏ နှလုံးသားသည် အလျင်အမြန် နွေးထွေးသွားလေသည်။ အမေအိုကြီးလို အတွေးလွန်သည့်ပုံပင်။ သူမသည် နှာရှုံ့လိုက်ကာ အိတ်ထဲမှ ဖုန်းကို ထုတ်လိုက်လေသည်။
ဤနေရာတွင် နွေရောက်နေပြီး အနည်းငယ်ပူနေလေပြီ။ သူမ၏ ကျောင်းအင်္ကျီကို ချွတ်လိုက်ပြီး ရှပ်အင်္ကျီလက်တိုကို ဝတ်လိုက်၏။ သူမသည် ခုံအလွတ်ကို ရှာတွေ့ကာ ထိုင်ချလိုက်ပြီး ဂိမ်းကို ကြိုတင်ဖွင့်ထားလိုက်လေသည်။
စုရှီလက်ထဲမှ ဂိမ်းအင်တာဖေ့ ပွင့်လာပြီးနောက်တွင် သူ ပထမဆုံးမြင်သောအရာမှာ နင်းဖူအိမ်တော်၏ သစ်သားအိမ်နေရာ ဖြစ်တဲ့ အင်တာဖေ့ အပိုင်း ဖြစ်သည်။
သူမသည် ပျော်ရွှင်မှုဖြင့် ပြုံးလိုက်ပြီး ယင်းကို ပုံမှန်အတိုင်း ကြည့်လိုက်လေသည်။ နင်းဖူအိမ်တော်မှ ကျိုက်ကျိုက် ထွက်လာချိန်မှစပြီး နင်းဖူမင်းသား၏ ကြင်ရာတော်နှင့် အခြားသူများ ပို၍ မျက်တွင်းချောင်လာသည်ကို တွေ့လိုက်၏။ နင်းဖူမင်းသား ငြင်းပယ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နင်းသခင်မ သည် မြို့တော်ထဲက အဆင့်အတန်းမြင့် အမျိုးသမီးတွေ၏ ဂုဏ်ပြုပွဲတွေကို မတက်တော့တာ အချိန်အတော် ကြာပေပြီ။ အဲဒီအချိန်မှာ သူမဟာ ရေကန်အလယ်က အပန်းဖြေဆောင်မှာ ငေးငိုင်ပြီး ထိုင်နေတတ်သည်။ သူမရဲ့ ဆံပင်တွေ ဖြူလာပြီး သူမရဲ့ သားနှစ်ယောက်ကလည်း စိတ်မချမ်းမြေ့နေတဲ့ပုံပင်။ လွန်ခဲ့တဲ့တစ်နှစ်ကလောက် ဂုဏ်မောက်နေတဲ့ပုံ မပေါ်တော့ပေ။
နင်းဖူအိမ်တော်၌ သခင်မကြီးသာလျှင် တောင့်ခံနေပြီး ကျိုက်ကျိုက် ပြန်အလာကို စောင့်နေလေသည်။ ကျိုက်ကျိုက်သည် နင်းဖူမင်းသားအတွက် အလှည့်အပြောင်းတစ်ခု ယူဆောင် လာပေးနိုင်သည်ဟု သူမ အသေအချာ ယုံကြည်နေဆဲပင်။ လုဟွမ်သည် တော်ဝင်ရုံးတော်၏ အရာရှိဖြစ်ပြီးနောက် အင်အားလျော့နေသော နင်းဖူအိမ်တော်အား ဂုဏ်ကျက်သရေများ ပြန်လည် ယူဆောင်လာ ပေးနိုင်သည်။
စုရှီသည် ထိုအင်တာဖေ့တွင် ကြာကြာမနေဘဲ ကျိုက်ကျိုက်ရှိသော မြောက်ပိုင်းဒေသသို့ တန်းသွားလေသည်။
သို့သော် လှည်ပတ် ကြည့်ရှုပြီးနောက် လုဟွမ်ကို သူမ ရှာမတွေ့ချေ။
ထို့ကြောင့် စစ်စခန်းထဲတွင် စုရှီ ရှာဖွေကြည့်သော်လည်း ကျိုက်ကျိုက်၏ အရိပ်အယောင်ကို မတွေ့ရသေးချေ။
ကျိုက်ကျိုက် ဘယ်မှာရှိသလဲ ရှာဖွေရန် သူမသည် အင်တာဖေ့ကို ချုံ့လိုက်လေသည်။ အဆုံးတွင် မြောက်ပိုင်း၏ မြစ်ဘေးတွင် ကျိုက်ကျိုက်၏ အနီရောင်အစက်လေး ပေါ်လာ၏။
