Chapter 59
Vol. 6 Ch. 59
"မင်းဘက်မှာ စခရင်ကြီး ပေါ်လာထဲက မစ်ရှင်တွေ ရထားပြီမလား၊ ခဏလေး မင်းဘက်က ကြားခံနေရာက တကယ်တော့ ငါ့အိမ်လား? မင်းငါ့ကို စတွေ့တုန်းက ငါက လက်တံ၊ ခြေတံတိုတဲ့ ကာတွန်းဇာတ်ကောင် ဖြစ်ခဲ့တာလား... မဟုတ်ဘူး၊ ငါ့ကို ရှင်းရှင်းလင်းလင်း ပြောပြဦးလေ.. မင်းအင်္ဂလိပ်စာသင်ပြီးပြီလား ငါ $#^y $#!!"
"မပြောနိုင်သေးဘူး ၊ ငါအသက်ရှူပါရစေဦး-" စုရှီသည် လုဟွမ်ဘက်ရှိ အခြေအနေအကြောင်း အသေးစိတ်မေးပြီးနောက် သူမ လုံးဝ စိတ်ရှုပ်ထွေးသွားသည်။
မူလက သူမသည် ယန်မင်းဆက်နှင့် ချိတ်ဆက်နိုင်သော ဂိမ်းတစ်ခု သူမ၏မိုဘိုင်းလ်ဖုန်းပေါ်တွင် ပေါ်လာသည်မှာ မယုံနိုင်စရာ ကောင်းလှသည်ဟု ထင်ခဲ့သည်။ ယခုမူကား ပို၍ ထိတ်လန့်စရာ ကောင်းလာသည်မှာ ကျိုက်ကျိုက် "လိုက်ကာ" ဟု ခေါ်သည့် စခရင်မျက်နှာပြင် သည် သူ့ နံဘေး၌ ပေါ်လာသော အရာသည် သူ့ဖက်ရှိ မိုဘိုင်းဖုန်းစခရင်ကို အကျယ်ချဲ့သကဲ့သို့ ဖြစ်နေခဲ့သည်။
တစ်နည်းဆိုရသော် ဤစနစ်သည် နှစ်ဖက်စလုံးတွင် ဖြစ်နေသည်။ ကျိုက်ကျိုက်ဘက်ရှိ စနစ်၏လုပ်ဆောင်ချက်များသည် သူမနှင့် ခြားနားခြင်းမရှိပေ။ ပို၍ပင် အဆင့်မြင့်နေသည် — သို့သော် လုဟွမ်ဘက်ရှိ ကြားခံမျက်နှာပြင်ကမူ ဖောက်ထွင်းမြင်နိုင်သော်လည်း သူမ မမြင်နိုင်ပေ။
ကြံ့ခိုင်ရေးဆိုင်ရာ စစ်ဆေးချက်ပြီးနောက် ကျိုက်ကျိုက်သည် သူ့ကိုတွေ့နိုင်မည်ဟု ထင်ခဲ့သော်လည်း ယခုလိုဖြစ်မည်ဟု လုံးဝမထင်ခဲ့ပေ။ ယခုတော့ ဤဂိမ်းကို ဂိမ်းဟုပင် မခေါ်နိုင်တော့ဘဲ မင်းဆက်နှစ်ခုကို ဆက်သွယ်ပေးသည့် စနစ်တံတားတစ်ခုကဲ့သို့ ခေါ်ရပေမည်။
စုရှီသည် ကုတင်ပေါ်ထိုင်ချလိုက်ပြီး အချိန်အတော်ကြာ ထိတ်လန့်သွားကာ နောက်ကွယ်ရှိ အကြောင်းအရာများကို ဖြည်းညှင်းစွာ စဉ်းစားနေမိသည်။ သူမ ဤအကြောင်းကို အခြားသူများအား ပြောပြခဲ့မည်ဆိုလျှင် စိတ်ကူးယဉ်မှုတစ်ခုဟုသာ သေချာပေါက် ထင်မြင်ကြပေလိမ့်မည်။ စုရှီသည် မိုဘိုင်းဂိမ်းတွင် တစ်ချက်လေး နှိပ်ခဲ့ရာမှ အချိန်ကုန်လွန်သွားပြီး ဇာတ်ဆောင်ကို ရာဇပလ္လင်သို့ ပို့လိုက်မိသည်ဟု မည်သူယုံနိုင်မည်နည်း။ နောက်ပိုင်း ဤမိုဘိုင်းဂိမ်းသည် ကမ္ဘာအစစ်တစ်ခု ဖြစ်လာပြီး အလားတူများသည် ကျိုက်ကျိုက်၏ကမ္ဘာတွင်လည်း ပေါ်လာသည်။
သို့သော် အစပိုင်းတွင် ဤဂိမ်းသည် စုရှီ၏ဖုန်းတွင်သာ ပေါ်လာနိုင်ပြီး အခြားသူများ၏ ဖုန်းများမှဒေါင်းလုဒ်ဆွဲ၍ မရနိုင်ပေ။ ဤဖြစ်ရပ်သည်ပင် ယုတ္တိမတန်သည့် ကိစ္စရပ်ဖြစ်နေလေပြီ။ ထို့ကြောင့် ယခု မည်သို့ပင်ဖြစ်ပါစေ စုရှီသည် တုန်လှုပ်ခြင်းမှ ပြန်လည် သတိဝင်လာပြီးနောက် ပြင်းထန်သော စိတ်စွမ်းအားဖြင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်ခဲ့သည်။
ဤကိစ္စကို လက်ခံနိုင်ပြီးနောက် စုရှီသည် ဖန်သားပြင်ပေါ်ရှိ ချောမောသော ကျိုက်ကျိုက်ကို ကြည့်ပြီး — 'ဒါက ဘယ်လို ဂိမ်းတုန်း။ ဗီဒီယို ကောလ် မဟုတ်ဘူးလား'
စုရှီသည် အလွန်မှော်ဆန်သည်ဟု ခံစားမိပြီး မယုံနိုင်လောက်အောင် ဖြစ်နေသေးသည်။ သူမက ကျိုက်ကျိုက်ကို "အင်္ဂလိပ်စာမေးပွဲစာရွက် ထုတ်ပြကြည့်၊ ရှင် အမှတ်ဘယ်လောက်ရလဲ သိချင်တယ်"