‘အဲမှာ ကျိုက်ကျိုက်က ဘာလုပ်နေတာလဲ’
တစ်ခုခုဖြစ်မည်ကို ပူပန်၍ စုရှီ အနည်းငယ်စိုးရိမ်သွား၏။ ထို့ကြောင့် သူမသည် အင်တာဖေ့ကို အမြန်ပြောင်းလိုက်လေသည်။
သို့သော် ဘာမှမဖြစ်ကြောင်း မြင်လိုက်ရ၏။
မြစ်ဘေးတွင် စစ်သားအချို့သည် ရှေ့နောက်လှည့်ပတ် လမ်းလျှောက်နေကြ၏။ သူတို့၏ တဲများကို သိမ်းဆည်းပြီး မြို့တော်သို့ ပြန်ရန် စီစဉ်နေကြသည်။ ထို့နောက် နှင်းဖုံးနေသော ပေါ်ပလာပင် နောက်တွင် ကျိုက်ကျိုက်သည် သူမနှင့် ရက်အနည်းငယ်က ဆုံခဲ့သော လျှိုရုယန် ဟုခေါ်သည့် ကျေးလက်သူတစ်ယောက်နှင့်အတူ ရပ်နေလေသည်။ သူတို့သည် တစ်စုံတစ်ခုအကြောင်း ပြောနေကြ၏။
စုရှီသည် သူတို့ဘာပြောနေသလဲ မသိချေ။ စကားပြောခြင်းသည် ဇာတ်ကြောင်းထဲတွင် မပါသောကြောင့် စကားပြောစာတန်းအဖြစ် ပုံမှန်လို ပေါ်မလာချေ။
သို့သော် ထိုမြင်ကွင်းသည် အမှန်တကယ် လှပလေသည်။ မြစ်ဘေးတွင် ချောမောသော အမျိုးသားငယ်နှင့် အားနည်းသော ကျေးလက်သူမိန်းကလေးတစ်ယောက် ဖြစ်လေသည်။
ထို့ပြင် စုရှီသည် တစ်ချက်ကြည့်ရန် ညာဘက်အပေါ်ထောင့်ကို ဖွင့်လိုက်၏။ ကျေးလက်သူ မိန်းကလေးသည် လုဟွမ်၏ မောင်းမဆောင်ထဲတွင် ရှိသေးကြောင်း တွေ့လိုက်ရလေသည်။
‘ဖြစ်နိုင်တာက လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကျိုက်ကျိုက်က ဟန်ယွဲ့ကို ငြင်းဖို့ တုံ့ဆိုင်းမနေဘဲနဲ့ ချည်ထိုးထားတဲ့ ဘောလုံးကို ရှောင်ခဲ့တာကို အခုတော့ အမြင်မှန် ရသွားပုံပင်။ ဒါပေမယ့် အခုက သူအမြင်မှန်ရနေတာလား။ မှန်နေတာပဲ။ ကျိုက်ကျုက်က ပထမဆုံး ချစ်တတ်စအရွယ်ကို ရောက်ပြီပဲ’
ထို့ပြင် အစပိုင်းမှာ စုရှီရဲ့ ကြီးမားတဲ့ ဆုတောင်းက အဲကမ္ဘာမှာ ကျိုက်ကျိုက်ကို အဖော်ပြုဖို့ မိသားစုတွေ သူငယ်ချင်းတွေ ရလာဖို့ပဲ မဟုတ်ဘူးလား။ ‘အခု နောက်ဆုံးမှာ သူ သူငယ်ချင်းတွေ ရလာပြီး သဘောကျနေတဲ့ တစ်ယောက်ယောက်တောင် ရှိလာပြီပဲ။ မင်းသားကိုး အဖြစ် သူ့ရဲ့အထောက်အထားကို ပြန်ယူပြီး ဂိမ်းရဲ့နောက်ဆုံးအဆင့်ကို အောင်မြင်ဖို့လည်း မဝေးတော့ဘူး။ ဒါတွေဟာ သူမရဲ့ အစောပိုင်း ဆုတောင်းတွေပဲ။ သူ ပျော်ပြီး စိတ်လှုပ်ရှားနေသင့်တာ။ ဒါပေမယ့် အခုကြတော့ သီချင်းတစ်ပုဒ်အဆုံးသတ်ပြီး လူတွေ ခွဲခွာသွားရသလိုမျိုး သူမစိတ်ထဲမှာ တစ်ခုခုဆုံးရှုံးသွားတဲ့ ခံစားချက်ဝင်နေတာလဲ။’
စုရှီသည် သူ့ကို မနှောင့်ယှက်သင့်ဘူးဟု တွေးကာ ထိုနေရာကို ထပ်မံ လှမ်းကြည့်လိုက်လေသည်။ ‘နောက်မှပဲ လိုင်းတက်ပါတော့မယ်။’
သူမသည် ဖုန်းစခရင်ကို ပိတ်ကာ ကျောင်းလွယ်အိတ်ထဲသို့ သူမ၏ ယူနီဖောင်းကို ထိုးထည့်ပြီး စာအုပ်များကို သိမ်းဆည်းလိုက်၏။
အခြားတစ်ဖက်တွင် အမျိုးသမီးတစ်ဦး ရာသီလာချိန်တွင် သူမ၏ စိတ်အခြေအနေကို ဘယ်လိုထိန်းညှိရမလဲဟု တော်ဝင်သမားဟောင်း၏ သမီးကို လုဟွမ် မေးနေလေသည်။ လုဟွမ်သည် သူမ၏ အကြံပေးချက် တစ်ခုချင်းစီတိုင်းကို ဂရုတစိုက်ဖြင့် မှတ်သား နေခဲ့သည်။
လျှိုရုယန် သည် ထိုမေးခွန်းမှာ အနည်းငယ် ဖြေရခက်သည်ဟု ခံစားမိသော်လည်း လုဟွမ်သည် ဂရုမစိုက်ချေ။
‘ရှောင်ရှီရဲ့ စိတ်အခြေအနေက အခုတလော တက်လိုက်ကျလိုက် ဖြစ်နေတယ်လို့ ခံစားမိပေမယ့် အကြောင်းအရင်းကို သူ မသိဘူး။ အရင်တစ်ခေါက်က သူမ အတော် နာကျင်နေတာကို တွေ့လိုက်ရတယ်။ သူမ ရာသီလာချိန်တိုင်းမှာ တော်တော်နာကျင်ရလို့ ဖြစ်နိုင်တယ်။ ဒီအတိုင်း ဆက်သွားလို့တော့ မဖြစ်ဘူး။’
သူမ၏ တက်ပလက်ထဲရှိ ပိုင်ဒူ ကို မည်သို့သုံးရကြောင်း သူသိနေပြီး သူမတက်ပလက်၏ လျှို့ဝှက်နံပါတ်ကိုပါ သိနေလေပြီ။ သုညခြောက်လုံးဖြစ်လေသည်။ သူသည် ယင်းကို တစ်ကြိမ်လော့ဖြည် ကြည့်ပြီး သက်ဆိုင်သော ဖြေရှင်းနည်း ရှာကြည့်ရလေသည်။ သို့သော် သူမကမ္ဘာတွင် ရာသီလာချိန်ကိုက်ခဲမှုအတွက် နည်းလမ်းကောင်း မရှိကြောင်း တွေ့ရှိလိုက်၏။ အကိုက်အခဲပျောက်ဆေးဟု ခေါ်သော အရာများကိုသာ သူမ သောက်ရပေသည်။
ထို့ပြင် လုဟွမ်၏ မင်းဆက်တွင်လည်း နည်းလမ်းကောင်းမရှိချေ။ သူသည် တရုတ်ဆေးဝါးစာအုပ်များကို လှန်လှောရှာဖွေခဲ့ပြီး ဆေးဖက်ဝင်အရွက်များ ကြိုချက်နည်းအချို့ကိုသာ တွေ့ခဲ့လေသည်။
တော်ဝင်သမားတော်ဟောင်း၏ သမီးသည်လည်း အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် သူမ၏ အခြေအနေကို ထိန်းညှိရန် အထူး နည်းလမ်းရှိလောက်မည်ဟု သူ တွေးမိလိုက်သည်။ ထို့ကြောင့် တော်ဝင်ရုံးတော်သို့ မပြန်ခင်တွင် အရင်ဆုံး သူမေးလိုက်ခြင်းဖြစ်၏။
လျှိုရုယန် သည် ဤသံချပ်ကာဝတ်ထားသော ခေါင်းဆောင်ငယ်လေးနှင့်အတူ မြို့တော်သို့ ပြန်ချင်လေသည်။ ထို့ကြောင့် သူ့မေးခွန်းကို ဖြေပြီးနောက်တွင် သူမသည် ရှက်ရွံ့စွာဖြင့် ပါးစပ်ကို ဖွင့်ဟပြောလိုက်လေသည်။
“မြင်းတပ်ဗိုလ်မှူး ရှင်က ကျွန်မရဲ့အသက်ကို ကယ်ခဲ့တဲ့အတွက် ရှင် ကျွန်မကို...”