လုဟွမ်သည် သူ စုရှီကို တွေ့နိုင်ကြောင်း သူမ သိသွားမည်ကို စိုးရိမ်နေခဲ့သည်။ စုရှီ ဝန်ထုပ်ဝန်ပိုးနှင့် မသက်မသာဖြစ်ပြီး သူ့အား ထာဝရလျစ်လျူရှုထားမည်ကို စိုးနေခဲ့သည်။ ထို့ကြောင့် စုရှီကို မသိစေချင်ခဲ့ပေ။ သို့သော် ယခုမူ သူမ၏အမူအရာကို သေသေချာချာကြည့်လိုက်ရာ သူမ ထိတ်လန့်သွားသော်လည်း သူတို့နှစ်ဦးကြားရှိ ဆက်သွယ်မှုကို ဖြတ်တောက်ဖို့ ရည်ရွယ်ချက်မရှိကြောင်း သိရသဖြင့် သူ စိတ်သက်သာရာရသွားသည်။
သူ လှည့်လိုက်ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြေထားသည့် မေးခွန်းစာရွက်ကို ထုတ်ယူလိုက်သည်။ တဲထဲရှိ ကောက်ရိုးပေါ်တွင် ဖြန့်ထုတ်လိုက်ပြီး “ငါ့ကို အမှတ်ပေးမှာလား” ဟု ရယ်မောစွာ မေးလိုက်သည်။
"ဟုတ်တယ်၊ အရမ်းစောပြီးလည်း မပျော်နေနဲ့။ ကျရင်လည်း ကျသွားနိုင်တယ်!" စုရှီသည် ကျိုက်ကျိုက်ကို ခက်ထန်စွာ ပြောသည်။
ကျိုက်ကျိုက် စိတ်မဆိုးချေ။ လိုက်ကာတစ်ဖက်ရှိရှိ သူမကို လက်နှစ်ဖက်နောက်ပစ်ထားကာ လှမ်းကြည့်ရင်း ပြုံးပြုံးရွှင်ရွှင်နှင့် "ငါ တခြားမေးခွန်းတွေကိုလည်း ဖြေထားတယ်။ ရမှတ်ကို တွက်ပေးလို့ရတယ်။ အဆင့် top ten လောက်တော့ ဖြစ်နိုင်မယ်ထင်တယ်"
စုရှီက နောက်တစ်ကြိမ် စိတ်ရှုပ်သွားပြန်သည်။
"Top Ten က ဘာကိုဆိုလိုမှန်းကော သိလို့လား"
ကျိုက်ကျိုက်က ပြုံးပြပြီး ဘာမှပြန်မပြောပေ။ သူမသည် လွန်ခဲ့သော ခြောက်လအတွင်း သူမ၏မင်းဆက်အကြောင်း သင်ယူခဲ့သော မှတ်စုများကို ပြန်ရှာကြည့်ခဲ့သည်။ သူသည် စကားလုံးများစွာ၏ အဓိပ္ပါယ်ကို နားလည်ပြီးသားဖြစ်သော်လည်း မဖျောက်နိုင်သော အလေ့အထအချို့ရှိသည်။ ဥပမာအားဖြင့် သူသည် သတိမထားမိဘဲ "ကျောင်း" ကို "ကျောင်းတော်" ဟု ပြောလိုက်မိ တတ်သည်။
သူသည် ကောက်ရိုးပုံပေါ်တွင် သေသေသပ်သပ်ရေးထားသော မှတ်စုအထူကြီးကို ချလိုက်ကာ စုရှီကို မော့ကြည့်လိုက်သည်။ သူ၏ နက်မှောင်သော မျက်လုံးများသည် အလွန်တောက်ပနေပြီး ချီးကျူးစကားပြောပေးရန် တောင်းဆိုနေသကဲ့သို့ အရိပ်အမြွက်ကို ပြနေလေသည်။
ဤမြင်ကွင်းသည် စုရှီကို စိတ်မသက်မသာဖြစ်စေပါသည်။ ကျိုက်ကျိုက်၏ အင်္ဂလိပ်အိမ်စာများကို ပြင်ပေးရင်း ဦးနှောက်ပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
စာမေးပွဲအပြီးတွင် ဘာသာရပ်တစ်ခုစီမှ ဆရာ ဆရာမများသည် အဖြေများကို ပြောပြပြီး ပိတ်ရက်တွင် အိမ်ပြန်၍ အဖြေများကို နှိုင်းယှဉ်ကြည့်ခိုင်းသည်။ သူမသည် ကျိုက်ကျိုက်၏ အင်္ဂလိပ်အိမ်စာများကို "abc" ဖြင့် အဆင့်သတ်မှတ်ခဲ့သည်။ သူမ အလွန်မြန်ဆန်စွာ အပြီးသတ်လိုက်သည်။
နောက်ဆုံးရမှတ်ကို တွက်ချက်ပြီးနောက် စုရှီသည် သူ့စားပွဲရှေ့တွင် ရပ်ကာ အံ့ဩနေခဲ့သည်။ ——
အမှတ်ပေါင်း ၁၅၀ အနက်၊ နားထောင်ခြင်း ရမှတ် ၃၀ နှင့် စာရေးခြင်း ၂၅ မှတ် အပိုင်းနှစ်ပိုင်းမှလွဲ၍ ကျိုက်ကျိုက်သည် အခြားကွက်လပ်ဖြည့်မေးခွန်းများအားလုံးကို ဖြေနိုင်ခဲ့ပြီး ၉၅မှတ် ရရှိခဲ့သည်။