သို့သော် သူမ စကားမဆုံးခင်တွင် သူမရှေ့ကလူသည် သူမ ဘာပြောမလဲ သိပုံပေါ်လေသည်။ တုံ့ဆိုင်းမှုမရှိဘဲ သူသည် သူမကို ဖြတ်ပြောလိုက်သည်။
“မရပါဘူး။ မြို့တော်နဲ့ ဒီက အဝေးကြီးပဲ။ မခေါ်သွားပေးနိုင်ပါဘူး။ မင်း မြို့တော်ကို သွားချင်ရင် တခြားနည်းလမ်း ရှာလိုက်ပါ။”
လျှိုရုယန် “...”
ပြောပြီးနောက်တွင် လုဟွမ်သည် နောက်သို့ အမြန်လှည့်လိုက်ကာ ထွက်သွားလေတော့သည်။
လျှိုရုယန် “...”
တဲထဲသို့ ပြန်ရောက်ပြီးနောက် လုဟွမ်သည် လျှိုရုယန်မှ ရာသီလာချိန်အတွင်း စိတ်အခြေအနေကို ကောင်းမွန်စေခဲ့သည့်ဟု ပြောခဲ့သော နည်းလမ်းများကို မှတ်သားထားလေသည်။ နောက်တစ်ကြိမ် စုရှီ၏စိတ်အခြေအနေ တက်လိုက်ကျလိုက်ဖြစ်ချိန်တွင် ထိုနည်းလမ်းများကို သူ သုံးရမည်။ ထို့နောက် ပြင်ပမှ နေကို လှမ်းကြည့်လိုက်ပြီး ရှစ်ရက်မြောက်နေ့၏ ညနေပင်ရောက်နေလေပြီ။ အချိန်အရ သူမ စာမေးပွဲ ဖြေပြီးလောက်သော်လည်း ဘာကြောင့် အခုထိ မလာသေးသလဲ မသိချေ။
လုဟွမ်သည် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့သော်လည်း သူမကို ရှာမတွေ့ချေ။ ထို့ကြောင့် သူသည် စခရင်ကို ဖွင့်လိုက်ပြီး သူမအိမ်မှ ကျောင်းဆီသို့ ပြောင်းလိုက်လေသည်။
သူမ ဘယ်စာသင်ခန်းတွင် ရှိလဲ လုဟွမ် မသိသောကြောင့် တစ်ခန်းပြီးတစ်ခန်း လိုက်ရှာလေသည်။ သို့သော် ကျောင်းအဆောက်အအုံ တစ်ခုလုံးတွင် ရှာဖွေပြီးသည်ထိ သူ့ကို မတွေ့သေးချေ။
လုဟွမ်သည် စခရင်ကို မြက်ခင်း၊ လယ်ကွင်း၊ လက်တွေ့ခန်းနှင့် အခြားနေရာများသို့ ပြောင်းကြည့်ခဲ့သည်။
‘ကျောင်းဝင်ပေါက်က မုန့်ဈေးတန်းကို သူ အသွားအများဆုံးပဲ။ အဲဒီမှာ ရှိနေတာ ဖြစ်နိုင်တယ်။ သူမ ဘာစားရတာ ကြိုက်လဲဆိုတာ သိရဖို့ ဒါအခွင့်အရေးကောင်းပဲ။ အမျိုးသမီးတစ်ယောက် ရာသီလာနေချိန်မှာ ကောင်းတာတွေ စားပေးတာက စိတ်အခြေအနေကောင်းလာအောင် ကူညီပေးတယ်လို့ တော်ဝင်သမားတော်ဟောင်းရဲ့ သမီးကလည်း ပြောဖူးတယ်’
စိတ်ထဲတွင် ဤအတွေး ပေါ်လာတုန်း လုဟွမ်သည် ကျောင်းဝင်ပေါက်ရှိ လူအုပ်စုထဲတွင် သူမကို ရှာတွေ့သွားလေသည်။
သူ၏နက်မှောင်သော မျက်လုံးများ အနည်းငယ် အရောင်လက်လာပြီး သူသည် စခရင်ကို ဆွဲလိုက်လေသည်။