'မေးသမျှကို မှန်အောင် ဖြေနိုင်ခဲ့တာလား’
သူမကိုယ်တိုင်ပင် မေးခွန်းအားလုံးကို မှန်ကန်စွာ မဖြေဆိုနိုင်ခဲ့ဘဲ အမှားနှစ်ခုလုပ်ခဲ့မိသည်။
စုရှီသည် ဖန်သားပြင်ပေါ်ရှိ ကျိုက်ကျိုက်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
အပေါ်ကို မော့ကြည့်လိုက်တော့ ကျိုက်ကျိုက်သည် အမှတ်မထင် ခေါင်းကို မော့လိုက်ပြီး နှုတ်ခမ်းကို ထော်ထားပုံရသည်။
စုရှီသည် သူမ၏အမြင် ပြိုလဲသွားပြီး ပြန်လည်ပုံစံပြောင်းလာသည်ဟုသာ ခံစားလိုက်ရသည် ။
ကျိုက်ကျိုက်နှင့် တော်ဝင်ခုံရုံးသို့ လိုက်ပါသွားစဉ်က သူ အလွန်ထက်မြက်ကြောင်း သူမ သတိထားမိသော်လည်း မယုံနိုင် ဖြစ်နေသေးသည်။
ပြီးခဲ့သည့် လအနည်းငယ်အတွင်း သူသည် စစ်ရေးကိစ္စနဲ့ အလုပ်ရှုပ်နေခဲ့ပြီး သူမ အွန်လိုင်းပေါ်ရောက်တိုင်း လက်ဖက်ရည်သောက်ရန် ပင် အချိန်မရှိလောက်အောင် အလုပ်များနေမှန်း သူမ မြင်ခဲ့ရသည်။ ထိုသို့သော အခြေအနေမျိုး၌ အင်္ဂလိပ်စာ၊ သမိုင်းနဲ့ အခြားဘာသာရပ်များကို သင်ယူရန် မည်သို့ အချိန်ပေးနိုင်ခဲ့သနည်း။
'ဒါက ဒဏ္ဍာရီဆန်ဆန် ရွေးချယ်ခံရတဲ့သူလိုမျိုးလား’
စုရှီသည် သက်ပြင်းချလိုက်ပြီး စိတ်ထဲ ခံပြင်းသလို ခံစားလိုက်ရသည်။ သူမသည် ကျိုက်ကျိုက်၏ တောက်ပသော မျက်လုံးများကို တမင်တကာ လျစ်လျူရှုကာ စိတ်ငြိမ်သက်စေရန် coke တစ်ငုံသောက်လိုက်သည်။
"ဘာသောက်နေတာလဲ?"
သူမသည် ဖုံးကွယ်ထားရန် မလိုအပ်တော့၍ သူ့ကို မြင်ရကြောင်း ထုတ်ပြခဲ့သည်။ ဖန်သားပြင်ပေါ်ရှိ လူငယ်လေးသည် ပြင်းပြင်းထန်ထန်ကို သိချင်စိတ်ပေါ်နေခဲ့သည်။
စုရှီသည် သူမလက်ထဲရှိ ဆိုဒါကို ယမ်းခါကာ "Coke၊ ကာဗွန်နိတ်အချိုရည်တစ်မျိုး" ဟု ယောင်ဝါးဝါးသာ ပြောလိုက်သည်။
လုဟွမ်က ခဏလောက်စဉ်းစားပြီး "ဒီနေ့ ကျောင်းပြီးလို့ မင်းသူငယ်ချင်းကိုတွေ့တော့ သူကိုင်ထားတဲ့ စာအုပ်ထဲမှာလည်း ဒီစကားလုံးကို တွေ့လိုက်တယ်။ "coke ဝယ်တယ်" ဆိုတာ ဘာအဓိပ္ပာယ်လဲ " ဟူ၍ မေးလိုက်သည်။
စုရှီသည် သူမပါးစပ်ထဲမှ coke ကို ထွေးထုတ်လုနီးပါးပင် ဖြစ်သွားသည်။ သူမက ဒေါသတကြီးဖြင့် "ကုချင်ဖတ်တဲ့ စာအုပ်တွေကို လိုက်မဖတ်နဲ့!"
"...ဘာလို့လဲ?" ကျိုက်ကျိုက်အံ့အားသင့်သွားသည်။
စုရှီသည် သူမ၏ စိတ်ထဲမှ ခေါင်းကို အရူးအမူး ကုတ်နေပြီဖြစ်သည်။ ကုချင်နှင့် စကားပြောရန် အချိန်ရှာပြီး သူနှင့်အတူရှိနေစဉ် ထိုညစ်ညမ်းစာအုပ်များကို မဖတ်ဖို့ ပြောဆိုရန် ဆုံးဖြတ်ခဲ့ပါသည်။ သူမသည် ဟောက်ကျင်းချွမ်ကို စကားပြောဆိုရာတွင် စည်းထိန်းရန်နှင့် သူမအနားတွင် ရှိနေစဉ်တွင် မတွေးတောဘဲ စကားမပြောရန်လည်း အသိပေးရန် ဆုံးဖြတ်ခဲ့သည်။ ကျိုက်ကျိုက်သည် ရှေးခေတ်ကလူ ဖြစ်သည်။ သူသည် သပ်သပ်ရပ်ရပ်၊ သန့်ရှင်းဖြူစင်ပြီး ယဉ်ကျေးသူ ဖြစ်သည်။ ထိုနှစ်ယောက်နှင့် ပေါင်းသင်းရာမှ လမ်းလွဲသွားလိမ့်မည်ကို စိုးရသည်။
သို့သော် သူတို့နှစ်ယောက်သည် သူမ၏ သူငယ်ချင်းကောင်းများမဟုတ်ကြသော်လည်းစုရှီ သည် ခေတ်မီလူ့အဖွဲ့အစည်း၌ နေရာအနှံ့ရှိ အင်တာနက်ကဖေးများ၊ ဂိမ်းခန်းမများ၊ KTV များနှင့် အခြားသော တေးဂီတနေရာများ၊ တီဗီစီးရီးရှိ ဇာတ်လမ်းတွဲများကို တွေးတောရင်း ခေါင်းကိုက်နေခဲ့သေးသည်။ အကယ်၍ ကျိုက်ကျိုက်သည် ဤအရာများဖြင့် အချိန်အကြာကြီး ထိတွေ့နေမိပါက၊ သူသည် ယခုကဲ့သို့ ကင်းစင်သော ကျိုက်ကျိုက် ဖြစ်နိုင်သေးမည်လော။
သူ ကျိုက်ကျိုက်ကို ပြောလိုက်၏။
"ငါ့မင်းဆက်မှာ အကောင်းနဲ့အဆိုး ယဉ်ကျေးမှုတွေ ရှိတယ်။ မင်းက ကောင်းတဲ့ အနှစ်သာရကိုပဲ ရွေးယူပြီး အမှိုက်တွေကို ရှင်းထုတ်ပစ်ရမယ်။ ကုချင် ဖတ်တဲ့ စာအုပ်တွေက အမှိုက်တွေပဲ"
လုဟွမ်သည် တစ်ခုခုပြောချင်သော်လည်း စုရှီက ချက်ချင်းပင် ဆက်ပြောသည်။ "မင်းငါ့ကို ပြည့်တန်ဆာခန်း သွား ခွင့်မပြုသလိုပဲပေါ့။ ကုချင် ရဲ့စာအုပ်တွေကို မင်းပြန်ဖတ်ရင် ငါပြောတာကို မင်းဂရုမစိုက်တော့ရင် ငါ စစ်တပ်ရေးရာဝန်ကြီးဌာနရဲ့ အများပြည်သူသုံး ရေချိုးခန်းကို သွားလိုက်မယ်။"
"မင်းလုပ်ရဲတယ်!" ကျိုက်ကျိုက်၏ မျက်နှာသည် ဖန်သားပြင်ပေါ်တွင် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
စုရှီက ရယ်မောလိုက်ပြီး "ငါ လုပ်ရဲလား စမ်းကြည့်လေ"
လုဟွမ်"..."
ဖန်သားပြင်တစ်ခုဖြင့် ခြားထားသောကြောင့် သူမအား မလုပ်စေချင်သော်လည်း မည်သို့မှ တားဆီးနိုင်မည် မဟုတ်ပေ။ လုဟွမ် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
စုရှီ၏ အကြည့်များသည် ခေတ်မီယဉ်ကျေးမှုနှင့်ပတ်သက်သော လက်ရေးစာတန်းဆီသို့ ပြန်ရောက်သွားသည်။ သူမသည် စခရင်ကို လှန်ကြည့်လိုက်ရာ ကျိုက်ကျိုက်၏မှတ်တမ်းများသည် အလွန်အသေးစိတ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
၎င်းတွင် "အများပြည်သူသုံး ဘတ်စ်ကားများကို အသုံးပြုနည်း"၊ "ရေပိုက်ခေါင်းများနှင့် အပူပေးမီးချောင်းများကဲ့သို့သော အိမ်သုံးပစ္စည်းများအကြောင်း မှတ်တမ်းများ"၊ "မြေအောက်ရထားလမ်းများ၏ အသေးစိတ်ရှင်းလင်းချက်" စသည်တို့ ပါဝင်သည်။
ဤအရာများကို အသုံးပြုရန်နည်းလမ်းများနှင့် မြို့မြေအောက်ရထား၏ ရှုပ်ထွေးသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ အကြောင်းကို မဆိုထားနှင့်၊ "အများပြည်သူဘတ်စ်ကားများ"၊ "အပူပေးမီးချောင်းများ" ဟူသော ဝေါဟာရများသည်ပင် ကျိုက်ကျိုက်နှင့် လုံးဝရင်းနှီးခြင်း မရှိပါချေ။
သို့သော် ကျိုက်ကျိုက်သည် ဖယောင်းတိုင်မီးထွန်း၍ပင် အားစိုက်ထုတ်ကာ ဤအရာများကို ဖြည်းဖြည်းချင်း ဂရုတစိုက်လေ့လာခဲ့သည်။
ထိုအချိန်အတောအတွင်း စုရှီအွန် လိုင်းတက်တိုင်း သူမသည် ကျိုက်ကျိုက်အား အချိန်အတော်ကြာ မအိပ်ရသေးသည့်သူကဲ့သို့ ခံစားခဲ့ရသည်။ သူ့မျက်လုံးအောက်၌ အစိမ်းရောင်အကွက်က အမြဲရှိနေခဲ့သည်။
သူသည် ဤအရာများကို လေ့လာခဲ့ပြီး သူမနှင့် ပိုမိုကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်ရန် ကြိုးစားနေလေသည်။
သူမ၏ကမ္ဘာသစ်ကို ရင်ဆိုင်ရသည့်အခါ သူ အရမ်းကြောက်နေသင့်သော်လည်း သူငြင်းဆန်မည့်အစား ပို၍ပင် ကြိုးစားခဲ့သည်။
စုရှီ စိတ်ပျော့သွားသည်...