သို့သော် ဤအချိန်တွင် ထိုနေရာ၌ ရှောင်ရှီနှင့် ကုချင်ဟုခေါ်သော သူမ၏သူငယ်ချင်း ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူတို့မျက်နှာချင်းဆိုင်တွင် အခြားတစ်ယောက် ရှိနေသေးသည်။ ထိုလူ၏ ခေါင်းပေါ်ရှိ ခေါင်းစဉ်မှာ “ကျောင်းမြက်ကလေး” ဟုပင်။
‘ကျောင်းမြက်ကလေး အဲဒါဘာအဓိပ္ပာယ်လဲ။’
လုဟွမ်သည် အနည်းငယ် ကြောင်သွားလေသည်။
နောက်စက္ကန့်ပိုင်းတွင် “ကျောင်းမြက်ကလေး”ဟု ခေါ်သော လူသည် သူ့အိတ်ကပ်ထဲမှ လေးထောင့် စက္ကူနှစ်ရွက်ကို ထုတ်လိုက်ပြီး တစ်ရွက်ကို ရှောင်ရှီဆီသို့ ပေးလိုက်လေသည်။ ကျောင်းမြက်ကလေးသည် ဘာမှတော့ မပြောသွားချေ။ သူ့မျက်နှာသည် မိမိုက်နေပြီး ကျောင်းဂိတ်တံခါးကို မှီလိုက်ချိန်တွင် သူ့အခြားလက်တစ်ဖက်သည် ဘောင်းဘီအိပ်ကပ်ထဲ၌ ရှိနေသေးသည်။
ကျောင်းဝင်ပေါက်ဘေးတွင် အခြားသူများရှိလေသည်။ သူတို့သည် ရှိုးပွဲကြည့်နေသလိုပင်။ အချို့သည် သူတို့မျက်နှာများကို လက်ဖြင့်ကာထားကြပြီး ဆူညံသံများပင် ပြုလုပ်နေကြသေးသည်။
လုဟွမ်သည် သူ့ရှေ့မှ မြင်ကွင်း နားလည်ရန် အတော်ကြိုးစားယူရ၏။ ရှောင်ရှီ၏မျက်နှာမှာ မပြောင်းလဲသော်လည်း ကုချင်သည် မျက်နှာများ နီရဲနေသည်ကို သူတွေ့လိုက်ရသည်။ ကျောင်းမြက်ကလေး ဘာလုပ်နေသလဲကို သူရုတ်တရက် နားလည်သွားလေသည်။
လုဟွမ်၏မျက်နှာသည် ရုတ်တရက် တောင့်တင်းသွားလေသည်။
စုရှီသည် အသားဖြူပြီး လှပလေသည်။ သူမသည် တစ်နေ့လုံး ကျောင်းယူနီဖောင်းပွပွများဝတ်ပြီး ဆံပင်ကို မြင့်မြင့်စီးကာ သိုသိုသိပ်သိပ်နေသော်လည်း ကျောင်းတွင် အတော်လေး နာမည်ကြီးသည်။
ယခင်က သူမ၏ မိသားစု ပိုက်ဆံပြတ်ချိန်က သူမသည် ကျောင်းကြော်ငြာစာတင်ပြီး တစ်ခါဒိတ်ရင် ယွမ်၅၀၀ဟု တင်လိုက်ရာ ရွှေအိုးတစ်အိုးပင် ဝယ်နိုင်သည်ဟု ဟောက်ကျင်ချွမ်း ပြောဖူးလေသည်။ ယင်းသည် အလိမ်အညာ မဟုတ်ချေ။
သို့သော် သူမသည် အိမ်ကပ်သူ ဖြစ်လေသည်။ အိမ်စာလုပ်မနေလျှင် စာလေ့လာနေခြင်း သို့မဟုတ် ဂိမ်းဆော့နေခြင်းပင်။ သူမသည် အလွန်အပူအပင်မရှိဘဲ အနည်းငယ် အမှုမထားတတ်သူ ဖြစ်သော်လည်း ကျောင်းသားအတော်များများသည် သူမကို အေးတိအေးစက်နေသည်ဟု ထင်ကြလေသည်။ ထို့ကြောင့် သူမကို ပိုးပန်းသူ အများအပြား မရှိချေ။ အတော်များများသည် သူမကို မချဉ်းကပ်ရဲကြဘဲ တိတ်တိတ်လေးသာ ရည်းစားစာ ပေးတတ်ကြသည်။