သူတို့၌ အချင်းချင်းနားလည်မှု ရှိကြကာ သူမသည် ကျိုက်ကျိုက်နှင့် အချိန်၊ နေရာ တစ်ချိန်တည်း တွေ့ချင်ပြီး ကျိုက်ကျိုက်သည်လည်း သူမကို တစ်ချိန်တည်းမှာ တွေ့ချင်ခဲ့သည်။ သူတို့ နှစ်ယောက်လုံး၌ တူညီသည့် ဆန္ဒရှိကြသည်။
သို့သော် ထိုဆန္ဒကို ဘယ်တော့မှ
အကောင်အထည် ဖော်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း စုရှီ ခြေတစ်လှမ်းမျှ မရွေ့တော့သည်ကို မြင်နေရလျှင်ပင် သူသည် မမြင်နိုင်သော နေရာကို ရောက်နေနှင့်ပြီး ခြေလှမ်းကိုးဆယ့်ကိုးလှမ်းလှမ်းပြီးကာ ခွန်အားရှိသမျှကို တိတ်တဆိတ် သုံး၍ စုရှီဆီသို့ အပြေးလျှောက်လှမ်းနေလေသည်...။
စုရှီသည် ဖန်သားပြင်ပေါ်ရှိ လုဟွမ်ကို ကြည့်လိုက်ပြန်သည်။ ရေချိုးနေသည့် ယောက်ျားသားများကို ချောင်းကြည့်ရန် စစ်တပ် ရေးရာဝန်ကြီးဌာနသို့ သွားချင်သည်ဟု ပြောလိုက်သည့်အတွက် သူက စိတ်ဓာတ်ကျနေပြီး အနည်းငယ် ဒေါသထွက်နေသေးလေသည်။ သူမ ပြုံးသာ ပြုံးလိုက်တော့သည်။
လုဟွမ်သည် သူအဘယ့်ကြောင့် ပြုံးနေမှန်းမသိသော်လည်း ကြားခံမျက်နှာပြင်ထဲရှိ စားပွဲပေါ်မှ မီးအိမ်၏ အလင်းရောင်သည် သူမမျက်နှာဘက်သို့ ကျလာပြီး နူးညံ့သည့် မျက်နှာအသွင်အပြင်ကို ပုံပေါ်နေစေသည်။ လုဟွမ် သူမမျက်နှာကို ကြည့်လိုက်သည်။ တဖြည်းဖြည်း ရောဂါပိုးကူးစက်ခံလိုက်ရသလိုပင် သူ့မျက်လုံးထဲမှ အမှောင်ထုသည် တဖြည်းဖြည်း မှိန်ဖျော့သွား၍ သူ့မျက်လုံးနှင့် မျက်ခုံးထောင့်များက နားမလည်နိုင်လောက်အောင် ပျော်ရွှင်မှုများဖြင့် နီရဲသွားသည်။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အလေးအနက်ထား ကြည့်မိသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
နှစ်ဖက်စလုံး ငြိမ်ဆိတ်သွားကြသည်။
စုရှီဘက်မှ တံခါးကိုပိတ်ထားပြီး ဖုန်းမှ သီချင်းသံများသာ တိတ်တိတ်ဆိတ်ဆိတ် လွင့်မျောနေသည်။ လုဟွမ်ဘက်၌ ညဉ့်နက်နေပြီ။ လသည် ကောင်းကင် အမြင့်ကြီး၌ ရှိနေ၍ တဲအပြင်ဘက်၌ လေတိုက်သံကိုသာ ကြားရသည်။
ဤခံစားချက်ကို ဖော်ပြရန်ခက်လွန်းလှသည်။ နှစ်ဘက်စလုံးရှိ လများသည် ကွဲပြားပုံမပေါ်သော်လည်း မိုင်ထောင်ပေါင်းများစွာ ဝေးကွာနေပုံရပါသည်။ မြင်ကွင်းတစ်ခုတွင် သူတို့နှစ်ဦးသည် အချိန်နှင့်နေရာ တူညီနေပုံရပြီး တစ်ယောက်ကိုတစ်ယောက် ထိနိုင်လောက်အောင် နီးကပ်နေပုံရသော်လည်း ထိတွေ့ခြင်း ဆိုသည်မှာ သူတို့အတွက် လှည့်စားမှုတစ်ခုသာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားကြပြီး ဖြစ်သည်။ နှစ်တစ်ထောင်နီးပါး အချိန်များကို လွယ်လွယ်နှင့် ဖြတ်ကျော်၍ မရနိုင်ပါပေ။
တစ်ယောက်နှင့်တစ်ယောက် မည်မျှကြာအောင် ကြည့်နေမိလဲဆိုသည်ကို မသိသော်လည်း စုရှီသည် လေထုမှာ ထူးဆန်းသွားသလို ခံစားလိုက်ရသည်။
သူမ၏ နားများသည် အနည်းငယ် ပူသွားသည်ကို သိသိသာသာ ခံစားလိုက်ရသည်။
သူမသည် ခေါင်းကိုကုတ်ကာ အဝေးကိုကြည့်၍ တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ စိုက်ကြည့်နေခြင်းကို ရပ်တန့်လိုက်သည်။ သူမက ချောင်းဟန့်လိုက်ပြီး "ငါ အိမ်စာလုပ်ရတော့မယ်" ဟု ခြောက်ကပ်စွာပြောလိုက်သည်။