ဤအချိန်တွင် သူမနှင့် ကုချင်ရှေ့တွင် ရပ်နေလျက် ကျောင်းမြက်ကလေးက သူမနှင့် ရုပ်ရှင်သွားကြည့်ရန် ရုပ်ရှင်လက်မှတ်အား ပေးလိုက်လေသည်။ ယင်းသည် ရင်းယောင် ဖြစ်လေသည်။ ဟောက်ကျင်ချွမ်းပြောလေ့ရှိသော ကျောင်းမှ အချောဆုံးကောင်လေးပင်။
သူ့ကို ကျောင်းမြက်ကလေးဟုခေါ်ကြပြီး ချမ်းသာသော်လည်း အချောကြီးတော့ မဟုတ်။ သာမန်ရုပ်ရည်ထက်သာလွန်ပြီး ဟောက်ကျင်ချွမ်းလောက်တောင် မချောချေ။
သို့သော် သူသည် ချမ်းသာသောကြောင့် ကျောင်း၏ နှစ်သစ်ကူးပါတီကို အလှူငွေ ထည့်ခဲ့သည်။ ထို့ကြောင့် ပိုနာမည်ကြီးလာပြီး ကျောင်းမြက်ကလေး ဖြစ်လာလေသည်။
ကျိုက်ကျိုက်၏ ချောမောသော မူလလူပုံစံ ကို မြင်ပြီးနောက် ကျိုက်ကျိုက် အသွင်အပြင် နှင့်ယှဉ်လျှင် ကျောင်း၏ အချောမောဆုံးလူပင် အတော်လေး အဆင့်နိမ့်သွားသည်ဟု စုရှီခံစားရလေသည်။
ထို့ပြင် ကျိုက်ကျိုက်သည် စစ်မြေပြင်တွင် နှစ်ဝက်ကျော်အကြာလောက် ရှိနေခဲ့လေသည်။ သူ့ပုခုံးများကို ထောက်ပံ့ပေးပြီး ခါးကို ပင့်တင်ပေးသော ကြွက်သားများ ရှိနေလောက်လေပြီ။ ကျောင်းမှ ကောင်လေးများသည် စာလုပ်ရလွန်းသောကြောင့် ထုံထိုင်းနေပြီး မတ်မတ်ပင်မရပ်နိုင်ကြချေ။ သူတို့ ယှဉ်နိုင်စရာ အကြောင်းမရှိချေ။
ကုချင်သည် သူမ၏နောက်ကျောကို အသည်းအသန် ထုရိုက်လျက် သူမအစား ရုပ်ရှင်လက်မှတ် ယူရန် မျှော်လင့်နေလေသည်။ သို့သော် သူမသည် သူမရှေ့တွင် ရပ်နေသော နဖူးထိပ်တွင် ဝက်ခြံရှိနေသော်လည်း ချောမောသေးသည်ဟု မှတ်ယူခံထားရသည့် ကျောင်းမြက်ကလေးကို ကြည့်လျက် အနည်းငယ် ငေးငိုင်နေလေသည်။
ကျောင်းမြက်ကလေးသည် အလျင်အမြန် စိတ်မကျေမနပ် ဖြစ်သွားပြီး ပြောလိုက်လေသည်။
“ငါနဲ့ ရုပ်ရှင်ကြည့်ချင်တဲ့သူတွေ ကျောင်းကနေ တန်းစီနေတာပဲ။ မင်း မကြည့်ချင်ရင် မင်းမှာ အခွင့်အရေး ရှိတော့မှာမဟုတ်ဘူး စုရှီ။”
လူတော်တော်များများသည် စတင်လှောင်ပြောင်လာလေ၏။ ကျောင်းမြက်ကလေးသည် ဂိတ်တံခါးကို မှီလျက် ထိုစကားပြောသည့်ပုံစံမှာ မိမိုက်နေသည်ဟု သူတို့ ထင်နေကြလေသည်။
ဤအချိန်တွင် စုရှီသည် ဂိမ်းသာ ကစားချင်နေပြီး ရုပ်ရှင်ကြည့်ချင် စိတ်ရှိ မနေချေ။ ထို့အပြင် ကုချင်နှင့်လည်း ဈေးဝယ်ထွက်ရန် သူမ စီစဉ်ထားလေသည်။ သို့သော် သူတို့ဘေးတွင် လူများစွာ ရှိနေလေသည်။ သူ့ကို ငြင်းရန် ပိုကောင်းသောနည်းလမ်း သူမ စဉ်းစားရပေမည်။
ထို့ကြောင့် သူမသည် ကျောင်းမြက်ကလေးကို ကြည့်ကာ ရေရွတ်လိုက်လေသည်။
“ငါ...”