လုဟွမ်၏ မျက်နှာမှာလည်း အနည်းငယ် နီနေလေသည်။ သူက ခေါင်းညိတ်လိုက်ပြီး "ငါလည်း သွားလိုက်ဦးမယ်။ စစ်ရေးကိစ္စတွေ ရှိသေးတယ်"
ဆယ်မိနစ်ကျော်သွားသော်လည်း နှစ်ယောက်လုံး စိတ် မစုစည်းနိုင်သလို ဖြစ်နေလေသည်။
စုရှီ ကုလားထိုင်ပေါ် ထိုင်ရသည်မှာ အဆင်မပြေနေသလို ခံစားရသည်။
အရင်ကမူ ဖုန်းစခရင်ကိုဖွင့်ပြီး မျက်နှာပြောင်ဖြင့် ကျိုက်ကျိုက်နှင့်အတူ ခက်ခက်ခဲခဲ စာလေ့လာခဲ့ဖူးသည်။ သူမသည် မီးအိမ်အောက်တွင် အိမ်စာလုပ်ကာ ကျိုက်ကျိုက်သည် ဆီမီး၏အလင်းရောင်အောက်တွင် ဆွန်ဇု၏ စစ်ပညာကျမ်း ကို ဖတ်သည့်အချိန်မှာ အလွန်နွေးထွေးသည်ဟု ခံစားရသည်။
ယခုမူ သူမသည် အဘယ်ကြောင့် စိတ်လှုပ်ရှားနေရသနည်း။ ခဏမျှ မျက်နှာပူလာပြီး မျက်နှာကို ပွတ်သပ်လိုက်ပြန်သည်။ ခဏအကြာ သူမ၏စိတ်က အခန်းမှာ အလွန် ရှုပ်ပွနေသလို ခံစားလိုက်ရပြန်သည်။ 'ကြည့်ရတာ ရှက်စရာကောင်းတယ်။ သပ်သပ်ရပ်ရပ် ပြင်လိုက်သင့်လား'
ဖန်သားပြင်ပေါ်ရှိ လုဟွမ်သည်လည်း အလားတူပင်။ သူမသည် ကြားခံမျက်နှာပြင်နောက်ကွယ်တွင် ရှိနေသော်လည်း အလွန်နီးကပ်စွာ ကြည့်နေသလို ခံစားနေရသည်။ ရံဖန်ရံခါ သူ့ကိုပင် မော့ကြည့်မိသည်။
သူ့ရှေ့ရှိ စစ်ဆင်ရေးဆိုင်ရာ စာအုပ်၏ စာမျက်နှာအား မလှန်ရသေးသည်မှာ ကြာနေပြီ ဖြစ်သည်။
စုရှီသည် သူမ၏ ပါးစပ်နှင့် လျှာများ ခြောက်သွေ့သွားသလို ခံစားရပြန်သည်။ အရင်က ကျိုက်ကျိုက်သည် သူမကို မတွေ့ရသည်မှာ ကောင်းသော်လည်း ယခုမူ လုဟွမ်နှင့် ဗီဒီယို စကားပြောနေရင်း သူမ ဘာကြောင့် အိမ်စာလုပ်နေသည်လော။
သူမသည် "မင်းငါ့ကို လိုင်းဆင်းစေချင်လား" ဟုပြောရုံမှအပ မတတ်နိုင်တော့ပါ။
စုရှီ၏ရှင်းပြချက်အပြီးတွင် လုဟွမ်သည် "လိုင်းဆင်းသွားခြင်း" ဆိုသည်မှာ ထွက်ခြင်းကို ဆိုလိုကြောင်း သိထားပြီးဖြစ်သည်။
ဖန်သားပြင်ပေါ်ရှိ လူငယ်သည် ရပ်တန့်သွား၍ မော့ကြည့်ကာ နှုတ်ခမ်းကို ပွတ်သပ်လိုက်ပြီး "မင်း သဘောပါပဲ" ဟု သဘောကောင်းစွာဖြင့် ပြောလိုက်သည်။
သို့သော် သူထိုသို့ပြောပြီးနောက် သူ့မျက်လုံးများက ၃၀% နာကြည်းမှုနှင့် ၇၀% စိတ်ပျက်သွားသည့် အမူအရာကို ချက်ချင်းပြသခဲ့ပါသည်။
စုရှီ"…"
ဤတစ်ကြိမ်တော့ ဝမ်းနည်းသည့် ပုံစံဖော်ပေးမည့် အရွက်များ သူ့ခေါင်းပေါ် ပေါ်လာဖို့ပင် မလိုတော့ပေ။ သူဘာကိုဆိုလိုသည်ကို သူမနားလည်လိုက်သည်!
စုရှီသည် ကျိုက်ကျိုက်က သူ့အား မြင်နိုင်သည်ကို သိပြီးနောက်တွင် သူမသည် သူမ၏ပုံရိပ်အတွက် အလွန်စိုးရိမ်ပူပန်နေလေသည်။ နောက်တစ်နေ့မှာ ပိတ်ရက် ဖြစ်သည်။ ပုံမှန်အတိုင်းလိုပင် စုရှီသည် သူမ၏ငယ်သူငယ်ချင်းနှစ်ယောက်နှင့် အပြင်ထွက်၍ ထမင်းသွားစားသည်။
ကုချင်နှင့် ဟောက်ကျင်းချွမ်တို့သည် သူမနှင့် အတူကြီးပြင်းလာသောကြောင့် မည်သူမှ သူတို့လောက် ပိုရင်းနှီးနိုင်ကြမည် မဟုတ်ပေ။ အရင်ကဆိုလျှင် ဦးထုပ်စောင်း၍ ရိုးရိုးတီရှပ်အဖြူလေးသာ ၀တ်ထားပေမည်။ သို့သော် ယနေ့ သူဘာတွေတွေးနေမှန်းမသိ၊ သူမ ရုတ်တရက် ကြည့်ကောင်းသည့် ၀တ်စုံကို ဝတ်ချင်လာခဲ့သည်...
ဤနည်းဖြင့် သူမသည် လုဟွမ်၏ရှေ့၌ တနေကုန် ကျောင်းဝတ်စုံကို ဝတ်ထားခြင်း မဟုတ်ကြောင်း ပြသချင်နေမိသည်...