သို့သော် သူမ စကားမဆုံးခင်တွင် ရုတ်တရက် လေပြင်းတိုက်ခတ်လာကာ ရင်းယောင်၏ ဆန့်ထုတ်ထားသော လက်ကို အပြင်းအထန် ဖြတ်တိုက်သွားလေသည်။
သူသည် ရုပ်ရှင်လက်မှတ်ကို ဆက်ကိုင်မထားနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
သူ မှီထားသော ဂိတ်တံခါးသည် ဝက်အူတစ်ခု ပြုတ်ထွက်သွားပြီး ကျွီဟူ၍ ရုတ်တရက် မြည်လာလေ၏။ ရင်းယောင် သည် ထိတ်လန့်သွားပြီး တံခါးကို မှီထားသော သူ့ဟန်ချက်ကို မထိန်းထားနိုင်တော့ဘဲ ရှေ့သို့ လဲကျသွားလေ၏။
စုရှီသည် ဆွံ့အသွားလေသည်။
ဤသို့ ရုတ်တရက် အလှည့်အပြောင်း ဖြစ်ရပ်များသည် ဘေးမှ ကျောင်းသားများကိုလည်း အချိန်ခဏကြာလောက် ကြောင်အနေစေ၏။
ရင်းယောင်သည် သူ၏ လက်မောင်းကို ပွတ်နေပြီး စိတ်ထဲတွင်တော့ ဆဲဆိုနေ၏။ ဒီနှစ်က သူ၏ကံဆိုးသော နှစ်ဖြစ်သည်ဟု သူ ခံစားမိလေသည်။ ရင်းယောင် က သူပြောလက်စ စကားကို ဆက်ပြောမည့် အချိန်တွင် စုရှီ၏ ရုတ်တရက် တုံ့ပြန်လာတဲ့ အမူအယာကြောင့် ရပ်တန့်သွားရသည်။ သူမသည် ရယ်ချင်စိတ်ကို ထိန်းချုပ်ထားသည့် ပုံဖြင့် ပါးများကို ဖောင်းထား လေသည်။ ထို့နောက် သူမဖုန်းကို ထုတ်ပြီး ကုချင်ကို ဆွဲခေါ်သွားလေသည်။
ဂိမ်းကို စုရှီဖွင့်ချိန်တွင် သူမဘေးတွင် ကုချင်သည် ပွစိပွစိပြောနေဆဲပင်။
‘သူမ ခန့်မှန်းတာမှန်ရင် ခုနက မြင်ကွင်းက လုဟွမ် လုပ်နေတာပဲ ဖြစ်မယ်။’
စုရှီသည် ရယ်ချင်သည်ကို ထိန်းလိုက်ပြီး သူမနားကြပ်များကို တပ်လိုက်လေသည်။ မြက်ခင်းစိမ်းဘေးက လျှောက်လမ်းတွင် လမ်းလျှောက်ရင်း သူမ စခရင်ကို ဖွင့်လိုက်လေ၏။ တဲရှိရာသို့ စခရင်ကို ရွေ့ကာ လန်းဆန်းသော အပြုအမှုဖြင့် ကျိုက်ကျိုက်ကို ပြောလိုက်လေသည်။
“ငါ ရောက်ပြီ။”
ကျိုက်ကျိုက်သည် စားပွဲတွင်ထိုင်ကာ စစ်တပ်ရေးရာ အချက်အလက်များ ကူးရေးနေလေသည်။ သူသည် အသက်မပါသည့်ပုံ ဖြစ်နေပြီး သူ့လက်ကိုပင် မမြှောက်ချေ။
“အိုး”
သူသည် ဘာမှမဖြစ်ဟန်ဆောင်နေသည်ကို စုရှီ တွေ့လိုက်ရပြီး ပြဿနာရှာသည်မှာ သူဖြစ်ကြောင်း ပိုသေချာသွား၏။ စုရှီ ရယ်ချင်နေလေသည်။ သူမသည် အင်တာဖေ့ကို စားပွဲနောက်ဘက်သို့ ဆွဲလိုက်လေသည်။ စားပွဲအောက်တွင် ကျိုက်ကျိုက်၏ လက်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြောင်း သူမ သေချာမြင်နိုင်လေသည်။ သူ၏ လက်ဆစ်များမှာ ထင်ရှားနေလေသည်။