စုရှီသည် သူမ၏အတွေးများကို အမြန်ရပ်တန့်လိုက်ကာ ထိုကဲ့သို့ ၀တ်စားဆင်ယင်မှုသည် သူမ၏ ပျော်ရွှင်မှုအတွက်သာ ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ဆုံးမပြောဆိုလေသည်။ ခေတ်သစ်စတိုင်လ်ကို အခြားခေတ်မှ လူငယ်တစ်ယောက်က မည်သို့ နားလည်နိုင်မည်နည်း။
သို့သော်လည်း သူမ၏ ခန္ဓာကိုယ်သည် ဗီရိုကိုဖွင့်ရန် ရိုးသားစွာ လှုပ်ရှားနေဆဲဖြစ်သည်။ သူမသည် ၀တ်စုံအချို့ကို ဂရုတစိုက် ရွေးချယ်လိုက်သည်။
မနေ့ည စုရှီအိပ်ပျော်သွားသောအခါ လုဟွမ်သည် မီးလုံးလင်းထိန်၍ အချိန်အတော်ကြာအောင် ကြည့်နေခဲ့သည်။ ယနေ့ စုရှီဘက်၌ မနက်ခင်းဖြစ်သော်လည်း လုဟွမ်ဘက်၌ နေဝင်နေပြီ ဖြစ်သည်။
စုရှီ မှန်ရှေ့၌ အဝတ်အစားရွေးနေသည်ကို သူမြင်လိုက်သည့်အခါ ချစ်ရသူအတွက် မိန်းကလေးများက ကြည့်ကောင်းအောင် ပြင်ဆင်၀တ်ဆင်တတ်ကြသည် ဟူသော ရှေးစာအုပ်တစ်အုပ်၌ အမျိုးသမီးတစ်ယောက် ပြောထားသည့် စကားတစ်ခွန်းကို မသိစိတ်က သတိရသွားသည်။
"ရှောင်ရှီ၊ မင်း ဒီနေ့ တစ်ယောက်ယောက်နဲ့ တွေ့မလို့လား" ဟု မေးကာ သူ့မျက်ခွံများကို တွန့်ကွေးထားသည်။
စုရှီသည် ဖုန်းတွင် ဂိမ်းကို မဖွင့်ထားသောကြောင့် သူ့မေးခွန်းကို သူမ မမြင်နိုင်ပေ။
သို့သော် စုရှီသည် သူမ၏ဖုန်းတွင် စာသားမက်ဆေ့ခ်ျကို လက်ခံရရှိခဲ့သည်။ သူမသည် စားပွဲဆီသို့ လျှောက်သွားပြီး မက်ဆေ့ခ်ျကို ဖတ်ရန် ဖုန်းကို ပွတ်ဆွဲဖွင့်လိုက်သည်။
သူမသည် ကောင်းကင်ကို မော့ကြည့်ကာ ကျိုက်ကျိုက် ယခု အလျင်လိုနေသည်ဟု ခံစားမိနေသည်။ သို့သော် သူအွန်လိုင်းပေါ်တက်ဖို့ အချိန်မရှိဘူးဖြစ်သည်။ သူမက သူ့အမေ၏ မက်ဆေ့ခ်ျကို အမြန်ပြန်ဖြေသည်။
မိခင်စု : "အမေတို့မိသားစုနဲ့ ဟောက်ကျင်းချွမ်ရဲ့မိသားစုက နေ့လည်စာစားဖို့ စားသောက်ဆိုင်ကို သွားနေကြပြီ။ အမေ ထမင်းချက်ဖို့ အိမ်ပြန်လာမှာမဟုတ်ဘူးနော်။ အဝတ်အစားလဲခဲ့ဖို့ မမေ့နဲ့။ လိပ်စာကို ပို့ပေးလိုက်မယ်။ ကိုယ့်ကိုယ် လာခဲ့နော် “
စု မိသားစုနှင့် ဟောက်ကျင်းချွမ်တို့သည် တစ်ရပ်ကွက်တည်းတွင် နေထိုင်ကြပြီး မိခင်စုနှင့် မိခင်ဟောက်တို့သည် ညီအစ်မကောင်းများဖြစ်ကြသည်။ သူတို့နှစ်ဦးသည် ငယ်စဉ်ကတည်းက စုရှီနှင့် ဟောက်ကျင်းချွမ်ကို အတွဲအဖြစ် ပေးစားခဲ့ကြပါသည်။
လအနည်းငယ်ကြာတိုင်း မိသားစုနှစ်စုက ပုံမှန်အတိုင်း ထမင်းအတူစားကြရာ စုရှီနှင့် ဟောက်ကျင်းချွမ်တို့ လုပ်ရသည့် အရာတစ်ခုကဲ့သို့ပင် ဖြစ်သည်။
စုရှီက "ဒါပေမယ့် သမီး ကုချင်နဲ့ ချိန်းထားပြီးသား။"
မိခင်စု : "မင်းတို့ နှစ်ယောက် တစ်ခုခုဝယ်ချင်ရင် မနက်ဖြန်လည်း သွားလို့ရတယ်။ ဒီနေ့ မင်းဦးလေး ဟောက်ရဲ့ မိသားစုနဲ့ ထမင်းစားရမယ်။ လာမယ့် စာသင်နှစ်ကစပြီး တချို့ကျောင်းတွေက ကျောင်းသားတွေ ကိုယ်တိုင် စာရင်းသွင်းရတော့မယ်လို့ ကြားတယ်။ ဒီနေ့၊ မင်းနဲ့ ရှောင်ချွမ်က ဆောင်းရာသီ အားလပ်ရက်အတွင်း မင်းတို့နှစ်ယောက်ကို ဘယ်မြို့နဲ့ ဘယ်တက္ကသိုလ်မှာ စာရင်းသွင်းကြမလဲလို့ မင်းအဒေါ်နဲ့ ဆွေးနွေးကြမှာ။ မင်းတို့ရဲ့ အမှတ်လည်း သိပ်မကွာကြဘူးဆိုတော့ အတန်းအတူတူ ထားပြီး နောင် တက္ကသိုလ်တက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပေးလို့ရတယ်ပေါ့။"
စုရှီသည် 'အမေကတော့ လုပ်ပြီ' ဟူ၍ တွေးနေမိသည်။ သူမနှင့် ဟောက်ကျင်းချွမ်တို့ကို မိဘများက စုံတွဲအဖြစ် အတင်းအကြပ် လုပ်ပေးတိုင်း သူမမျက်လုံးများကို မှိတ်ထားလိုက်ချင်သည်။
သို့သော် ဟောက်ကျင်းချွမ်သည် အမြဲတစေ လျှို့ဝှက်တတ်ပြီး ထိုအရာကို မငြင်းဆန်ဘဲ သူမဘက်သို့သာ စကားလွှဲလိုက်လေ့ရှိသည်။