စခရင်အား သူမ ပြောင်းလိုက်သည်ကို သူ အာရုံခံ မိပုံပေါ်၏။ သူ၏ မျက်ခွံ့များ အနည်းငယ် တွန့်သွားပြီး လက်ကို ဖြည်လိုက်လေသည်။
စုရှီသည် ထပ်ရယ်ချင်လာပြီး သူမ စိတ်ထဲမှ စိတ်ပျက်မှုသည် အနည်းငယ် လျော့ကျသွားလေသည်။
‘အခုတလောမှာ သူမရဲ့ ခံစားချက်တွေ ဘာလို့ တက်လိုက် ကျလိုက် ဖြစ်နေတာလဲ မသိဘူး။ ဒီလို မဖြစ်ချင်ပေမယ့် တစ်ခါတစ်လေ ကြတော့လည်း...။ အတိုချုပ်ပြောရရင် အတော်လေး စိုးရိမ်မိတယ်။ ဂိမ်းက တဖြည်းဖြည်းနဲ့ နောက်ဆုံးအဆင့်ကို ရောက်လာပြီးတော့ သူမတို့ အရင်ကနဲ့ မတူတော့မှာကို သူမ စိုးရိမ်မိတယ်။’
ဤခံစားချက်များကို မရှင်းပြနိုင်ချေ။ သူနှင့်ပတ်သက်ပြီး တစ်ခုခုလွဲနေသကဲ့သို့ ခံစားရလေသည်။ သို့သော် သူမ၏ အလုံးစုံ လှန်လော ဖွေရှာကြည့်ရင်တောင် ဖိနပ်ဝတ်ပြီး ယားယံသည့်နေရာကို အပြင်မှ ကုတ်ခြစ်နေသလို အဓိကနေရာကို ရှာမတွေ့ဘဲ ဖြစ်နေသည်။
ဘာပြောရမလဲ သူမ မသိချေ။ စခရင်ပေါ်တွင် စစ်ရေး အချက်အလက်များကို ကူးရေးလျက် ကျိုက်ကျိုက်၏ မျက်နှာသည် ဆူပုတ်နေလေသည်။ စိတ်အခြေအနေ ကောင်းနေသည့် ပုံမပေါ်ချေ။
လုဟွမ်သည် သူမအပေါ်ကို ဆူပုတ်ပုတ်ဖြင့် ဆက်ဆံတတ်သည်မှာ အကြိမ်များများ မရှိကြောင်း စုရှီ ရုတ်တရက် သတိရသွား၏။ အရင်တစ်ခေါက်က သူ ဆူပုတ်ချိန်မှာ စစ်တပ်ရေးရာဝန်ကြီးဌာန၏ အိမ်ရာတွင် လုဟွမ်ကို “လက်ထပ်ပြီး ကလေးယူခြင်း” အကြောင်း မေးသောအခါက ဖြစ်၏။
စုရှီသည် သူမ၏ စိတ်ထဲတွင် မှေးမှိန်သော ခန့်မှန်းချက်ရှိနေပြီး ထိုခန့်မှန်းချက်က မြေကြီးမှ ဖောက်ထွက်လာတော့မည့် ပိုးဖလံလိုပင် သူမ၏နှလုံးသားကို ယားယံစေလေသည်။ သို့သော် ထိုအတွေးသည် သူမခေါင်းထဲတွင် ဖြတ်ခနဲ ပေါ်ထွက်လာခဲ့ပြီး ပျောက်သွားသဖြင့် သေချာ မဖမ်းဆုပ် နိုင်လိုက်ချေ။
ထို့ကြောင့် သူမသည် ရှေ့နောက် မစဉ်းစားဘဲ ပြောချလိုက်လေသည်။
“နင်နဲ့ လျှိုရုယန်က မြို့တော်ကို အတူ ပြန်ချင်...”
သို့သော် သူမ စကားမဆုံးခင် တစ်ချိန်တည်း၌ စားပွဲနောက်မှ လူငယ်အသံသည် ထွက်ပေါ်လာ၏။
“လမ်းဘေးမှာ ရုပ်သေးရုပ်ပြပွဲရှိတယ်။ မင်းသွားကြည့်ချင်...”
နှစ်ယောက်လုံး တစ်ချိန်တည်းတွင် မေးမိလိုက်၏။ တစ်ယောက်စီ၏ စကားလုံးများကို စခရင်ပေါ်တွင် မြင်လိုက်ရသောအခါ ထိတ်လန့်သွားလေသည်။
ထို့နောက် လေထုသည် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွား၏။
သူတို့နှစ်ယောက်လုံး၏ မျက်နှာသည် ထူးထူးခြားခြား နီရဲနေလေသည်။