စုရှီက " ဟောက်ကျင်းချွမ်နဲ့ အတူတူ တက္ကသိုလ်တက်လိမ့်မယ်လို့ ဘယ်သူပြောလို့လဲ"
မိခင်စု : "မင်း တခြားပြည်နယ်က တက္ကသိုလ်တက်ရင် မင်း ကျန်းမာရေး မကောင်းဘူး။ မင်း ငယ်ငယ် ကတည်းက နေမကောင်းလို့ အမြဲတမ်း ကံမကောင်းဘူးလေ။ နေမကောင်းတဲ့ချိန် ဂရုစိုက်ပေးမယ့်လူ ရှိတာ ပိုကောင်းတာပေါ့။ ငါတို့မိသားစုတွေက တစ်ယောက်နဲ့တစ်ယောက်လည်း ကောင်းကောင်းသိတယ်"
စုရှီ ဘာပြန်ဖြေရမှန်းမသိတော့ပါ။ သူမနှင့် ဟောက်ကျင်းချွမ်တို့သည် ငယ်စဉ်ကတည်းက ဤစကားများကို အကြိမ်ရာနှင့်ချီကြားခဲ့ရသည်။ သူတို့၏မိခင်များသည် အခင်ဆုံးသူငယ်ချင်းများဖြစ်သောကြောင့် သူတို့နှစ်ဦးကြားတွင် ငယ်စဉ်ကတည်းက လက်ထပ်ထိမ်းမြားရန် စိတ်အားထက်သန်စွာ စီစဉ်ခဲ့ကြသည်။ သူတို့နှစ်ဦး ကြီးပြင်းလာသောအခါ မိခင်စုနှင့် မိခင်ဟောက်တို့ ကလေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မကြိုက်ကြောင်း သိလိုက်ရသည့်အချိန် အနည်းငယ် စိုးရိမ်သွားကြသည်။
သူမအဝတ်အစားများကို ကုတင်ပေါ်ပြန်ချလိုက်ပြီး ပြန်မဖြေခဲ့ပါ။ သို့သော်လည်း မိခင်စုက “အချိန်မှန် လာခဲ့” ဟု ထပ်မံ သတိပေးခဲ့လေသည်။
စုရှီသည် အချိန်အတော်ကြာ မျက်မှောင်ကြုတ် နေလေသည်။ ကုချင်ကို ဖုန်းဆက်ဖို့ကလွဲ၍ သူမ၌ ရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် သူမဖုန်းဆက်ပြီး ယနေ့ အိမ်၌လုပ်စရာရှိသည်ဟု ပြော၍ ဖုန်းကိုချပြီးနောက် သက်ပြင်းချကာ ဖိနပ်စီးရန် တံခါးဝသို့ သွားခဲ့သည်။
ဖန်သားပြင်၏ တစ်ဖက်တွင် လုဟွမ်၏ မျက်နှာသည် လုံးဝ ဖျော့တော့သွားသည်။
သူမကို ဝန်မခံနိုင်သေးဘဲ အမှတ် ၂၀၀ အမြန်ဆုံးစုဆောင်းရန် မစ်ရှင်အားလုံးကို မပြီးမြောက်နိုင်သေးပါ။ ထို့အပြင် သူမသည် သူ့အပေါ် ချစ်စရာ ကလေးငယ်ကဲ့သို့သော ခံစားချက်မျိုးသာ ရှိ၍ သူ့ကို စိတ်ဝင်စားသည့် အရိပ်အယောင် လုံးဝမရှိနေခဲ့ပေ။ ' စုရှီအမေက သူအတွက် ကြင်ဖက်တွေ့ဖို့ စီစဉ်နေတာလား'
လုဟွမ်သည် မိခင်စုပြောသော စကားများ၏ အဓိပ္ပါယ်ကို ယခုပင် နားမလည်နိုင်သေးပေ။
မိခင်စု၏ သဘောထားကို မဆိုထားနှင့်၊ ရှောင်ရှီသည်ပင် ထိုကောင်လေးအတွက် အထူးပင် ၀တ်ဆင်ထားလေသည်...? သူမ ယခုလေးတင် မျှော်လင့်ချက်အပြည့်ဖြင့် မှန်ရှေ့၌ ပြင်ဆင်၍ လျှောက်သွားနေလေသည်။
လုဟွမ် လက်သီးများကို ဆုပ်ထားသည်။ သူ့နားထဲတွင် စူးစူးဝါးဝါးအော်သံတစ်ခုသာ ခံစားလိုက်ရပြီး ပြင်းထန်သော အကျပ်အတည်းခံစားမှုတစ်ခု သူ့နှလုံးသားထဲတွင် ဝင်ရောက်လာခဲ့သည်။
သူ့ကိုယ်သူ ငြိမ်သက်အောင် ထိန်းချုပ်ပြီးနောက် လုဟွမ်သည် မြင်းပေါ်သို့ ခုန်တက်ကာ အနားရှိ စစ်သားများကို စု၍ မြို့တော်သို့ အမြန်ဆုံးပြန်သွားရန် စစ်သူကြီးကျန့်ယွမ်ကို တောင်းဆိုလိုက်သည်။ သူ တတ်နိုင်သမျှ အမြန်ဆုံးပြီးအောင် လုပ်ရန် ဆုံးဖြတ်ထားလေသည်။ တစ်ဖက်တွင်မူ စုရှီ၏မိဘများ အလုပ်လုပ်သည့် တည်နေရာကို စခရင်မှ ဖွင့်ပြီး သူတို့၏အကြိုက်များကို နားလည်လာအောင် ကြိုးစားနေသည်။
မိခင်စုသည် သူငယ်ချင်းကောင်းတစ်ယောက်နှင့် ဈေးတွင် သစ်သီးများဝယ်နေသည်ကို တွေ့လိုက်ရသည်။ "အခု ချယ်ရီသီးတွေ ဘာလို့ ဒီလောက်ဈေးကြီးနေတာလဲ" ဟု သူမက ပြောနေပုံရသည်။
လုဟွမ်ရုတ်တရက် အကြံတစ်ခုရသွားသည်။ သူသည် ငွေစက္ကူများကို ထုတ်ကာ ကုန်တိုက်မှ အလတ်ဆတ်ဆုံး ချယ်ရီသီး ဆယ်တင်းနှင့် လဲလှယ်ခဲ့ပြီး မိခင်စု၏ အလုပ်နေရာကို ပို့ပေးလိုက်သည်။
သူ့အမူအရာမှာ လေးနက် နေခဲ့ပါသည်။ နှစ်ဖက်စလုံးကို အမိအရ ပြည့်မြောက်အောင် လုပ်ရန် အပြင်းအထန် ဆုံးဖြတ်ထားလေသည်။ ထို့ပြင် ရှောင်ရှီ၏မိဘများနှင့် နီးစပ်အောင် ရှေ့ဆက်ရန် အချိန်လည်း ဖြစ်သည်။